Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
"ဒါဘယ်သူ့ကလေးလဲ?"ဝူရုန်သည် ကလေးကို ကြည့်ပြီး မေးလိုက်တယ်။သူက ကလေးလေးကို ကြည့်လိုက်တော့ အံ့သြသွားတယ်။
ဒီကလေးက သူ့သားနဲ့ အရမ်းတူနေတယ်။
"ကြင်ယာတော် သူက သခင်ငယ်လေးပါ"ဟေးရှင်းက စိုးရိမ်စွာ ပြောလိုက်တယ်။
"သူက မနေ့တုန်းကမှ မွေးတာလေ။ဘယ်လိုလုပ်ပြီ ဒီလောက်တောင်ကြီးသွားရတာလဲ?"ဝူရုန်က အံ့အားသင့်စွာ မေးလိုက်တယ်။
"ကျွန်တော်လည်းမသိဘူး။ဒီမနက်နိုးလာတော့ ကလေးကဒီလိုမျိုးကြီးလာပြီ"ဟေးရှင်းက စိုးရိမ်စွာပြောလိုက်တယ်။
အဲဒီအချိန်မှာ နူမူသည် အိပ်ချင်မူးတူးနဲ့ ရောက်လာပြီးသန်းဝေရင်း မေးလိုက်တယ်"မနက်အစောကြီး ငါ့ကို ဘာလို့လာနိုးတာလဲ?"
"ဆာ ကလေးကိုကြည့်ပေးအုန်း"ဟေးရှင်းက ပြောလိုက်တယ်။
"ကလေးက ဘာဖြစ်လို့လဲ?"
"ကလေးက တစ်ညထဲနဲ့ကြီးလာတယ်"ဟေးရှင်းက ဟေးရွမ်ရီလက်ထဲက ကလေးကိုညွှန်ပြရင်း ပြောလိုက်တယ်။
နူမူကသည် ကလေးက နှစ်နှစ်သားအရွယ်ကြီးလာတာကို ကြည့်ပြီးမျက်လုံးပျူးသွားပြီး ပြောလိုက်တယ်"သူက မနေ့တုန်းကမှမွေးလာတာလေ။ဘာလို့ ဒီလောက်မြန်မြန်ကြီးလာတာလဲ"
နူမူသည် ကလေးရဲ့သွေးခုန်နှုန်းကိုစမ်းသပ်လိုက်ပြီး ပြောလိုက်တယ်"သူက သာမာန်လူသားတွေနဲ့မတူဘူး။သူက လူသားတွေနဲ့ မတူသလို သားရိုင်းတွေနဲ့လည်းမတူဘူး။သူ့ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့စိတ်စွမ်းအင်တွေအများကြီးရှိတယ်။သူက ငါတွေ့ဖူးတဲ့ကလေးတွေထဲမှာ အသန်မာဆုံးဘဲ။မနေ့ည ကသူ့ကိုဘာကျွေးလိုက်လဲ?"
"စိတ်စွမ်းအင်နို့ ကျွေးလိုက်တယ်"ဟေးရှင်းကမြန်မြန်လေးပြန်ဖြေလိုက်တယ်။
မိသားစုကြီးက ကလေးတွေကို နို့ထိန်းတွေက စိတ်စွမ်းအင်နို့ကို တိုက်ကျွေးတာက သာမာန်ပါဘဲ။ဒါက ကလေးတွေကို ပိုပြီး သန်မာစေတယ်။
"ဒါကြောင့်ဘဲ။ရှင်းပြရမယ်ဆိုရင် သူက သာမာန်ကလေးတွေနဲ့ မတူဘဲ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စိတ်စွမ်းအင်တွေ အများကြီးရှိတယ်။ဒါကို စိတ်စွမ်းအင်နို့တိုက်လိုက်တော့ သူက အာဟာရအဖြစ်လွန်သွားပြီး ဒီလိုမြန်မြန်ကြီးလာတာဘဲ"နူမူက ရှင်းပြလိုက်တယ်။
"သူအဆင်ပြေရဲ့လား?"ဟေးရှင်းကမေးလိုက်တယ်။
"အဆင်ပြေတယ်။စိတ်စွမ်းအင်ပါဝင်တဲ့ အစေားအစာတွေက သူ့ရဲ့ကြီးထွားမှုကိုမြန်စေတာကြောင့် သူ့ကို ထပ်မကျွေးနဲ့။ဒါက သူ့အတွက်မကောင်းဘူး။စိတ်စွမ်းအင်တွေက များလွန်းတာကြောင့် သူ့ကိုသေစေနိုင်တယ်"နူမူကပြောလိုက်တယ်။
"မကျွေးတော့ဘူး။သူ့ကို စိတ်စွမ်းအင်တွေပါဝင်တဲ့အစားအစာတွေ ထပ်မကျွေးတော့ဘူး"ဟေးရှင်းက မြန်မြန်လေးကတိပေးလိုက်တယ်။
ဝူရုန်ကလည်း ကလေးရဲ့သွေးခုန်နှုန်းကိုစမ်းသပ်လိုက်တော့ အဆင်ပြေနေတာကို တွေ့တော့မှ စိတ်သက်သာရာရသွားတယ်။
ဟေးရွမ်ရီသည် ကလေးကို ဟေးရှင်းလက်ထဲကို ထည်းပေးလိုက်ပြီးသူကအဝတ်စားလဲဖို့ ထွက်သွားလိုက်တယ်။
နူမူက ကလေးရဲ့နှာခေါင်းထိပ်ကိုထိလိုက်ရင်း ရယ်ပြီးပြောလိုက်တယ်"ကလေးက အမြန်ကြီးလာတာကလည်း မကောင်းတာတော့ မဟုတ်ပါဘူး။မင်းတို့ ထိန်းရတာသက်သာသွားတာပေါ့"
ဟေးရှင်းက ကလေးရဲ့ချစ်စရာကောင်းသည့် မျက်နှာလေးကို ကြည့်လိုက်ပြီး သူ့နှလုံးသားကအရည်သွားပြီး ပြောလိုက်တယ်"ကျွန်တော်က သူ့ကို မထိခိုက်အောင် သေချာစောင့်ရှောက်ပါ့မယ်"
ဝူရုန်သည် ဟေးရှင်းလက်ထဲမှာ ပွေ့ချီထားသည့် ကလေးကိုကြည့်ပြီးစိတ်ရှုပ်ထွေးမှုကို ခံစားရပါတယ်။
အဲဒီအချိန်မှာဘဲ ခန်းမထဲကို လူငယ်နှစ်ယောက်က ဝင်လာပြီး ပြောလိုက်တယ်"သခင်လေး ကျွန်တော်တို့ပြန်လာပြီ"
ဝူတနှင့်ဝူရှောင်ကိုတွေ့လိုက်တာနဲ့ ဝူရုန်၏မျက်မှာက မဲမှောင်သွားပြီး အခန်းထဲက လေထုကအေးခဲသွားတယ်။
ဝူရုန်က ဝူတနှင့်ဝူရှောင်တို့ အကြောင်းကို သိနေတာက သူတို့က အလုပ်လုပ်ဖို့ မိနစ်တိုင်းမှာ ပျင်းရိနေသူတွေဖြစ်တယ်။ဒါကို အခုက သူတို့က ဘာကြောင့်ရောက်လာတာလဲ?အမှန်ဆိုရင် သူတို့က သူတို့ဇနီးတွေနှင့် အပျော်ခရီးသွားနေသင့်တယ်။
မနေ့တုန်းကမှ သူက သတိုးသမီးတင်တောင်းလက်ဆောင်တွေကိ ပြန်ယူလာတယ်။ဒီနေ့တော့ သူတို့ကို ရောက်လာပြီ။သူတို့ကို တစ်စုံတစ်ယောက်က သူ့စီမှာ သူလျိုလုပ်ဖို့ လွှတ်လိုက်တာလား?
ဝူရုန်က ဖျော့တော့စွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်"မင်းတို့က ဘာလို့ပြန်လာတာလဲ?မင်းတို့ရဲ့မိန်းမတွေနဲ့ အချိန်မဖြုန်းဘူးလား?"
"ကျွန်တော်တို့က ဘာမှလုပ်စရာမရှိဘူး။ဒါကြောင့် ပြန်လာခဲ့တာ။ကျွန်တော်တို့က မနက်ပိုင်းမှာ ဒီကိုနေပြီး ညနေပိုင်းမှာအိမ်ပြန်မယ်"ဝူတက ပြောလိုက်တယ်။
သူတို့က သိသာစွာဘဲ ဝူရုန်ကို ခွင့်တောင်းနေတာ မဟုတ်ဘူး။သူတို့ရဲ့ဆုံးဖြတ်ချက်ကို ဝူရုန်ကို အသိပေးနေသာတာဖြစ်တယ်။သူတို့က ဝူရုန်ကို သခင်အဖြစ်မသတ်မှတ်ထားမှန်း သိသာတယ်။
ဝူရုန်၏မျက်လုံးတွေက တောက်ပသွားပြီး ပြောလိုက်တယ်"မင်းတို့ပြန်လာတာ အတော်ဘဲ။ငါက မင်းတို့ကို ခိုင်းစရာရှိတယ်"
********
paid groupဝင်လို့ရပြီနော်
------------------------------------
(1500)29/8