♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠...

Від Neko_san_ZP

1.4M 159K 7.2K

Zawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့်... Більше

မိတ်ဆက်(မိတ်ဆက်)
Arc-1.1 (ဝမ်နင်ရဲ့)
Arc-1.2 (ဝမ်နင်ရဲ့)
Arc-1.3 (ဝမ်နင်ရဲ့)
Arc-1.4 (ဝမ်နင်ရဲ့) 🔞
Arc-1.5 (ဝမ်နင်ရဲ့)
Arc-1.6 (ဝမ်နင်ရဲ့)
Arc-1.7 (ဝမ်နင်ရဲ့)
Arc-1.8 (ဝမ်နင်ရဲ့)
Arc-1.9 (ဝမ်နင်ရဲ့)
Arc-1.10 (ဝမ်နင်ရဲ့)
Arc-1 END(ဝမ်နင်ရဲ့)
Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.3 (တော်ဝန်ပြည့်တန်ဆာရှောင်) 🔞
Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc.2.5(တော်ဝင်ပြည့်တန်ဆာ)
Arc.2.6(တော်ဝင်ပြည့်တန်ဆာ)
Arc.2.7(တော်ဝင်ပြည့်တန်ဆာ)
Arc.2.8(တော်ဝင်ပြည့်တန်ဆာ)
Arc.2.9(ရှောင်ရမ်ဟွာ)
Arc.2.10(ရှောင်ရမ်ဟွာ)
Arc.2.11(ရှောင်ရမ်ဟွာ)
Arc.2.12(ရှောင်ရမ်ဟွာ)
Arc.2.13 - End (ရှောင်ရမ်ဟွာ)
Arc.3.1(ဖန်ချင်ယွီဘဝ)
Arc.3.2(ဖန်ချင်ယွီဘဝ)
Arc.3.3(ဖန်ချင်ယွီ)
Arc.3.4(ဖန်ချင်ယွီဘဝ)
Arc.3.5(ဖန်ချင်ယွီဘဝ)
Arc.3.6(ဖန်ချင်ယွီဘဝ)
Youngest GOD!
Arc.3.7(ဖန်ချင်ယွီဘဝ)
Arc.3.8(ဖန်ချင်ယွီဘဝ)
Arc.3.9(ဖန်ချင်ယွီဘဝ)🚫
Arc.3.10(ဖန်ခင်ယွီဘဝ)
Arc.3.11(ဖန်ချင်ယွီ ဘဝ)
Arc 3.12(ဖန်ချင်ယွီ ဘဝ End)
The seven gods
Arc.4.1(နဉ်ရွယ်လျန့် ဘဝ)
Arc4.2(နဉ်ရွယ်လျန့်ဘဝ)
Arc-4.4(နဉ်ရွယ်လျန့်ဘဝ)
Arc.4.5(နဉ်ရွယ်လျန့်ဘဝ)
Arc.4.6(နဉ်ရွယ်လျန့်ဘဝ)
Arc 4.7(နဉ်ရွယ်လျန့်ဘဝ)
Arc.4.8(နဉ်ရွယ်လျန့်ဘဝ)
Arc.4.9(နဉ်ရွယ်လျန်ဘဝ)
Arc.4.10(နဉ်ရွယ်လျန့်ဘဝ)
Arc.4.11(နဉ်ရွယ်လျန့်ဘဝ)
Arc.4.12(နဉ်ရွယ်လျန့်ဘဝ)
Arc.4.13(နဉ်ရွယ်လျန့်ရဲ့ဘဝ)
Arc.4.14(နဉ်ရွယ်လျန့်ဘဝ)
Arc.4.15(နဉ်ရွယ်လျန့်ဘဝ)
Arc.4.16(နဉ်ရွယ်လျန့်ဘဝ)
Arc.4.17(နဉ်ရွယ်လျန့်ဘဝ)
Arc.4.18(နဉ်ရွယ်လျန့်ဘဝ)
Arc.4.19(နဉ်ရွယ်လျန့်ဘဝ)
Arc.4.20(နဉ်ရွယ်လျန့်ဘဝ)
Arc.4.21(နဉ်ရွယ်လျန့်ဘဝ)
Arc-4.22(နဉ်ရွယ်လျန့်ဘဝ)
Arc-4.23(နဉ်ရွယ်လျန့်ဘဝ)
Arc-4 End(နဉ်ရွယ်လျန့်ဘဝ)
Arc-5.1(The Sun's Tears)
plz read
Arc-5.2(The Sun's Tears)
Arc-5.3(The Sun's Tears)
Arc-5.4(The Sun's Tears)
Arc-5.5(The Sun's Tears)
Arc-5.6(The Sun's Tears)
Arc-5.7(The Sun's Tears)
Arc-5.8(The Sun's Tears)
Arc-5.9(The Sun's Tears)
Arc-5.10(The Sun's Tears)
Arc-5.11(The Sun's Tears)
Arc-5.12(The Sun's Tears)
Arc-5.13(The Sun's Tears)
Arc-5.14(The sun's Tears)
Arc-5.15(The sun's Tears)
Arc-5.16(The sun's tears)
Arc-5 End(The sun's tears)
Arc-6.1(နန်းကျအရှင်ကြင်ယာတော်)
Arc-6.2(နန်းကျအရှင်ကြင်ယာတော်)
Arc-6.3(နန်းကျအရှင်ကြင်ယာတော်)
Arc-6.4(နန်းကျအရှင်ကြင်ယာတော်)
Arc-6.5(နန်းကျအရှင်ကြင်ယာတော်)
Arc-6.6(နန်းကျအရှင်ကြင်ယာတော်)
Arc-6.7(နန်းကျအရှင်ကြင်ယာတော်)
Arc-6.8(နန်းကျအရှင်ကြင်ယာတော်)
Arc-6.9(နန်းကျအရှင်ကြင်ယာတော်)
Arc-6.10(နန်းကျအရှင်ကြင်ယာတော်)
Arc-6.11(နန်းကျအရှင်ကြင်ယာတော်)
Arc-6.12(နန်းကျကြင်ယာတော်)
Arc-6.13(နန်းကျကြင်ယာတော်)
Arc-6.14(နန်းကျအရှင်ကြင်ယာတော်)
Arc-6.15(နန်းကျအရှင်ကြင်ယာတော်)
Arv-6.16(နန်းကျကြင်ယာတော်)
Arc-6.17(နန်းကျအရှင်ကြင်ယာတော်)
Arc-6.18(နန်းကျအရှင်ကြင်ယာတော်)🚫
Arc-6.19🚫(နန်းကျအရှင်ကြင်ယာတော်)
Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)
Arc-7.1(S Rank Guide)
about Guideverse

Arc.4.3(နဉ်ရွယ်လျန့်ဘဝ)

14.9K 2K 75
Від Neko_san_ZP


Zawgyi





နဂါးတို့ရဲအိမ်ရှေ့စံ လုံဖုန်းချန် ဟာ ကျောက်စိမ်း ဧကရာဇ်ပေါ် အမှားလုပ်မိရာမှာ လူပြည့်ကိုနယ်နင်ခံရပြီး သာမန်လူသားအဖြစ်နေထိုင်ရင်း တနေ့ သာမန်လူသားလေးနဲ့တွေ့မိရင်း ချစ်ကျွမ်းဝင်ခဲ့သည်၊ဒါပေမယ့် မကြာပေ၊ ကျောက်စိမ်းဧကရာဇ်ရဲ့သားတော် ဟာ ထိုလူသားလေးကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်တာကြောင့် လုံဖုန်းချန်ဟာ ပေါက်ကွဲကာ သူရဲ့မှတ်ဥာဏ်တွေနဲ့ ချိတ်ပိတ်ထားသောစွမ်းအင်တွေပြန်ရကာ ကောင်းကင်ပြန်တတ်လာပြီး တရားမျှတမှုကို တောင်းဆိုခဲ့သည်၊ တရားမျှတမှုတဲ့ကျောက်စိမ်းဧကရာဇ်ဟာ မျက်ကွယ်ပြုပြီး သူတိုရဲ့ နဂါးမျိုးနွယ်ကိုပင် သစ္စာဖောက်အဖြစ် ကြေညာခဲ့သည်၊ထိုကစပြီး ဖီးနစ်နတ်ဘုရားနဲ့နွေဦးနတ်ဘုရားတို့ဟာ လုံဖုန်းချန်ကို တဖက်လမ်းကကူညီရင်း ကျောက်စိမ်းဧကရာဇ်ကို နန်းကျခဲ့ပြီး နဂါးတွေဟာ ကောင်းကင်ရဲ့တော်ဝင်မျိုးနွယ်ဖြစ်လာပြီး လုံဖုန်းချန်ဟာလည်း သမိုင်းတွင်မဲ့ဧကရာဇ်ဖြစ်လာတော့သည်၊နောက်ဆုံး ဖီးနစ်နတ်ဘုရားရဲ့ ဂရုစိုက်မှုတွေ၊ကြင်နာမှုတွေကြောင့် သူချစ်ခဲ့ရတဲ့လူသားလေးကို မေ့ပျောက်လိုက်ပြီး ဖီးနစ်နတ်ဘုရားကို ဧကရီအရာထားပြီး တရားမျှတစွာအုပ်စိုးသွားသော ဧကရာဇ်တပါးဖြစ်လာခဲ့သည်!


[Fox:  Host ကကော... ]

"ပိုင်လီ"



"Hello သူဌေး"









---------------------












"ဘာပြောလိုက်လဲ!!!"













-*-*-*-*-*-*-*-*-*-*-*-

Unicode

အေးဆေးကုတင်ပေါ်ပြန်ကွေးရန် တွေးလိုက်ပေမယ့်... ကုတင်ပေါ်တွင် သူရဲ့စောင်ကို အားရပါးရကိုက်နေတဲ့ မြေခွေးလေးကြောင့်..

"မင်း ပြန်လာပြီပေါ့ ဘာထူးလဲ"

[Fox:  ဒီစောင်က အရမ်းအရသာရှိတာပဲ...ခဏ ဝအောင် ကိုက်.....ဟုတ်ကဲ့ ဘာထူးလဲဆိုတော့ လီရှောင်ဟိုင်က 'ဒဏ္ဍာရီထဲက နဂါးဧကရာဇ်'ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ဖို့ကြိုးစားနေတယ် ပြီးတော့ အဲ့ရုပ်ရှင်မှာ စပြီး လီရှောင်ဟိုင်ကနာမည်ကြီးခဲ့တာလေ ပြီးတော့ ကျန်းထိုက်ရန်(ဇာတ်လိုက်-gong)နဲ့လည်း နီးစပ်ခဲ့တာလေ] Hostရဲ့အေးစက်စက် အကြည့်ကြောင့် စောင်ကိုချကာ လေးလေးနက်နက်ရှင်းပြလိုက်သည်၊

"အေး...သိပြီ " ရွယ်လျန့်ခုံပေါ်မှာ ထိုင်လိုက်ပြီး laptopကို ထုတ်ကာ Foxပြောတဲ့ ရုပ်ရှင်နဲ့ပတ်သတ်တာ ရှာဖွေကြည့်လိုက်တော့ Boy love ဇာတ်လမ်းတစ်ခုဖြစ်နေတာ တွေ့လိုက်ရသည်၊ ဇာတ်လမ်းအကျဉ်းချုပ်က....

နဂါးတို့ရဲအိမ်ရှေ့စံ လုံဖုန်းချန် ဟာ ကျောက်စိမ်း ဧကရာဇ်ပေါ် အမှားလုပ်မိရာမှာ လူပြည့်ကိုနယ်နင်ခံရပြီး သာမန်လူသားအဖြစ်နေထိုင်ရင်း တနေ့ သာမန်လူသားလေးနဲ့တွေ့မိရင်း ချစ်ကျွမ်းဝင်ခဲ့သည်၊ဒါပေမယ့် မကြာပေ၊ ကျောက်စိမ်းဧကရာဇ်ရဲ့သားတော် ဟာ ထိုလူသားလေးကို ရက်ရက်စက်စက်သတ်ဖြတ်လိုက်တာကြောင့် လုံဖုန်းချန်ဟာ ပေါက်ကွဲကာ သူရဲ့မှတ်ဉာဏ်တွေနဲ့ ချိတ်ပိတ်ထားသောစွမ်းအင်တွေပြန်ရကာ ကောင်းကင်ပြန်တတ်လာပြီး တရားမျှတမှုကို တောင်းဆိုခဲ့သည်၊ တရားမျှတမှုတဲ့ကျောက်စိမ်းဧကရာဇ်ဟာ မျက်ကွယ်ပြုပြီး သူတိုရဲ့ နဂါးမျိုးနွယ်ကိုပင် သစ္စာဖောက်အဖြစ် ကြေညာခဲ့သည်၊ထိုကစပြီး ဖီးနစ်နတ်ဘုရားနဲ့နွေဦးနတ်ဘုရားတို့ဟာ လုံဖုန်းချန်ကို တဖက်လမ်းကကူညီရင်း ကျောက်စိမ်းဧကရာဇ်ကို နန်းကျခဲ့ပြီး နဂါးတွေဟာ ကောင်းကင်ရဲ့တော်ဝင်မျိုးနွယ်ဖြစ်လာပြီး လုံဖုန်းချန်ဟာလည်း သမိုင်းတွင်မဲ့ဧကရာဇ်ဖြစ်လာတော့သည်၊နောက်ဆုံး ဖီးနစ်နတ်ဘုရားရဲ့ ဂရုစိုက်မှုတွေ၊ကြင်နာမှုတွေကြောင့် သူချစ်ခဲ့ရတဲ့လူသားလေးကို မေ့ပျောက်လိုက်ပြီး ဖီးနစ်နတ်ဘုရားကို ဧကရီအရာထားပြီး တရားမျှတစွာအုပ်စိုးသွားသော ဧကရာဇ်တပါးဖြစ်လာခဲ့သည်!

..... ဒါ ဘယ်လိုဇာတ်လမ်းကြီးလဲ မင်းချစ်သူကြောင့်!စစ်ဖြစ်တာမဟုတ်ဘူးလား...ဘာကြောင့် ဖီးနစ်နတ်ဘုရားနဲ့ယူပြီး ပျော်ရွှင်စွာပေါင်းဖက်သွားရတာလဲ! ဒါစိတ်ပျက်စရာကြီး! ထားပါ ဒါဆို လီရှောင်ဟိုင်က ဖီးနစ်နတ်ဘုရားနေရာမှာ ဝင်သရုပ်ဆောင်မှာပေါ့...

[Fox:  Host ကကော... ]

"ပိုင်လီ"

[Fox: ဟမ် အဲ့လူသားလေးနေရာကလား...သူက သာမန်ဇာတ်ကောင်လေးလေ]

ရွယ်လျန့်ဟာ ခပ်တိုးတိုးရယ်လိုက်ပြီး သူရဲ့စိတ်ပျက်စရာကောင်းတဲ့လက်ထောက်ဆီ ဖုန်းဆက်လိုက်သည်၊

"Hello သူဌေး"

"အေး မနက်ဖြန် ဒဏ္ဍာရီထဲက ဧကရာဇ်ဆိုတဲ့ ရုပ်ရှင် လူရွေးပွဲရှိတယ်ဆို"

"ဟုတ်တယ် သူဌေး သခင်လေးရှောင်ဟိုင်ကလည်း ဖီးနစ်မင်းသားနေရာအတွက် သွားမှာလေ အဲ့အတွက်စိတ်ပူနေတာလား"

'ငါက ဘာလို့စိတ်ပူရမှာလဲ' သူဖြစ်ပျက်နေတာမသိပဲ တဖက်ကဖုန်းထဲကနေဇွတ်ပြောနေတော့သည်၊ "ဒဏ္ဍာရီထဲက နဂါးဧကရာဇ်"ရုပ်ရှင်က နာမည်ကြီး စာရေးဆရာတယောက်ရဲ့ဇာတ်လမ်းဖြစ်တဲ့အပြင် အနုပညာလောကရဲ့ နတ်ဘုရား ကျန်းထိုက်ရန်ပါ ပါဝင်မည်ဖြစ်တာကြောင့် ထိုရုပ်ရှင်မှာပါဝင်ချင်သည့် သရုပ်ဆောင်တွေပေါများနေခြင်းဖြစ်သည်၊

"သခင်လေးရှောင်ဟိုင်အတွက် ရွေးချယ်ခံရဖို့က အေးဆေးပေမယ့်....သူဌေးက နည်းနည်းကူညီ... "

"မင်းပဲ သူဌေးလုပ်မှာလား... ဟမ်?"
တဖက်က အေးစက်စက်အသံကြောင့် ဂိုဝမ်( ရွယ်လျန့်ရဲ့လက်ထောက်) ကြက်သီးများထသွားပြီး "တောင်းပန်ပါတယ် သူဌေး"

"အေး လီရှောင်ဟိုင်ကိစ္စ ငါစိတ်မဝင်စားဘူး သူမှာအရည်အချင်းရှိရင် ရွေးချယ်ခံရလိမ့်မယ် မရှိရင်လည်း သူကံတရားပဲ ငါ မင်းဆီဖုန်းဆက်တာ လူရွေးပွဲရဲ့အချိန်စာရင်း လှမ်းမေးတာ"

"ဟုတ်ကဲ့ သူဌေး မနက်ဖြန် (9:00) 'တောက်ပသောအနာဂတ်' အင်တာတိန်းမန့်မှာ စီစဉ်မှာပါ"

*တီ* တဖက်က ဖုန်းချသွားသံကြောင့် ဂိုဝမ် ဖုန်းကိုကြည့်ကာ ပြစ်ပြစ်နှစ်နှစ်ဆဲလိုက်ပြီး နောက်ထပ်ဖုန်းနံပါတ်တစ်ခုနှိပ်ကာ နဉ်ရွယ်လျန့်နဲ့ပတ်သတ်တာမှန်သမျှကို ပြောပြလိုက်တော့သည်၊

---------------------

နဉ်ရွယ်လျန့် အခုချက်ချင်း အိမ်ကိုလာခဲ့ဆိုတဲ့ အိမ်တော်ထိန်းဆီက ဖုန်းကြောင့် စိတ်ပျက်စွာနဉ်အိမ်တော်ကို ပြန်လာခဲ့လိုက်သည်၊အစထဲက တွေးပြီးသားပါ၊ဟိုစပိုင်ကောင်ကို တမင်တကာဖုန်းဆက်မေးလိုက်တဲ့အကြောင်းက ထိုနဉ်လင်မယားနဲ့ ပြတ်ပြတ်သားသားဖြေရှင်းချင်လို့ ဖြစ်သည်၊နဉ်အိမ်တော်ထဲရောက်တော့ အချို့အစေခံတွေက သူကိုပင်သိပ်အရေးမစိုက်တဲ့အပြင် လှောင်ပြုံးတောင် ပြုံးနေကျသည်၊ သူအရေးမစိုက်ပါဘူး...ဧည့်ခန်းထဲမဝင်ခင်မှာ ရယ်မောသံများကြားနေရပြီး လီရှောင်ဟိုင်ရဲ့ချွဲဆိုသံတွေပါကြားနေရသည်၊ သူဝင်လာတော့ ဧည့်ခန်းတစ်ခုလုံးဟာ တိတ်ဆိတ်သွားကာ သူအမေဆီကမုန်းတီးတဲ့အကြည့် တပချက်ပါရလိုက်သေးသည်၊ သူတို့တောင် ကိုယ့်ပေါ်စိမ်းကားနေသေးတာပဲ ငါယွမ်နဉ်ချင့် သောက်ဖက်လုပ်ပြီး နူတ်ဆက်ရမှာလား? ဆုတောင်း နောက်ဘဝထိ

ခုံမှာ အေးဆေးထိုင်ကာ သူမိဘတွေဘက် လှည့်ပြီး

"ဘာကိစ္စလဲ" တည်ငြိမ်ပြီး အေးစက်တဲ့သြရှရှအသံကြောင့် လီရှောင်ဟိုင်ပင် လှည့်ကြည့်မိပြီး ကြည့်လိုက်တော့ ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အစ်ကိုဖြစ်နေတာ သိလိုက်ရသည်၊ရုပ်ကတော့ တော်တော်လှသည်၊ပြစ်မျိုးမှဲ့ပုံစံမျိုး ၊သူတောင် မနာလိုဖြစ်နေမိသည်၊ဒါပေမယ့် ယောကျာ်းဆန်ပြီး လှတဲ့အလှမျိုးဖြစ်သည်၊ ဒါပေမယ့် တုံးအနေတာလေးပဲ၊

ခုံပေါ်မှာ အေးဆေးမှီထိုင်ထားပြီး ဘယ်သူမှဂရုမစိုက်တဲ့ပုံစံမျိုးနဲ့နေနေသည့် သူတို့်သားကို မြင်တော့ နဉ်သခင်မကြီးဟာ စိတ်ပျက်စွာ

"နင် လီရှောင်ဟိုင်ကိစ္စကို သူအရည်ချင်းပေါ်မူတည်ပြီးလုပ်ဆို???နဉ်အင်တာတိန်းမန့်က ဘယ်သူအတွက် ဖွင့်ထားလည်း မမေ့နဲ့! အဲ့မှာ လုပ်စရာမရှိရင် နင်ငတ်ပြီးသေတာဖြစ်ကြာနေပြီ"

"အဲ့ကိစ္စပြောဖို့ ခေါ်တာလား" အရေးမပါသည့် ကိစ္စကိုပြောလာတာကြောင့် ရွယ်လျန့်မျက်မှောင်ကြုတ်သွားကာ သူအမေဆိုသည့်လူကို ကြည်ဘကာ ပြန်မေးလိုက်သည်၊

"နင်က ဘယ်ကိစ္စလို့ထင်နေသေးလို့လဲ?? ငါတို့ကြောင့် ဒီအခြေအနေထိရောက်လာတာ မမေ့နဲ့ နဉ်အင်တာတိန်းမန့်ရဲ့ တကယ့်အုပ်ချုပ်သူဆိုတာ ဘယ်သူလည်းမမေ့နဲ့" သူမရဲ့သားဆီ အချိုးပြောင်းနေတာမြင်လိုက်ရတော့ ထိုကလေးကို စတင်ခြိမ်းခြောက်ကာပြောတော့သည်၊

"ဟားဟား... ကောင်းပြီ အဲ့ဆိုရင် အမေတို့ပဲ ဆက်ဦးစီးလေ..." ရွယ်လျန့်ဟာ ရယ်လိုက်ပြီး မတ်တပ်ရပ်ရင်းပြောလိုက်သည် ထိုနောက် သူယူလာတဲ့ နဉ်အင်တာတိန်းမန့်ကစာရွက်စာတမ်းတွေကိုထုတ်ကာ စာပွဲပေါ်ပစ်တင်ပေးလိုက်ပြီး....

"အဘိုးရဲ့ကုမ္ပဏီမှာ သွားလုပ်ရုံပဲ...အာ....မှားလို့ ဆက်ခံသူသွားလုပ်ရမှာလို့ ပြောရမှာပဲ" ပြောကာ ထွက်သွားဖို့ရှိသေးတယ်၊ သူအမေဟာပြန်ဆွဲထားကာ ဒေါသထွက်ပြီး စိုးရိမ်နေတဲ့မျက်နှာဖြင့်

"နင် ဒါဘာသောက်ကျိုး ချိုးတာလဲ!! နင့်အဘိုး ကုမ္ပဏီမှာ နင်အဖေ ဒုဥက္ကဋ ဖြစ်အောင် ဘယ်လောက်တောင် ကြိုးစား..."

"စိတ်မဝင်စားဘူး"အေးစက်ပြီး တုံးတိဖြတ်ချလာသည့် သူတို့သားကြောင့် ကြောင်အသွားပြီးနောက် ဒေါသထွက်လွန်းလို့မျက်နှာပင် အနီရောင်ကနေခရမ်းရောင်ဖြစ်သွားကာ

"ဘာပြောလိုက်လဲ!!!"

"မကြားဘူးလား အမေတို့ ဘာသာဖြစ်ချင်တာ ဖြစ် သားစိတ်မဝင်စားဘူး" အရင် နဉ်ရွယ်လျန့်တုန်းက သူဘက်ကခင်ဗျားတို့ ကြည့်ပေးခဲ့လား???

"ငါတို့ မင်းမိဘတွေနော်" သူအဖေရဲ့မာကျောပြီးဒေါသထွက်တဲ့လေသံကြောင့်... ရွယ်လျန့်လှောင်ပြုံးပြုံးမိလိုက်ပြီး

"မိဘ... ဟုတ်လား ??? ပြောပါဦး ဒီနဉ်ရွယ်လျန့်ရဲ့အဖေနဲ့အမေရယ် မိဘဆိုတဲ့အဓိပ္ပါယ်လေး"

"ကိုကို...  ဘာဖြစ်နေတာလဲ အဖေနဲ့အမေကို စိတ်ဆိုးအောင်မလုပ်နဲ့လေ..."လေသံပျော့ပျော့လေးနဲ့ ပြောနေတဲ့လီရှောင်ဟိုင်ကို သူတချက်ကာကြည့်လိုက်ပြီး

"ငါနဉ်ရွယ်လျန့် ဘဝမှာ မိဘဆိုတာလွန်ခဲ့တဲ့ငါးနှစ်ထဲက သေသွားပြီးပြီ"ဟုတ်တယ် အိပ်မက်တွေကို ပျက်စီးလိုက်ထဲက ခင်ဗျားတို့က သူရင်ဘက်ထဲမှာ သေဆုံးခဲ့ပြီးပြီ

"မွေးရကျိုးမနပ်တဲ့သား" သွားရန်ပြင်နေတုန်း ထိုစကားများကြောင့် ရွယ်လျန့်ပြန်ရပ်သွားကာ...

"ကိုယ့်သားရင်းကို ပျက်စီးအောင်လုပ်တဲ့မိဘထက်စာရင်တော့ သာပါသေးတယ်... စိတ်မပူပါနဲ့ အဖေတို့ ကုမ္ပဏီကို ကြိုးစားပြီး ရပိုင်ခွင့်ရှိသေးတယ်လေ... ကြိုးစားကျပေါ့ "
နဉ်ရွယ်လျန့်ထွက်သွားမှ လီရှောင်ဟိုင်လည်း ပေါက်ကွဲနေတဲ့သူမိဘနှစ်ပါးကို

"ဖေဖေနဲ့မေမေ ဒေါသကြီးတာ ကျန်းမာရေးအတွက်မကောင်းဘူး... အစ်ကို့ကြောင်းလည်း သိရဲ့နဲ့... စိတ်အေးအေးထား ကျွန်တော်နားချပေးမယ်နော်"

"သားငယ်လေးပဲ လိမ်မာတယ် အစထဲက အဲ့ကောင်ကို မမွေးခဲ့သင့်ဘူး"

"အဲ့တာကြောင့် မင်းကိုအဲ့ထဲက ဖျက်ချဖို့ ငါပြောခဲ့တာလေ အခုကြည့် မင်းသားလုပ်ပုံတွေကို "

"အဲ့တာ ရှင့်သားပါ ဒီလောက် သန္ဓေယုတ်နေတာ"

လီရှောင်ဟိုင် နဉ်လင်မယားရန်ဖြစ်နေတာကို ကြားထဲကနေ ဝိုင်းတညးပေမယ့်၊စိတ်ထဲကတော့ နဉ်ရွယ်လျန့်ရဲ့ပြောင်းလဲသွားတဲ့ပုံကို စဉ်းစားနေမိသည်၊ဒါမှမဟုတ် ငါတို့စီစဉ်ထားသမျှပေါ်သွားလို့လား၊သူသိသွားလို့ ပြောင်းလဲသွားတာလား...အဲ့တာမှ သူရဲ့ပုံစံအမှန်များလား
ဒါပေမယ့် လီရှောင်ဟိုင် သိပ်မစိုးရိပ်ပေ၊ဒါတွေ သာမန်ဇာတ်ကောင်လေးတွေလေ၊သူက ထိုလူတွေထက် ခြေတလှမ်းသာနေပြီးသားကိုး၊

Продовжити читання

Вам також сподобається

149K 9.5K 64
Barကို လာတဲ့ Customer 80%က Bottom‌ေတွ။ 15%က စိတ်လှုပ်ရှားစရာကိုလာရှာကြတဲ့မိန်းကလေးတွေ။ Barမှာအလုပ်လုပ်‌ေနတဲ့ အဖြောင့်ကောင်လေး Xia Zhiကတော့ လာအီတဲ့သူတ...
288K 20.7K 72
Omega တွေဆို နှိမ်ချဆက်ဆံချင်ကျတဲ့လူတွေအမြင်ကိုပြောင်းလဲပစ်မဲ့ယွင်အာဆိုတဲ့အဆိုတော်မင်းသားလေးကလူတ​ယာက်ကိုရေထဲတွန်းချမိသွားပြီးတဲ့နောက်မှာတော့ သူ့ရဲ့ p...
1.9K 214 7
"A dance that goes well with one instrument's sound, A heart that longing for one's warmest hug" Sung Hanbin x Zhang Hao
531K 35.1K 136
Author -Elizabeth chi Type-System လင်းလျောင်တစ်ယောက်ယောက်ျားမယူချင်လို့ထွက်ပြေးရင်း Systemနဲ့ချိတ်မိပြီးဘယ်လိုတွေကမောက်ကမဖြစ်ကြမလဲ oocဖြစ်နေတဲ့world...