ဝူရုန်က အလွန့်အလွန်ကို ကိုးယိုးကားယားနိုင်တယ်လို့ခံစားတယ်။သူကရူးနေလို့ ဟေးရွမ်ရီရဲ့မျက်နှာကို သွားကိုင်လိုက်တာဘဲ။သူကတကယ်ကိုရူးနေတာဘဲ။
ဝူရုန်က ဟေးရွမ်ရီက သူ့ကိုအပြစ်တင်မလားဆိုတာအချိန်အတော်ကြာစောင့်နေပေမဲ့ ဟေးရွမ်ရီက ဘာမှမပြောလာပါဘူး။ဝူရုန်ကဟေးရွမ်ရီက ဒီအသားမျက်နှာဖုံးတုကိုဘာကြောင့် သပ်ထားလဲဆိုတာ သိချင်ပါတယ်။သူကသူ့ရန်သူတွေက သူ့ကိုမှတ်မိသွားမှာ ကြောက်လို့လား?ဒါမှ မဟုတ်သူကသူ့ရဲ့ဆွဲဆောင်မှုကြောင့် လူတွေစိုက်ကြည့်မှာကိုမလိုချင်လို့လား?ဒါမမဟုတ်သူက ပြောလို့မရတဲ့အကြောင်းပြချက်တွေရှိလို့လား?
ဝူရုန်က ဒီမေးခွန်းတွေကိုတွေးရင်းနဲ့ဘဲ အိပ်ပျော်သွားတယ်။
မနက်ငါးနာရီလောက်မှာ ဟေးရွမ်ရီကနိုးလာပြီးသူကတိတ်ဆိတ်စွာ အိပ်ရာထလိုက်၍ အဝတ်စားဝတ်နေတယ်။
ဝူရုန်ကလည်း နိုးလာပြီးအိပ်ရာထလိုက်ပြီး"ဘယ်အချိန်ရှိပြီလဲ?"
"ငါးနာရီလောက်"ဟေးရွမ်ရီကအဝတ်စားဝတ်နေရင်းပြန်ဖြေလိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီထွက်သွားတော့ တစ်ရေးပြန်အိပ်လိုက်ပြီး နောက်မှ အိပ်ရာထလိုက်တယ်။ဝူရုန်ကရှိယန်ကိုခေါ်၍ကူညီစေပြီးအဝတ်စားဝတ်မျက်နှာသစ်လိုက်တယ်။ဝူရုန်က ဟေးရွမ်ရီနှင့်အတူမနက်စာစားဖို့ခန်းမထဲကိုလျှောက်လာခဲ့တယ်။
ဝူရုန်က ခန်းမထဲကိုရောက်လာသည့်အခါ နူမူသည်လည်း စားပွဲမှာ ထိုင်နေတာကိုတွေ့လိုက်ရတယ်။နူမူက စုန်းတွေဝတ်ဆင်သည့် ထူထဲသည့် အဝတ်တွေကို ဝတ်ဆင်ထားတယ်။ကြည့်ရတာ ဒီဝတ်စုံက ကောင်းမွန်သည့်ပိုးချည်ကိုရက်လုပ်ထားတာဖြစ်တယ်။သူက သားရိုင်းပုံတွေပါသည့် ငွေသရဖူကိုဝတ်ဆင်ထားတယ်။သူ့ရဲ့လည်ပင်းမှာ ကြီးမားဝိုင်းစက်နေသည့် ငွေကွင်းကိုဝတ်ဆင်ထားပြီး လက်ကောက်ဝတ်မှာလည်း ငွေလက်ကောက်တွေကို ဝတ်ဆင်ထားတယ်။သူကမျက်နှာခြယ်တွေကို လည်းလိမ်းထားပြီး သူ့ကိုကြည့်ရတာအခန်းအနားတက်ရောက်မယ့်ပုံ ဖြစ်နေတယ်။ဒါကြောင့် ဝူရုန်က အံ့အားသင့်သွားပြီးစိတ်ရှုပ်သွားတယ်။
"ဆရာသခင် ဘာလို့ဒီလိုအခန်းအနားဝတ်စုံကို ဝတ်ထားတာလဲ?"
"တဘက်ခါဆိုရင် ဆောင်းရာသီပွဲတော်ရောက်ပြီလေ။မင်းတို့ရဲ့ရိုးရာနဲ့အတူတူဘဲ။ရိုးရာတင်ဖို့ဘဲလိုအပ်တယ်။ဒါပေမဲ့ငါက မင်းနဲ့အတူတူ မင်းတို့ရိုးရာပွဲနှင့် ငါတို့ရဲ့ပွဲကိုအတူ မကုန်ဆုံးချင်ဘူး။ဒါကြောင့် ငါကနှစ်ရက်စောလုပ်ဖို့ ဆုံးဖြတ်လိုက်တာ"နူမူကပြုံးပြီးပြောလိုက်တယ်။
"ဒါဆိုဆရာသခင်က ဘယ်နေရာမှာရိုးရာတင်မှာလဲ?"
"ခြံဝင်းထဲမှာဘဲ ယစ်စင်လုပ်လိုက်ရင်ရပြီ။ နောက်ကျရင် မင်းမြင်ရလိမ့်မယ်။အခုကတော့ ဟေးရှင်း ငါချက်ထားတဲ့မနက်စာသွားယူခဲ့"
ဟေးရှင်းက ထူးဆန်းသည့်မျက်နှာနှင့် ထွက်သွားလိုက်တယ်။။မကြာခင်မှာဘဲ ဟေးရှင်းနှင့် အခြားအစေခံတွေကအစားအစာထည့်ထားတဲ့ သေတ္တာတွေကို ကိုင်ဆောင်၍ပြန်လာခဲ့ကြတယ်။သူတို့က စားပွဲပေါ်မှာ သေတ္တာတွေကိုတင်လိုက်ကြတယ်။
ဝူရုန်က သေတ္တာထဲမှာ အမျိုးအစားစုံလင်လှသည့် ကပ်ပါးကောင်တွေကို မြင်လိုက်ရတာကြောင့် သူ့မျက်လုံးတွေက ပျူးကျယ်သွားပြီး"ဒါဆရာသခင် လုပ်ထားတဲ့မနက်စာလား?"
ဟေးရွမ်ရီကလည်း ကပ်ပါးကောင်တွေရဲ့ ဗသးငယ်သည့်ခြေထောက်တွေက လှုပ်ရှားနေတာကို ကြည့်ပြီး သူ့မျက်လုံးတွေက ပျူးကျယ်သွားတယ်။
"ငါတို့ဆောင်းရာသီပွဲတော်မှာ ကပ်ပါးကောင်တွေကိုစားကြတယ်"နူမူကရှင်းပြလိုက်တယ်။
သူတို့က ဒါကိုစားရမယ်လို့တော့ မပြောနဲ့နော်။
နူမူက ဝူရုန်ရဲ့စိတ်ကိုဖတ်မိတာကြောင့် ပြောလိုက်တယ်"ရုန်အာ မင်းရဲ့ခန္ဓာကိုယ်ထဲမှာပြုစားကပ်ပါးကောင်တွေရှိတယ်။ဒါကြောင့် မင်းက မစားသင့်ဘူး"
"အိုး တကယ်လား?ဘယ်လောက်ရှက်စရာကောင်းလဲ။ရွမ်ရီကျွန်တော်ရဲ့ဝေစုကို ခင်ဗျားကိုဘဲပေးလိုက်တော့မယ်"ဝူရုန်ကဟေးရွမ်ရီကို စိုက်ကြည့်ပြီး ပျော်ရွှင်စွာပြောလိုက်တယ်။
"...."ဟေးရွမ်ရီ
ကိုယ်က မင်းရဲ့မျက်နှာမှာ ဘာလို့ရှက်စရာကောင်းတယ်ဆိုတာကိုမမြင်ရတာလဲ?
"ကျွန်တော်ပြောပြမယ်။ဒီကပ်ပါးကောင်တွေက ကျန်းမာရေးအတွက်ကောင်းတယ်။ရွမ်ရီ ခင်ဗျားကပိန်လွန်းတယ်။ခင်ဗျားရဲ့ခါးက ကျွန်တော်ရဲ့တဝက်လောက်တောင်မရှိဘူး။ခင်ဗျားက ပိုပြီး စားသင့်တယ်"ဝူရုန်ကဇွန်းကို ယူ၍ နှံကောင်ကျော် တစ်ဇွန်းအပြည့်ကို ဟေးရွမ်ရီအတွက် ထည့်ပေးလိုက်ရင်း ဆက်ပြောလိုက်တယ်"စားကြည့်လိုက်။တကယ်လို့ ခင်ဗျားအခုမကုန်ဘူးဆိုရင် ညစာအတွက်လည်း စားလို့ရတယ်"
"..."ဟေးရွမ်ရီ
နူမူကခေါင်းငြိမ့်လိုက်ပြီး"ဒီကပ်ပါးတွေက ကြည့်လို့မကောင်းပေမဲ့ အရသာရှိတယ်။သား မင်းစားကြည့်လိုက်ရင် ကြိုက်သွားမယ်ဆိုတာ သေချာတယ်"
ဟေးရွမ်ရီသည် တွန့်လိမ်နေသည့် ကပ်ပါးကောင်တွေကို နူမူ က ဘယ်လိုဘဲ အရသာရှိတယ်ပြောပြော စားချင်စိတ်မရှိပါဘူး။ဒါပေမဲ့ သူတစ်လုံးမှမပြောရသေးခင်မှာဘဲ လူနှစ်ယောက်က သူ့ကို မျှော်လင့်ချက်တွေပြည့်နေတဲ့ မျက်လုံးတွေနဲ့ကြည့်နေတာကို တွေ့လိုက်ရတယ်။ဒါကြောင့်ဟေးရွမ်ရီက "ရိုးရာပွဲပြီးတဲ့အထိစောင့်ရမယ်"
ဝူရုန်က ရယ်ချင်လွန်းတာကြောင့် သူက အစေခံတွေပြင်ဆင်ပေးထားသည့် ဘိန်းမုန့်တွေကို စားလိုက်တယ်။
နူမူက သာမာန်လူတွေက ဒီလိုကပ်ပါးကောင်တွေကို မကြိုက်တာကို သိနေတာကြောင့် သူကဟေးရွမ်ရီကို ဖိအားမပေးပါဘူး။မနက်စာစားပြီးနောက် သူတို့ကခြံဝင်းထဲကို လာတဲ့အချိန်မှာတော့ ရိုးရာပွဲကစနေပြီဖြစ်တယ်။
နူမူလိုမျိုး ဝတ်ဆင်ထားတဲ့ စုန်းဆယ်ယောက်က မီးတုတ်တွေကို ကိုင်ဆောင်၍ယစ်စင်ကို ဝိုင်းပတ်နေကြတယ်။သူတို့ကယစ်စင်ကို ဝိုင်းပတ်၍ ဗုံသံနှင့်အတူ သူတို့ခါးကိုလှုပ်ပြီး ဆုတောင်းအကကို ကကြတယ်။သူတို့ကသည့်အခါ သူတို့ဝတ်ဆင်ထားသည့်ချူလုံးမှ သာယာသည့်အသံထွက်ပေါ်လာတယ်။
နူမူက ယစ်စင်ပေါ်ကိုတက်လိုက်ပြီး သူတို့နတ်ဘုရားက အသက်ရှင်နေသလိုမျိုး စုန်းတွေရဲ့ဘာသာစကားနဲ့ တတွတ်တွတ်ရွတ်ဆိုပြီး ဆုတောင်းသံက ဗုံသံနှင့်အတူထွက်ပေါ်လာတယ်။
ဝူရုန်နှင့် ဟေးရွမ်ရီကခန်းမရှေ့မှာရပ်၍ ရိုးရာပွဲကို ကြည့်နေကြတာဖြစ်တယ်။
အရင်ဘဝထဲက ဝူရုန်သည် နူမူက စုန်းဆိုတာကိုသိပေမဲ့ သူက ဒီလိုမျိုးရိုးရာပွဲကိုမြင်ဖို့ အခွင့်ရေးမရခဲ့ဘူး။
"ဒီအချိန်က ဝူမိသားစုရိုးရာပွဲမှာဆိုရင် နတ်ဘုရားတွေတည်ရှိကြောင်းပြမဲ့အချိန်ဘဲ။စုန်းတွေရဲ့ရိုးရာပွဲမှာ ဘာဖြစ်မလဲမသိဘူးနော်"ဝူရုန်ကအသံတိုးတိုးနဲဟေးရွမ်ရီကိုပြောလိုက်တယ်။
"ပတ်ဝန်းကျင်မှာရှိတဲ့ ကပ်ပါးကောင်တွေ အားလုံးရောက်လာလိမ့်မယ်"ဟေးရွမ်ရီက ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးပြောလိုက်တယ်။
"အား"ဝူရုန်က ဒါကိုကြားတော့ မူးလဲတော့မလို ခံစားရတယ်။သူက ကပ်ပါးကောင်တွေက အစုလိုက်အပြုံလိုက်ထွက်ပေါ်လာပြီး အားလုံးက ယစ်စင်စီကို ဦးတည်ပြီးသွားနေကို တွေ့လိုက်ရတယ်။အချို့ကပ်ပါးတွေဆိုရင် သူ့ခြေထောက်ပေါ်ကို ဖြတ်သန်းသွားတာကြောင့် ဝူရုန်ကြက်သီးထလာတယ်။တကယ်လို့ သူ့ခန္ဓာကိုယ်ကမကြီးဘူးဆိုရင် ဝူရုန်ကတစ်ယောက်ယောက်ပေါ်ကို ခုန်တက်ပြီး သူ့ခြေထောက်ပေါ်က ကပ်ပါးတွေကို ရှောင်ရှားမှာဖြစ်တယ်။
ဟေးအိမ်တော်အပြင်ဘက်မှာလည်း လူတွေ၏ စူးစူးဝါးဝါး အော်သံတွေထွက်ပေါ်လာတယ်။သူတို့က ကြောက်စရာကောင်းတာကို မြင်ရသလိုမျိုးအော်ဟစ်နေကြတယ်။
မကြာခင်မှာဘဲ ဝူမိသားစုမှ မြို့တွင်းလုံခြုံးရေးကို တာဝန်ယူထားတဲ့အရာရှိတွေက ရောက်လာပြီးမေးမြန်းတယ်။သူတို့ကလည်း ရိုးရာပွဲကျင်းပနေတာဖြစ်ပြီး နူမူကမြို့ထဲမှာရှိသည့်ကပ်ပါးကောင်တွေကိုစု စည်းလိုက်တာဖြစ်ကြောင်းပြော
လိုက်တယ်။ဒါကြောင့်သူတို့က ဘာမှမပြောတော့ဘဲထွက်သွားကြတယ်။
ဒါပေမဲ့ သူတို့မထွက်သွားခင်မှာ သတိပေးသွားတယ်"တဘက်ခါဆိုရင် ဆောင်းရာသီပွဲတော်ရောက်ပြီ။ငါတို့ဝူမိသားစုက ရိုးရာပွဲကျင်းပလိမ့်မယ်။ဒီနေ့လို ညစ်ပတ်တာမျိုးမလုပ်နဲ့"
-------------------------------
------------------==--=------------------=---
****************
(2200)23/8/