COTAW(Zawgyi)
Galing kay Phyomyatsoe
257K 49.2K 791
bl ဘာသာပြန်ဝတ္ထုဖြစ်သည်။ Higit pa
Into
Chapter(1+2)
Chapter(3+4)
Chapter (5+6)
Chapter (7+8)
Chapter (9+10)
Chapter (11+12)
Chapter(15+16)
Chapter(17+18)
Chapter(19+20)ဟေးရွမ်ရီမြို့ပြင်ထွက်သွားတယ်
Chapter(21+22)
Chapter(23+24)
Chapter(25+26)
Chapter(27+28)
Chapter(29+30)
Chapyer(31+32):ပြဇာတ်(2)
Chapter(33+34+35)
Chapter 36:ဒီဘဝမှာတော့သူ့ကိုယုံကြည်မယ်
Chapter38:ဝူပုဖန်
Chapter39:ဒီလိုပြောရအောင်မင်းအရှက်မရှိဘူးလား?
Chapter40:မှော်လက်နက်တွေလုပ်ဖို့ပစ္စည်းတွေကမလုံလောက်ဘူးလား?
Chapter41:သူတို့အားလုံးကိုမှော်လက်နက်တွေလုပ်ပေးရမယ်
Chapter42:မင်းရူးနေတာလား?
Chapter43:ကျွန်တော့်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(1)
Chapter44:ကျွန်တော်ကိုဘယ်လိုအကျိုးအမြတ်ပေးမှာလဲ(2)
Chapter45:မင်းကငါ့ကိုမတွန်းလှန်နဲ့
Chapter46:ကိုင်လို့လဲမကောင်းဘူး
Chapter47:စုန်းတွေရဲ့ရိုးရာပွဲတော်
Chapter48:ခင်ဗျားတတ်နိုင်ပါတယ်
Chapter49:နိမိတ်ဆိုး
Chapter50:သူကအိမ်ရှေ့စံမင်းသား
Chapter51:သူ့ရဲ့ကံတရားကပြောင်းလဲသွားတယ်
Chapter52:သူတို့တော့တိုင်ပတ်ပြီ(1)
Chapter53:သူတို့တော့တိုင်ပတ်ပြီ(2)
Chapter54:ဒါက...
Chapter55:မင်းကအမှားလုပ်တာဖြစ်မယ်
Chapter56:လူတွေကိုကစားမယ်
Chapter57:မင်းတို့အရမ်းလွန်သွားပြီ
Chapter58-မင်းတို့ကိုယ်မင်းတို့လူလို့ခေါ်နိုင်သေးလား?
Chapter59:သူကကောင်းချီးပေးခံရတာဘဲ(1)
Chapter60:သူကကောင်းချီးပေးခံရတာဘဲ(2)
Chapter61:ဒါဆိုသူပေါ့
Chapter62:အဲဒါကအကောင်ပေါက်တော့မယ်
Chapter63:ကလေးလေးထွက်လာပြီ(1)
Chapter64:ကလေးလေးထွက်လာပြီ(2)
Chapter65:မင်းကကိုယ့်ကိုလက်ထပ်ထားတာလေ
Chapter66:ကလေးကကြီးတာအရမ်းမြန်တယ်
Chapter67:သူတို့ကရိုက်ခံရတယ်
Chapter68:သူကမွန်းစတားလေးဘဲ
Chapter(69)လင်းမိုဟန်
Chapter70:အပ်မှာအပ်ချည်ကိုထိုးမယ်(1)
Chapter(71+72)
Chapter73
Chapter74
Chapter(75+76)
Chapter(77-78)
Chapter79
Chapter:80
Chapter81:သူကကြင်နာတတ်တယ်(1)
Chapter:82
Chapter:83
Chapter:84
Chapter85
Chapter86
Chapter87
Chapter88
Chapter(89+90)
Chapter91
Chapter92
Chapter93
Chapter94
Chapter95
Chapter96
Chapter(97)
Chapter(98+99)
Chapter(100)
Chapter(101+102)
Chapter(103+104)
Chapter(105+106)
Chapter(107+108)
Chapter(109)
Chapter(110)A+B
Chapter(111+112+113)
Chapter(114+115)
Chapter(116)
Chapter(117+118)
Chapter(119+120)
Chapter(121+122)
Chapter(123+124)
Chapter(125)
(126+127)
Chapter(128+129+130)
Chapter(131+132+133+134)
Chapter(135+136+137)
Chapter(138+139+140)
Chapter(141+142+143)
Chapter(144+145)
Chapter(146+147+148)
Chapter(149+150+151+152)
Chapter(153+154+155+156+157)
Chapter(158 to 160)
Chapter(161 to 163)
Chapter(164 +165)
Chapter(166+167)
Chapter(168+169+170)
Chapter(171+172+173)
Chapter(174+175)
Chapter(176+177)
Chapter(178+179)
Chapter(180+181)
Chapter(182+183)
Chapter(184 +185)
Chapter(186+187)
Chapter(188+189)
Chapter(190+191)
Chapter(192+193+194)
Chapter(195+196+197)
Chapter(198+199+200)
Chapter(201-203)
Chapter(204+205)
Chapter(206-208)
Ch(209+210)
211-212
213-214
215-216
217-219
220+221
222-223
224+225
226-228
229+230
231+232
233-235
236-238
239-240
241-242
243-245
246-247
248-250
251-253
254-256
257-258
259-261
262-264
265-267
268-271
272-274
275-277
278-280
281-282
283+285
286-287
288-290
291-292
293-295
296-297
298-299
Ch(300-301)
302-303
304-305
306-308
309-310
311-313
314-316
317-318
319-320
321-322
323-324
325-326
327-328
Ch(329-330)
331-332
333-334
335-336
337-338
339-341
342-343
344-345
346-347
348-349
350-351
352-353
354-355
356-357
358-359
360-361
Hi
Chapter (13+14)
3.2K 653 6
Galing kay Phyomyatsoe
Chapter(13)လျှို့ဝှက်စွမ်းရည်များ
ဟေးဂန်သည် ဝူရုန်၏ စည်ဘိုင်းခန္ဓာကိုယ်က တံခါးဘောင်အတွင်းမှာ ပြည့်ညှပ်နေတာကို ကြည့်ပြီး မပြုံးဘဲမနေနိုင်တာကြောင့် သူ့အပြုံးကို ဖုန်းကွယ်ဖို့ လက်သီးဆုတ်ကို ပါးစပ်နားမှာ ကာထားလိုက်တယ်။သူကအစေခံတွေကို အဆောက်အဦးအတွင်းမှာရှိသည့် တံခါးတိုင်းကို အနည်းဆုံးခုနှစ်ပေရှိသည့် တံခါးတွေနှင့်လဲဖို့ အမိန့်ပေးလိုက်တယ်။
ဝူရုန်က ကယ်ဆယ်ခံပြီးသည့်နောက်မှာတော့ သူကအနောက်ခြံဝင်းထဲမှာရှိသည့် သေးငယ်သည့် တံခါးတွေကို ရှောင်ရှားရမယ်ဆိုသည့် သင်ခန်းစာတစ်ခုကို သင်ယူရလိုက်တယ်။သူက အထဲဝင်သွားတော့ အလောင်းကောင်အစေခံတွေက တံခါးနားမှာ ရပ်စောင့်နေကြတယ်။
ဝူရုန်က တံခါးနားကိုရောက်လာသည့်အခါ ဟေးရွမ်ရီက အထဲကို ဝင်လာတာကိုတွေ့လိုက်ရတယ်။
"ဘာလဲ"ဝူရုန်ကစိတ်ရှုပ်သွားတယ်။
ဟေးရွမ်ရီက အခန်းထဲမှာ တည်ငြိမ်စွာရှိနေတာက သူကဒီမှာ ညအိပ်မယ်ဟု ဆိုလိုတာဖြစ်တယ်။
"...... "ဝူရုန်
အရင်ဘဝတုန်းက ဟေးရွမ်ရီက သူ့အခန်းကိုမလာခဲ့ဘူး။သူတို့ လိင်ဆက်ဆံခဲ့ရင်တောင် ညကို အတူတူမကုန်ဆုံးကြဘူး။ဒါကလည်း အဲဒီအချိန်တုန်းက ဝူရုန်က ဟေးရွမ်ရီကိုမုန်းလွန်းတာကြောင့် အခန်းခွဲအိပ်ခဲ့တာဖြစ်တယ်။
ဝူရုန်က ဟေးရွမ်ရီရှေ့တွင် သူ့ခန္ဓာကိုယ်ကိုဖြောင့်မတ်စွာထားလိုက်ပြီး"ခင်ဗျားသေချာရဲ့လား?ဒီကုတင်က ခုနှစ်ပေဘဲရှိပြီး ကျွန်တော်တို့နှစ်ယောက်လုံးအတွက်ဆိုရင် မလုံလောက်ဘူး"
အခန်းထဲမှာရှိသည့် ကုတင်က ခုနှစ်ပေသာရှိပြီး ဝူရုန်တစ်ယောက်ထဲအတွက် သာလုံလောက်မှုရှိတယ်။
"......"ဟေးရွမ်ရီက သူ့မျက်လုံးနှင့် ဝူရုန်၏ခန္ဓာကိုယ်ကို တိုင်းတာလိုက်ပြီး ဘာမှမပြောတော့ဘဲ ထွက်သွားလိုက်တယ်။
ဝူရုန်က အသက်ပြင်းပြင်းရှူလိုက်ပြီး တခါးကိုပြေးပိတ်လိုက်တယ်။
အရင်ဘဝတုန်းက သူတို့လိင်ဆက်ဆံသည့်အခါ ဝူရုန်၏ခန္ဓာကိုယ်က သင့်တော်သည့်ပုံသဏ္ဍန်ရှိနေပြီဖြစ်တယ်။ဒါကြောင့်သူက ဟေးရွမ်ရီက ဝတုတ်နေသည့် ယောကျာ်းတစ်ယောက်ကို စိတ်ဝင်စားမယ်လို့မထင်ခဲ့တာဖြစ်တယ်။
ဝူရုန်က အခန်းထဲရှိ မင်္ဂလာဆောင်အထိန်းအမှတ်ဖြစ်သည့် အနီရောင်အသုံးဆောင်တွေကို ကြည့်ပြီးစိတ်ရှုပ်လာတယ်ဟုခံစားရတယ်။အရင်ဘဝတုန်းက သူက ဒီနေရာမှာ ဆယ်နှစ်ကျော်လောက်နေထိုင်ခဲ့တာဖြစ်တယ်။အခုသူကပြန်လည်မွေးဖွားလာခဲ့ပြီး ဒီနေရာကိုပြန်ရောက်လာခဲ့တယ်။
ဝူရုန်က သေတ္တာကိုကြည့်ဖို့ အတွင်းခန်းထဲကို သူ၏စည်ပိုင်းခန္ဓာကိုယ်နှင့် ဖြည်းဖြည်းချင်းဝင်လာပြီး ကုတင်ပေါ်မှာထိုင်လိုက်တယ်။ဝူရုန်က သေတ္တာကိုဖွင့်လိုက်ပြီး အသက်ရှည်အချပ်ပြားကို ထုတ်ယူလိုက်တယ်။ဝူရုန်၏ ဖောင်းကားနေသည့်မျက်နှာသည် စိတ်လှုပ်ရှားမှုနှင့်ပြည့်နေတယ်။သူကစိတ်စွမ်းအင်တွေကို ပိုင်ဆိုင်ပြီးရင် ကလဲ့စားချေဖို့လုပ်နိုင်ပါတော့မယ်။
ဝူရုန်က အရင်ဘဝတုန်းက သူ့ကိုသတ်ခဲ့သည့်သူတွေကို တွေးမိပြီး သူ၏မျက်နှာသည် မုန်းတီးမှုတွေပြည့်နက်လာတယ်။အခန်းထဲမှာ သူတစ်ယောက်ထဲရှိတာကြောင့် သူကစိတ်ခံစားချက်ကိုထိန်းချုပ်ဖို့မလိုပါဘူး။ဒါကြောင့်သူက သူ့ဒေါသတွေကို လွတ်လပ်စွာ ဖော်ပြလို့ရတယ်။ဝူရုန်က ဒေါသထွက်လာပြီးမုန်းတီးမှုကြောင့် သူရဲ့မျက်ဝန်းတွေက နီရဲလာတယ်။
ထိုနောက်မှာ ဝူရုန်က အသက်ရှည်ချပ်ပြားကို ချိုးဖျက်လိုက်တယ်။သူ၏ဝမ်းဗိုက်မှ စတင်၍ စွမ်းအားတွေကို ခံစားရပြီးသူရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွားတယ်။ထို့နာက် သူ့ရဲ့
ခန္ဓာကိုယ်မှ အမဲရောင်ရှိသည့် အညစ်အကြေးတွေက ထွက်လာပြီးနောက် သူရဲ့သွေးတွေ အရိုးတွေကိုဆက်ပြီးပြန့်သွားပြီး သန့်စင်ပေးတယ်။သူ၏ခန္ဓာကိုယ်ရှိ သွေးတွေ အရိုးတွေ ဆဲလ်တွေကို သန့်စင်ပေးသည့်အချိန်မှာ ဝူရုန်ကနာကျင်မှုကို ခံစားရတယ်။သန့်စင်ပြီးသည့်နောက်မှာတော့ နာကျင်မှုတွေက သက်သာသွားတယ်။သူ့ခန္ဓာကိုယ်အတွင်းမှာ စိတ်စွမ်းအင်နယ်မြေဖြစ်ပေါ်လာတယ်။
ဝူရုန်သည် အားနည်းနေသေးပေမဲ့ သူရှိခဲ့သည့် စွမ်းရည်တွေကို အသေးစိတ်စစ်ဆေးလိုက်တယ်။သူက လျို့ဝှက်စွမ်းရည်ခုနှစ်မျိုးကိုရှိခဲ့တယ်။အရိပ်သူခိုးစွမ်းရည်က အပါအဝင်ရင်ဘဝတုန်းက ရရှိခဲ့သည့် စွမ်းရည်ခြောက်မျိုးကို ပြန်ရရှိခဲ့တယ်။ဒီစွမ်းရည်တွေကတော့
၁.အရိပ်အေးခဲခြင်းစွမ်းရည်
၂.စိတ်ကြိုးကိုင်ချယ်လှယ်ခြင်းစွမ်းရည်
၃.စကြာဝဋ္ဌာအမှတ်အသားစွဲထင်ခြင်းစွမ်းရည်
၎.အရိပ်နယ်မြေစွမ်းရည်
၅.အရိပ်ဖုန်းကွယ်စွမ်းရည်
၆.အရိပ်သတ်ဖြတ်ခြင်းစွမ်းရည်တို့ဖြစ်ကြတယ်။
ထုတ်ဖော်သူက အရိပ်အေးခဲခြင်းစွမ်းရည်သည်ကို အသုံးပြုလိုက်လျှင် ပစ်မှတ်ကို ရပ်တန့်သွားစေနိုင်တယ်။ထုတ်ဖော်သူက စိတ်စွမ်းအား ပိုသန်မာလေ ပစ်မှတ်ကို အချိန်ကြာကြာရပ်တန့်စေနိုင်ပြီး ပစ်မှတ်အများအပြားကိုလည်း ရပ်တန့်စေနိုင်တယ်။ပစ်မှတ်ရပ်တန့်နေသည့်အချိန်မှာ အထုတ်ဖော်သူကပစ်မှတ်ကိုသတ်နိုင်တယ်။
စိတ်ကြိုးကိုင်ချယ်လှယ်ခြင်းစွမ်းရည်သည် ယင်ယန်ဆရာသခင်တွေ အသုံးပြုသည့် စိတ်ဝိညာဉ်ဘာသာစကားနှင့် တူညီတယ်။ဒီစွမ်းရည်သည် လူသားတွေကိုသာ အသုံးပြုနိုင်တယ်။
စကြာဝဋ္ဌာအမှတ်အသားစွဲထင်ခြင်းစွမ်းရည်သည် ယင်ယန်ဆရာသခင်တွေအသုံးပြုသည့်စိတ်ညှို့ခြင်းပညာနှင့်တူညီမှုရှိတယ်။ဒါပေမဲ့ စိတ်ညှို့ခြင်းပညာရပ်သည် နတ်ဆိုးများ မွန်းစတားများ မကောင်းဆိုးဝါးဝိညာဉ်များ နတ်သူငယ်များနှင့် မသေမျိုးများအပေါ်တွင်အသုံးပြုနိုင်ပြီးစကြာဝဋ္ဌာအမှတ်အသားစွဲထင်ခြင်းစွမ်းရည်သည်ကမ္ဘာပေါ်ရှိအရာရာတိုင်းပေါ်တွင်အသုံးပြုနိုင်တယ်။ဒါ့အပြင် အမှတ်အသားပြုလုပ်လိုက်လျှင် ထုတ်ဖော်သူ၏စကားကိုသာ နားထောင်သည့်သစ္စာရှိသူဖြစ်လာနိုင်တယ်။သူတို့ အသက်ရှင်နေသမျှကာလပတ်လုံး ထုတ်ဖော်သူကိုသာ သစ္စာရှိနိုင်တယ်။
အရိပ်နယ်မြေစွမ်းရည်သည် အရိပ်သိုလှောင်နေရာတစ်ခုဖြစ်ပြီး ပိုင်ရှင်က ပစ္စည်းတွေ သိမ်းဆည်းနိုင်သလို ပစ်မှတ်ကိုလည်း ဒီနေရာမှာ သတ်နိုင်တယ်။
ထုတ်ဖော်သူက အရိပ်ဖုန်းကွယ်စွမ်းရည်ကို ဘယ်နေရာမှာဖြစ်ဖြစ် အရိပ်တစ်ခုအောက်တွင် ပုန်းကွယ်ပြီးနေနိုင်တယ်။ထုတ်ဖော်သူက အပ်တစ်ချောင်း၏အရိပ်မှာတောင် ပုန်းကွယ်နေနိုင်ပြီး တစ်ယောက်မှရှာမတွေ့အောင်ပုန်းကွယ်နေနိုင်တယ်။
ထုတ်ဖော်သူက အရိပ်သတ်ဖြတ်ခြင်းစွမ်းရည်နှင့် ပစ်မှတ်ကိုသူတို့၏အရိပ်မှတစ်ဆင့် သတ်နိုင်တယ်။ထုတ်ဖော်သူက ပစ်မှတ်ကို သူတို့၏အရိပ်မှတစ်ဆင့် သတ်နိုင်သလို သူတို့ကိုလည်းတိုက်ရိုက်သတ်နိုင်တယ်။ထုတ်ဖော်သူ၏စိတ်စွမ်းအားပိုသန်မာလေလေ ပစ်မှတ်ကိုအောင်မြင်စွာနှင့် မြန်မြန်သတ်နိုင်သည့် အခွင့်အရေးများလေလေဖြစ်တယ်။
ဝူရုန်သည် စွမ်းရည်တွေကို စစ်ဆေးလိုက်သည့်အခါ အရင်ဘဝက ပိုင်ဆိုင်သည့်စွမ်းရည်ခြောက်မျိုးအပြင်ကို တစ်မျိုးတိုးလာတာကြောင့် စိတ်သက်သာရာရသွားတယ်။
------------------------
(2100)
4/8/2020
-------------------
Chapter(14)မင်းရဲ့ဥ
ဝူရုန်အိပ်ပျော်သွားသည့်အခါ အလွန်အလွန်ကို ရှည်သည့် အိပ်မက်ကိုမက်ခဲ့တယ်။
သူက အရင်ဘဝတုန်းက အကြောင်းကို အိမ်မက်မက်တာဖြစ်တယ်။ဝူမိသားစုက ဝူဇူ၏ ခန္ဓာကိုယ်ကိုစူချင်ခြံဝင်းကို သယ်ဆောင်ခဲ့ပြီး သူတို့မိသားစုက ဝူဇူကိုဆုံးရှုံးခဲ့တာကြောင့် နာကျင်ခဲ့ရတယ်။အဲဒီအချိန်တုန်းက စူချင်ခြံဝင်းသည် ဝမ်းနည်းမှုတွေနှင့်ပြည့်နက်နေခဲ့တယ်။ဝူရှီ လက်ထပ်သွားသည့် အချိန်မှသာ သူတို့ကပြန်လည်ပြုံးရွှင်လာခဲ့တာဖြစ်တယ်။ဒါပေမဲ့နှစ်နှစ်ကြာပြီးသည့်နောက်မှာတော့ သူတို့က ဝူရှီသေသွားသည့်သတင်းကိုရရှိခဲ့တယ်။သူရဲ့မိဘတွေက သားနှင့်သမီးသေဆုံးမှုကြောင့် အလွန်နာကျင်ခံစားခဲ့ရတယ်။ဝူရှီ၏မိသားစုအသစ်က သူမကိုသဂြိုလ်လိုက်ပြီး သူတို့သွားသည့်အခါမှာတေသူမ၏အုတ်ဂူကိုဘဲ မြင်နိုင်ခဲ့တယ်။
ဝူရုန်က အသက်ရှည်အချပ်ပြားကို ချိုးဖြတ်လိုက်ပြီး စိတ်စွမ်းအားတွေကို ပိုင်ဆိုင်သည့်အခါမှ သူ၏မိဘတွေ၏မျက်နှာတွင် အပြုံးကိုမြင်နိုင်ခဲ့တယ်။ဝူရုန်သည် သူက ကိုယ်ပိုင်စွမ်းရည်တွေကိုသာမက ဝူမိသားစု၏ယင်ယန်ဆရာသခင်တွေ သင်ကြားပေးသည့် ပညာရပ်တွေကိုလည်း သင်ယူခဲ့တယ်။ဝူရုန်သည် အဲဒီအချိန်တုန်းက ဝူမိသားစုဝင်ဖြစ်လာအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။နောက်ဆုံးမှာ ဝူရုန်သည် သူ၏စွမ်းရည်တွေကို အသုံးပြုပြီးဝူမိသားစုကို ကူညီပေးသည့်အချိန်မှ ဝူရုန်ကို သူတို့ကအသိအမှတ်ပြုခဲ့တယ်။ဒါပေမဲ့ ဝူရုန်၏ကြိုးစားမှုကြောင့် ကျော်ကြားလာချိန်တွင် သူကသူရဲ့သူငယ်ချင်း၏သတ်ဖြတ်ခြင်းခံခဲ့ရတယ်။
ဝူရုန်သည် အိမ်မက်ထဲမှာ သူမသေခင်မှာဘဲ နိုးလာတယ်။ဝူရုန်သည် သူရဲ့မျက်လုံးတွေကို အရာဝတ္ထုတွေကြည့်လိုက်ပြီး သူအသက်ရှင်နေသေးတာကို အတည်ပြုဖို့အတွက် သူက ထခုန်ချင်တယ်။ဒါပေမဲ့ ဝူရုန်သည် တစ်ယောက်ထဲ ထထိုင်ဖို့တောင်ခက်ခဲတာကြောင့် ကုတင်ပေါ်မှာဘဲ လဲလျောင်းနေတယ်။
"ဖက်တီး မင်းငါ့ကို ဆင့်ခေါ်လိုက်တာလား?"အသံကိုကြားလိုက်ရပြီး ဝူရုန်က အသက်ငါးနှစ်ခြောက်နှစ်လောက်ရှိသည့် ကောင်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။ဒီကောင်လေးက အဖြူရောင်ဥကြီးတစ်လုံးကို သူ့လက်မောင်းထဲမှာ ကိုင်ထားတယ်။သူက တောက်ပသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားတယ်။ကောင်လေးက လှပပြီးအထက်စီးဆန်သည့်ပုံပေါ်တယ်။သူလေထဲမှာရပ်နေပြီး ဝူရုန်ကို အထက်စီးဆန်သည့် ပုံနှင့်ငုံ့ကြည့်နေတယ်။
"ငါ ဆင့်ခေါ်လိုက်တာလား?"ဝူရုန်က စိတ်ရှုပ်သွားတယ်။သူက အိပ်နေတာဟုတ်တယ်မလား?သူက ဘယ်တုန်းက ဆင့်ခေါ်လိုက်တာလဲ?အိမ်မက်ထဲကနေ ဆင့်ခေါ်လိုက်တာလား?
ဝူရုန်သည် ဒီကလေးကို လေ့လာလိုက်သည့်အခါမှာတော့ ဒီကလေးက မကောင်းဆိုးဝါးဝိညာဉ် ဒါမဟုတ် မွန်းစတားတစ်ကောင်ဖြစ်နိုင်တယ်။ဒါ့အပြင် ဒီကလေးကို ဝူရုန်က ရင်းနှီးနေပြီး သူအရင်ဘဝက အမှတ်အသားစွဲထင်စေခဲ့သည့် မွန်းစတားတစ်ကောင်၏ ဝတ်စားဆင်ယင်ပုံနှင့်တူညီနေတယ်။
ဝူရုန်က သူ့ကို ပြန်ကြည့်၍ ပိုပြီးလေ့လာလိုက်သည့်အခါ သူထင်နေသည့်အတိုင်း သူရဲ့မွန်းစတားလေးနှင့်တူညီနေမှန်းတွေ့ရှိရတယ်။နောက်ဆုံးမှာတော့ သူအရင်ဘဝတုန်းက အမှတ်အသားစွဲထင်စေခဲ့သည့် မွန်းစတားလေးကျင်းရှင်ဆိုတာ ဝူရုန်ကသေချာသွားတယ်။
ဝူရုန်က စိတ်လှုပ်ရှားမှုကြောင့် ဒီမွန်းစတားလေး၏အမည်ကို ခေါ်ချင်ပေမဲ့ သူသာခေါ်လိုက်ရင် ဒီမွန်းစတားလေးက မာနကြီးစွာနှင့် သူ့အမိန့်မနာခံရုံသာမကသူ့ကိုပါသံသယဝင်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဝူရုန်က အရင်ဘဝတုန်းက ဒီမွန်းစတားလေးကို အမှတ်အသားစွဲထင်စေခြင်း သဘောတူညီမှုလုပ်နိုင်ဖို့အတွက် သူတို့က အတူအကွ ကိစ္စအများကြီးကို ကျော်ဖြတ်ခဲ့ရတာဖြစ်တယ်။
ဝူရုန်သည် စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းရင်း တောင်းပန်စကားပြောလိုက်တယ်"ငါတောင်းပန်ပါတယ် မင်းကိုအိပ်နေရင်းဆင့်ခေါ်မိသွားတာ ဖြစ်နိုင်တယ်။ငါမရည်ရွယ်ပါဘူး"
"အိပ်နေရင်း ဆင့်ခေါ်မိတာဟုတ်လား?"ကျင်းရှင်၏ မျက်ဝန်းတွေက ကျဉ်းမြောင်းသွားတယ်။သူက ဝူရုန်ပြောတာကို မယုံကြည်နိုင်ဘူး။
ဒါပေမဲ့လည်း ဝူရုန်က တကယ်ကို အိပ်နေရင်း ဆင့်ခေါ်မိတာဖြစ်နိုင်တယ်။ဝူရုန်ရဲ့ပတ်ဝန်းကျင်မှာ ဆင့်ခေါ်သည့်အချိန် လိုအပ်သည့် ပစ္စည်းတွေရှိမနေဘူး။ဒါဆို တကယ်ဘဲ ဝူရုန်က အိပ်နေရင်းနဲ့ အိမ်မက်ထဲကနေ သူ့ကိုဆင့်ခေါ်လိုက်တာလား?
"ဟုတ်တယ်"ဝူရုန်ကပြန်ဖြေလိုက်တယ်။
"ဖက်တီး မင်းနားထာင် မွန်းစတားတွေကို ဆင့်ခေါ်တာလွယ်ကူတယ်။ဒါပေမဲ့ ပြန်ပို့ဖို့တော့ ခက်တယ်"ကျင်းရှင်ကပြောလိုက်တယ်။
ဝူရုန်က သူ့ကိုဆင့်ခေါ်လိုက်ကတည်းက ပြန်ပို့ပေးရပါမယ်။
ဝူရုန်၏ မျက်ဝန်းတွေက တောက်ပသွားပြီး သူက ဒီမွန်းစတားလေးကိုထိန်းသိမ်းထားချင်တယ်။မွန်းစတားတစ်ကောင်က ဝူရုန်ရဲ့ကျင့်ကြံခြင်းကို အကြီးမားဆုံး အထောက်အပံ့ဖြစ်လာနိုင်တယ်။
"မင်းဘာလိုချင်လို့လဲ?"ဝူရုန်ကမေးလိုက်တယ်။
"မင်းကိုငါသတ်လိုက်မှာမကြာက်ဘူးလား?"ကျင်းရှင်ကအေးစက်စွာပြောလိုက်တယ်။
ဝူရုန်က ဘာမှပြန်မပြောပါဘူး။
ဝူရုန်သည် မွန်းစတားတွေအကြောင်း သိပါတယ်။မွန်းစတားတွေက သွေးအေးတဲ့သူတွေဖြစ်ကြတယ်။သူတို့က သူတို့ထက် အားနည်းသည့်သူကို သတ်ပြီးနောက် ပျော်ရွှင်စွာနှင့် ဂုဏ်ယူကြတယ်။
ကျင်းရှင်က ဝူရုန်၏ မျက်နှာအမူအရာကို ဖတ်ဖို့ရာ ပျင်းလွန်းတယ်။ဒါကြောင့် သူက ဝူရုန်ကို အဖြူရောင်ဥကို ပစ်ပေးလိုက်ရင်း"ရော့မင်းရဲ့ဥ"
---------------------------
Note
readerလေးတွေfollower/vote/ comment
လေးတွေပေးပါအုန်း ဟီးဟီး
---------------------------
(1500)
5/8/20
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
1.2M 41.6K 61
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
217K 21.7K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
5.3M 349K 54
109K 16.6K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ