Zawgyi
"ေတာက္....အဲ့ေ႐ွာင္ရမ္ဟြာက အ႐ွင့္ကို ဘာေတြနဲ႔ျပဳစားထားရတာလဲ!!" မုက်င္းဝမ္စန္းဟာ သူတို႔ကို အ႐ွင္မင္းႀကီးက အဖက္မလုပ္တာေၾကာင့္ ကိုယ့္အေဆာင္ကိုယ္ျပန္သြားရင္း အခန္းထဲတြင္ ေပါက္ကြဲေနေတာ့သည္၊ တကယ္ဆုိ ထိုလိုဂ႐ုစိုက္သင့္တာ သူပဲျဖစ္သင့္တာေလ၊ မျဖစ္ဘူး အဲ့ေ႐ွာင္ရမ္ဟြာက သူထက္ပိုလွေနတာေၾကာင့္ အ႐ွင္က သူကို မျမင္တာ....တကယ္လို႔ ေ႐ွာင္ရမ္ဟြာသာ မ႐ွိခဲ့ရင္...
မုက်င္းဝမ္စန္းဟာ ေကာက္က်စ္စြာျပံဳးလိုက္ၿပီး လီစုဟုန္ဆီ စာပို႔လိုက္သည္၊ ဒီအစီအစဥ္သာေအာင္ျမင္ခဲ့ရင္ ငွက္ႏွစ္ေကာင္ကို ခဲတလံုးနဲ႔ပစ္သလိုပဲ၊ သူဟာ သူအၾကံနဲ႔သူေပ်ာ္ရႊင္ေနေတာ့သည္၊
လီစုဟုန္ဟာလည္း မုက်င္းဝမ္စန္းဆီက စာရတာနဲ႔ မုက်င္းဝမ္စန္းရဲ႕အၾကံကိုအနည္းငယ္ရိပ္မိသြားကာ ေလွာင္ျပံဳးျပံဳးမိလုိက္သည္၊ဟက္...ဇာတ္လိုက္မက ငါ့ကိုပါျဖဳတ္ခ်ခ်င္ေနတာပဲ၊ ဒီေလာက္လြယ္မယ္ထင္ေနလားမသိဘူး...
ဒါေပမယ့္ ဇာတ္လိုက္မရဲ႕အၾကံဟာ ေကာင္းတာေၾကာင့္ လက္ခံေၾကာင္း ျပန္စာပို႔လိုက္ၿပီး က်န္းေကာေဖ့တို႔ အိမ္ေတာ္ကို ထြက္လာေတာ့သည္၊က်န္းေကာေဖ့ရဲ႕ ဇနီး သူရဲ႕အစ္မဝမ္းကြဲေတာ္စပ္သူ က်င္းဟြာရင္းနဲ႔ေတြ႔ကာ ...
"က်ဲက်ဲ....ဒီေဆးေလး႐ွာေပးပါလား.. "
"အို ...ဒါဘာေဆးလဲ"
"အားေဆး...က်င္းေကာက ရမ္ဟြာနားပဲအခ်ိန္ကုန္ေတာ့ ရမ္ဟြာအတြက္ စိုးရိမ္လို႔ေဆးဆရာကိုေမးျမန္းၿပီး ေဆးၫႊန္းယူလာတာ...ဒါေပမယ့္ ပထမအဆင့္ရထားတဲ့ပညာ႐ွိအမတ္ေလာင္းျဖစ္ေနေတာ့ အေဖ့ရဲ႕အလုပ္ေတြကိုေနာက္ေန႔ကစၿပီး တာဝန္ယူရေတာ့မွာမို႔လို႔...က်ဲက်ဲကို လာအကူညီေတာင္းတာ..."
"အိုး...သိၿပီ ႐ွာေပးထားမယ္"
"တကယ္လို႔႐ွာေတြ႔ရင္လည္း ရမ္ဟြာကို က်ဲက်ဲပဲေပးေပးပါေနာ္"
"ေကာင္းၿပီ" လီစုဟုန္ရဲ႕အၾကံအစည္ကိုမသိေသာ က်င္းဟြာရင္းကေတာ့ သေဘာ႐ိုးနဲ႔လက္ခံလိုက္သည္၊က်င္းဟြာရင္းသေဘာတူတာနဲ႔ လီစုဟုန္ဟာေက်နပ္သြားကာ ႏူတ္ဆက္ၿပီးထြက္သြားေတာ့သည္၊
လီစုဟုန္ေျပာတဲ့အတိုင္း က်င္းဟြာရင္းဟာ ေဆးျမစ္ေတြကို ႐ွာေဖြကာရမ္ဟြာထံ လက္ေဆာင္ေပးေတာ့သည္၊သူတို့္လည္း ေထြေထြထူးထူးမစစ္ေတာ့ပဲ အားေဆးကို တေန႔တခြက္ရမ္ဟြာဆီပို႔ေတာ့သည္၊ လီစုဟုန္ဟာ ေဆးကိုရမ္ဟြာေသာက္မေသာက္ သူSystemနဲ႔ ၾကည့္ခိုင္းၿပီး ရမ္ဟြာေသာက္တယ္ဆုိမွ စိတ္ခ်လက္ခ်ျဖစ္သြားေတာ့သည္၊
ဒီေဆးက ၾကည့္ေတာ့အားေဆးလိုနဲ႔ တကယ္ေတာ့ အဆိပ္တမ်ိဳးပင္၊ဒီအဆိပ္ဟာ ၇ရက္တိတိ ေသာက္သံုးရၿပီး ေနာက္၇ရက္ၾကာမွ ေရာဂါစျပျခင္းျဖစ္သည္၊အဲ့ခ်ိန္က်ရင္ ရမ္ဟြာဟာ ႐ုတ္တရက္ေသဆံုးသြားလိမ့္မယ္၊စစ္ေဆးၾကည့္ရင္လည္း က်င္းဟြာရင္းတိုက္မွန္းသိသြားလိမ့္မည္၊ က်င္းဟြာရင္းက သူေပးခိုင္းေၾကာင္း အေၾကာက္အကန္ျငင္းဆုိေနလိမ့္မည္၊သူကဝင္သ႐ုပ္ေဆာင္ျပရံုပဲ၊ၿပီးရင္ အသဲကြဲေနေသာ ဘုရင္ကိုညီတေယာက္အေနနဲ႔ႏွစ္သိမ့္ေပးရင္း.....က်န္းေကာေဖ့ကိုလည္း ဇာတ္လိုက္မလက္ထဲ အတင္းထိုးထည့္ရံုပဲေလ
(A/N: ေၾသာ္....)
သူအၾကံ နဲ႔ သူေက်နပ္သြားကာ... ရမ္ဟြာေသမဲ့အခ်ိန္ကို ေစာင့္ဆိုင္းေတာ့သည္၊ ဒါေပမယ့္ သူထင္သလို ရမ္ဟြာမေသေသးေပ၊ ဒါေပမယ့္ လဝက္ၾကာေတာ့ နာမက်န္းျဖစ္ေနတဲ့သတင္းေတာ့ ၾကားေနရသည္၊
တစ္လကေန သံုးလၾကာေတာ့ သူရဲ႕စိတ္မ်ားဟာ ေနမထိထိုင္မထိျဖစ္လာေတာ့သည္၊ ရမ္ဟြာရဲ႕ေသဆုံးတဲ့သတင္းက သူဆီေရာက္မလာေခ်၊
ေဆးကမ်ား မွားယြန္းေနတာလား မျဖစ္ႏိုင္တာ...သူ႔Systemနဲ႔ေသခ်ာစစ္ေဆးၿပီးၿပီေလ၊ၿပီးေတာ့ ေ႐ွာင္ရမ္ဟြာကိုယ္တိုင္လည္း ေသာက္တယ္ေလ ဘာေၾကာင့္ မေသေသးရတာလဲ...သူစိတ္မ်ားဟာ မ႐ိုးမယြျဖစ္လာၿပီး ခ်က္ခ်င္းပဲ ေရွာင္ရမ္ဟြာဆီသြားကာ စစ္ေဆးခ်င္ေနေတာ့သည္၊
ေနာက္သံုးရက္ေနရင္ မင္းႀကီးရဲ႕ေမြးေန႔ပဲ အဲ့ခ်ိန္က်ရင္အမွန္တရားကို သိရမွာပဲေလ၊ သူ႔ရဲ႕ system ဆီက ပစၥည္းအခ်ိဳ႕ကို ဝယ္လိုက္ကာ မုက်င္းဝမ္စန္းဆီထြက္လာလိုက္သည္၊အခုတေလာ အ႐ွင္မင္းႀကီးကလဲ မုက်င္းဝမ္စန္းဆီခဏခဏသြားေၾကာင္း သူသတင္းရေနေသးသည္၊တကယ္ဟုတ္မဟုတ္သိခ်င္တာေၾကာင့္လဲ ပါသည္၊
"ဝမ္စန္း က်င္းေကာ မင္းဆီအခုတေလာ လာလည္တယ္ဆုိ"
"ေအး ဟုတ္တယ္... "
"ေထြေထြထူးထူး ျဖစ္က်ေသးလား"
"ငါက သူရဲ႕ကိုယ္လုပ္ေတာ္ပဲေလ...ငါမႀကိဳက္လဲ အ႐ွင္ကအရမ္းကပ္လြန္းေတာ့ မတတ္ႏိုင္ဘူးေလ" မုက်င္းဝမ္စန္းဟာ လီစုဟုန္မနာလိုျဖစ္ေအာင္ ပိုပိုသာသာေျပာလိုက္သည္၊ တကယ္ေတာ့ မုက်င္းဝမ္စန္းဆီ မင္းႀကီးဟာ တခါမွမလာေပ၊သူဟာ အၾကံေပးအမတ္ႀကီးကို ျဖားေယာင္းထားၿပီး အၾကံေပးအမတ္ႀကီးရဲ႕အကူအညီျဖင့္ မဟုတ္မမွန္သတင္းေတြ လြင့္ခိုင္းခ်င္းျဖစ္သည္၊ ဘာပဲျဖစ္ျဖစ္ ေနာက္သံုးရက္ေရာက္ရင္ မင္းႀကီးက နာမက်န္းျဖစ္ေနတဲ့မိဖုရားေခါင္ကို ပစ္ပယ္ထားၿပီး သူဆီေရာက္လာေအာင္ လုပ္ရမွာပဲေလ၊သူအေတြးနဲ႔သူေက်နပ္ေနေပမယ့္ လီစုဟုန္ေ႐ွ႕မွာ မျပသေပ၊
လီစုဟုန္ဟာ မုက်င္းဝမ္စန္းေပၚ မနာလိုျဖစ္သြားေပမယ့္ ယခုလိုတိုးတတ္လာတာလဲ က်င္းေကာနဲ႔သူပိုနီးစပ္လာဖို႔ အခြင့္အေရး႐ွိတာပဲေလ၊ဒီကမာၻက Cအဆင့္ကမာၻျဖစ္ရဲ႕နဲ႔ ဘာေၾကာင့္ ထင္သလိုမျဖစ္ရတာလဲ၊ဇာတ္အိမ္နဲ႔လြဲေနတာ သိေပမယ့္ ဒါသူဝင္လာလို႔ျဖစ္တာလို႔ System ကလဲ ေျပာထားၿပီးေပမယ့္ ေ႐ွာင္ရမ္ဟြာေပၚ သံသယဝင္ေနဆဲပင္၊
--------------------------------
မင္းႀကီးေမြးေန႔ေရာက္ေတာ့... လီစုဟုန္နဲ႔မုက်င္းဝမ္စန္းဟာ အတူတူဝင္လာကာ မုက်င္းဝမ္စန္းကေတာ့ ကိုယ္လုပ္ေတာ္တန္းမွာသြားထိုင္ၿပီး လီစုဟုန္ကေတာ့ သူအေဖ ပညာ႐ွိအမတ္ေဘးမွာ သြားထိုင္ကာ ေ႐ွာင္ရမ္ဟြာကို ၾကည့္လိုက္သည္၊ ေ႐ွာင္ရမ္ဟြာဟာ မ်က္ႏွာေလး ျဖဴေဖ်ာ့ျဖဴေရာ္ျဖစ္ေနေပမယ့္ လွပေနဆဲပင္၊ သူဟာ အျပာေရာင္ဝတ္စံုေလးကိုဝတ္ဆင္ထားၿပီး မင္းႀကီးေဘးတြင္ ထိုင္ေနၿပီး မင္းႀကီးေကြၽးသမ်ွကို ေျဖးညင္းစြာ စားေနတာကို ၾကည့္ၿပီး လီစုဟုန္အပါအဝင္ အျခားမိဖုရားေတြ၊ကိုယ္လုပ္ေတာ္ေတြကို မနာမုန္းတီးေစတဲ့စိတ္ျဖစ္မိသည္၊ မင္းႀကီးဟာ အခုတေလာ မုက်င္းဝမ္စန္းနဲ႔ မိဖုရားေခါင္ကို အေလးေပးေၾကာင္း သိေနရေတာ့ မုက်င္းဝမ္းစန္းကိုပါ မုန္းတီးမိက်ျပန္သည္၊
သတင္းအမွားျပန္႔ေဝထားေသာ မုက်င္းဝမ္စန္းကေတာ့ ဘုရင္က သူတို႔ဘက္ကို တခ်က္ေတာင္ လွည့္မၾကည့္တာေၾကာင့္ ေ႐ွာင္ရမ္ဟြာကို သတ္ခ်င္စိတ္ေတြဟာ ျပင္းထန္လာေတာ့သည္၊ထိုေနရာက သူ႔အပိုင္ေလ၊ဘာေၾကာင့္ ဒီျပည့္တန္ဆာက ထိုင္ေနရတာလဲ!!!
"ရမ္ဟြာ မ်ားမ်ားစားေနာ္"
အခုတေလာ ဘာျဖစ္ေနမွန္း သူမသိေပ၊Foxစစ္ေဆးၾကည့္ေတာ့လည္း ဘာမွထူးထူးျခားျခားမသိရေပ၊အခုတေလာ အစားေတြပိုစားေပမယ့္ သူအရမ္းႀကိဳက္တဲ့အစားအစာေတြျမင္ရင္ အန္ခ်င္စိတ္ေတြ ျဖစ္လာျပန္သည္၊ အားေဆးဆုိၿပီး က်င္းဟြာရင္းလာေပးေတာ့ ဒါ အဆိပ္မွန္းသိလိုက္ရၿပီး အေၾကာင္းစံုသိလိုက္ရေတာ့ တကယ့္အားေဆးနဲ႔ လဲလိုက္ကာ သူေသာက္သံုးေနျခင္းျဖစ္သည္၊ အဲ့တာေတြ ေသာက္တာမ်ားၿပီး အားအ႐ွိလြန္သြားတာမ်ားလား....သူဗိုက္ကလဲ အစားေတြႀကီးပဲစားေနရတာေၾကာင့္ တေျဖးေျဖး ပူပူလာသလိုပင္၊
"အ႐ွင္ ရမ္ဟြာဝလာသလိုပဲ" ႏူတ္ခမ္းေလးဆူကာ ေျပာလိုက္သည္၊ ၾကည့္အုန္း ဗိုက္က နဲနဲဖားလာသလိုပဲ၊ဒီလိုႀကီး ဝလာတာကို သူမႀကိဳက္ဘူး၊
"ပိန္ပိန္ ဝဝ ကိုယ္က ခ်စ္ၿပီးသားပါ ေရာ့...ေရာ့ ဒါေနာက္ဆံုး တလုတ္"
'ဒီေသာက္မင္းႀကီး ငါ ဒီေလာက္ဝေနတယ္လို႔ ေျပာေနတာေလ! ခင္ဗ်ား ဝမွခ်စ္တာေတြပိန္မွခ်စ္တာေတြ နားမလည္ဘူး!!! ငါက ေသာက္ Six packေတြနဲ႔ေနလာတဲ့ဗလေကာင္ကြ...ဗလမ႐ွိလဲ အနည္းဆံုးပိန္ေနမွ ေက်နပ္တာေလ...အဲ့တာကိုဘာေၾကာင့္ နင္းကန္ေကြၽးေနရတာလဲ!!! 'ဟုတ္ၿပီ ငါဝတာမဟုတ္ဘူး ဒီခႏၶာကိုယ္ဝတာဆုိၿပီး ေျဖသိမ့္လိုက္ကာ လက္က်န္တလုတ္ကို စားလိုက္ေတာ့သည္၊
ထိုေနာက္ အမတ္ေတြတေယာက္ၿပီးတေယာက္ လက္ေဆာင္မ်ား ေပးက်တာ မ်က္ႏွာသာယူက်ေတာ့သည္၊ထိုေနာက္ လူငယ္မ်ားအလွည့္ေရာက္လာၿပီး လီစုဟုန္ဟာ ေရႊေရာင္စာရြက္နဲ႔ ကဗ်ာတပုဒ္ကို က်င္းေလာင္႐ွိန္းထံ ေပးလိုက္သည္၊ ဒီကဗ်ာကို အထိန္းေတာ္ႀကီးဖတ္ျပေနတဲ့အခ်ိန္မွာ အကုန္လံုးဟာ လီစုဟုန္ကို ေလးစားသြားက်သည္၊ဒါေပမယ့္ ဘုရင္ကေတာ့ ခ်ီးမြမ္းတာေတြဘာေတြမလုပ္ခဲ့ေပ၊ဒါေၾကာင့္ လီစုဟုန္ဟာ မ်က္ႏွာတခ်က္ပ်က္သြားေပမယ့္ ကိုယ့္ေနရာကိုယ္သာ ျပန္ထိုင္ေနေတာ့သည္၊မိဖုရားေတြကိုယ္လုပ္ေတာ္အခ်ိဴ႕ကေတာ့ သူတို႔ ကြၽမ္းက်င္ရာေတြနဲ႔ေဖ်ာ္ေျဖၿပီး ဘုရင္မ်ား စိတ္ဝင္စားမလားဆိုတဲ့ ေမ်ွာ္လင့္ခ်င္နဲ႔ေပ၊ မုက်င္းဝမ္စန္းဟာလည္း ပုေလြနဲ႔ ေဖ်ာ္ေျဖကာ ေယာက်္ားပ်ိဳေတြရဲ႕ႏွလံုးသားကို ေခြၽယူသြားေတာ့သည္၊ဒါေပမယ့္ ဘုရင္က စိတ္ပင္မဝင္စားေပ၊သူဟာ ေ႐ွာင္ရမ္ဟြာသာ ဂ႐ုစိုက္ေနတာေၾကာင့္ မုက်င္းဝမ္စန္းရဲ႕ မနာလိုမႈေတြ တေျဖေျဖးပိုမို ႀကီးထြားလာေတာ့သည္၊ သူဟာ ေပၚတင္ပင္ ေ႐ွာင္ရမ္ဟြာကို မလိုမုန္းတီးစြာၾကည့္လိုက္ၿပီး ကိုယ့္ေနရာကိုယ္ျပန္ထိုင္ေနရင္း တခုခုလုပ္ရန္ေတြးေတာေနေတာ့သည္၊
"အမတ္ေတြရဲ႕ လက္ေဆာင္ေတြေၾကာင့္ ငါကိုယ္ေတာ္ ေပ်ာ္ရႊင္ရပါတယ္...ဒါေၾကာင့္ ဒီည မမူးမခ်င္းမျပန္ရဘူး"
"ဟားဟား...အ႐ွင္မင္းႀကီး အမိန္႔ေတာ္တိုင္းပါပဲ"
အကုန္လံုး စိတ္လြတ္ကိုယ္လြတ္ေပ်ာ္ရႊင္ေနေပမယ့္ လီစုဟုန္တို႔ကေတာ့ မေပ်ာ္ရႊင္ပင္၊သူတို႔အလွဆံုးျပင္ထားက်ေပမယ့္ ဘုရင္ရဲ႕အၾကည့္တခ်က္ေတာင္ မရေပ၊ ေနမေကာင္းဘူးဆုိတဲ့ေ႐ွာင္ရမ္ဟြာကလဲ က်န္းမာလြန္းလို႔ ေထာင္ေထာင္ျမည္ေနသည္၊ ေနာက္တနည္း စဥ္းစားရတာေပါ့၊ ဒီခ်ိန္မွာ ကိုယ္လုပ္ေတာ္ေတြ မ႐ွိသင့္တာေၾကာင့္ အသံုးခ်မဲ့မုက်င္းဝမ္စန္းလည္းမ႐ွိေတာ့ သူရဲ႕အစီအစဥ္ကို နားထားလိုက္ၿပီး သူပါ အမတ္ေတြနဲ႔ေရာေႏွာကာ သံုးေဆာင္ေနေတာ့သည္၊ ဒါေပမယ့္ တခ်က္ခ်က္ ဘုရင္ကို ဆြဲေဆာင္ဖို႔ေတာ့ မေမ့ေပ၊ ဒါေပမယ့္ ဘုရင္ဟာ သူကို စကားေတာင္ မေျပာတာေၾကာင့္ စိတ္ပ်က္ေနေတာ့သည္၊သူ လုပ္တဲ့missionက တဝက္ၿပီးေနၿပီး ေနာက္တဝက္က ဇာတ္လိုက္မကို လုပ္ၾကံရန္ျဖစ္ေပမယ့္ ဇာတ္လိုက္ က်င္းေလာင္႐ွိန္းကို တေျဖးေျဖး ေႂကြေနမိတာေၾကာင့္ ဒီကမာၻကေန မထြက္သြားေသးပဲ ေနေနခ်င္းျဖစ္သည္၊
ရမ္ဟြာ တေျဖးေျဖး စိတ္တိုလာၿပီျဖစ္သည္၊သူစိတ္ထဲကို ဘာကိုစိတ္တိုလို႔တိုမွန္းမသိပဲ၊ဘာကိုမွ စိတ္အလိုမက်ျဖစ္ေနသည္ ဒီရက္ပိုင္းအတြင္း၊ၿပီးေတာ့ အခ်ဥ္မႀကိဳက္ရဲ႕နဲ႔ အခ်ဥ္အရမ္းေတြ စားခ်င္ေနသည္၊အခုလည္း အခ်ဥ္တခုခုစားခ်င္ေပမယ့္ သူေ႐ွ႕ကအစားအစာေတြေၾကာင့္ ပ်ိဳ႕မအန္မိေအာင္ မနဲထိန္းခ်ဳပ္ထားရင္း ေနာက္ဆံုးမေနႏိုင္ေတာ့ပဲ ထေျပးသြားၿပီး ကန္တခုနားတြင္ ထိုးအန္လိုက္ေတာ့သည္၊ဒါေပမယ့္ ေလေတြ သာထြက္လာသည္၊
"ရမ္အာ အဆင္ေျပရဲ႕လား" သူရဲ႕ ေက်ာကို ေျဖးညင္းစြာလာပြတ္ေပးတဲ့လက္ေၾကာင့္ ၾကည့္လိုက္ေတာ့ က်င္းဟြာရင္းျဖစ္ေနသည္၊ အားကိုးရသြားသလို က်င္းဟြာရင္းရဲ႕ ရင္ခြင္ထဲ ကေလးတေယာက္လိုငိုယိုကာ....
"က်ဲ...ကြၽန္ေတာ္ အဆင္မေျပဘူး "
"ကြၽန္ေတာ္ႀကိဳက္တဲ့အရာေတြကို ျမင္ရင္ ပ်ိဳ႕အန္ခ်င္စိတ္ျဖစ္လာၿပီး စားလို႔လဲ မရဘူး...ၿပီးေတာ့..."
"ခ်ဥ္ခ်ဥ္တူးတူးေတြပဲ စားခ်င္ေနတယ္ ...ကြၽန္ေတာ္ ေရာဂါမ်ားရေနတာလား"
ရမ္ဟြာဟာ မ်က္ရည္မ်ားျပည့္ေနတဲ့မ်က္ဝန္းေလးျဖင့္ က်င္းဟြာရင္းကို အားကိုးတႀကီးၾကည့္ကာေမးလိုက္သည္၊အခုျဖစ္သမ်ွေတြဟာ အဆင္မေျပပင္!အခုလဲ ကေလးတေယာက္လို မိန္းမတေယာက္ထဲဝင္ကာ ငိုယိုေနေသာ သူရဲ႕ပံုစံကိုၾကည့္ၿပီး သတ္ေသခ်င္စိတ္ေတြ ေကာက္သြားသည္၊ဘာလို႔ ဒီေလာက္ေတာင္ အထိမခံေရႊပန္းကန္လို ျဖစ္ေနရတာလဲ....
ရမ္ဟြာရဲ႕စကားမ်ားေၾကာင့္ က်င္းဟြာရင္းဟာ ေၾကာင္အသြားၿပီး ခ်က္ခ်င္း ရမ္ဟြာရဲ႕လက္က ေသြးေၾကာကို စမ္းသပ္ၾကည့္ရင္း မ်က္ဝန္းမ်ားဟာ အံ့အားမႈမ်ားျဖတ္သန္းသြားၿပီး. ..
"မျဖစ္ႏိုင္တာ...."
"က်ဲ.... ကြၽန္ေတာ္ ဘာ...ဘာေရာဂါမ်ားျဖစ္လို႔လဲ"
'ဒါေပမယ့္ Foxေျပာတာ ဘာေရာဂါမွမ႐ွိဘူးေလ... သူ ခ်က္ခ်င္း ေဒါက္ခနဲေသရင္ mission ႐ွံူးမွာေလ...'
[Fox:ဟုတ္တယ္ hostမွာ ဘာေရာဂါမွမ႐ွိပါဘူး...ေရာဂါေပၚတာနဲ႔ ကြၽန္ေတာ့္ဆီ အခ်က္ျပမွာပဲေလ]လို႔ Foxကလည္း အခိုင္အမာကိုေျပာေနေလသည္၊
"...ဒါ...ဒါ ေရာဂါ မဟုတ္ဘူး....ရမ္အာ ဒါထူးဆန္းတာပဲ....ေယာက်ာ္းေလးတေယာက္က ဘယ္လိုလိုလုပ္ ျဖစ္ႏိုင္မွာလဲ"
'အစ္မရယ္ ေျပာမွာ႐ွိေျပာပါဗ်ာ...ကြၽန္ေတာ့္ကို လန္႔ေအာင္ လုပ္ေနတယ္!' တေျဖးေျဖး မ်က္ႏွာမဲ့မဲ့လာတဲ့ ရမ္ဟြာေၾကာင့္ က်င္းဟြာရင္းဟာ ေခါင္းေလးကိုပုတ္လိုက္ကာ...
"ရမ္အာ" ဂုဏ္ယူပါတယ္"
'ခ်ီးကို ဂုဏ္ယူ...ဘာလဲ ေျပာပါေတာ့ အစ္မရယ္ ႐ွိႀကီးခိုးပါတယ္'
"မင္းမွာ ကိုယ္ဝန္႐ွိေနၿပီ ရမ္အာ"
"ဗ်ာ!!!!!"
----------------------------
Fox: စာေရးဆရာ ဘာလို႔ အထုပ္အပိုးျပင္ေနတာလဲ
စာေရးဆရာ: ငါမွာ မင္းလို အသက္သံုးေခ်ာင္းမ႐ွိဘူး သြားၿပီ ေျမေခြးေလးေရ ေၾသာ္... ငါထြက္ေျပးသြားတာမေျပာနဲ႔ေနာ္ အခ်ိန္ဆြဲထားေပး
Fox: ဟုတ္ၿပီ စိတ္ခ်ထားလိုက္
(စာေရးဆရာထြက္သြားတာကို နားမလည္စြာၾကည့္ေနရင္း ဝုန္း ဒိုင္းဆုိၿပီးအသံနဲ႔အတူ Hostရဲ႕ေအာင္ျမင္တဲ့က်ီးကန္းငွက္ဆုိးထိုးသံကိုပါ တၿပိဳင္ထဲၾကားလိုက္ရေတာ့သည္)
ယြမ္နဥ္ခ်င့္ : ဘယ္မွာ ေသာက္စာေရးဆရာ...ငါရဲ႕အစစ္ဘဝကို ဖ်က္ဆီးပစ္တာ သည္းခံႏိုင္တယ္ Bottom လုပ္လိုက္တာလဲ သည္းခံႏိုင္တယ္...အခုေတာ့...ဘယ္မွာအဲ့စာေရးဆရာ
Fox: ဟိုဘက္ ထြက္ေျပးသြားၿပီ
(2secအတြင္း သစၥာေဖာက္လိုက္ေသာ ေျမေခြးေလးFox)
-*-*-*-*-*-*-*-*-*-*-*-*-
Unicode
"တောက်....အဲ့ရှောင်ရမ်ဟွာက အရှင့်ကို ဘာတွေနဲ့ပြုစားထားရတာလဲ!!" မုကျင်းဝမ်စန်းဟာ သူတို့ကို အရှင်မင်းကြီးက အဖက်မလုပ်တာကြောင့် ကိုယ့်အဆောင်ကိုယ်ပြန်သွားရင်း အခန်းထဲတွင် ပေါက်ကွဲနေတော့သည်၊ တကယ်ဆို ထိုလိုဂရုစိုက်သင့်တာ သူပဲဖြစ်သင့်တာလေ၊ မဖြစ်ဘူး အဲ့ရှောင်ရမ်ဟွာက သူထက်ပိုလှနေတာကြောင့် အရှင်က သူကို မမြင်တာ....တကယ်လို့ ရှောင်ရမ်ဟွာသာ မရှိခဲ့ရင်...
မုကျင်းဝမ်စန်းဟာ ကောက်ကျစ်စွာပြုံးလိုက်ပြီး လီစုဟုန်ဆီ စာပို့လိုက်သည်၊ ဒီအစီအစဉ်သာအောင်မြင်ခဲ့ရင် ငှက်နှစ်ကောင်ကို ခဲတလုံးနဲ့ပစ်သလိုပဲ၊ သူဟာ သူအကြံနဲ့သူပျော်ရွှင်နေတော့သည်၊
လီစုဟုန်ဟာလည်း မုကျင်းဝမ်စန်းဆီက စာရတာနဲ့ မုကျင်းဝမ်စန်းရဲ့အကြံကိုအနည်းငယ်ရိပ်မိသွားကာ လှောင်ပြုံးပြုံးမိလိုက်သည်၊ဟက်...ဇာတ်လိုက်မက ငါ့ကိုပါဖြုတ်ချချင်နေတာပဲ၊ ဒီလောက်လွယ်မယ်ထင်နေလားမသိဘူး...
ဒါပေမယ့် ဇာတ်လိုက်မရဲ့အကြံဟာ ကောင်းတာကြောင့် လက်ခံကြောင်း ပြန်စာပို့လိုက်ပြီး ကျန်းကောဖေ့တို့ အိမ်တော်ကို ထွက်လာတော့သည်၊ကျန်းကောဖေ့ရဲ့ ဇနီး သူရဲ့အစ်မဝမ်းကွဲတော်စပ်သူ ကျင်းဟွာရင်းနဲ့တွေ့ကာ ...
"ကျဲကျဲ....ဒီဆေးလေးရှာပေးပါလား.. "
"အို ...ဒါဘာဆေးလဲ"
"အားဆေး...ကျင်းကောက ရမ်ဟွာနားပဲအချိန်ကုန်တော့ ရမ်ဟွာအတွက် စိုးရိမ်လို့ဆေးဆရာကိုမေးမြန်းပြီး ဆေးညွှန်းယူလာတာ...ဒါပေမယ့် ပထမအဆင့်ရထားတဲ့ပညာရှိအမတ်လောင်းဖြစ်နေတော့ အဖေ့ရဲ့အလုပ်တွေကိုနောက်နေ့ကစပြီး တာဝန်ယူရတော့မှာမို့လို့...ကျဲကျဲကို လာအကူညီတောင်းတာ..."
"အိုး...သိပြီ ရှာပေးထားမယ်"
"တကယ်လို့ရှာတွေ့ရင်လည်း ရမ်ဟွာကို ကျဲကျဲပဲပေးပေးပါနော်"
"ကောင်းပြီ" လီစုဟုန်ရဲ့အကြံအစည်ကိုမသိသော ကျင်းဟွာရင်းကတော့ သဘောရိုးနဲ့လက်ခံလိုက်သည်၊ကျင်းဟွာရင်းသဘောတူတာနဲ့ လီစုဟုန်ဟာကျေနပ်သွားကာ နူတ်ဆက်ပြီးထွက်သွားတော့သည်၊
လီစုဟုန်ပြောတဲ့အတိုင်း ကျင်းဟွာရင်းဟာ ဆေးမြစ်တွေကို ရှာဖွေကာရမ်ဟွာထံ လက်ဆောင်ပေးတော့သည်၊သူတို့်လည်း ထွေထွေထူးထူးမစစ်တော့ပဲ အားဆေးကို တနေ့တခွက်ရမ်ဟွာဆီပို့တော့သည်၊ လီစုဟုန်ဟာ ဆေးကိုရမ်ဟွာသောက်မသောက် သူSystemနဲ့ ကြည့်ခိုင်းပြီး ရမ်ဟွာသောက်တယ်ဆိုမှ စိတ်ချလက်ချဖြစ်သွားတော့သည်၊
ဒီဆေးက ကြည့်တော့အားဆေးလိုနဲ့ တကယ်တော့ အဆိပ်တမျိုးပင်၊ဒီအဆိပ်ဟာ ၇ရက်တိတိ သောက်သုံးရပြီး နောက်၇ရက်ကြာမှ ရောဂါစပြခြင်းဖြစ်သည်၊အဲ့ချိန်ကျရင် ရမ်ဟွာဟာ ရုတ်တရက်သေဆုံးသွားလိမ့်မယ်၊စစ်ဆေးကြည့်ရင်လည်း ကျင်းဟွာရင်းတိုက်မှန်းသိသွားလိမ့်မည်၊ ကျင်းဟွာရင်းက သူပေးခိုင်းကြောင်း အကြောက်အကန်ငြင်းဆိုနေလိမ့်မည်၊သူကဝင်သရုပ်ဆောင်ပြရုံပဲ၊ပြီးရင် အသဲကွဲနေသော ဘုရင်ကိုညီတယောက်အနေနဲ့နှစ်သိမ့်ပေးရင်း.....ကျန်းကောဖေ့ကိုလည်း ဇာတ်လိုက်မလက်ထဲ အတင်းထိုးထည့်ရုံပဲလေ
(A/N: သြော်....)
သူအကြံ နဲ့ သူကျေနပ်သွားကာ... ရမ်ဟွာသေမဲ့အချိန်ကို စောင့်ဆိုင်းတော့သည်၊ ဒါပေမယ့် သူထင်သလို ရမ်ဟွာမသေသေးပေ၊ ဒါပေမယ့် လဝက်ကြာတော့ နာမကျန်းဖြစ်နေတဲ့သတင်းတော့ ကြားနေရသည်၊
တစ်လကနေ သုံးလကြာတော့ သူရဲ့စိတ်များဟာ နေမထိထိုင်မထိဖြစ်လာတော့သည်၊ ရမ်ဟွာရဲ့သေဆုံးတဲ့သတင်းက သူဆီရောက်မလာချေ၊
ဆေးကများ မှားယွန်းနေတာလား မဖြစ်နိုင်တာ...သူ့Systemနဲ့သေချာစစ်ဆေးပြီးပြီလေ၊ပြီးတော့ ရှောင်ရမ်ဟွာကိုယ်တိုင်လည်း သောက်တယ်လေ ဘာကြောင့် မသေသေးရတာလဲ...သူစိတ်များဟာ မရိုးမယွဖြစ်လာပြီး ချက်ချင်းပဲ ရှောင်ရမ်ဟွာဆီသွားကာ စစ်ဆေးချင်နေတော့သည်၊
နောက်သုံးရက်နေရင် မင်းကြီးရဲ့မွေးနေ့ပဲ အဲ့ချိန်ကျရင်အမှန်တရားကို သိရမှာပဲလေ၊ သူ့ရဲ့ system ဆီက ပစ္စည်းအချို့ကို ဝယ်လိုက်ကာ မုကျင်းဝမ်စန်းဆီထွက်လာလိုက်သည်၊အခုတလော အရှင်မင်းကြီးကလဲ မုကျင်းဝမ်စန်းဆီခဏခဏသွားကြောင်း သူသတင်းရနေသေးသည်၊တကယ်ဟုတ်မဟုတ်သိချင်တာကြောင့်လဲ ပါသည်၊
"ဝမ်စန်း ကျင်းကော မင်းဆီအခုတလော လာလည်တယ်ဆို"
"အေး ဟုတ်တယ်... "
"ထွေထွေထူးထူး ဖြစ်ကျသေးလား"
"ငါက သူရဲ့ကိုယ်လုပ်တော်ပဲလေ...ငါမကြိုက်လဲ အရှင်ကအရမ်းကပ်လွန်းတော့ မတတ်နိုင်ဘူးလေ" မုကျင်းဝမ်စန်းဟာ လီစုဟုန်မနာလိုဖြစ်အောင် ပိုပိုသာသာပြောလိုက်သည်၊ တကယ်တော့ မုကျင်းဝမ်စန်းဆီ မင်းကြီးဟာ တခါမှမလာပေ၊သူဟာ အကြံပေးအမတ်ကြီးကို ဖြားယောင်းထားပြီး အကြံပေးအမတ်ကြီးရဲ့အကူအညီဖြင့် မဟုတ်မမှန်သတင်းတွေ လွင့်ခိုင်းချင်းဖြစ်သည်၊ ဘာပဲဖြစ်ဖြစ် နောက်သုံးရက်ရောက်ရင် မင်းကြီးက နာမကျန်းဖြစ်နေတဲ့မိဖုရားခေါင်ကို ပစ်ပယ်ထားပြီး သူဆီရောက်လာအောင် လုပ်ရမှာပဲလေ၊သူအတွေးနဲ့သူကျေနပ်နေပေမယ့် လီစုဟုန်ရှေ့မှာ မပြသပေ၊
လီစုဟုန်ဟာ မုကျင်းဝမ်စန်းပေါ် မနာလိုဖြစ်သွားပေမယ့် ယခုလိုတိုးတတ်လာတာလဲ ကျင်းကောနဲ့သူပိုနီးစပ်လာဖို့ အခွင့်အရေးရှိတာပဲလေ၊ဒီကမ္ဘာက Cအဆင့်ကမ္ဘာဖြစ်ရဲ့နဲ့ ဘာကြောင့် ထင်သလိုမဖြစ်ရတာလဲ၊ဇာတ်အိမ်နဲ့လွဲနေတာ သိပေမယ့် ဒါသူဝင်လာလို့ဖြစ်တာလို့ System ကလဲ ပြောထားပြီးပေမယ့် ရှောင်ရမ်ဟွာပေါ် သံသယဝင်နေဆဲပင်၊
--------------------------------
မင်းကြီးမွေးနေ့ရောက်တော့... လီစုဟုန်နဲ့မုကျင်းဝမ်စန်းဟာ အတူတူဝင်လာကာ မုကျင်းဝမ်စန်းကတော့ ကိုယ်လုပ်တော်တန်းမှာသွားထိုင်ပြီး လီစုဟုန်ကတော့ သူအဖေ ပညာရှိအမတ်ဘေးမှာ သွားထိုင်ကာ ရှောင်ရမ်ဟွာကို ကြည့်လိုက်သည်၊ ရှောင်ရမ်ဟွာဟာ မျက်နှာလေး ဖြူဖျော့ဖြူရော်ဖြစ်နေပေမယ့် လှပနေဆဲပင်၊ သူဟာ အပြာရောင်ဝတ်စုံလေးကိုဝတ်ဆင်ထားပြီး မင်းကြီးဘေးတွင် ထိုင်နေပြီး မင်းကြီးကျွေးသမျှကို ဖြေးညင်းစွာ စားနေတာကို ကြည့်ပြီး လီစုဟုန်အပါအဝင် အခြားမိဖုရားတွေ၊ကိုယ်လုပ်တော်တွေကို မနာမုန်းတီးစေတဲ့စိတ်ဖြစ်မိသည်၊ မင်းကြီးဟာ အခုတလော မုကျင်းဝမ်စန်းနဲ့ မိဖုရားခေါင်ကို အလေးပေးကြောင်း သိနေရတော့ မုကျင်းဝမ်းစန်းကိုပါ မုန်းတီးမိကျပြန်သည်၊
သတင်းအမှားပြန့်ဝေထားသော မုကျင်းဝမ်စန်းကတော့ ဘုရင်က သူတို့ဘက်ကို တချက်တောင် လှည့်မကြည့်တာကြောင့် ရှောင်ရမ်ဟွာကို သတ်ချင်စိတ်တွေဟာ ပြင်းထန်လာတော့သည်၊ထိုနေရာက သူ့အပိုင်လေ၊ဘာကြောင့် ဒီပြည့်တန်ဆာက ထိုင်နေရတာလဲ!!!
"ရမ်ဟွာ များများစားနော်"
အခုတလော ဘာဖြစ်နေမှန်း သူမသိပေ၊Foxစစ်ဆေးကြည့်တော့လည်း ဘာမှထူးထူးခြားခြားမသိရပေ၊အခုတလော အစားတွေပိုစားပေမယ့် သူအရမ်းကြိုက်တဲ့အစားအစာတွေမြင်ရင် အန်ချင်စိတ်တွေ ဖြစ်လာပြန်သည်၊ အားဆေးဆိုပြီး ကျင်းဟွာရင်းလာပေးတော့ ဒါ အဆိပ်မှန်းသိလိုက်ရပြီး အကြောင်းစုံသိလိုက်ရတော့ တကယ့်အားဆေးနဲ့ လဲလိုက်ကာ သူသောက်သုံးနေခြင်းဖြစ်သည်၊ အဲ့တာတွေ သောက်တာများပြီး အားအရှိလွန်သွားတာများလား....သူဗိုက်ကလဲ အစားတွေကြီးပဲစားနေရတာကြောင့် တဖြေးဖြေး ပူပူလာသလိုပင်၊
"အရှင် ရမ်ဟွာဝလာသလိုပဲ" နူတ်ခမ်းလေးဆူကာ ပြောလိုက်သည်၊ ကြည့်အုန်း ဗိုက်က နဲနဲဖားလာသလိုပဲ၊ဒီလိုကြီး ဝလာတာကို သူမကြိုက်ဘူး၊
"ပိန်ပိန် ဝဝ ကိုယ်က ချစ်ပြီးသားပါ ရော့...ရော့ ဒါနောက်ဆုံး တလုတ်"
'ဒီသောက်မင်းကြီး ငါ ဒီလောက်ဝနေတယ်လို့ ပြောနေတာလေ! ခင်ဗျား ဝမှချစ်တာတွေပိန်မှချစ်တာတွေ နားမလည်ဘူး!!! ငါက သောက် Six packတွေနဲ့နေလာတဲ့ဗလကောင်ကွ...ဗလမရှိလဲ အနည်းဆုံးပိန်နေမှ ကျေနပ်တာလေ...အဲ့တာကိုဘာကြောင့် နင်းကန်ကျွေးနေရတာလဲ!!! 'ဟုတ်ပြီ ငါဝတာမဟုတ်ဘူး ဒီခန္ဓာကိုယ်ဝတာဆိုပြီး ဖြေသိမ့်လိုက်ကာ လက်ကျန်တလုတ်ကို စားလိုက်တော့သည်၊
ထိုနောက် အမတ်တွေတယောက်ပြီးတယောက် လက်ဆောင်များ ပေးကျတာ မျက်နှာသာယူကျတော့သည်၊ထိုနောက် လူငယ်များအလှည့်ရောက်လာပြီး လီစုဟုန်ဟာ ရွှေရောင်စာရွက်နဲ့ ကဗျာတပုဒ်ကို ကျင်းလောင်ရှိန်းထံ ပေးလိုက်သည်၊ ဒီကဗျာကို အထိန်းတော်ကြီးဖတ်ပြနေတဲ့အချိန်မှာ အကုန်လုံးဟာ လီစုဟုန်ကို လေးစားသွားကျသည်၊ဒါပေမယ့် ဘုရင်ကတော့ ချီးမွမ်းတာတွေဘာတွေမလုပ်ခဲ့ပေ၊ဒါကြောင့် လီစုဟုန်ဟာ မျက်နှာတချက်ပျက်သွားပေမယ့် ကိုယ့်နေရာကိုယ်သာ ပြန်ထိုင်နေတော့သည်၊မိဖုရားတွေကိုယ်လုပ်တော်အချိူ့ကတော့ သူတို့ ကျွမ်းကျင်ရာတွေနဲ့ဖျော်ဖြေပြီး ဘုရင်များ စိတ်ဝင်စားမလားဆိုတဲ့ မျှော်လင့်ချင်နဲ့ပေ၊ မုကျင်းဝမ်စန်းဟာလည်း ပုလွေနဲ့ ဖျော်ဖြေကာ ယောကျ်ားပျိုတွေရဲ့နှလုံးသားကို ချွေယူသွားတော့သည်၊ဒါပေမယ့် ဘုရင်က စိတ်ပင်မဝင်စားပေ၊သူဟာ ရှောင်ရမ်ဟွာသာ ဂရုစိုက်နေတာကြောင့် မုကျင်းဝမ်စန်းရဲ့ မနာလိုမှုတွေ တဖြေဖြေးပိုမို ကြီးထွားလာတော့သည်၊ သူဟာ ပေါ်တင်ပင် ရှောင်ရမ်ဟွာကို မလိုမုန်းတီးစွာကြည့်လိုက်ပြီး ကိုယ့်နေရာကိုယ်ပြန်ထိုင်နေရင်း တခုခုလုပ်ရန်တွေးတောနေတော့သည်၊
"အမတ်တွေရဲ့ လက်ဆောင်တွေကြောင့် ငါကိုယ်တော် ပျော်ရွှင်ရပါတယ်...ဒါကြောင့် ဒီည မမူးမချင်းမပြန်ရဘူး"
"ဟားဟား...အရှင်မင်းကြီး အမိန့်တော်တိုင်းပါပဲ"
အကုန်လုံး စိတ်လွတ်ကိုယ်လွတ်ပျော်ရွှင်နေပေမယ့် လီစုဟုန်တို့ကတော့ မပျော်ရွှင်ပင်၊သူတို့အလှဆုံးပြင်ထားကျပေမယ့် ဘုရင်ရဲ့အကြည့်တချက်တောင် မရပေ၊ နေမကောင်းဘူးဆိုတဲ့ရှောင်ရမ်ဟွာကလဲ ကျန်းမာလွန်းလို့ ထောင်ထောင်မြည်နေသည်၊ နောက်တနည်း စဉ်းစားရတာပေါ့၊ ဒီချိန်မှာ ကိုယ်လုပ်တော်တွေ မရှိသင့်တာကြောင့် အသုံးချမဲ့မုကျင်းဝမ်စန်းလည်းမရှိတော့ သူရဲ့အစီအစဉ်ကို နားထားလိုက်ပြီး သူပါ အမတ်တွေနဲ့ရောနှောကာ သုံးဆောင်နေတော့သည်၊ ဒါပေမယ့် တချက်ချက် ဘုရင်ကို ဆွဲဆောင်ဖို့တော့ မမေ့ပေ၊ ဒါပေမယ့် ဘုရင်ဟာ သူကို စကားတောင် မပြောတာကြောင့် စိတ်ပျက်နေတော့သည်၊သူ လုပ်တဲ့missionက တဝက်ပြီးနေပြီး နောက်တဝက်က ဇာတ်လိုက်မကို လုပ်ကြံရန်ဖြစ်ပေမယ့် ဇာတ်လိုက် ကျင်းလောင်ရှိန်းကို တဖြေးဖြေး ကြွေနေမိတာကြောင့် ဒီကမ္ဘာကနေ မထွက်သွားသေးပဲ နေနေချင်းဖြစ်သည်၊
ရမ်ဟွာ တဖြေးဖြေး စိတ်တိုလာပြီဖြစ်သည်၊သူစိတ်ထဲကို ဘာကိုစိတ်တိုလို့တိုမှန်းမသိပဲ၊ဘာကိုမှ စိတ်အလိုမကျဖြစ်နေသည် ဒီရက်ပိုင်းအတွင်း၊ပြီးတော့ အချဉ်မကြိုက်ရဲ့နဲ့ အချဉ်အရမ်းတွေ စားချင်နေသည်၊အခုလည်း အချဉ်တခုခုစားချင်ပေမယ့် သူရှေ့ကအစားအစာတွေကြောင့် ပျို့မအန်မိအောင် မနဲထိန်းချုပ်ထားရင်း နောက်ဆုံးမနေနိုင်တော့ပဲ ထပြေးသွားပြီး ကန်တခုနားတွင် ထိုးအန်လိုက်တော့သည်၊ဒါပေမယ့် လေတွေ သာထွက်လာသည်၊
"ရမ်အာ အဆင်ပြေရဲ့လား" သူရဲ့ ကျောကို ဖြေးညင်းစွာလာပွတ်ပေးတဲ့လက်ကြောင့် ကြည့်လိုက်တော့ ကျင်းဟွာရင်းဖြစ်နေသည်၊ အားကိုးရသွားသလို ကျင်းဟွာရင်းရဲ့ ရင်ခွင်ထဲ ကလေးတယောက်လိုငိုယိုကာ....
"ကျဲ...ကျွန်တော် အဆင်မပြေဘူး "
"ကျွန်တော်ကြိုက်တဲ့အရာတွေကို မြင်ရင် ပျို့အန်ချင်စိတ်ဖြစ်လာပြီး စားလို့လဲ မရဘူး...ပြီးတော့..."
"ချဉ်ချဉ်တူးတူးတွေပဲ စားချင်နေတယ် ...ကျွန်တော် ရောဂါများရနေတာလား"
ရမ်ဟွာဟာ မျက်ရည်များပြည့်နေတဲ့မျက်ဝန်းလေးဖြင့် ကျင်းဟွာရင်းကို အားကိုးတကြီးကြည့်ကာမေးလိုက်သည်၊အခုဖြစ်သမျှတွေဟာ အဆင်မပြေပင်!အခုလဲ ကလေးတယောက်လို မိန်းမတယောက်ထဲဝင်ကာ ငိုယိုနေသော သူရဲ့ပုံစံကိုကြည့်ပြီး သတ်သေချင်စိတ်တွေ ကောက်သွားသည်၊ဘာလို့ ဒီလောက်တောင် အထိမခံရွှေပန်းကန်လို ဖြစ်နေရတာလဲ....
ရမ်ဟွာရဲ့စကားများကြောင့် ကျင်းဟွာရင်းဟာ ကြောင်အသွားပြီး ချက်ချင်း ရမ်ဟွာရဲ့လက်က သွေးကြောကို စမ်းသပ်ကြည့်ရင်း မျက်ဝန်းများဟာ အံ့အားမှုများဖြတ်သန်းသွားပြီး. ..
"မဖြစ်နိုင်တာ...."
"ကျဲ.... ကျွန်တော် ဘာ...ဘာရောဂါများဖြစ်လို့လဲ"
'ဒါပေမယ့် Foxပြောတာ ဘာရောဂါမှမရှိဘူးလေ... သူ ချက်ချင်း ဒေါက်ခနဲသေရင် mission ရှူံးမှာလေ...'
[Fox:ဟုတ်တယ် hostမှာ ဘာရောဂါမှမရှိပါဘူး...ရောဂါပေါ်တာနဲ့ ကျွန်တော့်ဆီ အချက်ပြမှာပဲလေ]လို့ Foxကလည်း အခိုင်အမာကိုပြောနေလေသည်၊
"...ဒါ...ဒါ ရောဂါ မဟုတ်ဘူး....ရမ်အာ ဒါထူးဆန်းတာပဲ....ယောကျာ်းလေးတယောက်က ဘယ်လိုလိုလုပ် ဖြစ်နိုင်မှာလဲ"
'အစ်မရယ် ပြောမှာရှိပြောပါဗျာ...ကျွန်တော့်ကို လန့်အောင် လုပ်နေတယ်!' တဖြေးဖြေး မျက်နှာမဲ့မဲ့လာတဲ့ ရမ်ဟွာကြောင့် ကျင်းဟွာရင်းဟာ ခေါင်းလေးကိုပုတ်လိုက်ကာ...
"ရမ်အာ" ဂုဏ်ယူပါတယ်"
'ချီးကို ဂုဏ်ယူ...ဘာလဲ ပြောပါတော့ အစ်မရယ် ရှိကြီးခိုးပါတယ်'
"မင်းမှာ ကိုယ်ဝန်ရှိနေပြီ ရမ်အာ"
"ဗျာ!!!!!"
----------------------------
Fox: စာရေးဆရာ ဘာလို့ အထုပ်အပိုးပြင်နေတာလဲ
စာရေးဆရာ: ငါမှာ မင်းလို အသက်သုံးချောင်းမရှိဘူး သွားပြီ မြေခွေးလေးရေ သြော်... ငါထွက်ပြေးသွားတာမပြောနဲ့နော် အချိန်ဆွဲထားပေး
Fox: ဟုတ်ပြီ စိတ်ချထားလိုက်
(စာရေးဆရာထွက်သွားတာကို နားမလည်စွာကြည့်နေရင်း ဝုန်း ဒိုင်းဆိုပြီးအသံနဲ့အတူ Hostရဲ့အောင်မြင်တဲ့ကျီးကန်းငှက်ဆိုးထိုးသံကိုပါ တပြိုင်ထဲကြားလိုက်ရတော့သည်)
ယွမ်နဉ်ချင့် : ဘယ်မှာ သောက်စာရေးဆရာ...ငါရဲ့အစစ်ဘဝကို ဖျက်ဆီးပစ်တာ သည်းခံနိုင်တယ် Bottom လုပ်လိုက်တာလဲ သည်းခံနိုင်တယ်...အခုတော့...ဘယ်မှာအဲ့စာရေးဆရာ
Fox: ဟိုဘက် ထွက်ပြေးသွားပြီ
(2secအတွင်း သစ္စာဖောက်လိုက်သော မြေခွေးလေးFox)