S.C.I Special Crime Investiga...

By Autumn260103

809K 106K 4.7K

ထူးျခားတဲ့ ကြင္းဆက္လူသတ္မႈေတြကို မႈခင္းပညာနဲ႔ စိတ္ပညာေပါင္းၿပီး ေျဖ႐ွင္းၾကတဲ့ S C I အဖြဲ႔ရဲ႕ ေခါင္းေဆာင္ႏွစ္ေ... More

Murder 01- case
Murder 02- case
Murder 03 - Mysterious Numbers
Murder 04 - Funeral Home
Murder 05- Tracking
S.C.I. အဖြဲ႔ဝင္မ်ား
Murder 06- Prison
Murder 07 - Killer
Murder 08- Doctor
Murder 09- Sneak Attack
Murder 10 The clue
Murder 11 Doubt
Murder 12- Psychology Department
Murder 13 Tradegy
Murder 14- Li Fei Fan
Murder 15- Killer 135
Murder 16 - Academic
Murder 17 - old case
Murder 18- Chaos
Murder 19- Hostage
Murder 20- Third person
Murder 21- Zhao Jue
Murder 22- Sighting
Murder 23- crazy love
Not story update
Murderer 24- Trial
Murderer 25- Hint
Murderer 26- Instruction
Murderer 27- Accident
Murderer 28- Obession
Training Camp Murderer-Chapter01 Dinner
Training Camp Murderer 02- Sniper Case
Training Camp Murderer 04- Band
Not a story update
Training Camp Murderer 05 - Training Camp
Training Camp Murderer 06- Probability
Training Camp Murderer 07- Purgatory
Training Camp Murderer 08- Malingering
Training Camp Murderer 03- Students
Training Camp Murderer 09- Utilization
Hello to all my readers
Training Camp Murderer 10- Lovers
Training Camp Murderer 11- Devil's son
Training Camp Murderer 12- Destiny
Training Camp Murderer 13- Clues
Training Camp Murderer 14- Son of God
My apology
Training Camp Murderer 15- Breakthrough
Training Camp Murderer 16 - Meter
Training Camp Murderer 17- Retribution
Return of magic murderer 01 - Imitation
Return of Magic Murderer 02
Return of Magic Murderer- 03 Ghost
Return of Magic Murderer 04 - Blood
Return of Magic Murderer 05-Curse
Fanwai 100 questions Jin Policy
Return of Magic Murderer 06-Misleading
Return of Magic Murderer 07- Fog
Not a story update
Return of Magic Murderer 08- Kidnapping
Return of Magic Murderer 09- Guess
Fanwai 100 questions
Return of Magic Murderer 10- Meeting again
Return of Magic Murderer 11- Gambling
Return of Magic Murderer 12- The Murderer
Return of Magic Murderer 13- The Magic
Return of Magic Murderer 14- Puzzle
Return of Magic Murderer 15-Mutation
Return of Magic Murderer 16- Turn
Return of Magic Murderer 17- Hatred
Return of Magic Murderer 18 - Free
Return of Magic Murderer 19- Overture
Return of Magic Murderer 20 - The End
Christmas Night 1
Christmas Night 2
Murder: Non- human 01- Box Corpse
Murder: Non- Human 02 - Curse
Murder: Non- human 03- Non- human
Murderer: Non - human 04- Tutsi
Murder: Non- human 05 - (Totem)
Murder: Non- Human 06 - Eagle King
Murder: Non Human 07- Accident
Murder: Non - Human 08 - Unidentified suspect
Murder: Non- human 09 Mutation
Murder: Non- Human 10 - He is a singer and a ghost
Murder: Non- Human 11-Multiple Murderers
Murderer: Non- Human 12- Sets
Murderer: Non- Human: 13 It's not a human
Murder: Non- Human 14- Motivation
Murder: Non- Human 15- Opportunity
Murder: Non- Human 16 Step by step
Murder: Non- Human 17 Murderer is not a human
Murder: Non- Human 18: Murderer is not a human
Murder: Non- Human 19: Murderer is not a human
New year's day.....
Murder: Non- Human 20 Bright Line
Murder: Non- Human 21
Murder: Non- Human 22
Murder: Non- Human 23 End
Ghost Murderer 01 - Night Punisher
Ghost Murderer 02 - Wierd Murder
Ghost Murder 03- Ghostly
Ghost Murderer 04- Another world
Valentine's Day
Ghost Murderer 06 - Tips
Ghost Murderer 07- Night Kingdom
Ghost Murderer 08- Black and White
Ghost Murderer 09
Ghost Murderer 10- Amazing Discovery
Ghost Murderer 11- Luo Wen's care
Ghost Murderer 12- Violent
Ghost Murderer 13- Mysterious Code
Ghost Murderer 14- The End of the Tunnel
Ghost Murderer 15- Sin And Punishment
Announcement
Ghost Murderer 16- Cruel Story
Ghost Murderer 17- Madman
Ghost Murderer 18 - Brother
Ghost Murderer 19- Nursery Rhymes
Ghost Murderer 20- Coming From Afar
Ghost Murderer 21- Past Events
Ghost Murderet 22 - Plausible
Ghost Murderer 23- Gradually Becoming Clear
Ghost Murderer 24 - Trap
Ghost Murderer 25- Fire
Ghost Murderer 26- Warmth
Announcement
Ghost Murderer 27 - Rodent Control
Ghost Murderer 28- Lead out of the Snake
Ghost Murderer 29- Hypnosis
Ghost Murderer 30- Strategy
Ghost Murderer 31- Provisional Praragraph

Ghost Murderer 05- Unexpected

3.7K 579 10
By Autumn260103

Zawgyi
Zhan Zhao ႏွင့္ Bai Yutang တို႔ျပန္လာေတာ့ အခင္းျဖစ္ရာ ေနရာအသီးသီးကို လႊတ္လိုက္ေသာ.S.C.I. အဖြဲ႕သားမ်ား အကုန္ျပန္ေရာက္ေနၾကသည္။

"ျမန္လိုက္ၾကတာ"
Bai Yutang က စိတ္ပ်က္လက္ပ်က္ျဖစ္ေနေသာ အဖြဲ႕သားမ်ားကို ၾကည့္ကာ ေရ႐ြတ္လိုက္သည္။

Ma Han ကေတာ့ ပခုံးသာ တြန့္သည္။
"အေရွ႕ပိုင္းအဖြဲ႕က Chen Hao ရဲ႕ ပူးေပါင္းမႈက လြဲၿပီးေတာ့ တျခားအဖြဲ႕ေတြက အခ်င္းခ်င္း တိုက္ခိုက္ဖို႔ပဲ အာ႐ုံမ်ားေနၾကတာ.. ဘယ္သူမွ ရဲေတြရဲ႕ ေမးခြန္းကို မ​ေျဖခ်င္ၾကဘူး ကြၽန္ေတာ္လဲ အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ေနေပမဲ့ ဘာမွမရခဲ့ဘူး"

Bai Yutang က ေခါင္းညိတ္ကာ Jiang Ping အသင့္ျပင္ထားေသာ ေျမေအာက္လွိုဏ္ေခါင္းလမ္း ေျမပုံကို အစည္းအေဝးခန္းစားပြဲတြင္ ခ်လိဳက္သည္။

"ေျမေအာက္လမ္းက ေတာ္ေတာ္ရႈပ္ေထြးတာပဲ"
တစ္ခ်က္လွမ္းၾကည့္ကာ Zhan Zhao က မွတ္ခ်က္ခ်သည္။

"ေသဆုံးသြားတဲ့ လူဆိုးဂိုဏ္းေခါင္းေဆာင္ေတြ ေနတဲ့ေနရာက ေျမေအာက္လမ္းေတြ ဆုံတဲ့ေနရာေတြခ်ည္းပဲ"
Bai Yutang က ေခါင္းေဆာင္မ်ား.အသတ္ခံရေသာ ေနရာမ်ားကို ေျမပုံေပၚတြင္ မွင္နီႏွင့္ ဝိုင္းလိုက္သည္။

"Xiao Bai အရိပ္လူသတ္သမားနဲ႕ ညတရားစီရင္သူၾကားမွာ ပတ္သက္မႈရွိေနနိုင္တယ္လို႔ မင္းထင္လား"
Zhan Zhao က ေမးၾကည့္သည္။
"ဒါမွမဟုတ္ တိုက္ဆိုင္မႈသက္သက္ပဲလား"

သူတို႔ စကားေျပာေနၾကတုန္း Ma Han က အခန္းထဲ ဝင္လာသည္။
"ေသနတ္အတုက လက္ေဗြရာကို ငါစစ္ခဲ့ၿပီးၿပီ။ လူဆိုးမွတ္တမ္းထဲမွာ မရွိဘူး၊ ၿပီးေတာ့ ကစားစရာေသနတ္က အရမ္းေဟာင္းေနၿပီးေတာ့ ဟိုးအရင္ထဲက ဝယ္ၿပီး သိမ္းထားတဲ့ ပုံစံပဲ"

Bai Yutang က အိတ္ထဲမွ လက္ကိုင္ပုဝါႏွင့္ ပတ္ထားေသာ ကစားစရာေသနတ္ကို Gongsun အား ကမ္းေပးလိုက္သည္။
"ဒါကို ခနၾကည့္ေပး"

Gongsun က ေသနတ္ကို လွမ္းယူကာ ေသခ်ာၾကည့္ရင္း အံ့ၾသသြားေလသည္။
"ပုံစံအတူတူပဲ"

"တစ္ေနရာထဲက လာတာ ျဖစ္နိုင္လား"
Zhan Zhao က Gongsun အား ေမးလိုက္သည္။

Gongsun က လက္ထဲမွ ေသနတ္ဆီမွ အၾကည့္မလႊဲပဲ ေခါင္းညိတ္ျပသည္။
"အမ်ားႀကီး ျဖစ္နိုင္တယ္"

"ဟုတ္လား... ဘယ္လိုလုပ္ ေသခ်ာေျပာနိုင္တာလဲ"
Bai Yutang က Gongsun အေျဖေၾကာင့္ အားတက္သြားေလသည္။

"အခင္းျဖစ္တဲ့ေနရာက ေသနတ္မွာ အေရာင္လြင့္ေနတာေတြ ေတြ႕ထားတယ္... ဒီေသနတ္မွာလဲ ရွိေနတယ္"
Gongsun က Bai Yutang ကို ေမာ့ၾကည့္လိုက္သည္။
"မင္း ဒါကို ဘယ္ကရလာတာလဲ"

"အမွိုက္ပုံက ေကာက္လာတာလို႔ ေျပာလို႔ရပါတယ္"
Bai Yutang က ေျမပုံကို ၾကည့္ကာ သူႏွင့္ Zhan Zhao ေရာက္သြားေသာ အမွိုက္ပုံေနရာကို ရွာျပလိုက္သည္။

"ငါ အေသးစိတ္သိရရင္ လာျပန္ေျပာမယ္"
Gongsun က ေသနတ္ကိုယူ၍ ထြက္သြားေလသည္။

Bai Yutang က Zhang Long ႏွင့္ Wang Chao ကို ဖုန္းေခၚကာ အမွိုက္ပုံရွိရာသို႔ လမ္းၫႊန္၍ ထိုအနီးတစ္ဝိုက္တြင္ ေနထိုင္သူမ်ားအား မုတ္ဆိတ္ႀကီးရွိေသာ လူတစ္ေယာက္ကို သိမသိ ေမးခိုင္းလိုက္သည္။

BI Yutang ဖုန္းခ်လိဳက္ေတာ့ အနားမွ Zhao Hu က ေမးလိုက္သည္။
"မုတ္ဆိတ္??.. Bai Sirမွာ သဲလြန္စရွိထားၿပီးသားလား"

Bai Yutang ႏွင့္ Zhan Zhao က တစ္ေယာက္ကို တစ္ေယာက္ ၾကည့္ကာ ရွိုးပြဲညက အျဖစ္အပ်က္ကို ေျပာျပကာ အိတ္ထဲမွ ဓာတ္ပုံကို ထုတ္ျပသည္။

အံ့ၾသေနၾကေသာ လူအုပ္ႀကီးဆီမွ အသံတိတ္သြားၿပီး Ma Han က ႐ုတ္တရက္ ထေမးသည္။
"အဲ့ဒါဆိုရင္ သူက အဲဒီညက Qi Le ရဲ႕ ရွိုးပြဲကို သြားၾကည့္တာလား"

"မျဖစ္နိုင္ေလာက္ဘူး"
Zhan Zhao က ေခါင္းယမ္းသည္။
"ငါတို႔ အထဲဝင္သြားေတာ့ ရွိုးပြဲမစေသးဘူး.သူက အျပင္မွာ ထြက္ေနေနတာ.. ေျပာရမယ္ဆိုရင္ ရွိုးပြဲကို ၾကည့္ဖို႔ စိတ္ကူးေတာင္ မရွိတဲ့ပုံမ်ိဳး"

"ဝန္ထမ္းေတြေရာ.."
အားလုံးက တစ္ၿပိဳင္တည္း ေတြးလိုက္ၾကသည္။

ထို႔ေနာက္မွာေတာ့ Ma Han ႏွင့္ Zhao Hu တို႔က Qi Le ရွိုးပြဲေန႕က တာဝန္ယူခဲ့ေသာ လုံၿခဳံေရးႏွင့္ ဝန္ထမ္းမ်ားကို မုတ္ဆိတ္ႏွင့္ လူကို သတိထားမိလားဟု သြားစုံစမ္းၾကသည္။

အားလုံး ထြက္သြားၾကေတာ့ ႐ုံးခန္းထဲတြင္ Bai Yutang ႏွင့္ Zhan Zhao သာ  က်န္ခဲ့သည္။ Zhan Zhao က ဓာတ္ပုံေနာက္မွာ စာကို စူးစိုက္ၾကည့္လ်က္...

"ဘာလို႔လဲ ေၾကာင္ေလး.."

"အင္း"
Zhan Zhao က မ်က္ေမွာင္ အနည္းငယ္တြန့္လိုက္ၿပီး စာ႐ြက္ႏွင့္ ေဘာပင္ကို ယူကာ ဓာတ္ပုံအေနာက္မွ စာအတိုင္း ကူးေရးသည္။

တစ္ေယာက္ထဲ အလုပ္ရႈပ္ေနၿပီးမွ Zhan Zhao က Bai Yutang ကို ေမာ့ၾကည့္သည္။
"Xiao Bai... ဒီစာကို ေရးတဲ့သူက ကေလးတစ္ေယာက္ပဲ"

"ဘာရယ္"
Bai Yutang ၏ မ်က္ႏွာမွာ အံ့ၾသျခင္းမ်ားျပည့္လ်က္...
"မင္း ေသခ်ာလား"

Zhan Zhaoက ေခါင္းညိတ္ျပလိုက္သည္။
"ေရးတဲ့သူရဲ႕ လက္က ေသးေသးေလး၊ ၿပီးေတာ့ လက္ေမာင္းကလဲ တိုတယ္... ကေလးလက္နဲ႕ ေရးတာမို႔လို႔ စာသားေတြက မေသသပ္ဘူး.."

ထိုအခ်ိန္တြင္ S.C.I. ႐ုံးခန္းတံခါး ပြင့္လာၿပီး လူႏွစ္ေယာက္ ဝင္လာသည္။ အေရွ႕မွ Bao Zheng ႏွင့္ အေနာက္တြင္ေတာ့ Bai Yutang ကို လိုက္ၿပိဳင္ေနေသာ Lan Chenglin

Zhan Zhao က Bai Yutang ကို မ်က္စိမွိတ္ျပလိုက္သည္။
'ၾကည့္ရတာေတာ့ အမႈလႊဲေပးရေတာ့မယ္'

Bai Yutang ကေတာ့ မ်က္ေမွာင္သာႀကဳံ႕ထားသည္။

Bao Zheng က ထိုင္ေနေသာ လူႏွစ္ေယာက္ဆီသို႔ ေလွ်ာက္လာကာ ေျပာလိုက္သည္။
"လူဆိုးေခါင္းေဆာင္ေတြ အသတ္ခံရတဲ့အမႈကို မင္းတို႔ ၾကည့္စရာမလိုေတာ့ဘူး.. Lan Chenglin တို႔အဖြဲ႕ကို လႊဲေပးလိုက္ပါ"

Bai Yutang ကေတာ့ ပခုံးသာ တြန့္၍ ျပန္ေျပာသည္။
"ဒါက ကြင္းဆက္လူသတ္မႈေလ.. ရိုးရိုး လမ္းသရဲေတြ ရန္ျဖစ္တာ မဟုတ္ဘူး"

Lan Chenglin က ၿပဳံးကာ ေျပာလိုက္သည္။
" Bai Sir.. စိတ္မရွိပါနဲ႕.. ကြၽန္ေတာ္တို႔ ရထားတဲ့ သက္ေသေတြအရဆိုလဲ ဒီအမႈက သိပ္မရိုးရွင္းမွန္း သိထားၿပီးပါၿပီ၊ စိတ္ခ်ပါ ဒီကရတဲ့ သက္ေသေတြကိုလဲ အျပင္ကို မေပါက္ၾကားေအာင္ ထိန္းသိမ္းဖို႔ တာဝန္ယူပါတယ္.. ကြၽန္ေတာ္ဒီကို အခ်က္အလက္ေတြ ယူဖို႔လာခဲ့တာမို႔ တတ္နိုင္သေလာက္ ျမန္ျမန္ေလး လႊဲေပးေစခ်င္ပါတယ္"

အႏွီ Lan Chenglinမွာ အသက္သုံးဆယ္ေက်ာ္ေနၿပီး သူ႕အဖြဲ႕ကို ဦးေဆာင္လာခဲ့သည္မွာ ႏွစ္ေတြမနည္းေတာ့။ ေမာက္မာသည္ဟု အမည္တြင္ေသာ ရဲအရာရွိလဲ ျဖစ္ေပသည္။ Bai Yutang မွာ သူ႕ထက္မ်ားစြာငယ္ေသာ္လဲ အရည္အခ်င္းမွာ လိုက္မမီနိုင္ေအာင္ ျမင့္လြန္း၍ Lan Chenglin တစ္ေယာက္ မနာလိုဝန္တိုျဖစ္ေနသည္ကိုလဲ လူတိုင္းသိသည္။

Bai Yutang ကေတာ့ ျပန္လာ္၍ ရန္မျဖစ္ေနေတာ့။ Bao Zheng ကို ၾကည့္ကာ ေခါင္းညိတ္ျပလိုက္ၿပီး Jiang Ping အား သက္ေသႏွင့္ အခ်က္အလက္မ်ားကို လႊဲေပးရန္ ေျပာလိုက္သည္။

အခ်က္အလက္မ်ား ယူၿပီးသည္ႏွင့္ Lan Chenglin မွာ ထြက္သြားေတာ့သည္။

Bai Yutang ႏွင့္ Zhan Zhao မွာ သူတို႔ေရွ႕တြင္ ရပ္ေနေသာ Bao Zheng ကို ၾကည့္ကာ မေက်နပ္ေၾကာင္း ျပေနသကဲ့သို႔..။

"မင္းတို႔ႏွစ္ေကာင္ကေလ... ငါ့အေပၚမွာ အေတာ္ဆိုးေနတာပဲ"
Bao Zheng က ေခါင္းယမ္းကာ သက္ျပင္းခ်သည္။
"ဟိုတစ္ခါ Taber ဆိုတဲ့ နိုင္ငံျခားသားကိုလဲ မေျပာမဆိုနဲ႕ ဖမ္းတယ္ ဒါေပမဲ့ သက္ေသေတြအရ သူက ဘာမွျပစ္မႈက်ဴးလြန္ရေသးတာ မဟုတ္ဘူး.. ၿပီးေတာ့ သူတို႔ဆီက ရဲကလဲ ေရွ႕ေနေတြ လႊတ္ၿပီး လာေခၚခိုင္းေတာ့ ငါ့မွ ျပသနာေတြ ရွင္းရေရာ.. အခု မင္းတို႔ကို မ်က္မုန္းက်ိဳးေနတဲ့အဖြဲ႕ေတြက ဒါက္ု အခြင့္ေကာင္းယူၿပီး မင္းတို႔ရဲ႕ ၾသဇာကို ဖ်က္ဆီးဖို႔ ႀကိဳးစားေနၾကတာကြ..."

Zhan Zhao ႏွင့္ Bai Yutang မွာ တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ အသံတိတ္ေနၾကသည္။

"ကိုင္ထား"
Bao Zheng က အိတ္ထဲမွ စာအိတ္တစ္အိတ္ထုတ္ကာ Bai Yutang လက္ထဲသို႔ ထည့္သည္။

"ဝိုး"
Bai Yutang က လက္ထဲမွ စာအိတ္ကို ၾကည့္ကာ စာအိတ္ေပၚတြင္ေရးထားေသာ ဂဏန္းေနာက္မွ သုညမ်ားကို ေရလိုက္သည္။
"စာအိတ္ႀကီး.. ဘာႀကီးလဲ... မိသားစု... ေငြေၾကး??"

"လခြမ္း မင္းအတြက္မဟုတ္ဘူး"
Bao Zheng က မ်က္လုံးလွန္ၾကည့္ကာ Zhan Zhao ဘက္သို႔ မ်က္ႏွာမူလိုက္သည္။
"မင္းရဲ႕ မိဘမဲ့ေဂဟာ အတြက္ Lu Fang က အားလုံးဆီက အလႉေငြ လိုက္ေကာက္ထားတာ၊ မင္းကို အခုေပးလိုက္မယ္ သြားပို႔ေပးလိုက္... အမႈအတြက္ေတာ့ ေယာင္လို႔ေတာင္ မစဥ္းစားနဲ႕ေနာ္"

Bao Zheng က ျပန္မထြက္ခင္ သူ႕ေရွမွ လူႏွစ္ေယာက္ကို သတိေပးျဖစ္ေအာင္ ေပးေနလိုက္ေသးသည္။
"Lan Chenglin ရဲ႕ အဖြဲ႕က နိုင္ငံတကာရဲတပ္ဖြဲ႕နဲ႕ လက္တြဲၿပီး ဒီအမႈကို ေဖာ္မွာ.. အဲ့ဒါေၾကာင့္ မဆိုင္တာေတြလုပ္ၿပီး ငါ့ကို ဒုကၡမေပးၾကပါနဲ႕ေတာ့..အထူးသျဖင့္ မင္းတို႔ ႏွစ္ေယာက္"
Bao Zheng က ႏွစ္ေယာက္လုံးကို ေဝ့ၾကည့္လိုက္သည္။
"ကိုယ့္လူကို နိုင္ေအာင္ထိန္းထားၾက"

Bao Zheng ထြက္သြားသည္ႏွင့္ Bai Yutang က Zhan Zhao ကို လွည့္ၾကည့္လိုက္သည္။ ႏွစ္ေယာက္လုံး၏ မ်က္ႏွာက အလြန္အမင္း စိတ္ရႈပ္ေနဟန္..

"ဒါ... ဒါကို စစ္ေဆးလို႔ မရေတာ့ဘူးေပါ့"
ေျမေအာက္လွိုဏ္ေခါင္း ေျမပုံကို စိုက္ၾကည့္ေနေသာ Bai Chi က Zhan Zhao အား ေမးလိုက္သည္။

"စစ္ေဆးမွာ..."
Zhan Zhao က သြားမေပၚပဲ ၿပဳံးျပသည္။
"မစစ္ေဆးစရာ အေၾကာင္းမရွိဘူးေလ"

"ဒါေပမဲ့ Bao Sir ေျပာသြားတာက..."
Bai Chi ေရွ႕ဆက္မေျပာေပမဲ့ အားလုံးက သူ႕ဆိုလိုရင္းကို သိေနၾကသည္။

"အဖိုးႀကီးေျပာတာက လူဆိုးဂိုဏ္းေခါင္းေဆာင္ေတြ အသတ္ခံရတဲ့အမႈေလ.."
Bai Yutang က Bai Chi ၏ ေခါင္းေလးကို ပုတ္လိုက္သည္။
"ငါတို႔လဲ အဲ့ဒီအမႈကို မလိုက္ပါဘူး... ငါတို႔လိုက္မွာက ညတရားစီရင္သူအမႈ.."

ထို႔ေနာက္ လက္ထဲမွ စာအိတ္ကို Zhan Zhao အား ေပးရင္း Bai Yutang က ကားေသာ့ကို ေကာက္ကိုင္လိုက္သည္။
"လာ ေၾကာင္ေလး... မိဘမဲ့ေဂဟာကို ပိုက္ဆံအရင္ သြားလြဲၾကမယ္ ၿပီးမွ အဲ့ဒီနားမွာ ညတရားစီရင္သူရဲ႕ သဲလြန္စေလးေတြ ရွာၾကတာေပါ့"

Zhan Zhao ကလဲ သူတို႔ႏွစ္ေယာက္၏ ဓာတ္ပုံကို ေကာက္ကိုင္ကာ အိတ္ကပ္ထဲ ဝွက္သည္။ အျပင္မထြက္ခင္ တံခါးေရွ႕ေရာက္ေတာ့ အေနာက္မွာ ရွိေနသည့္ Bai Chi ကို လွည့္ၾကည့္လိုက္သည္။
"ကေလး... ေျမပုံတစ္ခုလုံးကို အလြတ္က်က္ထား ေနာက္က်ရင္ အသုံးဝင္ခ်င္ ဝင္မွာ"

ႏွစ္​ေယာက္လုံး ထြက္သြားသည္ကိုၾကည့္ရင္း Jiang Ping က Bai Chi ေလးအား သနားသည့္အၾကည့္ႏွင့္ ၾကည့္သည္။
"အလြတ္က်က္ထားတဲ့လား... ဘယ္လိုလုပ္ အကုန္လုံးကို မွတ္မိနိုင္မွာလဲ"

"ဘာလို႔လဲ"
Bai Chi ေလးက ရိုးသားစြာ ဝန္ခံလိုက္သည္။
"ကြၽန္ေတာ္က အလြတ္ရၿပီးေနၿပီ"
..................

မိဘမဲ့ေဂဟာထဲ ကားေမာင္းလာၿပီးေနာက္ Zhan Zhao က ႐ုတ္တရက္ ထေမးသည္။
"Xiao Bai.. ညတရားစီရင္သူက ငါတို႔သိတဲ့လူလို႔ ထင္လား"

"ဘာလို႔ ေမးတာလဲ"
Bai Yutang က ေနာက္ၾကည့္မွန္ကို ၾကည့္ရင္း ပုံမွန္အတိုင္း ျပန္ေျဖသည္။

"တိုက္ဆိုင္မႈေတြက သံသယျဖစ္စရာ ေကာင္းေနလို႔"
Zhan Zhao က သူ႕ေမးေစ့သူ သူႏွင့္ ေထာက္ကာ ေျပာေနသည္။
"ငါထင္တာက ညတရားစီရင္သူနဲ႕ အရိပ္လူသတ္သမားတို႔ရဲ႕ တူညီမႈ... ၿပီးေတာ့ ဒီဓာတ္ပုံ..."

က်န္စကားတစ္ဝက္ကိုေတာ့ Zhan Zhao က ဆက္မေျပာပဲ ရပ္လိုက္သည္။ ေနာက္ၾကည့္မွန္အား တၾကည့္ၾကည့္လုပ္ေနေသာ Bai Yutang ေၾကာင့္ Zhan Zhao က ေမးသည္။
"ႂကြက္ေလး... ဘာျဖစ္လို႔လဲ"

"အေနာက္က ကားက ငါတို႔ေနာက္ လိုက္ေနတယ္..."
Bai Yutang က ေနာက္ၾကည့္မွန္ကို Zhan Zhao ျမင္သာေအာင္ လွည့္ေပးလိုက္ၿပီး ျပန္ေျဖသည္။
"အဲ့ဒီမွာ ကားႏွစ္စီးရွိတယ္.. ႏွစ္ကားလုံးက ငါတို႔ကားေနာက္မွာရွိေနတာ အေတာ္ၾကာၿပီ.. သူတို႔လႈပ္ရွားပုံ ၾကည့္ရတာ ရဲေတြလိုပဲ"

"မင္း ဟိုတစ္ခါ ေလယာဥ္ေမာင္းသလို လုပ္ဦးမလို႔လား"
Zhan Zhao က ထိုင္ခုံခါးပတ္ကို က်စ္က်စ္ပါေအာင္ ဆုပ္ရင္း ေမးလိုက္သည္။

"ေအာ္ကြယ္"
Bai Yutang က မေနနိုင္ပဲ ရယ္လိုက္မိသည္။
"ငါဒီတစ္ခါ ေလယာဥ္လို မေမာင္းပါဘူး.. သူတို႔ လိုက္ပါေစ... ၿပီးေတာ့ ဘာလုပ္လာမလဲ အရင္ ေစာင့္ၾကည့္ၾကတာေပါ့".

Spyker C8 ေငြေရာင္ေလးမွာ မိဘမဲ့ေဂဟာထဲသို႔ တုံ႕ဆိုင္းျခင္းမရွိ ဝင္သြားသည္။ ထို႔ေနာက္ ကားေပၚမွ ဆင္းကာ ေဂဟာထဲသို႔ ႏွစ္ေယာက္သား လမ္းေလွ်ာက္သြားၾကေလသည္။

ခနအၾကာမွာေတာ့ Bai Yutang ၏ ကားနားတြင္ လာရပ္ေသာ ကားထဲမွ လူႏွစ္ေယာက္ ထြက္လာသည္။
"ေတြ႕လား Spyker C8 .. လက္ရွိေပါက္ေစ်းကိုက အေမရိကန္ေဒၚလာ ၄သိန္းေက်ာ္တယ္.. ၿပီးေတာ့ အေရအတြက္ အကန့္အသတ္နဲ႕ပဲ ထုတ္တဲ့ပစၥည္း.. ဘယ္လိုရဲက ဒါမ်ိဳးတတ္နိုင္မွာလဲ"
သူတို႔ထဲက တစ္ေယာက္က ကားကိုၾကည့္၍ ေဘးမွ လူကို ေျပာေနေလ၏။

"ဟုတ္လား... ၿပီးေတာ့ သူ႕မွာ ကိုယ္ပိုင္ေလယာဥ္ရွိတယ္လို႔လဲေျပာတယ္...ဟုတ္မဟုတ္ေတာ့ ေသခ်ာမသိဘူး"

"အမွန္ပါပဲ အစိုးရဝန္ထမ္းတိုင္းေတာ့ တတ္နိုင္တာ မဟုတ္ေပမဲ့ေပါ့ေလ.."
ႏွစ္ေယာက္သား တြတ္ထိုးေနသည့္ၾကား ေအာင္ျမင္ေသာ အသံက်ယ္ ဝင္ေရာက္လာခဲ့သည္။

လန့္ျဖန့္ကာ အေနာက္ျပန္လွည့္ၾကည့္ေတာ့ Bai Yutang က သူတို႔ေနာက္ ရပ္ေနသလို Zhan Zhao ကလဲ မိဘမဲ့ ေဂဟာ၏ တံခါးဝတြင္ ေပၚလာသည္။

"ခင္​ဗ်ားတို႔ ႏွစ္ေယာက္နဲ႕ ဘာဆိုင္လို႔လဲ"
Bai Yutang က ထိုႏွစ္ေယာက္အား တင္းမာေနေသာ မ်က္ႏွာေပးႏွင့္ ၾကည့္သည္။

"မဟုတ္.. မဟုတ္ပါဘူး.. ကြၽန္ေတာ္တို႔က ဒီအတိုင္း ကားေလးလွလို႔ ၾကည့္မိတာပါ.. "
သူတို႔ထဲမွ တစ္ေယာက္က အလုအယက္ ေတာင္းပန္သည္။
"ေတာင္း..ေတာင္းပန္ပါတယ္​ဗ်ာ.."
ထို႔ေနာက္တြင္ေတာ့ ေဘးမွလူကို အပါေခၚကာ ကားေပၚတက္၍ ထြက္သြားရန္ျပင္သည္။

Bai Yutang က ထိုႏွစ္ေယာက္ေရွ႕မွ ပိတ္ရပ္ကာ Zhan Zhao ကို ၾကည့္လိုက္သည္။
"ေၾကာင္ေလး... ငါ ဘယ္လိုလုပ္လိုက္ရမလဲ"

"ကလစ္" ဟူေသာ အသံအဆုံး Zhan Zhao က လက္ထဲမွ ဖုန္းကို ထိုလူႏွစ္ေယာက္ သူ႕ဘက္လွည့္လာခ်ိန္ ခလုတ္ႏွိပ္လိုက္သည္။

"ဓာတ္ပုံရိုက္ၿပီးမွ စဥ္းစားလိုက္ဦးမယ္"
Zhan Zhao က ခပ္ဖြဖြ ၿပဳံးလိုက္သည္။
"နိုင္ငံတကာ ရဲတပ္ဖြဲ႕က ၿမိဳ႕ကို အရင္လာၾကည့္တာ ျဖစ္သင့္ပါတယ္... ကြၽန္ေတာ္တို႔ ၿမိဳ႕ထဲကို တစ္ပတ္ပတ္ျပေပးရဦးမလား"

Zhan Zhao စကားဆုံးေတာ့ ထိုလူႏွစ္ေယာက္၏ မ်က္ႏွာမွာ ရႈံ႕မဲ့သြားၿပီး ပါးစပ္ပိတ္သြားၾကသည္။

"နိုင္ငံတကာ ရဲတပ္ဖြဲ႕က လူေတြက အရမ္းမ်ား အားေနၾကတာလား"
Bai Yutang က ေအးစက္စက္ ၿပဳံးလ်က္..
"ဒါမွမဟုတ္... ကြၽန္ေတာ္တို႔က တရားခံလို႔ သံသယရွိသူေတြလို႔ ေျပာရင္ ပိုမွန္မလား"

"ခင္ဗ်ားတို႔ရဲ႕ လႈပ္ရွားမႈေတြကို ဘယ္သူစီစဥ္တာလဲ ကြၽန္ေတာ္ သိခ်င္တယ္"
Zhan Zhao က Bai Yutang စကားဆုံးဆုံးခ်င္း ဆက္ေျပာေပးလိုက္သည္။
"လြယ္လြယ္ေျပာရရင္.. ခင္ဗ်ားတို႔ရဲ႕ ေခါင္းေဆာင္ကို ကြၽန္ေတာ္တို႔ သိခ်င္တယ္"

ႏွစ္ေယာက္သား ဘာမွမတတ္နိုင္ေတာ့ပဲ ခပ္လွမ္းလွမ္းမွ ကားကို တစ္ခုခု လက္လွမ္းျပ၏။

ထိုအခါတြင္ေတာ့ သိပ္မေဝးလွေသာ ေနရာတြင္ ရပ္ထားသည့္ကားတံခါးကို ဖြင့္၍ သက္လတ္ပိုင္းသာရွိေသးမည့္ လူတစ္ေယာက္ ျဖည္းျဖည္းခ်င္း ဆင္းလာသည္။ သူက ရဲသားေလးႏွစ္ေယာက္ကို ေခါင္းညိတ္ျပေတာ့ ထိုႏွစ္ေယာက္မွာ ေရွာင္ထြက္သြားၿပီ ထိုလူက Bai Yutang ႏွင့္ Zhan Zhao ေရွ႕တြင္ ရပ္လိုက္သည္

အခ်င္းခ်င္း အကဲခတ္ေနၾကၿပီးမွ ထိုလူက ၿပဳံးလိုက္ၿပီး ေျပာသည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္.. ကြၽန္ေတာ္က နိုင္ငံတကာ မႈခင္းတိုက္ဖ်က္ေရးရဲ႕ တာဝန္ရွိသူ Ouyang Chunပါ"
ပိုက္ဆံအိတ္ထဲမွ ကတ္ကိုျပကာ ႏႈက္ဆက္လာသည္။

Bai Yutang က ထိုကတ္ကို ေသခ်ာၾကည့္ကာ ျပန္ေမးလိုက္သည္။
"ခင္ဗ်ားက ရဲစခန္းက တျခားတစ္ဖြဲ႕နဲ႕ လက္တြဲထားတယ္ဆိုၿပီးေတာ့ ဘာလို႔ ကြၽန္ေတာ္တို႔ေနာက္ ေနာက္ေယာင္ခံလိုက္ေနရတာလဲ"

"ေက်းဇူးျပဳၿပီး အထင္မလြဲပါနဲ႕... ဒီအမႈက ခင္ဗ်ားတို႔နဲ႕ ဆက္စပ္ေနတဲ့အတြက္ ခင္ဗ်ားတို႔ရဲ႕ လုံၿခဳံေရးအတြက္ ကြၽန္ေတာ္တို႔မွာ တာဝန္ရွိတယ္ေလ"
Ouyang Chun က အၿပဳံးခ်ိဳခ်ိဳျဖင့္ ရွင္းျပသည္။

Bai Yutang က မ်က္ခုံးပင့္ကာ Zhan Zhao ကို ၾကည့္ေတာ့ Zhan Zhao မ်က္ႏွာက ၿပဳံးမေနေပ။
"ဒါနဲ႕ ကြၽန္ေတာ္တို႔ကို တိတိက်က်ေလး ေျပာေပးလို႔မရဘူးလား။ ဘယ္သူကမ်ား ကြၽန္ေတာ္တို႔ကို အႏၲရာယ္ျပဳမွာလဲ"

Ouyang Chun က ေခါင္းညိတ္ကာ Bai Yutang ကို ၾကည့္လိုက္သည္။
"ကြၽန္ေတာ္သိရသေလာက္ေတာ့ ခင္ဗ်ားအစ္ကိုႀကီးက ဒီအမႈနဲ႕ ေတာ္ေတာ္ေလး ဆက္စပ္မႈရွိေနတယ္ေလ.. အဲဒါေၾကာင့္ သူ႕အနားကိုလဲ ရဲေတြလႊတ္ၿပီး ေစာင့္ေရွာက္ခိုင္းထားပါတယ္.. ၿပီးေတာ့ သူနဲ႕ ပတ္သက္တဲ့ ခင္ဗ်ားကိုေရာေပါ့"

"ခင္ဗ်ား ဘာစကားေျပာတာလဲ"
Bai Yutang သည္ ခပ္ညံ့ည့ရဲတစ္ေယာက္မဟုတ္။ Ouyang Chun ေျပာသည္ကို သူေကာင္းေကာင္း သေဘာေပါက္သည္။ သူတို႔ကို ကာကြယ္သည္ထက္ ေစာင့္ၾကည့္ျခင္းဆိုသည္က ပိုမွန္ပါလိမ့္မည္။

Bai Yutang ၏ မ်က္ႏွာကို အေနအထားေျပာင္းသြားသည္ကို ျမင္ရ၍ Ouyang Chun က ရယ္ျပလိုက္သည္။
"စိတ္ေလွ်ာ့ပါဗ်ာ... ကြၽန္ေတာ္တို႔က အခ်က္အလက္ေတြ မေပါက္ၾကားရေအာင္ ထိန္းသိမ္းေပးမွာပါ"

သူတို႔စကားမဆုံးေသးခင္ Bai Yutang ၏ ဖုန္းက ႐ုတ္တရက္ ျမည္လာသည္။ Bai Jintang ဆီမွ....

သူက စိတ္ရႈပ္စြာႏွင့္ ဖုန္းကိုင္ေတာ့ Bai Jintang ၏ စိတ္ပ်က္စြာ ရယ္သံကို ၾကားရသည္။
"Yutang.. မင္းကို စိတ္ရႈပ္ေအာင္ လုပ္ေနတဲ့သူရွိလား"

Bai Yutang က သူ႕ေရွ႕မွ Ouyang Chun ကို ၾကည့္ကာ ျပန္ေျဖသည္။
"ဟုတ္ ရွိတယ္"

"ေအာ္.."
Bai Jintang က ႏႈတ္ခမ္းေကြး႐ုံမွ် ၿပဳံးျပၿပီး အႁမႊာႏွစ္ေကာင္၏ ခ်ဳပ္ကိုင္ျခင္း ခံထားရေသာ ရဲႏွစ္ေယာက္ကို ၾကည့္လိုက္သည္။
"မင္းတို႔ဆရာက Ouyang Chun လား"

ရဲႏွစ္ေယာက္က စကားျပန္မေျပာေပ။

"Yutang.. အဲ့ဒီ Ouyang Chunဆိုတဲ့သူကို ဖုန္းေပးလိုက္"

Bai Yutang က Ouyang Chun အား ဖုန္းလႊဲေပးလိုက္သည္။

ဖုန္းသံမွာ ခနတာ တိတ္ဆိတ္သြားၿပီးေနာက္ Bai Jintang ၏ အသံခပ္ၾသၾသထြက္လာသည္။
"ခင္ဗ်ားဘယ္သူလဲဆိုတာ က်ဳပ္စိတ္မဝင္စားဘူး.. ဒါေပမဲ့ က်ဳပ္မိသားစုကို လုံးဝလာမထိနဲ႕.."

....
Ouyang Chun က နားေထာင္ေနေပမဲ့ စကားမေျပာေသးပဲ ေစာင့္ၾကည့္ေနသည္။ ခနၾကာမွ သူ႕ဆီက စကားသံ ထြက္လာသည္။
"ကြၽန္ေတာ္ နားလည္ၿပီ"
ဖုန္းခ်ကာ Bai Yutang ကို ျပန္ေပးလိုက္သည္။

"ခင္ဗ်ားကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစခဲ့ရင္ ေတာင္းပန္ပါတယ္.. ကြၽန္ေတာ္တို႔ အမွားလုပ္မိသြားတယ္"

ေတာင္းပန္စကားေျပာၿပီးေနာက္ Ouyang Chun မွာ သူ႕လူေတြေခၚကာ ထြက္သြားရန္ျပင္သည္။

"ခင္ဗ်ားၾကည့္ရတာ စိတ္သက္သာရာ ရသြားတဲ့အတိုင္းပဲ"
Zhan Zhao က Ouyang Chun ကို ေမးလိုက္သည္။

ထိုလူက ေရွ႕တစ္လွမ္းတိုးလာကာ ၿပဳံးျပသည္။
"ခင္ဗ်ားတို႔နဲ႕ ရန္သူျဖစ္ခြင့္မရတာ တကယ့္ကို ဝမ္းသာစရာ ကိစၥႀကီးပါဗ်ာ.. "
ထို႔ေနာက္တြင္ေတာ့ ကားေပၚတက္ကာ ထြက္ခြာသြားေလသည္။

"သြားရေအာင္ေလ"
Zhan Zhao က စူပုတ္ေနေသာ ႂကြက္ျဖဴစုတ္၏ မ်က္ႏွာကို ဆြဲညွစ္လိုက္သည္။
"အစ္ကိုႀကီးက ဒီဟာကို ေခါင္းထဲထည့္ပုံမရပါဘူးကြာ.. မင္း စိတ္ခ်လဲ ရမွာပါ"

Bai Yutang က ေခါင္းညိတ္ကာ Zhan Zhao သြားရာ ေဂဟာေနာက္သို႔ လိုက္ဝင္သြားသည္။ ေက်ာင္းအုပ္အား အလႉေငြ လႊဲၿပီးေနာက္ ထိုေက်ာင္းအုပ္က သူတို႔အား.ကေလးေတြကို လိုက္ျပသည္။ ႏွစ္ေယာက္သား လိုက္သြားၾကရင္း ႐ုတ္တရက္ Zhan Zhao ဖုန္းမွ မက္ေဆ့ခ်္သံ ဝင္လာသည္။

မသိေသာ ဖုန္းနံပါတ္မွ ျဖစ္၍ မက္ေဆ့ခ်္ ဖြင့္ကာ ဖတ္ၾကည့္ေတာ့ အထဲတြင္ စာေၾကာင္းတစ္ေၾကာင္း ေရးထားသည္။
"မင္းနဲ႕ လုပ္ငန္းကိစၥေဆြးေႏြးစရာေလး.ရွိတယ္... ဒီည ေျခာက္နာရီ မင္းအိမ္ေရွ႕က ေကာ္ဖီဆိုင္ကို တစ္ေယာက္ထဲ လာခဲ့"
Zhan Zhao က မက္ေဆ့ခ်္ကို ဘယ္လိုဖတ္ဖတ္ နားမလည္နိုင္၍ ေအာက္တြင္ လက္မွတ္ပါလိုပါျငား လိုက္ၾကည့္သည္။ တကယ္ပဲ ေအာက္ေျခတြင္ အနက္ေရာင္ စာသားႏွင့္ နာမည္တစ္ခု မ်က္လုံးထဲ တိုးဝင္လာသည္။ Zhan Zhao မ်က္လုံးျပဴးက်ယ္သြားေစေသာ ထိုနာမည္က.. Zhao Jue...

...............
End of Ghost Murderer 05
Thank U all

ေနာက္တစ္ပိုင္းက အလြန့္အလြန္sweet တဲ့ Valentine's day ပါတဲ့ 😁😁

Unicode

Zhan Zhao နှင့် Bai Yutang တို့ပြန်လာတော့ အခင်းဖြစ်ရာ နေရာအသီးသီးကို လွှတ်လိုက်သော.S.C.I. အဖွဲ့သားများ အကုန်ပြန်ရောက်နေကြသည်။

"မြန်လိုက်ကြတာ"
Bai Yutang က စိတ်ပျက်လက်ပျက်ဖြစ်နေသော အဖွဲ့သားများကို ကြည့်ကာ ရေရွတ်လိုက်သည်။

Ma Han ကတော့ ပခုံးသာ တွန့်သည်။
"အရှေ့ပိုင်းအဖွဲ့က Chen Hao ရဲ့ ပူးပေါင်းမှုက လွဲပြီးတော့ တခြားအဖွဲ့တွေက အချင်းချင်း တိုက်ခိုက်ဖို့ပဲ အာရုံများနေကြတာ.. ဘယ်သူမှ ရဲတွေရဲ့ မေးခွန်းကို မ​ဖြေချင်ကြဘူး ကျွန်တော်လဲ အချိန်အတော်ကြာအောင် စောင့်နေပေမဲ့ ဘာမှမရခဲ့ဘူး"

Bai Yutang က ခေါင်းညိတ်ကာ Jiang Ping အသင့်ပြင်ထားသော မြေအောက်လှိုဏ်ခေါင်းလမ်း မြေပုံကို အစည်းအဝေးခန်းစားပွဲတွင် ချလိုက်သည်။

"မြေအောက်လမ်းက တော်တော်ရှုပ်ထွေးတာပဲ"
တစ်ချက်လှမ်းကြည့်ကာ Zhan Zhao က မှတ်ချက်ချသည်။

"သေဆုံးသွားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေ နေတဲ့နေရာက မြေအောက်လမ်းတွေ ဆုံတဲ့နေရာတွေချည်းပဲ"
Bai Yutang က ခေါင်းဆောင်များ.အသတ်ခံရသော နေရာများကို မြေပုံပေါ်တွင် မှင်နီနှင့် ဝိုင်းလိုက်သည်။

"Xiao Bai အရိပ်လူသတ်သမားနဲ့ ညတရားစီရင်သူကြားမှာ ပတ်သက်မှုရှိနေနိုင်တယ်လို့ မင်းထင်လား"
Zhan Zhao က မေးကြည့်သည်။
"ဒါမှမဟုတ် တိုက်ဆိုင်မှုသက်သက်ပဲလား"

သူတို့ စကားပြောနေကြတုန်း Ma Han က အခန်းထဲ ဝင်လာသည်။
"သေနတ်အတုက လက်ဗွေရာကို ငါစစ်ခဲ့ပြီးပြီ။ လူဆိုးမှတ်တမ်းထဲမှာ မရှိဘူး၊ ပြီးတော့ ကစားစရာသေနတ်က အရမ်းဟောင်းနေပြီးတော့ ဟိုးအရင်ထဲက ဝယ်ပြီး သိမ်းထားတဲ့ ပုံစံပဲ"

Bai Yutang က အိတ်ထဲမှ လက်ကိုင်ပုဝါနှင့် ပတ်ထားသော ကစားစရာသေနတ်ကို Gongsun အား ကမ်းပေးလိုက်သည်။
"ဒါကို ခနကြည့်ပေး"

Gongsun က သေနတ်ကို လှမ်းယူကာ သေချာကြည့်ရင်း အံ့သြသွားလေသည်။
"ပုံစံအတူတူပဲ"

"တစ်နေရာထဲက လာတာ ဖြစ်နိုင်လား"
Zhan Zhao က Gongsun အား မေးလိုက်သည်။

Gongsun က လက်ထဲမှ သေနတ်ဆီမှ အကြည့်မလွှဲပဲ ခေါင်းညိတ်ပြသည်။
"အများကြီး ဖြစ်နိုင်တယ်"

"ဟုတ်လား... ဘယ်လိုလုပ် သေချာပြောနိုင်တာလဲ"
Bai Yutang က Gongsun အဖြေကြောင့် အားတက်သွားလေသည်။

"အခင်းဖြစ်တဲ့နေရာက သေနတ်မှာ အရောင်လွင့်နေတာတွေ တွေ့ထားတယ်... ဒီသေနတ်မှာလဲ ရှိနေတယ်"
Gongsun က Bai Yutang ကို မော့ကြည့်လိုက်သည်။
"မင်း ဒါကို ဘယ်ကရလာတာလဲ"

"အမှိုက်ပုံက ကောက်လာတာလို့ ပြောလို့ရပါတယ်"
Bai Yutang က မြေပုံကို ကြည့်ကာ သူနှင့် Zhan Zhao ရောက်သွားသော အမှိုက်ပုံနေရာကို ရှာပြလိုက်သည်။

"ငါ အသေးစိတ်သိရရင် လာပြန်ပြောမယ်"
Gongsun က သေနတ်ကိုယူ၍ ထွက်သွားလေသည်။

Bai Yutang က Zhang Long နှင့် Wang Chao ကို ဖုန်းခေါ်ကာ အမှိုက်ပုံရှိရာသို့ လမ်းညွှန်၍ ထိုအနီးတစ်ဝိုက်တွင် နေထိုင်သူများအား မုတ်ဆိတ်ကြီးရှိသော လူတစ်ယောက်ကို သိမသိ မေးခိုင်းလိုက်သည်။

BI Yutang ဖုန်းချလိုက်တော့ အနားမှ Zhao Hu က မေးလိုက်သည်။
"မုတ်ဆိတ်??.. Bai Sirမှာ သဲလွန်စရှိထားပြီးသားလား"

Bai Yutang နှင့် Zhan Zhao က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရှိုးပွဲညက အဖြစ်အပျက်ကို ပြောပြကာ အိတ်ထဲမှ ဓာတ်ပုံကို ထုတ်ပြသည်။

အံ့သြနေကြသော လူအုပ်ကြီးဆီမှ အသံတိတ်သွားပြီး Ma Han က ရုတ်တရက် ထမေးသည်။
"အဲ့ဒါဆိုရင် သူက အဲဒီညက Qi Le ရဲ့ ရှိုးပွဲကို သွားကြည့်တာလား"

"မဖြစ်နိုင်လောက်ဘူး"
Zhan Zhao က ခေါင်းယမ်းသည်။
"ငါတို့ အထဲဝင်သွားတော့ ရှိုးပွဲမစသေးဘူး.သူက အပြင်မှာ ထွက်နေနေတာ.. ပြောရမယ်ဆိုရင် ရှိုးပွဲကို ကြည့်ဖို့ စိတ်ကူးတောင် မရှိတဲ့ပုံမျိုး"

"ဝန်ထမ်းတွေရော.."
အားလုံးက တစ်ပြိုင်တည်း တွေးလိုက်ကြသည်။

ထို့နောက်မှာတော့ Ma Han နှင့် Zhao Hu တို့က Qi Le ရှိုးပွဲနေ့က တာဝန်ယူခဲ့သော လုံခြုံရေးနှင့် ဝန်ထမ်းများကို မုတ်ဆိတ်နှင့် လူကို သတိထားမိလားဟု သွားစုံစမ်းကြသည်။

အားလုံး ထွက်သွားကြတော့ ရုံးခန်းထဲတွင် Bai Yutang နှင့် Zhan Zhao သာ  ကျန်ခဲ့သည်။ Zhan Zhao က ဓာတ်ပုံနောက်မှာ စာကို စူးစိုက်ကြည့်လျက်...

"ဘာလို့လဲ ကြောင်လေး.."

"အင်း"
Zhan Zhao က မျက်မှောင် အနည်းငယ်တွန့်လိုက်ပြီး စာရွက်နှင့် ဘောပင်ကို ယူကာ ဓာတ်ပုံအနောက်မှ စာအတိုင်း ကူးရေးသည်။

တစ်ယောက်ထဲ အလုပ်ရှုပ်နေပြီးမှ Zhan Zhao က Bai Yutang ကို မော့ကြည့်သည်။
"Xiao Bai... ဒီစာကို ရေးတဲ့သူက ကလေးတစ်ယောက်ပဲ"

"ဘာရယ်"
Bai Yutang ၏ မျက်နှာမှာ အံ့သြခြင်းများပြည့်လျက်...
"မင်း သေချာလား"

Zhan Zhaoက ခေါင်းညိတ်ပြလိုက်သည်။
"ရေးတဲ့သူရဲ့ လက်က သေးသေးလေး၊ ပြီးတော့ လက်မောင်းကလဲ တိုတယ်... ကလေးလက်နဲ့ ရေးတာမို့လို့ စာသားတွေက မသေသပ်ဘူး.."

ထိုအချိန်တွင် S.C.I. ရုံးခန်းတံခါး ပွင့်လာပြီး လူနှစ်ယောက် ဝင်လာသည်။ အရှေ့မှ Bao Zheng နှင့် အနောက်တွင်တော့ Bai Yutang ကို လိုက်ပြိုင်နေသော Lan Chenglin

Zhan Zhao က Bai Yutang ကို မျက်စိမှိတ်ပြလိုက်သည်။
'ကြည့်ရတာတော့ အမှုလွှဲပေးရတော့မယ်'

Bai Yutang ကတော့ မျက်မှောင်သာကြုံ့ထားသည်။

Bao Zheng က ထိုင်နေသော လူနှစ်ယောက်ဆီသို့ လျှောက်လာကာ ပြောလိုက်သည်။
"လူဆိုးခေါင်းဆောင်တွေ အသတ်ခံရတဲ့အမှုကို မင်းတို့ ကြည့်စရာမလိုတော့ဘူး.. Lan Chenglin တို့အဖွဲ့ကို လွှဲပေးလိုက်ပါ"

Bai Yutang ကတော့ ပခုံးသာ တွန့်၍ ပြန်ပြောသည်။
"ဒါက ကွင်းဆက်လူသတ်မှုလေ.. ရိုးရိုး လမ်းသရဲတွေ ရန်ဖြစ်တာ မဟုတ်ဘူး"

Lan Chenglin က ပြုံးကာ ပြောလိုက်သည်။
" Bai Sir.. စိတ်မရှိပါနဲ့.. ကျွန်တော်တို့ ရထားတဲ့ သက်သေတွေအရဆိုလဲ ဒီအမှုက သိပ်မရိုးရှင်းမှန်း သိထားပြီးပါပြီ၊ စိတ်ချပါ ဒီကရတဲ့ သက်သေတွေကိုလဲ အပြင်ကို မပေါက်ကြားအောင် ထိန်းသိမ်းဖို့ တာဝန်ယူပါတယ်.. ကျွန်တော်ဒီကို အချက်အလက်တွေ ယူဖို့လာခဲ့တာမို့ တတ်နိုင်သလောက် မြန်မြန်လေး လွှဲပေးစေချင်ပါတယ်"

အနှီ Lan Chenglinမှာ အသက်သုံးဆယ်ကျော်နေပြီး သူ့အဖွဲ့ကို ဦးဆောင်လာခဲ့သည်မှာ နှစ်တွေမနည်းတော့။ မောက်မာသည်ဟု အမည်တွင်သော ရဲအရာရှိလဲ ဖြစ်ပေသည်။ Bai Yutang မှာ သူ့ထက်များစွာငယ်သော်လဲ အရည်အချင်းမှာ လိုက်မမီနိုင်အောင် မြင့်လွန်း၍ Lan Chenglin တစ်ယောက် မနာလိုဝန်တိုဖြစ်နေသည်ကိုလဲ လူတိုင်းသိသည်။

Bai Yutang ကတော့ ပြန်လာ်၍ ရန်မဖြစ်နေတော့။ Bao Zheng ကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး Jiang Ping အား သက်သေနှင့် အချက်အလက်များကို လွှဲပေးရန် ပြောလိုက်သည်။

အချက်အလက်များ ယူပြီးသည်နှင့် Lan Chenglin မှာ ထွက်သွားတော့သည်။

Bai Yutang နှင့် Zhan Zhao မှာ သူတို့ရှေ့တွင် ရပ်နေသော Bao Zheng ကို ကြည့်ကာ မကျေနပ်ကြောင်း ပြနေသကဲ့သို့..။

"မင်းတို့နှစ်ကောင်ကလေ... ငါ့အပေါ်မှာ အတော်ဆိုးနေတာပဲ"
Bao Zheng က ခေါင်းယမ်းကာ သက်ပြင်းချသည်။
"ဟိုတစ်ခါ Taber ဆိုတဲ့ နိုင်ငံခြားသားကိုလဲ မပြောမဆိုနဲ့ ဖမ်းတယ် ဒါပေမဲ့ သက်သေတွေအရ သူက ဘာမှပြစ်မှုကျူးလွန်ရသေးတာ မဟုတ်ဘူး.. ပြီးတော့ သူတို့ဆီက ရဲကလဲ ရှေ့နေတွေ လွှတ်ပြီး လာခေါ်ခိုင်းတော့ ငါ့မှ ပြသနာတွေ ရှင်းရရော.. အခု မင်းတို့ကို မျက်မုန်းကျိုးနေတဲ့အဖွဲ့တွေက ဒါက်ု အခွင့်ကောင်းယူပြီး မင်းတို့ရဲ့ သြဇာကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာကွ..."

Zhan Zhao နှင့် Bai Yutang မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အသံတိတ်နေကြသည်။

"ကိုင်ထား"
Bao Zheng က အိတ်ထဲမှ စာအိတ်တစ်အိတ်ထုတ်ကာ Bai Yutang လက်ထဲသို့ ထည့်သည်။

"ဝိုး"
Bai Yutang က လက်ထဲမှ စာအိတ်ကို ကြည့်ကာ စာအိတ်ပေါ်တွင်ရေးထားသော ဂဏန်းနောက်မှ သုညများကို ရေလိုက်သည်။
"စာအိတ်ကြီး.. ဘာကြီးလဲ... မိသားစု... ငွေကြေး??"

"လခွမ်း မင်းအတွက်မဟုတ်ဘူး"
Bao Zheng က မျက်လုံးလှန်ကြည့်ကာ Zhan Zhao ဘက်သို့ မျက်နှာမူလိုက်သည်။
"မင်းရဲ့ မိဘမဲ့ဂေဟာ အတွက် Lu Fang က အားလုံးဆီက အလှူငွေ လိုက်ကောက်ထားတာ၊ မင်းကို အခုပေးလိုက်မယ် သွားပို့ပေးလိုက်... အမှုအတွက်တော့ ယောင်လို့တောင် မစဥ်းစားနဲ့နော်"

Bao Zheng က ပြန်မထွက်ခင် သူ့ရှေမှ လူနှစ်ယောက်ကို သတိပေးဖြစ်အောင် ပေးနေလိုက်သေးသည်။
"Lan Chenglin ရဲ့ အဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ လက်တွဲပြီး ဒီအမှုကို ဖော်မှာ.. အဲ့ဒါကြောင့် မဆိုင်တာတွေလုပ်ပြီး ငါ့ကို ဒုက္ခမပေးကြပါနဲ့တော့..အထူးသဖြင့် မင်းတို့ နှစ်ယောက်"
Bao Zheng က နှစ်ယောက်လုံးကို ဝေ့ကြည့်လိုက်သည်။
"ကိုယ့်လူကို နိုင်အောင်ထိန်းထားကြ"

Bao Zheng ထွက်သွားသည်နှင့် Bai Yutang က Zhan Zhao ကို လှည့်ကြည့်လိုက်သည်။ နှစ်ယောက်လုံး၏ မျက်နှာက အလွန်အမင်း စိတ်ရှုပ်နေဟန်..

"ဒါ... ဒါကို စစ်ဆေးလို့ မရတော့ဘူးပေါ့"
မြေအောက်လှိုဏ်ခေါင်း မြေပုံကို စိုက်ကြည့်နေသော Bai Chi က Zhan Zhao အား မေးလိုက်သည်။

"စစ်ဆေးမှာ..."
Zhan Zhao က သွားမပေါ်ပဲ ပြုံးပြသည်။
"မစစ်ဆေးစရာ အကြောင်းမရှိဘူးလေ"

"ဒါပေမဲ့ Bao Sir ပြောသွားတာက..."
Bai Chi ရှေ့ဆက်မပြောပေမဲ့ အားလုံးက သူ့ဆိုလိုရင်းကို သိနေကြသည်။

"အဖိုးကြီးပြောတာက လူဆိုးဂိုဏ်းခေါင်းဆောင်တွေ အသတ်ခံရတဲ့အမှုလေ.."
Bai Yutang က Bai Chi ၏ ခေါင်းလေးကို ပုတ်လိုက်သည်။
"ငါတို့လဲ အဲ့ဒီအမှုကို မလိုက်ပါဘူး... ငါတို့လိုက်မှာက ညတရားစီရင်သူအမှု.."

ထို့နောက် လက်ထဲမှ စာအိတ်ကို Zhan Zhao အား ပေးရင်း Bai Yutang က ကားသော့ကို ကောက်ကိုင်လိုက်သည်။
"လာ ကြောင်လေး... မိဘမဲ့ဂေဟာကို ပိုက်ဆံအရင် သွားလွဲကြမယ် ပြီးမှ အဲ့ဒီနားမှာ ညတရားစီရင်သူရဲ့ သဲလွန်စလေးတွေ ရှာကြတာပေါ့"

Zhan Zhao ကလဲ သူတို့နှစ်ယောက်၏ ဓာတ်ပုံကို ကောက်ကိုင်ကာ အိတ်ကပ်ထဲ ဝှက်သည်။ အပြင်မထွက်ခင် တံခါးရှေ့ရောက်တော့ အနောက်မှာ ရှိနေသည့် Bai Chi ကို လှည့်ကြည့်လိုက်သည်။
"ကလေး... မြေပုံတစ်ခုလုံးကို အလွတ်ကျက်ထား နောက်ကျရင် အသုံးဝင်ချင် ဝင်မှာ"

နှစ်​ယောက်လုံး ထွက်သွားသည်ကိုကြည့်ရင်း Jiang Ping က Bai Chi လေးအား သနားသည့်အကြည့်နှင့် ကြည့်သည်။
"အလွတ်ကျက်ထားတဲ့လား... ဘယ်လိုလုပ် အကုန်လုံးကို မှတ်မိနိုင်မှာလဲ"

"ဘာလို့လဲ"
Bai Chi လေးက ရိုးသားစွာ ဝန်ခံလိုက်သည်။
"ကျွန်တော်က အလွတ်ရပြီးနေပြီ"
..................

မိဘမဲ့ဂေဟာထဲ ကားမောင်းလာပြီးနောက် Zhan Zhao က ရုတ်တရက် ထမေးသည်။
"Xiao Bai.. ညတရားစီရင်သူက ငါတို့သိတဲ့လူလို့ ထင်လား"

"ဘာလို့ မေးတာလဲ"
Bai Yutang က နောက်ကြည့်မှန်ကို ကြည့်ရင်း ပုံမှန်အတိုင်း ပြန်ဖြေသည်။

"တိုက်ဆိုင်မှုတွေက သံသယဖြစ်စရာ ကောင်းနေလို့"
Zhan Zhao က သူ့မေးစေ့သူ သူနှင့် ထောက်ကာ ပြောနေသည်။
"ငါထင်တာက ညတရားစီရင်သူနဲ့ အရိပ်လူသတ်သမားတို့ရဲ့ တူညီမှု... ပြီးတော့ ဒီဓာတ်ပုံ..."

ကျန်စကားတစ်ဝက်ကိုတော့ Zhan Zhao က ဆက်မပြောပဲ ရပ်လိုက်သည်။ နောက်ကြည့်မှန်အား တကြည့်ကြည့်လုပ်နေသော Bai Yutang ကြောင့် Zhan Zhao က မေးသည်။
"ကြွက်လေး... ဘာဖြစ်လို့လဲ"

"အနောက်က ကားက ငါတို့နောက် လိုက်နေတယ်..."
Bai Yutang က နောက်ကြည့်မှန်ကို Zhan Zhao မြင်သာအောင် လှည့်ပေးလိုက်ပြီး ပြန်ဖြေသည်။
"အဲ့ဒီမှာ ကားနှစ်စီးရှိတယ်.. နှစ်ကားလုံးက ငါတို့ကားနောက်မှာရှိနေတာ အတော်ကြာပြီ.. သူတို့လှုပ်ရှားပုံ ကြည့်ရတာ ရဲတွေလိုပဲ"

"မင်း ဟိုတစ်ခါ လေယာဥ်မောင်းသလို လုပ်ဦးမလို့လား"
Zhan Zhao က ထိုင်ခုံခါးပတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မေးလိုက်သည်။

"အော်ကွယ်"
Bai Yutang က မနေနိုင်ပဲ ရယ်လိုက်မိသည်။
"ငါဒီတစ်ခါ လေယာဥ်လို မမောင်းပါဘူး.. သူတို့ လိုက်ပါစေ... ပြီးတော့ ဘာလုပ်လာမလဲ အရင် စောင့်ကြည့်ကြတာပေါ့".

Spyker C8 ငွေရောင်လေးမှာ မိဘမဲ့ဂေဟာထဲသို့ တုံ့ဆိုင်းခြင်းမရှိ ဝင်သွားသည်။ ထို့နောက် ကားပေါ်မှ ဆင်းကာ ဂေဟာထဲသို့ နှစ်ယောက်သား လမ်းလျှောက်သွားကြလေသည်။

ခနအကြာမှာတော့ Bai Yutang ၏ ကားနားတွင် လာရပ်သော ကားထဲမှ လူနှစ်ယောက် ထွက်လာသည်။
"တွေ့လား Spyker C8 .. လက်ရှိပေါက်စျေးကိုက အမေရိကန်ဒေါ်လာ ၄သိန်းကျော်တယ်.. ပြီးတော့ အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်တဲ့ပစ္စည်း.. ဘယ်လိုရဲက ဒါမျိုးတတ်နိုင်မှာလဲ"
သူတို့ထဲက တစ်ယောက်က ကားကိုကြည့်၍ ဘေးမှ လူကို ပြောနေလေ၏။

"ဟုတ်လား... ပြီးတော့ သူ့မှာ ကိုယ်ပိုင်လေယာဥ်ရှိတယ်လို့လဲပြောတယ်...ဟုတ်မဟုတ်တော့ သေချာမသိဘူး"

"အမှန်ပါပဲ အစိုးရဝန်ထမ်းတိုင်းတော့ တတ်နိုင်တာ မဟုတ်ပေမဲ့ပေါ့လေ.."
နှစ်ယောက်သား တွတ်ထိုးနေသည့်ကြား အောင်မြင်သော အသံကျယ် ဝင်ရောက်လာခဲ့သည်။

လန့်ဖြန့်ကာ အနောက်ပြန်လှည့်ကြည့်တော့ Bai Yutang က သူတို့နောက် ရပ်နေသလို Zhan Zhao ကလဲ မိဘမဲ့ ဂေဟာ၏ တံခါးဝတွင် ပေါ်လာသည်။

"ခင်​ဗျားတို့ နှစ်ယောက်နဲ့ ဘာဆိုင်လို့လဲ"
Bai Yutang က ထိုနှစ်ယောက်အား တင်းမာနေသော မျက်နှာပေးနှင့် ကြည့်သည်။

"မဟုတ်.. မဟုတ်ပါဘူး.. ကျွန်တော်တို့က ဒီအတိုင်း ကားလေးလှလို့ ကြည့်မိတာပါ.. "
သူတို့ထဲမှ တစ်ယောက်က အလုအယက် တောင်းပန်သည်။
"တောင်း..တောင်းပန်ပါတယ်​ဗျာ.."
ထို့နောက်တွင်တော့ ဘေးမှလူကို အပါခေါ်ကာ ကားပေါ်တက်၍ ထွက်သွားရန်ပြင်သည်။

Bai Yutang က ထိုနှစ်ယောက်ရှေ့မှ ပိတ်ရပ်ကာ Zhan Zhao ကို ကြည့်လိုက်သည်။
"ကြောင်လေး... ငါ ဘယ်လိုလုပ်လိုက်ရမလဲ"

"ကလစ်" ဟူသော အသံအဆုံး Zhan Zhao က လက်ထဲမှ ဖုန်းကို ထိုလူနှစ်ယောက် သူ့ဘက်လှည့်လာချိန် ခလုတ်နှိပ်လိုက်သည်။

"ဓာတ်ပုံရိုက်ပြီးမှ စဥ်းစားလိုက်ဦးမယ်"
Zhan Zhao က ခပ်ဖွဖွ ပြုံးလိုက်သည်။
"နိုင်ငံတကာ ရဲတပ်ဖွဲ့က မြို့ကို အရင်လာကြည့်တာ ဖြစ်သင့်ပါတယ်... ကျွန်တော်တို့ မြို့ထဲကို တစ်ပတ်ပတ်ပြပေးရဦးမလား"

Zhan Zhao စကားဆုံးတော့ ထိုလူနှစ်ယောက်၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး ပါးစပ်ပိတ်သွားကြသည်။

"နိုင်ငံတကာ ရဲတပ်ဖွဲ့က လူတွေက အရမ်းများ အားနေကြတာလား"
Bai Yutang က အေးစက်စက် ပြုံးလျက်..
"ဒါမှမဟုတ်... ကျွန်တော်တို့က တရားခံလို့ သံသယရှိသူတွေလို့ ပြောရင် ပိုမှန်မလား"

"ခင်ဗျားတို့ရဲ့ လှုပ်ရှားမှုတွေကို ဘယ်သူစီစဥ်တာလဲ ကျွန်တော် သိချင်တယ်"
Zhan Zhao က Bai Yutang စကားဆုံးဆုံးချင်း ဆက်ပြောပေးလိုက်သည်။
"လွယ်လွယ်ပြောရရင်.. ခင်ဗျားတို့ရဲ့ ခေါင်းဆောင်ကို ကျွန်တော်တို့ သိချင်တယ်"

နှစ်ယောက်သား ဘာမှမတတ်နိုင်တော့ပဲ ခပ်လှမ်းလှမ်းမှ ကားကို တစ်ခုခု လက်လှမ်းပြ၏။

ထိုအခါတွင်တော့ သိပ်မဝေးလှသော နေရာတွင် ရပ်ထားသည့်ကားတံခါးကို ဖွင့်၍ သက်လတ်ပိုင်းသာရှိသေးမည့် လူတစ်ယောက် ဖြည်းဖြည်းချင်း ဆင်းလာသည်။ သူက ရဲသားလေးနှစ်ယောက်ကို ခေါင်းညိတ်ပြတော့ ထိုနှစ်ယောက်မှာ ရှောင်ထွက်သွားပြီ ထိုလူက Bai Yutang နှင့် Zhan Zhao ရှေ့တွင် ရပ်လိုက်သည်

အချင်းချင်း အကဲခတ်နေကြပြီးမှ ထိုလူက ပြုံးလိုက်ပြီး ပြောသည်။
"တွေ့ရတာ ဝမ်းသာပါတယ်.. ကျွန်တော်က နိုင်ငံတကာ မှုခင်းတိုက်ဖျက်ရေးရဲ့ တာဝန်ရှိသူ Ouyang Chunပါ"
ပိုက်ဆံအိတ်ထဲမှ ကတ်ကိုပြကာ နှုက်ဆက်လာသည်။

Bai Yutang က ထိုကတ်ကို သေချာကြည့်ကာ ပြန်မေးလိုက်သည်။
"ခင်ဗျားက ရဲစခန်းက တခြားတစ်ဖွဲ့နဲ့ လက်တွဲထားတယ်ဆိုပြီးတော့ ဘာလို့ ကျွန်တော်တို့နောက် နောက်ယောင်ခံလိုက်နေရတာလဲ"

"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ဒီအမှုက ခင်ဗျားတို့နဲ့ ဆက်စပ်နေတဲ့အတွက် ခင်ဗျားတို့ရဲ့ လုံခြုံရေးအတွက် ကျွန်တော်တို့မှာ တာဝန်ရှိတယ်လေ"
Ouyang Chun က အပြုံးချိုချိုဖြင့် ရှင်းပြသည်။

Bai Yutang က မျက်ခုံးပင့်ကာ Zhan Zhao ကို ကြည့်တော့ Zhan Zhao မျက်နှာက ပြုံးမနေပေ။
"ဒါနဲ့ ကျွန်တော်တို့ကို တိတိကျကျလေး ပြောပေးလို့မရဘူးလား။ ဘယ်သူကများ ကျွန်တော်တို့ကို အန္တရာယ်ပြုမှာလဲ"

Ouyang Chun က ခေါင်းညိတ်ကာ Bai Yutang ကို ကြည့်လိုက်သည်။
"ကျွန်တော်သိရသလောက်တော့ ခင်ဗျားအစ်ကိုကြီးက ဒီအမှုနဲ့ တော်တော်လေး ဆက်စပ်မှုရှိနေတယ်လေ.. အဲဒါကြောင့် သူ့အနားကိုလဲ ရဲတွေလွှတ်ပြီး စောင့်ရှောက်ခိုင်းထားပါတယ်.. ပြီးတော့ သူနဲ့ ပတ်သက်တဲ့ ခင်ဗျားကိုရောပေါ့"

"ခင်ဗျား ဘာစကားပြောတာလဲ"
Bai Yutang သည် ခပ်ညံ့ည့ရဲတစ်ယောက်မဟုတ်။ Ouyang Chun ပြောသည်ကို သူကောင်းကောင်း သဘောပေါက်သည်။ သူတို့ကို ကာကွယ်သည်ထက် စောင့်ကြည့်ခြင်းဆိုသည်က ပိုမှန်ပါလိမ့်မည်။

Bai Yutang ၏ မျက်နှာကို အနေအထားပြောင်းသွားသည်ကို မြင်ရ၍ Ouyang Chun က ရယ်ပြလိုက်သည်။
"စိတ်လျှော့ပါဗျာ... ကျွန်တော်တို့က အချက်အလက်တွေ မပေါက်ကြားရအောင် ထိန်းသိမ်းပေးမှာပါ"

သူတို့စကားမဆုံးသေးခင် Bai Yutang ၏ ဖုန်းက ရုတ်တရက် မြည်လာသည်။ Bai Jintang ဆီမှ....

သူက စိတ်ရှုပ်စွာနှင့် ဖုန်းကိုင်တော့ Bai Jintang ၏ စိတ်ပျက်စွာ ရယ်သံကို ကြားရသည်။
"Yutang.. မင်းကို စိတ်ရှုပ်အောင် လုပ်နေတဲ့သူရှိလား"

Bai Yutang က သူ့ရှေ့မှ Ouyang Chun ကို ကြည့်ကာ ပြန်ဖြေသည်။
"ဟုတ် ရှိတယ်"

"အော်.."
Bai Jintang က နှုတ်ခမ်းကွေးရုံမျှ ပြုံးပြပြီး အမြွှာနှစ်ကောင်၏ ချုပ်ကိုင်ခြင်း ခံထားရသော ရဲနှစ်ယောက်ကို ကြည့်လိုက်သည်။
"မင်းတို့ဆရာက Ouyang Chun လား"

ရဲနှစ်ယောက်က စကားပြန်မပြောပေ။

"Yutang.. အဲ့ဒီ Ouyang Chunဆိုတဲ့သူကို ဖုန်းပေးလိုက်"

Bai Yutang က Ouyang Chun အား ဖုန်းလွှဲပေးလိုက်သည်။

ဖုန်းသံမှာ ခနတာ တိတ်ဆိတ်သွားပြီးနောက် Bai Jintang ၏ အသံခပ်သြသြထွက်လာသည်။
"ခင်ဗျားဘယ်သူလဲဆိုတာ ကျုပ်စိတ်မဝင်စားဘူး.. ဒါပေမဲ့ ကျုပ်မိသားစုကို လုံးဝလာမထိနဲ့.."

....
Ouyang Chun က နားထောင်နေပေမဲ့ စကားမပြောသေးပဲ စောင့်ကြည့်နေသည်။ ခနကြာမှ သူ့ဆီက စကားသံ ထွက်လာသည်။
"ကျွန်တော် နားလည်ပြီ"
ဖုန်းချကာ Bai Yutang ကို ပြန်ပေးလိုက်သည်။

"ခင်ဗျားကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်.. ကျွန်တော်တို့ အမှားလုပ်မိသွားတယ်"

တောင်းပန်စကားပြောပြီးနောက် Ouyang Chun မှာ သူ့လူတွေခေါ်ကာ ထွက်သွားရန်ပြင်သည်။

"ခင်ဗျားကြည့်ရတာ စိတ်သက်သာရာ ရသွားတဲ့အတိုင်းပဲ"
Zhan Zhao က Ouyang Chun ကို မေးလိုက်သည်။

ထိုလူက ရှေ့တစ်လှမ်းတိုးလာကာ ပြုံးပြသည်။
"ခင်ဗျားတို့နဲ့ ရန်သူဖြစ်ခွင့်မရတာ တကယ့်ကို ဝမ်းသာစရာ ကိစ္စကြီးပါဗျာ.. "
ထို့နောက်တွင်တော့ ကားပေါ်တက်ကာ ထွက်ခွာသွားလေသည်။

"သွားရအောင်လေ"
Zhan Zhao က စူပုတ်နေသော ကြွက်ဖြူစုတ်၏ မျက်နှာကို ဆွဲညှစ်လိုက်သည်။
"အစ်ကိုကြီးက ဒီဟာကို ခေါင်းထဲထည့်ပုံမရပါဘူးကွာ.. မင်း စိတ်ချလဲ ရမှာပါ"

Bai Yutang က ခေါင်းညိတ်ကာ Zhan Zhao သွားရာ ဂေဟာနောက်သို့ လိုက်ဝင်သွားသည်။ ကျောင်းအုပ်အား အလှူငွေ လွှဲပြီးနောက် ထိုကျောင်းအုပ်က သူတို့အား.ကလေးတွေကို လိုက်ပြသည်။ နှစ်ယောက်သား လိုက်သွားကြရင်း ရုတ်တရက် Zhan Zhao ဖုန်းမှ မက်ဆေ့ချ်သံ ဝင်လာသည်။

မသိသော ဖုန်းနံပါတ်မှ ဖြစ်၍ မက်ဆေ့ချ် ဖွင့်ကာ ဖတ်ကြည့်တော့ အထဲတွင် စာကြောင်းတစ်ကြောင်း ရေးထားသည်။
"မင်းနဲ့ လုပ်ငန်းကိစ္စဆွေးနွေးစရာလေး.ရှိတယ်... ဒီည ခြောက်နာရီ မင်းအိမ်ရှေ့က ကော်ဖီဆိုင်ကို တစ်ယောက်ထဲ လာခဲ့"
Zhan Zhao က မက်ဆေ့ချ်ကို ဘယ်လိုဖတ်ဖတ် နားမလည်နိုင်၍ အောက်တွင် လက်မှတ်ပါလိုပါငြား လိုက်ကြည့်သည်။ တကယ်ပဲ အောက်ခြေတွင် အနက်ရောင် စာသားနှင့် နာမည်တစ်ခု မျက်လုံးထဲ တိုးဝင်လာသည်။ Zhan Zhao မျက်လုံးပြူးကျယ်သွားစေသော ထိုနာမည်က.. Zhao Jue...

...............
End of Ghost Murderer 05
Thank U all

နောက်တစ်ပိုင်းက အလွန့်အလွန်sweet တဲ့ Valentine's day ပါတဲ့ 😁😁

Continue Reading

You'll Also Like

344K 54.1K 72
Author-Die Zhiling Type-Web Novel(CN) Associated Name-意外标记 Total Chapter-95 Chapters Original Publisher-jjwxc >>This novel is not mine. All credits t...
11.2K 1.9K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in COO -85 Chapters (Ongoing) I got permissio...
303K 53.3K 67
Start Date - 18.05.2021 End Date - တစ်နေ့တွင် ကျန်းချန်ဖေးသည် ကားမတော်တဆမှုကြုံခဲ့ရသည်။ ကံကောင်း၍ ဒဏ်ရာကြီးကြီးမားမားတော့မရှိခဲ့ပေ။ သို့သော်ငြား ကားတ...
13.7K 715 15
Title : 🧡Dinghai Fusheng Lu 定海浮生录🧡 Author(s) : Fei Tian Ye Xiang Artist(s) : 千二百 Myanmar Translator : SSMAWW Aira & 小云 crd_to_original_author_arti...