♛𝐊𝐢𝐥𝐥 𝐓𝐡𝐞 𝐇𝐨𝐬𝐭♛(𝑠...

By Neko_san_ZP

1.4M 159K 7.2K

Zawgyi and Unicode Started date: 1.3.2020 End date:???? "မင်း အမဲလိုက်ရတာကို ကြိုက်လား" "မပြောတတ်ဘူး ဒါပေမယ့်... More

မိတ်ဆက်(မိတ်ဆက်)
Arc-1.1 (ဝမ်နင်ရဲ့)
Arc-1.2 (ဝမ်နင်ရဲ့)
Arc-1.3 (ဝမ်နင်ရဲ့)
Arc-1.4 (ဝမ်နင်ရဲ့) 🔞
Arc-1.5 (ဝမ်နင်ရဲ့)
Arc-1.6 (ဝမ်နင်ရဲ့)
Arc-1.7 (ဝမ်နင်ရဲ့)
Arc-1.8 (ဝမ်နင်ရဲ့)
Arc-1.9 (ဝမ်နင်ရဲ့)
Arc-1.10 (ဝမ်နင်ရဲ့)
Arc-1 END(ဝမ်နင်ရဲ့)
Arc-2.1 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.2 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc-2.3 (တော်ဝန်ပြည့်တန်ဆာရှောင်) 🔞
Arc-2.4 (တော်ဝန်ပြည့်တန်ဆာရှောင်)
Arc.2.5(တော်ဝင်ပြည့်တန်ဆာ)
Arc.2.6(တော်ဝင်ပြည့်တန်ဆာ)
Arc.2.7(တော်ဝင်ပြည့်တန်ဆာ)
Arc.2.8(တော်ဝင်ပြည့်တန်ဆာ)
Arc.2.9(ရှောင်ရမ်ဟွာ)
Arc.2.10(ရှောင်ရမ်ဟွာ)
Arc.2.11(ရှောင်ရမ်ဟွာ)
Arc.2.12(ရှောင်ရမ်ဟွာ)
Arc.2.13 - End (ရှောင်ရမ်ဟွာ)
Arc.3.1(ဖန်ချင်ယွီဘဝ)
Arc.3.2(ဖန်ချင်ယွီဘဝ)
Arc.3.3(ဖန်ချင်ယွီ)
Arc.3.4(ဖန်ချင်ယွီဘဝ)
Arc.3.5(ဖန်ချင်ယွီဘဝ)
Arc.3.6(ဖန်ချင်ယွီဘဝ)
Youngest GOD!
Arc.3.7(ဖန်ချင်ယွီဘဝ)
Arc.3.8(ဖန်ချင်ယွီဘဝ)
Arc.3.9(ဖန်ချင်ယွီဘဝ)🚫
Arc.3.10(ဖန်ခင်ယွီဘဝ)
Arc.3.11(ဖန်ချင်ယွီ ဘဝ)
Arc 3.12(ဖန်ချင်ယွီ ဘဝ End)
The seven gods
Arc4.2(နဉ်ရွယ်လျန့်ဘဝ)
Arc.4.3(နဉ်ရွယ်လျန့်ဘဝ)
Arc-4.4(နဉ်ရွယ်လျန့်ဘဝ)
Arc.4.5(နဉ်ရွယ်လျန့်ဘဝ)
Arc.4.6(နဉ်ရွယ်လျန့်ဘဝ)
Arc 4.7(နဉ်ရွယ်လျန့်ဘဝ)
Arc.4.8(နဉ်ရွယ်လျန့်ဘဝ)
Arc.4.9(နဉ်ရွယ်လျန်ဘဝ)
Arc.4.10(နဉ်ရွယ်လျန့်ဘဝ)
Arc.4.11(နဉ်ရွယ်လျန့်ဘဝ)
Arc.4.12(နဉ်ရွယ်လျန့်ဘဝ)
Arc.4.13(နဉ်ရွယ်လျန့်ရဲ့ဘဝ)
Arc.4.14(နဉ်ရွယ်လျန့်ဘဝ)
Arc.4.15(နဉ်ရွယ်လျန့်ဘဝ)
Arc.4.16(နဉ်ရွယ်လျန့်ဘဝ)
Arc.4.17(နဉ်ရွယ်လျန့်ဘဝ)
Arc.4.18(နဉ်ရွယ်လျန့်ဘဝ)
Arc.4.19(နဉ်ရွယ်လျန့်ဘဝ)
Arc.4.20(နဉ်ရွယ်လျန့်ဘဝ)
Arc.4.21(နဉ်ရွယ်လျန့်ဘဝ)
Arc-4.22(နဉ်ရွယ်လျန့်ဘဝ)
Arc-4.23(နဉ်ရွယ်လျန့်ဘဝ)
Arc-4 End(နဉ်ရွယ်လျန့်ဘဝ)
Arc-5.1(The Sun's Tears)
plz read
Arc-5.2(The Sun's Tears)
Arc-5.3(The Sun's Tears)
Arc-5.4(The Sun's Tears)
Arc-5.5(The Sun's Tears)
Arc-5.6(The Sun's Tears)
Arc-5.7(The Sun's Tears)
Arc-5.8(The Sun's Tears)
Arc-5.9(The Sun's Tears)
Arc-5.10(The Sun's Tears)
Arc-5.11(The Sun's Tears)
Arc-5.12(The Sun's Tears)
Arc-5.13(The Sun's Tears)
Arc-5.14(The sun's Tears)
Arc-5.15(The sun's Tears)
Arc-5.16(The sun's tears)
Arc-5 End(The sun's tears)
Arc-6.1(နန်းကျအရှင်ကြင်ယာတော်)
Arc-6.2(နန်းကျအရှင်ကြင်ယာတော်)
Arc-6.3(နန်းကျအရှင်ကြင်ယာတော်)
Arc-6.4(နန်းကျအရှင်ကြင်ယာတော်)
Arc-6.5(နန်းကျအရှင်ကြင်ယာတော်)
Arc-6.6(နန်းကျအရှင်ကြင်ယာတော်)
Arc-6.7(နန်းကျအရှင်ကြင်ယာတော်)
Arc-6.8(နန်းကျအရှင်ကြင်ယာတော်)
Arc-6.9(နန်းကျအရှင်ကြင်ယာတော်)
Arc-6.10(နန်းကျအရှင်ကြင်ယာတော်)
Arc-6.11(နန်းကျအရှင်ကြင်ယာတော်)
Arc-6.12(နန်းကျကြင်ယာတော်)
Arc-6.13(နန်းကျကြင်ယာတော်)
Arc-6.14(နန်းကျအရှင်ကြင်ယာတော်)
Arc-6.15(နန်းကျအရှင်ကြင်ယာတော်)
Arv-6.16(နန်းကျကြင်ယာတော်)
Arc-6.17(နန်းကျအရှင်ကြင်ယာတော်)
Arc-6.18(နန်းကျအရှင်ကြင်ယာတော်)🚫
Arc-6.19🚫(နန်းကျအရှင်ကြင်ယာတော်)
Arc-6 The End(နန်းကျအရှင်ကြင်ယာတော်)
Arc-7.1(S Rank Guide)
about Guideverse

Arc.4.1(နဉ်ရွယ်လျန့် ဘဝ)

20.7K 2.1K 61
By Neko_san_ZP


Zawgyi



'သူကိုကော မိသွားသေးလား...?' ယွမ်နဉ်ချင့်ဟာ စိုးရိမ်တကြီးမေးလိုက်သည်၊သူချစ်သူ ဘာလဲဆိုတာ သူသေချာမသိပေမယ့် သူလိုမျိုးခိုးဝင်တဲ့သူလို့ပဲ ထင်မှတ်ထားတာကိုး....


'Dei????'






[Fox : နည်းနည်းအဆင့်မြှင့်သွားပြီဆိုတော့ ရသမျှ မှတ်ဥာဏ်တွေ အကုန်ထည့်ပေးလိုက်ပြီ]

များပြားတဲ့မှတ်ဥာဏ်တွေ ပို့ခံလိုက်ရတာကြောင့် နာကျင်ကိုက်ခဲလာသည့် ခေါင်းကို ဖိလိုက်ပြီးဘေးကနံရံကိုမှီကာထိုင်ရပ်အနေအထားဖြင့်မှတ်ဥာဏ်များကို စတင်လက်ခံလိုက်သည်၊. . .


ပထမဘဝ >>>>>

ဒီခန္ဓာကိုယ်ပိုင်ရှင်က နဉ်မိသားစုရဲ့သားကြီးဖြစ်သည်၊ ငယ်ရွယ်ပြီး ထက်မြက်တဲ့လူငယ်လေးဖြစ်တာကြောင့် အလယ်အလတ်အဆင့် အင်တာတိန်းမန့်တစ်ခုကို ပိုင်ဆိုင်ထားသည်၊ ဒါအပြင် သူဟာဂေးတစ်ယောက်ဖြစ်တာကြောင့် သူရဲ့အင်တာတိန်းမန့်ထဲက တတ်သစ်စအနုပညာရှင်လေးများကို ပိုးပန်းထောက်ပံ့ခဲ့သည်၊ထိုသို့ထောက်ပံ့ပေးခဲ့သည့်အထဲတွင် ဂျင်လင်းအာလို့ ခေါ်တဲ့ ဒီကမ္ဘာရဲ့သားတော်(0) ပါ ပါဝင်ခဲ့သည်၊ဖြူစင်ပြီး နူးညံ့တဲ့စရိုက်ဟာ နဉ်ရွယ်လျန့်ရဲ့typeဖြစ်တာကြောင့် သူရဲ့အင်တာတိန်းမန့်ထဲက နာမည်ကြီးသရုပ်ဆောင်တွေထက် နဉ်ရွယ်လျန့်ကို ထောက်ပံ့ပေးခဲ့သည်၊ သူကိုယ်တိုင်က ဂျင်လင်းအာကိုချစ်မိခဲ့တာကြောင့် ဂျင်လင်းအားရဲ့ရည်မှန်းချက်ဖြစ်သည့် စူပါစတားဖြစ်အောင် အမျိုးမျိုးထောက်ပံ့ပေးခဲ့ပေမယ့် နောက်ဆုံးစွန့်ပစ်ခံရပြီး ဂျင်လင်းအာကို အနိုင်ကျင့်စော်ကားတဲ့သူလိုသတ်မှတ်ခံရတာ ဒီကမ္ဘာရဲ့ဇာတ်လိုက် (1) ကျန်းထိုက်ရန်ရဲ့ ပညာပေးခြင်းကိုခံရကာ နဉ်မိသားစုရဲ့ သားအဖြစ်မှ စွန့်ပစ်ခံရတာ လမ်းဘေးရောက်ခဲ့သည်၊ဒါပေမယ့် ထက်မြက်တဲ့ နဉ်ရွယ်လျန့်ဟာမကျဆုံးသွားပေမယ့် အမှန်တရားပေါ်ပေါက်မှာကြောက်သည့် ဂျင်လင်းအာဟာ မျက်ရည်ချူကာ ဒုက္ခပေးပြန်သည်၊ ဖိအားတွေကြောင့် နောက်ဆုံး နဉ်ရွယ်လျန့်ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားတော့သည်၊ သနားစရာကောင်းတဲ့ သူရဲ့အသုဘကိုမိဘရင်းကိုယ်တိုင်ပင် မတတ်ရောက်ခဲ့ပေ

(A/N:0-Uke, 1-seme)

ဒုတိယဘဝ >>>





သူဟာ ထလိုက်ပြီး ဒီခန္ဓာကိုယ်ရဲ့မှတ်ဥာဏ်အတိုင်း ရေချိုးခန်းထဲဝင်လာပြီး တကိုယ်လုံးစာမြင်ရသည့် ကြ်ီးမားသည့်မှန်ကြီးရယ် ပန်းပွင့်တွင်နဲ့အလှဆင်ထားသည့် ၁၂ပေ လောက်ကျယ်သည့် ရေချိုးကန်ကိုကြည့်ရင်း... အကျေနပ်ကြီးကျေနပ်နေသည်၊ အရင်ကမ္ဘာတွေထက်ဆာရင် ဒီလူက သန့်ရှင်းသပ်ရပ်သားပဲ...၁၀မှတ်.... ၁၀မှတ်


"သောက်ရမ်းမိုက်တယ်"







----------------------

Unicode

Arc.4.1(သရုပ်ဆောင်မင်းသား ရွယ်လျန့်)

ယွမ်နဉ်ချင့် သူရဲ့ခေါင်းကို နှိပ်နယ်နေရင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ မှောင်မဲနေတဲ့ ပေ၃၀ပတ်လည် ကျယ်ဝန်းတဲ့ အခန်းထဲ ရောက်နေသည်ကို သတိထားမိလိုက်သည်၊ သူရဲ့ ပေါင်ပေါ်တွင်လည်း လျှာလေးထွက်ကာ သူကိုကြည့်နေသည့် မြေခွေးဖြူလေးတစ်ကောင်ကိုတွေ့လိုက်တာကြောင့်... အရင်ကမ္ဘာက ဖြစ်ပျက်ခဲ့တာတွေကို တွေးတောမိလိုက်သည်၊ ဟွာကျိယန်က သူကိုသေနတ်နဲ့ပစ်လိုက်ပေမယ့် ထိုသေနတ်ဒဏ်ရာလေးနဲ့သူမသေနိုင်ဘူးလေ...ဘာဖြစ်ကုန်တာလဲ

[Fox: Hostရဲ့ချစ်သူက Hostကို ထွက်သွားခိုင်းလိုက်တာ ဘာလို့လဲဆိုတော့ အဲ့ကမ္ဘာရဲ့စစ်ဆေးရေးမှူးတွေရောက်လာလို့လေ]

'သူကိုကော မိသွားသေးလား...?' ယွမ်နဉ်ချင့်ဟာ စိုးရိမ်တကြီးမေးလိုက်သည်၊သူချစ်သူ ဘာလဲဆိုတာ သူသေချာမသိပေမယ့် သူလိုမျိူးခိုးဝင်တဲ့သူလို့ပဲ ထင်မှတ်ထားတာကိုး....

[Fox:မစိုးရိမ်ပါနဲ့ Hostချစ်သူက အင်အားကြီးပြီးသား... ပြီးတော့ စစ်ဆေးသူတွေက ဟွာကျိယန်ကိုယ်ထဲက Hostကို "Dei"ဆိုတဲ့ ငရဲကို ခေါ်သွားပြီ...သူရဲ့ဘဝကတော့ မတွေးရဲစရာပဲ] Foxဟာ ကြက်သီးထသလို အမွှေးလေးတွေထောင်ပြရင်း ရှင်းပြလိုက်သည်

'Dei????'

[Fox: Deiဆိုတာ System လောကရဲ့ ငရဲပဲ အဲ့နေရာမှာ ဖမ်းခံရတဲ့ ဝိညာဉ်တွေက ဘယ်တော့မှ လူဝင်စားခံရမှာမဟုတ်တော့သလို ၊သူတို့အကြောက်ဆုံးအရာတွေနဲ့ အဖန်တလဲလဲ ပြန်ဝင်စားလိုက်၊သေလိုက်နဲ့ နောက်ဆုံး ကိုယ့်ကိုယ်ကို ဝိညာဉ်ပေါက်ကွဲပြီး သတ်ချင်တဲ့အထိပဲ၊ ရှင်းရှင်းပြောရရင် ပြန်လမ်းမရှိ ငရဲပဲ! လုံးဝဆိုးဝါးတဲ့နေရာပဲ!]

'...ဟမ် သူက ဘယ်လောက်တောင် ကြီးလေးတဲ့ပြစ်မှုလုပ်လိုက်လို့လဲ??!'

[Fox: ကျွန်တော်လည်း ယွမ်ယွမ်ကို အမြန်သုတ်ချီးပြီးပြေးလာတော့ သိပ်မသိဘူးရယ်] မျက်လုံးလေး ကလယ်ကလယ်နဲ့ လိမ်ပြောလိုက်သည့် မြေခွေးဖြူလေးကို ကြည့်ပြီး.. တခုခုသဘောပေါက်သွားပေမယ့် ဘာမှမမေးတော့ပဲ

"အခု ငါ ဘယ်ရောက်နေတာလဲ" မှောင်မဲနေတဲ့ အခန်းပေမယ့် သူဝင်တဲ့ခန္ဓာကိုယ် အသန့်ကြိုက်ပြီး၊လူကြီးလူကောင်းဆန်တဲ့သူမှန်းတွေးမိသည်၊ အခန်းဟာရိုးရှင်းပြီး၊သန့်ရပ်သည်၊ အခန်းထဲတွင် သူထိုင်နေသည့် သုံးယောက်အိပ်လို့ရတဲ့အထိ ကြီးမားတဲ့အနက်ရောင်ကုတင်ကြီးရယ် ပြတင်းပေါက်နားတွင် ဇိမ်ခံခုံနဲ့ဝိုင်တင်ထားသည့် စာပွဲလေးတစ်လုံးသာရှိသည်ကိုတွေ့လိုက်ရသည်၊

သူအကြိုက်နဲ့ကိုက်ညီသည့် အခန်းပတ်ဝန်းကျင်ကို ကြည့်ရင်းမေးလိုက်သည်၊ Foxဟာ လေပေါ်ကို ပျံတတ်လာပြီး ဘဝင်မြင့်နေတဲ့ရုပ်လေးဖြင့် မေးလေးမော့ကာ...

[Fox : နည်းနည်းအဆင့်မြှင့်သွားပြီဆိုတော့ ရသမျှ မှတ်ဉာဏ်တွေ အကုန်ထည့်ပေးလိုက်ပြီ]

များပြားတဲ့မှတ်ဉာဏ်တွေ ပို့ခံလိုက်ရတာကြောင့် နာကျင်ကိုက်ခဲလာသည့် ခေါင်းကို ဖိလိုက်ပြီးဘေးကနံရံကိုမှီကာထိုင်ရပ်အနေအထားဖြင့်မှတ်ဉာဏ်များကို စတင်လက်ခံလိုက်သည်၊. . .

ဤကမ္ဘာက အနုပညာလောကကို အားထားသည့် modern ကမ္ဘာဖြစ်သည်၊ ထိုအပြင် ပိုထူးဆန်းတာက ဒီကမ္ဘာမှာ LGBTအသိုင်းအဝိုင်းကို အရမ်းကိုထောက်ခံတဲ့အပြင် BL movies များဟာ အခြားဇာတ်လမ်းတွဲများထက် ပိုမိုကျော်ကြားသည်၊

ပထမဘဝ >>>>>

ဒီခန္ဓာကိုယ်ပိုင်ရှင်က နဉ်မိသားစုရဲ့သားကြီးဖြစ်သည်၊ ငယ်ရွယ်ပြီး ထက်မြက်တဲ့လူငယ်လေးဖြစ်တာကြောင့် အလယ်အလတ်အဆင့် အင်တာတိန်းမန့်တစ်ခုကို ပိုင်ဆိုင်ထားသည်၊ ဒါအပြင် သူဟာဂေးတစ်ယောက်ဖြစ်တာကြောင့် သူရဲ့အင်တာတိန်းမန့်ထဲက တတ်သစ်စအနုပညာရှင်လေးများကို ပိုးပန်းထောက်ပံ့ခဲ့သည်၊ထိုသို့ထောက်ပံ့ပေးခဲ့သည့်အထဲတွင် ဂျင်လင်းအာလို့ ခေါ်တဲ့ ဒီကမ္ဘာရဲ့သားတော်(0) ပါ ပါဝင်ခဲ့သည်၊ဖြူစင်ပြီး နူးညံ့တဲ့စရိုက်ဟာ နဉ်ရွယ်လျန့်ရဲ့typeဖြစ်တာကြောင့် သူရဲ့အင်တာတိန်းမန့်ထဲက နာမည်ကြီးသရုပ်ဆောင်တွေထက် နဉ်ရွယ်လျန့်ကို ထောက်ပံ့ပေးခဲ့သည်၊ သူကိုယ်တိုင်က ဂျင်လင်းအာကိုချစ်မိခဲ့တာကြောင့် ဂျင်လင်းအားရဲ့ရည်မှန်းချက်ဖြစ်သည့် စူပါစတားဖြစ်အောင် အမျိုးမျိူးထောက်ပံ့ပေးခဲ့ပေမယ့် နောက်ဆုံးစွန့်ပစ်ခံရပြီး ဂျင်လင်းအာကို အနိုင်ကျင့်စော်ကားတဲ့သူလိုသတ်မှတ်ခံရတာ ဒီကမ္ဘာရဲ့ဇာတ်လိုက် (1) ကျန်းထိုက်ရန်ရဲ့ ပညာပေးခြင်းကိုခံရကာ နဉ်မိသားစုရဲ့ သားအဖြစ်မှ စွန့်ပစ်ခံရတာ လမ်းဘေးရောက်ခဲ့သည်၊ဒါပေမယ့် ထက်မြက်တဲ့ နဉ်ရွယ်လျန့်ဟာမကျဆုံးသွားပေမယ့် အမှန်တရားပေါ်ပေါက်မှာကြောက်သည့် ဂျင်လင်းအာဟာ မျက်ရည်ချူကာ ဒုက္ခပေးပြန်သည်၊ ဖိအားတွေကြောင့် နောက်ဆုံး နဉ်ရွယ်လျန့်ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားတော့သည်၊ သနားစရာကောင်းတဲ့ သူရဲ့အသုဘကိုမိဘရင်းကိုယ်တိုင်ပင် မတတ်ရောက်ခဲ့ပေ

(A/N:0-Uke, 1-seme)

ဒုတိယဘဝ >>>

ဒီကမ္ဘာကို ကူးပြောင်းလာသည့် Host (0)သည် နဉ်ရွယ်လျန့် မိဘတွေမွေးစားခဲ့သည့် မွေးစားသား လီရှောင်ဟိုင်ဖြစ်သည်၊ လီရှောင်ဟိုင်ကတော့ ပထမတန်းစားအနုပညာရှင်လည်း ဖြစ်သည်၊ သူသည်လည်း ဂျင်လင်းအာရဲ့ အကြံတိုင်း နဉ်ရွယ်လျန့်ရဲ့ဆက်ခံသူနေရာကို မက်မောတာကြောင့် ဂျင်လင်းအာနဲ့ပူပေါင်းရင်း နဉ်ရွယ်လျန့်ကိုတိုက်ခိုက်ရာမှ ဂျင်လင်းအာရဲ့ချောက်တိုးမှုကို ခံခဲ့ရသူဖြစ်သည်၊ လီရှောင်ဟိုင်ရဲ့ဆန္ဒက ဂျင်လင်းအာရဲ့ကျော်ကြားမှုတွေကို ရယူရန်နှင့် နဉ်မိသားစုရဲ့ဆက်ခံသူဖြစ်ရန်သည့်၊ ထိုHostဝင်လာတဲ့အချိန်မှာ ဂျင်လင်းအာနဲ့ လီရှောင်ဟိုင် စတင်ပူပေါင်းကာ နဉ်ရွယ်လျန့်ကို ကလဲ့စားချေနေပြီဖြစ်သည်၊အရင်ဘဝအတိုင်း လီရှောင်ဟိုင်က သက်သေအချို့ကိုချန်ကာ ဂျင်လင်းအာနဲ့အတူ နဉ်ရွယ်လျန့်ကို သတ်ဖြတ်နိုင်ခဲ့သည်၊ ဒါပေမယ့် အရင်ဘဝကလို ဂျင်လင်းအာရဲ့နောက်ကွယ်တွေ ဇာတ်လိုက် ကျန်းထိုက်ရန်လည်း မရှိတော့တာကြောင့် လီရှောင်ဟိုင်ကြံစည်လိုက်သည့် ထောင်ချောက်ကို အကြိမ်ကြိမ်မိကာ ယောကျာ်းတကာရဲ့အောက်တွင် ပြည့်တန်ဆာလိုခံရသည့် နာမည်ပျက်စာရင်းဝင်သည့် အနုပညာရှင်ဖြစ်လာပြီး နောက်ဆုံး စိတ်ဓာတ်ကျတာ ကိုယ့်ကိုယ်ကို သတ်သေသွားတော့သည်၊ လီရှောင်ဟိုင်ကတော့ စူပါစတားလည်းဖြစ် နဉ်မိသားစုရဲ့ဆက်ခံသူလည်းဖြစ်လာပြီး ကျန်းထိုက်ရန် နဲ့ ဒီကမ္ဘာရဲ့ဒုတိယဇာတ်လိုက် လုဖေးရန်ရဲ့ ချစ်သူဖြစ်လာကာ ပျော်ရွှင်စွာ နေထိုင်သွားတော့သည်....

Wait??? လင် နှစ်ယောက်တာလား????
[Fox: အဲ့Hostက တဏှာစိတ်အရမ်းကြီးတယ် ဒါတောင် သူရဲ့အငယ်အနှောင်းတွေမပါသေးဘူး၊နဉ်ရွယ်လျန့်တောင် သူကချောင်းခဲ့သေးတယ်၊ ဂျင်လင်းအာကို သည်းသည်းလှုပ်ချစ်နေတဲ့သူဖြစ်လို့ သူမရလဲ ပျက်စီးသွားတာအကောင်းဆုံးဆိုပြီး လုပ်လိုက်တာလေ]

...သြော်... အခု ယွမ်နဉ်ချင့်ဝင်လာတဲ့အချိန်က ဟိုနှစ်ယောက် သူကိုစတင်ကြံစည်နေတဲ့အချိန်ဖြစ်သည်၊ အမှန်တော့ ဒီခန္ဓာကိုယ်ပိုင်ရှင်က အရမ်းသနားဖို့ကောင်းသည်၊သူက သားအကြီးဆုံးသာ ဖြစ်တာ မွေးစားသားလောက်ပင် အချစ်မခံရပေ၊ ဒါကြောင် မွေးစားသားကသရုပ်ဆောင်လောကထဲဝင်သွားတာကြောင့် သူမိဘတွေရဲ့ကန့်ကွက်မှုကြောင့် သူရဲ့မူလရည်မှန်းချက်ဖြစ်သည့် အနုပညာရှင်ဘဝကို ရပ်တန့်ကာ လီရှောင်ဟိုင်ကို ထောက်ပံ့ဖို့အတွက် နဉ်မိသားစုက အရင်းနှီးထုတ်ပေးထားသည့် နဉ်အင်တာတိန်းမန့်ကို ဦးစီးနေရခြင်းဖြစ်သည်၊...တော်တော်ကောင်းတဲ့မိဘတွေ!! နဉ်ရွယ်လျန့်က တကယ်ပါရမီပါတဲ့သူတစ်ယောက်၊သူက အနုပညာလောကရဲ့နတ်ဘုရားတဆူဖြစ်လာဖို့သင့်တော်တဲ့လူမျိုး... သူ အသက်၁၅နှစ်က ဝင်သရုပ်ဆောင်ခဲ့သည့် 'ငါတို့ကျောင်းသားဘဝ'ဆိုတဲ့ ရုပ်ရှင်တွေ ပရိတ်သတ်တွေရဲ့ အားပေးအားမြှောက်မှုကို အများဆုံးရရှိခဲ့ပြီး နာမည်ကြီးသရုပ်ဆောင်အချို့နဲ့ဒါရိုက်တာအချို့ပင် အနာဂတ်ရဲ့ကြယ်ပွင့်လို့တင်စားခေါ်ဝေါ်ခဲ့သေးသည်၊ဒါပေမယ့် သူညီလီရှောင်ဟိုင် ဝင်လာတဲ့အချိန်မှာ သူမိဘတွေဟာ ၁၈နှစ်အရွယ်နဉ်ရွယ်လျန့်လေးကို အမျိုးမျိုးခြိမ်းခြောက်ကာ ထိုလောကမှထွက်ရန်ဖိအားပေးခဲ့သည်၊

အခု ငါးနှစ်ကြာခဲ့ပြီ ၊ဒါပေမယ့် အွန်လိုင်းရှိသူရဲ့အနုပညာအကောင့်လေးတွေတော့ အမာခံပရိတ်သတ် ၁သောင်းကျော်ရှိနေသေးသည်၊သူတို့ဟာ ပြန်လည်ထွန်းပေါက်လာမည့် သူတို့ရဲ့ရွယ်လျန့်ကို စောင့်မျှော်နေကျတုန်းပေ၊ "လီရှောင်ဟိုင်နဲ့ ဂျင်လင်းအာ... ငါတို့ အနုပညာလောကမှ ထပ်ဆုံကျတာပေါ့" ညှို့အားပြင်းပြီး သြရှပြီး အေးစက်တဲ့ အသံလေးဟာ အခန်းတခုလုံးပျံ့နှံ့သွားကာ ဘေးနားရှိ Foxပင် အမွှေးများထောင်ကုန်သည်၊

သူဟာ ထလိုက်ပြီး ဒီခန္ဓာကိုယ်ရဲ့မှတ်ဉာဏ်အတိုင်း ရေချိုးခန်းထဲဝင်လာပြီး တကိုယ်လုံးစာမြင်ရသည့် ြက်ီးမားသည့်မှန်ကြီးရယ် ပန်းပွင့်တွင်နဲ့အလှဆင်ထားသည့် ၁၂ပေ လောက်ကျယ်သည့် ရေချိူးကန်ကိုကြည့်ရင်း... အကျေနပ်ကြီးကျေနပ်နေသည်၊ အရင်ကမ္ဘာတွေထက်ဆာရင် ဒီလူက သန့်ရှင်းသပ်ရပ်သားပဲ...၁၀မှတ်.... ၁၀မှတ်

မှန်ထဲကို ကြည့်လိုက်တော့ ၂၃နှစ်အရွယ်လောက်ရှိသည့် ဆံပင်ရောင်စုံ ဆေးဆိုးထားပြီး ကလေးဆန်စွာဝတ်ဆင်ထားသည့် လူငယ်ကိုတွေ့လိုက်တော့ ယွမ်နဉ်ချင့်မျက်နှာကြီး ဆူပုပ်သွားကာ...

"%$&#$#%#&$" ဟုတ်ပါသည် လူကြားလို့မကောင်းတဲ့အထိ ပိုးစိုးပက်စက် ဆဲသွားတော့သည်၊ ဇာတ်လိုက်မ ဂျင်လင်းအာကြောင့် သူရဲ့စရိုက်တွေနဲ့မတူညီသည့် ကလေးဆန်တဲ့ပုံစံမျိုးဝတ်ဆင်တတ်သည့် သနားစရာနဉ်ရွယ်လျန့်..။ ဒါကြောင့် စိတ်ပျက်စွာအဝတ်အစားများကို ချွတ်လိုက်ပေမယ့် ပေါ်လာသည့် ခန္ဓာကိုယ်ကြောင့် ခုနက အတင်းပြောခဲ့သမျှ၊ဆဲသမျှကို မေ့လိုက်သွားပြီး
"သောက်ရမ်းမိုက်တယ်"

ပွယောင်းယောင်းအင်္ကျီလက်ရှည်ကြောင့် ကလေးဆန်နေတယ် ထင်ရပေမယ့် ထိုအဝတ်အစားများအောက်တွင် ဒီလိုယောကျာ်းဆန်တဲ့ခန္ဓာကိုယ်ရှိခဲ့မည်မထင်ခဲ့ပေ၊..ထင်ရှားပြီးယောကျာ်းဆန်တဲ့လည်စေ့၊ ကျယ်ပြန့်တဲ့ ရင်အုပ်ကျယ်ကျယ်၊ ရေလှိုင်းလို အမြောင်းမြောင်းထနေတဲ့ ဝမ်းဗိုက်ကြွက်သားများ...ချက်ထိရောက်ကာထင်ရှားနေပြီး Sexyအရမ်းကျတဲ့V line(mermaid line) သေသပ်လှပတဲ့ သက်ရှိပန်းပုလိုပဲ ....ဒါတွေ အားလုံးဟာ လုံးဝပြည့်စုံသည်!!! ဒါမှ တကယ့်ယောကျာ်းခန္ဓာကိုယ်!!! သူအရင် ဘဝက ခန္ဓာကိုယ်တောင် ဒီလောက်မပြီးပြည့်စုံဘူး!

နဉ်ရွယ်လျန့် တစ်ယောက် ရေချိုးထဲမှာ ပျော်ရွှင်စွာ သီချင်းလေးညည်းညူနေကာ... တခုခုကို သတိရသွားသလို သူရဲ့ဖုန်းကို ယူပြီး မျက်နှာကိုဖုံးကွယ်ထားပြီး သူရဲ့အဝတ်ဗလာနဲ့အပေါ်ပိုင်းပုံစံကို ရိုက်တင်လိုက်တော့သည်၊ထိုနောက် ဖုန်းချပြီး ဇိမ်နဲ့ရေစိမ်ကာနေတော့သည်၊ သူ မထင်ခဲ့တာက သူရဲ့ အကောင့်ထဲက ပရိတ်သတ်များဟာ လှပသေသပ်တဲ့ ကျောက်စိမ်း သက်ရှိပန်းပုကြောင့် အရူးအမူးဖြစ်ကုန်တာ

[ငါတို့ရဲ့ နတ်ဘုရားလေး ပြန်လာပြီ! ! ! ဒီရဲ့ခန္ဓာကိုယ်က အခုတော့ ကလေးလေးကနေ ယောကျာ်းဆန်တဲ့သူလေးဖြစ်လာပြီး!! အား...အား...နတ်ဘုရားလေး ရွယ်လျန့်!]

[မရတော့ဘူး မျက်နှာလေး မပါပေမဲ့၊ အခုပုံလေးနဲ့တောင် ကျွန်မအသည်းလေးတွေ တပွပွကြွေနေပြီ!! တစ်ယောက်ယောက် ဆေးရုံကားခေါ်ပေးကျပါ]
ထိုလို နဲ့ အရင်ငါးနှစ်ကကျော်ကြားခဲ့သည့် ကလေးသရုပ်ဆောင် နဉ်ရွယ်လျန့်ကို လူအများကပြန်သတိထားမိလာတော့သည်၊

ဂျင်လင်းအာနဲ့ လီရှောင်ဟိုင်ဟာလည်း ထိုပုံကို မြင်ပြီး ဂျင်လင်းအာဟာမကျေမနပ်မျက်မှောင်ကြုတ်လာပြီး

"စိတ်ပျက်ဖို့ကောင်းလိုက်တာ"

လီရှောင်ဟိုင်ကတော့ ဘာမှမပြောပဲ သူပုံစံဟာလည်း ဂျင်လင်းအာလိုပင် သိပ်မကြည်တဲ့ပုံစံဖြစ်သည်၊
----------------------

Continue Reading

You'll Also Like

254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
321K 25.6K 87
နာမည်ကြီး Actor တယောက်ဖြစ်တဲ့ Xia TingWan(ရှထင်ဝမ်) ဟာ Accident တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ ကြယ်တစ်ပွင့်လို ကျော်ကြားနေရာကနေ ဝေဖန်ကဲ့ရဲ့တာတွေ ခံခဲ့ရပါ...
532K 35.1K 136
Author -Elizabeth chi Type-System လင်းလျောင်တစ်ယောက်ယောက်ျားမယူချင်လို့ထွက်ပြေးရင်း Systemနဲ့ချိတ်မိပြီးဘယ်လိုတွေကမောက်ကမဖြစ်ကြမလဲ oocဖြစ်နေတဲ့world...
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd