Chapter(23)သိပ်မကောင်းဘူး
"ငါမင်းကိုသိလို့လား?"ဝူရုန်က ရယ်ချင်နေသည့်ဟန်နှင့်ပြောလိုက်တယ်။
သူက ဒီခွေးတိရစ္ဆာန်က သူ့မိဘတွေကိုသတ်ခဲ့တာ ဘယ်လိုလုပ်ပြီးမသိဘဲနေမှာလဲ?
"မင်း"ရန်ကျီဇောင်ကကြမ်းတမ်းစွာ ဝူရုန်ကိုအော်လိုက်တယ်။ဝူရုန်က ရန်ကျီဇောင်၏တည်ငြိမ်မှုဆုံးရှုံးသွားတာကိုကြည့်ပြီး သူကလှောင်ပြုံး ပြုံးပြလိုက်ပြီး"မင်းငါ့ကိုအရူးလုပ်နေတာလား?"
ရန်ကျီဇောင်သည် ဝူရုန်က ဒီလိုတုံ့ပြန်လိမ့်မယ်လို့ မထင်ထားတာကြောင့် အံ့သြသွားတယ်။
ဝူရုန်ကလှောင်လိုက်တယ်"မင်းက ငါ့ဆီကို လဝက်လာက်လာမလည်ခဲ့ဘူး။အစေခံတွေက မင်းအကြောင်းကို ဘာပြောလဲသိလား?သူတို့က မင်းက မင်းကိုယ်မင်းစိတ်ကျေနပ်မှုရစေဖို့ ငါ့လိုအရှုံးသမားနဲ့ ပေါင်းနေတာတဲ့လေ"
ရန်ကျီဇောင်က သူ၏လျို့ဝှက်ချက်ကို ထုတ်ဖော်ပြခံလိုက်တာကြောင့် သူကခိုင်မာသည့် မျက်နှာထားနှင့် ဒေါသတကြီးပြောလိုက်တယ်"အဓိပ္ပာယ်မရှိလိုက်တာ ငါကအဲဒီလိုလူမျိုးလား?"
ရန်ကျီဇောင်က ဒီစကားကိုပြောသည့်အချိန်မှာ လိပ်ပြာမသန့်တာကြောင့် ဝူရုန်ကို တိုက်ရိုက်မကြည့်ဘဲ ရှောင်ဖယ်နေတယ်။
ဝူရုန်ကနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး မင်းက အတိအကျကို ဒီလိုလူမျိုးဘဲလေဟု တွေးလိုက်တယ်။
အခုအချိန်မှာ ရန်ကျီဇောင်က ငယ်သေးသည့်အတွက် သူကဝူရုန်အပေါ်ကြံစည်ထားတာတွေကြောင့် သူရဲ့အပြစ်ရှိသည့်မျက်နှာကို မဖုန်းကွယ်နိုင်ဘူး။အရင်ဘဝတုန်းက ဆယ့်သုံးနှစ်ကြာပြီးသည့်နောက်မှာတော့ သူက သူ၏စိတ်ခံစားချက်တွေကို အတွင်းထဲမှာ ဖုံးကွယ်ထားဖို့ လုံလောက်နေပြီဖြစ်တယ်။
"မင်းက ဒီလိုလူမဟုတ်ဘူးဆိုတာ ငါနားလည်ပါတယ်။ဒါပေမဲ့ မင်းက ငါ့ဆီကို လဝက်လောက်တောင် လာမလည်ဘူးဆိုတော့ ငါက အရူးလုပ်ခံရတယ်ထင်နေတာ။ဒီနေ့တော့ မင်းက ငါ့ကိုအချိန်ပေးရမယ်။ဒီနေ့တစ်နေ့လုံး သွားသောက်ရအောင်"
"ပြသနာမရှိဘူး"ရန်ကျီဇောင်က ပြုံး၍ပြောလိုက်ပြီး သူကမေးလိုက်တယ်"သူတို့က အစေခံအသစ်တွေလား?ဝူတနှင့်ဝူရှောင်က ဘယ်ရောက်သွားတာလဲ?"
"ဝူတနှင့်ဝူရှောင်က နောက်ဆယ်ရက်ကြာရင် မင်္ဂလာဆောင်တော့မှာလေ။ဒါကြောင့်ပြင်ဆင်နေကြတယ်။"
"တစ်လလောက်ဘဲရှိသေးတယ်လေ။သူတို့က ဘာလို့ဒီလောက်မြန်မြန် လက်ထပ်ကြတာလဲ?"ရန်ကျီဇောင်ကအံ့သြသွားတယ်။
"သူတို့က လက်ထပ်ဖို့ အရွယ်ရောက်နေပြီလေ။ဒါကြောင့် သူတို့ မိဘတွေက သူတို့ကို လက်ထပ်ဖို့ တိုက်တွန်းလို့နေမှာ"
"ဒါမှန်တယ်"ရန်ကျီဇောင်က ပြောလိုက်ပြီးနောက် ဝူရုန်ကိုမေးလိုက်တယ်"ဒါနဲ့ မင်းရဲ့မိသားစုအသစ်က ဘယ်လိုလဲ?"
"သိပ်မကောင်းပါဘူး"ဝူရုန်က ဟေးရွမ်ရီအကြောင်းပြောရမှာ မကြိုက်သလိုပြောလိုက်ပြီး လေးလံသည့်လေသံနှင့် ပြောလိုက်တယ်"မင်း လဝက်လောက်ဘယ်ရောက်နေတာလဲ?တစ်နေရာကို တစ်ခုခုသင်ဖို့သွားတာတော့ မဟုတ်ဘူးမလား?"
"ငါတကယ်ဘဲကြီးမြတ်သည့်ဆရာသခင်စီမှာ ပညာသင်ချင်တယ်။ဒါပေမဲ့ ဘယ်သူက ငါ့ကိုတပည့်အဖြစ်လက်ခံမှာလဲ?"
ဝူရုန်က ရန်ကျီဇောင်က လိမ်မပြောဘူးဆိုတာသိတယ်။
အရင်ဘဝတုန်းက ဝူရုန်က စည်းတံဆိပ်ကို မချိုးဖြတ်ခင်အထိ ရန်ကျီဇောင်နှင့်အတူ မကြာခဏသွားလာခဲ့တယ်။ဒီအချိန်မှာ သူက ဆရာတကယ်ဘဲမရှိခဲ့ဘူး။နှစ်ပေါင်းအနည်းငယ်ကြာပြီးသည့်နောက်မှာ သူကကျင့်ကြံနေတာကြောင့်သူ့မှာ ရန်ကျီဇောင်နှင့်အတူ ကုန်ဆုံးဖို့အချိန်မရှိတော့တာဖြစ်တယ်။ဒါကြောင့် ရန်ကျီဇောင်က လျို့ဝှက်ဆန်းကျယ်သည့်လူနှင့် ဘယ်လိုသိပြီး ဆရာတင်ခဲ့လဲဆိုတာ သူမသိခဲ့တာဖြစ်တယ်။
"မင်းယင်ယန်ပညာရပ်သင်ဖို့က မင်းအဒေါ်ကငြင်းဆန်တာလား?"
ရန်ကျီဇောင်က သေးငယ်သည့်မိသားစုမှဖြစ်သည်။ဒါကြောင့်သူက အဆင့်နိမ့်ပညာရပ်တွေကိုသာ သင်ကြားနိုင်တယ်။သူ၏သွေးဝေးသည့်အဒေါ်ရန်လန်ယုကြောင့်သာ မဟုတ်ဘူဆိုရင် မိသားစုကြီးမှ လူငယ်တွေနှင့် တွေ့ဆုံဖို့အခွင့်အရေးမရနိုင်ဘူး။
"သူမက ငါ့ကို ယင်ယန်ပညာမသင်ကြားနိုင်ဘူးလို့ ထင်တယ်လေ။သူမက ဘယ်လိုလုပ်ပြီး ငါ့ကိုယင်ယန်ပညာသင်ကြားဖို့ တစ်ယောက်ယောက်ကိုငှားပေးမှာလဲ?"ရန်ကျီဇောင်ကပြောလိုက်ပြီး"ညီအကို ငါတို့မတွေ့ရတာ လဝက်တောင်ကျော်နေပြီ။သူမအကြောင်း မပြောနဲ့တော့။ငါတို့သွားသောက်ရအောင်"
ညီအကိုလား?
ဝူရုန်က စိတ်ထဲကနေလှောင်ရယ်လိုက်တယ်။အရင်ဘဝတုန်းက သူကထိခိုက်ဒဏ်ရာရမှုကြောင့် တစ်လကျော်လောက် အိပ်ရာထဲလဲနေရတယ်။အဲဒီအချိန်တုန်းက ရန်ကျီဇောင်က တစ်ခေါက်မှ လာမလည်ခဲ့ဘဲ နောက်ပိုင်းမှာ သူရှင်းပြတာကတော့ ဟေးမိသားစုက သူ့ကိုမကြိုဆိုတာကြောင့် မလာခဲ့တာဟုပြောခဲ့တယ်။ဒါကြောင့် ဝူရုန်က ဟေးရွမ်ရီအပေါ် ပိုပြီးမကောင်းမြင်လာခဲ့တာဖြစ်တယ်။
အခုအချိန်မှာ ပြန်စဉ်းစားကြည့်တော့ ရန်ကျီဇောင်ကိုယ်တိုင်က သူ့ကိုလာမတွေ့ချင်ခဲ့တာဖြစ်လိမ့်မယ်။သူက ဟေးရွမ်ရီကိုမကြိုက်ဘဲ ပြန်မမေးတာသေချာတာကြောင့် ရန်ကျီဇောင်က ဟေးရွမ်ရီကိုလွှဲချလိုက်တာဖြစ်နိုင်တယ်။
ဝူရုန်နှင့်ရန်ကျီဇောင်သည် ဝူရုန်နေထိုင်သည့်ခြံဝင်းကိုသွားလိုက်ပြီး အစားအစာတွေနှင့်ဝိုင်ကို အစေခံတွေကိုယူဆောင်ခိုင်းလိုက်တယ်။သူတို့က ညသန်းခေါင်အထိ သောက်စားနေကြတယ်။
"ငါ့မှာစိတ်စွမ်းအားတွေရှိတယ်။ဒါကိုဘာလို့ ယင်ယန်ပညာသင်ကြားဖို့မလုံလောက်ရမှာလဲ?။ငါက သွေးဝေးသည့်ဆွေမျိုးဖြစ်လို့ သူမက ငါ့ကိုအထင်သေးနေတာ။သူမက ငါ့ကိုပြသနာကောင်လို့တွေးနေတာ"
ဝူရုန်က သူသောက်နေတာကိုကြည့်ပြီး ပြောလိုက်တ
ယ်"မင်းကကောင်းပါတယ်။ဘယ်လိုလုပ်ပြီးမင်းက ယင်ယန်ပညာရပ်ကို ကောင်းကောင်းမသင်နိုင်ရမှာလဲ?ငါထင်တာတော့ မင်းအဒေါ်က မင်းကမင်းဝမ်းကွဲတွေထက် ပိုတော်မှာကိုသူမကကြောက်နေတာဘဲ"
ရန်ကျီဇောင်သည်လည်း ဝူရုန်ပြောတာဖြစ်နိုင်တယ်လို့ခံစားရတယ်။
အဲဒီအချိန်မှာဘဲ ရှိယုက အခန်းထဲကိုဝင်လာပြီး သူကပြောလိုက်တယ်"ကြင်ယာတော် သခင်လေးရန်ရဲ့အစေခံတွေကသူ့ကိုခေါ်ဖို့ရောက်လာတယ်"
"သူတို့ကိုအထဲဝင်လာပြီး သူ့ကိုလာခေါ်ခိုင်းလိုက်"ဝူရုန်ကပြောလိုက်တယ်။
ရန်ကျီဇောင်၏အစောင့်လေးယောက်က ဝင်လာတာနဲ့သူတို့က အရက်အလွန်သောက်ထားမှန်းသိသာနေတယ်။သူတို့က မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ကြပေမဲ့ သူတို့က ရန်ကျီဇောင်ကို ခေါ်ဆောင်ပြီးထွက်သွားကြတယ်။
ဝူရုန်က အနည်းငယ်သာသောက်ထားသောကြောင့် အရက်မူးမနေဘူး။
မကြာခင်မှာဘဲ ရှိယုကပြန်ရောက်လာပြီး ဝူရုန်ကိုအသံတိုးတိုးနှင့်ပြောလိုက်တယ်"ကြင်ယာတော် အားလုံးလုပ်ပြီးသွားပြီ"
ဝူရုန်ကလှောင်ရယ်လိုက်ပြီး"ကောင်းတယ် အခုငါ့ကိုအိပ်ရာထဲကိုပို့ပေးတော့"
ဝူရုန်က ရှိယန်တို့၏အကူအညီနဲ့အိပ်ရာထဲကို ရောက်လာပြီး အဝတ်အစားချွတ်၍ အိပ်ရာထဲမှာလဲလျောင်းလိုက်တယ်။
"အရာရာတိုင်းကိုပြန်ပေးဆပ်စေရမယ်"
ဝူရုန်ကသူအိပ်မပျော်ခင်မှာ တီးတိုးပြောလိုက်ပြီးနောက်အိပ်
မောကျသွားတယ်။နောက်တစ်နေ့မနက်တွင် အခန်းအပြင်ဘက်တွင် ကျယ်လောင်သောအော်သံကိုကြားလိုက်ရတယ်။
"သခင်လေးပြသနာတက်နေပြီ"
--------------------------------
(2100)
10/8/20
------------------------------------------
Chapter(24)မကောင်းတာတစ်ခုခုဖြစ်သွားတယ်
တံခါးအပြင်မှာစောင့်နေသည့် ရှိယန်က အပြစ်တင်စကားပြောလိုက်တယ်"ကြင်ယာတော်က အိပ်နေတုန်းဘဲ။သူနိုးလာသည့်အချိန်ထိစောင့်သင့်တယ်"
စူချင်ခြံဝင်းမှအစေခံက"ဒါပေမဲ့ ဒါပေမဲ့ သခင်လေးရန်မှာ မကောင်းတာတစ်ခုခုဖြစ်သွားတယ်။တကယ်လို့ ငါတို့က သူနိုးလာသည့်အချိန်ထိ စောင့်နေရင် နောက်ကျသွားလိမ့်မယ်"
ဝူရုန်က တခါးအပြင်ဘက်မှ အစေခံပြောတာတွေကိုကြားလိုက်ရသည်။သူ၏နှုတ်ခမ်းထောင့်တွေက ကော့တက်သွားသည်။သူက အလေးမထားသည့်လေသံနှင့်မေးလိုက်တယ်"အပြင်မှာ ဘာတွေဖြစ်နေတာလဲ?"
ရှိယန်သည် တံခါးဘက်ကို မျက်နှာလှည့်လိုက်ရင်းပြောလိုက်တယ်"ကြင်ယာတော် အစေခံက သခင်လေးရန်မှာ မကောင်းတာတစ်ခုခုဖြစ်သွားတယ်လို့ပြောပါတယ်"
ဝူရုန်သည် စိုးရိမ်သည့်လေသံနှင့်"ကျီဇောင်လား?သူဘာဖြစ်လို့လဲ။ရှိယန်အထဲကို ဝင်လာခဲ့"
"ဟုတ်"
ရှိယန်သည် အခန်းထဲကိုဝင်လာသည့်အခါ အစေခံသည် ဝူရုန်ကို စကားပြောဖို့ အခွင့်အရေးရသွားတာကြောင့် သူက"သခင်လေး သခင်လေးရန်၏အစေခံတွေက မနေ့က စူလီခြံဝင်း၏ဒုတိယသခင်မလေးရဲ့ခြံဝင်းကိုသွားပြီး သူမ၏အစေခံနှင့်အိပ်ခဲ့ပါတယ်။ဒါကြောင့် စူလီခြံဝင်း၏သခင်က သခင်လေးရန်ကို စုံစမ်းမေးမြန်းရန်အတွက် ခေါ်ထားပါတယ်"
"ဘာကြောင့်ဒီအကြောင်းကို ငါ့ကိုအစီရင်ခံရတာလဲ?ဒါက ကိစ္စကြီးဘဲ။ကျီဇောင်၏အစေခံတွေက ဘယ်လိုလုပ်လိုက်တာလဲ?"ဝူရုန်ကဒေါသတကြီးပြောလိုက်တယ်။
"သူတို့က ပြင်းပြင်းထန်ထန်အရိုက်ခံနေရတယ်လို့ ကြားတယ်"အစေခံကစောဒကတက်လိုက်တယ်"ကျွန်တော်က ဒီအကြောင်းကို သတင်းရတာနဲ့ သခင်လေးကို ချက်ချင်းလာပြောတာဘဲ"
"ငါသိပြီ။ငါအခုချက်ချင်း သွားလိုက်မယ်"
အစေခံထွက်သွားပြီးနောက် ဝူရုန်က သူ့ကို အဝတ်စားကူညီဝတ်ပေးနေသည့် ရှိယန်ကို"အရမ်းမသပ်ရပ်စေနဲ့"
ရှိယန်က သူပြောလိုက်တာကိုနားလည်တာကြောင့် ဝူရုန်ကိုလျော့တိလျော့ရဲနှင့် မြန်မြန်ဆန်ဆန်ဝတ်ဆင်ပေးလိုက်တယ်။
ဝူရုန်က ရှိယန်နှင့် ရှိဂျူတို့၏ အကူအညီနှင့်ခြံဝင်းထဲမှအမောတကောထွက်လာခဲ့တယ်။
သူက သူ၏ရန်သူအတွက် ပြောပေးဖို့ရည်ရွယ်ချက်မရှိတာကြောင့် သူကလူမရှိသည့်လမ်းကြားလေးတွင် ဖြေးညှင်းစွာလာပြီး စူလီခြံဝင်းနှင့်နီးလာသည့်အခါမှ မြန်မြန်လာလိုက်တယ်။
ဝူရုန်က စူလီခြံဝင်းနှင့်နီးလာတော့ ရန်ကျီဇောင်၏အစောင့်နှစ်ယောက်သည် ရှေ့လျှောက်လိုက်နောက်လျှောက်လိုက် လုပ်နေတာကို တွေ့လိုက်ရတယ်။
သူတို့က ဝူရုန်ကိုမြင်တော့ သူ့ရှိကို ပြေးလာကြပြီး"သခင်လေးရုန် ကျွန်တော့်တို့သခင်လေးကို ကယ်ပေးပါ"
ဝူရုန်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူကလက်ကိုင်ပဝါကိုထုတ်လိုက်၍ သူ၏နဖူးပေါ်ကချွေးစက်တွေကိုသုတ်လိုက်ပြီး"ဘာလဲ?ဘာဖြစ်တာလဲ?"
ဝူရုန်က ဟန်ဆောင်နေတာမဟုတ်ဘူး။သူက သူ၏ကြီးမားသည့်ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲလာရတာကြောင့် ပင်ပန်းနေတာဖြစ်တယ်။
ရန်ရင်းနှင့် ရန်ရှန်းတို့သည် သူ၏ချွေးထွက်နေသည့် မျက်နှာနှင့် အဝတ်အစားကြောင့် စိတ်လှုပ်ရှားသွားတယ်။သူက သူငယ်ချင်းကောင်းဘဲ။ငါတို့သခင်လေးကို စိုးရိမ်လို့ အဝတ်အစားတောင် ကောင်းကောင်းမဝတ်နိုင်ဘူး။
ရန်ရင်းက ရှင်းပြလိုက်တယ်"ကျွန်တော်တို့မနေ့က စူချင်ခြံဝင်းက ပြန်လာတော့ တောင်ဘက်ဘေးတံခါးက နေပြန်ခဲ့တာ။ကျွန်တော်တို့က ဘာကိုမှဂရုမစိုက်ဘဲ တန်းပြန်လာတာ။ဒါပေမဲ့ သခင်လေး ရန်ရှန်နှင့်ကျွန်တော်က အတူတူပြန်လာတာ။ရန်ရုံနှင့်ရန်ရက အရက်မူးနေလို့ နောက်ကျနေတာလို့ ထင်တာကြောင့် သူတို့မပါဘဲ ရထားလုံးနှင့်ပြန်သွားလိုက်ပြီး သူတို့ကိုမြင်းနဲ့လိုက်လာလိမ့်မယ်လို့ထင်လိုက်တယ်။ဒါပေမဲ့ မိုးလင်းတော့ စူလီခြံဝင်းက အစောင့်တွေရောက်လာပြီး သူတို့က ရန်ရုံနှင့်ရန်ရက စူလီခြံဝင်းက ဒုတိယသခင်မလေး၏အစေခံကို စော်ကားခဲ့တယ်လို့ သတင်းပေးပြီးသခင်လေးကို သူတို့က ခေါ်ဆောင်သွားတယ်"
ဝူရုန်က"မင်းတို့စူချင်ခြံဝင်းက ထွက်သွားပြီး မင်းတို့က ဘေးတံခါးကနေ ထွက်သွားတယ်ဆိုရင် မင်းတို့က စူလီခြံဝင်းနှင့်အခြားခြံဝင်းတွေကို ဖြတ်ရမှာဘဲ။ဒါပေမဲ့ ရန်ရုံနှင့်ရန်ရက ဘယ်လိုလုပ်ပြီး စူလီခြံဝင်းထဲကို သွားရတာလဲ?"
ရန်ရှန်းက ဝမ်းနည်းနေသောမျက်နှာနှင့်ပြောလိုက်တယ်"ကျွန်တော်တို့ ငါးယောက်က ဘေးတံခါးကနေ အတူထွက်လာတာဘဲ။ဒါပေမဲ့ သူတို့က အထဲကိုဘယ်လိုဝင်သွားလဲဆိုတာ ကျွန်တော်တို့မသိဘူး။"
"ငါအထဲကိုဝင်သွားပြီး ဘာဖြစ်နေလဲကြည့်လိုက်မယ်"
ဝူရုန်ပြောပြီးသွားသည့်အချိန်မှာဘဲရှိယန်က"ကြင်ယာတော် သခင်လေးရန်ထွက်လာပြီ"
--------------------------------
(1400)
10/8/20