Chapter(17)ပြုစားကပ်ပါးကောင်
ဟေးရှင်းသည် အတော်ဆုံးနှင့်ကျွမ်းကျင်မှုအရှိဆုံးဖြစ်ရုံသာမက လျှင်မြန်မှုလည်းရှိသည့် လက်သမားအဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့တယ်။သူတို့က တစ်ရက်ထဲနှင့်အခန်းကို အဆင့်သင့်ဖြစ်ရုံသာမက ဆယ့်နှစ်ပေရှိသည့် အိပ်ရာခင်းကဲ့သို့ ဆယ့်နှစ်ပေရှိသည့် ကုတင်ကိုလည်း လုပ်ဆောင်ပြီးသွားတယ်။ဟေးရှင်းက ခုတင်အောက်တွင် ပစ္စည်းများထည့်ထားတာကြောင့် ဒီကုတင်ကို တစ်ယောက်မှ ကျိုးအောင်လုပ်နိုင်မှာ မဟုတ်ဘူး။
ညရောက်သည့်အခါမှာတော့ ဝူရုန်က ကုတင်ရှေ့တွင် ရပ်၍ကြည့်နေတယ်။တကယ်လို့ အိပ်ရာခင်းသာမရှိရင် ဝူရုန်က ကုတင်လို့မတွေးဘဲ အခန်းငယ်လေးလို့ တွေးနိုင်တယ်။
ဝူရုန်က ခုတင်ပေါ်မှာ ထိုင်ပြီးစဉ်းစားနေတယ်။ ဟေးရွမ်ရီကတကယ်ဘဲ သူနှင့်တစ်ခုတင်ထဲ အိပ်မလို့လား?
အရင်ဘဝတုန်းက သူတို့က ဘယ်တော့မှ တစ်ခုတင်ထဲ မအိပ်ကြဘူး။ဒါက သူက ဟေးရွမ်ရီအပေါ်ထားသည့် သဘောထားပြောင်းလဲသွားတာကြောင့် အရာရာတိုင်းက ပြောင်းလဲသွားတာလား?
ဝူရုန်ကမျက်မှောင်ကြုတ်လိုက်တယ်။
ကောင်းပြီလေ။ထားလိုက်ပါတော့။ဒီကုတင်ကလည်းဒီလောက်တောင်ကြီးနေတာဘဲ။သူတို့က တစ်ယောက်နှင့်တစ်ယောက်မထိနိုင်ဘူး။ပြီးတော့ သူနှင့်ဟေးရွမ်ရီက ယောကျာ်းတွေလေ။သူက မိန်းမတစ်ယောက်လိုတော့ ဟေးရွမ်ရီရဲ့အနှောင့်အယှက်ပေးတာကို ခံရမှာကို စိုးရိမ်ဖို့မလိုဘူး။ဒါ့အပြင် သူကဒီလောက်ထိ ဝနေတာ ဟေးရွမ်ရီက သူ့ကိုခံစားချက်ရှိဖို့မဖြစ်နိုင်ဘူး။
ဝူရုန်ကသူ့ကိုယ်သူရယ်လိုက်တယ်။
သူကအတွေးလွန်နေတာဘဲ။တစ်ခုတင်ထဲအိပ်တာနဲ့ ဟေးရွမ်ရီက သူ့ကို စိတ်ဝင်စားတယ်လို့မဆိုလိုဘူးလေ။
သူကဘဲ ဝူရုန်ကို အတင်းဆာလောင်နေသလိုနှင့်။
မကြာခင်မှာဘဲ ဟေးရွမ်ရီက အခန်းထဲကို ဝင်လာတယ်။ဟေးရွမ်ရီက အဝတ်အစားချွတ်လိုက်ပြီး ဝူရုန်ဘေးမှာလဲလျောင်းလိုက်ရင်း ဖယောင်းတိုင်မီးကို သူ့လက်ချောင်းတွေကို ဝေ့ယမ်းပြီးငြိမ်းလိုက်တယ်။
ဝူရုန်က တစ်ယောက်ယောက်ဘေးမှာရှိတာ အလေ့အကျင့်မရှိတာကြောင့် အိပ်လို့မရဘဲလိမ့်လိုက်တယ်။ပြီးတော့ ထပ်လိမ့်နေတယ်။သူက လေအေးတွေ တိုက်ခတ်လာတာကြောင့်သူ့ကိုယ်သူနွေးလာအောင် ခက်ခက်ခဲခဲလုပ်နေရသလိုမျိုး ခံစားနေရတယ်။
"အိပ်တော့"ဟေးရွမ်ရီက နက်နဲသည့်အသံနှင့် ပြောလိုက်တယ်။
တကယ်လို့ သူသာအိပ်ပျော်ရင် ဘာကြောင့်လိမ့်နေရမှာလဲ။ဝူရုန်က ဟေးရွမ်ရီကိုကြည့်၍ နောက်ကျောပေးလိုက်တယ်။
ဒီအချိန်မှာဘဲ လက်မောင်းတစ်ဖက်က သူရဲ့ခါးပေါ်ရောက်လာပြီး သူ၏နောက်မှာရှိသည့် လူက သူနဲ့နီးကပ်လာတယ်။
ဝူရုန်သည် ဟေးရွမ်ရီ၏ခ န္ဓာကိုယ်အပူချိန်ကို ခံစားရတာကြောင့်အေးခဲသွားတယ်။
သူက ဟေးရွမ်ရီ၏လက်မောင်းအောက်က လွတ်အောင်ရွေ့ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ ဒီလူရဲ့စကားသံထွက်ပေါ်လာတယ်"မင်းမှာစိတ်စွမ်းအင်ရှိတာလား?"
ဝူရုန်က သူ့ခန္ဓာကိုယ်ထဲကို ဟေးရွမ်ရီ၏ စိတ်စွမ်းအင်စီးဝင်လာတာကို ခံစားမိတာကြောင့် သူကဝန်ခံလိုက်တယ်"ကျွန်တော်မွေးတဲ့အချိန်ထဲက စိတ်စွမ်းအင်ရှိတယ်။ဒါပေမဲ့ ချိတ်ပိတ်ခံထားရတာ။ကျွန်တော့်အဘိုးပေးတဲ့ အသက်ရှည်ချပ်ပြားအကူအညီနဲ့ ချိတ်ပိတ်ထားတာကို ချိုးဖြတ်လိုက်တာ"
ဝူရုန်က ဒီအကြောင်းကို အချိန်အတော်ကြာ လျို့ဝှက်ထားချင်ခဲ့တာဖြစ်တယ်။
ဟေးရွမ်ရီ၏စိတ်စွမ်းအင်သည် ဝူရုန်၏စိတ်စွမ်းအင်နယ်မြေတွင် ရပ်တန့်သွားတယ်။ရုတ်တရက် ဟေးရွမ်ရီ၏မျက်ဝန်းတွေက ကျဉ်းမြောင်းသွားပြီး"ပြုစားကပ်ပါးကောင်လား?"
ဝူရုန်ကအံ့သြသွားတယ်"ခင်ဗျား ကျွန်တော့် ခန္ဓာကိုယ်ထဲမှ ပြုစားကပ်ပါးကောင်ရှိတာ သိနိုင်တယ်"
ဝူရုန်ရဲ့မိဘတွေက နှစ်ပေါင်းများစွာကြာအောင် သူရဲ့ခန္ဓာကိုယ်ထဲမှာ ပြုစားကပ်ပါးကောင်ရှိနေတာကို မစစ်ဆေးနိုင်ခဲ့ဘူး။ဒါပေမဲ့ ဟေးရွမ်ရီက စက္ကန့်ပိုင်းအတွင်း စစ်ဆေးပြီးအဲဒါ၏တည်ရှိမှုကို သိနိုင်ခဲ့တယ်။လျို့ဝှက်ဆန်းကျယ်သည့်လူက ဟေးရွမ်ရီကို ကြောက်တာအံ့သြစရာမဟုတ်တော့ဘူး။
ဝူရုန်က တုံ့ဆိုင်းနေပြီးမှရှင်းပြလိုက်တယ်"ကျွန်တော့်အမေက ကျွန်တော့်ကို ကိုယ်ဝန်ဆောင်ထားတုန်းက အဆိပ်မိခဲ့ပြီးပြုစားကပ်ပါးကောင်က ရှိနေရတာဘဲ။ဒါက ကျွန်တော်ကဘာကြောင့်ဝနေလဲဆိုတာဘဲ"
ဝူရုန်ရှင်းပြတာကိုနားထောင်ပြီးနောက် ဟေးရွမ်ရီက ဝူရုန်၏ဗိုက်ကိုဖျစ်ညစ်လိုက်တယ်။ဝူရုန်က နာကျင်သွားတာကြောင့်မျက်မှောင်ကြုတ်လိုက်တယ်။အရင်ဘဝတုန်းက သူနှင့် ဟေးရွမ်ရီက ဆယ်နှစ်ကျော်လောက် အတူရှိခဲ့တာကြောင့် ဟေးရွမ်ရီရဲ့စိတ်ကိုသူနားလည်တယ်။
"ကျွန်တော်က ကပ်ပါးကောင်တွေ ထုတ်ဖို့နည်းလမ်းကို အခုထိမသိသေးဘူး"ဝူရုန်ကလိမ်ပြောလိုက်တယ်။
ပြုစားကပ်ပါးကောင်တွေက စိတ်စွမ်းအင်တွေကို စုပ်ယူနိုင်သည့်သေစေနိုင်တဲ့ ကပ်ပါးကောင်တွေဖြစ်တယ်။ဒါကြောင့် သွေးကြောထဲမှာ ရှိနေတဲ့ ကပ်ပါးကောင်တွေကြောင့် သူဘယ်လောက်ပြင်းပြင်းထန်ထန်လေ့ကျင့်ကြံနေပါစေ အကြောင်းမထူးပါဘူး။သူရဲ့စိတ်စွမ်းအင်တွေက ပျောက်ကွယ်သွားလိမ့်မယ်။ဒါကဘဲ ဝူရုန်ကမြန်မြန်မကျင့်ကြံခြင်းရဲ့ အကြောင်းပြချက်ဖြစ်တယ်။အရင်ဘဝတုန်းက ဝူရုန်က ကပ်ပါးကောင်အကြောင်းကို မသိခင်အချိန်တုန်းက ဝသထက်ဝခဲ့တယ်။
ဒါကြောင့် ဝူရုန်က သူဝလာသည့်အကြောင်းရင်းကို ရှာဖွေရင်းချိတ်စည်းကိုမချိုးဖြတ်ခင်မှာဘဲ ကပ်ပါးကောင်တွေကို ထုတ်လိုက်တာဖြစ်တယ်။ဒါကြောင့် သူက စိတ်စွမ်းအင်တွေကိုကျင့်ကြံလို့ရတာဖြစ်တယ်။ဒါပေမဲ့လည်း သူရဲ့ဆရာက ကပ်ပါးကောင်တွေကို မြန်မြန်ဆန်ဆန်မထုတ်ပစ်ရင် အန္တရာယ်ရှိတယ်ဟုပြောခဲ့တယ်။ဒါကြောင့် သူက လအနည်းငယ်အတွင်းမှာ ကပ်ပါးကောင်တွေကို ထုတ်နိုင်အောင် လုပ်ဆောင်ရမယ်။
ဝူရုန်ကို အဆိပ်ခပ်ခဲ့သည့် လူက ဝူရုန်ကိုစိတ်စွမ်းအားတွေကို ပြန်မရစေချင်ရုံသာမက ဝူရုန်ကို သေစေချင်ခဲ့တာဖြစ်တယ်။
ဟေးရွမ်ရီ၏မျက်ဝန်းတွေသည်အေးစက်သွားပြီး သူကဝူရုန်ရဲ့ဗိုက်ကိုနူးနူးညံ့ညံ့လေးပွတ်ပေး၍ သူက စိတ်စွမ်းအင်တွေကို ပို့လွတ်လိုက်တယ်။ကပ်ပါးကောင်တွေက ချက်ချင်းစိတ်စွမ်းအင်တွေကို စုတ်ယူသွားတယ်။
ဝူရုန်သည် ရင်းနှီးသည့်ခံစားချက်ကြောင့် အံ့သြသွားတယ်။
အရင်ဘဝတုန်းက သူပြုစားကပ်ပါးကောင်တွေကို ထုတ်ပစ်ရန် လေ့လာနေချိန်မှာ တူညီသောခံစားချက်မျိုးရှိခဲ့တယ်။ဒါကလည်း ညမှာတစ်ယောက်ယောက်က သူရဲ့ဗိုက်ကို ပွတ်ပေးတယ်ဟု ခံစားရပေမဲ့ သူနိုးလာသည့်အချိန်တိုင်း တစ်ယောက်မှ မတွေ့ခဲ့ဘူး။ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ သူထက်ပြီးဝမလာတော့သာဖြစ်နိုင်လား?ဒါက......ဖြစ်နိုင်လား?
စိတ်စွမ်းအင်ပို့လွတ်ပြီးသွားသည့်အခါမှာတော့ ဝူရုန်က လိမ့်လိုက်တယ်။
ဟေးရွမ်ရီက စိတ်စွမ်းအင်ပို့လွတ်ပြီးသွားသည့်အခါ သူရဲ့လက်ကို နောက်ဆုတ်လိုက်တယ်။
*****
readerလေးတွေcomment/vote/ follower
ျလေးတွေပေးအုန်းနော်
Thank you
----------------------
(2100)
5/8/20
------------------------------------------
Chapter(18)ကျွန်တော်က သူတို့ကိုအရမ်းကြိုက်တယ်
နောက်တစ်နေ့မနက်မှာ ဝူရုန် မနက်စာစားပြီးသည့်နောက်မှာ ရှန်ဂျူကမိန်းကလေးနှစ်ယောက်၏ပုံကိုပြခဲ့တယ်။တစ်ယောက်က ကြည့်ကောင်းပြီး ရည်မွန်သည့်ပုံနှင့် နောက်တစ်ယောက်က အရိုင်းဆန်ပြီးဆွဲဆောင်မှုရှိတယ်။သူတို့နှစ်ယောက်လုံးက အပျော်မယ်တွေဖြစ်ကြတယ်။သူတို့နှစ်ယောက်လုံးမှာ ဝိညာဉ်ကိုတောင်ဆွဲဆောင်နိုင်သည့် မျက်ဝန်းတွေရှိပြီး ဒါက ဝူတနှင့်ဝူရှောင်ကိုရူးသွပ်စေလိမ့်မယ်။
ဝူရုန်သည် ရှိဂျူ၏ ကျွမ်းကျင်မှုကို စိတ်ကျေနပ်သွားတယ်။သူက ဝူတနှင့်ဝူရှောင်ကို ပုံတွေပေးလိုက်ရင်း"မင်းတို့ သူတို့ကို ကြိုက်ရဲ့လား?"
"သခင်လေးဒါကဘာလဲ...."ဝူတနှင့်ဝူရှောင်က အံ့သြစွာမေးလိုက်တယ်။
"ငါက မင်းတို့အတွက် ရှိဂျူကိုရှာခိုင်းထားတဲ့ မိန်းမတွေဘဲ မင်းတို့မကြိုက်ဘူးလား?"
ဝူတနှင့်ဝူရှောင်က စိတ်လှုပ်ရှားသွားပတယ်။သူတို့က သခင်၏အစားအစာကို လဲလှယ်ခဲ့တာကြောင့် အပြစ်ပေးမှာကို စိုးရိမ်နေခဲ့တယ်။ဒါပေမဲ့ ဝူရုန်က သူတို့အတွက် မိန်းမတွေကိုရှာပေးမယ်လို့ မမျှော်လင့်ခဲ့ဘူး။ဒါက ဝူရုန်က သူတို့လုပ်ထားတာတွေကို သတိမထားမိဘူးဆိုတာ ပြနေတယ်။သူတို့က ပျော်ရွှင်စွာနှင့်ပြောလိုက်တယ်"ကျွန်တော်တို့ကြိုက်တယ် အရမ်းကြိုက်တယ်။ဒါပေမဲ့သခင်လေး သူတို့ကကျွန်တော်တို့မိန်းမဖြစ်လာနိုင်ပါ့လား?"
"သေချာတာပေါ့ မင်းတို့မိန်းမဘဲ။အနည်းဆုံးတော့ သူတို့ကငါ့ဟာမဟုတ်ဘူး"ဝူရုန်ကပုံတွေကိုညွှန်ပြလိုက်ပြီး"တစ်ယောက်စီရွေးလိုက်"
ဝူတက သေချာအောင်အတည်ပြုလိုက်တယ်"ဒါပေမဲ့သူတို့က လှတယ်။ကျွန်တော်တို့ကို လက်ထပ်ဖို့သဘောတူပါ့မလား?"
ဝူတက သူ့ကိုယ်သူကောင်းကောင်းသိပါတယ်။သူနှင့်သူ့ညီကရုပ်မချောပါဘူး။ဒီမိန်းကလေးတွေက သဘောတူပါ့မလား။
"မင်းတို့ကငါ့အစေခံတွေဘဲ။သာမာန်လူထက်ပိုမြင့်တယ်။သူတို့က သေးငယ်သည့်မိသားစုကဘဲ။သူတို့က မင်းတို့နဲ့နေရင် သူတို့အတွက်ပိုကောင်းတယ်"
ဝူတက လက်ခံယုံကြည်သွားပြီး ပုံတွေကို အနီးကပ်ဆွဲကြည့်လိုက်တယ်။နှစ်ယောက်လုံးက လှပတာကြောင့် သူ့ကိုရွေးချယ်ရခက်ခဲစေတယ်။အကောင်းဆုံးကတော့ ဖြစ်နိုင်ရင်နှစ်ယောက်လုံးကို သူလက်ထပ်ချင်ပါတယ်။
ဝူရှောင်ကလည်းမရွေးနိုင်ပါဘူး။
ဝူရုန်က ညီအကိုနှစ်ယောက်ရွေးရခက်နေတာကို ကြည့်ပြီးပျော်ရွှင်သွားတယ်။သူက လက်ဖက်ရည်ကိုယူ၍ ခွက်နှင့်ကွယ်ပြီး သူရဲ့ရယ်ချင်နေသည့်မျက်နှာကို ဖုန်းကွယ်လိုက်တယ်။
နောက်ဆုံးမှာတော့ ညီအကိုနှစ်ယောက်က ရှိဂျူနှင့်အတူ မိန်းကလေးတွေကို လျို့ဝှက်ပြီးသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပတယ်။အဲဒီနာက်မှာ မိန်းကလေးတွေက ပုံထဲကနဲ့ခြားနားမှုမရှိဘဲ လှပနေတာကိုတွေ့ခဲ့ရတယ်။
နှစ်နာရီလောက်ကြာတော့ ညီအကိုနှစ်ယောက်က ပျော်ရွှင်နေသည့်မျက်နှာနှင့်ပြန်လာတယ်။သူတို့ကဘယ်သူကဘယ်သူ့ကို လက်ထပ်မယ်ဆိုတာဆုံးဖြတ်လို့ရသွားပါပြီ။သူတို့က ဝူရုန်ကို လက်ထပ်ဖို့ရက်ရွေးချယ်ဖို့ရန် အိမ်ပြန်ဖို့ခွင့်တောင်းလိုက်တယ်။
သူတို့ထွက်သွားပြီးသွားသည့်နောက်မှာတော့ ဝူရုန်က ရှန်ဂျူကိုမေးလိုက်တယ်"သူတို့ဘယ်လို ရွေးလိုက်တာလဲ?"
"သူတို့က နှစ်ယောက်လုံးကိုကြိုက်နေကြတယ်။ဒါကြောင့်နောက်ဆုံးမှာ ကျောက်တုံး စက္ကူ ကတ်ကြေးကစားပြီးဘယ်သူက ဘယ်သူ့ကိုလက်ထပ်မယ်ဆိုတာ ဆုံးဖြတ်လိုက်ပါတယ်"ရှိဂျူကပြန်ဖြေလိုက်တယ်။
"နှစ်ယောက်လုံးကိုကြိုက်တာပေါ့။ကောင်းလိုက်တာ။အရမ်းကောင်းတယ်"ဝူရုန်ကအမိန့်ပေးလိုက်တယ်"မိန်းကလေး နှစ်ယောက်ကို တစ်ယောက်မှမမြင်စေဘဲ ဒီကိုသွားခေါ်ခဲ့"
"ဟုတ်"
ရှန်ဂျူက လုပ်ဆောင်တာအလွန်ကျွမ်းကျင်တယ်။သူက တစ်နာရီအတွင်း မိန်းကလေးနှစ်ယောက်ကို ရုပ်ဖျက်ပြီး ဝူရုန်ရှေ့ကိုခ်ါလာခဲ့တယ်"ကြင်ယာတော် ဘယ်ဘက်က တစ်ယောက်ကို လုရှောင်ယုလို့ခေါ်ပြီး နောက်တစ်ယောက်က ချန်အာဖြစ်တယ်။"
ဝူရုန်က မိန်းကလေးတွေကိုဘာလုပ်ရမယ်ဆိုတာ မပြောဘဲအချိန်အတော်ကြာစိုက်ကြည့်နေလိုက်တယ်။သူက မိန်းကလေးတွေကြောက်ရွံ့လာသည့်အခါမှ"မင်းတို့ဒီကို မလာခင်ထဲက ရှိဂျူက မင်းတို့ကို ဘာလုပ်ရမယ်ဆိုတာပြောပြီးသားဘဲ။အခုငါက မင်းတို့ကိုအမှတ်အသားစွဲထင်စေပြီး မင်းတို့က ငါ့အမိန့်တွေကိုလိုက်နာရမယ်။တကယ်လို့ မင်းတို့က ငါ့ကိုသစ္စာဖောက်မယ်ဆိုရင် ဒါမမဟုတ်ငါ့ကို သစ္စာဖောက်ဖို့တွေးခဲ့မယ်ဆိုရင်တောင် မင်းတို့သေဖို့ အရင်စဉ်းစားထားရလိမ့်မယ် "
ဝူရုန်က အိတ်နှစ်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး"မင်းတို့သဘောတူမယ်ဆိုရင်...."ဝူရုန်ကဆက်ပြောလိုက်တယ်။
"မင်းတို့ ဒီအိတ်ထဲမှာရှိသည့်ငွေပြားတစ်ထောင်ရလိမ့်မယ်။မင်းတို့အလုပ်ကောင်းကောင်းလုပ်ရင် ထပ်ရအုန်းမယ်"
ငွေပြားတစ်ထောင်ဆိုတာ သူတို့အတွက်တစ်ဘဝလုံးသက်တောင့်သက်သာနေဖို့လုံလောက်တယ်။ပြီးတော့ သူတို့ ယာယီဘဲအမှုထမ်းရမှာလေ။ဒါကြောင့် သူတို့က တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ဝူရုန်ကိုအမှတ်အသားစွဲထင်စေဖို့ သဘောတူလိုက်တယ်။
ဝူရုန်က လက်ချောင်းထိပ်ကို ကိုက်ဖောက်လိုက်ပြီး သွေးနဲ့သူတို့နဖူးပေါ်တွင်အစီအရင်ဆွဲလိုက်တယ်။သွေးတွေကတောက်
ပလာပြီး သူတို့၏အရေပြားအောက်ကို ဝင်ရောက်ပျောက်ကွယ်သွားတယ်။
အမှတ်အသားစွဲထင်စေပြီးသည့်နောက်မှာတော့ မိန်းကလေးနှစ်ယောက်က သူတို့လက်ထဲမှာ ငွေအိတ်ကိုကိုင်ထားပြီးပျော်ရွှင်စွာ ရှိဂျူနှင့်အတူထွက်သွားပါတယ်။
ညကျတော့ ဝူတနှင့်ဝူရှောင်ကပြန်လာခဲ့ပြီး ဝူရုန်ကိုဆယ်ရက်အတွင်း လက်ထပ်ဖို့ဆုံးဖြတ်ထားကြောင်းပြောခဲ့တယ်။
ဝူရုန်က တစ်ယောက်စီကိုငွေပြားတစ်ရာစီပေးလိုက်တယ်။
သူတို့ကလည်း ပျော်ရွှင်စွာထွက်သွားလိုက်တယ်။
သူတို့ပြန်လာနိုင်မလားကြည့်ရသေးတာပေါ့။ဝူရုန်ကလှောင်ရယ်လိုက်တယ်။ရက်အနည်းငယ်ကြာပြီးသည့်နောက် နောက်ဆုံးတော့ ဝူရုန်က သူ၏အဖေကိုကုသဖို့နှင့် သူ့ကိုယ်သူကုသဖို့ဆုံးဖြတ်လိုက်တယ်။
***
follower/ vote /commentလေးတွေပေးအုန်း
နော် ဟီးဟီးဟီး
----------------------
(1700)
6/8/20