S.C.I Special Crime Investiga...

By Autumn260103

809K 106K 4.7K

ထူးျခားတဲ့ ကြင္းဆက္လူသတ္မႈေတြကို မႈခင္းပညာနဲ႔ စိတ္ပညာေပါင္းၿပီး ေျဖ႐ွင္းၾကတဲ့ S C I အဖြဲ႔ရဲ႕ ေခါင္းေဆာင္ႏွစ္ေ... More

Murder 01- case
Murder 02- case
Murder 03 - Mysterious Numbers
Murder 04 - Funeral Home
Murder 05- Tracking
S.C.I. အဖြဲ႔ဝင္မ်ား
Murder 06- Prison
Murder 07 - Killer
Murder 08- Doctor
Murder 09- Sneak Attack
Murder 10 The clue
Murder 11 Doubt
Murder 12- Psychology Department
Murder 13 Tradegy
Murder 14- Li Fei Fan
Murder 15- Killer 135
Murder 16 - Academic
Murder 17 - old case
Murder 18- Chaos
Murder 19- Hostage
Murder 20- Third person
Murder 21- Zhao Jue
Murder 22- Sighting
Murder 23- crazy love
Not story update
Murderer 24- Trial
Murderer 25- Hint
Murderer 26- Instruction
Murderer 27- Accident
Murderer 28- Obession
Training Camp Murderer-Chapter01 Dinner
Training Camp Murderer 02- Sniper Case
Training Camp Murderer 04- Band
Not a story update
Training Camp Murderer 05 - Training Camp
Training Camp Murderer 06- Probability
Training Camp Murderer 07- Purgatory
Training Camp Murderer 08- Malingering
Training Camp Murderer 03- Students
Training Camp Murderer 09- Utilization
Hello to all my readers
Training Camp Murderer 10- Lovers
Training Camp Murderer 11- Devil's son
Training Camp Murderer 12- Destiny
Training Camp Murderer 13- Clues
Training Camp Murderer 14- Son of God
My apology
Training Camp Murderer 15- Breakthrough
Training Camp Murderer 16 - Meter
Training Camp Murderer 17- Retribution
Return of magic murderer 01 - Imitation
Return of Magic Murderer 02
Return of Magic Murderer- 03 Ghost
Return of Magic Murderer 04 - Blood
Return of Magic Murderer 05-Curse
Fanwai 100 questions Jin Policy
Return of Magic Murderer 06-Misleading
Return of Magic Murderer 07- Fog
Not a story update
Return of Magic Murderer 08- Kidnapping
Return of Magic Murderer 09- Guess
Fanwai 100 questions
Return of Magic Murderer 10- Meeting again
Return of Magic Murderer 11- Gambling
Return of Magic Murderer 12- The Murderer
Return of Magic Murderer 13- The Magic
Return of Magic Murderer 14- Puzzle
Return of Magic Murderer 15-Mutation
Return of Magic Murderer 16- Turn
Return of Magic Murderer 17- Hatred
Return of Magic Murderer 18 - Free
Return of Magic Murderer 19- Overture
Return of Magic Murderer 20 - The End
Christmas Night 1
Christmas Night 2
Murder: Non- human 01- Box Corpse
Murder: Non- Human 02 - Curse
Murder: Non- human 03- Non- human
Murderer: Non - human 04- Tutsi
Murder: Non- human 05 - (Totem)
Murder: Non- Human 06 - Eagle King
Murder: Non Human 07- Accident
Murder: Non - Human 08 - Unidentified suspect
Murder: Non- human 09 Mutation
Murder: Non- Human 10 - He is a singer and a ghost
Murder: Non- Human 11-Multiple Murderers
Murderer: Non- Human 12- Sets
Murderer: Non- Human: 13 It's not a human
Murder: Non- Human 14- Motivation
Murder: Non- Human 15- Opportunity
Murder: Non- Human 16 Step by step
Murder: Non- Human 17 Murderer is not a human
Murder: Non- Human 18: Murderer is not a human
Murder: Non- Human 19: Murderer is not a human
New year's day.....
Murder: Non- Human 21
Murder: Non- Human 22
Murder: Non- Human 23 End
Ghost Murderer 01 - Night Punisher
Ghost Murderer 02 - Wierd Murder
Ghost Murder 03- Ghostly
Ghost Murderer 04- Another world
Ghost Murderer 05- Unexpected
Valentine's Day
Ghost Murderer 06 - Tips
Ghost Murderer 07- Night Kingdom
Ghost Murderer 08- Black and White
Ghost Murderer 09
Ghost Murderer 10- Amazing Discovery
Ghost Murderer 11- Luo Wen's care
Ghost Murderer 12- Violent
Ghost Murderer 13- Mysterious Code
Ghost Murderer 14- The End of the Tunnel
Ghost Murderer 15- Sin And Punishment
Announcement
Ghost Murderer 16- Cruel Story
Ghost Murderer 17- Madman
Ghost Murderer 18 - Brother
Ghost Murderer 19- Nursery Rhymes
Ghost Murderer 20- Coming From Afar
Ghost Murderer 21- Past Events
Ghost Murderet 22 - Plausible
Ghost Murderer 23- Gradually Becoming Clear
Ghost Murderer 24 - Trap
Ghost Murderer 25- Fire
Ghost Murderer 26- Warmth
Announcement
Ghost Murderer 27 - Rodent Control
Ghost Murderer 28- Lead out of the Snake
Ghost Murderer 29- Hypnosis
Ghost Murderer 30- Strategy
Ghost Murderer 31- Provisional Praragraph

Murder: Non- Human 20 Bright Line

4.4K 723 38
By Autumn260103

Zawgyi
Gongsun က Zhan Zhao ေပးေသာ အသားစကို ယူကာ ဓာတ္ခြဲခန္းတြင္ စစ္ေဆး၍ ပါဝင္မႈမ်ားကို ရွာေဖြေလသည္။

S.C.I. မွ အျခားသူမ်ားကေတာ့ ဖမ္းဆီးထားသူမ်ားကို စစ္ေဆးခန္းထဲ ထည့္ကာ စစ္ေမးေနၾကသည္။

Zhan Zhao ကေတာ့ ဆိုဖာေပၚထိုင္ကာ မ်က္ေမွာင္ႀကဳံ႕လ်က္ Bai Yutang ကို ေျပာလိုက္သည္။
"Xiao Bai.. ငါတို႔ Lu Fang  ရွာရမယ္... ၿပီးေတာ့ သူနဲ႕လဲ ဆက္သြယ္ရဦးမယ္ေလ"

(Lu Fang ဆိုတာ S.C.I ရဲ႕ ေျပာေရးဆိုခြင့္ရွိသူပါ.. မီဒီယာေတြနဲ႕ ဆက္သြယ္ေပးရတဲ့သူေပါ့)

"Han Chang လား"
Bai Yutang က Zhan Zhao စကားပင္ ဆုံးေအာင္ မေစာင့္ပဲ ျဖတ္ေျပာလိုက္သည္။
(Han Chang ဆိုတာကေတာ့ S.C.I. ရဲ႕ အတြင္းေရးမႉးပါ)

"ေတာ္တယ္"
Zhan Zhao က Bai Yutang ၏ ပခုံးကို ဖြဖြ ပုတ္သည္။

သိပ္ပင္မၾကာလိုက္။ Lu Fang တစ္ေယာက္ S.C.I. ႐ုံးခန္းထဲ ေျပးဝင္လာသည္။

Zhan Zhao က Lu Fang အား S ၿမိဳ႕ေတာ္၏ အႀကီးဆုံး သတင္းမီဒီယာကို ဆက္သြယ္ေစကာ Shang Luo ၏ အင္တာဗ်ဴး မနက္ျဖန္ ရွိမရွိ ေမးေစသည္။ Zhan Zhao က အင္တာဗ်ဴး၏ အေၾကာင္းအရာကိုပင္ ေျပာလိုက္သည္။ တူစီယဥ္ေက်းမႈႏွင့္ ေရွးေဟာင္းပစၥည္း စုေဆာင္းျခင္းပင္။

Lu Fang က Zhan Zhao ၏ စကားေၾကာင့္ အနည္းငယ္ေၾကာင္ေတာင္ေတာင္ ျဖစ္သြားေပမဲ့ S. ၿမိဳ႕ေတာ္၏ အႀကီးဆုံးမီဒီယာကို ဆက္သြယ္ၾကည့္ေတာ့ အမွန္ပင္ ရွိေနသည္။

"Xiao Zhan မင္းဘယ္လိုသိတာလဲ"
Lu Fang က အထင္ႀကီး ေလးစားျခင္းျဖင့္ ေမးလိုက္သည္။

"Shang Luo က မေန႕ကပဲ သတင္းမီဒီယာေတြ အ​ေတာ္မ်ားမ်ားကို ဆက္သြယ္ထားတယ္တဲ့။ သူ႕ရဲ႕စုေဆာင္းမႈေတြနဲ႕ ပတ္သက္ၿပီး ႐ုပ္သံအစီအစဥ္တစ္ခု လုပ္ခ်င္လို႔တဲ့ ဒါေပမဲ့ အခုေလးတင္ပဲ သူက အစီအစဥ္လွမ္းဖ်က္လိုက္တယ္လို႔ ေျပာတယ္"

Zhan Zhao က ေခါင္းညိတ္သည္။
"အဲ့ဒါဆို တစ္ခုခုေတာ့ မွားေနၿပီ"

"ေၾကာင္ေလး"
Han Zhang ဆီ သတင္းသြားယူေသာ Bai Yutang ကလဲ အခန္းထဲ ေျပးဝင္လာသည္။
"Han Zhang က အခုပဲ ေျပာလိုက္တယ္ လတ္တေလာ လွ်ို႔ဝွက္အေရာင္းအဝယ္ ႀကီးႀကီးမားမား တစ္ခု ရွိခဲ့တယ္ ေရာင္း​မဲ့သူက Shang Luo တဲ့ သူတို႔ၾကားမွာ အေလာင္းအေရာင္းအဝယ္အတြက္ ေနာက္လဝက္အၾကာမွာ ေရာင္းဖို႔စီစဥ္ထားေပမဲ့ ႐ုတ္တရက္ Shang Luo ဘက္က အခ်ိန္​ေျပာင္းလိုက္တယ္တဲ့.. မနက္ျဖန္ကို ခ်က္ခ်င္းေျပာင္းလိုက္တယ္ လို႔ေျပာတယ္"

"Shang Luo က အရမ္းေၾကာက္ေနတဲ့ ပုံပဲ"
Zhan Zhao က မဲ့ၿပဳံး ၿပဳံးသည္။
"သူ႕ရဲ႕ အရင္အစီအစဥ္ကို ဟုတ္လွၿပီ ထင္ေနတာ အခုေတာ့ ေႁမြပါလဲဆုံး သားလဲဆုံး ျဖစ္ၿပီေလ..."

"Xiao Zhan..ရွင္းရွင္းေျပာပါကြာ.."
စကားတစ္လုံးမွ ဝင္မေျပာေသာ Bao Zheng ပင္ မေနနိုင္ေတာ့ပဲ ဝင္ေမးေတာ့၏။

"တကယ္ေတာ့ Shang Luo က ကြၽန္ေတာ္ သူ႕အိမ္လိုက္သြားမယ္ဆိုတာ သိၿပီးသား။ ကြၽန္ေတာ္လိုက္ရင္ Yutang တို႔ အကုန္လုံး လိုက္လာမယ္ဆိုတာလဲ တြက္ထားပုံရတယ္.. သူက အဲ့ဒီအခ်ိန္ကို အခြင့္ေကာင္းယူၿပီး S.C.I. မွာ က်န္ေနတဲ့ အေလာင္းကို သူ႕လူေတြ ခိုးခိုင္းတာ ျဖစ္ခ်င္ေတာ့ အစ္ကိုႀကီး ရွိေနခဲ့တယ္ေလ.. အဲ့ဒီေတာ့ ရလဒ္က အရမ္းသိသာသြားခဲ့တာ"

Bai Yutang က ေခါင္းညိတ္သည္။
"ေၾကာင္ေလး ထြက္မလာခင္က Shang Luo ကို ေျပာခဲ့တယ္ ခိုးဝင္တဲ့ သူေတြကို အရွင္ဖမ္းမိတယ္လို႔ေလ..။ အဲ့ဒါေၾကာင့္ လက္ထဲမွာ ရွိတဲ့ သက္ေသေတြကို ေရာင္းထုတ္ၿပီး အျပစ္လြတ္ေအာင္ ႀကံစည္ေနတာပဲ"

"အဲ့ဒါဆို မီဒီယာေတြကေရာ"
Lu Fang က စဥ္းစားေနဟန္ျဖင့္ ဝင္ေျပာလိုက္သည္။
"သူနဲ႕ မီဒီယာေတြက ဘယ္လိုပတ္သက္ေနတာလဲ"

"အဲ့ဒါက သူေသခ်ာစီစဥ္ထားတဲ့ အကြက္လို႔ မခန့္မွန္းမိဘူးလား"
Zhan Zhao က ျပန္ေမးသည္။
"Shang Luo က သူ႕အိမ္ကို ကြၽန္ေတာ့္ကို ဖိတ္ခဲ့တာက ကြၽန္ေတာ္လိုက္မယ္ဆိုတာ ေသခ်ာသိေနလို႔ေလ.. ၿပီးေတာ့ သူ႕အိမ္ကို ကြၽန္ေတာ္လိုက္သြားတာက သူ႕အတြက္ အရမ္းေကာင္းတယ္ေလ"

"ကြၽန္ေတာ္သိၿပီ"
တစ္ခ်ိန္လုံး ၿငိမ္ၿပီးနားေထာင္ေနေသာ Bai Chi ေလးက ႐ုတ္တရက္ ထေျပာသည္။
"တူစီယဥ္ေက်းမႈရဲ႕ က်ိန္စာေကာလဟလကို ျဖန့္ဖို႔အတြက္ သူ႕အိမ္မွာ သရဲရွိေနတယ္လို႔ Shang Luo က လူတိုင္းကို သိေစခ်င္တာေလ။ မနက္ျဖန္ အင္တာဗ်ဴးပြဲမွာ သူ ဒီကတ္ကို ထုတ္သုံးလိမ့္မယ္လို႔ ထင္တယ္..ဘယ္လိုပဲ ျဖစ္ျဖစ္ သူ႕အိမ္မွာ သရဲရွိတယ္ဆိုတာ S.C.Iက Dr. Zhan ေတာင္ ေတြ႕ၿပီးၿပီဆိုေတာ့ သူ႕အတြက္ လုံးဝအက်ိဳးမယုတ္ပါဘူး"

"အဲ့ဒါကမွ တကယ့္ Shang Luo ရဲ႕ ပုံစံအမွန္ပဲေလ"
Bai Yutang က ႐ုတ္တရက္ ေလွာင္ရယ္ကာ ေျပာသည္။
"အစကတည္းက အဲ့ဒီလို စီစဥ္ၿပီးသား။ လိမ္မယ္ မီဒီယာနဲ႕ ရဲကို ေတြ႕ေပးၿပီး သူနာမည္ႀကီးေအာင္လုပ္မယ္...တကယ္လို႔ ဒီေန႕ ကိုကိုသာ ေရာက္မလာခဲ့ရင္ သူလုံးဝေအာင္ျမင္မွာပဲေလ"

"အခုေခတ္လူေတြရဲ႕ စိတ္ဓာတ္ေတြ ပ်က္စီးလာၿပီေလ"
Zhan Zhao က မ်က္လုံးမွိတ္ရင္း သက္ျပင္းခ်သည္။
"သူတို႔လို႔ ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္တဲ့သူေတြအတြက္ ဘုရားက ရက္စက္႐ုံကလြဲၿပီး မတတ္နိုင္ေတာ့ဘူး"

ထိုအခ်ိန္တြင္ ႐ုံးခန္းထဲ Zhao Hu အေျပးေရာက္လာကာ ေမာႀကီးပန္းႀကီးႏွင့္ အစီရင္ခံသည္။
"Bai Sir..မေကာင္းေတာ့ဘူး.. Bai Sir ရဲ႕ အစ္ကိုႀကီးက အဲ့ေကာင္ေတြကို သတ္ေတာ့မယ္...ကြၽန္ေတာ္နဲ႕ Ma Han နဲ႕ လုံးဝတားလို႔မရေတာ့ဘူး"

Bai Yutang က အလန့္တၾကား ထရပ္သည္။
"သူတို႔ ဘာလုပ္ၾကလို႔လဲ"

"သူတို႔ေျပာတာ Shang Luo က အေလာင္းေသတၱာအျပင္ Gongsun ကိုပါ ျပန္ေပးဆြဲလာခိုင္းတာတဲ့".

Zhan Zhao ႏွင့္ Bai Yutang တို႔က တစ္ေယာက္ကို တစ္​ေယာက္ ၾကည့္လိုက္ၾကသည္။
"မထူးဆန္းပါဘူး"

Bai Yutang က ဆိုဖာေပၚတြင္ TV ၾကည့္ေနေသာ အႁမႊာညီေနာင္ကို လွမ္းပုတ္လိုက္သည္။
"လာ..  ငါလဲ တစ္ေယာက္ထဲ မနိုင္ဘူး"

............

စစ္ေဆးေရးခန္းေရွ႕သို႔ Zhan Zhao ႏွင့္ Gongsun တို႔ ေရာက္သြားေတာ့ Bai Yutang ႏွင့္ Zhao Wei တို႔က Bai Jintang ၏ လက္ေမာင္းေတြကို အတင္းဆြဲထားၾကသည္ကို ေတြ႕ရေလသည္။

Zhan Zhao က ေရွ႕သို႔ ေျခႏွစ္လွမ္းတိုးကာ အတြင္းဘက္သို႔ ၾကည့္မိေတာ့ Shang Luo ၏ လူမ်ားမွာ ဒဏ္ရာေတြႏွင့္ ဖူးေယာင္ေနၿပီး ထပင္ မထနိုင္ေတာ့ေသာ္လဲ Bai Jintang ကေတာ့ အေရခြံဆုတ္ရမွ ေက်နပ္နိုင္မည့္ပုံစံရွိသည္။

Zhao Wei က အသက္ကို လုရႉလိုက္ရင္း Bai Yutang ကို လွမ္းေအာ္လိုက္သည္။
"ဘုရားေရ.. ခင္ဗ်ားအစ္ကိုက Lisbon ထက္ေတာင္ သန္ေသးတယ္"

Gongsun က ေရွ႕သို႔ ေလွ်ာက္လာၿပီး Bai Jintang ေရွ႕တြင္ ရပ္လိုက္သည္။
"ခင္​ဗ်ား ဘာေတြ လုပ္ေနတာလဲ"

Gongsun ရွိရာသို႔ ငုံ႕မိုးၾကည့္လိုက္ရင္းမွ Bai Jintang က လက္မွ အားမ်ားကို ေလွ်ာ့ခ်လိဳက္သည္။ Ma Han ကလဲ စစ္ေဆးေရး အခန္းတံခါးကို ျမန္ျမန္ပိတ္လိုက္ၿပီး Bai Yutang ႏွင့္ Zhao Wei တို႔ကလဲ ဆြဲထားေသာ လက္ေမာင္းႏွစ္ဖက္ကို လႊတ္ေပးလိုက္သည္။

Bai Jintang က ေၾကမြေနေသာ အကၤ်ီလက္ကို ခါထုတ္လိုက္ၿပီး အျပင္ထြက္မည္ျပင္ေတာ့ Gongsun က သူ႕ေရွ႕တြက္ ရပ္လိုက္သည္။
"ခင္ဗ်ား ဘယ္သြားမွာလဲ"

"...."
Bai Jintang က မ်က္လုံးလွန္ကာ ေျပာလိုက္သည္။
"Shang Luo မသာေကာင္ဆီ"

"ခင္ဗ်ား..."
Gongsun က သက္ျပင္းခ်ကာ Bai Jintang ၏ လည္စည္းကို ဆြဲ၍ အေလာင္းခြဲခန္းထဲသို႔ ဆြဲေခၚသြားသည္။

Bai Yutang က သက္ျပင္းတစ္ခ်က္ မႈတ္ထုတ္လိုက္ကာ Zhao Hu ကို ေမးလိုက္သည္။
"စစ္ေဆးခန္းထဲကို ကိုကိုက ဘယ္လိုေရာက္ေနတာလဲ"

Zhao Hu က ရွက္႐ြံ႕စြာ ေခါင္းငုံ႕သည္။
"အစ္ကိုႀကီးက ဝင္လာၿပီး ထိုင္ေနတာ... ေကာင္ေလးေတြက အရမ္းေၾကာက္ေနၾကေတာ့ ဘာေမးေမး မေျပာဘူး... ဒါေပမဲ့ အစ္ကိုႀကီး ဝင္ေမးေတာ့...."

Bai Yutang က မ်က္ေမွာင္ႀကဳံ႕သည္။
"မင္းတို႔ စစ္ေမးတဲ့သူ ႏွစ္ေယာက္ေတာင္ ရွိရဲ႕သားနဲ႕ ေမးခြန္ူေလးေတာင္ ေကာင္းေကာင္း မေမးနိုင္ဘူးလား"

"ကြၽန္ေတာ္တို႔လဲ ႀကိဳးစားပါေသးတယ္...မရတာနဲ႕..."
Ma Han က စိတ္ပ်က္ဟန္ႏွင့္ ေျပာသည္။
"Bai Sir.. အကုန္လုံး ကြၽန္ေတာ့္အမွားပါ အစ္ကိုႀကီးကို စစ္ေပးဖို႔ အကူအညီေတာင္းတာ ကြၽန္ေတာ္ပါပဲ... အျပစ္ေပးမယ္ဆို ကြၽန္ေတာ့္ကို ေပးပါ"

"ထားလိုက္ေတာ့"
Bai Yutang က လက္ကာျပသည္။
"ဒဏ္ရာရတဲ့သူေတြကို ေဆးထည့္ေပးလိုက္ဦး"

"ေနဦး"
Zhan Zhao က ႐ုတ္တရက္ ဝင္ေျပာသည္။
"အက်ိဳးရွိေအာင္ အသုံးခ်ရမယ္ေလ"

အားလုံးက Zhan Zhao အား နားမလည္သလို ၾကည့္လိုက္သည္။
"ဘာကို အသုံးခ်မွာလဲ"

Zhan Zhao က ဒဏ္ရာမ်ားႏွင့္ ဖူးေယာင္ေနေသာ Shang Luo ၏ ေနာက္လိုက္မ်ားကို ၾကည့္ကာ Ma Han ႏွင့္ Zhao Hu ကို တိုးတိုးေလး ေျပာလိုက္သည္။ Ma Han ႏွင့္ Zhao Hu တို႔ႏွစ္ေယာက္မွာ မ်က္ႏွာတည္ေနကာ ေခါင္းလဲ မညိတ္ ၿပဳံးလဲ မၿပဳံးေပ။

သူတို႔ရပ္ေနေသာ စစ္ေဆးေရးခန္း၏ ေဘးအခန္းရွိ စစ္ေမးခန္းတြင္လဲ Wang Chao ႏွင့္ Zhang Long တို႔ ႏွစ္ေယာက္သား ေခါင္းကိုက္ေနၾကသည္။ သူတို႔ေရွ႕ရွိ လူႏွစ္ေယာက္က ဝါရင့္တရားခံေတြ... ဘယ္လိုေမးေမး ဘယ္လို ၿခိမ္း​ေျခာက္ေျခာက္ စကားတစ္ခြန္းမွ မဟ။

ထိုအခ်ိန္ တံခါး႐ုတ္တရက္ ပြင့္လာၿပီး Ma Han ႏွင့္ Zhao Hu တို႔က ေနာက္ထပ္ႏွစ္ေယာက္ ထပ္ေခၚကာ ဝင္လာသည္။

Ma Han က Wang Chao ႏွင့္ Zhang Long ကို ၾကည့္ကာ တိုးတိုးေလး ေျပာလိုက္သည္။
"မင္းတို႔ စစ္တာ မၿပီးေသးဘူး မဟုတ္လား.. ငါတို႔ဆက္ေမးလိုက္မယ္... ဒီႏွစ္ေယာက္ကို ေဆး႐ုံေခၚသြားေပးလိုက္ပါ"

Wang Chao ႏွင့္ Zhang long တို႔က ဒဏ္ရာရေနေသာ လူႏွစ္ေယာက္ေၾကာင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားၾကသည္။ ထို႔ထက္ပို အံ့ၾသဖို႔ေကာင္းသည္က လုပ္ေဖာ္ကိုင္ဖက္ႏွစ္ေယာက္၏ အေျခအေနကို ၾကည့္ရင္းေစာေစာက တင္းခံေနေသာ ဝါရင့္ႏွစ္ေကာင္မွာ ဘာမွမလုပ္နိုင္ေတာ့။ ေျပာသင့္ကိုေရာ မေျပာသင့္သည္ကိုပါ အကုန္ေျဖာင့္ခ်က္ေပးေတာ့သည္။

Zhan Zhao ပါ စစ္ေဆးခန္းထဲဝင္၍ တစ္ခုႏွစ္ခု ေမးၿပီး Bao Zheng ဆီသြားရန္ ျပန္ထြက္လာေတာ့ Ma Han ႏွင့္ Zhao Hu တို႔ႏွစ္ေယာက္ ေကာ္ရစ္ဒါတြင္ အေလာတႀကီး ေျပးလႊားေနသည္ကို ေတြ႕လိုက္သည္။

"ဘာျဖစ္လို႔လဲ"
Zhan Zhao က ထိုႏွစ္ေယာက္အား ေမးသည္။

"Bao Sir က ခုနက စစ္ေဆးခန္းမွာ ျဖစ္ခဲ့တဲ့အျဖစ္အပ်က္အတြက္ ေမးေနတာ"
Zhao Hu က Zhan Zhao ကိုၾကည့္ကာ ျပန္ေျဖသည္။
"ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ရမလဲ"

Zhan Zhao က တစ္ဖက္သို႔ လွည့္ၾကည့္လိုက္ေတာ့ နံရံကိုမွီကာ စိတ္ရႈပ္ေထြးဟန္ျဖင့္ ရပ္ေနေသာ Bai Yutang ကို ေတြ႕လိုက္သည္။ Zhan Zhao က Ma Han ႏွင့္ Zhao Hu တို႔ႏွစ္ေယာက္အား တိုးတိုးေလး ေျပာလိုက္ေတာ့ ႏွစ္ေယာက္သား ေခါင္းညိတ္ကာ ထြက္သြားၾကသည္။

Bao Zhengက မ်က္ႏွာႀကီးရဲကာ Bai Yutang အား စိုက္ၾကည့္ေနဆဲ။
"ရဲစခန္းမွာ လူပါသတ္ၾကေတာ့မလို႔လား"

ထို႔ေနာက္ အားလုံးကို ေဝ့ၾကည့္လိုက္ၿပီးမွ Bai Yutang ဆီသို႔ အၾကည့္ျပန္ပို႔သည္။
"မင္းက မင္းအစ္ကိုကို အကာအကြယ္ေပးခ်င္တယ္ေပါ့.. မင္းက ရဲပဲေလ... ဥပေဒက ဥပေဒပဲကို..."

ဘယ္သူမွ စကားတစ္ခြန္းမဟ၍ အားလုံးတိတ္ဆိတ္ေနသည္။

ထိုအခ်ိန္တြင္ လက္ႏွစ္ဖက္လုံးကို ေဘာင္းဘီအိတ္ထဲထည့္ကာ Zhao Wei က စကားစေျပာလိုက္သည္။
"တကယ္လို႔ ဒီည Bai Jintang သာမရွိခဲ့ရင္ ျပသနာအႀကီးႀကီး တက္သြားမွာပဲေနာ္"

Bao Zheng:  "..."

Zhan Zhao က Zhao Wei ကို ေမာ့ၾကည့္ကာ ၿပဳံးလိုက္သည္။
"ဟုတ္တယ္...အမွန္ပဲ"

Bao Zheng ကေတာ့ သူတို႔ႏွစ္ေယာက္စကားကို ဘာမွ မွတ္ခ်က္မေပး။ သက္ျပင္းတစ္ခ်က္ခ်ကာ Bai Yutang ကို လွမ္းၾကည့္လိုက္သည္။
"တစ္ပတ္ျပည့္ဖို႔ သုံးရက္လိုေသးတယ္... တစ္ပတ္ျပည့္လို႔မွ ဒီအမႈ မေပၚေသးရင္..."

"အိမ္သာေဆးပါ့မယ္"
အားလုံးက တညီတၫြ႕တ္ထဲ ေအာ္လိုက္ၾကသည္။
"ကြၽန္ေတာ္တို႔ သိပါတယ္"

Bao Zheng က ပါးစပ္မပိတ္နိုင္ပဲ အၾကာႀကီး ေငးေနၿပီးမွ တစ္ဖက္လွည့္ထြက္သြားၿပီး ၿပဳံးလိုက္သည္။

Bao Zheng ထြက္သြားၿပီးမွ အားလုံးသက္ျပင္းခ်ကာ အစည္းအေဝးခန္းထဲသို႔ သြားၾကသည္။
"အကုန္လုံး ရနိုင္သမွ် သတင္း ရေအာင္စုထားၾက။ Gongsun ရဲ႕ စစ္ေဆးခ်က္ရလဒ္ထြက္လာတာနဲ႕ အားလုံးလႈပ္ရွားၾကမယ္... သုံးရက္ပဲ က်န္ေတာ့တယ္"

စကားဆုံးသည္ႏွင့္ အလုပ္ထဲသို႔ စ်ာန္ဝင္သြားၾကေသာ S.C.I အဖြဲ႕သားမ်ားကို ၾကည့္ကာ Zhan Zhao က Bai Yutang ကို ၾကည့္ကာ ၿပဳံးျပလိုက္သည္။

ခနအၾကာတြင္ Gongsun ၏ စစ္ေဆးမႈ ရလဒ္ထြက္လာကာ အားလုံး အစည္းအေဝးခန္းတြင္ျပန္ဆုံၾကသည္။
"အေျဖက ဘာလဲ"
Zhan Zhao က အေလာတႀကီး ေမးလိုက္သည္။
"အေလာင္းရဲ႕ အေပၚယံလႊာနဲ႕ အတြင္းပိုင္း ဖြဲ႕စည္းပုံက..."

Gongsun က ေခါင္းညိတ္သည္။
"အတူတူပဲ..မင္းကို ျပခ်င္တာ တစ္ခုရွိတယ္ Xiao Zhao..."
Gongsun က အိတ္ထဲမွ ဓာတ္ပုံအခ်ိဳ႕ထုတ္ကာ အားလုံးေရွ႕တြင္ တင္လိုက္သည္။
"အေလာင္းေသတၱာထဲက မ်က္ႏွာရဲ႕ပုံပဲ..."

Zhan Zhao က ထိုအရာကို ေငးစိုက္ၾကည့္လိုက္ေတာ့ Carlos ၏ အိမ္တြင္ ေတြ႕ခဲ့ရေသာ Tanaka ၏ လက္ရာေျမာက္ အေၾကာက္တရားပုံရိပ္မွ မ်က္ႏွာႏွင့္ ဆင္တူေနသည္။

အားလုံးလဲ ၾကည့္ကာ မ်က္ေတာင္မခတ္ရဲ။ ပုံထဲမွ မ်က္လုံးမွာ ပိတ္ထားေပမဲ့ တစ္ေယာက္ထဲ ျဖစ္သည္ဆိုတာက ေျပာရန္မလိုေပ။

Bai Yutang က မ်က္ခုံးတြန့္ေကြးသြားသည္အထိ ႀကဳံ႕လိုက္သည္။
"Tanaka ရဲ ေမာ္ဒယ္က ေသတၱာအေလာင္းပိုင္ရွင္လား"

Gongsun က ေခါင္းညိတ္သည္။
"Digitalis ပင္ရဲ႕ အဆိပ္ကို အေလာင္းထဲမွာ ေတြ႕ခဲ့ရတယ္"

"အဲ့ဒါဆို Tanaka က သူတို႔ကို ေၾကာက္႐ုံေလးတင္ ေျခာက္တာမဟုတ္ဘူးေပါ့"
Zhao Hu က ေလွာင္ရယ္လိုက္ၿပီး ဓာတ္ပုံကို ေကာက္ကိုင္လိုက္သည္။
"Digitalis အဆိပ္ကို အရင္ေပးၿပီး ႏွလုံးေရာဂါ ရလုနီးမွ ေၾကာက္စရာေကာင္းတာကို ျပလိုက္ေတာ့ အရမ္းေၾကာက္ၿပီး ႐ုတ္တရက္ ႏွလုံးရပ္သြားတာပဲ..."

Ma Han ကလဲ စိတ္ပ်က္စြာ ေခါင္းယမ္းသည္။
"ကြၽန္ေတာ္လဲ ဓာတ္ပုံပညာကို ေလ့လာဖူးပါတယ္.. ဒါက အသြင္ေျပာင္းရိုက္တဲ့ ပညာရပ္တစ္ခုပဲ..."

"အခုအခ်ိန္အထိေတာ့ အဲ့လိုပဲ ယူဆရတယ္"
Gongsun က ေခါင္းညိတ္ကာ ျပန္ေျဖသည္။

"ဟို..."
Bai Chi က Gongsun နားကပ္ကာ ဓာတ္ပုံကို လက္ေထာက္ျပလိုက္သည္။
"ဘာလို႔ အေလာင္းရဲ႕ အေရာင္က ေျပာင္းသြားရတာလဲ"

Zhan Zhao ကလဲ အေမးကို ေထာက္ခံသည္။
"ဟုတ္တယ္ အေလာင္းရဲ႕အေရာင္က မဲနက္ေနတာပဲ..."

Gongsun က ေခါင္းညိတ္သည္။
"အေလာင္းရဲ႕ အေပၚယံလႊာကို ျပဒါးနဲ႕ စီရင္ထားလို႔ အျပင္ပိုင္းက အေလာင္းအေရာင္က ခရမ္းေရာင္ကေန အနက္ေရာင္အထိ ေျပာင္းသြားတာ... ဒါေပမဲ့ အခ်ိန္ၾကာလာတာနဲ႕အမွ် အေလာင္းရဲ႕ အေရာင္က ပုံမွန္အတိုင္းျပန္ျဖစ္သြားၿပီး တူစီေသတၱာအေလာင္း အစစ္နဲ႕ အတုခြဲမရေအာင္ ျဖစ္သြယးလိမ့္မယ္.."

"ဒါဆို အေလာင္းေတြ က်န္ေနေသးဦးမွာပဲ..."
Bai Yutang က ေျပာလိုက္သည္။
"ဘာလို႔လဲဆိုေတာ့ Tanaka ရဲ႕ ဓာတ္ပုံေတြက တစ္ေယာက္ထဲမွ မဟုတ္တာပဲ.. ငါတို႔ရွာမေတြ႕တာ အရမ္းထူးဆန္းေနယ္ မထင္ဘူးလား"

အားလုံးက ေခါင္းညိတ္သည္။ Tanaka အလုပ္ခန္း မီးေလာင္တုန္းက ပါသြားသည္လားမသိၾကေပ။

"အေလာင္းေတြ စုထားတဲ့ေနရာကို Gongsun သိနိုင္မလား"
Zhan Zhao က Gongsunကို ေမးလိုက္သည္။
"အေလာင္းေတြကို ေနရာေ႐ႊ႕ေျပာင္းဖို႔က ခက္ခဲသလို အခ်ိန္လဲ လိုတယ္ေလ Shang Luo က အဲဒါေတြ ေရာင္းေနတာလဲ ျဖစ္နိုင္တယ္"

Gongsun က ၿပဳံးလိုက္သည္။
"ကံေကာင္းတာက ငါ အေလာင္းမွာ ဝတ္ဆံသုံးလႊာရွိတဲ့ ပန္ူကို ေတြ႕ထားတယ္"

"ဝတ္ဆံသုံးလႊာနဲ႕ ပန္းက အခု ေနရာတိုင္းမွာ ရွိေနတာဥစၥာ.."
Zhang Long က မ်က္ေမွာင္ႀကဳံ႕သည္။
"လမ္းတိုင္းမွာ ရွိတယ္..."

"ဒါေပမဲ့ ကားစက္႐ုံေဘးနားေလာက္ေတာ့ မမ်ားေလာက္ဘူးေလ"
Zhan Zhao က ဝင္ေျပာသည္။

"ေတာ္တယ္"
Gongsun က ရယ္လိုက္သည္။
"ေသတၱာအေလာင္းေတြက ကားဖိတဲ့ စက္ကို အသုံးျပာထားတာ.. အဲ့ဒီကားေတြ သံရည္က်ိဳစက္ထဲမထည့္ခင္ ဖိတဲ့ စက္နဲ႕မွ ေလးေထာင့္ပုံရတာေလ... အေလာင္းေတြက ေသခ်ာေပါက္ ကားအ​ေဟာင္း စက္႐ုံနားမွာ ရွိရမယ္... "

"ၿမိဳ႕ျပင္က ကားသခၤ်ိဳင္းကို ကြၽန္ေတာ္ ၾကည့္ၿပီးၿပီ"
အိမ္မွ ျပန္လာေသာ Jiang Ping က ေျမပုံကိုင္ကာ စက္ဝိုင္းတစ္ခု ေရးဆြဲလိုက္သည္။
"S ၿမိဳ႕ေတာ္မွာ ကားသခၤ်ိဳင္း ေလးေနရာရွိတယ္... အကုန္လုံးက ၿမိဳ႕ျပင္မွာႀကီးပဲ.. ကားသခၤ်ိဳင္း K က အေဝးေျပးလမ္းမနဲ႕ အနီးဆုံး..လြန္ခဲ့တဲ့ ေျခာက္လကမွ အဲဒီမွာ ဝတ္ဆံသုံးလႊာပန္းေတြ ပ်ိဳးထားတာ အခု အေတာ္မ်ားတယ္"

"အဲ့ေနရာ ျဖစ္ဖို႔မ်ားတယ္"
Bai Yutang က ေခါင္းညိတ္လိုက္သည္။
"အဲဒီကားသခၤ်ိဳင္းပိုင္ရွင္က ဘယ္သူလဲ"

Jiang Ping က ဟက္ခနဲ ရယ္ေလသည္။
"ဘယ္သူလို႔ထင္လဲ... Carlos ပိုင္တာ"

အားလုံး တုန္လႈပ္ကာ ဆြံ႕အသြားၾကသည္။

"လက္စသတ္ေတာ့"
Zhan Zhao ကပါ လိုက္ရယ္သည္။
"Carlos က အေလာင္းေတြ ေသတၱာပုံစံျဖစ္ေအာင္ တာဝန္ယူရတဲ့သူကိုး... သူ႕အကုသိုလ္နဲ႕သူ ျပန္ေသရတယ္လို႔"

"Shang Luo တို႔အဖြဲ႕က အေလာင္းေတြကို လုပ္ၿပီး လွည့္ဖ်ားေနၾကတာပဲ"
Wang Chao က Zhan Zhao ႏွင့္ Bai Yutang တို႔ကို ၾကည့္၍ နားမလည္နိုင္စြာ ေမးလိုက္သည္။
"ဒါေပမဲ့ ဒီေလာက္မ်ားတဲ့ သူေတြကို သတ္ၿပီး တူစီယဥ္ေက်းမႈ..က်ိန္စာနဲ႕...ကြၽန္ေတာ္ နားမလည္နိုင္ေတာ့ဘူး..."

တျခားသူမ်ားပါ ေခါင္းညိတ္ၾကသည္။

Bai Yutang ကေတာ့ ႏႈတ္ခမ္းေကြး႐ုံ ၿပဳံးလိုက္ၿပီး Zhan Zhao ကို ၾကည့္လိုက္သည္။
"ေၾကာင္ေလး... မင္း အဲ့ဒါရဲ႕ အေျဖကို သိၿပီလား"

Zhan Zhao က ၿပဳံးကာ ေခါင္းညိတ္သည္။
"Shang Luo က လူသတ္တာ မွန္ေပမဲ့ သူက အလင္းတန္းထဲက လူေလ..."

"အလင္းတန္း??"
Zhan Zhao ရဲ႕စကားက အျခားသူေတြ နားမလည္နိုင္စရာေပ။

"အေမွာင္နဲ႕ အလင္း ကို ေျပာခ်င္တာလား"
Gongsun က သူ႕ေမးေစ့သူ ကိုင္လိုက္သည္။
"လူသတ္တဲ့ သူေတြ ရွိတယ္... ဒါေပမဲ့ Shang Luo ကေတာ့ ကိုယ္တိုင္မသတ္ပဲ အေမွာင္ထဲက သူေတြကို ေစခိုင္းတာကို ေျပာခ်င္တာလား"

Zhan Zhao က ေခါင္းညိတ္သည္။
"ပထမဆုံး အလင္းတန္းကို ဖယ္ထုတ္လိုက္ရင္ ကြၽန္ေတာ္တို႔ လက္ထဲမွာ အေမွာင္ကမာၻ က်န္ခဲ့မယ္ေလ"
စကားဆုံးသည္ႏွင့္ Zhan Zhao က Bai Yutang အား လွမ္းၾကည့္သည္။
"မေမ့နဲ႕ေလ.. ငါတို႔ အဲ့ဒီမွာ ျပင္ဆင္ထားတာ တစ္ခုရွိတယ္.."

Bai Yutang က လက္ထဲမွ စာ႐ြက္ကို ခ်ၿပီး အားလုံးကို ေဝ့​ၾကည့္လိုက္သည္။
"k ကားသခၤ်ိဳင္းကို ဒီည ဝင္တိုက္မယ္ Shang Luo ကို ကစားစရာတစ္ခု အရင္ေပးရမွာေပါ့..."
.............
End of Non- Human Murderer 20
Thank you all

T/N
အရင္တစ္ပတ္က ဖ်ားလို႔ မတင္လိုက္နိုင္တာ ေတာင္းပန္ပါတယ္ ကေလးတို႔ေရ... announcementေရးလိုက္ေပမဲ့ followerေတြပဲ ျမင္ရတာကို ေမ့သြားလို႔ မနက္ျဖန္ တစ္ခု ေရးတင္ေပးမယ္ေနာ္ Love You all

Unicode
Gongsun က Zhan Zhao ပေးသော အသားစကို ယူကာ ဓာတဓာတ်ခန်းတွင် စစ်ဆေး၍ ပါဝင်မှုများကို ရှာဖွေလေသည်။

S.C.I. မှ အခြားသူများကတော့ ဖမ်းဆီးထားသူများကို စစ်ဆေးခန်းထဲ ထည့်ကာ စစ်မေးနေကြသည်။

Zhan Zhao ကတော့ ဆိုဖာပေါ်ထိုင်ကာ မျက်မှောင်ကြုံ့လျက် Bai Yutang ကို ပြောလိုက်သည်။
"Xiao Bai.. ငါတို့ Lu Fang  ရှာရမယ်... ပြီးတော့ သူနဲ့လဲ ဆက်သွယ်ရဦးမယ်လေ"

(Lu Fang ဆိုတာ S.C.I ရဲ့ ပြောရေးဆိုခွင့်ရှိသူပါ.. မီဒီယာတွေနဲ့ ဆက်သွယ်ပေးရတဲ့သူပေါ့)

"Han Chang လား"
Bai Yutang က Zhan Zhao စကားပင် ဆုံးအောင် မစောင့်ပဲ ဖြတ်ပြောလိုက်သည်။
(Han Chang ဆိုတာကတော့ S.C.I. ရဲ့ အတွင်းရေးမှူးပါ)

"တော်တယ်"
Zhan Zhao က Bai Yutang ၏ ပခုံးကို ဖွဖွ ပုတ်သည်။

သိပ်ပင်မကြာလိုက်။ Lu Fang တစ်ယောက် S.C.I. ရုံးခန်းထဲ ပြေးဝင်လာသည်။

Zhan Zhao က Lu Fang အား S မြို့တော်၏ အကြီးဆုံး သတင်းမီဒီယာကို ဆက်သွယ်စေကာ Shang Luo ၏ အင်တာဗျူး မနက်ဖြန် ရှိမရှိ မေးစေသည်။ Zhan Zhao က အင်တာဗျူး၏ အကြောင်းအရာကိုပင် ပြောလိုက်သည်။ တူစီယဥ်ကျေးမှုနှင့် ရှေးဟောင်းပစ္စည်း စုဆောင်းခြင်းပင်။

Lu Fang က Zhan Zhao ၏ စကားကြောင့် အနည်းငယ်ကြောင်တောင်တောင် ဖြစ်သွားပေမဲ့ S. မြို့တော်၏ အကြီးဆုံးမီဒီယာကို ဆက်သွယ်ကြည့်တော့ အမှန်ပင် ရှိနေသည်။

"Xiao Zhan မင်းဘယ်လိုသိတာလဲ"
Lu Fang က အထင်ကြီး လေးစားခြင်းဖြင့် မေးလိုက်သည်။

"Shang Luo က မနေ့ကပဲ သတင်းမီဒီယာတွေ အ​ေတာ်များများကို ဆက်သွယ်ထားတယ်တဲ့။ သူ့ရဲ့စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး ရုပ်သံအစီအစဥ်တစ်ခု လုပ်ချင်လို့တဲ့ ဒါပေမဲ့ အခုလေးတင်ပဲ သူက အစီအစဥ်လှမ်းဖျက်လိုက်တယ်လို့ ပြောတယ်"

Zhan Zhao က ခေါင်းညိတ်သည်။
"အဲ့ဒါဆို တစ်ခုခုတော့ မှားနေပြီ"

"ကြောင်လေး"
Han Zhang ဆီ သတင်းသွားယူသော Bai Yutang ကလဲ အခန်းထဲ ပြေးဝင်လာသည်။
"Han Zhang က အခုပဲ ပြောလိုက်တယ် လတ်တလော လျှို့ဝှက်အရောင်းအဝယ် ကြီးကြီးမားမား တစ်ခု ရှိခဲ့တယ် ရောင်း​မဲ့သူက Shang Luo တဲ့ သူတို့ကြားမှာ အလောင်းအရောင်းအဝယ်အတွက် နောက်လဝက်အကြာမှာ ရောင်းဖို့စီစဥ်ထားပေမဲ့ ရုတ်တရက် Shang Luo ဘက်က အချိန်​ပြောင်းလိုက်တယ်တဲ့.. မနက်ဖြန်ကို ချက်ချင်းပြောင်းလိုက်တယ် လို့ပြောတယ်"

"Shang Luo က အရမ်းကြောက်နေတဲ့ ပုံပဲ"
Zhan Zhao က မဲ့ပြုံး ပြုံးသည်။
"သူ့ရဲ့ အရင်အစီအစဥ်ကို ဟုတ်လှပြီ ထင်နေတာ အခုတော့ မြွေပါလဲဆုံး သားလဲဆုံး ဖြစ်ပြီလေ..."

"Xiao Zhan..ရှင်းရှင်းပြောပါကွာ.."
စကားတစ်လုံးမှ ဝင်မပြောသော Bao Zheng ပင် မနေနိုင်တော့ပဲ ဝင်မေးတော့၏။

"တကယ်တော့ Shang Luo က ကျွန်တော် သူ့အိမ်လိုက်သွားမယ်ဆိုတာ သိပြီးသား။ ကျွန်တော်လိုက်ရင် Yutang တို့ အကုန်လုံး လိုက်လာမယ်ဆိုတာလဲ တွက်ထားပုံရတယ်.. သူက အဲ့ဒီအချိန်ကို အခွင့်ကောင်းယူပြီး S.C.I. မှာ ကျန်နေတဲ့ အလောင်းကို သူ့လူတွေ ခိုးခိုင်းတာ ဖြစ်ချင်တော့ အစ်ကိုကြီး ရှိနေခဲ့တယ်လေ.. အဲ့ဒီတော့ ရလဒ်က အရမ်းသိသာသွားခဲ့တာ"

Bai Yutang က ခေါင်းညိတ်သည်။
"ကြောင်လေး ထွက်မလာခင်က Shang Luo ကို ပြောခဲ့တယ် ခိုးဝင်တဲ့ သူတွေကို အရှင်ဖမ်းမိတယ်လို့လေ..။ အဲ့ဒါကြောင့် လက်ထဲမှာ ရှိတဲ့ သက်သေတွေကို ရောင်းထုတ်ပြီး အပြစ်လွတ်အောင် ကြံစည်နေတာပဲ"

"အဲ့ဒါဆို မီဒီယာတွေကရော"
Lu Fang က စဥ်းစားနေဟန်ဖြင့် ဝင်ပြောလိုက်သည်။
"သူနဲ့ မီဒီယာတွေက ဘယ်လိုပတ်သက်နေတာလဲ"

"အဲ့ဒါက သူသေချာစီစဥ်ထားတဲ့ အကွက်လို့ မခန့်မှန်းမိဘူးလား"
Zhan Zhao က ပြန်မေးသည်။
"Shang Luo က သူ့အိမ်ကို ကျွန်တော့်ကို ဖိတ်ခဲ့တာက ကျွန်တော်လိုက်မယ်ဆိုတာ သေချာသိနေလို့လေ.. ပြီးတော့ သူ့အိမ်ကို ကျွန်တော်လိုက်သွားတာက သူ့အတွက် အရမ်းကောင်းတယ်လေ"

"ကျွန်တော်သိပြီ"
တစ်ချိန်လုံး ငြိမ်ပြီးနားထောင်နေသော Bai Chi လေးက ရုတ်တရက် ထပြောသည်။
"တူစီယဥ်ကျေးမှုရဲ့ ကျိန်စာကောလဟလကို ဖြန့်ဖို့အတွက် သူ့အိမ်မှာ သရဲရှိနေတယ်လို့ Shang Luo က လူတိုင်းကို သိစေချင်တာလေ။ မနက်ဖြန် အင်တာဗျူးပွဲမှာ သူ ဒီကတ်ကို ထုတ်သုံးလိမ့်မယ်လို့ ထင်တယ်..ဘယ်လိုပဲ ဖြစ်ဖြစ် သူ့အိမ်မှာ သရဲရှိတယ်ဆိုတာ S.C.Iက Dr. Zhan တောင် တွေ့ပြီးပြီဆိုတော့ သူ့အတွက် လုံးဝအကျိုးမယုတ်ပါဘူး"

"အဲ့ဒါကမှ တကယ့် Shang Luo ရဲ့ ပုံစံအမှန်ပဲလေ"
Bai Yutang က ရုတ်တရက် လှောင်ရယ်ကာ ပြောသည်။
"အစကတည်းက အဲ့ဒီလို စီစဥ်ပြီးသား။ လိမ်မယ် မီဒီယာနဲ့ ရဲကို တွေ့ပေးပြီး သူနာမည်ကြီးအောင်လုပ်မယ်...တကယ်လို့ ဒီနေ့ ကိုကိုသာ ရောက်မလာခဲ့ရင် သူလုံးဝအောင်မြင်မှာပဲလေ"

"အခုခေတ်လူတွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးလာပြီလေ"
Zhan Zhao က မျက်လုံးမှိတ်ရင်း သက်ပြင်းချသည်။
"သူတို့လို့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့သူတွေအတွက် ဘုရားက ရက်စက်ရုံကလွဲပြီး မတတ်နိုင်တော့ဘူး"

ထိုအချိန်တွင် ရုံးခန်းထဲ Zhao Hu အပြေးရောက်လာကာ မောကြီးပန်းကြီးနှင့် အစီရင်ခံသည်။
"Bai Sir..မကောင်းတော့ဘူး.. Bai Sir ရဲ့ အစ်ကိုကြီးက အဲ့ကောင်တွေကို သတ်တော့မယ်...ကျွန်တော်နဲ့ Ma Han နဲ့ လုံးဝတားလို့မရတော့ဘူး"

Bai Yutang က အလန့်တကြား ထရပ်သည်။
"သူတို့ ဘာလုပ်ကြလို့လဲ"

"သူတို့ပြောတာ Shang Luo က အလောင်းသေတ္တာအပြင် Gongsun ကိုပါ ပြန်ပေးဆွဲလာခိုင်းတာတဲ့".

Zhan Zhao နှင့် Bai Yutang တို့က တစ်ယောက်ကို တစ်​ယောက် ကြည့်လိုက်ကြသည်။
"မထူးဆန်းပါဘူး"

Bai Yutang က ဆိုဖာပေါ်တွင် TV ကြည့်နေသော အမြွှာညီနောင်ကို လှမ်းပုတ်လိုက်သည်။
"လာ..  ငါလဲ တစ်ယောက်ထဲ မနိုင်ဘူး"

............

စစ်ဆေးရေးခန်းရှေ့သို့ Zhan Zhao နှင့် Gongsun တို့ ရောက်သွားတော့ Bai Yutang နှင့် Zhao Wei တို့က Bai Jintang ၏ လက်မောင်းတွေကို အတင်းဆွဲထားကြသည်ကို တွေ့ရလေသည်။

Zhan Zhao က ရှေ့သို့ ခြေနှစ်လှမ်းတိုးကာ အတွင်းဘက်သို့ ကြည့်မိတော့ Shang Luo ၏ လူများမှာ ဒဏ်ရာတွေနှင့် ဖူးယောင်နေပြီး ထပင် မထနိုင်တော့သော်လဲ Bai Jintang ကတော့ အရေခွံဆုတ်ရမှ ကျေနပ်နိုင်မည့်ပုံစံရှိသည်။

Zhao Wei က အသက်ကို လုရှူလိုက်ရင်း Bai Yutang ကို လှမ်းအော်လိုက်သည်။
"ဘုရားရေ.. ခင်ဗျားအစ်ကိုက Lisbon ထက်တောင် သန်သေးတယ်"

Gongsun က ရှေ့သို့ လျှောက်လာပြီး Bai Jintang ရှေ့တွင် ရပ်လိုက်သည်။
"ခင်​ဗျား ဘာတွေ လုပ်နေတာလဲ"

Gongsun ရှိရာသို့ ငုံ့မိုးကြည့်လိုက်ရင်းမှ Bai Jintang က လက်မှ အားများကို လျှော့ချလိုက်သည်။ Ma Han ကလဲ စစ်ဆေးရေး အခန်းတံခါးကို မြန်မြန်ပိတ်လိုက်ပြီး Bai Yutang နှင့် Zhao Wei တို့ကလဲ ဆွဲထားသော လက်မောင်းနှစ်ဖက်ကို လွှတ်ပေးလိုက်သည်။

Bai Jintang က ကြေမွနေသော အင်္ကျီလက်ကို ခါထုတ်လိုက်ပြီး အပြင်ထွက်မည်ပြင်တော့ Gongsun က သူ့ရှေ့တွက် ရပ်လိုက်သည်။
"ခင်ဗျား ဘယ်သွားမှာလဲ"

"...."
Bai Jintang က မျက်လုံးလှန်ကာ ပြောလိုက်သည်။
"Shang Luo မသာကောင်ဆီ"

"ခင်ဗျား..."
Gongsun က သက်ပြင်းချကာ Bai Jintang ၏ လည်စည်းကို ဆွဲ၍ အလောင်းခွဲခန်းထဲသို့ ဆွဲခေါ်သွားသည်။

Bai Yutang က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ကာ Zhao Hu ကို မေးလိုက်သည်။
"စစ်ဆေးခန်းထဲကို ကိုကိုက ဘယ်လိုရောက်နေတာလဲ"

Zhao Hu က ရှက်ရွံ့စွာ ခေါင်းငုံ့သည်။
"အစ်ကိုကြီးက ဝင်လာပြီး ထိုင်နေတာ... ကောင်လေးတွေက အရမ်းကြောက်နေကြတော့ ဘာမေးမေး မပြောဘူး... ဒါပေမဲ့ အစ်ကိုကြီး ဝင်မေးတော့...."

Bai Yutang က မျက်မှောင်ကြုံ့သည်။
"မင်းတို့ စစ်မေးတဲ့သူ နှစ်ယောက်တောင် ရှိရဲ့သားနဲ့ မေးခွန်ူလေးတောင် ကောင်းကောင်း မမေးနိုင်ဘူးလား"

"ကျွန်တော်တို့လဲ ကြိုးစားပါသေးတယ်...မရတာနဲ့..."
Ma Han က စိတ်ပျက်ဟန်နှင့် ပြောသည်။
"Bai Sir.. အကုန်လုံး ကျွန်တော့်အမှားပါ အစ်ကိုကြီးကို စစ်ပေးဖို့ အကူအညီတောင်းတာ ကျွန်တော်ပါပဲ... အပြစ်ပေးမယ်ဆို ကျွန်တော့်ကို ပေးပါ"

"ထားလိုက်တော့"
Bai Yutang က လက်ကာပြသည်။
"ဒဏ်ရာရတဲ့သူတွေကို ဆေးထည့်ပေးလိုက်ဦး"

"နေဦး"
Zhan Zhao က ရုတ်တရက် ဝင်ပြောသည်။
"အကျိုးရှိအောင် အသုံးချရမယ်လေ"

အားလုံးက Zhan Zhao အား နားမလည်သလို ကြည့်လိုက်သည်။
"ဘာကို အသုံးချမှာလဲ"

Zhan Zhao က ဒဏ်ရာများနှင့် ဖူးယောင်နေသော Shang Luo ၏ နောက်လိုက်များကို ကြည့်ကာ Ma Han နှင့် Zhao Hu ကို တိုးတိုးလေး ပြောလိုက်သည်။ Ma Han နှင့် Zhao Hu တို့နှစ်ယောက်မှာ မျက်နှာတည်နေကာ ခေါင်းလဲ မညိတ် ပြုံးလဲ မပြုံးပေ။

သူတို့ရပ်နေသော စစ်ဆေးရေးခန်း၏ ဘေးအခန်းရှိ စစ်မေးခန်းတွင်လဲ Wang Chao နှင့် Zhang Long တို့ နှစ်ယောက်သား ခေါင်းကိုက်နေကြသည်။ သူတို့ရှေ့ရှိ လူနှစ်ယောက်က ဝါရင့်တရားခံတွေ... ဘယ်လိုမေးမေး ဘယ်လို ခြိမ်း​ခြောက်ခြောက် စကားတစ်ခွန်းမှ မဟ။

ထိုအချိန် တံခါးရုတ်တရက် ပွင့်လာပြီး Ma Han နှင့် Zhao Hu တို့က နောက်ထပ်နှစ်ယောက် ထပ်ခေါ်ကာ ဝင်လာသည်။

Ma Han က Wang Chao နှင့် Zhang Long ကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
"မင်းတို့ စစ်တာ မပြီးသေးဘူး မဟုတ်လား.. ငါတို့ဆက်မေးလိုက်မယ်... ဒီနှစ်ယောက်ကို ဆေးရုံခေါ်သွားပေးလိုက်ပါ"

Wang Chao နှင့် Zhang long တို့က ဒဏ်ရာရနေသော လူနှစ်ယောက်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ထို့ထက်ပို အံ့သြဖို့ကောင်းသည်က လုပ်ဖော်ကိုင်ဖက်နှစ်ယောက်၏ အခြေအနေကို ကြည့်ရင်းစောစောက တင်းခံနေသော ဝါရင့်နှစ်ကောင်မှာ ဘာမှမလုပ်နိုင်တော့။ ပြောသင့်ကိုရော မပြောသင့်သည်ကိုပါ အကုန်ဖြောင့်ချက်ပေးတော့သည်။

Zhan Zhao ပါ စစ်ဆေးခန်းထဲဝင်၍ တစ်ခုနှစ်ခု မေးပြီး Bao Zheng ဆီသွားရန် ပြန်ထွက်လာတော့ Ma Han နှင့် Zhao Hu တို့နှစ်ယောက် ကော်ရစ်ဒါတွင် အလောတကြီး ပြေးလွှားနေသည်ကို တွေ့လိုက်သည်။

"ဘာဖြစ်လို့လဲ"
Zhan Zhao က ထိုနှစ်ယောက်အား မေးသည်။

"Bao Sir က ခုနက စစ်ဆေးခန်းမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်အတွက် မေးနေတာ"
Zhao Hu က Zhan Zhao ကိုကြည့်ကာ ပြန်ဖြေသည်။
"ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ"

Zhan Zhao က တစ်ဖက်သို့ လှည့်ကြည့်လိုက်တော့ နံရံကိုမှီကာ စိတ်ရှုပ်ထွေးဟန်ဖြင့် ရပ်နေသော Bai Yutang ကို တွေ့လိုက်သည်။ Zhan Zhao က Ma Han နှင့် Zhao Hu တို့နှစ်ယောက်အား တိုးတိုးလေး ပြောလိုက်တော့ နှစ်ယောက်သား ခေါင်းညိတ်ကာ ထွက်သွားကြသည်။

Bao Zhengက မျက်နှာကြီးရဲကာ Bai Yutang အား စိုက်ကြည့်နေဆဲ။
"ရဲစခန်းမှာ လူပါသတ်ကြတော့မလို့လား"

ထို့နောက် အားလုံးကို ဝေ့ကြည့်လိုက်ပြီးမှ Bai Yutang ဆီသို့ အကြည့်ပြန်ပို့သည်။
"မင်းက မင်းအစ်ကိုကို အကာအကွယ်ပေးချင်တယ်ပေါ့.. မင်းက ရဲပဲလေ... ဥပဒေက ဥပဒေပဲကို..."

ဘယ်သူမှ စကားတစ်ခွန်းမဟ၍ အားလုံးတိတ်ဆိတ်နေသည်။

ထိုအချိန်တွင် လက်နှစ်ဖက်လုံးကို ဘောင်းဘီအိတ်ထဲထည့်ကာ Zhao Wei က စကားစပြောလိုက်သည်။
"တကယ်လို့ ဒီည Bai Jintang သာမရှိခဲ့ရင် ပြသနာအကြီးကြီး တက်သွားမှာပဲနော်"

Bao Zheng:  "..."

Zhan Zhao က Zhao Wei ကို မော့ကြည့်ကာ ပြုံးလိုက်သည်။
"ဟုတ်တယ်...အမှန်ပဲ"

Bao Zheng ကတော့ သူတို့နှစ်ယောက်စကားကို ဘာမှ မှတ်ချက်မပေး။ သက်ပြင်းတစ်ချက်ချကာ Bai Yutang ကို လှမ်းကြည့်လိုက်သည်။
"တစ်ပတ်ပြည့်ဖို့ သုံးရက်လိုသေးတယ်... တစ်ပတ်ပြည့်လို့မှ ဒီအမှု မပေါ်သေးရင်..."

"အိမ်သာဆေးပါ့မယ်"
အားလုံးက တညီတညွ့တ်ထဲ အော်လိုက်ကြသည်။
"ကျွန်တော်တို့ သိပါတယ်"

Bao Zheng က ပါးစပ်မပိတ်နိုင်ပဲ အကြာကြီး ငေးနေပြီးမှ တစ်ဖက်လှည့်ထွက်သွားပြီး ပြုံးလိုက်သည်။

Bao Zheng ထွက်သွားပြီးမှ အားလုံးသက်ပြင်းချကာ အစည်းအဝေးခန်းထဲသို့ သွားကြသည်။
"အကုန်လုံး ရနိုင်သမျှ သတင်း ရအောင်စုထားကြ။ Gongsun ရဲ့ စစ်ဆေးချက်ရလဒ်ထွက်လာတာနဲ့ အားလုံးလှုပ်ရှားကြမယ်... သုံးရက်ပဲ ကျန်တော့တယ်"

စကားဆုံးသည်နှင့် အလုပ်ထဲသို့ စျာန်ဝင်သွားကြသော S.C.I အဖွဲ့သားများကို ကြည့်ကာ Zhan Zhao က Bai Yutang ကို ကြည့်ကာ ပြုံးပြလိုက်သည်။

ခနအကြာတွင် Gongsun ၏ စစ်ဆေးမှု ရလဒ်ထွက်လာကာ အားလုံး အစည်းအဝေးခန်းတွင်ပြန်ဆုံကြသည်။
"အဖြေက ဘာလဲ"
Zhan Zhao က အလောတကြီး မေးလိုက်သည်။
"အလောင်းရဲ့ အပေါ်ယံလွှာနဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံက..."

Gongsun က ခေါင်းညိတ်သည်။
"အတူတူပဲ..မင်းကို ပြချင်တာ တစ်ခုရှိတယ် Xiao Zhao..."
Gongsun က အိတ်ထဲမှ ဓာတ်ပုံအချို့ထုတ်ကာ အားလုံးရှေ့တွင် တင်လိုက်သည်။
"အလောင်းသေတ္တာထဲက မျက်နှာရဲ့ပုံပဲ..."

Zhan Zhao က ထိုအရာကို ငေးစိုက်ကြည့်လိုက်တော့ Carlos ၏ အိမ်တွင် တွေ့ခဲ့ရသော Tanaka ၏ လက်ရာမြောက် အကြောက်တရားပုံရိပ်မှ မျက်နှာနှင့် ဆင်တူနေသည်။

အားလုံးလဲ ကြည့်ကာ မျက်တောင်မခတ်ရဲ။ ပုံထဲမှ မျက်လုံးမှာ ပိတ်ထားပေမဲ့ တစ်ယောက်ထဲ ဖြစ်သည်ဆိုတာက ပြောရန်မလိုပေ။

Bai Yutang က မျက်ခုံးတွန့်ကွေးသွားသည်အထိ ကြုံ့လိုက်သည်။
"Tanaka ရဲ မော်ဒယ်က သေတ္တာအလောင်းပိုင်ရှင်လား"

Gongsun က ခေါင်းညိတ်သည်။
"Digitalis ပင်ရဲ့ အဆိပ်ကို အလောင်းထဲမှာ တွေ့ခဲ့ရတယ်"

"အဲ့ဒါဆို Tanaka က သူတို့ကို ကြောက်ရုံလေးတင် ခြောက်တာမဟုတ်ဘူးပေါ့"
Zhao Hu က လှောင်ရယ်လိုက်ပြီး ဓာတ်ပုံကို ကောက်ကိုင်လိုက်သည်။
"Digitalis အဆိပ်ကို အရင်ပေးပြီး နှလုံးရောဂါ ရလုနီးမှ ကြောက်စရာကောင်းတာကို ပြလိုက်တော့ အရမ်းကြောက်ပြီး ရုတ်တရက် နှလုံးရပ်သွားတာပဲ..."

Ma Han ကလဲ စိတ်ပျက်စွာ ခေါင်းယမ်းသည်။
"ကျွန်တော်လဲ ဓာတ်ပုံပညာကို လေ့လာဖူးပါတယ်.. ဒါက အသွင်ပြောင်းရိုက်တဲ့ ပညာရပ်တစ်ခုပဲ..."

"အခုအချိန်အထိတော့ အဲ့လိုပဲ ယူဆရတယ်"
Gongsun က ခေါင်းညိတ်ကာ ပြန်ဖြေသည်။

"ဟို..."
Bai Chi က Gongsun နားကပ်ကာ ဓာတ်ပုံကို လက်ထောက်ပြလိုက်သည်။
"ဘာလို့ အလောင်းရဲ့ အရောင်က ပြောင်းသွားရတာလဲ"

Zhan Zhao ကလဲ အမေးကို ထောက်ခံသည်။
"ဟုတ်တယ် အလောင်းရဲ့အရောင်က မဲနက်နေတာပဲ..."

Gongsun က ခေါင်းညိတ်သည်။
"အလောင်းရဲ့ အပေါ်ယံလွှာကို ပြဒါးနဲ့ စီရင်ထားလို့ အပြင်ပိုင်းက အလောင်းအရောင်က ခရမ်းရောင်ကနေ အနက်ရောင်အထိ ပြောင်းသွားတာ... ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အလောင်းရဲ့ အရောင်က ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး တူစီသေတ္တာအလောင်း အစစ်နဲ့ အတုခွဲမရအောင် ဖြစ်သွယးလိမ့်မယ်.."

"ဒါဆို အလောင်းတွေ ကျန်နေသေးဦးမှာပဲ..."
Bai Yutang က ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ Tanaka ရဲ့ ဓာတ်ပုံတွေက တစ်ယောက်ထဲမှ မဟုတ်တာပဲ.. ငါတို့ရှာမတွေ့တာ အရမ်းထူးဆန်းနေယ် မထင်ဘူးလား"

အားလုံးက ခေါင်းညိတ်သည်။ Tanaka အလုပ်ခန်း မီးလောင်တုန်းက ပါသွားသည်လားမသိကြပေ။

"အလောင်းတွေ စုထားတဲ့နေရာကို Gongsun သိနိုင်မလား"
Zhan Zhao က Gongsunကို မေးလိုက်သည်။
"အလောင်းတွေကို နေရာရွှေ့ပြောင်းဖို့က ခက်ခဲသလို အချိန်လဲ လိုတယ်လေ Shang Luo က အဲဒါတွေ ရောင်းနေတာလဲ ဖြစ်နိုင်တယ်"

Gongsun က ပြုံးလိုက်သည်။
"ကံကောင်းတာက ငါ အလောင်းမှာ ဝတ်ဆံသုံးလွှာရှိတဲ့ ပန်ူကို တွေ့ထားတယ်"

"ဝတ်ဆံသုံးလွှာနဲ့ ပန်းက အခု နေရာတိုင်းမှာ ရှိနေတာဥစ္စာ.."
Zhang Long က မျက်မှောင်ကြုံ့သည်။
"လမ်းတိုင်းမှာ ရှိတယ်..."

"ဒါပေမဲ့ ကားစက်ရုံဘေးနားလောက်တော့ မများလောက်ဘူးလေ"
Zhan Zhao က ဝင်ပြောသည်။

"တော်တယ်"
Gongsun က ရယ်လိုက်သည်။
"သေတ္တာအလောင်းတွေက ကားဖိတဲ့ စက်ကို အသုံးပြာထားတာ.. အဲ့ဒီကားတွေ သံရည်ကျိုစက်ထဲမထည့်ခင် ဖိတဲ့ စက်နဲ့မှ လေးထောင့်ပုံရတာလေ... အလောင်းတွေက သေချာပေါက် ကားအ​ဟောင်း စက်ရုံနားမှာ ရှိရမယ်... "

"မြို့ပြင်က ကားသင်္ချိုင်းကို ကျွန်တော် ကြည့်ပြီးပြီ"
အိမ်မှ ပြန်လာသော Jiang Ping က မြေပုံကိုင်ကာ စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။
"S မြို့တော်မှာ ကားသင်္ချိုင်း လေးနေရာရှိတယ်... အကုန်လုံးက မြို့ပြင်မှာကြီးပဲ.. ကားသင်္ချိုင်း K က အဝေးပြေးလမ်းမနဲ့ အနီးဆုံး..လွန်ခဲ့တဲ့ ခြောက်လကမှ အဲဒီမှာ ဝတ်ဆံသုံးလွှာပန်းတွေ ပျိုးထားတာ အခု အတော်များတယ်"

"အဲ့နေရာ ဖြစ်ဖို့များတယ်"
Bai Yutang က ခေါင်းညိတ်လိုက်သည်။
"အဲဒီကားသင်္ချိုင်းပိုင်ရှင်က ဘယ်သူလဲ"

Jiang Ping က ဟက်ခနဲ ရယ်လေသည်။
"ဘယ်သူလို့ထင်လဲ... Carlos ပိုင်တာ"

အားလုံး တုန်လှုပ်ကာ ဆွံ့အသွားကြသည်။

"လက်စသတ်တော့"
Zhan Zhao ကပါ လိုက်ရယ်သည်။
"Carlos က အလောင်းတွေ သေတ္တာပုံစံဖြစ်အောင် တာဝန်ယူရတဲ့သူကိုး... သူ့အကုသိုလ်နဲ့သူ ပြန်သေရတယ်လို့"

"Shang Luo တို့အဖွဲ့က အလောင်းတွေကို လုပ်ပြီး လှည့်ဖျားနေကြတာပဲ"
Wang Chao က Zhan Zhao နှင့် Bai Yutang တို့ကို ကြည့်၍ နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒါပေမဲ့ ဒီလောက်များတဲ့ သူတွေကို သတ်ပြီး တူစီယဥ်ကျေးမှု..ကျိန်စာနဲ့...ကျွန်တော် နားမလည်နိုင်တော့ဘူး..."

တခြားသူများပါ ခေါင်းညိတ်ကြသည်။

Bai Yutang ကတော့ နှုတ်ခမ်းကွေးရုံ ပြုံးလိုက်ပြီး Zhan Zhao ကို ကြည့်လိုက်သည်။
"ကြောင်လေး... မင်း အဲ့ဒါရဲ့ အဖြေကို သိပြီလား"

Zhan Zhao က ပြုံးကာ ခေါင်းညိတ်သည်။
"Shang Luo က လူသတ်တာ မှန်ပေမဲ့ သူက အလင်းတန်းထဲက လူလေ..."

"အလင်းတန်း??"
Zhan Zhao ရဲ့စကားက အခြားသူတွေ နားမလည်နိုင်စရာပေ။

"အမှောင်နဲ့ အလင်း ကို ပြောချင်တာလား"
Gongsun က သူ့မေးစေ့သူ ကိုင်လိုက်သည်။
"လူသတ်တဲ့ သူတွေ ရှိတယ်... ဒါပေမဲ့ Shang Luo ကတော့ ကိုယ်တိုင်မသတ်ပဲ အမှောင်ထဲက သူတွေကို စေခိုင်းတာကို ပြောချင်တာလား"

Zhan Zhao က ခေါင်းညိတ်သည်။
"ပထမဆုံး အလင်းတန်းကို ဖယ်ထုတ်လိုက်ရင် ကျွန်တော်တို့ လက်ထဲမှာ အမှောင်ကမ္ဘာ ကျန်ခဲ့မယ်လေ"
စကားဆုံးသည်နှင့် Zhan Zhao က Bai Yutang အား လှမ်းကြည့်သည်။
"မမေ့နဲ့လေ.. ငါတို့ အဲ့ဒီမှာ ပြင်ဆင်ထားတာ တစ်ခုရှိတယ်.."

Bai Yutang က လက်ထဲမှ စာရွက်ကို ချပြီး အားလုံးကို ဝေ့​ကြည့်လိုက်သည်။
"k ကားသင်္ချိုင်းကို ဒီည ဝင်တိုက်မယ် Shang Luo ကို ကစားစရာတစ်ခု အရင်ပေးရမှာပေါ့..."
.............
End of Non- Human Murderer 20
Thank you all

T/N
အရင်တစ်ပတ်က ဖျားလို့ မတင်လိုက်နိုင်တာ တောင်းပန်ပါတယ် ကလေးတို့ရေ... announcementရေးလိုက်ပေမဲ့ followerတွေပဲ မြင်ရတာကို မေ့သွားလို့ မနက်ဖြန် တစ်ခု ရေးတင်ပေးမယ်နော် Love You all

Continue Reading

You'll Also Like

622K 50.4K 54
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}
9.5K 1.2K 29
Unicode ကြယ်တာရာ ကောင်းကင်းကြီးအောက် လမင်းကြီးကို မျက်ကွယ်ပြုပြီး ကြာပန်းဖြူတွေကိုင်ထားတဲ့ ကိုယ်တော်ရဲ့အဖြူရောင်လေးကို နမ်းပါရစေ။ ...
301K 43.3K 80
စာရေးသူ :西子绪 Genre : Rebirth,drama,Yaoi,Moderm မူပိုင်ခွင့်သည် စာရေးသူနှင့်သာသက်ဆိုင်ပါသည်။ အင်္ဂလိပ်ဘာသာပြန်သူ၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။
754K 92.7K 195
မူရင်းစာရေးသူ- 大叶 绝色男后 ဘာသာပြန်ဝတ္ထုပါ။ Zawgyi + unicode Chapter - 194+extra 35 extraက မူရင်းစာရေးသူ 35 ပိုင်းနဲ့ရပ်ထား