ဝူချွင်ချင်က သူ့ညီအကိုတွေကသူ့ကိုဆန့်ကျင်ဖို့ဘယ်လိုလုပ်ထားတယ်ဆိုတာသိဖို့သူ့မှာသဲလွန်စမရှိပါဘူး။ဒါကြောင့်သူက စိုးရိမ်နေတယ်"ရုန်အာ မင်းပြောတာကမင်းကမင်းဦးလေးတွေရဲ့ပစ္စည်းတွေနဲ့မှော်လက်နက်တွေလုပ်မယ်။ဒါပေမဲ့အဖေတို့မှာအဲဒီပစ္စည်းတွေနဲ့လက်ဖက်ညီတဲ့ပစ္စည်းတွေမရှိရင် မှော်လက်နက်တွေကိုလုပ်နိုင်မှာမဟုတ်ဘူး"
သူ့အဖေနဲ့သူ့ညီအကိုတွေဟာသူတို့ရဲ့အစီအစဉ်ကျရှုံးသွားတာကြောင့်ဒေါသထွက်နေလောက်ပါပြီ။ဒါပေမဲ့အခုသူက မှော်လက်နက်တွေလုပ်ဖို့ကို ပိုပြီးစိုးရိမ်ပါတယ်။မှော်လက်နက်တစ်ခုလုပ်မယ်ဆိုရင် မတူညီသည့်အမျိုးအစားပစ္စည်းတွေကို လိုအပ်ပြီး မတူညီသည့်ပစ္စည်းတွေက အခြေခံချင်းတူရမယ့်အပြင် တစ်ခုနှင့်တစ်ခုလိုက်ဖက်ညီမှုရှိရပ့ါမယ်။ဒါကြောင့် သူတို့က သူ့ညီအကိုတွေစီက ပစ္စည်းတွေကို ရရင်တောင် သူတို့မှာ အခြားလိုက်ဖက်ညီတဲ့ပစ္စည်းတွေမရှိရင် မှော်လက်နက်တွေကို လုပ်နိုင်မှာ မဟုတ်ဘူး။
"အဖေ ကျွန်တော်က ကျွန်တော်လုပ်နေတာကို ကျွန်တော်သိပါတယ်"ဝူရုန်ကသူ့အဖေကိုနှစ်သိမ့်လိုက်တယ်။
ဝူရုန်က ပြန်လည်မွေးဖွားလာသူဖြစ်တယ်။ဒါကြောင့်အရင်ဘဝတုန်းက ဝူချွင်ဂျင်တို့က ဒီပစ္စည်းတွေကို ဘယ်လိုနည်းလမ်းတွေသုံးပြီး မှော်လက်နက်တွေလုပ်ခဲ့တယ်ဆိုတာသူကမှတ်မိနေပါတယ်။ဒါ့အပြင် ဟေးရွမ်ရီရဲ့ပစ္စည်းတွေက သာလွန်ကောင်းမွန်ပြီးပစ္စည်းအမျိုးအစားတွေကတစ်ခုနှင့်တစ်ခုလိုက်လျောညီထွေဖြစ်ပါတယ်။ဒါကြောင့်ဘာပြသနာမှမရှိပါဘူး။
ဝူချွင်ချင်က သူ့သားကဒီနေ့မှာကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေတာကို တွေ့ရတာကြောင့် ကောင်းမွန်သည့်ခံစားချက်ကိုရရှိစေတယ်။
သူ့သားငယ်က ခန်းမထဲမှာ သူ့အဘိုးကို အယုံသွင်းပြီးသူ့ညီအကိုတွေရဲ့ပစ္စည်းတွေကိုရအောင်ကြိုးစားခဲ့တာကိုသူမြင်ခဲ့ရပါတယ်။ဒီနေ့မှာသူသားကအတော်လည်းကွာခြားနေတယ်လို့ခံစားရတယ်။သူ့သားငယ်ဟာ လက်ထပ်လိုက်ကတည်းက အတော်လေးပြောင်းလဲလာတယ်။သူတို့ရှေ့မှာလည်းအရင်လို အားမနည်းတော့ဘူး။ဒါကတကယ်ကိုကောင်းတဲ့ပြောင်းလဲမှုဖြစ်တယ်။သူသားကပြသနာတွေကို မကြောက်ရွံ့တော့ဘဲရင်ဆိုင်ရဲလာတယ်။သူ့သားကအရွယ်ရောက်လာပြီးကြီးပြင်းလာတာကြောင့် သူတို့ကနေ့တိုင်း သူ့သားကိုစိုးရိမ်ဖို့မလိုတော့ပါဘူး။
"ကောင်းပြီလေ။အဖေ မင်းပြန်တဲ့အခါပစ္စည်းတွေကိုထည့်ပေးလိုက်မယ်။သားကရော ဘယ်လိုထင်လဲ?"
"အဖေစိတ်ချပါ။ကျွန်တော်က မှော်လက်နက်တွေလုပ်ပြီးမှ ပြန်ယူလာခဲ့မယ်"
ဝူချွင်ချင်သည်ဝူရုန်ရဲ့အဖြေကိုကြားမှစိတ်ချသွားတယ်။သူက ရှိယန်နဲ့အခြားလူတွေကိုကြည့်လိုက်ပြီး ဝူရုန်ကိုအသံတိုးတိုးနဲ့ ပြောလိုက်တယ်"ရုန်အာ အဖေသူတို့ပြောတာကြားတာတော့ ဟေးအိမ်တော်မှာသားအနိုင်ကျင့်ခံရတယ်ဆို။ဒါကအမှန်ဘဲလား?"
"အင်း"ဝူရုန်ကဝူတနှင့်ဝူရှောင်တို့လုပ်ခဲ့သည့် အရာရာတိုင်းကိုဝူချွင်ချင်ကိုပြောပြလိုက်တယ်။
ဝူချွင်ချင်သည်ဒေါသတကြီးနဲ့"ဒီကျေးဇူးကန်းတဲ့ကြွက်နှစ်ကောင်တော့!ဘယ်လိုလုပ်ပြီးသူတို့ကမင်းရဲ့ကြင်နာမှုကိုဒီလိုတုံ့ပြန်ရတာလဲ?ရုန်အာ မင်းက သူတို့ကို လွယ်လွယ်နဲ့အလွတ်မပေးနဲ့"
ဝူရုန်က ဝူညီအကိုအတွက် အစီအစဉ်ဆွဲထားပြီးဖြစ်တာဆိုတာ မပြောချင်တာကြောင့် စကားလမ်းကြောင်းလွှဲလိုက်ပြီး"အဖေ ခန်းမထဲမှာဖြစ်ခဲ့တာကိုဘယ်လိုထင်လဲ?"
ဝူချွင်ချင်၏မျက်နှာက သုန်မှုန်သွားပြီးသူကရှေ့ကိုသာ ငေးကြည့်နေမိတယ်။
သူရဲ့ညီအကိုတွေက မှော်လက်နက်တွေကိုပြန်မပေးချင်တည်းက သူတို့ရဲ့သူ့အပေါ်ထားသည့်သဘောထားကပြောင်းလဲသွားခဲ့တယ်။ဒီအချိန်မတိုင်ခင်ကတည်းက သူတို့က သူနဲ့ဘယ်တော့ကမှမရင်းနှီးခဲ့ဘူး။သူတို့က သူ့ကိုခွဲခြားမှန်းသိသာတယ်။
တကယ်လို့ သူရဲ့ညီအကိုတွေက.သူက စွမ်းအားတွေ ဆုံးရှုံးခဲ့ပြီးသူတို့ကို ဝန်ထုတ်ဝန်ပိုးဖြစ်စေလို့ သူ့ကိုမကြိုက်တာဆိုရင်သူအံ့သြမှာမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ရဲ့ သူ့အပေါ်ထားသည့် သဘောထားတွေက ရုတ်တရက်ပြောင်းလဲသွားခဲ့တယ်။ဒါကဘဲ သူ့ကိုအသိဝင်စေတယ်။ဒါကြောင့်သူရဲ့ညီအကိုတွေက သူ့ကိုလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက မကြိုက်ခဲ့ဘဲ ဒီနှစ်တွေမှာသူတို့က သူ့ရှေ့မှာ ဟန်ဆောင်နေခဲ့တယ်လို့ သူကသံသယဝင်လာတယ်။
ဝူချွင်ချင်က ရုတ်တရက် ဝမ်းနည်းလာသလို့ခံစားရတယ်။ဝူချွင်ချင်ကို သူ့အဘိုးက အမွေဆက်ခံသူအဖြစ်လေ့ကျင့်ပေးကတည်းက သူ့အဖေက သူ့နေရာကိုခိုးယူသွားတယ်လို့ထင်နေခဲ့ပြီး ဝူချွင်ချင်အပေါ်ထားသည့် သူ့အဖေရဲ့သဘောထားကပြောင်းလဲသွားခဲ့တယ်။
အဖေရင်းက ဒီလိုဆက်ဆံခံရတာက ဝူချွင်ချင်ကိုနာကျင်စေတယ်။ဝူချွင်ချင်က သူ့အဖေရဲ့ အမွေဆက်ခံခွင့်တွေနှင့်အခြားအရာတွေအားလုံးကိုမလိုချင်ခဲ့ဘူး။ဒါပေမဲ့သူ့အဖေကကောလဟာလတွေကြောင့် သူ့ကိုရန်သူလိုဆက်ဆံခဲ့တယ်။သူ့ညီအကိုတွေကလည်း သူ့ကိုခွဲခြားဆက်ဆံခဲ့တယ်။ဒါကရက်စက်လှတဲ့ခါးသီးသည့်အမှန်တရားသာဖြစ်တယ်။
ဝူချွင်ချင်သည် သူ့ညီအကိုတွေက နည်းလမ်းမျိုးစုံနဲ့ သူ့ရဲ့ပစ္စည်းတွေကိုငှားခဲ့ပြီး ပြန်မပေးချင်တာကိုတွေးမိပြီးသူ့နှလုံးသားကနှစ်မြှုပ်သွားတယ်။သူ့မိသားစုနှင့်သူက သူ့ညီအကိုတွနဲ့ဆန့်ကျင်ဘက်မှာရှိနေပြီး သူတို့က သူ့ကိုရန်သူတစ်ယောက်လို တွေးနေခဲ့ဖြစ်တယ်။
ဝူရုန်က သူ့အဖေရဲ့မျက်နှာအမူအရာမှာ ဘာမှမဖော်ပြပေမသူက သူ့အဖေက သူ့ညီအကိုတွေရဲ့တကယ့်မျက်နှာကိုမြင်လိုက်ရတာကြောင့် ဝမ်းနည်းနေမယ်ဆိုတာသူနားလည်တယ်။ဒါကြောင့်ဝူရုန်ကသူ့အဖေရဲ့ပခုံးကိုပုတ်ပေးလိုက်ပြီးနှစ်သိမ့်ပေးလိုက်တယ်။
ဝူချွင်ချင်က သူ့သားကနှစ်သိမ့်ပေးလာတာကြောင့် သူ့ရဲ့ဝမ်းနည်းမှုက အလျှင်အမြန်ဘဲပျောက်ကွယ်သွားပြီး သူက ဝူရုန်ကို ပြုံးပြလိုက်ပြီး"ဒီနေ့မှာ အမှန်တရားကိုသိလိုက်ရတာဘဲ။ထားလိုက်ပါတော့"
သူ့အဖေနှင့် သူ့ညီအကိုတွေက သူ့ကိုတစ်ယောက်ထဲထားလိုက်ကတည်းက သူကအခုဆိုရင် သူ့ဇနီးနဲ့သူ့ကလေးတွေကိုသာ ဂရုစိုက်ပေးဖို့လိုတယ်။သူတို့တွေ သူ့စီက ငှားထား တဲ့ မှော်လက်နက်တွေကတော့သူ့ရဲ့နှုတ်ဆက်လက်ဆောင်လို့သာထားပါတော့။
ဝူရုန်တို့ သားအဖက စူကွင်းခြံဝင်းကိုပြန်ရောက်တော့ ဝူရုန်ကသူ့ဦးလေးတွေက ပစ္စည်းတွေပို့ထားတာကိုတွေ့လိုက်ရတယ်။
ဝူချွင်ချင်သည် ဝူရုန်ကိုပစ္စည်းတွေ ရွေးဖို့ကုန်လှောင်ရုံကိုဖွင့်လိုက်ပြီး ဝူရုန်ကိုမှော်လက်နက်တွေလုပ်ဖို့သင့်လျော်သည့်ပစ္စည်းတွေရွေးဖို့ပြောလိုက်တယ်။
"ကြင်ယာတော် ဒါတွေကကြင်ယာတော်ရဲ့သတိုးသမီးတင်တောင်းလက်ဆောင်တွေလား?"ရှိယူကသင့်လျော်သည့်ပစ္စည်းတွေ ရွေးနေရင်းဝူရုန်ကိုရုတ်တရက်မေးလိုက်တယ်။
"အင်း ဘာလို့လဲ?"ဝူရုန်ကရှိယူဘက်လှည့်လိုက်ရင်းပြန်မေးလိုက်တယ်။
ရှိယူက ကျောက်စိမ်းအဆင်တန်ဆာထည့်ထားသော သေတ္တာကိုကိုင်၍ဝူရုန်ကိုပြလိုက်ပြီး"ဒီကျောက်စိမ်းအဆင်တန်ဆာက ကြင်ယာတော်ပေးထားတဲ့စာရင်းထဲမှာမပါဘူး"
"သေချာရဲ့လား?"ဝူရုန်ကမျက်မှောင်ကြုတ်လိုက်တယ်။
-----------------------------
(2000)21/8