Chapter(81)ဝူချူ၏ဈာပန
ဝူချွင်ချင်သည် ဝူချူ၏သတင်းကိုကြားသည့်အခါ သူက စူဂျင်ခြံဝင်းကိုသွားဖို့ အခြားသူတွေကို စောင့်ပြီး ဂေါင်တုန်နှင့်အတူ သွားလိုက်တယ်။
အရင်တုန်းကဆိုရင် ဝူချွင်ချင်သည် တခြားလူတွေ ဒဏ်ရာရတယ်ဆိုတာ ကြားတာနှင့် အရင်ဆုံးသွားကြည့်သူဖြစ်တယ်။
သူတို့က စူဂျင်းခြံဝင်းကို သွားလိုက်ပြီးမကြာခင်မှာဘဲ ပြန်လာတာကြောင့် ဝူရုန်ကအံ့သြသွားတယ်။
"အဖေ ဘာလို့ ဒီလောက်မြန်မြန်ပြန်လာတာလဲ?"
ဝူချွင်ချင်သည် ဘာမှမဖြေပါဘူး။
ဂေါင်တုန်သည် မျက်ရည်ဝဲပြီး ပြောလိုက်တယ်"ချူအာရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ငါတို့ရောက်သွားတော့ သူကသွားလိုက်ပြီ"
ဝူရုန်၏မျက်ခုံးက မြင့်တက်သွားတယ်။ဒါဆို ဝူချူက ဒီအတိုင်းသေသွားပြီပေါ့။
ဝူဇူနှင့်ဝူရှိလည်း သူတို့ကြားတာကိုမယုံကြည်ဘဲ မေးလိုက်တယ်။
"ဘယ်သူကလုပ်လိုက်တာလဲ?ဘယ်လိုဖြစ်ပြီးတော့လဲ?"
ဝူချွင်ချင်သည် သက်ပြင်းချပြီးပြောလိုက်တယ်"မင်းတို့ဦးလေးကတော့ အန်းယန်လို့ထင်နေတယ်။အခု သူက မြောက်ဘက်ခြံဝင်းကို ထိပ်တိုက်ရင်ဆိုင်ဖို့သွားတယ်။ ရုန်အာ မင်းလည်းပြန်တော့လေ။နောက်မှ ဈာပနကိုတက်ဖို့ ပန်လာခဲ့လိုက်"
"အင်း"
ဝူရုန်တို့သည် ဟေးအိမ်တော်တို့ပြန်လာခဲ့တယ်။
ဟေးအိမ်တော်ကိုရောက်တော့ ဝူရုန်က ရှိရီကိုမေးလိုက်တယ်"ဝူချူက ဘယ်လိုသေသွားတာလဲ?"
ရှိရီက"ဝူချူက ဝူအိမ်တော်ကထွက်လာတာနဲ့ ကျွန်တော်တို့လူတွေက ဝူချူက တစ်ယောက်ထဲထွက်လာကြောင်း သတင်းပေးလိုက်တယ်။နောက်တော့ ဝူအန်းယန်ရဲ့လူတွေရောက်လာပြီး ဝူချူကိုသတ်လိုက်တယ်။ဝူချူက သူ့ကိုယ်သူကာကွယ်ဖို့ စိတ်စွမ်းအင်မလုံလောက်တာကြောင့် အသတ်ခံလိုက်ရတာဘဲ။ဝူချွင်ဂျင်ရောက်လာတာနဲ့ ကျွန်တော်တို့လူတွေက ထွက်လာခဲ့တာ။ဝူချွင်ဂျင်က နောက်ကွယ်မှာဝူအန်းယန်ရှိမှန်းသိသွားလိမ့်မယ်"
"အရမ်းတော်တယ်"ဝူရုန်ကပြုံးပြီးပြောလိုက်တယ်။
"နောင်အနာဂတ်မှာ ဝူမိသားစုကတော့ အလုပ်များတော့မှာဘဲ"
နောက်တစ်နေ့မနက်မှာတော့ ဝူဇူနှင့်ဝူရှိသည်ဟေးအိမ်တော်ကို ရောက်လာပြီး ဝူရုန်ကိုခေါ်၍ ဈာပနကို ထွက်ခဲ့တယ်။
အငယ်တွေရဲ့ဈာပနမှာဟအကြီးတွေကို တက်ရောက်ခွင့်မပြုတာကြောင့် ဝူချွင်ဂျင်သည် သူ့သားကြီးဝူအန်းချွင်ကို ဝူချူ၏ဈာပနကိုစီစဉ်စေတယ်။
ဝူချူ၏ဈာပနကို ဂိုလင်းမြို့စွန်မှာရှိသည့် ဝူမိသားစုဘိုးဘွားပိုင်ခန်းမမှာ ကျင်းပတာဖြစ်တယ်။ဒီနေရာက ရိုးရှင်း၍တိတ်ဆိတ်လှတယ်။ဈာပနကိုတက်ရောက်သူတွေသည် မျိုးဆက်သစ်လူငယ်တွေသာရှိတယ်။
ဝူရှိသည် ရထားလုံးရပ်လိုက်တာနှင့် အသံတိုးတိုးလေးနှင့် ပြောလိုက်တယ်"လူဘဝဆိုတာ တကယ်ကိုမပြောနိုင်ဘူး။ဒီလိုလူငယ်လေးက ဒီလိ မျိုးသေသွားရတယ်"
"အန်းယန်က ရက်စက်လွန်းတယ်။ဘယ်လိုလုပ်ပြီး မိန်းမတစ်ယောက်အတွက်နဲ့ ကိုယ့်မိသားစုကို သတ်နိုင်ရက်တာလဲ?"ဝူဇူက ပြောလိုက်တယ်။
"ဝူအန်းယန်ဆိုတာသေချာရဲ့လား?"ဝူရုန်က မေးလိုက်တယ်။
"အခင်းဖြစ်တဲ့နေရာက သက်သေတွေကမြောက်ဘက်ခြံဝင်းကိုဘဲဦးတည်နေတယ်။ဦးလေးချွင်ဂျင်ဆိုရင် ဝူအန်းယန်ရဲ့ဖခင်ကို အသက်တစ်ခုအတွက်အသက်တစ်ခု အလျှော်ပေးဖို့တောင်းဆိုထားတယ်။ဒါ့ကြောင့် အခုဆိုရင်မြောက်ဘက်ခြံဝင်းနဲ့ တောင်ဘက်ခြံဝင်းက အရမ်းကိုတင်းမာနေတဲ့ အခြေအနေမှာရှိတယ်။ဘိုးဘိုးကြီးတောင်မှ ဒီကိစ္စကို ဘယ်လိုဆုံးဖြတ်ပေးရမလဲမသိဘူး။သူက နှစ်ဖက်လုံးကမိသားစုတွေဖြစ်နေလို့ ဘက်မလိုက်ဘဲ ဆုံးဖြတ်ဖို့လိုတယ်"ဝူဇူကပြောလိုက်တယ်။
ဝမ်းနည်းစရာကောင်းတာက ဝူချူသည် လေ့ကျင့်ရေးမဆင်းသေးတာကြောင့် သူရဲ့အမည်သည် မိသားစုအမည်စာရင်းမှာ မထည့်သွင်းရသေးဘူး။ဒါ့ကြောင့် ဝူချူကို ဝူမိသားစုဝင်အစစ်လို့ပြောလို့မရသေးဘူး။
သူတို့က ဘိုးဘွားပိုင်ခန်းမကိုရောက်လာတာနှင့် တိတ်ဆိတ်သွားတယ်။
ဘိုးဘွားပိုင်ခန်းမကို အဖြူရောင်တွေနှင့်တန်ဆာဆင်ထားပြီး ခန်းမအလယ်တွင် ခေါင်းတစ်လားတစ်လုံးရှိနေတယ်။ဝူအန်းချွင်နှင့်သူ့ဆွေမျိုးတွေက ဘေးမှာရပ်နေကြပြီးရှိုက်ငိုနေကြတယ်။ဈာပနကိုတက်ရောက်လာသူတွေက အမွှေးတိုင်ထွန်းပေးပြီး မိသားစုဝင်တွေကို နှစ်သိမ့်ပေးပြီးမှ ထွက်သွားကြတယ်။
ဝူရုန်က ခန်းမထဲကို လေ့လာလိုက်တော့ တောင်ဘက်ခြံဝင်းမှဝမ်းကွဲတွေက ဝူဇူနှင့်ဝူရှိကိုစိုက်ကြည့်နေတာဖြစ်တယ်။ပြောရရင် သူတို့က ဝူဇူနှင့်ဝူရှိတို့၏ခါးမှာချိတ်ထားသည့် ခါးချိတ်အဆင်တန်ဆာကိုကြည့်နေကြတာဖြစ်တယ်။
ဝူရှိက သူတို့ကို ကြည့်နေတာကို သတိထားမိသွားပြီး ဝူဇူ၏အင်္ကျီလက်ကိုဆွဲပြီး အသံတိုးတိုးလေးနဲ့ပြောလိုက်တယ်"အကိုကြီး ညီမလေးအပြင်ထွက်ချင်တယ်"
ဝူဇူသည် လူအများကြီးရှိနေတဲ့အချိနိ သူတို့ကအခုမှ ရောက်ပြီးပြန်ထွက်သွားတာက မသင့်တော်ဘူးလို့ထင်တယ်။ဒါပေမဲ့ သူကလည်း သူတို့ကိုစိုက်ကြည့်နေကြတာကို သတိထားမိတာကြောင့်ပြောလိုက်တယ်"ကောင်းပြီလေ။ခန်းမအပြင်ကိုသွားရအောင်"
ဝူရှိသည် ခေါင်းငြိမ့်လိုက်ပြီး သူတို့က ခန်းမအပြင်ကိုထွက်လာခဲ့တယ်။ခန်းမအပြင်ကိုရောက်တာနှင့် ဝူရှိသည် အသက်ပြင်းပြင်းရှူလိုက်
ပြီးပြောလိုက်တယ်။
"အကိုကြီးမြင်လိုက်လား?သူတို့က ငါတို့ကိုကြည့်နေကြတာ။သူတို့က ငါတို့ကို အရသာရှိတဲ့ စားစရာလိုမျိုးကြည့်နေတာ"
ဝူဇူသည် ဝူရှိ၏ခေါင်းကို ပုတ်ပြီးနှစ်သိမ့်ပေးလိုက်တယ်"မကြောက်နဲ့။သူတို့က ငါတို့ကို ရုန်အာရဲ့သတိုးသမီးတင်တောင်းလက်ဆောင်ကြောင့်မနာလိုဖြစ်နေကြတာ။ငါတို့က သူတို့ကိုလျစ်လျူရှူလိုက်မယ်"
"အွန်း"ဝူရှိသည် ခေါင်းငြိမ့်ပြီးနောက် ဝူရုန်ဘက်လှည့်ပြီးပြောလိုက်တယ်။
"ရုန်အာ ငါတို့ကမင်းကိုကာကွယ်ပေးမယ်"
ဝူရုန်သည် ဒီစကားကိုကြားတော့ ရှက်ရွံ့သလိုခံစားရပေမဲ့ နွေးထွေးမှုကိုလည်း ခံစားရတယ်။
အဲဒီအချိန်မှာဘဲ ဝူယုသည် ခန်းမအပြင်ကို ထွက်လာပြီး ပြောလိုက်တယ်။
"ဇူအာ ရုန်အာ ရှိအာ မင်းတို့က ဒီမှာလာပုန်း
နေတာဘဲ။ငါတွေ့ပြီ။အပြင်မှာအေးတယ်။အထဲကို သွားရအောင်"
"ငါတို့လည်း ချူအာရဲ့သေဆုံးမှုကြောင့် ဝမ်းနည်းရပါတယ်။ဒါကြောင့် ငါတို့က အပြင်ထွက်ပြီး လေကောင်းလေသန့်လာရှူပြီး စိတ်သက်သာရာရအောင် လာလုပ်တာ"ဝူဇူက ပြောလိုက်တယ်။
"ဘယ်သူကမှ ဒီလိုမဖြစ်စေချဘူး။မင်းတို့ အဆင်ပြေပြီလား?တကယ်တော့ ငါက ပြောစရာရှိလို့လာခဲ့တာ"ဝူယုက ပြောလိုက်တယ်။
"ဘာပြောမလို့လဲ?"ဝူဇူက မေးလိုက်တယ်။
*********
paid groupဝင်လို့ရပြီနော်
-------------------
(1900/2/9)