Chapter(21)ပိုမပြောနဲ့
"အမေ ဒီအကြောင်းကိုမသိဘူး"ဂေါင်တုန်ကဝန်ခံလိုက်တယ်။"မင်းရဲ့စိတ်စွမ်းအင်တွေက ချိတ်ပိတ်ထားခံရတာလား?မင်းအခု စိတ်စွမ်းအင်တွေ တကယ်ရှိနေပြီလား?"
"ဒီချိတ်စည်းကိုချိုးဖြတ်နိုင်ပြီလား?"
ဝူရုန်ကခေါင်းငြိမ့်လိုက်ပြီး"ကျွန်တော် အသက်ရှည်အချပ်ပြားကိုချိုးလိုက်ပြီး စိတ်စွမ်းအင်ချိတ်စည်းကို ချိုးဖြတ်လိုက်တာ"
"ဒါဆိုမင်းအခုကျင့်ကြံနိုင်ပြီလို့ပြောတာလား?"သူမက ဝူရုန်၏လက်ကို စိတ်လှုပ်ရှားစွာကိုင်ပြီး ရှိုက်ငို၍ပြောလိုက်တယ်"ကောင်းတယ် ကောင်းတယ် သားအခုတော့ ကျင့်ကြံနိုင်တော့မယ် "
သူမက သူမသားငယ်က မကျင့်ကြံနိုင်တာကြောင့် ဝမ်းနည်းခဲ့ရသည်။သူမသားငယ်က ပိုပိုပြီးဝလာသည့်အခါ လူတွေ၏ ရယ်မောလှောင်ပြောင်ခြင်းခံရတိုင်း သူ့ကိုဒီလိုခန္ဓာကိုယ်ကိုပေးခဲ့သည့်အတွက် သူမကိုယ်သူမအပြစ်တင်ခဲ့သည်။
အခုအချိန်ထိ မကြာခဏအိမ်မက်ထဲမှာ သူမသားငယ်က ဘာကြောင့်သူ့မှာ စိတ်စွမ်းအားတွေမရှိတာလဲဟု ငိုပြီးမေးနေခဲ့တယ်။ဒီအိမ်မက်ကနေ သူမနိုးလာသည့်အခါတိုင်း သူမနှလုံးသားကနာကျင်ခဲ့ရသည်။
ဝူရုန်က သူ၏အမေသည် သူ့ကြောင့်ညကျရင် ကောင်းကောင်းမအိပ်နိုင်ဘူး ဆိုတာသိတယ်။ဝူရုန်က သူမ၏မျက်ရည်တွေကို သုတ်ပေးရင်း"ကျွန်တော်က အကိုကြီးလိုဘဲ ကျင့်ကြံနိုင်ပြီ။ ဒါကြောင့် ကျွန်တော့်ကို မစိုးရိမ်ပါနဲ့။ပြီးတော့ ကျွန်တော်က လျို့ဝှက်စွမ်းရည်ခုနှစ်မျိုးကိုရထားသေးတယ်"
သူမဝူရုန်ကိုကြည့်၍"မင်းပြောတာလျို့ဝှက်စွမ်းရည်လား?"
"ဟုတ်တယ်။ကျွန်တော်ကလျို့ဝှက်စွမ်းရည်ခုနှစ်မျိုးကိုရရှိခဲ့ပြီး အဲဒါတွေက အရိပ်... "
"ပိုမပြောနဲ့"သူမက ဝူရုန်၏ပါးစပ်ကိုပိတ်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။တံခါးကိုကျယ်ကျယ်ဖွင့်ထားတာတွေ့လိုက်ရတာကြောင့် သူမအပြင်မှာ ဘယ်သူမမရှိတာ သေချာအောင် စစ်ဆေးလိုက်ပြီးနောက်တံခါးကိုပိတ်လိုက်တယ်။
"သားရဲ့စွမ်းရည်အကြောင်းဘယ်သူ့ကိုမှမပြောနဲ့"
အရင်ဘဝတုန်းကလည်း သူမက ဝူရုန်ကိုတူညီစွာပြောခဲ့သည်။ဒါပေမဲ့ဝူရုန်က ရန်ကျီဇောင်ကိုယုံကြည်ရသူဟု ထင်ခဲ့တာ
ကြောင့် သူကအားလုံးကိုပြောပြခဲ့သည်။
"အဖေကိုလည်းမပြောရဘူးလား"ဝူရုန်ကမေးလိုက်သည်။
"မပြောရဘူး"ဂေါင်တုန်သည်ခေါင်းခါလိုက်သည်။
"အနည်းဆုံးတော့ မင်းလုံလောက်အောင် မသန်မာခင်အထိဘယ်သူ့ကိုမှ မပြောနဲ့။အမေပြောတာနားလည်ရဲ့လား?"
"ဟုတ် ကျွန်တော်နားလည်ပြီ။အမေသိလား?အရိပ်..."
ဂေါင်တုန်ကသူ့သားကိုကြားဖြတ်ပြောလိုက်သည်။
"အမေကသားကို ဘာမှမပြောပြနိုင်ဘူး။အမေ့ကို မမေးနဲ့"
အရင်ဘဝတုန်းက သူက အသက်ရှည်အချပ်ပြားကို ဘယ်သူပေးပို့ခဲ့လဲဆိုတာ မသိခဲ့တာကြောင့် သူက သူ့အမေကိုဒီအသက်ရှည်အချပ်ပြားက ဘယ်လိုရထားလဲဆိုတာ မမေးခဲ့ဘူး။ဒါပေမဲ့ အခု အသက်ရှည်အချပ်ပြားက ဘယ်သူပို့ခဲ့လဲဆိုတာ သိနေတာကြောင့် သူက အရိပ်သူခိုးစွမ်းရည်အကြောင်းပိုသိချင်ခဲ့တယ်။
"အမေကကလန်ထွက်လာသည့်အချိန်တုန်းက ကလန်နှင့် ပတ်သက်ပြီး ဘာကိုမှထုတ်မပြောဘူးလို့ ကျမ်းကျိန်ခဲ့တယ်"
"ကျွန်တော်သိပြီ"ဝူရုန်ကခေါင်းငြိမ့်လိုက်တယ်။
"သားကအခြားကလေးတွေထက်နှစ်ပေါင်းများစွာ နောက်ကျနေပြီ။သူတို့က သူတို့၏စွမ်းရည်တွေအကြောင်းကို ကောင်းကောင်းသိနေပြီ။ဒါကြောင့် သူတို့ကို လေ့လာပြီး သားက ပိုပြီးကြိုးစားရမယ်။အမေပြောတာနားလည်ရဲ့လား?"
ဝူရုန်သည် သူမက သူ့ကိုအရိပ်အမြွတ်ပေးနေတယ်ဟုထင်တာကြောင့် ဒီစကားလုံးတွေကိုစိတ်ထဲမှာ မှတ်သားထားလိုက်တယ်။
ဝူရုန်က ဂေါင်တုန်ကိုမေးလိုက်တယ်"အမေကျွန်တော့်မှာ မေးစရာတစ်ခုရှိတယ်။အမေမဖြေချင်ရင်လည်း ရတယ်"
ဂေါင်တုန်က စဉ်းစားလိုက်ပြောလိုက်တယ်"ပြောကြည့်လေ"
"အရင်တုန်းက အမေ့မှာ စိတ်စွမ်းအင်ရှိသလား?အမေက တစ်ခြားလူတွေထက် ပိုသာတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ခဲ့တာလား?"
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သူ၏အဘိုးအဘွားတွေက သူ့ရဲ့အမေက သာမာန်လူသာဖြစ်ပြီး သူ့အဖေအတွက် မကောင်းဘူးဟုထင်တာကြောင့် သူ့အမေကိုသဘောမကျခဲ့ဘူး။
ဂေါင်တုန်သည် တုံ့ဆိုင်းစွာနှင့် ခေါင်းငြိမ့်လိုက်တယ်။
"...."ဝူရုန်က ဘာပြောရမလဲတောင်မသိတော့ဘူး။သူ့အမေက သူ့အဖေအတွက် အများကြီးစွန့်လွတ်ခဲ့ရတယ်။သူမ၏ မိသားစုနှင့် ကျင့်ကြံနိုင်သည့်စွမ်းရည်တွေကို စွန့်လွှတ်ခဲ့ရတယ်။သူ့အဖေက သူ့အမေကို အကြွေးတင်နေတယ်လို့ ပြောတာက အံ့သြစရာမဟုတ်တော့ဘူး။
"အပြင်ကိုထွက်စို့ အမေ"
ဝူရုန်က သူ့အမေအကူအညီနှင့် အနောက်ဘက်ခြံဝင်းအပြင်ကို ထွက်လာသည့်အချိန်မှာ အစေခံတစ်ယောက်က တင်ပြလာတယ်"သခင်လေး သခင်လေးရန်က သခင်လေးကို ခန်းမထဲမှာ စောင့်နေတယ်။"
------------------------------
(1400)
6/8/20
--------------------------------------------
Chapter(22)ရန်ကျီဇောင်
သခင်လေးရန်!ရန်ကျီဇောင်!
ဝူရုန်၏ မျက်လုံးတွေက နီရဲလာပြီး သူ၏ခန္ဓာကိုယ်က ဒေါသထွက်လာတာကြောင့် တုန်ရီလာတယ်။သူက ခါးသီးသည့်ခံစားချက်တွေက ဖြစ်ပေါ်လာပြီး မရပ်တန့်နိုင်ဘူး။
"သ..သခင်လေး"အစေခံသည် ဝူရုန်၏မျက်လုံးတွေနီရဲနေပြီး လာပြီး ဒေါသထွက်လာသည့် ပုံကြောင့် ကြောက်လန့်လာတယ်။
ဂေါင်တုန်က ဝူရုန်၏ခန္ဓာကိုယ်ပြောင်းလဲမှုကို သတိထားမိတာကြောင့် မေးလိုက်တယ်"ရုန်အာ ဘာဖြစ်လို့လဲ?"
ဝူရုန်က သူ၏မိခင်ကို မကြောက်လန့်စေချင်တာကြောင့် မျက်စိမှိတ်လိုက်တယ်။
သူက ပြန်လည်မွေးဖွားလာပြီးကတည်းက ရန်ကျီဇောင်နှင့် မျက်နှာချင်းဆိုင်ရမယ်ဆိုတာ တွေးထားပြီးဖြစ်တယ်။ဒါပေမဲ့အခု အစေခံက ရန်ကျီဇောင်၏အမည်ကို ပြောတော့ သူက သတ်ချင်လွန်းလို့မစောင့်နိုင်တော့ဘူး။
မဟုတ်သေးဘူး။ရန်ကျီဇောင်ကို လွယ်လွယ်နှင့်သတ်လို့ မဖြစ်ဘူး။သူ့နောက်ကွယ်က လျို့ဝှက်ဆန်းကျယ်သည့်လူကို ရှာရအုန်းမယ်။ရန်ကျီဆောင်ကိုလည်း မသတ်ခင်ညှင်းပန်းနှိပ်စက်ရအုန်းမယ်။
ဝူရုန်က မျက်လုံးတွေကို ပြန်ဖွင့်လိုက်ရင်း"ကျွန်တော် အဆင်ပြေတယ်။အမေက အဖေ့ကို ကူညီဖို့သွားပါလား?အဖေကလက်အပိုမရှိဘူးလေ"
"ဒါဆိုသားကရော"ဂေါင်တုန်က စိုးရိမ်စွာနှင့်မေးလိုက်တယ်။
"ကျွန်တော်က ကျီဇောင်ကိုသွားတွေ့ရမယ်"ဝူရုန်က ကျီဇောင်ဆိုတာကို သွားကြားထဲကလေသံနှင့်ပြောလိုက်တယ်။
"မင်းတို့လည်း တစ်ယောက်နှင့်တစ်ယောက် မတွေ့တာကြာနေပြီ။စကားကောင်းကောင်းပြောကြ။"
"အွင်း"
ဂေါင်တုန်ထွက်သွားပြီးသည့်နောက်မှာတော့ ဝူရုန်က ရှိယုတို့၏အကူအညီနှင့် ခန်းမဘက်ကို လျှောက်လာခဲ့တယ်။သူက ခန်းမရှေ့မှာရပ်နေသည့် ရန်ကျီဇောင်၏အစောင့်လေးယောက်ကို တွေ့လိုက်ရတယ်။သူက ဒီလေးယောက်က သူ့အမေကိုစော်ကားခဲ့တာကိုတွေးမိသွားပြီး သူက သူတို့ရဲ့ညစ်ညမ်းသည့် လှောင်ရယ်သံကိုတောင် ကြားနေရသလိုခံစားရတယ်။
သူက အခုချိန်မှာ ရန်ကျီဇောင်ကို မသတ်နိုင်ပေမဲ့ ဒီလေးယောက်ကတော့ မတူဘူး။
ဝူရုန်က ရှိယုတို့ကို"မင်းတို့မမြင်နိုင်အောင်ဖုန်းကွယ်နိုင်တဲ့ စွမ်းရည်ရှိလား?"
သူတို့က အစေခံခေါင်းဆောင်ဖြစ်တာကြောင့် စိတ်စွမ်းအင်တွေမရှိသေးဘူးဆိုရင်တောင် အချို့သော ကျွမ်းကျင်မှုတွေရှိ နိုင်တယ်ဟု သူကယူဆလိုက်တယ်။
အစေခံတွေက ခေါင်းခါလိုက်တယ်။
ဝူရုန်ကထပ်မေးလိုက်တယ်"မင်းတို့အချက်အလက်တွေကိုလေ့လာရပြီလား?"
ရှိရီက တုံ့ဆိုင်းစွာနှင့်ပြောလိုက်တယ်"ကျွန်တော်က အခုစတင်သူဘဲရှိသေးတယ်"
"ဒါကလုံလောက်တယ်"ဝူရုန်က ရှိယုကို အနီးမှာရှိသည့် အခန်းတစ်ခုကို ခေါ်ဆောင်သွားခိုင်းပြီး စက္ကူနှင့်စုတ်တံကို ယူ၍ပုံဆွဲလိုက်ပြီး"ငါဆွဲထားသလိုလုပ်နိုင်လား?"
"ဟုတ်"
"မင်းငါဆွဲထားသလိုလုပ်ရမယ်။ဒီညလူခြေတိတ်တဲ့ အချိန်မှာလုပ်ရမယ်။ဖုန်းကွယ်ထားဖို့မမေ့နဲ့"
"ဟုတ်"
နောက်တော့ ဝူရုန်က အရှေ့ဘက်ခြံဝင်းကိုပြန်လာလိုက်တယ်။ဝူရုန်ကို ရန်ကျီဇောင်၏ အစောင့်တွေက တွေ့သွားပြီးနှုတ်ဆက်လိုက်တယ်"သခင်လေးရုန်"
ဝူရုန်က အားတင်းပြီးပြုံးလိုက်ရင်း သူ၏ဒေါသကို လက်သီးကိုတင်းကျပ်စွာဆုတ်၍ ထိန်းချုပ်လိုက်ပြီး"ဒီနေ့အရမ်းအေးတယ်။မင်းတို့အတွက် မီးဖိုချောင်ထဲမှာ အရက်ပြင်ထားပေးတယ်"
"ကျေးဇူးတင်ပါတယ်"သူတို့က ဝူရုန်ကို ကျေးဇူးတင်လိုက်ပြီးပျော်ရွှင်စွာနှင့် သူတို့နှင့်ရင်းနှီးနေသည့် မီးဖိုချောင်ကိုသွားလိုက်တယ်။
ခန်းမထဲက အသံပြန့်လွင့်လာတယ်"ရုန်အာ မင်းက ငါ့အစေခံတွေကို ဖျက်စီးစေတာဘဲ။သူတို့က အခုဆိုရင် အားတိုင်းနေရာရှာပြီး အရက်သောက်နေတော့တာဘဲ"
အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်လောက်ရှိပြီး ကြည့်ကောင်းတဲ့ ရုပ်ရည်နှင့်စာပေသမားပုံပေါက်သည့် လူငယ်တစ်ယောက်က ထွက်လာခဲ့တယ်။သူ၏မျက်လုံးထောင့်တွေက သူက ယုတ်မာတတ်သူမှန်းဖော်ပြနေတယ်။
ဝူရုန်သည် ဘာမှမပြောဘဲစိုက်ကြည့်နေလိုက်တယ်။
ဝူရုန်၏စိုက်ကြည့်မှုကြောင့် ရန်ကျီဇောင်က သက်တောင့်က်သာမဖြစ်သလိုခံစားရတယ်။သူက ကိုးယိုးကားယားနှင့် ပြောလိုက်တယ်"မင်းက ငါ့ကိုဘာမှပြောစရာမရှိဘူးလား?ငါတို့က လွန်ခဲ့တဲ့ လဝက်လောက်ကတည်းက မတွေ့ရတာလေ"
------------------------
(1200)
7/8/20