စာအရေးအသား မသေသပ်ရင် တောင်းပန်ပါတယ်
စာလုံးပေါင်းပြန်မစစ်တာကြောင့် အမှားပါရင် ဖြည့်ဖတ်ပေးပါဗျ
Zawgyi
ယွမ်နဉ်ချင့်ဟာ ရေချိုးခန်းထဲ သွားကာ သူရုပ်ကို ကြည့်လိုက်သည်၊ ရှေ့ဆံပင်များဟာ မျက်နှာတဝက်ကို ဖုံးအုပ်ထားပြီး ဖြူဖျော့နေသော နူတ်ခမ်းပါးလေးဟာ အသက်ပါတဲ့အပြုံးလေး ပြုံးထားသည်၊ ယွမ်နဉ်ချင့်ဟာ ဖုံးအုပ်နေသော ဆံပင်များကို အပေါ်လှန်တင်လိုက်တော့ စူးရှပြီး တောက်ပနေသော မျက်ဝန်းပြာများ ပေါ်လာတော့သည်၊တောက်ပသော မျက်ဝန်းပြာများအောက်တွင် ပင်ပန်းမှုကြောင့် မျက်ဝန်းများ တော်တော်ညိုနေသေးသည်၊ ဒီကိုယ်ဟာ တော်တော် ပင်ပန်းခဲ့တာပဲ
"Foxတခုခု လုပ်အုန်း"
တမိနစ်အကြာတွင် ဖြူဖျော့နေသော နူတ်ခမ်းပါးလေးဟာ ပန်းရောင်သန်းလာပြီ ညိုနေသော မျက်ဝန်းများဟာလည်း ပျောက်သွားတော့သည်၊ ဖြူဖျော့ဖျော့ဖြစ်နေပြီး မွဲခြောက်ခြောက်အသားအရေဟာလည်း ကြည်လင်လာပြီ သွေးကြောလေများကိုပင် မြင်နေရသည်၊ မျက်နှာလေးဟာလည်း အသားအရေလေးမျာ ရှိသင့်သလောက် ပြန်ပြည့်လာတော့သည်၊ အခုမှ လူရုပ်ထွက်လာတော့သည်၊ ဝမ်နင်ရဲ့ဟာ မိန်းမချောချောတဲ့အထဲမှာ ပါတယ်လို့လည်း ပြောလို့မရပေ၊ သူရဲ့ မျက်နှာလေးဟာ တနေကုန် ထိုင်ကြည့်နေရင်တောင် ရိုးမသွားတဲ့မျက်နှာလေးထဲမှာ ပါဝင်သည်၊ ဒါကြောင့် ဝမ်ဟန်ချူးက ဝမ်နင်ရဲ့ကို တံခါးပိတ်ပြီး အကြိမ်ကြိမ် rapeကာ နှိပ်စက်ခဲ့ခြင်းဖြစ်သည်၊ ရှင်းရှင်းပြောရရင် ဝမ်ဟန်ချူးက ဝမ်နင်ရဲ့ပေါ် တခုခုပေ၊ သူက ညီအစ်ကိုချင်းချင်း ချစ်နေတာလား...
[Fox:.....]ဘာလို့ ငါ့Hostရဲ့အပြုံးတွေက ကြောက်ဖို့ကောင်းနေရတာလဲ၊ဒါတခုခု မကောင်းကြံတော့မဲ့ အပြုံးတွေ၊
ဝမ်နင်ရဲ့ဟာ ဒီနေ့ပဲ ချက်ချင်း ခွင့်ယူကာ ဝမ်အိမ်တော်ကို ပြန်သွားတော့သည်၊သူအိမ်ထဲကို ဝင်လာတော့ သူအဖေဟာ မရှိပေ၊အင်း ဒီချိန်ဆို သူစာကြည်ခန်းမှာပဲနေမှာပေါ့၊သူအမေကတော့ အိမ်ဖော်သုံးယောက်ကို တခုခုခိုင်းနေတာကို မြင်လိုက်ရသည်၊ယွမ်နဉ်ချင့်ဟာ သူရဲ့အေးစက်နေတဲ့မျက်နှာထားကို ချက်ချင်းပြင်လိုက်ကာ...သနားစရာကောင်းတဲ့ကောင်လေးပုံစံအစားထိုးလိုက်တော့သည်၊သူဟာ အသံတိုးတိုးလေးနဲ့ အမျိုးသမီးကြီးရဲ့ကျောပြင်ကို ကြည့်ကာ
"သားငယ်...." လို့ခေါ်ကာ ပြေးဖက်တော့သည်၊ယွမ်နဉ်ချင့်ဟာ သူဘဝတွေ မိဘဆိုတာ ဘာမှန်းမသိခဲ့ပေ၊ အခုလို ရုတ်တရက်ကြီး အဖက်ခံလိုက်ရတော့ ယွမ်နဉ်ချင့်တယောက် ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ ကြောင်အနေတော့သည်၊သူစိတ်ထဲတွင် ဒီအမျိုးသမီးကြီးရဲ့သားပေါ်ထားရှိသည့် မေတ္တာကိုပင် မပြောပဲ ခံစားနေရသည်၊ဒါကို ဝမ်နင်ရဲ့အရူးကောင်ဟာ သုံးနှစ်လုံးလုံး သူအမေလာတွေ့တာကို လက်မခံပဲ တိမ်းရှောင်နေခဲ့တယ်၊ သူအမေဟာ သူစိတ်နဲ့ အိပ်ယာထဲ လဲကျတဲ့အထိ လာရောက်မတွေ့ဆုံခဲ့ပေ၊ ချင်ဟောင်မေ့ရဲ့စကားများကြောင့်ဖြစ်သည်၊ဒါကြောင့် သူချစ်တဲ့အမျိုးသမီးလေးသေသွားတော့ ဝမ်သခင်ကြီးဟာ သူ့သားငယ်ကို လုံးလုံး လျစ်လျူရှု လိုက်တော့သည်၊
အမျိုးသမီးကြီးဟာ သူမျက်နှာကို ကိုင်လိုက် ခန္ဓာကိုယ်တခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး စိတ်မကောင်းတဲ့ပုံစံဖြင့်....
ဝမ်နင်ရဲ့ဟာ မျက်ရည်လေးများဝဲလာပြီးသူအမေကို ဖက်ရင်း...
ဝမ်သခင်မကြီးဟာ သူရဲ့သားငယ်ရဲ့ခေါင်းလေးကို ဖြေးညင်းစွာပွတ်လိုက်ပြီး...
"လူဆိုးလေး မေမေသားငယ်လေးက ဘာတွေ မဟုတ်တာလုပ်လို့လဲ သားငယ်လေးက ငယ်ငယ်ထဲက ဆရာဝန်ဖြစ်ချင်ခဲ့တာ မေမေသိသားပဲလေ...အေး...သားအဖေ သားကို ခွင့်ပြုလိုက်ပြီလေ..."
"မေမေကိုချစ်တယ်...." သူအမေရဲ့ပါးလေးကို နမ်းကာ ပြောလိုက်သည်၊
ဂွီ~~~~~~~~~
'Fck' ဝမ်နင်ရဲ့ ရဲ့မျက်နှာတခုလုံး ခရမ်းချဉ်သီးလို ရဲတွက်သွားတော့သည်၊
ဝမ်သခင်မကြီးနဲ့အိမ်ဖော်မလေးတွေဟာ ဝမ်နင်ရဲ့ဗိုက်ထဲက မြည်သံကြောင့် ပထမက ကြောင်အပြီးနောက် ရယ်ကုန်ကျတော့သည်၊
ဝမ်နင်ရဲ့ဟာ ရှက်ရမ်းရမ်းနေပြီး ပတ်ရမ်းနေတဲ့ပုံလေးဟာ ချစ်ဖို့ကောင်းတာကြောင့် ဝမ်သခင်မကြီးရဲ့ရယ်သံဟာ တအိမ်လုံး လွှမ်းမိုးသွားတော့သည်၊ ညနေစာ စားရန်ထွက်လာသည့် ဝမ်သခင်ကြီးဟာလည်း သူရဲ့ချစ်ဇနီးလေးရဲ့ ရယ်သံကို ရုတ်တရက်ကြားလိုက်တော့ ဘာဖြစ်လဲဆိုတာ အပြေးကြည့်ရင်း သူ့သားငယ်လေး ပြန်လာတာကြောင့်မှန်း သိသွားတော့သည်၊ဒီသုံးနှစ်လုံး သူဇနီးလေးဟာ ဒီလိုပျော်ရွှင်တာ မမြင်ခဲ့ရတာကြာပြီ၊ ဝမ်သခင်ကြီးလဲ တချက်ပြုံးသွားပြီး...
သခင်ကြီးရဲ့ ကလေးဆန်မှုကြောင့် ဝမ်နင်ရဲ့ပဲ ပြုံးမိသွားတော့သည်၊ တစုံတယောက်ဟာ သူကို ကြည့်နေသည်ဟု ခံစားရတာကြောင့် သူလည်း လှည့်ကြည့်လိုက်တော့ အနက်ရောင် suitဝတ်ထားတဲ့ ဝမ်ဟန်ချူးဟာ လက်တဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး သူတို့ကို ကြည့်နေသည်၊
ယွမ်နဉ်ချင့်ပင်မသိလိုက်ပဲ ဝမ်နင်ရဲ့ကိုယ်လေးဟာ တုန်တတ်သွားတော့သည်၊ယွမ်နဉ်ချင့်ဟာ ဝမ်နင်ရဲ့ ဘာဖြစ်မှန်းသူမသိပေ၊ဒါပေမယ့် ဝမ်နင်ရဲ့ ခံစားနေရတဲ့ကြောက်ရွံမှုကို သူပါ ခံစားနေမိသည်၊
ယွမ်နဉ်ချင့်ဟာ ဝမ်နင်ရဲ့ရဲ့ တုန်ယင်နေသောကိုယ်ကို ထိန်းချုပ်လိုက်ပြီး ဝမ်ဟန်ချူးအား အပြုံးလေးတခုပစ်ကျဲလိုက်ပြီး
"ကိုကို လာပြီလား"
ဝမ်ဟန်ချူးဟာ သူကို မသိချင်ယောင်ဆောင်ပြီး ပုံမှန်လိုပြောနေတဲ့ကောင်လေးကြောင့် စိတ်ထဲတွင် အလိုမကျမှုများဖြစ်သွာပေးမယ့်
"ဟုတ်ပကွာ ငယ်လေး မင်းတော်တော်ရက်စက်တာပဲ"အကိုကြီးဆုံး ဝမ်ကျင့်ထုံပါရောက်လာပြီး ပြောတော့သည်၊သူဟာ ဆူပူနေတဲ့ပုံပေမယ့် သူလက်နှစ်ဖက်ဟာ ဖွင့်ထားပြီး သူကို လာဖက်ရန်ပြောနေသလိုပင်၊
ဝမ်နင်ရဲ့လည်း ဝမ်ကျင့်ထုံရဲ့ ရင်ခွင်ထဲအပြေးလေး ဝင်သွားကာ ဖက်တော့သည်၊ဝမ်သခင်ကြီးနဲ့ဝမ်သခင်မကြီးဟာ ကြည်နူးစွာကြည့်နေကျပေမယ့် ဝမ်ဟန်ချူးကတော့ ဆန့်ကျင်ဘက်ပင်၊ သူဟာ အကိုကြီးဆီကနေ သူညီလေးကို ပြန်ဆွဲယူကာ သူရင်ခွင်ထဲ ဆွဲဖက်လိုက်တော့သည်၊ဝမ်ဟန်ချူးပုံစံဟာ ပိုင်စိုးပိုင်နင်းဖြစ်ပေမယ့် အကုန်လုံးဟာ သူညီလေးကို ချစ်တဲ့အကိုတယောက် ပုံစံသာ မြင်သည်၊
ယွမ်နဉ်ချင့်ကတော့ ရုတ်တရက်ဆွဲဖက်ခံရပြီး ရုန်းလို့မရအောင် တင်းကြပ်စွာ ဖက်ထားသော ဝမ်ဟန်ချူးကြောင့် ဒီခန္ဓာကိုယ်ဟာ တဖြေးဖြေး တုန်ယင်လာတော့သည်၊ သူဟာ ဝမ်နင်ရဲ့ခန္ဓာကိုယ်ရဲ့ ကြောက်ရွံမှုတွေကိုပင် ထိန်းလို့မရတော့ပေ၊
'ဘာတွေဖြစ်ခဲ့တာလဲ...Fox'
[Fox:ကိုယ့်ဘာသာ ရှာဖွေပါ၊မှော်ခိုsystemဖြစ်တာကြောင့် ဒီလိုအချက်အလက်တွေ ရှာဖွေလို့မရဘူး]
'.......'
'မေ့ဖို့နေနေသာသာ...ဘာမှန်းမသိဘူး သောက်ကောင်ရ'ယွမ်နဉ်ချင့်ဟာ မကျေမနပ်ဆဲလိုက်ပြီး အတင်းရုန်းကန်တော့သည်၊
ဝမ်ဟန်ချူးဟာ တိုးတိုးလေးပြောပြီး ဝမ်နင်ရဲ့ ခေါင်းကို ဖွဖွလေး ပွတ်သတ်တာ ထွက်သွားတော့သည်၊ သူအကိုကြီး ကျင့်ထုံဟာလည်း ဝမ်နင်ယဲ့ရဲ့ တုန်ယင်နေတာ မြင်တော့...
"ကိုကိုက အတင်းဖက်သွားတာကိုး ကိုကြီးရ၊ဟွန့် အိမ်လေးပြန်လာပါတယ် ဖက်ပြီးသတ်ကျမလို့လားမသိဘူး"
-----------
Unicode
ယွမ်နဉ်ချင့်ဟာ ရေချိုးခန်းထဲ သွားကာ သူ့ရုပ်ကို ကြည့်လိုက်သည်၊ ရှေ့ဆံပင်များဟာ မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားပြီး ဖြူဖျော့နေသော နှုတ်ခမ်းပါးလေးဟာ အသက်ပါတဲ့အပြုံးလေး ပြုံးထားသည်၊ ယွမ်နဉ်ချင့်ဟာ ဖုံးအုပ်နေသော ဆံပင်များကို အပေါ်လှန်တင်လိုက်တော့ စူးရှပြီး တောက်ပနေသော မျက်ဝန်းပြာများ ပေါ်လာတော့သည်၊ တောက်ပသော မျက်ဝန်းပြာများအောက်တွင် ပင်ပန်းမှုကြောင့် မျက်ဝန်းများ တော်တော်ညိုနေသေးသည်၊ ဒီကိုယ်ဟာ တော်တော် ပင်ပန်းခဲ့တာပဲ၊
"Fox တစ်ခုခု လုပ်အုန်း"
[Fox: ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နေသည်]
တစ်မိနစ်အကြာတွင် ဖြူဖျော့နေသော နှုတ်ခမ်းပါးလေးဟာ ပန်းရောင်သန်းလာပြီ ညိုနေသော မျက်ဝန်းများဟာလည်း ပျောက်သွားတော့သည်၊ ဖြူဖျော့ဖျော့ဖြစ်နေပြီး မွဲခြောက်ခြောက်အသားအရေဟာလည်း ကြည်လင်လာပြီ သွေးကြောလေးများကိုပင် မြင်နေရသည်၊ မျက်နှာလေးဟာလည်း အသားအရေလေးများရှိသင့်သလောက် ပြန်ပြည့်လာတော့သည်၊ အခုမှ လူရုပ်ထွက်လာတော့သည်၊ ဝမ်နင်ရဲ့ဟာ မိန်းမချောချောတဲ့အထဲမှာ ပါတယ်လို့လည်း ပြောလို့မရပေ၊ သူ့ရဲ့ မျက်နှာလေးဟာ တစ်နေကုန် ထိုင်ကြည့်နေရင်တောင် ရိုးမသွားတဲ့မျက်နှာလေးထဲမှာ ပါဝင်သည်၊ ဒါကြောင့် ဝမ်ဟန်ချူးက ဝမ်နင်ရဲ့ကို တံခါးပိတ်ပြီး အကြိမ်ကြိမ် rape ကာ နှိပ်စက်ခဲ့ခြင်းဖြစ်သည်၊ ရှင်းရှင်းပြောရရင် ဝမ်ဟန်ချူးက ဝမ်နင်ရဲ့ပေါ် တစ်ခုခုပေ၊ သူက ညီအစ်ကိုချင်းချင်း ချစ်နေတာလား...
တကယ်လို့ဟုတ်တယ်ဆို ဘာလို့ မကူညီတာလဲ မဟုတ်မှလွဲရော ဝမ်ဟန်ချူးက Psycho သမားလား၊ ယွမ်နဉ်ချင့် ဘာမှ မစဉ်းစားနိုင်တော့ပေ၊ တကယ် ဟုတ် မဟုတ် စမ်းသပ်ရမှာပဲ ဟုတ်တယ်ဆိုရင်....
[Fox: ....] ဘာလို့ ငါ့ Host ရဲ့အပြုံးတွေက ကြောက်ဖို့ကောင်းနေရတာလဲ၊ဒါတစ်ခုခု မကောင်းကြံတော့မဲ့ အပြုံးတွေ၊
ဝမ်နင်ရဲ့ဟာ ဒီနေ့ပဲ ချက်ချင်း ခွင့်ယူကာ ဝမ်အိမ်တော်ကို ပြန်သွားတော့သည်၊ သူအိမ်ထဲကို ဝင်လာတော့ သူ့အဖေဟာ မရှိပေ၊ အင်း ဒီချိန်ဆို သူစာကြည်ခန်းမှာပဲနေမှာပေါ့၊ သူ့အမေကတော့ အိမ်ဖော်သုံးယောက်ကို တစ်ခုခုခိုင်းနေတာကို မြင်လိုက်ရသည်၊ ယွမ်နဉ်ချင့်ဟာ သူ့ရဲ့အေးစက်နေတဲ့မျက်နှာထားကို ချက်ချင်းပြင်လိုက်ကာ...သနားစရာကောင်းတဲ့ကောင်လေးပုံစံအစားထိုးလိုက်တော့သည်၊ သူဟာ အသံတိုးတိုးလေးနဲ့ အမျိုးသမီးကြီးရဲ့ကျောပြင်ကို ကြည့်ကာ
"မေမေ" ဟု ခေါ်လိုက်သည်၊ အမျိုးသမီးကြီးဟာ လှည့်ကြည့်ပြီး ဝမ်နင်ရဲ့ကို မြင်တော့ အံ့အားသင့်သွားပြီးနောက် မျက်ရည်များစီးကျလာကာ...
"သားငယ်...." လို့ခေါ်ကာ ပြေးဖက်တော့သည်၊ ယွမ်နဉ်ချင့်ဟာ သူ့ဘဝတွင် မိဘဆိုတာ ဘာမှန်းမသိခဲ့ပေ၊ အခုလို ရုတ်တရက်ကြီး အဖက်ခံလိုက်ရတော့ ယွမ်နဉ်ချင့်တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ ကြောင်အနေတော့သည်၊ သူ့စိတ်ထဲတွင် ဒီအမျိုးသမီးကြီးရဲ့သားပေါ်ထားရှိသည့် မေတ္တာကိုပင် မပြောပဲ ခံစားနေရသည်၊ ဒါကို ဝမ်နင်ရဲ့အရူးကောင်ဟာ သုံးနှစ်လုံးလုံး သူ့အမေလာတွေ့တာကို လက်မခံပဲ တိမ်းရှောင်နေခဲ့တယ်၊ သူ့အမေဟာ သူ့စိတ်နဲ့ အိပ်ယာထဲ လဲကျတဲ့အထိ လာရောက်မတွေ့ဆုံခဲ့ပေ၊ ချင်ဟောင်မေ့ရဲ့စကားများကြောင့်ဖြစ်သည်၊ ဒါကြောင့် သူချစ်တဲ့အမျိုးသမီးလေးသေသွားတော့ ဝမ်သခင်ကြီးဟာ သူ့သားငယ်ကို လုံးလုံး လျစ်လျူရှု လိုက်တော့သည်၊
အမျိုးသမီးကြီးဟာ သူ့မျက်နှာကို ကိုင်လိုက် ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပြီး စိတ်မကောင်းတဲ့ပုံစံဖြင့်....
"မေ့သားငယ်လေး ပိန်သွားလိုက်တာ....အစားကော ပုံမှန်စားရဲ့လား"
ဝမ်နင်ရဲ့ဟာ မျက်ရည်လေးများဝဲလာပြီးသူ့အမေကို ဖက်ရင်း...
"မေမေ သားတောင်းပန်ပါတယ်၊....မေမေ့ကို သားအရမ်းသတိရနေခဲ့တာ....သား မေမေ့ကို ရင်မဆိုင်ရဲလို့ မေမေနဲ့မတွေ့တာပါ...သားကို....သားကိုခွင့်လွှတ်လား"
ဝမ်သခင်မကြီးဟာ သူ့ရဲ့သားငယ်ရဲ့ခေါင်းလေးကို ဖြေးညင်းစွာပွတ်လိုက်ပြီး...
"လူဆိုးလေး မေမေ့သားငယ်လေးက ဘာတွေ မဟုတ်တာလုပ်လို့လဲ သားငယ်လေးက ငယ်ငယ်ထဲက ဆရာဝန်ဖြစ်ချင်ခဲ့တာ မေမေသိသားပဲလေ...အေး...သားအဖေ သားကို ခွင့်ပြုလိုက်ပြီလေ..."
"မေမေ့ကိုချစ်တယ်...." သူအမေရဲ့ပါးလေးကို နမ်းကာ ပြောလိုက်သည်၊
[Fox: အရမ်းတော်တာပဲ Host!! ငါတောင် မင်းသရုပ်ဆောင်မှုတွေကြား မျောသွားတာပဲ]
ဂွီ~~~~~~~~~
ဝမ်နင်ရဲ့ ဗိုက်ထဲကနေ ကျယ်လောင်စွာ မြည်လာသောအသံဖြစ်သည်၊
'Fck' ဝမ်နင်ရဲ့ ရဲ့မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးလို ရဲတွက်သွားတော့သည်၊
ဝမ်သခင်မကြီးနဲ့အိမ်ဖော်မလေးတွေဟာ ဝမ်နင်ရဲ့ဗိုက်ထဲက မြည်သံကြောင့် ပထမက ကြောင်အပြီးနောက် ရယ်ကုန်ကြတော့သည်၊
"အာ...မရယ်ကျနဲ့ဗျာ...တော်တော့...မရယ်နဲ့လို့ မေမေကလဲဗျာ...ခင်ဗျားတို့လဲ မရယ်နဲ့"
ဝမ်နင်ရဲ့ဟာ ရှက်ရမ်းရမ်းနေပြီး ပတ်ရမ်းနေတဲ့ပုံလေးဟာ ချစ်ဖို့ကောင်းတာကြောင့် ဝမ်သခင်မကြီးရဲ့ရယ်သံဟာ တစ်အိမ်လုံး လွှမ်းမိုးသွားတော့သည်၊ ညနေစာ စားရန်ထွက်လာသည့် ဝမ်သခင်ကြီးဟာလည်း သူ့ရဲ့ချစ်ဇနီးလေးရဲ့ ရယ်သံကို ရုတ်တရက်ကြားလိုက်တော့ ဘာဖြစ်လဲဆိုတာ အပြေးကြည့်ရင်း သူ့သားငယ်လေး ပြန်လာတာကြောင့်မှန်း သိသွားတော့သည်၊ ဒီသုံးနှစ်လုံး သူ့ဇနီးလေးဟာ ဒီလိုပျော်ရွှင်တာ မမြင်ခဲ့ရတာကြာပြီ၊ ဝမ်သခင်ကြီးလဲ တစ်ချက်ပြုံးသွားပြီး...
"မိန်းမ မင်းဒီလိုပဲရယ်နေတော့မှာလား...သားငယ်လေးက ဗိုက်ဆာနေတာကိုကွာ"
"ကိုကလဲ...လာ သားငယ်လေး တိုက်တိုက်ဆိုင်ဆိုင် သားငယ် အကြိုက် ချက်ထားတယ်"
ဝမ်သခင်ကြီးရဲ့မျက်နှာဟာ ဆူပုပ်လာကာ...
"မိန်းမ ကိုယ်ရှိသေးတယ်လေ"
သခင်ကြီးရဲ့ ကလေးဆန်မှုကြောင့် ဝမ်နင်ရဲ့ပင် ပြုံးမိသွားသည်၊ တစ်စုံတစ်ယောက်ဟာ သူ့ကို ကြည့်နေသည်ဟု ခံစားရတာကြောင့် သူလည်း လှည့်ကြည့်လိုက်တော့ အနက်ရောင် suit ဝတ်ထားတဲ့ ဝမ်ဟန်ချူးဟာ လက်တဖက်ကို ဘောင်းဘီအိတ်ထဲထည့်ထားပြီး သူတို့ကို ကြည့်နေသည်၊
ယွမ်နဉ်ချင့်ပင်မသိလိုက်ပဲ ဝမ်နင်ရဲ့ကိုယ်လေးဟာ တုန်တက်သွားတော့သည်၊ ယွမ်နဉ်ချင့်ဟာ ဝမ်နင်ရဲ့ ဘာဖြစ်မှန်းသူမသိပေ၊ ဒါပေမယ့် ဝမ်နင်ရဲ့ ခံစားနေရတဲ့ကြောက်ရွံ့မှုကို သူပါ ခံစားနေမိသည်၊
ဒီမတိုင်ခင် ဝမ်ဟန်ချူးနဲ့ဝမ်နင်ရဲ့ကြားမှာ ဘာတွေဖြစ်ခဲ့သေးတာလဲ၊
ယွမ်နဉ်ချင့်ဟာ ဝမ်နင်ရဲ့ရဲ့ တုန်ယင်နေသောကိုယ်ကို ထိန်းချုပ်လိုက်ပြီး ဝမ်ဟန်ချူးအား အပြုံးလေးတစ်ခုပစ်ကျဲလိုက်ပြီး
"ကိုကို လာပြီလား"
ဝမ်ဟန်ချူးဟာ သူ့ကို မသိချင်ယောင်ဆောင်ပြီး ပုံမှန်လိုပြောနေတဲ့ကောင်လေးကြောင့် စိတ်ထဲတွင် အလိုမကျမှုများဖြစ်သွာပေမယ့်
"အေး မင်း ပြန်လာပြီပေါ့ ကိုကိုတို့ကို ဘာလို့အကြာကြီး ပစ်ထားရတာလဲ"
"ဟုတ်ပကွာ ငယ်လေး မင်းတော်တော်ရက်စက်တာပဲ" အကိုကြီးဆုံး ဝမ်ကျင့်ထုံပါရောက်လာပြီး ပြောတော့သည်၊ သူဟာ ဆူပူနေတဲ့ပုံပေမယ့် သူ့လက်နှစ်ဖက်ဟာ ဖွင့်ထားပြီး သူ့ကို လာဖက်ရန်ပြောနေသလိုပင်၊
ဝမ်နင်ရဲ့လည်း ဝမ်ကျင့်ထုံရဲ့ ရင်ခွင်ထဲအပြေးလေး ဝင်သွားကာ ဖက်တော့သည်၊ ဝမ်သခင်ကြီးနဲ့ဝမ်သခင်မကြီးဟာ ကြည်နူးစွာကြည့်နေကြပေမယ့် ဝမ်ဟန်ချူးကတော့ ဆန့်ကျင်ဘက်ပင်၊ သူဟာ အကိုကြီးဆီကနေ သူ့ ညီလေးကို ပြန်ဆွဲယူကာ သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်တော့သည်၊ ဝမ်ဟန်ချူးပုံစံဟာ ပိုင်စိုးပိုင်နင်းဖြစ်ပေမယ့် အကုန်လုံးဟာ သူ့ ညီလေးကို ချစ်တဲ့အကိုတစ်ယောက် ပုံစံသာ မြင်သည်၊
ယွမ်နဉ်ချင့်ကတော့ ရုတ်တရက်ဆွဲဖက်ခံရပြီး ရုန်းလို့မရအောင် တင်းကြပ်စွာ ဖက်ထားသော ဝမ်ဟန်ချူးကြောင့် ဒီခန္ဓာကိုယ်ဟာ တဖြေးဖြေး တုန်ယင်လာတော့သည်၊ သူဟာ ဝမ်နင်ရဲ့ခန္ဓာကိုယ်ရဲ့ ကြောက်ရွံ့မှုတွေကိုပင် ထိန်းလို့မရတော့ပေ၊
'ဘာတွေဖြစ်ခဲ့တာလဲ...Fox'
[Fox: ကိုယ့်ဘာသာ ရှာဖွေပါ၊ မှောင်ခို system ဖြစ်တာကြောင့် ဒီလိုအချက်အလက်တွေ ရှာဖွေလို့မရဘူး]
'.......'
"ဘာလို့ ဒီလောက်တောင် တုန်ယင်နေရတာလဲ နင်ရဲ့လေး၊ မသိပါဘူး ကိုယ်က မင်း ကိုယ်တို့နှစ်ယောက်ကြားက အဖြစ်အပျက်တွေကို မေ့လိုက်ပြီ ထင်နေတာ၊ ဒီလို ဖြစ်ပျက်နေတော့ မင်းမမေ့သေးဘူးပဲ"
'မေ့ဖို့နေနေသာသာ...ဘာမှန်းတောင်မသိဘူး သောက်ကောင်ရ' ယွမ်နဉ်ချင့်ဟာ မကျေမနပ်ဆဲလိုက်ပြီး အတင်းရုန်းကန်တော့သည်၊
"ကောင်းပြီ အခုတော့ မင်းကို ခဏလွှတ်ပေးထားတာပေါ့"
ဝမ်ဟန်ချူးဟာ တိုးတိုးလေးပြောပြီး ဝမ်နင်ရဲ့ ခေါင်းကို ဖွဖွလေး ပွတ်သတ်တာ ထွက်သွားတော့သည်၊ သူ့အကိုကြီး ဝမ်ကျင့်ထုံဟာလည်း ဝမ်နင်ရဲ့ ရဲ့ တုန်ယင်နေတာ မြင်တော့...
"ငယ်လေး ဘာလို့တုန်နေတာလဲ နေမကောင်းဘူးလား"
"ကိုကိုက အတင်းဖက်သွားတာကိုး ကိုကြီးရ၊ ဟွန့် အိမ်လေးပြန်လာပါတယ် ဖက်ပြီးသတ်ကြမလို့လားမသိဘူး"
ဝမ်ကျင့်ထုံဟာ ရယ်မောပြီး ထွက်သွားတော့သည်၊
-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*