Chapter(31)ပြဇာတ်(1)
အရင်ဘဝတုန်းက ဝူအန်းရန်သည် လေ့ကျင့်ရေးခရီးမှာ အောင်မြင်လာခဲ့ပြီး အလယ်အမည်ကိုရlရှိခဲ့တာကြောင့် သူက ဂုဏ်မောက်လာပြီး မာန်မာနကြီးခဲ့တယ်။သူက သူ၏ဇနီးလောင်းပေါ်ကိုလည်း လိုအပ်ချက်တွေအများကြီးထားခဲ့တယ်။သူက သူ၏ဇနီးသည် မိသားစုကောင်းမှ မွေးဖွားလာပြီး လှပသည့်သူဖြစ်ချင်ရုံသာမက ကျင့်ကြံခြင်းမှာလည်း ပါရမီရှိသူကိုသာ လက်ထပ်လိုခဲ့တယ်။အခုတော့ တစ်ခါမှမမြင်ဖူးသူကို လက်ထပ်ရမှာကြောင့် မကျေမနပ်ဖြစ်သည့်အပြင် ဇောင်မိသားစုသည် ဝူမိသားစုထက်လည်း သေးငယ်သေးတယ်။ဒါကြောင့် သူက သူ၏ဇနီးလောင်းက သူနှင့်မထိုက်တန်ဟု တွေးခဲ့ပြီး မနှစ်သက်ခဲ့ဘူး။
နောက်ပိုင်းမှာ ဝူအန်းရန်သည် ဇောင်မိန်းကလေး၏ပုံတူကို တွေ့သည့်အခါ သူမက ရုပ်ဆိုးတယ်ဆိုတယ်ဟု ထင်ခဲ့တာကြောင့် စေ့စပ်ပွဲကို ဖျက်ဖို့အကြောင်းပြချက်တွေ ပေးခဲ့တယ်။သူက သူ၏လိုအပ်ချက်ကိုပြည့်မှီသည်ဟု ထင်သည့်မိန်းကလေးတစ်ယောက်နှင့် အမှားလုပ်ခဲ့ပြီး စေ့စပ်ပွဲကို ဖျက်ပေးရန်တောင်းဆိုခဲ့တယ်။
ဝူအန်းရန်၏ဖခင်သည်လည်း စေ့စပ်ပွဲကိုဖျက်ပေးရန် သဘောတူခဲ့ပြီး ဝူအန်းရန်မှားခဲ့သည့်မိန်းကလေးနှင့် လက်ထပ်ပေးခဲ့တယ်။ဒါပေမဲ့ သူတို့ကလက်ထပ်ပြီး ပျော်ရွှင်မှုမရှိခဲ့ဘူး။သူတို့က လက်ထပ်ပြီး မကြာခဏ စကားများရန်ဖြစ်နေခဲ့တယ်။
နှစ်ဝက်ကြာပြီးချိန်တွင် တောင်ဘက်ခြံဝင်းမှတတိယသခင်လေးဝူချူးသည် လေ့ကျင့်ရးခရီးမှ ပြန်လာခဲ့ပြီး ဇောင်ချူယောင်းနှင့် နှစ်ဝက်အတွင်း လက်ထပ်ခဲ့ရန်စီစဉ်ခဲ့တယ်။
ဝူအန်းရန်သည် ဒီသတင်းကိုကြားသည့်အခါ လှောင်ရယ်နေခဲ့တယ်။ဒါပေမဲ့ ဝူချူး၏မင်္ဂလာဆောင်တွင် ဇောင်ချူယောင်းကို တွေ့လိုက်ရသည့်အခါ သူမသည် အသက်ရှူမှားလောက်အောင် လှနေတာကိုတွေ့လိုက်ရတယ်။သူမ၏အလှအပနှင့် တင့်တယ်ရည်မွန်မှုသည် သူ၏စိတ်ကူးထဲကအတိုင်း ဖြစ်နေခဲ့တယ်။ဒါပေမဲ့ သနားစရာကောင်းတာက သူဘယ်လောက်ဘဲ နောင်တရပြီး ဝမ်းနည်းနေပါစေ သူကိုယ်တိုင်စေ့စပ်ပွဲကို ဖျက်သိမ်းပြီး သူမကလည်း သူ၏ဝမ်းကွဲနှင့်လက်ထပ်သွားပြီဖြစ်တယ်။
သို့သော်လည်း ဝူအန်းရန်သည် မင်္ဂလာဆောင်တွင် တွေ့ခဲ့သည့် ဇောင်ချူယောင်းကို မမေ့နိုင်ခဲ့ဘူး။သူက သူမကြောင်းကိုသာ နေ့တိုင်းညတိုင်းစိတ်ကူးယဉ်နေခဲ့တယ်။တစ်ရက်မှာတော့ ဝူအန်းရန်သည် အိပ်နေရင်းသူမ၏အမည်ကို ပြောခဲ့တယ်။
ဝူအန်းရန်၏ဇနီးသည် သူမ၏ယောကျာ်းက တစ်ခြားမိန်းမတစ်ယောက်၏ အမည်ကိုပြောခဲ့တာကြောင့် ဝူအန်းရန်နှင့်ရန်ဖြစ်ခဲ့တယ်။ဒါကဘဲ သူမနှင့် ဝူအန်းရန်သည် ပိုမိုဝေးကွာလာပြီး ဝူအန်းရန်ကို ဇောင်ချူယောင်း၏တင့်တယ်ရည်မွန်ပုံကို ပိုပြီးတွေးတောလာစေခဲ့တယ်။
တစ်ကြိမ်မှာတော့ ဝူအန်းရန်သည် မတော်တဆ သူစေ့စပ်ပွဲမဖျက်ခင်ကတည်းက ဝူချူနှင့်ဇောင်ချူယောင်းတို့သည် တစ်ယောက်နှင့်တစ်ယောက်သိနေပြီး အမှတ်တရပစ္စည်းလဲလှယ်ထားပြီး ကတိထားရှိခဲ့သည်ကို သိရှိခဲ့တယ်။အဲဒီအချိန်မှာ သူကဇောင်ချူယောင်းကို ရုပ်ဆိုးသည်ဟူသော ကောလဟာလသည် သူ့ကိုစေ့စပ်ပွဲဖျက်အောင် ဝူချူက နောက်ကွယ်ကနေ လုပ်ဆောင်ခဲ့သည်ကို နားလည်သဘောပေါက်ခဲ့တယ်။
ဒါကြောင့် ဝူအန်းရန်သည် ဝူချူနှင့်ရင်ဆိုင်၍ တိုက်ပွဲအကြီးကျယ်ဖြစ်ခဲ့သည်။သူတို့၏ရန်ပွဲကို ရပ်တန့်ဖို့ ဝူပုဖန်ကတောင်ကြားဝင်ခဲ့ရသည်။
ဒီဘဝမှာတော့ဘယ်လိုဖြစ်သွားမလဲ?
ဒီအချိန်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ စောင့်တောင်မစောင့်နိုင်တော့ဘူး။ဝူရုန်သတိပြန်ဝင်လာသည့်အခါမှာတော့ အခန်းတစ်ခုထဲကိုရောက်နေပြီဖြစ်သည်။
သူတို့က တံခါးကိုဖွင့်လိုက်သည့်အခါ ချက်ချင်းဘဲစင်မြင့်ကိုမြင်ရတယ်။
"နေရာကောင်းဘဲ"ဝူရုန်ကပြောလိုက်တယ်။
ရှိရီအစောကြီးထဲကပြင်ဆင်ထားသည့် ကြီးမားသည့်ထိုင်ခုံမှာ ဝူရုန်ထိုင်ဖို့ ရှိဂျူကကူညီပေးလိုက်တယ်။
ဝူရုန်သည် သူ၏ဘေးမှထိုင်ခုံကိုပုတ်၍ ဟေးရွမ်ရီကိုပြောလိုက်တယ်"ဒီမှာလာထိုင်"
ဟေးရွမ်ရီသည် ထိုင်ခုံမှာထိုင်လိုက်ပြီး အောက်ထပ်က လူစုလူဝေးကိုကြည့်လိုက်တယ်။သူက လူစုလူဝေးကိုမကြိုက်တာကြောင့် မျက်မှောင်ကြုတ်လိုက်တယ်။
"ဒီကိုရောက်ဖူးလား?ဒါမမဟုတ်အိမ်ကိုပြဇာတ်ကိုငှားဖူးလား?"ဝူရုန်ကမေးလိုက်တယ်။
သူဘယ်တော့မှ ဟေးရွမ်ရီကပြဇာတ်ကြည့်တယ်လို့မကြားဖူးဘူး။ဟေးရွမ်ရီက အမြဲတမ်းတစ်ယောက်ထဲ တိတ်ဆိတ်သည့်နေရာမှာသာ နေတတ်သည်။
"မငှားဖူးဘူး"
"ကျွန်တော်လည်းအတူတူဘဲ"ဝူရုန်ကပြုံး၍ပြောလိုက်တယ်။
အရင်ဘဝမှာဘဲဖြစ်ဖြစ် ဒီဘဝမှာဘဲဖြစ်ဖြစ် သူကပြဇာတ်မကြည့်ဖူးပါဘူး။သူက ဝလွန်းတာကြောင့် လူတွေက လှောင်ရယ်မှာကို ကြောက်ရွံ့ခဲ့သည်။သူဝိတ်ကျသွားသည့်အခါမှာလည်း နူမူထံမှာ ဆေးပညာကိုသင်ကြားခဲ့ပြီး နောက်တော့စွမ်အားတွေရှိစေရန် ကျင့်ကြံနေခဲ့သည်။ဒါ့အပြင် ဝူပုဖန်သည်ပြဇာတ်ကသည့် သရုပ်ဆောင်တွေက ဝူမိသားစုထက် နိမ့်ကျသူဖြစ်တာကို သဘောမကျတာကြောင့် အိမ်ကိုဘယ်တော့မှပြဇာတ်ကသည့် အဖွဲ့ကိုမငှားခဲ့တာကြောင့် ဝူရုန်ကမကြည့်ဖူးဘူး။
ရှိဂျူက ဝူရုန်ကိုပြဇာတ်သီချင်းတွေရေးသားထားသည့်စာရွက်ကို လာပြလိုက်တယ်။
ရှိဂျူကဒီစာရင်းကိုဖတ်လိုက်သည့်အခါမှာတော့ ဝူရုန်ကဒုတိယတစ်ပုဒ်ကိုစိတ်ဝင်စားသွားတယ်။ဒီသီချင်းရဲ့အမည်ကဖက်တီး၏ရုပ်ဆိုးသော ယောကျာ်းဖြစ်တယ်။ဝူရုန်က ဖက်တီးနှင့်ရုပ်ဆိုးဆိုသည့်စကားလုံးတွေကို သူက ဆတ်ဆတ်ထိမခံဖြစ်သွားတယ်။
------------
(1700)14/8/20
------------------------------
Chapter(32)ပြဇာတ်(2)
ဝူရုန်က"ဖက်တီး၏ရုပ်ဆိုးသောယောကျာ်းဆိုတာက ဘာလဲ?ဒီအမည်က ထူးဆန်းတယ်"
ရှိဂျူက"ဒီဇာတ်လမ်းက သခင်နှင့်ကြင်ယာတော်အကြောငိးုရေးထားတယ်လို့ သူတို့ကပြောတယ်"
"...."ဟေးရွမ်ရီ
ဝူရုန်က ဒေါသထွက်သွားပြီးပြောလိုက်တယ်"ဘာတွေပါလဲကြည့်ရသေးတာပေါ့"
ပထမတစ်ပုဒ်ကစတင်လာသည့်အခါ ဝူရုန်က ဒုတိယတစ်ပုဒ်အကြောင်းဘဲ တွေးနေတာကြောင့် စိတ်မဝင်စားဘူး။
ဒုတိယတစ်ပုဒ်စတင်လာသည့်အခါမှာတော့ ဝူရုန်နှင့်ဟေးရွမ်ရီသည် မတ်မတ်ထိုင်၍ စိတ်ဝင်စားမှုအပြည့်ဖြင့်ကြည့်လိုက်တယ်။
ပထမဆုံးဝတုတ်နေသော သရုပ်ဆောင်တစ်ယောက်က စင်ပေါ်တက်လာတယ်။သူက ဝူရုန်ကဲ့သို့မျက်နှာနှင့် ခန္ဓာကိုယ်ကိုတူညီအောင်ပြင်ဆင်ထားတယ်။သူ၏အဝတ်အစားတွေတောင် ဝူရုန်နေ့တိုင်းဝတ်ဆင်သည့် အဝတ်အစာတွေနှင့် တူနေတယ်။
ဝတုတ်သရုပ်ဆောင်က ဒီအချိန်မှာဘဲ မြေကြီးပေါ်လဲကျသွားပြီးပြန်မထနိုင်တော့ဘူး။
နောက်တော့ သက်လတ်ပိုင်းစုံတွဲက စင်ပေါ်ကို တက်လာတယ်။အဲဒီနောက်တော့ ဝတုတ်သရုပ်ဆောင်က လက်မထပ်ချင်ဘူးဟု ဆိုကာငိုကြွေးတယ်။ဒါပေမဲ့လည်း မင်္ဂလာရထားလုံးပေါ်တင်ခံရလိုက်ပြီး ရုပ်ဆိုးသည့်ယောကျာ်းနှင့် လက်ထပ်လိုက်ရတယ်။
ဒီအချိန်မှာတော့ ဟေးရွမ်ရီကဝူရုန်ကို အဓိပ္ပာယ်အပြည့်နှင့်ကြည့်လာတယ်။
ဝူရုန်သည် ဟေးရွမ်ရီ၏အကြည့်ကို သတိထားမိတာကြောင့်သူက ဟေးရွမ်ရီကိုပြန်ကြည့်လိုက်တယ်။သူက ရှက်ကိုးရှက်ကန်းနှင့် စိတ်ဆိုးစွာပြောလိုက်တယ်"ကျွန်တော်က ဝတုတ်သရုပ်ဆောင်လို မငိုပါဘူး"
သူဝန်ခံရမယ်ဆိုရင်တောင် သူက ယောကျာ်းတစ်ယောက်နှင့်လက်ထပ်ရမှာကြောင့် ငြင်းဆန်၍ စကားများခဲ့ပေမဲ့ သူကမိန်းမတစ်ယောက်လိုတော့ မငိုခဲ့ဘူး။
ဟေးရွမ်ရီ၏ မျက်လုံးထဲတွင် ပြုံးလာပြီး သူကစင်ကို မျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်တယ်"ကိုယ်သိတယ်။မင်းက ကိုယ့်ကိုလက်ထပ်ဖို့စိတ်အားထက်သန်တယ်ဆိုတာ ကိုယ်သိတယ်။ဘယ်လိုလုပ်ပြီး မင်းကငိုမှာလဲ?"
"...."ဝူရုန်
သူက ဟေးရွမ်ရီကို နှစ်ပေါင်းများစွာ သိခဲ့ပေမဲ့ ဒါက ပထမဆုံးအကြိမ် ဟေးရွမ်ရီဟာသလုပ်တာကို ကြားဖူးတာဘဲ။
"ဘယ်ကနေ မုသားစကားပြောတတ်အောင် သင်လာခဲ့တာလဲ?"
"ကိုယ်ဘာသာနားလည်တာပါ"
"....."ဝူရုန်
စင်ပေါ်မှာတော့ သူတို့လက်ထပ်ပြီးနောက် မပျော်ရွှင်ကြပါဘူး။နောက်ပိုင်းမှာ ဝတုတ်ယောကျာ်းသည် မုဆိုးမတစ်ယောက်ကို ချစ်မိသွားတာကြောင့် သူကရုပ်ဆိုးယောကျာ်းကို ရန်ရှာတတ်တယ်။ရုပ်ဆိုးယောကျာ်းသည် သူ၏မိန်းမက မိန်းမတစ်ယောက်ကို ချစ်နေတာသိသွားတာကြောင့် သူက သည်းမခံနိုင်ဘူး။ဒါကြောင့် သူက ဝတုတ်ယောကျာ်းနှင့်မုဆိုးမကို ခွဲရန်လျို့ဝှက်ကြံစည်ခဲ့ပြီးနောက် မုဆိုးမကိုသတ်လိုက်တယ်။ဝတုတ်ယောကျာ်းက အမှန်တရားကို သိသွားသည့်အခါ သူ၏ယောကျာ်းကို သတ်လိုက်ပြီး သူ့ကိုယ်သူသတ်သေသွားတယ်။
ဝူရုန်သည် ဒေါသတကြီးထိုင်ခုံလက်ရန်းကို လက်ဝါးနှင့်ရိုက်လိုက်ပြီးပြောလိုက်တယ်"အဓိပ္ပာယ်မရှိလိုက်တာ!ဒါလိုမဟုတ်သရုတ်ဇာတ်လမ်းကို ဘယ်သူလုပ်ထားတာလဲ?"
"သူတို့ ကျွန်တော့်ကိုပြောတာတော့ ဂေးဇာတ်လမ်းတွေကို မကြိုက်တာကြောင့် ပြဇာတ်ရေးသူက အဆုံးတတ်ကိုပြောင်းလိုက်တာတဲ့"ရှိရီကပြောလိုက်တယ်။
ဟေးရွမ်ရီက သူ့ကိုအေးစက်စွာစိုက်ကြည့်လိုက်တယ်။
ရှိရီကတုန်ရီသွားတယ်။ငါမှ ဇာတ်လမ်းကိုပြောင်းပေးလို့မရတာ။ဘာလို့ငါ့ကိုကြည့်နေရတာလဲ?
"သွားစို့"ဝူရုန်၏ခံစားချက်တွေကမကောင်းဘူး။ဝူရုန်နှင့်ဟေးရွမ်ရီတို့က ပြဇာတ်ရုံကနေ ထွက်လာခဲ့တယ်။
ရထားလုံးထဲကို ရောက်တော့ ဟေးရွမ်ရီက ဝူရုန်ကိုစိုက်ကြည့်နေတယ်။ဝူရုန်က ပြဇာတ်ထဲက ဝတုတ်ယောကျာ်းကိုတွေးနေမိတာကြောင့် ဟေးရွမ်ရီက သူ့ကိုစိုက်ကြည့်အခါသက်တောင့်သက်သာမဖြစ်ဘူး။ဒါကြောင့် သူက ဟေးရွမ်ရီကိုပြောလိုက်တယ်"ဘာကြောင့် ကျွန်တော့်ကိုစိုက်ကြည့်နေတာလဲ?ပြဇာတ်ထဲကလို ကျွန်တော်က မုဆိုးမကိုကြိုက်မှာမဟုတ်ဘူး။ပြီးတော့ ကျွန်တော်ကရူးနေလို့ ခင်ဗျားကိုသတ်ရမှာလား?"
ဟေးရွမ်ရီ၏အေးစက်မှုတွေက ရုတ်တရက် လျော့ပါးသွားပါတယ်။ဟေးရွမ်ရီက မျက်လုံးပိတ်လိုက်ပြီး ရထားလုံးကိုမှီလိုက်တယ်။
ဝူရုန်သည် စိတ်သက်သာရာရသွားပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။
ဝူရုန်က သူသာတစ်ယောက်ယောက်ကို ချစ်မိသွားရင် ဟေးရွမ်ရီကဘာလုပ်လိမ့်မလဲသိချင်တယ်။ဟေးရွမ်ရီက သူနှင့်အဲဒီလူကို ရိုးရှင်းခွာခွဲထုတ်လိမ့်မယ်လို့တော့ မထင်ဘူး။
"အား"ပြဇာတ်ရုံထဲမှစူးစူးဝါးဝါးအော်သံတွေ ထွက်ပေါ်လာပြီးလူတွေက ပြေးထွက်လာကြတယ်။
"ဘာဖြစ်တာလဲ?"ဝူရုန်ကမေးလိုက်တယ်။
"ကိစ္စကြီးမဟုတ်ပါဘူး"ဟေးဂန်ကပြန်ဖြေ၍ရထားလုံးကိုမောင်းထွက်လိုက်တယ်။
ဒီလောက်အသံကျယ်တာတောင် ကိစ္စကြီးမဟုတ်ဘူးလား။
ဒါပေမဲ့ သူတို့က စင်ပေါ်တွင် မုဆိုးမက အေးစက်သည့်ဆောင်းရာသီမှာ လဲလျောင်းသည့်ပုံစံသရုပ်ဆောင်နေစဉ်ကတည်းက အပြင်ထွက်လာခဲ့တာဖြစ်တယ်။ဒါကြောင့် သူတို့ကပြဇာတ်ရုံထဲမှ လူတွေက တိုက်ခိုက်ခံရတာကိုမမြင်လိုက်ဘူး။
သူတို့ဝေးလာသည်နှင့်ဘာသံမှမကြားရတော့ပါဘူး။
သူတို့အိမ်ပြန်ရောက်သည့်အခါ ဟေးရှင်းသည် အပြုံးလေးနှင့်ချဉ်းကပ်လာပြီး"သခင် ဥကလှုပ်ရှားလာတယ်"
"ဘာဥလဲ"ဝူရုန်ကမေးလိုက်တယ်။
"ကြင်ယာတော် မွေးထားတဲ့ ကြီးမားသည့်အဖြူရောင်ဥလေ ကြင်ယာတော်"
"...."ဝူရုန်
ဘယ်အချိန်တုန်းက ငါကဥတစ်လုံးမွေးထားတာလဲ?
မဟုတ်သေးဘူး!ခဏ!ငါ့ကိုကျင်းရှင်ပေးထားသည့်ဥကိုပြောတာလား?
ဝူရုန်ကဟေးရွမ်ရီကိုမေးလိုက်တယ်"အဲဒီဥကို ခင်ဗျားသိမ်းထားတာလား"
ဒါကိုတကယ်ကို ဟေးရွမ်ရီက ထိန်းသိမ်းထားတယ်ဆိုတာသိသာပါတယ်။သူက တကယ်ကိုထိန်းသိမ်းတယ်။
ဟေးရွမ်ရီက ဦးဆောင်ပြီးအနောက်ဘက်ခြံဝင်းရှိ စာကြည့်ဆောင်ကိုသွားလိုက်တယ်။
ဝူရုန်ကလည်း သူ့နောက်လိုက်၍ စာကြည့်ခန်းဘေးကအခန်းကိုရောက်သည့်အခါ ကြီးမားသည့်ငှက်ကြီးက ဥကိုဝပ်နေတာကို တွေ့လိုက်ရတယ်။
ငှက်ကြီးက ဟေးရွမ်ရီကိုတွေ့သည့်အခါ မတ်တပ်ရပ်၍ဥကိုထုတ်ပြလိုက်တယ်။
ဟေးရှင်းက ဂရုတစိုက်နှင့် ဥကိုကိုင်ပြီး ဟေးရွမ်းရီရှေ့ကို ယူဆောင်လာတယ်။
ဟေးရွမ်ရီသည် သူ၏လက်ကိုဥပေါ်တင်လိုက်ပြီး အထဲကိုစိတ်စွမ်းအင်ထည့်၍စစ်ဆေးလိုက်တယ်။ပြီးတော့ သူကပြုံးလိုက်ပြီးလက်ကိုပြန်ရုတ်လိုက်တယ်။
"ကြင်ယာတော် သခင်ငယ်လေးကိုကြည့်ပါအုန်း"ဟေးရှင်းကပြောလိုက်တယ်။
ဝူရုန်သည် ဟေးရှင်းက ဥကိုသခင်ငယ်လေးဟု ခေါ်သံကိုကြားလိုက်သည့်အခါ မျက်လုံးပျူးသွားတယ်။ဟေးရွမ်ရီက တကယ်ဘဲ ဒီဥကို သူ့သားလို့ထင်နေတာလား?
ဝူရုန်သည် သူ၏လက်ကိုဥပေါ်တင်လိုက်၍ စိတ်စွမ်းအင်ပို့လွတ်လိုက်ပြီး အထဲမှာရှိသည့် သက်ရှိကိုခံစားကြည့်လိုက်တယ်။သူက အထဲမှာ အသားလုံးကြီး အစား ကလေးလေးကို တွေ့လိုက်ရတာကြောင့် သူကကြောက်လန့်တကြား လက်ကိုရုတ်လိုက်ပြီး"ဒါ... ဒါတကယ်ဘဲ ခင်ဗျားကို ကျွန်တော်ပေးထားသည့်ဥလား?"
အသားလုံးကနေ ဘယ်လိုလုပ်ပြီး ကလေးလေးဖြစ်သွားတာလဲ။
ဒါပေမဲ့ ဒီဥက မွန်းစတားရဲ့ကလေးဆိုရင် အသားလုံးကနေကလေးလေးအဖြစ်ပြောင်းသွားတာ အံ့သြစရာမဟုတ်တော့ဘူး။
နောက်တစ်ကြိမ်ကျင်းရှင်နှင့်တွေ့မှဥအကြောင်းကိုမေးရပါမယ်။
ဟေးရှင်းကဥကိုအသိုက်ထဲကိုပြန်ထားလိုက်ပြီး ငှက်ကြီးက ဥကို ပြန်ဝပ်နေလိုက်တယ်။သူက"နောက်တစ်လဆိုရင် သခင်ငယ်လေးက ပေါက်လာတော့မယ်"
-------------------------------------
(2300)148