Chapter(29)ကျွန်တော်ကအလေးချိန်ပိုတိုးလာတယ်
နောက်တစ်နေ့မနက် ဝူရုန်နှင့်ဟေးရွမ်ရီသည် မနက်စာစားပြီး ဝူရုန်က ဟေးရွမ်ရီကို ရှိဇာပြဇာတ်ရုံကို သွားဖို့ဖိတ်ခေါ်ခဲ့တယ်။
သူတို့ရထားလုံးပေါ်ထိုင်ပြီးသည့်အခါ ဝူရုန်ကသူ၏ဝမ်းဗိုက်သည် တင်းကျပ်သည့်လာပြီး အသက်ရှူရခက်ခဲလာတာ ကြောင့် သူက ရုတ်တရက်ကြီး သူ့ရဲ့ခန္ဓာကိုယ်ကပိုပြီးကြီးလာတယ်ဟုခံစားရတယ်။
ဟေးရွမ်ရီသည် ဝူရုန်၏အရစ်အရစ်ဖြစ်နေတဲ့ ဝမ်းဗိုက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီသည် သူ့ကိုစိုက်ကြည့်နေတာကိုသတိထားမိတာကြောင့် သူ့ကိုယ်သူရယ်လိုက်ပြီး ပြောလိုက်တယ်"ကျွန်တော်က အလေးချိန်ပိုတိုးလာတယ်"
ဟေးရွမ်ရီသည် ဝူရုန်၏ခါးပတ်ပတ်ထားသည့် တင်းနေသည့်ဗိုက်ကိုကြည့်လိုက်ပြီးပြောလိုက်တယ်"အဲဒီနေရာမှာ နှိပ်လိုက်"
ဝူရုန်သည် သူ၏ခန္ဓာကိုယ်ကို ကြိုးစား၍သက်သာစေရန် လုပ်ဆောင်ပေမဲ့ သူက မအောင်မြင်ပါဘူး။
ဝူရုန်သည် ခဏလောက်နား၍ ထပ်မံပြီး အမောတကောကြိုးစားပေမဲ့ မသက်သာပါဘူး။ဝူရုန်သည် သူ့ကိုယ်သူ အာရုံစိုက်နေတာကြောင့် ဟေးရွမ်ရီက သူ့ကိုကြည့်နေတာကို သတ်မပြုမိပါဘူး။ဟေးရွမ်ရီ၏ မျက်လုံးထဲမှာတော့ ဝူရုန်သည်လုံးလုံးကစ်ကစ် ပန်ဒါတစ်ကောင်နှင့်တူနေတယ်။သူက ဝူရုန်ကိုထိပြီး ပွတ်ပေးချင်သည့်စိတ် ဖြစ်ပေါ်လာတယ်။
ဝူရုန်သည် သူ၏ခန္ဓာကိုယ်ကိုသက်သာစေရန် လုပ်ဆောင်ပေမဲ့ မသက်သာလာတာကြောင့် သူကဟေးရွမ်ရီကို ကြည့်လိုက်ပြီးပြောလိုက်တယ်"ကျွန်တော့်ကိုနှိပ်ပေးလို့မရဘူးလား?"
ဟေးရွမ်ရီက ဝူရုန်၏အခြေအနေကို နားလည်သဘောပေါက်ပြီး သူက တမင်တကာ ဝူရုန်မေးလာမည့်အချိန်ကိုစောင့်နေတာဖြစ်တယ်။အခု ဝူရုန်က သူ့ကိုတောင်းဆိုလာတာကြောင့်သူ့ရဲ့နှုတ်ခမ်းထောင့်က ကော့တက်သွားတယ်။
သူက ဝူရုန်ဘေးမှာထိုင်လိုက်ပြီး သူရဲ့လက်ကို ဝူရုန်ရဲ့ဗိုက်ပေါ်တင်၍ ပွတ်ပေးလိုက်တယ်။
"ခင်ဗျားဘာလုပ်နေတာလဲ?"ဝူရုန်က ဟေးရွမ်ရီကို စိုက်ကြည့်လိုက်တယ်။မကြာခင်မှာ ဝူရုန်ကသူ၏ခန္ဓာကိုယ်ထဲကို စိတ်စွမ်းအင်တွေ စီးဝင်လာတာကို ခံစားရပြီး ကပ်ပါးကောင်တွေထံကို စီးဝင်သွားတာကိုခံစားလိုက်ရတယ်။ဝူရုန်က သူ့ရဲ့ဗိုက်က အနည်းငယ်နာကျင်ပြီးနောက် သူက အသက်ရှူရ မခက်တော့ဘူး။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ဟေးရွမ်ရီကိုကြည့်လိုက်ပြီး မေးလိုက်တယ်"ခင်ဗျား ကျွန်တော့်ကိုဗိုက်ကို ပွတ်ပေးတဲ့အချိန်မှာ ကပ်ပါးကောင်တွေကိုစုစည်းလိုက်တာလား?"
ဟေးရွမ်ရီသည် ဘာမှပြန်မဖြေပါဘူး။သူက ဝူရုန်ရဲ့ဗိုက်သားတွေကို ပုတ်လိုက်ပြီး သူက သူ့နေရာမှာသူသွားထိုင်လိုက်တယ်။
"..."ဝူရုန်၏မျက်ဝန်းတွေကပျူးကျယ်သွားတယ်။တကယ်လို့ က သူရဲ့ဗိုက်ကိုပုတ်လိုက်ခြင်းမှာ သူက သူ့အပေါ်မကောင်းသည့်ထင်မြင်ချက်တွေရှိလာနိုင်သည်ဆိုတဲ့ အတွေးကိုမတွေးမိဘူးလား?
သူတို့ကရှိဇာပြဇာတ်ရုံကိုရောက်လာသည့်အခါ နှင်းတွေကျဆင်းလာတယ်။ဒါပေမဲ့လည်း နှင်းတွေက ပြဇာတ်ရုံကိုလာတဲလလူတွေကို မတားဆီးနိုင်ဘူး။ပြဇာတ်ရုံရှေ့မှာ ရထားလုံးတွေကများသထက်များလာတယ်။
ဝူရုန်နှင့်ဟေးရွမ်ရီတို့က ရထားလုံးပေါ်ကဆင်းလိုက်သည့် အခါ ဝူရုန်၏ကြီးမားလွန်းသည့်ခန္ဓာကိုယ်နှင့် ဟေးရွမ်ရီ၏ရုပ်ဆိုးလွန်းတဲ့ မျက်နှာသည် ချက်ချင်းဘဲ လူတိုင်း၏အာရုံစူးစိုက်မှုကို ရရှိသွားတယ်။
"ကြည့်လိုက် အဲဒီဝတုတ်နေသည့်ယောကျာ်းက ဝူမိသားစုတောင်ဘက်ခြံဝင်းက ခြောက်ယောက်မြှောက်သခင်လေးမဟုတ်လား?"လူတစ်ယောက်က သူ့ရဲ့ဘေးနားကလူကို အသံတိုးတိုးနှင့်ကပ်ပြောလိုက်တယ်။
"ဒီမြို့မှာဝတုတ်နေတဲ့လူက သူဘဲရှိတာလေ။သူ့ထက် ဝတဲ့လူမရှိတော့ဘူး။ခဏလေး အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားတဲ့ သူ့ဘေးကလူက သူ့ယောကျာ်းလား?သူများတွေပြောတဲ့ အတိုင်း ရုပ်ဆိုးလိုက်တာ။ဒါကြောင့် မိန်းမတစ်ယောက်ကမှ သူ့ကိုယောကျာ်းအဖြစ် မလိုချင်တာဖြစ်လိမ့်မယ်။ဖြစ်နိုင်တာက ဒါကြောင့်သူက ယောကျာ်းတစ်ယောက်ကိုယူလိုက်တာလား?"
"ဒါပေမဲ့ သူကဝတဲ့ မိန်းမတစ်ယောက်ကို လက်မထပ်ဘဲ ဝတဲ့ ယောကျာ်းတစ်ယောက်ကို ဘာကြောင့်လက်ထပ်ရတာလဲ?သူကနေမကာင်းဖြစ်နေလို့လား?"
ဝူရုန်က အဲဒီလူတွေကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။
ဆွေးနွေးနေတဲ့ လူတွေက ရုတ်တရက် နာကျင်စွာ စူးစူးဝါးဝါးအော်လိုက်ကြတယ်။ဘာကြောင့်လဲဆိုတော့ သူတို့က ပြင်းထန်စွာ အရိုက်ခံရတာကြောင့်ဖြစ်တယ်။
အဲဒီလူတွေက ဘယ်သူရိုက်သွားလဲဆိုတာ မမြင်နိုင်တာကြောင့် သူတို့က ဒေါသတကြီးအော်ရုံသာတတ်နိုင်တယ်"ဘယ်သူ လုပ်တာလဲ?ငါ့ကို ဘယ်သူရိုက်တာလဲ?"
"ခွေးမသား ငါ့ကိုဘယ်သူရိုက်တာလဲ?သတ္တိရှိရင်ထွက်ခဲ့"ထိုလူက ကျယ်လောင်စွာအော်လိုက်တာနှင့် နောက်တစ်ကြိမ်သူရဲ့မျက်နှာကို ရိုက်ခံရပြီး မြေကြီးပေါ်ကို လဲကျပြီးသတိလစ်သွားတယ်။
အခြားလူတွေကလည်း ရိုက်ခံရပြီး လူတွေက ဟိုတစ်စု ဒီတစ်စုနှင့် ရထားလုံးထဲကို ဝင်သွားကြတယ်။
ဝူရုန်၏မျက်ဝန်းတွေက ကျဉ်းမြောင်းသွားပြီး ဟေးရွမ်ရီကို အကဲခတ်လိုက်တယ်။သူမှတ်မိတာက ဟေးရွမ်ရီသည် မကာင်းဆိုးဝါးဝိညာဉ်တွေကို ထိန်းချုပ်နိုင်ပြီး စွမ်းအားကြီးသည့် မကောင်းဆိုးဝါးဝိညာဉ်တွေက ဟေးရွမ်ရီဘေးတွင်ရှိနေတယ်။ဒါကြောင့်သူက ဟေးရွမ်ရီက မကောင်းဆိုးဝါးတွေကိုလုပ်ခိုင်းလိုက်တာ ဖြစ်နိုင်တယ်ဟု တွေးလိုက်တယ်။ဆိုးတာကအခုချိန်မှာ သူရဲ့စွမ်းအားက နိမ့်ကျလွန်းတာကြောင့် သူက ဘာဖြစ်သွားလဲဆိုတာ မမြင်နိုင်ပါဘူး။
"ဘယ်အရူးက ရှိဇာပြဇာတ်ရုံမှာ ပြသနာလာရှာတာလဲ?"
ကျယ်လောင်သောအသံကထွက်ပေါ်လာပြီး လူငယ်ငါးယောက်က ထွက်လာခဲ့တယ်။
-----------------------------
(1700)13/8/20
---------------------------------
Chapter(30)သူဘာဘဲလိုချင်လိုချင်သူရနိုင်တယ်
ဝူရုန်က နီးကပ်လာသည့်အခါ သူတို့ထဲက ချောမောတဲ့လူငယ်လေးက သူရဲ့ဝမ်းကွဲဝူအန်းရန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူကဘဲ သူပြဇာတ်ရုံကိုလာရတဲ့ အကြောင်းပြချက်ဖြစ်တယ်။
"အန်းရန်"
ဝူအန်းရန်က သူ၏အမည်ကိုခေါ်လိုက်သည့်အသံကို ကြားလိုက်ရတာကြောင့် အသံလာရာဘက်ကို လှည့်လိုက်တော့ရင်းနှီးနေတဲ့လူကို တွေ့လိုက်ရတယ်"ရုန်အာ"
ဝူအန်းရန်၏သူငယ်ချင်းတွေလည်း ကြည့်လိုက်တာနှင့် လူစုထဲတွင် သိသာနေသည့် ဝူရုန်နှင့်ဟေးရွမ်ရီကို တွေ့လိုက်ရတာကြောင့် ဝူအန်းရန်ဆိုလိုရင်းကိုနားလည်လိုက်တယ်။
"အန်းရန် ဒါက မင်းဝမ်းကွဲလား?"
့ဝူအန်းရန်၏သူငယ်ချင်းလူဒင်းက နောက်ပြောင်ကျီဆယ်ဟန်နှင့် မေးလိုက်သည်။အခြားသူငယ်ချင်းသုံးယောက်၏မျက်လုံးထဲမှာလည်း နောက်ပြောင်ကျီဆယ်သည့် အရိပ်အယေယင်တွေက ပေါ်လွင်နေသည်။ဝူအန်းရန်သည် သူ့မှာ အသုံးမဝင်၍ ဝတုတ်နေတဲ့ ဝမ်းကွဲရှိတာကြောင့် ရှက်သွားပြီး သူက လေးလံစွာနှင့်ဝူရုန်ကိုမေးလိုက်တယ်"ဒီနေရာမှာဘာလုပ်နေတာလဲ?"
"ပြဇာတ်လာကြည့်တာလေ"ဝူရုန်က သူ့ကိုမိတ်ဆက်ပေးလိုက်တယ်"ဒါက ကျွန်တော့်ခင်ပွန်းဟေးရွမ်ရီ"
အရင်ဘဝတုန်းက ဝူရုန်သည် မိမိကိုယ်ကိုတန်ဖိုးထားလွန်းပြီး အလွန်အကျွံကာကွယ်ခဲ့သည်။ဒါကြောင့်သူက လူတွေနှင့်တွေ့ဆုံရန် ကြောက်ရွံ့ခဲ့ပြီး ရှောင်ရှားခဲ့တာကြောင့် ဒါကဘဲ လူတွေက သူ့ကိုရယ်မောလှောင်ပြောင်စေခဲ့သည်။အခုချိန်မှာတော့ သူက ဒီလိုမျိုးထပ်လုပ်တော့မှာမဟုတ်ဘူး။အရင်ဘဝတုန်းက မကောင်းသည့်မှတ်ဥာဏ်တွေအားလုံးကို ဖယ်ရှားပစ်ရမယ်။
အခုအချိန်မှာအားလုံးကလည်း ဟေးရွမ်ရီက သူ့ခင်ပွန်းဆိုတာ သိပြီးသားဖြစ်လို့ သူကလည်းဒီအချက်ကိုလက်ခံပြီး မျက်နှာပြသင့်တယ်။လူတွေက သူ့ကိုရယ်မောခဲ့ရင်တောင် သူက သူ့ခင်ပွန်းနှင့်ပတ်သက်ပြီး မရှက်ခဲ့ဘူးဆိုရင် လူတွေကလည်း တစ်ကြိမ်ထက် ပိုပြီးစိတ်ဝင်စားမှာမဟုတ်ဘူး။
ဟေးရွမ်းရီသည် ဝူရုန်က ဒလိုမျိုးတိုက်ရိုက်မိတ်ဆက်ပေးလိမ့်မယ်ဟု မထင်ခဲ့တာကြောင့် သူ၏မျက်ခုံးတွေသည်မြင့်တက်သွားတယ်။
ဝူအန်းရန်သည် သူ၏သူငယ်ချင်းများရှေ့တွင် မရိုင်းချင်တာကြောင့် ဟေးရွမ်ရီကိုခေါင်းငြိမ့်ပြလိုက်တယ်။
ဝူရုန်က ရယ်မော၍ပြောလိုက်တယ်"အန်းရန် အဖေက ငါ့ကိုပြောတာတော့ မင်းလက်ထပ်တော့မှာဆို။လှပသည့်မိန်းကလေးနဲ့ လက်ထပ်ရသည့်အတွက် ဂုဏ်ပြုပါတယ်"
"မင်းက သူမကိုမြင်ဖူးတာလား?"ဝူအန်းရန်သည် မျက်မှောင်ကြုတ်လိုက်တယ်။
သူက သူ၏လက်ထပ်ပွဲနှင့်ပတ်သက်ပြီး မကျေနပ်ပါဘူး။အခုချိန်ထိ သူက သူ၏သတိုးသမီးသည် ဟူအန်းမြို့မှ ဇောင်မိသားစု၏ ပထမသမီးဇောင်ချူယောင်းဆိုတာဘဲ သိပါတယ်။သူက သူမသည် အရပ်ရှည်သလား?ပုသလား?ပိန်သလား?ဝသလား?ရုပ်ချောလား?ရုပ်ဆိုးလားဆိုတာကိုမသိပါဘူး။
ဝူရုန်သည် ခေါင်းခါပြီးပြောလိုက်တယ်"မမြင်ဖူးပါဘူး"
"ဒါဆို မင်းက သူမက လှတယ်ဆိုတာ ဘယ်လိုသိလဲ?"
"တောင်ဘက်ခြံဝင်းကအစေခံတွေပြောတာကိုကြားတာဘဲ။သူတို့ထဲက တစ်ယောက်ယောက်က မြင်ဖူးလို့နေမှာပေါ့"
ဝူအန်းရန်သည် စကားပြောဖို့ ပါးစပ်ဖွင့်လိုက်ပေမဲ့ လူဒင်းကသူ၏အင်္ကျီကိုဆွဲ၍ သတိပေးလိုက်တာကြောင့် ပါးစပ်ပြန်ပိတ်လိုက်တယ်။လူဒင်းက ဝူရုန်ကိုပြုံးပြလိုက်ပြီး ပြောလိုက်တယ်"သခင်လေးရုန် ပြဇာတ်က စနေလောက်ပြီ။ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း"
"ကျေးဇူး"
ဝူရုန်နှင့်ဟေးရွမ်ရီသည် လူဒင်း၏လူတွေနောက်လိုက်ပြီး အပေါ်ထပ်ကိုတက်လာတယ်။ဝူရုန်သည် သူ၏ကြီးမားသည့်ခန္ဓာကိုယ်ကြောင့် ဖြည်းဖြည်းချင်းဘဲ လိုက်လာပါတယ်။ဒါကြောင့် သူက ဝူအန်းရန်ပြောလိုက်တာကို အတိအကျဘဲ ကြားလိုက်ရတယ်။
"ငါ့ကိုဘာလို့တားတာလဲ?"ဝူအန်းရန်သည် သိသိသာသာဘဲမပျော်တော့ပါဘူး။
"မင်းရဲ့ဝမ်းကွဲက ငါ့ကိုလှုံ့ဆော်ပေးနေတယ်"လူဒင်းကပြောလိုက်ပါတယ်။
"ဘာကြောင့်လဲ?"
"မင်းက သူမရဲ့ရုပ်ရည်ကိုမသိသာကြောင့် လက်မထပ်ချင်တာမလား?ငါတို့ကတစ်ယောက်ယောက်ကို လွတ်ပြီး ဒါမှမဟုတ် မင်းမိသားစုက တစ်ယောက်ယောက်ကို လွတ်ပြီးသူမရဲ့ပုံတူကိုဆွဲခိုင်းလိုက်။တကယ်လို့ မင်းမကြိုက်ရင် စေ့စပ်ပွဲကိုငြင်းလိုက်"
"မင်းကသေချာလို့လား?"ဝူအန်းရန်သည် မသေချာစွာမေးလိုက်တယ်"ဟူအန်းမြို့မှာ လေ့ကျင့်ရေးဆင်းနေတဲ့ ငါ့ဝမ်းကွဲတစ်ယောက်ရှိတယ်။ငါသူ့ကိုမေးကြည့်လို့ရတယ်။သူကလှတယ်လို့ပြောရင်တော့ တကယ်လှတာဘဲဖြစ်မယ်"
ဝူအန်းရန်၏သူငယ်ချင်းတစ်ယောက်ကလည်း"အဲဒီလိုမလုပ်ချင်ရင်လည်း မင်းကိုယ်တိုင်သွားပြီး သွားကြည့်လို့ရတယ်လေ။ငါတို့လည်း အခုချိန်မှာ ဘာမှလုပ်စရာမရှိဘူး။ငါတို့လည်းမင်းနှင့်အတူ လိုက်နိုင်တယ်"
ဝူရုန်က ဒီစကားတွေကြားလိုက်ရသည့်အခါ သူ၏မျက်နှာတွင် အပြုံးသေးသေးလေးဖြစ်ပေါ်လာတယ်။
သူဘာဘဲလိုချင်လိုချင်သူကရနိုင်တယ်။
------------------
(1500)14/8/20