S.C.I Special Crime Investiga...

By Autumn260103

809K 106K 4.7K

ထူးျခားတဲ့ ကြင္းဆက္လူသတ္မႈေတြကို မႈခင္းပညာနဲ႔ စိတ္ပညာေပါင္းၿပီး ေျဖ႐ွင္းၾကတဲ့ S C I အဖြဲ႔ရဲ႕ ေခါင္းေဆာင္ႏွစ္ေ... More

Murder 01- case
Murder 02- case
Murder 03 - Mysterious Numbers
Murder 04 - Funeral Home
Murder 05- Tracking
S.C.I. အဖြဲ႔ဝင္မ်ား
Murder 06- Prison
Murder 07 - Killer
Murder 08- Doctor
Murder 09- Sneak Attack
Murder 10 The clue
Murder 11 Doubt
Murder 12- Psychology Department
Murder 13 Tradegy
Murder 14- Li Fei Fan
Murder 15- Killer 135
Murder 16 - Academic
Murder 17 - old case
Murder 18- Chaos
Murder 19- Hostage
Murder 20- Third person
Murder 21- Zhao Jue
Murder 22- Sighting
Murder 23- crazy love
Not story update
Murderer 24- Trial
Murderer 25- Hint
Murderer 26- Instruction
Murderer 27- Accident
Murderer 28- Obession
Training Camp Murderer-Chapter01 Dinner
Training Camp Murderer 02- Sniper Case
Training Camp Murderer 04- Band
Not a story update
Training Camp Murderer 05 - Training Camp
Training Camp Murderer 06- Probability
Training Camp Murderer 07- Purgatory
Training Camp Murderer 08- Malingering
Training Camp Murderer 03- Students
Training Camp Murderer 09- Utilization
Hello to all my readers
Training Camp Murderer 10- Lovers
Training Camp Murderer 11- Devil's son
Training Camp Murderer 12- Destiny
Training Camp Murderer 13- Clues
Training Camp Murderer 14- Son of God
My apology
Training Camp Murderer 15- Breakthrough
Training Camp Murderer 16 - Meter
Training Camp Murderer 17- Retribution
Return of magic murderer 01 - Imitation
Return of Magic Murderer 02
Return of Magic Murderer- 03 Ghost
Return of Magic Murderer 04 - Blood
Return of Magic Murderer 05-Curse
Fanwai 100 questions Jin Policy
Return of Magic Murderer 06-Misleading
Return of Magic Murderer 07- Fog
Not a story update
Return of Magic Murderer 08- Kidnapping
Return of Magic Murderer 09- Guess
Fanwai 100 questions
Return of Magic Murderer 10- Meeting again
Return of Magic Murderer 11- Gambling
Return of Magic Murderer 12- The Murderer
Return of Magic Murderer 13- The Magic
Return of Magic Murderer 14- Puzzle
Return of Magic Murderer 15-Mutation
Return of Magic Murderer 16- Turn
Return of Magic Murderer 17- Hatred
Return of Magic Murderer 18 - Free
Return of Magic Murderer 19- Overture
Return of Magic Murderer 20 - The End
Christmas Night 1
Christmas Night 2
Murder: Non- human 01- Box Corpse
Murder: Non- Human 02 - Curse
Murder: Non- human 03- Non- human
Murderer: Non - human 04- Tutsi
Murder: Non- human 05 - (Totem)
Murder: Non- Human 06 - Eagle King
Murder: Non Human 07- Accident
Murder: Non - Human 08 - Unidentified suspect
Murder: Non- human 09 Mutation
Murder: Non- Human 10 - He is a singer and a ghost
Murder: Non- Human 11-Multiple Murderers
Murderer: Non- Human 12- Sets
Murderer: Non- Human: 13 It's not a human
Murder: Non- Human 14- Motivation
Murder: Non- Human 15- Opportunity
Murder: Non- Human 16 Step by step
Murder: Non- Human 17 Murderer is not a human
Murder: Non- Human 18: Murderer is not a human
Murder: Non- Human 19: Murderer is not a human
New year's day.....
Murder: Non- Human 20 Bright Line
Murder: Non- Human 21
Murder: Non- Human 22
Murder: Non- Human 23 End
Ghost Murderer 01 - Night Punisher
Ghost Murderer 02 - Wierd Murder
Ghost Murder 03- Ghostly
Ghost Murderer 04- Another world
Ghost Murderer 05- Unexpected
Valentine's Day
Ghost Murderer 06 - Tips
Ghost Murderer 07- Night Kingdom
Ghost Murderer 08- Black and White
Ghost Murderer 09
Ghost Murderer 10- Amazing Discovery
Ghost Murderer 11- Luo Wen's care
Ghost Murderer 12- Violent
Ghost Murderer 13- Mysterious Code
Ghost Murderer 14- The End of the Tunnel
Ghost Murderer 15- Sin And Punishment
Announcement
Ghost Murderer 16- Cruel Story
Ghost Murderer 17- Madman
Ghost Murderer 18 - Brother
Ghost Murderer 19- Nursery Rhymes
Ghost Murderer 20- Coming From Afar
Ghost Murderer 21- Past Events
Ghost Murderet 22 - Plausible
Ghost Murderer 24 - Trap
Ghost Murderer 25- Fire
Ghost Murderer 26- Warmth
Announcement
Ghost Murderer 27 - Rodent Control
Ghost Murderer 28- Lead out of the Snake
Ghost Murderer 29- Hypnosis
Ghost Murderer 30- Strategy
Ghost Murderer 31- Provisional Praragraph

Ghost Murderer 23- Gradually Becoming Clear

3.3K 515 16
By Autumn260103

Zawgyi

Bai Yutang ႏွင့္ Zhan Zhao တို႔က ဆံပင္ညွပ္ဆိုင္၏ ဆိုဖာေပၚထိုင္ကာ မဂၢဇင္းဖတ္ေန၏။ သူတို႔ေစာင့္ေနသည္မွာ ႏွစ္နာရီနီးပါး ရွိေနၿပီ။ ဆံပင္ညွပ္ဆိုင္ ပိုင္ရွင္က သူတို႔ႏွစ္ေယာက္လုံး၏ သူငယ္ခ်င္းျဖစ္ေလရာ ႀကိဳက္သလို ေနလို႔ရသည္။

"ရၿပီ"
ဆိုင္ရွင္က မုတ္ဆိတ္ႀကီးက သူတို႔ႏွစ္ေယာက္ေရွ႕သို႔ တြန္းလာသည္။ Bai Yutang ႏွင့္ Zhan Zhao တို႔ ၾကည့္မိလိုက္သည္။

ရႈပ္ေထြးလွေသာ မုတ္ဆိတ္မ်ား မရွိေတာ့သျဖင့္ ရွင္းလင္းေသာ မ်က္ႏွာ ေပၚလာေလရာ ငယ္႐ြယ္သည့္ပုံ မေပါက္ေသာ္လဲ ေခ်ာေမာေသာ ပုံစံကေတာ့ အတိုင္းသား ျမင္ေနရသည္။ Zhan Zhao ႏွင့္ Bai Yutang တို႔က ေက်နပ္စြာ ေခါင္းညိတ္သည္။ Luo Yang ႏွင့္ တစ္ေထရာထဲ နီးပါး တူေနကာ သားအဖဆိုသည္ကို ျငင္းရန္ ခက္ေပသည္။ 

"မဆိုးပါဘူး"
Bai Yutang က ေခါင္းညိတ္၍ ေရွ႕သို႔ေလွ်ာက္ကာ ေျပာသည္။
"ခင္ဗ်ား နာမည္တစ္ခုေလာက္ သတ္မွတ္ပါလား... မုတ္ဆိတ္ႀကီး မုတ္ဆိတ္ႀကီးနဲ႕ ေခၚရတာ ေထာက္တယ္"

မုတ္ဆိတ္ႀကီးက ရွက္ေနပုံရသည္။
"ကြၽန္ေတာ္က စာေတြ မဖတ္ေတာ့ နာမည္ဘယ္လိုေပးရလဲ မသိဘူး"

Zhan Zhao က သူ႕ေမးေလးကို ေထာက္ကာ စဥ္းစားလိုက္သည္။
"Luo Tian ဆို ဘယ္လိုလဲ...Yang Yang ေလးက Luo Yang ဆိုေတာ့.. Luo Tian ဆိုတဲ့ နာမည္က ေကာင္းပါတယ္ ေခၚရလြယ္တယ္"

မုတ္ဆိတ္ႀကီးက တတြတ္တြတ္ ႐ြတ္ၾကည့္ကာ ေက်နပ္စြာ ေျပာ၏။
"ေကာင္းတယ္"

ဆံပင္ညွပ္ၿပီးသည့္ေနာက္တြင္ သုံးေယာက္သား Chen Yu ၏ အပန္း​ေျဖအိမ္ရာသို႔ ကားေမာင္းလာ၏။

လမ္းတစ္ေလွ်ာက္တြင္ Zhan Zhao က မုတ္ဆိတ္ႀကီးအေၾကာင္း ေမးခြန္းေတြ တရစပ္ေမးလာ၏။ ေရာက္တတ္ရာရာ ေမးျခင္းျဖစ္ရာ Bai Yutang ပင္ Zhan Zhao ၏ ရည္႐ြယ္ခ်က္ကို နားမလည္နိုင္ေပ။ သို႔ေသာ္ ေၾကာင္ေလး၏ လုပ္ရပ္တိုင္းက အေၾကာင္းျပခ်က္ရွိသည္ျဖစ္ေလရာ Bai Yutang က သံသယမရွိေပ။

Chen Yu ၏.အပန္းေျဖအိမ္ရာႏွင့္ မနီးမေဝးတြင္ Luo Tian က ႐ုတ္တရက္ ထေျပာသည္။
"ကြၽန္ေတာ္တို႔ေနာက္ လူလိုက္လာတယ္"

Bai Yutang မွာ အံ့ၾသသြားေပမဲ့ တိုးတိတ္စြာ ေျပာသည္။
"ကြၽန္ေတာ္ ရဲစခန္းက ထြက္ထဲက လိုက္လာတာ စိတ္မပူပါနဲ႕"

Zhan Zhao က မ်က္စိမွိတ္ျပကာ ေနာက္မွ ကားကို လွမ္းၾကည့္သည္။ လိုက္လာေသာ ကားႏွစ္စီးကို ၾကည့္ၿပီးေနာက္ Luo Tian ကို ေမးလိုက္သည္။
"ဘယ္တုန္းက သိတာလဲ"

"အခု..အခုပဲ"
Luo Tian က ျပန္ေျဖသည္။

"ဘယ္လိုေနလဲ"
Zhan Zhao က အဆက္မျပတ္ ေမးခြန္းေတြ ေမးေန၏။

"ဟို.."
Luo Tian က စဥ္းစားေနသည္။
"ေၾကာက္တယ္... အႏၲရာယ္ရွိတယ္လို႔ ခံစားရတယ္... "

Zhan Zhao က Bai Yutang ကို ၾကည့္လိုက္သည္။
"Xiao Bai... သူတို႔ဘက္က လႈပ္ရွားတာလား"

Bai Yutang က ေခါင္းညိတ္ကာ ေနာက္ၾကည့္မွန္ကို ၾကည့္လိုက္သည္။
"မရွိေတာ့ဘူး"

Zhan Zhao ႏွင့္ Luo Tian တို႔က Bai Yutang ၾကည့္ရာသို႔ လိုက္ၾကည့္ၾကသည္။ ကားႏွစ္စီး သူတို႔ေနာက္ လိုက္လာေပမဲ့ ဘာေၾကာင့္မွန္းမသိ အရွိန္ေလွ်ာ့ကာ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားေလသည္။
"ဘာလို႔လဲ"
Bai Yutang က မ်က္ေမွာင္ႀကဳံ႕သည္။

Luo Tian က ႐ုတ္တရက္ ထေမးသည္။
"Yang Yang ေလး.ရဲစခန္းမွာ တစ္ေယာက္ထဲ က်န္ခဲ့တာ.. တစ္ခုခု မျဖစ္ေလာက္ပါဘူးေနာ္"

"စိတ္မပူပါနဲ႕"
Zhan Zhao က ျပန္ေျဖသည္။
"ထြက္မလာခင္က Jiang Ping နဲ႕ သူနဲ႕ကို Bao Sir ဆီ လႊတ္ထားတယ္.."

"စိတ္ခ်ပါ"
Bai Yutang ကလဲ ၿပဳံးလိုက္သည္။
"ကြၽန္ေတာ္တို႔နဲ႕ ေနတာထက္ Bao Sir နဲ႕က ပိုလုံၿခဳံပါတယ္"

........

သုံးေယာက္သား ကားထဲက ထြက္ကာ အဝါေရာင္​ႀကိဳးမ်ားကို ျဖတ္၍ အတြင္းဘက္သို႔ ေလွ်ာက္လာၾကသည္။

"Bai Sir.."
Bai Chi ႏွင့္ Ouyang Chun က အခင္းျဖစ္ရာကို စစ္ေဆးေနၾကသည္။ Bai Yutang ကို ျမင္ေတာ့ ႏႈတ္ဆက္ၾကသည္။

"ဘယ္လိုလဲ"
Bai Yutang ကေမးသည္။

"လူတစ္ေယာက္ထဲက လုပ္တာ"
Gongsun က ျပန္ေျဖသည္။
"အေလာင္းက အသားစကို အၾကမ္းဖ်င္းစစ္ၿပီးၿပီ.. ေသခ်ာေျပာနိုင္တာတစ္ခုက အရင္အမႈေတြတုန္းက အရိပ္လူသတ္သမားဆိုတာ ေသခ်ာတယ္"

Bai Yutang ႏွင့္ Zhan Zhao တို႔က တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကသည္။
ဆိုလိုသည္က လူသတ္သမားသည္ Jie Jie မဟုတ္ေပ။ သို႔ေသာ္ မုတ္ဆိတ္ႀကီးႏွင့္ Luo Yang တို႔ ပတ္ပတ္လည္တြင္ သဲလြန္စမ်ား ဝန္းရံေနသည္ျဖစ္ရာ အရိပ္လူသတ္သမားႏွင့္ ဆက္ႏြယ္ေနမႈမွာ တျဖည္းျဖည္း ရွင္းလင္းလာခဲ့၏။ ေထာင္ေပါင္းမ်ားစြာေသာ ႀကိဳးမ်ား ၿငိတြယ္ေနေသာ္လဲ အဓိက ႀကိဳးမွာ တစ္ခုထဲပင္။ ထိုႀကိဳးကို မိ​ပါက တျခားအရာေတြမွာ အလိုလို ေျပေပ်ာက္သြားနိုင္သည္ေလ။

"ကြၽန္ေတာ္ အရင္ၾကည့္ခ်င္တယ္"
Zhan Zhao က Gongsun ကို ေျပာ၏။

"မင္းၾကည့္ၿပီးေတာ့မွ အေလာင္းကို ျပန္သယ္ဖို႔ ငါမွာထားခဲ့တယ္"
Gongsun က Zhan Zhao ကို ေခၚကာ အေပၚထပ္ တက္သြား၏။

Bai Yutang က လိုက္မသြားပဲ Chen Yu ၏ လူမ်ားကို ေခၚကာ မေန႕ညက အေျခအေနကို ေမး၍ တစ္ၿခံလုံးက္ု အေသးစိတ္ စစ္ေဆး၏။

Bai Yutang အလုပ္ရႈပ္ေနခ်ိန္တြင္ Zhan Zhao လဲ ျပန္ဆင္းလာကာ စိတ္ရႈပ္ေနပုံရသည္။

"ဘာလို႔လဲ ေၾကာင္ေလး"

"သတ္တဲ့ နည္းလမ္းကေတာ့ အရင္အမႈေတြနဲ႕ အတူတူပဲ...မတူတာ တစ္ခုက Chen Yu ကို သတ္တဲ့အမႈမွာ အခန္းတစ္ခန္းလုံး ရႈပ္ပြေနတယ္"

"မင္းေျပာခ်င္တာက တရားခံက တစ္ခုခုကို ရွာသြားတာလား"

Zhan Zhao က ေခါင္းညိတ္သည္။
"ဒီစာအုပ္ေတြကို ေသေသခ်ာခ်ာ လွန္သြားတဲ့ပုံပဲ"

Bai Yutang က ေသခ်ာ ေတြးကာ ေမးလိုက္သည္။
"ေၾကာင္ေလး Chen Yu ေသတာကို ဘယ္လိုထင္လဲ"

"Xiao Bai.. ဒီအမႈက အရမ္းရႈပ္တယ္လို႔ ထင္လား"
Zhan Zhao က Bai Yutang ၏ ေမးခြန္းကို မေျဖ။

Bai Yutang က ပခုံးတြန့္ျပသည္။
"ရႈပ္ေတာ့ မရႈပ္ေပမဲ့ ငါ လုပ္လို႔မရနိုင္တာတစ္ခုခု ရွိေနသလိုပဲ"

"ဘာကိုလဲ"

"တကယ္ေတာ့ အရိပ္လူသတ္သမားနဲ႕ ညတရားစီရင္သူအမႈမွာ ႏွစ္ခုလုံးက ဆက္စပ္ေနတယ္"
Bai Yutang က ပန္းၿခဳံၾကားထဲ ထိုင္လိုက္သည္။

"Chen Yu ရဲ႕ အမႈက အေလာတႀကီး ျဖစ္သြားတာ"
Zhan Zhao က Bai Yutang ေဘးတြင္ ဝင္ထိုင္သည္။

"ၿပီးေတာ့ အရိပ္လူသတ္သမားကလဲ သူ႕စည္းကမ္းကို ခ်ိဳးေဖာက္လိုက္တယ္"
Bai Yutang က ေျပာသည္။
"ပုံမွန္ဆို မိန္းမေတြ မသတ္တဲ့သူက Chen Yu ကို သတ္တယ္... အရင္က လူပဲ သတ္ၿပီး ထားခဲ့ေပမဲ့ အခုေတာ့ အခန္းထဲကို ဝင္ေမႊသြားခဲ့တယ္"

"Chen Yu ေသတဲ့ အခ်ိန္ကလဲ ထူးဆန္းတယ္"
Zhan Zhao က ဆက္ေျပာသည္။
"Jie Jie အဖမ္းခံရၿပီးေတာ့မွ ျဖစ္တာ"

Bai Yutang ကလဲ ေခါင္းညိတ္သည္။
"Jie Jie ကို ငါတို႔ Chen Yu ရဲ႕ ကလပ္မွာ စေတြ႕တာ.. Jie Jie လဲ အဖမ္းခံရေရာ Chen Yu ေသသြားတယ္.. Wei Yong လဲ အဓိပၸါယ္မရွိ အသတ္ခံရတာ "

"Wei Yong က Jie Jie ကို Luo Wen ရဲ႕ သူငယ္ခ်င္းလို႔ ေျပာခဲ့တယ္ေလ.. ဒါေပမဲ့ Luo Wen ရဲ႕ သူငယ္ခ်င္းအစစ္က Luo Tian"
Zhan Zhao က ဆက္ေျပာ၏။
"သူလဲ အဲ့ဒါေၾကာင့္ ေသတာပဲ.. တကယ္လို႔ Yang Yang ကသာ ငါတို႔ကို လာမေျပာရင္ မုတ္ဆိတ္ႏွစ္ေယာက္ ရွိတာကို သိမွာ မဟုတ္ဘူး"

"Chen Yu ရဲ႕ က႑က Jie Jie ရဲ႕ ျဖစ္တည္မႈကို ဖုံးေပးဖို႔ပဲေပါ့ Luo Wen ရဲ႕ သူငယ္ခ်င္း Luo Tian နဲ႕ ပုံမွားရိုက္ၿပီး.. "
Bai Yutang က မ်က္ေမွာင္ႀကဳံ႕သည္။
"ဘာလို႔ Chen Yu က ဒီေလာက္ အႏၲရာယ္ႀကီးတဲ့ လက္နက္ကို ဖြက္ေပး ထားရတာလဲ"

"အေၾကာင္းရင္း သုံးခ်က္ရွိတယ္"
Zhan Zhao က ေခါင္းညိတ္ကာ ဆက္ေျပာသည္။
"တျခားသူေတြကို ကာကြယ္ဖို႔ရယ္ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ရယ္.. တျခားသူေတြကို ရွင္းပစ္တဲ့ ေနရာမွာ သုံးဖို႔ရယ္"

"ေအာ္"
Bai Yutang က ေသခ်ာ သေဘာေပါက္သြားေလသည္။
"အဲ့ဒါဆို အခု ဖ်က္ဆီးခံလိုက္ရတာ... Chen Yu က  ဆက္ႏြယ္မႈေလး သက္သက္ပဲ သူ႕ေနာက္မွာ လူေတြ ရွိေသးတာေပါ့ Chen Yu ကိုသတ္ၿပီး သူနဲ႕ ပတ္သက္တဲ့ ဆက္ႏြယ္မႈကို ရွင္းလိုက္တာပဲ"

ႏွစ္ေယာက္သား အေျဖရွာေနစဥ္ Bai Chi က ေျပးလာ၏။

"အစ္ကို ကြၽန္ေတာ္တို႔ တစ္ခုခု ေတြ႕တယ္"

Zhan Zhao ႏွင့္ Bai Yutang တို႔မွာ အခ်င္းခ်င္း ၾကည့္ကာ မတ္တပ္ရပ္လိုက္ၿပီး Bai Chi ေနာက္မွေန၍ Chen Yu ၏ စာၾကည့္ခန္းထဲ လိုက္လာေလ၏။

စားပြဲေပၚတြင္ ေ႐ႊေရာင္ ငါးေလးကို ပန္းကန္လုံး လွလွ ႏွင့္ ေမြးထားေလ၏။ ငါးကန္၏ ေအာက္တြင္ ေရေမွာ္မ်ားကို ေက်ာက္တုံးလွလွေလးမ်ားေပၚတြင္ ေတြ႕ရေလသည္။

Zhan Zhao က ငါးကန္ကို ေသခ်ာၾကည့္ကာ ၿပဳံးလိုက္သည္။
"Bai Chi ေလးက ပါရမီရွင္ပဲ.."

"အထဲမွ တစ္ခုခုရွိေနတယ္"
Bai Yutang က ေက်ာက္တုံးတစ္ခု၏ ေအာက္ကို ေသခ်ာၾကည့္ေနသည္။ ေရာင္စုံေက်ာက္တုံးမ်ားၾကားတြင္ အနက္ေရာင္မွိန္မွိန္ တစ္ခု ရွိေနသည္မို႔ သာမန္လူ.မျမင္နိုင္ေပ။

Zhan Zhao က ေဘးနားတြင္ ေထာင္ထားေသာ ေဘာပင္ကို ယူကာ ငါးကန္ေအာက္ေျခရွိ အနက္ေရာင္အရာေလးကို ေက်ာက္တုံးမ်ားၾကားမွ ေကာက္ယူလိုက္၏။ ထိုအရာက ေက်ာက္တုံးေလးမဟုတ္ပဲ က်ည္ဆန္အ႐ြယ္ရွိ ပလတ္စတစ္ အေတာင့္ေလးသာ ျဖစ္ေလ၏။

စားပြဲကို ရွင္းကာ ထိုအရာကို စားပြဲေပၚ တင္လိုက္သည္။ Zhan Zhao က ထိုပလတ္စတစ္အေတာင့္ေလးကို လက္ႏွင့္ လွည့္ဖြင့္လိုက္သည္။ အထဲတြင္ USB အေသးေလး ထြက္လာေလ၏။

အားလုံး၏ မ်က္ႏွာမွာ အၿပဳံးမ်ား ေပၚလာေလ၏။

Zhan Zhao က ေအာက္ထပ္သို႔ ေျပးဆင္းကာ notebook ကို ကားထဲမွ သြားယူ၏။ ျပန္ေရာက္သည္ႏွင့္ USB ကို တပ္ဆင္လိုက္သည္။

ဗီဒီယို တစ္ခုႏွင့္ စာတန္းအနည္းငယ္ ေပၚလာသည္။ Zhan Zhao က ထိုဗီဒီယိုကို စဖြင့္ဖြင့္ခ်င္း သတိရလိုက္သည္။ ေမွာင္မဲေနေသာ လမ္းၾကားငယ္..

"Luo Wen ထားခဲ့တဲ့ မွတ္တမ္းပဲ"
Bai Yutang က ေျပာသည္။

အေသအခ်ာပင္ လမ္းသရဲေလးမ်ားကို သတ္ကာ ရယ္ေမယေနေသာ Lan Chenglin ပင္။ သူတို႔အားလုံး ေဒါသထြက္ေနၾကသည္။ Bai Yutang က ဆက္ၾကည့္ခ်င္စိတ္ မရွိေပ။ သို႔ေသာ္ Zhan Zhao က ေျပာလိုက္သည္။
"အေနာက္မွာ ရွိေသးတယ္"

Luo Wen ေပးေသာမွတ္တမ္းမွာ Lan Chen Lin ရယ္သည္ႏွင့္ ၿပီးသြားေသာ္လဲ ဤမွတ္တမ္းတြင္ေတာ့ ရွိေသးသည္။

Lan Chenglin ရယ္ၿပီးေနာက္ ႐ုတ္တရက္  လမ္းၾကားေလး၏ တျခားတစ္ဖက္ကို လွည့္လိုက္သည္။ မၾကာခင္ပင္ လူတစ္ေယာက္ တျခားတစ္ဖက္မွ ထြက္လာသည္။ ထိုလူက အေလာင္းကို ငုံ႕ၾကည့္၏။

အနက္ေရာင္ အေနာက္တိုင္းဝတ္စုံႏွင့္ ေခါင္းငုံ႕ထားေသာေၾကာင့္ မ်က္ႏွာေသခ်ာ မျမင္ရေသာ္လဲ အညိုေရာင္ ဆံပင္ ေကာက္ေကာက္တို႔က နိုင္ငံျခားသားမွန္း သိသာေစသည္။

"သူပဲ.."
Luo Tian က အေနာက္မွ ၾကည့္ေနရင္း ႐ုတ္တရက္ ေျပာသည္။

"ဘယ္သူလဲ"
Bai Yutang က ျပန္ေမးသည္။

Luo Tian မွာ အားလုံးကို ေဝ့ၾကည့္လိုက္သည္။
"2- 12- 11 "

"သူက သန့္ရွင္းသားပဲ.."
Bai Yutang က မ်က္ခုံးပင့္လိုက္သည္။
"မုတ္ဆိတ္လဲ မရွိဘူး အကၤ်ီလဲ သပ္ရပ္တယ္"

" ငါ သူ႕ကို ျမင္ဖူးတယ္"
Zhan Zhao က ႐ုတ္တရက္ ေျပာသည္။

"ဟုတ္တယ္"
Bai Chi လဲ ေခါင္းညိတ္သည္။
"ကြၽန္ေတာ္လဲ သိသလိုပဲ"

အားလုံးက သူတို႔ႏွစ္ေယာက္ကို ၾကည့္ကာ အသက္ရႉရန္ပင္ ေမ့ေလ်ာ့ေန၏။ သူတို႔ေရွ႕မွ လူသားႏွစ္ဦး၏ ဦးေႏွာက္မွာ မိတၱဴကူးစက္ကဲ့သို႔ တစ္ခါျမင္လွ်င္ အေသရိုက္သြင္းထားနိုင္သည္ပင္။ ျမင္ဖူးသည္ဆိုလွ်င္ မွားနိုင္စရာ မရွိေပ။

"စဥ္းစားၾကည့္ေတာ့မွ"
Zhan Zhao က ဆက္ေျပာသည္။
"ဟိုတစ္ခါအမႈလိုက္တုန္း ပုန္းေနၾကတုန္းက Taber ကို ဖမ္းလိုက္နိုင္တယ္ေလ.. သူက Taber ရဲ႕ ေနာက္လိုက္ထဲက တစ္ေယာက္ "

"ဟုတ္ပါရဲ႕"
Bai Chi က သူ႕ေခါင္းသူ ရိုက္လိုက္သည္။
"သူပဲ"

"မမွားနိုင္ဘူး"
Ouyan Chun က ဝင္ေျပာသည္။
"Lan Chenglin က Taber နဲ႕ အလုပ္တြဲလုပ္တာ.. ဒီလူရဲ႕ သူေဌးက Taber ဆိုရင္ သူတို႔ႏွစ္ေယာက္ၾကား ဆက္သြယ္ေနတာ ျဖစ္နိုင္တယ္"

Bai Yutang က ထိုလူ၏ ဓာတ္ပုံကို ထုတ္၍ Chen Yu ၏ လူမ်ားကို ျမင္ဖူးလား ေမးၾကည့္၏။

ထိုလူမ်ားက ျမင္ဖူးေၾကာင္း ျပန္ေျဖ၏။ ကလပ္တြင္ လက္ေဝွ႕ထိုးတိုင္း အနိုင္ရသူျဖစ္ၿပီး သူေဌးေတာ္ေတာ္မ်ားမ်ား လိုခ်င္သူျဖစ္ေၾကာင္း ေျပာ၏။

Zhan Zhao က နားေထာင္ၿပီးေနာက္ Bai Yutang ကို ေမးလိုက္သည္။
"Xiao Bai... ​ေသသြားတဲ့ ဂိုဏ္းေခါင္းေဆာင္ေတြ အကုန္လုံးမွာတူညီတာ တစ္ခုရွိတယ္... ညေလာက ကလပ္မွာ လက္ေဝွ႕ပြဲ ၾကည့္တာပဲ... လက္ေဝွ႕ပြဲရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲ"

"အားေကာင္းတဲ့သူကို ရွာဖို႔ေလ.."
Bai Yutang က မဲ့ၿပဳံးၿပဳံးသည္။
"ကိုယ့္ကိုယ္ကို ကာကြယ္နိုင္ဖို႔ဆိုရင္ ကိုယ္ရံေတာ္ ေကာင္းေကာင္းတစ္ေယာက္ရွာၿပီး ဘယ္သူမွ မသိေအာင္ သူ႕ကို ဖြက္ထားမယ္.. သူ႕တစ္ေယာက္ထဲရဲ႕ အမိန့္ကိုပဲ နာခံတတ္ေအာင့ ေလ့က်င့္မွ ကာကြယ္နိုင္မွာ..Chen Yu က သူ႕ကို ကာကြယ္ဖို႔ ဖြက္ထားခဲ့ေပမဲ့ သူ႕ကို သတ္ခ်င္ခဲ့တယ္ဆိုတာ မသိခဲ့ဘူး"

Bai Yutang က တရားလိုမ်ားကို ဖုန္းေခၚကာ ဂိုဏ္းေခါင္းေဆာင္မ်ား မေသဆုံးခင္ စိတ္ညစ္စရာမ်ားရွိလားဟု လွမ္းေမးသည္။ သူတို႔အားလုံးက ရွိသည္ဟု ေျပာေသာ္လဲ မေသခင္ ပုံမွန္ျဖစ္သြားသည္ဟု ျပန္ေျဖၾကသည္။

"သူက ယုံၾကည္ရတဲ့ ကိုယ္ရံေတာ္ကို ရွာေတြ႕ခဲ့တာပဲ"
Zhan Zhao က ေျပာသည္။
"တရားခံက အပန္းေျဖအိမ္ရာကို ဝင္ရခက္မယ္လို႔ ထင္နိုင္ေပမဲ့ သူက အထဲမွ ရွိေနၿပီးသားပဲေလ"

"ဒါေပမဲ့ သူက အသစ္ေလ.."
Bai Yutang က သံသယရွိေနဆဲပင္။
"ဘယ္ေလာက္ပဲ အထဲမွာ ရွိရွိ သူမ်ားေတြေရွ႕မွာ သံသယအဝင္မခံရဘူးလား"

"သူဆိုရင္ လုပ္နိုင္တယ္"
Luo Tian က ဝင္ေျဖသည္။
"2- 12- 11 ဆိုရင္ လုပ္နိုင္တယ္"

အားလုံးက Luo Tian ကို ၾကည့္လိုက္ၾကသည္။ မုတ္ဆိတ္ႀကီးက အခန္း၏ အတြင္းပိုင္း ဖြဲ႕စည္းပုံကို ၾကည့္ကာ ထိုင္ခုံတစ္လုံးယူ၍ ထိုအေပၚ မတ္တပ္ရပ္ကာ မ်က္ႏွာၾကတ္ကို ေခါက္လိုက္သည္။

Aircon တပ္ဆင္ထားေသာ အခန္းမ်ား ျဖစ္ရာ အခန္းတိုင္း၏ မ်က္ႏွာၾကတ္တြင္ ေလထြက္ပိုက္မ်ား တပ္ဆင္ထားေလ၏။

"အေပါက္က ေသးေသးေလး"
Bai Yutang က မ်က္ေမွာင္ႀကဳံ႕သည္။
"လူႀကီးတစ္ေယာက္က ဘယ္လို လုပ္ ဝင္လို႔ရမွာလဲ"

Luo Tian က အေပါက္ကို ၾကည့္ကာ  ေခါင္းညိတ္သည္။
"သူလုပ္နိုင္တယ္... က်ဳပ္လဲ လုပ္နိုင္တယ္"

အားလုံး ၾကက္ေသေသေနခ်ိန္ Bai Yutang က Luo Tian ကို သက္ေသျပရန္ အခ်က္ေပး၏။ Luo Tian မွာ အရိုးအဆစ္မ်ား ေခြေခါက္ကာ ေႁမြတစ္ေကာင္ကဲ့သို႔ ေလထြက္ပိုက္ထဲ တိုးဝင္သြားေလသည္။

Bai Yutang သတိရမိသည္က ထိုညက Jie Jie ကို ဖမ္းမိေတာ့ လက္တြင္ အရိုးအဆစ္ ရွိမေနေပ။

အခန္းထဲရွိ လူမ်ားအားလုံးက အရိုးအဆစ္မ်ား က်ိဳးကုန္သကဲ့သို႔ ခံစားမိသြားၾကသည္။ နာက်င္မႈ မရွိသူသာလွ်င္ ထိုကဲ့သို႔ လုပ္နိုင္ေပမည္။ ထိုေန႕က Jie Jie ကားပါကင္မွ ေပ်ာက္သြားျခင္းကို ယခုမွပင္ ရွင္းေတာ့သည္။ သူက လွိုဏ္ေခါင္းထဲသာ သြားနိုင္သည္မဟုတ္.. Aircon ပိုက္မွလဲ သြားနိုင္ေလသည္ေလ..။

..........

End of Ghost Murderer 23
Thank u all

Finally!!!
ေနာက္ဆုံးေတာ့ ေမွ်ာ္ေနရတဲ့ အပိုင္း ေရာက္လာပါၿပီေနာ္

ဒီည tissue ထုတ္ေလး ေဆာင္ထားၾကပါလို႔

Unicode

Bai Yutang နှင့် Zhan Zhao တို့က ဆံပင်ညှပ်ဆိုင်၏ ဆိုဖာပေါ်ထိုင်ကာ မဂ္ဂဇင်းဖတ်နေ၏။ သူတို့စောင့်နေသည်မှာ နှစ်နာရီနီးပါး ရှိနေပြီ။ ဆံပင်ညှပ်ဆိုင် ပိုင်ရှင်က သူတို့နှစ်ယောက်လုံး၏ သူငယ်ချင်းဖြစ်လေရာ ကြိုက်သလို နေလို့ရသည်။

"ရပြီ"
ဆိုင်ရှင်က မုတ်ဆိတ်ကြီးက သူတို့နှစ်ယောက်ရှေ့သို့ တွန်းလာသည်။ Bai Yutang နှင့် Zhan Zhao တို့ ကြည့်မိလိုက်သည်။

ရှုပ်ထွေးလှသော မုတ်ဆိတ်များ မရှိတော့သဖြင့် ရှင်းလင်းသော မျက်နှာ ပေါ်လာလေရာ ငယ်ရွယ်သည့်ပုံ မပေါက်သော်လဲ ချောမောသော ပုံစံကတော့ အတိုင်းသား မြင်နေရသည်။ Zhan Zhao နှင့် Bai Yutang တို့က ကျေနပ်စွာ ခေါင်းညိတ်သည်။ Luo Yang နှင့် တစ်ထေရာထဲ နီးပါး တူနေကာ သားအဖဆိုသည်ကို ငြင်းရန် ခက်ပေသည်။ 

"မဆိုးပါဘူး"
Bai Yutang က ခေါင်းညိတ်၍ ရှေ့သို့လျှောက်ကာ ပြောသည်။
"ခင်ဗျား နာမည်တစ်ခုလောက် သတ်မှတ်ပါလား... မုတ်ဆိတ်ကြီး မုတ်ဆိတ်ကြီးနဲ့ ခေါ်ရတာ ထောက်တယ်"

မုတ်ဆိတ်ကြီးက ရှက်နေပုံရသည်။
"ကျွန်တော်က စာတွေ မဖတ်တော့ နာမည်ဘယ်လိုပေးရလဲ မသိဘူး"

Zhan Zhao က သူ့မေးလေးကို ထောက်ကာ စဥ်းစားလိုက်သည်။
"Luo Tian ဆို ဘယ်လိုလဲ...Yang Yang လေးက Luo Yang ဆိုတော့.. Luo Tian ဆိုတဲ့ နာမည်က ကောင်းပါတယ် ခေါ်ရလွယ်တယ်"

မုတ်ဆိတ်ကြီးက တတွတ်တွတ် ရွတ်ကြည့်ကာ ကျေနပ်စွာ ပြော၏။
"ကောင်းတယ်"

ဆံပင်ညှပ်ပြီးသည့်နောက်တွင် သုံးယောက်သား Chen Yu ၏ အပန်း​ဖြေအိမ်ရာသို့ ကားမောင်းလာ၏။

လမ်းတစ်လျှောက်တွင် Zhan Zhao က မုတ်ဆိတ်ကြီးအကြောင်း မေးခွန်းတွေ တရစပ်မေးလာ၏။ ရောက်တတ်ရာရာ မေးခြင်းဖြစ်ရာ Bai Yutang ပင် Zhan Zhao ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။ သို့သော် ကြောင်လေး၏ လုပ်ရပ်တိုင်းက အကြောင်းပြချက်ရှိသည်ဖြစ်လေရာ Bai Yutang က သံသယမရှိပေ။

Chen Yu ၏.အပန်းဖြေအိမ်ရာနှင့် မနီးမဝေးတွင် Luo Tian က ရုတ်တရက် ထပြောသည်။
"ကျွန်တော်တို့နောက် လူလိုက်လာတယ်"

Bai Yutang မှာ အံ့သြသွားပေမဲ့ တိုးတိတ်စွာ ပြောသည်။
"ကျွန်တော် ရဲစခန်းက ထွက်ထဲက လိုက်လာတာ စိတ်မပူပါနဲ့"

Zhan Zhao က မျက်စိမှိတ်ပြကာ နောက်မှ ကားကို လှမ်းကြည့်သည်။ လိုက်လာသော ကားနှစ်စီးကို ကြည့်ပြီးနောက် Luo Tian ကို မေးလိုက်သည်။
"ဘယ်တုန်းက သိတာလဲ"

"အခု..အခုပဲ"
Luo Tian က ပြန်ဖြေသည်။

"ဘယ်လိုနေလဲ"
Zhan Zhao က အဆက်မပြတ် မေးခွန်းတွေ မေးနေ၏။

"ဟို.."
Luo Tian က စဥ်းစားနေသည်။
"ကြောက်တယ်... အန္တရာယ်ရှိတယ်လို့ ခံစားရတယ်... "

Zhan Zhao က Bai Yutang ကို ကြည့်လိုက်သည်။
"Xiao Bai... သူတို့ဘက်က လှုပ်ရှားတာလား"

Bai Yutang က ခေါင်းညိတ်ကာ နောက်ကြည့်မှန်ကို ကြည့်လိုက်သည်။
"မရှိတော့ဘူး"

Zhan Zhao နှင့် Luo Tian တို့က Bai Yutang ကြည့်ရာသို့ လိုက်ကြည့်ကြသည်။ ကားနှစ်စီး သူတို့နောက် လိုက်လာပေမဲ့ ဘာကြောင့်မှန်းမသိ အရှိန်လျှော့ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
"ဘာလို့လဲ"
Bai Yutang က မျက်မှောင်ကြုံ့သည်။

Luo Tian က ရုတ်တရက် ထမေးသည်။
"Yang Yang လေး.ရဲစခန်းမှာ တစ်ယောက်ထဲ ကျန်ခဲ့တာ.. တစ်ခုခု မဖြစ်လောက်ပါဘူးနော်"

"စိတ်မပူပါနဲ့"
Zhan Zhao က ပြန်ဖြေသည်။
"ထွက်မလာခင်က Jiang Ping နဲ့ သူနဲ့ကို Bao Sir ဆီ လွှတ်ထားတယ်.."

"စိတ်ချပါ"
Bai Yutang ကလဲ ပြုံးလိုက်သည်။
"ကျွန်တော်တို့နဲ့ နေတာထက် Bao Sir နဲ့က ပိုလုံခြုံပါတယ်"

........

သုံးယောက်သား ကားထဲက ထွက်ကာ အဝါရောင်​ကြိုးများကို ဖြတ်၍ အတွင်းဘက်သို့ လျှောက်လာကြသည်။

"Bai Sir.."
Bai Chi နှင့် Ouyang Chun က အခင်းဖြစ်ရာကို စစ်ဆေးနေကြသည်။ Bai Yutang ကို မြင်တော့ နှုတ်ဆက်ကြသည်။

"ဘယ်လိုလဲ"
Bai Yutang ကမေးသည်။

"လူတစ်ယောက်ထဲက လုပ်တာ"
Gongsun က ပြန်ဖြေသည်။
"အလောင်းက အသားစကို အကြမ်းဖျင်းစစ်ပြီးပြီ.. သေချာပြောနိုင်တာတစ်ခုက အရင်အမှုတွေတုန်းက အရိပ်လူသတ်သမားဆိုတာ သေချာတယ်"

Bai Yutang နှင့် Zhan Zhao တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဆိုလိုသည်က လူသတ်သမားသည် Jie Jie မဟုတ်ပေ။ သို့သော် မုတ်ဆိတ်ကြီးနှင့် Luo Yang တို့ ပတ်ပတ်လည်တွင် သဲလွန်စများ ဝန်းရံနေသည်ဖြစ်ရာ အရိပ်လူသတ်သမားနှင့် ဆက်နွယ်နေမှုမှာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။ ထောင်ပေါင်းများစွာသော ကြိုးများ ငြိတွယ်နေသော်လဲ အဓိက ကြိုးမှာ တစ်ခုထဲပင်။ ထိုကြိုးကို မိ​ပါက တခြားအရာတွေမှာ အလိုလို ပြေပျောက်သွားနိုင်သည်လေ။

"ကျွန်တော် အရင်ကြည့်ချင်တယ်"
Zhan Zhao က Gongsun ကို ပြော၏။

"မင်းကြည့်ပြီးတော့မှ အလောင်းကို ပြန်သယ်ဖို့ ငါမှာထားခဲ့တယ်"
Gongsun က Zhan Zhao ကို ခေါ်ကာ အပေါ်ထပ် တက်သွား၏။

Bai Yutang က လိုက်မသွားပဲ Chen Yu ၏ လူများကို ခေါ်ကာ မနေ့ညက အခြေအနေကို မေး၍ တစ်ခြံလုံးက်ု အသေးစိတ် စစ်ဆေး၏။

Bai Yutang အလုပ်ရှုပ်နေချိန်တွင် Zhan Zhao လဲ ပြန်ဆင်းလာကာ စိတ်ရှုပ်နေပုံရသည်။

"ဘာလို့လဲ ကြောင်လေး"

"သတ်တဲ့ နည်းလမ်းကတော့ အရင်အမှုတွေနဲ့ အတူတူပဲ...မတူတာ တစ်ခုက Chen Yu ကို သတ်တဲ့အမှုမှာ အခန်းတစ်ခန်းလုံး ရှုပ်ပွနေတယ်"

"မင်းပြောချင်တာက တရားခံက တစ်ခုခုကို ရှာသွားတာလား"

Zhan Zhao က ခေါင်းညိတ်သည်။
"ဒီစာအုပ်တွေကို သေသေချာချာ လှန်သွားတဲ့ပုံပဲ"

Bai Yutang က သေချာ တွေးကာ မေးလိုက်သည်။
"ကြောင်လေး Chen Yu သေတာကို ဘယ်လိုထင်လဲ"

"Xiao Bai.. ဒီအမှုက အရမ်းရှုပ်တယ်လို့ ထင်လား"
Zhan Zhao က Bai Yutang ၏ မေးခွန်းကို မဖြေ။

Bai Yutang က ပခုံးတွန့်ပြသည်။
"ရှုပ်တော့ မရှုပ်ပေမဲ့ ငါ လုပ်လို့မရနိုင်တာတစ်ခုခု ရှိနေသလိုပဲ"

"ဘာကိုလဲ"

"တကယ်တော့ အရိပ်လူသတ်သမားနဲ့ ညတရားစီရင်သူအမှုမှာ နှစ်ခုလုံးက ဆက်စပ်နေတယ်"
Bai Yutang က ပန်းခြုံကြားထဲ ထိုင်လိုက်သည်။

"Chen Yu ရဲ့ အမှုက အလောတကြီး ဖြစ်သွားတာ"
Zhan Zhao က Bai Yutang ဘေးတွင် ဝင်ထိုင်သည်။

"ပြီးတော့ အရိပ်လူသတ်သမားကလဲ သူ့စည်းကမ်းကို ချိုးဖောက်လိုက်တယ်"
Bai Yutang က ပြောသည်။
"ပုံမှန်ဆို မိန်းမတွေ မသတ်တဲ့သူက Chen Yu ကို သတ်တယ်... အရင်က လူပဲ သတ်ပြီး ထားခဲ့ပေမဲ့ အခုတော့ အခန်းထဲကို ဝင်မွှေသွားခဲ့တယ်"

"Chen Yu သေတဲ့ အချိန်ကလဲ ထူးဆန်းတယ်"
Zhan Zhao က ဆက်ပြောသည်။
"Jie Jie အဖမ်းခံရပြီးတော့မှ ဖြစ်တာ"

Bai Yutang ကလဲ ခေါင်းညိတ်သည်။
"Jie Jie ကို ငါတို့ Chen Yu ရဲ့ ကလပ်မှာ စတွေ့တာ.. Jie Jie လဲ အဖမ်းခံရရော Chen Yu သေသွားတယ်.. Wei Yong လဲ အဓိပ္ပါယ်မရှိ အသတ်ခံရတာ "

"Wei Yong က Jie Jie ကို Luo Wen ရဲ့ သူငယ်ချင်းလို့ ပြောခဲ့တယ်လေ.. ဒါပေမဲ့ Luo Wen ရဲ့ သူငယ်ချင်းအစစ်က Luo Tian"
Zhan Zhao က ဆက်ပြော၏။
"သူလဲ အဲ့ဒါကြောင့် သေတာပဲ.. တကယ်လို့ Yang Yang ကသာ ငါတို့ကို လာမပြောရင် မုတ်ဆိတ်နှစ်ယောက် ရှိတာကို သိမှာ မဟုတ်ဘူး"

"Chen Yu ရဲ့ ကဏ္ဍက Jie Jie ရဲ့ ဖြစ်တည်မှုကို ဖုံးပေးဖို့ပဲပေါ့ Luo Wen ရဲ့ သူငယ်ချင်း Luo Tian နဲ့ ပုံမှားရိုက်ပြီး.. "
Bai Yutang က မျက်မှောင်ကြုံ့သည်။
"ဘာလို့ Chen Yu က ဒီလောက် အန္တရာယ်ကြီးတဲ့ လက်နက်ကို ဖွက်ပေး ထားရတာလဲ"

"အကြောင်းရင်း သုံးချက်ရှိတယ်"
Zhan Zhao က ခေါင်းညိတ်ကာ ဆက်ပြောသည်။
"တခြားသူတွေကို ကာကွယ်ဖို့ရယ် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ရယ်.. တခြားသူတွေကို ရှင်းပစ်တဲ့ နေရာမှာ သုံးဖို့ရယ်"

"အော်"
Bai Yutang က သေချာ သဘောပေါက်သွားလေသည်။
"အဲ့ဒါဆို အခု ဖျက်ဆီးခံလိုက်ရတာ... Chen Yu က  ဆက်နွယ်မှုလေး သက်သက်ပဲ သူ့နောက်မှာ လူတွေ ရှိသေးတာပေါ့ Chen Yu ကိုသတ်ပြီး သူနဲ့ ပတ်သက်တဲ့ ဆက်နွယ်မှုကို ရှင်းလိုက်တာပဲ"

နှစ်ယောက်သား အဖြေရှာနေစဥ် Bai Chi က ပြေးလာ၏။

"အစ်ကို ကျွန်တော်တို့ တစ်ခုခု တွေ့တယ်"

Zhan Zhao နှင့် Bai Yutang တို့မှာ အချင်းချင်း ကြည့်ကာ မတ်တပ်ရပ်လိုက်ပြီး Bai Chi နောက်မှနေ၍ Chen Yu ၏ စာကြည့်ခန်းထဲ လိုက်လာလေ၏။

စားပွဲပေါ်တွင် ရွှေရောင် ငါးလေးကို ပန်းကန်လုံး လှလှ နှင့် မွေးထားလေ၏။ ငါးကန်၏ အောက်တွင် ရေမှော်များကို ကျောက်တုံးလှလှလေးများပေါ်တွင် တွေ့ရလေသည်။

Zhan Zhao က ငါးကန်ကို သေချာကြည့်ကာ ပြုံးလိုက်သည်။
"Bai Chi လေးက ပါရမီရှင်ပဲ.."

"အထဲမှ တစ်ခုခုရှိနေတယ်"
Bai Yutang က ကျောက်တုံးတစ်ခု၏ အောက်ကို သေချာကြည့်နေသည်။ ရောင်စုံကျောက်တုံးများကြားတွင် အနက်ရောင်မှိန်မှိန် တစ်ခု ရှိနေသည်မို့ သာမန်လူ.မမြင်နိုင်ပေ။

Zhan Zhao က ဘေးနားတွင် ထောင်ထားသော ဘောပင်ကို ယူကာ ငါးကန်အောက်ခြေရှိ အနက်ရောင်အရာလေးကို ကျောက်တုံးများကြားမှ ကောက်ယူလိုက်၏။ ထိုအရာက ကျောက်တုံးလေးမဟုတ်ပဲ ကျည်ဆန်အရွယ်ရှိ ပလတ်စတစ် အတောင့်လေးသာ ဖြစ်လေ၏။

စားပွဲကို ရှင်းကာ ထိုအရာကို စားပွဲပေါ် တင်လိုက်သည်။ Zhan Zhao က ထိုပလတ်စတစ်အတောင့်လေးကို လက်နှင့် လှည့်ဖွင့်လိုက်သည်။ အထဲတွင် USB အသေးလေး ထွက်လာလေ၏။

အားလုံး၏ မျက်နှာမှာ အပြုံးများ ပေါ်လာလေ၏။

Zhan Zhao က အောက်ထပ်သို့ ပြေးဆင်းကာ notebook ကို ကားထဲမှ သွားယူ၏။ ပြန်ရောက်သည်နှင့် USB ကို တပ်ဆင်လိုက်သည်။

ဗီဒီယို တစ်ခုနှင့် စာတန်းအနည်းငယ် ပေါ်လာသည်။ Zhan Zhao က ထိုဗီဒီယိုကို စဖွင့်ဖွင့်ချင်း သတိရလိုက်သည်။ မှောင်မဲနေသော လမ်းကြားငယ်..

"Luo Wen ထားခဲ့တဲ့ မှတ်တမ်းပဲ"
Bai Yutang က ပြောသည်။

အသေအချာပင် လမ်းသရဲလေးများကို သတ်ကာ ရယ်မေယနေသော Lan Chenglin ပင်။ သူတို့အားလုံး ဒေါသထွက်နေကြသည်။ Bai Yutang က ဆက်ကြည့်ချင်စိတ် မရှိပေ။ သို့သော် Zhan Zhao က ပြောလိုက်သည်။
"အနောက်မှာ ရှိသေးတယ်"

Luo Wen ပေးသောမှတ်တမ်းမှာ Lan Chen Lin ရယ်သည်နှင့် ပြီးသွားသော်လဲ ဤမှတ်တမ်းတွင်တော့ ရှိသေးသည်။

Lan Chenglin ရယ်ပြီးနောက် ရုတ်တရက်  လမ်းကြားလေး၏ တခြားတစ်ဖက်ကို လှည့်လိုက်သည်။ မကြာခင်ပင် လူတစ်ယောက် တခြားတစ်ဖက်မှ ထွက်လာသည်။ ထိုလူက အလောင်းကို ငုံ့ကြည့်၏။

အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် ခေါင်းငုံ့ထားသောကြောင့် မျက်နှာသေချာ မမြင်ရသော်လဲ အညိုရောင် ဆံပင် ကောက်ကောက်တို့က နိုင်ငံခြားသားမှန်း သိသာစေသည်။

"သူပဲ.."
Luo Tian က အနောက်မှ ကြည့်နေရင်း ရုတ်တရက် ပြောသည်။

"ဘယ်သူလဲ"
Bai Yutang က ပြန်မေးသည်။

Luo Tian မှာ အားလုံးကို ဝေ့ကြည့်လိုက်သည်။
"2- 12- 11 "

"သူက သန့်ရှင်းသားပဲ.."
Bai Yutang က မျက်ခုံးပင့်လိုက်သည်။
"မုတ်ဆိတ်လဲ မရှိဘူး အင်္ကျီလဲ သပ်ရပ်တယ်"

" ငါ သူ့ကို မြင်ဖူးတယ်"
Zhan Zhao က ရုတ်တရက် ပြောသည်။

"ဟုတ်တယ်"
Bai Chi လဲ ခေါင်းညိတ်သည်။
"ကျွန်တော်လဲ သိသလိုပဲ"

အားလုံးက သူတို့နှစ်ယောက်ကို ကြည့်ကာ အသက်ရှူရန်ပင် မေ့လျော့နေ၏။ သူတို့ရှေ့မှ လူသားနှစ်ဦး၏ ဦးနှောက်မှာ မိတ္တူကူးစက်ကဲ့သို့ တစ်ခါမြင်လျှင် အသေရိုက်သွင်းထားနိုင်သည်ပင်။ မြင်ဖူးသည်ဆိုလျှင် မှားနိုင်စရာ မရှိပေ။

"စဥ်းစားကြည့်တော့မှ"
Zhan Zhao က ဆက်ပြောသည်။
"ဟိုတစ်ခါအမှုလိုက်တုန်း ပုန်းနေကြတုန်းက Taber ကို ဖမ်းလိုက်နိုင်တယ်လေ.. သူက Taber ရဲ့ နောက်လိုက်ထဲက တစ်ယောက် "

"ဟုတ်ပါရဲ့"
Bai Chi က သူ့ခေါင်းသူ ရိုက်လိုက်သည်။
"သူပဲ"

"မမှားနိုင်ဘူး"
Ouyan Chun က ဝင်ပြောသည်။
"Lan Chenglin က Taber နဲ့ အလုပ်တွဲလုပ်တာ.. ဒီလူရဲ့ သူဌေးက Taber ဆိုရင် သူတို့နှစ်ယောက်ကြား ဆက်သွယ်နေတာ ဖြစ်နိုင်တယ်"

Bai Yutang က ထိုလူ၏ ဓာတ်ပုံကို ထုတ်၍ Chen Yu ၏ လူများကို မြင်ဖူးလား မေးကြည့်၏။

ထိုလူများက မြင်ဖူးကြောင်း ပြန်ဖြေ၏။ ကလပ်တွင် လက်ဝှေ့ထိုးတိုင်း အနိုင်ရသူဖြစ်ပြီး သူဌေးတော်တော်များများ လိုချင်သူဖြစ်ကြောင်း ပြော၏။

Zhan Zhao က နားထောင်ပြီးနောက် Bai Yutang ကို မေးလိုက်သည်။
"Xiao Bai... ​သေသွားတဲ့ ဂိုဏ်းခေါင်းဆောင်တွေ အကုန်လုံးမှာတူညီတာ တစ်ခုရှိတယ်... ညလောက ကလပ်မှာ လက်ဝှေ့ပွဲ ကြည့်တာပဲ... လက်ဝှေ့ပွဲရဲ့ ရည်ရွယ်ချက်က ဘာလဲ"

"အားကောင်းတဲ့သူကို ရှာဖို့လေ.."
Bai Yutang က မဲ့ပြုံးပြုံးသည်။
"ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ဆိုရင် ကိုယ်ရံတော် ကောင်းကောင်းတစ်ယောက်ရှာပြီး ဘယ်သူမှ မသိအောင် သူ့ကို ဖွက်ထားမယ်.. သူ့တစ်ယောက်ထဲရဲ့ အမိန့်ကိုပဲ နာခံတတ်အောင့ လေ့ကျင့်မှ ကာကွယ်နိုင်မှာ..Chen Yu က သူ့ကို ကာကွယ်ဖို့ ဖွက်ထားခဲ့ပေမဲ့ သူ့ကို သတ်ချင်ခဲ့တယ်ဆိုတာ မသိခဲ့ဘူး"

Bai Yutang က တရားလိုများကို ဖုန်းခေါ်ကာ ဂိုဏ်းခေါင်းဆောင်များ မသေဆုံးခင် စိတ်ညစ်စရာများရှိလားဟု လှမ်းမေးသည်။ သူတို့အားလုံးက ရှိသည်ဟု ပြောသော်လဲ မသေခင် ပုံမှန်ဖြစ်သွားသည်ဟု ပြန်ဖြေကြသည်။

"သူက ယုံကြည်ရတဲ့ ကိုယ်ရံတော်ကို ရှာတွေ့ခဲ့တာပဲ"
Zhan Zhao က ပြောသည်။
"တရားခံက အပန်းဖြေအိမ်ရာကို ဝင်ရခက်မယ်လို့ ထင်နိုင်ပေမဲ့ သူက အထဲမှ ရှိနေပြီးသားပဲလေ"

"ဒါပေမဲ့ သူက အသစ်လေ.."
Bai Yutang က သံသယရှိနေဆဲပင်။
"ဘယ်လောက်ပဲ အထဲမှာ ရှိရှိ သူများတွေရှေ့မှာ သံသယအဝင်မခံရဘူးလား"

"သူဆိုရင် လုပ်နိုင်တယ်"
Luo Tian က ဝင်ဖြေသည်။
"2- 12- 11 ဆိုရင် လုပ်နိုင်တယ်"

အားလုံးက Luo Tian ကို ကြည့်လိုက်ကြသည်။ မုတ်ဆိတ်ကြီးက အခန်း၏ အတွင်းပိုင်း ဖွဲ့စည်းပုံကို ကြည့်ကာ ထိုင်ခုံတစ်လုံးယူ၍ ထိုအပေါ် မတ်တပ်ရပ်ကာ မျက်နှာကြတ်ကို ခေါက်လိုက်သည်။

Aircon တပ်ဆင်ထားသော အခန်းများ ဖြစ်ရာ အခန်းတိုင်း၏ မျက်နှာကြတ်တွင် လေထွက်ပိုက်များ တပ်ဆင်ထားလေ၏။

"အပေါက်က သေးသေးလေး"
Bai Yutang က မျက်မှောင်ကြုံ့သည်။
"လူကြီးတစ်ယောက်က ဘယ်လို လုပ် ဝင်လို့ရမှာလဲ"

Luo Tian က အပေါက်ကို ကြည့်ကာ  ခေါင်းညိတ်သည်။
"သူလုပ်နိုင်တယ်... ကျုပ်လဲ လုပ်နိုင်တယ်"

အားလုံး ကြက်သေသေနေချိန် Bai Yutang က Luo Tian ကို သက်သေပြရန် အချက်ပေး၏။ Luo Tian မှာ အရိုးအဆစ်များ ခွေခေါက်ကာ မြွေတစ်ကောင်ကဲ့သို့ လေထွက်ပိုက်ထဲ တိုးဝင်သွားလေသည်။

Bai Yutang သတိရမိသည်က ထိုညက Jie Jie ကို ဖမ်းမိတော့ လက်တွင် အရိုးအဆစ် ရှိမနေပေ။

အခန်းထဲရှိ လူများအားလုံးက အရိုးအဆစ်များ ကျိုးကုန်သကဲ့သို့ ခံစားမိသွားကြသည်။ နာကျင်မှု မရှိသူသာလျှင် ထိုကဲ့သို့ လုပ်နိုင်ပေမည်။ ထိုနေ့က Jie Jie ကားပါကင်မှ ပျောက်သွားခြင်းကို ယခုမှပင် ရှင်းတော့သည်။ သူက လှိုဏ်ခေါင်းထဲသာ သွားနိုင်သည်မဟုတ်.. Aircon ပိုက်မှလဲ သွားနိုင်လေသည်လေ..။

..........

End of Ghost Murderer 23
Thank u all

Finally!!!
နောက်ဆုံးတော့ မျှော်နေရတဲ့ အပိုင်း ရောက်လာပါပြီနော်

ဒီည tissue ထုတ်လေး ဆောင်ထားကြပါလို့

Continue Reading

You'll Also Like

119K 13.6K 103
transition novel
684K 100K 101
Title - Give Up (詬病) Author(s) - Chi Zongzha /池总渣 Status in COO - 96 Chapters + 9 (Extras+Special Chapters) Myanmar Translation - Complete This is...
601K 106K 107
Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3 extras (Completed) Genres : Action , Mys...
25.6K 5.3K 31
[𝘾𝙊𝙈𝙋𝙇𝙀𝙏𝙀]✅ කැම්පස් එකේදි හම්බුන තරහකාරයෝ දෙන්නෙක් ආදරේ කරන්න ගත්තොත් ❤💚 𝙏𝙝𝙞𝙨 𝙞𝙨 𝙤𝙣𝙡𝙮 𝙛𝙖𝙣 𝙛𝙞𝙘𝙩𝙞𝙤𝙣 𝙙𝙤𝙣'𝙩 𝙘𝙤𝙢𝙥𝙖𝙧...