ခန်းမထဲမှာရှိသည့် လူတိုင်းရဲ့အကြည့်က ဝူရုန်ပေါ်ကို ကျရောက်လာတယ်။
ဝူချွင်ချင်က ဝူရုန်ကမှားယွင်းစွာ ပြောမိမှာကို စိုးရိမ်နေတယ်။
ဝူရုန်သူ့ကို ကြည့်နေသည့်လူတွေကို စိတ်လှုပ်ရှားစွာနှင့်ပြောလိုက်တယ်"ဒါကထူးခြားသည့်စိတ်ကူးဘဲ"
ဝူချွင်ချင်ကပိုပြီးမျက်မှောင်ကြုတ်လိုက်တယ်။
ဝူချွင်ဂျင်က ပြုံးနေပေမဲ့ သူနှလုံးသားထဲမှာတော့ ရယ်မောနေပြီး ဝူရုန်ကို အရူးတစ်ယောက်လို မြင်နေတယ်။
ဝူချွင်ဂျင်၏အခြားညီအကိုတွေကလည်း အဓိပ္ပာယ်ပါပါပြုံးနေကြတယ်။
ဝူပုဖန်၏ မျက်ခုံးတွေဟာမြင့်တက်သွားပြီး သူကပြုံး၍မေးလိုက်တယ်"ဒါဆိုမင်းကဘယ်လိုတွေးထားလဲ?"
"...."ဝူချွင်ချင်ကအလွန်ကိုစိုးရိမ်လျက်ရှိတယ်။တကယ်လို့ သူ့သားက သူ့အကိုကြီးပြောတာကို သဘောတူလိုက်ရင်ဟေးရွမ်ရီ၏ လက်ဆောင်တွေကို ငှားပေးလိုက်ရမှာဖြစ်ပြီး သူတို့က ဒီမှော်လက်နက်တွေကို ပြန်ပေးမှာမဟုတ်ဘူး။
"သေချာတာပေါ့"ဝူရုန်က သူပြောတာကိုနားမလည်လိုက်စိုးသလိုနှင့် ဆက်ပြောလိုက်တယ်"ကျွန်တော့်အဖေနဲ့ ကျွန်တော်က မှော်လက်နက်တွေလုပ်နေတာ။ ဒါပေမဲ့ အချို့ပစ္စည်းတွေက ပြသနာရှိနေတယ်။ အခုဦးလေးရဲ့စိတ်ကူးကိုကြားရတာ သတင်းကောင်းဘဲ။ဦးလေးက ကျွန်တော်တို့ကို သံမဏိမီးကိုငှားနိုင်မလား?ပြီးတော့ တခြားဦးလေးတွေကရော ကျွန်တော်တို့ကိုသလင်းကျောက်ငှက်မွှေးသံချပ်ကာ ဖြိုဖျက်ခြင်းသဲ အရိုးမီးတောက်သံတွေကို ငှားပေးနိုင်မလား?အဲဒါတွေကို ငှားပေးနိုင်မလား?ကျွန်တော့်အကိုကြီးက လေ့ကျင့်ရေးကနေ ပြန်လာတဲ့ အချိန်မှာ သူကတူညီတဲ့ ပစ္စည်းတွေကို ရှာပြီးပြန်ပေးမှာပါ"
ဒီပစ္စည်းတွေက အဖိုးထိုက်တန်သည့် ရတနာတွေဖြစ်ပြီး ညီအကိုလေးယောက်က နှစ်ပေါင်းများစွာကြာအောင် ရင်ဝယ်ပိုက်ထားတာဖြစ်တယ်။သူတို့က သူတို့ကိုယ်တိုင်မှော်လက်တွေပြုလုပ်ရင်တောင် ဒီပစ္စည်းတွေကို အသုံးပြုဖို့ လိုလိုလားလားမရှိဘူး။
ဝူချွင်ချင်က ဝူရုန်၏စကားကြောင့် ညီအကိုလေးယောက်၏ ရှက်ကိုးရှက်ကန်းဖြစ်နေသည့်ပုံကို ကြည့်ရင်း ရယ်မောလိုက်ချင်တယ်။
ဝူပုဖန်၏အပြုံးက ပျောက်ကွယ်သွားပြီး"မင်းကဘာဖြစ်လို့ ဒီပစ္စည်းတွေကိုလိုအပ်တာလဲ?"
ဝူရုန်က ရှင်းပြလိုက်တယ်"နှစ်သစ်ကူးပြီးရင်အကိုကြီးက လေ့ကျင့်ဖို့ အိမ်ကနေထွက်သွားရမယ်။ဒါပေမဲ့ သူ့မှာ သူ့ကိုယ်သူကာကွယ်ဖို့ သင့်လျော်တဲ့ မှော်လက်နက်တွေမရှိတာကြောင့် အဖေက အလွန်စိတ်ပူနေရတယ်။ဒါကြောင့် အကိုကြီးမထွက်သွားခင်မှာ အဖေက မှော်လက်နက်တစ်ချို့ကို လုပ်ပေးချင်တယ်"
ဟီးဟီး!
ဒီစိတ်ကူးက မင်းတို့စီကလာကတည်းက ငါကလည်းဒီစိတ်ကူးကို လက်တွေ့အသုံးမချရမှာလဲ?
သူတို့က ငါ့ရဲ့လက်ဆောင်တွေကို လိုချင်ရင် သူတို့မပြောခင်ထဲက ငါတို့ကပစ္စည်းတွေမလုံလောက်တာကြောင့် သူတို့စီကငှားဖို့လိုတယ်လို့ ပြောလိုက်မယ်လေ။သူတို့ကအခုဘယ်လိုပြန်ဖြေကြမလဲ?
ဝူပုဖန်က"ချွင်ချင် သူပြောတာတွေကအမှန်ဘဲလား?"
ဝူချွင်ဂျင်နှင့် တခြားညီအကိုတွေက ဝူချွင်ချင်က သူတို့က မှော်လက်နက်တွေ ပြန်မပေးသည့်အကြောင်းကို ပြောလိုက်မှာစိုးရိမ်တာကြောင့် သူတို့၏အမူအရာသည် ပြောင်းလဲသွားတယ်။အစတုန်းကတော့ သူတို့ကငှားထားသည့်မှော်လက်နက်တွေကို ပြန်ပေးဖို့စိတ်ကူးရှိပေမဲ့ သူတို့က ဒီပစ္စည်းတွေကိုအသုံးပြုပြီးနောက်မှာ ဒီပစ္စည်းတွေက အလွန်ကိုအစွမ်းထက်တာကြောင့်သူတို့က ပြန်မပေးချင်တော့ဘဲ သူတို့ကိုယ်ပိုင်အဖြစ်သိမ်းထားချင်ခဲ့တယ်။ဒါကြောင့် သူတို့ကပြန်မပေးခဲ့တာဖြစ်တယ်။အခြားအကြောင်းပြချက်တစ်ခုက ဝူချွင်ချင်၏စိတ်စွမ်းအင်သည် ဆုံးရှုံးခဲ့တာကြောင့် သူကမှော်လက်နက်တွေကို အသုံးမပြုနိုင်တော့တာကြာင့် သူတို့က ဒါတွေကိုဘာကြောင့်မသိမ်းထားရမှာလဲ?
ဒါ့အပြင် ဝူချွင်ချင်သည် အလွန်သဘောထားပြည့်ဝသူဖြစ်တယ်။ဒါ့ကြောင့် သူက သူ့ညီအကိုတွေကို ဆန့်ကျင်မှာမဟုတ်ဘူး။သူက သူရဲ့အင်အားကိုတောင် သူ၏ညီအကိုတွေနှင့်မျှဝေတတ်သူဖြစ်တယ်။ဒါကြောင့်ဝူချွင်ချင်က ဒီပစ္စည်းတွေကိုပြန်ပေးဖို့ကို အဘိုးရှေ့မှာဆိုရင်တောင် တောင်းဆိုမှာမဟုတ်ဘူး။
ဝူချွင်ချင်သည် တုံ့ဆိုင်းစွာနှင့် ခေါင်းငြိမ့်ပြလိုက်တယ်။
ဝူပုဖန်၏မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး"ငါမှတ်မိတာမမှားဘူးဆိုရင် မင်းရှာတွေ့ခဲ့သည့် ရှားပါးပစ္စည်းတွေနဲ့ မင်းကထိပ်တန်းမှော်လက်နက်တွေကို လုပ်ထားတယ်မလား?ဒါတွေက ဘယ်ရောက်သွားတာလဲ?"
ဝူချွင်ချင်က ခါးသီးစွာပြုံးလိုက်ပြီး သူ၏ညီအကိုတွေငှားသွားသည့်အကြောင်းကိုတော့ မပြောပါဘူး။
ဝူပုဖန်က ညီအကိုလေးယောက်၏ ရှက်ရွံ့စွာနှင့်သူ၏အကြည့်ကိုရှောင်ဖယ်နေတာကြောင့် သူက ဖြစ်ပျက်နေသည့်အခြေအနေကို နားလည်သွားတယ်။သူက သူ့ရှေ့မှာရှိသည့် လူတွေကို ဖိအားမပေးချင်တာကြောင့်"ရုန်အာရဲ့ ယောကျာ်းသက သတိုးသမီးတင်တောင်းပစ္စည်းတွေပေးတဲ့အထဲမှာ အများစုက မှော်လက်နက်လုပ်တဲ့ ပစ္စည်းတွေမဟုတ်ဘူးလား?ပြီတော့လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူကလက်ဆောင်တွေပို့လိုက်သေးတယ် မဟုတ်လား?ဒါကိုဘယ်လိုလုပ်ပြီး
မှော်လက်နက်လုပ်ဖို့ ပစ္စည်းတွေကမလုံလောက်တာလဲ?"
*****
---------------
(1500)18/8