Chapter(82)သူက ကြင်နာတတ်တယ်
"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဦးလေးချွင်ဘင်က ငွေပြားနှစ်သန်းရမယ့် မစ်ရှင်တစ်ခုကိုရခဲ့တယ်။ဇူအာမင်းကတော့ ဒီအကြောင်းကိုသိမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ဦးလေးချွင်ချင်ရဲ့စိတ်စွမ်းအင်နယ်မြေ..."ဝူယုသည် ခဏလောက်ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်တယ်။
"လွန်ခဲ့တဲ့ ရက်အနည်းတုန်းက ပြဇာတ်ရုံပျက်စီးသွားတာကို တောင်ဘက်ခြံဝင်းက အလျှော်ပေးရတယ်။ဒါကြောင့် ငွေကြေးမလုံလောက်တာကြောင့် ခြံဝင်းတစ်ခုရဲ့အစေခံတွေကို ပေးဖို့ ငွေကြေးမရှိတော့ဘူး။ပြောရမယ်ဆိုရင် မင်းတို့စူချင်ခြံဝင်းက အစေခံတွေကိုပေးဖို့ လစာမရှိတော့ဘူး။မင်းတို့စူချင်ခြံဝင်းမှာလည်း မင်းနဲ့ရှိအာကဘဲ စိတ်စွမ်းအင်ရှိတာလေ။ဒါ့ကြောင့် မင်းတို့က ဒီမစ်ရှင်ကို လုပ်ဖို့လိုတယ်။ဒါပေမဲ့ ရှိအာက အရမ်းငယ်သေးတယ်။ဒါ့ကြောင့် မင်းက ဒီမစ်ရှင်ကို လုပ်သင့်တယ်။ဒီမစ်ရှင်ကို မင်းလက်ခံလိုက်ရင် ငွေလည်းရမယ်။မင်းရဲ့ကျွမ်းကျင်မှုလည်း တိုးတက်လာပြီး အတွေ့အကြုံလည်းရနိုင်တယ်။မင်းက ဒီမစ်ရှင်ကို လေ့ကျင့်ရေးအတွက် ကြိုလေ့ကျင့်တယ်လို့ဘဲ သဘေားလိုက်ပေါ့"
ဝူရုန်ကစိတ်ထဲကနေလှောင်ရယ်လိုက်တယ်။ဘယ်လိုလုပ်ပြီး ဦးလေးတွေက ဝူဇူကိုငွေပြားလေးသိန်းပေးမှာလဲ?
ဝူဇူသည် မျက်မှောင်ကြုတ်လိုက်တယ်။သူ့ဖခင်ဒဏ်ရာရကတည်းက စူချင်ခြံဝင်းသည် ဝင်ငွေအနည်းငယ်သာရရှိတယ်။သူက တာဝန်တွေကိုလက်ခံပြီး ငွေရှာချင်ပေမဲ့ သူ့အဖေကခွင့်မပြုခဲ့ဘူး။
ဝူရှိကနှုတ်ခမ်းစူလိုက်ပြီး"ငါလည်းသွားချင်တယ်"
သူမကလည်း မိသားစုအတွက် ငွေရှာပေးချင်တယ်။
"ဘာမစ်ရှင်လည်းဆိုတာ ငါတို့ကို ပြောပြလို့ရမလား?"ဝူရုန်ကမေးလိုက်တယ်။
"ကောင်းပြီ"ဝူယုကအသံတိုးတိုးနဲ့ ပြောလိုက်တယ်။
"ငါတို့ မွန်းစတားတစ်ကောင်ကိုဖမ်းရမှာ။ငါက မကြာသေးခင်က ဒဏ်ရာရထားပြီး မကြာခင်မှာလေ့ကျင့်ရေးဆင်းရတော့မှာဖြစ်လို့ ငါ့အဖေကငါ့ကိုလိုက်ခွင့်မပြုထားဘူး။ဒါကြောင့် သူတို့က ငါ့ကိုအများကြီးတော့မပြောပြထားဘူး"
ဝူရုန်က မွန်းစတားဖမ်းမယ်ဆိုကတည်းက ဘာမစ်ရှင်လည်းဆိုတာ သိသွားပြီး ပြောလိုက်တယ်။
"အိုး တကယ်လား?"
သူ့ရဲ့အသံထဲတွင် တစ်စုံတစ်ခုကို သိနေသလိုမျိုး အဓိပ္ပာယ်ပေါ်လွင်နေတယ်။
ဝူယုသည် ဝူရုန်၏အသံကြောင့် သူ့အကြောင်းကို သိနေသလိုမျိုး ဝူရုန်ကို မကြည့်ဘဲ ဝူရုန်၏မျက်လုံးတွေကို ရှောင်ရှားလိုက်တယ်။နောက်မှ ဝူရုန်သည် အရှုံးသမားသာဖြစ်တာကိုတွေးမိပြီး သူကိုယ်သူ စိတ်တည်ငြိမ်အောင် ထိန်းပြီးပြောလိုက်တယ်။
"ဇူအာ ငါက မင်းကိုဒီမစ်ရှင်ကိုထောက်ခံပေးချင်ချင်တယ်။ဒါမှ မင်းကငွေရလာပြီး မင်းအဖေရဲ့ငွေကြေးပြသနာကိုဖြေရှင်းပေးနိုင်ပြီး မင်းမိသားစုစိတ်ချနိုင်လိမ့်မယ်"
"ဒါပေမဲ့ဦးလေးက ငါ့ကိုလက်ခံပါ့မလား?"ဝူဇူက စိုးရိမ်စွာ ပြောလိုက်တယ်။
"ငါပြောပေးမယ်"
"မင်းကအရမ်းကြင်နာတတ်တာဘဲ"ဝူရှိကပြုံးပြီးပြောလိုက်တယ်။
ဝူဇူကလည်း ကျးဇူးတင်တဲ့အကြည့်တွေနဲ့ဝူယုကိုကြည့်လိုက်တယ်။
"...."ဝူရုန်
သူတို့က ဘယ်လို့ ဝူယုကကြောင်သူတော်ဆိုတာမမြင်ရတာလဲ?
ဝူယုသည် ဝူရုန်၏အကြည့်တွေကြောင့်စကားလမ်းကြောင်းလွဲလိုက်တယ်။
"ဇူအာ ရှိအာ မင်းတို့ရဲ့ကျောက်စိမ်းပြားတွေကလှတယ်။မှော်လက်နက်တွေလား?"
"ဟုတ်တယ်။ငါတို့ကို ရုန်အာက ပေးထားတာလေ။ငါအရမ်းကြိုက်တယ်"ဝူရှိကပျော်ရွှင်စွာပြောလိုက်တယ်။
"ငါတို့ကဦးလေးတွေကိုကျေးဇူးတင်ရမယ်။ဒီမှော်လက်နက်တွေက ဦးလေးတွေပေးထားတဲ့ပစ္စည်းတွေနဲ့လုပ်ထားတာလေ"
"...."ဝူယု
ဒီနေ့သောက်ဖက်တီးကောင်က သူ့ကိုအနှောင့်အယှက်ပေးနေတယ်လို့ ခံစားရတာလဲ?သူပြောသမျှက သူ့ကိုနှောင့်ယှက်နေတာလို့ခံစားရတယ်။သူကဘဲအတွေးလွန်နေတာလား?
ဝူဇူသည် ဈာပနတက်ရောက်လာသူ အများစုကပြန်သွားတာကို ကြည့်ပြီးပြောလိုက်တယ်။
"ငါတို့လည်းပြန်ရအောင်"
ဝူရှိကလည်းပြန်ချင်နေတာကြောင့် သဘောတူလိုက်တယ်။
"မင်းတို့ပြန်နှင့်လိုက်။ငါက ငါ့အကိုကိုစောင့်ရအုန်းမယ်"ဝူယုကပြောလိုက်တယ်။
"ငါတို့ပြန်နှင့်ပြီ။ငါတို့လည်း ရုန်အာကို ပြန်ပို့ပေးရအုန်းမယ်"ဝူဇူတို့က ပြောပြီးတာနှင့်ထွက်သွားကြတယ်။
"ယုအာ ဘာလို့ ဝူဇူကို ဦးလေးနဲ့ဆက်သွယ်ပေးမယ်လို့ပြောလိုက်တာလဲ"
ခန်းမတံခါး၏အကွယ်တွင် ချောင်းနားထောင်နျေသာ ဝူအန်းရီသည် မဲမှောင်နေသော မျက်နှာနှင့်ထွက်လာပြီး မေးလိုက်တယ်။သူ့နောက်မှာတော့ဝူရှီး ဝူဘိုင်နှင့် ဝူချွင်တုန်၏သားကြီးဝူရှောင်တို့ကလိုက်ပါလာတယ်။
"ဝူယု စူချင်ခြံဝင်းကိုငွေပြားလေးသိန်းပေးဖို့ဆိုတာမဖြစ်နိုင်မှန်းမင်းသိသင့်တယ်"ဝူရှီးကဒေါသတကြီးပြောလိုက်တယ်။
"တကယ်လို့ငါက ငွေပြားလေးသိန်းနဲ့ ဝူဇူရဲ့ဘဝကို ရနိုင်တယ်လို့ပြောရင် မင်းကတန်လို့ပြောမှာလား?"ဝူယုက လှောင်ပြုံးပြုံးလိုက်တယ်ယ
"ဒါဆို မင်းပြောတာက..."ဝူရှောင်ကပြောလိုက်တယ်။
"မွန်းစတားဖမ်းတဲ့အချိန်မှာ ဘယ်သူက ဘာဖြစ်မယ်ဆိုတာ ပြောနိုင်မှာလဲ"ဝူယုကပြုံးပြီးပြောလိုက်တယ်။
ဝူရှီးကစိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ဒါဆို မွန်းစတားက ကလူကိုသတ်လိုက်တာဘဲ။ငါတို့နဲ့..."
"ရှိအာစကားပြောတာဆင်ချင်"ဝူယုက သတိပေးလိုက်တယ်။
"တန်တယ်။အရမ်းတန်တယ်။သူတို့ကို ဘယ်သူက ငါတို့ရှေ့မှာ ငါတို့ပစ္စည်းတွေနဲ့
လုပ်ထားတဲ့မှော်လက်နက်တွေကို ဝတ်ခိုင်းလို့လဲ?"ဝူအန်းရီက ဒေါသထွက်စွာပြောလိုက်တယ်။
သူ့အဖေက သူ့ကိုဖြိုဖျက်ခြင်းသဲနှင့်မှော်လက်နက်လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ဒါပေမဲ့ အခုတော့ သူတို့က ဒါကိုငှားသွားခဲ့တယ်။ပြီးတော့ မှော်လက်နက်တွေကိုလုပ်ထားပြီး သူ့ရှေ့မှာ ဝတ်ထားရဲတယ်။ဒါက သူ့ကိုအလွန်ဒေါသထွက်စေတယ်။
ဝူဘိုင်က တုန်လှုပ်စွာပြောလိုက်တယ်"မင်းတို့ပြောနေတာတွေက...."
သူ့ညီအကိုတွေက သူ့ဝမ်းကွဲကိုသတ်ဖို့လုပ်နေတယ်!
ဝူယုသည် သူ့နှုတ်ခမ်းတွေကို လက်ညှိုးနှင့်ပိတ်လိုက်ပြီး တိတ်တိတ်နေဆိုတဲ့အမူအရာနှင့်ပြောလိုက်တယ်။
"ဘိုင်အာဘယ်သူကိုမှပြောလို့မဖြစ်ဘူးနော်"
"...."ဝူဘိုင်
------
(1700/3/9)