Zawgyi
ည ကိုးနာရီ ဆယ့္ႏွစ္မိနစ္.. S.C.I. ႐ုံးခန္းေဘးတြင္ ရွိေသာ အေလာင္းခြဲခန္းထဲတြင္
Gongsun က Tanaka ႐ုံးခန္းမွ ယူလာေသာ ေသတၱအေလာင္းကို ခြဲခန္းစားပြဲေပၚတြင္ အက်အနတင္ကာ လႊာၾကည့္ေနသည္။ အေလာင္းပုံသြင္းရန္အတြက္ ျပဳလုပ္ထားေသာ အေပၚယံအလႊာကို အရင္ ျဖတ္ထုတ္ရေပမည္။
လႊာေနရင္းႏွင့္ Gongsun ေတြ႕ေနရသည္က ထိုအလႊာ၏ သိပ္သည္းဆ...။ အလႊာမွာ မာေက်ာကာ ပါးလႊာ၍ ၾကည္လင္ေတာက္ပေသာ အေရာင္... ေက်ာက္စရစ္လႊာႏွင့္ပင္ တူေနသည္.. ဘာပါလိမ့္
ထိုအခ်ိန္ တံခါးေခါက္သံေၾကာင့္ Gongsun က အသံခပ္နိမ့္နိမ့္ျဖင့္ ေျဖလိုက္သည္။
"ဝင္ခဲ့..."
တံခါးကို တြန္းဖြင့္ကာ ဝင္လာသည္က Jiang Ping... Gongsun လုပ္ေနေသာ အေလာင္းကို ၾကည့္ကာ တံေတြးမ်ိဳခ်သည္။
"Gongsun ငါအလုပ္ဆင္းေတာ့မလို႔.. မင္းေရာ မသြားေသးဘူးလား"
Gongsun က ေခါင္းခါသည္။
"ရတယ္.. ငါ ဒါကို ၿပီးေအာင္ လုပ္မလို႔"
"ေအာ္.."
Jiang Ping က ျပန္လွည့္ကာ ထြက္မည္လုပ္ၿပီးမွ Gongsun ကို ေျပာလိုက္သည္။
"သူတို႔အကုန္ အျပင္ထြက္သြားတယ္... ညလယ္ေလာက္မွ ျပန္ေရာက္မယ္ထင္တယ္ မင္းအဆင္ေျပရဲ႕လား"
Gongsun က ရယ္လိုက္ၿပီး Jiang Ping ကိုၾကည့္သည္။
"မေျပေတာ့ ဘာတတ္နိုင္မွာလဲ"
"ဟို..."
Jiang Ping က အေလာင္းကို ၾကည့္လိုက္သည္။
Gongsun က ေခါင္းယမ္းကာ လက္ကာျပသည္။
"ဒီဟာႀကီးက အသက္ရွင္မလာဘူး။ စိတ္ခ် ။ သြား .... ျပန္ေတာ့"
Jiang Ping က ေၾကာက္ေၾကာက္ႏွင့္ ႏႈတ္ဆက္ကာ ျပန္ထြက္လာၿပီး ဓာတ္ေလွကားေရွ႕ ေစာင့္ေနသည္။ ခဏၾကာေတာ့ အေတြးတစ္ခုရလိုက္ၿပီး ႐ုံးခန္းထဲ ျပန္ဝင္ကာ ဖုန္းတစ္ခ်က္ေခၚသည္။ ၿပီးသည္ႏွင့္ ယုံၾကည့္မႈ ရွိရွိ ႐ုံးခန္းထဲမွ ထြက္သြားေလသည္။
Gongsun ကေတာ့ အေလာင္းကိုသာ ခြဲျခမ္းစိတ္ျဖာေနသည္။ ၾကာေလေလ စိတ္ဝင္စားလာေလေလ.. ထို႔ေနာက္ မ်က္ေမွာင္ႀကဳံ႕ကာ လက္အိတ္ခြၽတ္၍ အတြင္းမွ ပစၥည္းတစ္ခုကို ထုတ္လိုက္သည္။ မ်က္လုံးမ်ား.ျပဴးက်ယ္ကာ အံ့ၾသေနသည္မွာ အထင္အရွား... ႐ုတ္တရက္ အခန္းႀကီးက ေအးလာသလို...
"အား.."
ခြဲစိတ္မႈတြင္ အာ႐ုံစိုက္ေနေသာ Gongsun အား မေၾကာက္မ႐ြံ႕ႏွင့္ အေနာက္မွ သိုင္းဖက္လိုက္သည္။
ၾကားေနက် ရယ္သံလြင္လြင္ေလးက နားထဲေရာက္လာၿပီးေနာက္ ေႏြးေထြးေသာ အထိအေတြ႕မ်ားကို လည္ပင္းတစ္ေလွ်ာက္ ခံစားသိလိုက္သည္။
သက္ျပင္းခ်ကာ Gongsun က ထိုလူဘက္လွည့္၍ ေျပာလိုက္သည္။
"ခင္ဗ်ား လုပ္တာနဲ႕ လန့္လို႔ ေသေတာ့မယ္"
Gongsun လွည့္လိုက္ခ်ိန္ ထိုသူက Gongsun ၏ ႏွာေခါင္ူကို ဆြဲညွစ္ကာ ႏႈတ္ခမ္းခ်င္း ဖိကပ္သည္။ မက္မက္ေမာေမာ နမ္းေနရင္းမွ အသက္ရႉၾကပ္လာေသာ Gongsun ကို လႊတ္ေပးလိုက္ရင္း Bai Jintang က ၿပဳံး၍ ေျပာေလသည္။
"မင္းေၾကာက္ေနရင္ တကယ္ ခ်စ္ဖို႔ေကာင္းတာပဲ"
Bai Jintang ၏ စကားေၾကာင့္ Gongsun က သူ႕အားဖက္တြယ္ထားေသာ လက္မ်ားကို ျဖည္ကာ ေမးလိုက္သည္။
"ဘယ္လို ေရာက္လာတာလဲ"
"Jiang Ping ဖုန္းဆက္တာေလ.."
Bai Jintang က Gongsun ၏ ဆံပင္ေလးကို သပ္ကာ ေျပာလိုက္သည္။
"သူက ဘာလို႔ ခင္ဗ်ားကို ေခၚတာလဲ"
Gongsun က နားမလည္။
"ကိုယ္ သူ႕ကို ေတာင္းဆိုထားတာေလ... Gongsun ႐ုံးခန္းမွာ တစ္ေယာက္ထဲ ရွိေနတဲ့အခ်ိန္ ဖုန္းဆက္ေပးပါဆိုၿပီး.."
Bai Jintang က မ်က္ခုံးတစ္ဖက္ပင့္လိုက္သည္။
"ကိုယ္ အေဖာ္လုပ္ေပးမယ္ေလ.."
"ကြၽန္ေတာ္ အလုပ္လုပ္ေနတာ..."
Gongsun က Bai Jintang ၏ လက္ေတြကို တစ္ခါ ထပ္ဖယ္သည္။
"အမ်ားႀကီး.က်န္ေသးတယ္"
Bai Jintang က တံခါးကို ဆြဲပိတ္ကာ ေလာ့ခ္ခ်ၿပီး Gongsun ကို သူ႕ကိုယ္ထဲ ဆြဲသြင္းလိုက္သည္။ Gongsun က Bai Jintang ၏ မ်က္ႏွာရိပ္ကို လုံးဝမဖတ္တတ္ေပ။
"ဘာလုပ္တာလဲ"
"အင္း.."
Bai Jintang က ႏူးညံ့စြာ ၿပဳံးလိုက္သည္။
"ၾကည့္ရတာ.ဒီတစ္ခါေတာ့ Jiang Ping ကို တကယ္ေက်းဇူးတင္ရေတာ့မယ္"
ထိုအခ်ိန္တြင္ တံခါးနားသို႔ ကပ္လာေသာ တစ္ေယာက္မကသည့္ ေျခသံေတြကို ၾကားလိုက္ရေတာ့ Gongsun က Bai Jintang နားသို႔ကပ္ကာ အကၤ်ီလက္ကို ဆြဲထားသည္။ သူ႕အနားေရာက္လာေသာ Gongsun ကို ေတြ႕ေတာ့ Bai Jintang က ေခါင္းငုံ႕ကာ ေျပာလိုက္သည္။
"ဟုတ္တယ္ ဒီလိုလုပ္ရမွာ"
Gongsun က သူေျပာသည္ကို နားမလည္၍ မ်က္လုံးဝိုင္းေလးႏွင့္ ၾကည့္ေနသည္။
Bai Jintang က Gongsun ၏ ႏႈတ္ခမ္းသားေလးကို နမ္းလိုက္ၿပီး ၿပဳံးသည္။
"မင္း ေၾကာက္ေနရင္ အခုလိုမ်ိဳး ကိုယ့္ရင္ခြင္ထဲ လာခဲ့ေလ"
Gongsun မ်က္ႏွာက ရဲသထက္ ရဲလာကာ Bai Jintang ကို တြန္းလိုက္ေပမဲ့ သူ႕ခါးကို ဆြဲဖက္ကာ Bai Jintang ကေမးလိုက္သည္။
"ေသနတ္ရွိလား"
Gongsun က ေခါင္းယမ္းေတာ့ Bai Jintang က ေဒါသထြက္ကာ မ်က္ေမွာင္ႀကဳံ႕သည္။
"ဘာလို့ Yutang က မင္းကို ေသနတ္ေပးမကိုင္တာလဲ"
"ကြၽန္ေတာ္က ရဲမွ မဟုတ္တာ..."
Gongsun က ရယ္ျပသည္။
"ကြၽန္ေတာ့မွာသာ ေသနတ္ရွိရင္ ခင္ဗ်ားကို အရင္ပစ္မွာ..."
Bai Jintang က ေသတၱာထဲမွ ခြဲဓားအေသးေလးကို ေကာက္ကိုင္လိုက္သည္။
"မင္း လုပ္ခ်င္လား"
အျပင္မွ ေျခသံေတြက တံခါးနားကို တျဖည္းျဖည္း နီးကပ္လာသည္။ Gongsun က ဓားယူကာ အျပင္ထြက္ဖို႔ ႀကိဳးစားလိုက္သည္။ Bai Jintang က Gongsun အား အခန္းေထာင့္တြင္ ပုန္းခိုင္းလိုက္ၿပီး ဓားကိုင္ကာ တံခါးဆီသို႔ ေလွ်ာက္သြားသည္။
Gongsun က တိုးတိုးေလး လွမ္းေျပာသည္။
"သတိထားေနာ္"
Gongsun က Bai Jintang ၏ ေက်ာျပင္ကို ၾကည့္ကာ သက္ျပင္းခ်လိဳက္သည္။ အသံေတြေၾကာင့္မို႔ေပပဲ.. မဟုတ္ရင္ Bai Jintang ဆိုေသာသူက အေလာင္းခြဲခန္းေသာ ဘာေသာ ေရွာင္မည္မဟုတ္.. ပို၍ပင္ စိတ္လႈပ္ရွားေပလိမ့္မည္။
Bai Jintang က ကုတ္အကၤ်ီကို ၾကယ္သီးျဖဳတ္၍ ဓားကိုင္ကာ တံခါးကို ျဖည္းညွင္းစြာ တြန္းဖြင့္လိုက္သည္။
Gongsun က တည္ၾကည္ေသာ Bai Jintang ၏ ဓားကိုင္ကြၽမ္းက်င္မႈကို အံ့အားသင့္သြားရသည္။ ေျပာျပ၍ပင္ မရနိုင္ေလာက္ေအာင္ မ်က္လုံးမ်ား အေရာင္လဲ့ကာ လွမ္းၾကည့္ေနသည္။
တံခါးလက္ကိုင္ကို လွည့္ၿပီးသည္ႏွင့္ ဓားကိုင္ထားေသာ လက္ငါးေခ်ာင္းက တင္းၾကပ္လာၿပီး ေသနတ္ကိုင္ထားေသာ လူ၏ လက္ထဲသို႔ ထိုးသြင္းလိုက္သည္။ Bai Jintang က တံခါးကို ေစာင့္ပိတ္စဥ္ ထိုလူလက္မွာ တံခါးၾကားညွပ္၍ ေသနတ္ျပဳတ္က်သြားေလသည္။ Gongsun ၏ ဆရာဝန္အျမင္ႏွင့္ ၾကည့္လွ်င္ ထိုသူမွာ အကန္ခံရေသာေၾကာင့္ အရိုးသုံးေခ်ာင္းေတာ့ အသာေလးက်ိဳးမည္ဟု ေတြးမိသည္။
Bai Jintang က ေခါင္းေမာ့ကာ ႏႈတ္ခမ္းေထာင့္ေလး ေကြး႐ုံၿပဳံး၍ ထိုသူ၏ ညွပ္ရိုးၾကားထဲသို႔ ခြဲဓားကို တစ္ဆုံး ထိုးထည့္လိုက္သည္။
"အား...."
ျပင္းျပေသာ နာက်င္မႈေၾကာင့္ ထိုသူမွာ ေအာ္႐ုံမွ လြဲ၍ လႈပ္၍ပင္ မရနိုင္ေပ။
Bai Jintang က ထိုသူလြတ္က်ခဲ့ေသာ ေသနတ္ကို ေကာက္ကိုင္ကာ Gongsun ကို လွည့္၍ ေျပာလိုက္သည္။
"ဘာသံၾကားၾကား.ထြက္မလာနဲ႕ေနာ္"
ထို႔ေနာက္ လဲက်ေနသူအား ေျခေထာက္ျဖင့္ ကန္ကာ အျပင္ထုတ္၍ တံခါးပိတ္လိုက္သည္။
အျပင္မွ ေသနတ္သံမ်ားကို အဆက္မျပတ္ ၾကားလိုက္ရေသာ္လဲ Gongsun မွာ Bai Jintang အတြက္ စိတ္မပူမိ။ သို႔ေသာ္ ေစာေစာက တိုက္ခိုက္ေနေသာ Bai Jintang ၏ ပုံရိပ္ကိုသာ စိတ္ထဲ ထပ္တလဲလဲ ျမင္ေယာင္ကာ စြဲလမ္းမိသြားသည္။
ထို႔ေနာက္ ေသနတ္ကို မာန္ပါပါ ပစ္ေနမည့္ Bai Jintang ၏ ပုံရိပ္ကိုလဲ ျမင္ခ်င္ေသာေၾကာင့္ တံခါးကို အသာဖြင့္ကာ ေခ်ာင္းၾကည့္လိုက္သည္။
ေကာ္ရစ္ဒါတစ္ေလွ်ာက္ လဲက်ေနေသာ သူမ်ား.တန္းစီလ်က္..အမ်ားစုမွာ ညွပ္ရိုးကိုသာ အဓိက ပစ္မိထားသည္။ ထိုေနရာကို ထိခိုက္မိထားေသာ သူတို႔မွာ သတိလဲလစ္မသြား.. လႈပ္လို႔လဲ မရပဲ နာက်င္မႈကိုသာ အဆုံးမသတ္နိုင္ေသာ ခံစားရေလသည္။
Bai Jintang က S.C.I. တံခါးနားပင္ ေရာက္ေနေလၿပီ။ ေနာက္ဆုံးတစ္ေယာက္မွာ ေသနတ္ကို တုန္ယင္စြာ ကိုင္ထားရင္း ဓာတ္ေလွကားကို မွီေနသည္။ Bai Jintang အား သရဲေတြ႕သလို ၾကည့္လိုက္ၿပီး ေၾကာက္႐ြံ႕မႈျဖင့္ တုန္ေနသည္။
ထိုအခ်ိန္ ဓာတ္ေလွကားတံခါးက ျဖည္းညွင္းစြာ ပြင့္သြားေလသည္။ Gongsun က အံ့ၾသသြားသည္။ ဒီအခ်ိန္ႀကီး ဘယ္သူျပန္လာတာလဲ
ထိုလူ၏ ေသနတ္ကေတာ့ ေႏွးမေနပါေလ.. ခ်က္ခ်င္းပင္ ပြင့္လာေသာဓာတ္ေလွကား တံခါးကို ခ်ိန္ထားသည္။ သို႔ေသာ္ အထဲမွ အရာကို ၾကည့္လိုက္ၿပီးေနာက္ ေသြးဆုတ္ကာ ျဖဴေဖ်ာ့ သြားရေလသည္။
ပုံမွန္မဟုတ္ေသာ အသက္ရႉသံႏွင့္ တျဖည္းျဖည္းခ်င္း ေပည္လာေသာ အျဖဴေရာင္ အရိပ္ေၾကာင့္ ထိုလူက ေသနတ္ကို ေအာက္ခ်ကာ ေနာက္ဆုတ္သြားေပမဲ့ မ်က္ႏွာေရွ႕ ေရာက္ကာ ထိုအရာက မာန္ဖီလာေလသည့္။
ထို႔ေၾကာင့္ ထိုလူမွာ မ်က္လုံးမ်ားျပဴးကာ သတိလစ္ လဲက်သြား၍ လက္ထဲက ေသနတ္လဲ ေျမျပင္ေပၚ ျပဳတ္က်သြားေလသည္။
Bai Jintang က ဓာတ္ေလွကားထဲမွ တစ္ဟုန္ထိုးထြက္လာေသာ အျဖဴေရာင္ ျခေသၤ့ကိုၾကည့္ကာ မ်က္ခုံးတစ္ဖက္ပင့္၍ ေလခြၽန္လိုက္သည္။
ဓာတ္ေလွကားမွ ထြက္လာေသာ Lisbon က ေဘးဘီဝဲယာကို ၾကည့္ၿပီး လူေတြကို လိုက္စူးစမ္းေနသည္။ ထို႔ေနာက္ Bai Jintang ၏ ေလခြၽန္သံေၾကာင့္ အနားကပ္လာသည္။
Bai Jintang က အၿပဳံးတစ္ခ်က္ျဖင့္ ေသနတ္ကို Lisbon ဆီသို႔ ခ်ိန္ထားလိုက္သည္။ Lisbon က ေသနတ္ကိုင္ထားေသာ Bai Jintangအား ေခါင္းေစာင္းၾကည့္ကာ ခ်ီတုံခ်တဳံႏွင့္ ေနာက္ျပန္ဆုတ္သည္။
ထို႔ေနာက္ ဓာတ္ေလွကားထဲမွ လူငယ္က ရယ္ကာ ထြက္လာသည္။
"Lisbon ရယ္... သရဲေၾကာက္တာေတာင္ ေတာ္ေတာ္လြန္ေနၿပီ။ လူကိုပါ ေၾကာက္ရသလား"
Gongsunကလဲ ဒေရာေသာပါး ေျပးလာကာ Bai Jintang ကို လွမ္းဆြဲလိုက္သည္။
"သူ႕ကို မပစ္ပါနဲ႕"
Zhao Wei က Lisbon အား S.C.I. အား ခဏခဏ ေခၚလာရာ အဖြဲ႕ဝင္မ်ားႏွင့္ ရင္းႏွီးေနေသာ္လဲ Bai Jintang ကိုက် တစ္ခါမွ မျမင္ဖူးေပ။ Gongsun ကို ျမင္ေတာ့ မွ စိတ္ခ်သြားၿပီး Bai Jintang ေရွ႕ ထိုင္ခ်လိဳက္သည္။
"ခင္ဗ်ားက ဘယ္လိုလုပ္ ေရာက္လာတာလဲ"
Gongsun က Zhao Wei အား ေမးလိုက္သည္။
"ကြၽန္ေတာ္က Bai Chi ေလးကို လာႀကိဳတာပါ"
Zhao Wei က ပခုံးတြန့္ကာ ေျပာလိုက္သည္။
"ၿပီးေတာ့ ေသနတ္သံေတြ ၾကားလို႔"
သူတို႔ ေျပာေနၾကရင္း တစ္ျခားတစ္ဖက္မွ ဓာတ္ေလွကား ပြင့္လာၿပီး Bao Zheng က မ်က္ႏွာသုံမႈန္စြာျဖင့္ ထြက္လာသည္။ S.C.I. ေကာ္ရစ္ဒါရွိ အျဖစ္အပ်က္မ်ားကို ၾကည့္ရင္း ေဒါသေခ်ာင္းေခ်ာင္း ထြက္လ်က္....။
ကားထဲတြင္ Zhan Zhao အား ေစာင့္ၾကည့္ေနရာမွ Bai Yutang ၏ ဖုန္းမွာ ႐ုတ္တရက္ ျမည္လာ၍ ေကာက္ကိုင္ၿပီးေနာက္ ဘာစကားမွ မေျပာပဲ အၾကာႀကီး ၿငိမ္သက္စြာ နားေထာင္ေနေလသည္။
Bai Chi က Bai Yutang ၏ ထူးျခားေသာ ဖုန္းေျပာဟန္ေၾကာင့္ အနည္းငယ္ စိတ္ပူသြားသည္။
"ဘာျဖစ္လို႔လဲ အစ္ကို"
Bai Yutang က Bai Chi ၏ အေမးကိုပင္ ျပန္ေျဖခ်ိန္မရပဲ Zhan Zhao ကို လ်င္ျမန္စြာ ဖုန္းေခၚလိုက္သည္။
........
ဖုန္းေျပာၿပီးေနာက္ ဆိုဖာေပၚမွ လ်င္ျမန္စြာ ထရပ္ရင္းZhan Zhao က Shang Luo ကို ေျပာလိုက္သည္။
"ရဲစခန္းမွာ မေတာ္တဆမႈ တစ္ခုျဖစ္လို႔ ကြၽန္ေတာ္ ျပန္သြားရမယ္.. ဒီေန႕အတြက္ ေက်းဇူးတင္ပါတယ္ေနာ္"
Shang Luo လဲ ထရပ္လိုက္သည္။
"အရမ္း စိတ္လႈပ္ရွားေနတာလား ရဲ စခန္းမွာ ဘာမ်ားျဖစ္လို႔လဲဗ်"
Zhan Zhao ကၿပဳံး၍ Shang Luo ကို ေျပာလိုက္သည္။
"Mr. Shang လဲ လုံၿခဳံေရး အေစာင့္ေတြ ပိုထားတာ ေကာင္းပါလိမ့္မယ္"
"ဗ်ာ... ကြၽန္ေတာ္ နားမလည္ဘူး"
Shang Luo က အံ့ၾသလ်က္
"အေလာင္းခိုးခ်င္တဲ့ သူေတြ ရဲစခန္းကို ေရာက္လာၾကလို႔တဲ့"
Zhan Zhao က ၿပဳံးလိုက္သည္။
"ကံေကာင္းတာက အကုန္လုံးကို ဖမ္းလိုက္နိုင္တယ္"
စကားေျပာေနရင္းZhan Zhao က Shang Luo ၏ မ်က္ႏွာ အေနအထားကို ဖတ္ေနသည္။ ပထမဆုံး.ထိန္းခ်ဳပ္မရနိုင္ေအာင္ တုန္လႈပ္ၿပီးေနာက္ ခ်က္ခ်င္းျပန္ထိန္းလိုက္ေသာ အမူအရာကို ဖမ္းမိသည္ႏွင့္ Zhan Zhao က ၿပဳံးလိုက္သည္။ ရဲစခန္းကို ျပန္လိုက္ပို႔ေပးမည္ဟူေသာ ကမ္းလွမ္းခ်က္ကို ျငင္းပယ္ကာ တစ္ေယာက္ထဲ ေလွ်ာက္လာခဲ့ေလသည္။ Bai Yutang ၏ ကားက ၿခံေရွ႕တြင္ ရပ္လိုက္ၿပီး Zhan Zhao က ကားထဲ ဝင္ထိုင္လိုက္သည္။ Bai Chi ကို Ma Han တို႔ကားႏွင့္ လိုက္သြားေစၿပီး Bai Yutang က Zhan Zhao အား Qiu Yu ကို ဖမ္းမိခဲ့သည္ကို ေျပာျပေနသည္။
" ရဲစခန္းက လူေတြက Shang Luo နဲ႕ ပတ္သက္မႈေတာ့ ရွိလိမ့္မယ္..."
Zhan Zhao က နက္တိုင္မွ ကင္မရာကို ျဖဳတ္ကာ ေျပာလိုက္သည္။
"ဟုတ္လား"
Bai Yutang က စိတ္လႈပ္ရွားစြာ ေမးလိုက္သည္။
"ငါ ခုနက ရဲစခန္းမွာ ေသနတ္ပစ္ခတ္မႈ ျဖစ္တယ္လို႔ပဲ ေျပာတာ မင္းက ဘယ္လိုလုပ္ အေလာင္းလာခိုးတယ္ဆိုတာ တပ္အပ္သိရတာလဲ"
Zhan Zhao က ၿပဳံးလိုက္သည္။
"ဒီေန႕ ငါ အမ်ားႀကီး သိခဲ့ရတယ္... Qiu Yu ကိုလဲ မင္းတို႔ ဖမ္းမိတယ္.. ၿပီးေတာ့ အရမ္းႀကီးမားတဲ့ လွ်ို႔ဝွက္ခ်က္ တစ္ခုကို ငါသိခဲ့တယ္"
Bai Yutang က မ်က္ခုံးပင့္လိုက္သည္။
"ဒီက ေၾကာင္သူခိုးေလးက ဘာေတြမ်ား သိခဲ့ရတာလဲဗ်"
Zhan Zhao က အိတ္ထဲသို႔ လက္ႏွိုက္ကာ လက္ကိုင္ပုဝါႏွင့္ ထုတ္ထားေသာ ခရမ္းေရာင္ အစတစ္စကို ထုတ္လိုက္သည္။
"ျပန္ေရာက္ရင္ ဒါ Gongsun ကို ေပးလိုက္.. သူ အေျဖေျပာျပလိမ့္မယ္"
Bai Yutang က ထိုအရာကို အၾကာႀကီး ေငးစိုက္ၾကည့္ေနရင္းမွ မရဲတရဲ ေမးလိုက္သည္။
"ဒါက ဘယ္လိုလုပ္ ရင္းႏွီးတဲ့ပုံ ရွိေနရတာလဲ"
"ေဆးစိမ္ထားတဲ့ အေလာင္းေလ"
Zhan Zhao က ဘာမွမျဖစ္သလို ေျပာလိုက္သည္။
"အဲ့ဒီက အသားစ"
"ေၾကာင္႐ူး... "
Bai Yutang က ႐ြံရွာစြာျဖင့္ ေအာ္လိုက္သည္။
"မင္း ျပန္ၿပီးရင္ ေရေသခ်ာခ်ိဳး လက္ေသခ်ာေဆး... အို.. တစ္ကိုယ္လုံးပါ ေပါင္းတင္.. အဲ့လိုအရာ မ်ိဳးကို အိတ္ကပ္ထဲ ဘယ္လိုစိတ္ကူးနဲ႕မ်ား ထည့္လာတာလဲ... အဲဒီေဘာင္းဘီ လႊင့္ပစ္ ရႈပ္ပါတယ္... ငါမီးရွို႔ပစ္မယ္"
(Bai Yutang မွာ ပိုးမႊားေၾကာက္တဲ့ ေရာဂါရွိပါတယ္...အဲ့ဒါေၾကာင့္ သူက အသန့္အရမ္းႀကိဳက္တာပါ)
Zhan Zhao က Bai Yutang ျဖစ္ပ်က္ေနပုံကို ၾကည့္ရင္း
ဟက္ဟက္ပက္ပက္ ေအာ္ရယ္ေလသည္။ ႐ုတ္တရက္ လက္ကို ဆန့္ကာ Bai Yutang ၏ ကုတ္အကၤ်ီကို ထိလိုက္သည္။
"ေၾကာင္ေသ ေၾကာင္နာ.. ႐ြံတယ္ လာမထိနဲ႕..."
Bai Yutang က သူ႕အကၤ်ီကို ၾကည့္၍ အံ့ၾသေနသည္။
"ဘာျဖစ္လဲ မင္းနဲ႕ ငါ အတူတူပဲကို..."
Zhan Zhao က Bai Yutang ၏ အကၤ်ီလက္ကို ကိုင္ဖို႔ ႀကိဳးစားေနသည္။
"ညစ္ပတ္လိုက္တဲ့ ေၾကာင္... ထြက္သြား..."
"အသန့္ႀကိဳက္တဲ့ ႂကြက္ေလးရယ္..."
.........
S.C.I. သို႔ ျပန္ေရာက္ေတာ့ ဝင္ဝင္ခ်င္း Bao Zheng ၏ စိတ္ရႈပ္ေနေသာ မ်က္ႏွာ ျပာျပာႀကီးႏွင့္ စေတြ႕ရေလသည္။
"မင္းတို႔ ႏွစ္ေကာင္ သတင္းေကာင္းပါလာဖို႔ ေကာင္းမယ္ေနာ္..."
Bao Zheng က ျမဴးတူးေနေသာ ႏွစ္ေကာင္သားကို ၾကည့္ရာ မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
"ဒါမွမဟုတ္ရင္ေတာ့ အိမ္သာက မင္းတို႔ကို အသင့္ေစာင့္ေနၿပီးသား.."
Bai Yutang ကေတာ့ Zhan Zhao ဘက္သို႔ မ်က္စပစ္ျပသည္။
"ေၾကာင္ေလး.. မင္းကို ေျပာေနတာ"
Zhan Zhao က ၿပဳံးလိုက္သည္။
"Bao Sir.. တကယ္လို႔ Bao Sir မေက်နပ္ရင္ အျပစ္ဒဏ္ခံယူဖို႔ အသင့္ပါပဲ"
အားလုံးက အံ့ၾသကာ တုန္လႈပ္သြားၿပီး Bai Yutang ကေတာ့ မ်က္လုံးႀကီး ျပဴးကာ Zhan Zhao အား ၾကည့္ေနေလသည္။
Zhan Zhao က လက္ကိုင္ပုဝါႏွင့္ ထုတ္ပိုးထားေသာ အသားစကို Gongsun အား ေပးလိုက္ၿပီး ေျပာသည္။
"ဒါက Shang Luo အိမ္မွာရွိတဲ့ အေလာင္းက ရတဲ့ အသားစ"
Gongsun က စိတ္လႈပ္ရွားစြာ စစ္ေဆးလိုက္ၿပီး မၾကာခင္ ရလဒ္မွတ္တမ္းႏွစ္ခုကိုင္ကာ ျပန္ထြက္လာသည္။
"ငါ ခုနက ေတြ႕ထားတာနဲ႕ အတူတူပဲ.. ဒါက လုံးဝ မိုက္တယ္ဟ"
"မင္းတို႔ႏွစ္ေယာက္ ဘာေတြ ေျပာေနၾကတာလဲ"
Bao Zheng က နားမလည္၍ မ်က္ေမွာင္ႀကဳံ႕သည္။
Gongsun က ေဆးစစ္ခ်က္ကိုထုတ္ျပလိုက္သည္။
"ဒီေသတၱာ အေလာင္းေတြက လြန္ခဲ့တဲ့ ႏွစ္ရာေပါင္း မ်ားစြာ က ေဆးစိမ္ထားတာ.. လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာက လူေသထိန္းသိမ္းတဲ့ နည္းပညာက Tanaka ရဲ႕ ႐ုံးခန္းမွာ ေတြ႕ခဲ့တဲ့ ေသတၱာအေလာင္းက နည္းပညာနဲ႕ အတူတူပဲ..."
အားလုံးက Gongsun ရဲ႕ ရွင္းျပခ်က္ေၾကာင့္ ေၾကာင္သြားသည္။
"အဲဒါက ဘာလဲဆိုေတာ့ အခုေခတ္ နည္းပညာပဲလို႔ ဆိုလိုခ်င္တာလား.."
Bai Chi က အံ့အားသင့္စြာ မွတ္ခ်က္ခ်သည္။
"တူစီ လူမ်ိဳး ေတြ..ကေရာ"
Zhan Zhao ကၿပဳံးလိုက္သည္။
"တူစီရဲ႕ ရာဇဝင္က စေျပာမယ္ဆိုရင္ တူစီလူမ်ိဳးေတြမွာ ရွိတဲ့ ပန္းခ်ီ အႏုပညာ လက္ရာ အကုန္လုံးက လိမ္ထားတာခ်ည္းပဲ... နိုင္ငံေက်ာ္ စာေရးဆရာ...ဓာတ္ပုံဆရာ.. ပန္းခ်ီဆရာ... ေရွးေဟာင္းပစၥည္း စုေဆာင္းသူ.. အားလုံးေပါင္းၿပီး ပုံမွားရိုက္တာ.. သူတို႔ေပါင္းၿပီး တူစီယဥ္ေက်းမႈ အေလာင္းနဲ႕ မျဖစ္နိုင္တဲ့ အရာေတြကို ဖန္တီးခဲ့ၾကတာပဲ..."
"ဒါေပမဲ့ အဲ့ဒီ ဖန္တီးသူေတြသာ ေသကုန္ၾကမယ္ဆိုရင္ ဖန္တီးထားတဲ့ ယဥ္ေက်းမႈက အမွန္တရား ျဖစ္လာလိမ့္မယ္.. "
Zhan Zhao က မွတ္ခ်က္ခ်သည္။
"တိုးတက္လာတဲ့ နည္းပညာနဲ႕အတူ ေရွးေဟာင္းပစၥည္း ကိုမွ စိတ္ဝင္စားတဲ့သူေတြအတြက္ တူစီက်ိန္စာက သူတို႔အတြက္ ပိုက္ဆံေတြ အမ်ားႀကီး ရေစနိုင္တယ္ေလ..."
...........
End of Non- human Murderer 19
Thank you all
ေနာက္ျပန္မဲ့ အပိုင္းေလးကို ေမွ်ာ္ေပးၾကပါဦးေနာ္ ဒီေန႕ အၿပီး ေရးေပးမွာ.. novel တစ္အုပ္လုံးမွာ ကြၽန္ေတာ္ အျပန္ခ်င္ခဲ့ဆုံး အခန္းေလးမို႔ ဆက္ဆက္ ေမွ်ာ္ေနၾကပါဦးေနာ္ အရမ္း sweet ၿပီး အရမ္းႀကိဳက္လို႔😁😁
See ya
Unicode
ည ကိုးနာရီ ဆယ့်နှစ်မိနစ်.. S.C.I. ရုံးခန်းဘေးတွင် ရှိသော အလောင်းခွဲခန်းထဲတွင်
Gongsun က Tanaka ရုံးခန်းမှ ယူလာသော သေတ္တအလောင်းကို ခွဲခန်းစားပွဲပေါ်တွင် အကျအနတင်ကာ လွှာကြည့်နေသည်။ အလောင်းပုံသွင်းရန်အတွက် ပြုလုပ်ထားသော အပေါ်ယံအလွှာကို အရင် ဖြတ်ထုတ်ရပေမည်။
လွှာနေရင်းနှင့် Gongsun တွေ့နေရသည်က ထိုအလွှာ၏ သိပ်သည်းဆ...။ အလွှာမှာ မာကျောကာ ပါးလွှာ၍ ကြည်လင်တောက်ပသော အရောင်... ကျောက်စရစ်လွှာနှင့်ပင် တူနေသည်.. ဘာပါလိမ့်
ထိုအချိန် တံခါးခေါက်သံကြောင့် Gongsun က အသံခပ်နိမ့်နိမ့်ဖြင့် ဖြေလိုက်သည်။
"ဝင်ခဲ့..."
တံခါးကို တွန်းဖွင့်ကာ ဝင်လာသည်က Jiang Ping... Gongsun လုပ်နေသော အလောင်းကို ကြည့်ကာ တံတွေးမျိုချသည်။
"Gongsun ငါအလုပ်ဆင်းတော့မလို့.. မင်းရော မသွားသေးဘူးလား"
Gongsun က ခေါင်းခါသည်။
"ရတယ်.. ငါ ဒါကို ပြီးအောင် လုပ်မလို့"
"အော်.."
Jiang Ping က ပြန်လှည့်ကာ ထွက်မည်လုပ်ပြီးမှ Gongsun ကို ပြောလိုက်သည်။
"သူတို့အကုန် အပြင်ထွက်သွားတယ်... ညလယ်လောက်မှ ပြန်ရောက်မယ်ထင်တယ် မင်းအဆင်ပြေရဲ့လား"
Gongsun က ရယ်လိုက်ပြီး Jiang Ping ကိုကြည့်သည်။
"မပြေတော့ ဘာတတ်နိုင်မှာလဲ"
"ဟို..."
Jiang Ping က အလောင်းကို ကြည့်လိုက်သည်။
Gongsun က ခေါင်းယမ်းကာ လက်ကာပြသည်။
"ဒီဟာကြီးက အသက်ရှင်မလာဘူး။ စိတ်ချ ။ သွား .... ပြန်တော့"
Jiang Ping က ကြောက်ကြောက်နှင့် နှုတ်ဆက်ကာ ပြန်ထွက်လာပြီး ဓာတ်လှေကားရှေ့ စောင့်နေသည်။ ခဏကြာတော့ အတွေးတစ်ခုရလိုက်ပြီး ရုံးခန်းထဲ ပြန်ဝင်ကာ ဖုန်းတစ်ချက်ခေါ်သည်။ ပြီးသည်နှင့် ယုံကြည့်မှု ရှိရှိ ရုံးခန်းထဲမှ ထွက်သွားလေသည်။
Gongsun ကတော့ အလောင်းကိုသာ ခွဲခြမ်းစိတ်ဖြာနေသည်။ ကြာလေလေ စိတ်ဝင်စားလာလေလေ.. ထို့နောက် မျက်မှောင်ကြုံ့ကာ လက်အိတ်ချွတ်၍ အတွင်းမှ ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ မျက်လုံးများ.ပြူးကျယ်ကာ အံ့သြနေသည်မှာ အထင်အရှား... ရုတ်တရက် အခန်းကြီးက အေးလာသလို...
"အား.."
ခွဲစိတ်မှုတွင် အာရုံစိုက်နေသော Gongsun အား မကြောက်မရွံ့နှင့် အနောက်မှ သိုင်းဖက်လိုက်သည်။
ကြားနေကျ ရယ်သံလွင်လွင်လေးက နားထဲရောက်လာပြီးနောက် နွေးထွေးသော အထိအတွေ့များကို လည်ပင်းတစ်လျှောက် ခံစားသိလိုက်သည်။
သက်ပြင်းချကာ Gongsun က ထိုလူဘက်လှည့်၍ ပြောလိုက်သည်။
"ခင်ဗျား လုပ်တာနဲ့ လန့်လို့ သေတော့မယ်"
Gongsun လှည့်လိုက်ချိန် ထိုသူက Gongsun ၏ နှာခေါင်ူကို ဆွဲညှစ်ကာ နှုတ်ခမ်းချင်း ဖိကပ်သည်။ မက်မက်မောမော နမ်းနေရင်းမှ အသက်ရှူကြပ်လာသော Gongsun ကို လွှတ်ပေးလိုက်ရင်း Bai Jintang က ပြုံး၍ ပြောလေသည်။
"မင်းကြောက်နေရင် တကယ် ချစ်ဖို့ကောင်းတာပဲ"
Bai Jintang ၏ စကားကြောင့် Gongsun က သူ့အားဖက်တွယ်ထားသော လက်များကို ဖြည်ကာ မေးလိုက်သည်။
"ဘယ်လို ရောက်လာတာလဲ"
"Jiang Ping ဖုန်းဆက်တာလေ.."
Bai Jintang က Gongsun ၏ ဆံပင်လေးကို သပ်ကာ ပြောလိုက်သည်။
"သူက ဘာလို့ ခင်ဗျားကို ခေါ်တာလဲ"
Gongsun က နားမလည်။
"ကိုယ် သူ့ကို တောင်းဆိုထားတာလေ... Gongsun ရုံးခန်းမှာ တစ်ယောက်ထဲ ရှိနေတဲ့အချိန် ဖုန်းဆက်ပေးပါဆိုပြီး.."
Bai Jintang က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
"ကိုယ် အဖော်လုပ်ပေးမယ်လေ.."
"ကျွန်တော် အလုပ်လုပ်နေတာ..."
Gongsun က Bai Jintang ၏ လက်တွေကို တစ်ခါ ထပ်ဖယ်သည်။
"အများကြီး.ကျန်သေးတယ်"
Bai Jintang က တံခါးကို ဆွဲပိတ်ကာ လော့ခ်ချပြီး Gongsun ကို သူ့ကိုယ်ထဲ ဆွဲသွင်းလိုက်သည်။ Gongsun က Bai Jintang ၏ မျက်နှာရိပ်ကို လုံးဝမဖတ်တတ်ပေ။
"ဘာလုပ်တာလဲ"
"အင်း.."
Bai Jintang က နူးညံ့စွာ ပြုံးလိုက်သည်။
"ကြည့်ရတာ.ဒီတစ်ခါတော့ Jiang Ping ကို တကယ်ကျေးဇူးတင်ရတော့မယ်"
ထိုအချိန်တွင် တံခါးနားသို့ ကပ်လာသော တစ်ယောက်မကသည့် ခြေသံတွေကို ကြားလိုက်ရတော့ Gongsun က Bai Jintang နားသို့ကပ်ကာ အင်္ကျီလက်ကို ဆွဲထားသည်။ သူ့အနားရောက်လာသော Gongsun ကို တွေ့တော့ Bai Jintang က ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ဟုတ်တယ် ဒီလိုလုပ်ရမှာ"
Gongsun က သူပြောသည်ကို နားမလည်၍ မျက်လုံးဝိုင်းလေးနှင့် ကြည့်နေသည်။
Bai Jintang က Gongsun ၏ နှုတ်ခမ်းသားလေးကို နမ်းလိုက်ပြီး ပြုံးသည်။
"မင်း ကြောက်နေရင် အခုလိုမျိုး ကိုယ့်ရင်ခွင်ထဲ လာခဲ့လေ"
Gongsun မျက်နှာက ရဲသထက် ရဲလာကာ Bai Jintang ကို တွန်းလိုက်ပေမဲ့ သူ့ခါးကို ဆွဲဖက်ကာ Bai Jintang ကမေးလိုက်သည်။
"သေနတ်ရှိလား"
Gongsun က ခေါင်းယမ်းတော့ Bai Jintang က ဒေါသထွက်ကာ မျက်မှောင်ကြုံ့သည်။
"ဘာလို့ Yutang က မင်းကို သေနတ်ပေးမကိုင်တာလဲ"
"ကျွန်တော်က ရဲမှ မဟုတ်တာ..."
Gongsun က ရယ်ပြသည်။
"ကျွန်တော့မှာသာ သေနတ်ရှိရင် ခင်ဗျားကို အရင်ပစ်မှာ..."
Bai Jintang က သေတ္တာထဲမှ ခွဲဓားအသေးလေးကို ကောက်ကိုင်လိုက်သည်။
"မင်း လုပ်ချင်လား"
အပြင်မှ ခြေသံတွေက တံခါးနားကို တဖြည်းဖြည်း နီးကပ်လာသည်။ Gongsun က ဓားယူကာ အပြင်ထွက်ဖို့ ကြိုးစားလိုက်သည်။ Bai Jintang က Gongsun အား အခန်းထောင့်တွင် ပုန်းခိုင်းလိုက်ပြီး ဓားကိုင်ကာ တံခါးဆီသို့ လျှောက်သွားသည်။
Gongsun က တိုးတိုးလေး လှမ်းပြောသည်။
"သတိထားနော်"
Gongsun က Bai Jintang ၏ ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အသံတွေကြောင့်မို့ပေပဲ.. မဟုတ်ရင် Bai Jintang ဆိုသောသူက အလောင်းခွဲခန်းသော ဘာသော ရှောင်မည်မဟုတ်.. ပို၍ပင် စိတ်လှုပ်ရှားပေလိမ့်မည်။
Bai Jintang က ကုတ်အင်္ကျီကို ကြယ်သီးဖြုတ်၍ ဓားကိုင်ကာ တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်သည်။
Gongsun က တည်ကြည်သော Bai Jintang ၏ ဓားကိုင်ကျွမ်းကျင်မှုကို အံ့အားသင့်သွားရသည်။ ပြောပြ၍ပင် မရနိုင်လောက်အောင် မျက်လုံးများ အရောင်လဲ့ကာ လှမ်းကြည့်နေသည်။
တံခါးလက်ကိုင်ကို လှည့်ပြီးသည်နှင့် ဓားကိုင်ထားသော လက်ငါးချောင်းက တင်းကြပ်လာပြီး သေနတ်ကိုင်ထားသော လူ၏ လက်ထဲသို့ ထိုးသွင်းလိုက်သည်။ Bai Jintang က တံခါးကို စောင့်ပိတ်စဥ် ထိုလူလက်မှာ တံခါးကြားညှပ်၍ သေနတ်ပြုတ်ကျသွားလေသည်။ Gongsun ၏ ဆရာဝန်အမြင်နှင့် ကြည့်လျှင် ထိုသူမှာ အကန်ခံရသောကြောင့် အရိုးသုံးချောင်းတော့ အသာလေးကျိုးမည်ဟု တွေးမိသည်။
Bai Jintang က ခေါင်းမော့ကာ နှုတ်ခမ်းထောင့်လေး ကွေးရုံပြုံး၍ ထိုသူ၏ ညှပ်ရိုးကြားထဲသို့ ခွဲဓားကို တစ်ဆုံး ထိုးထည့်လိုက်သည်။
"အား...."
ပြင်းပြသော နာကျင်မှုကြောင့် ထိုသူမှာ အော်ရုံမှ လွဲ၍ လှုပ်၍ပင် မရနိုင်ပေ။
Bai Jintang က ထိုသူလွတ်ကျခဲ့သော သေနတ်ကို ကောက်ကိုင်ကာ Gongsun ကို လှည့်၍ ပြောလိုက်သည်။
"ဘာသံကြားကြား.ထွက်မလာနဲ့နော်"
ထို့နောက် လဲကျနေသူအား ခြေထောက်ဖြင့် ကန်ကာ အပြင်ထုတ်၍ တံခါးပိတ်လိုက်သည်။
အပြင်မှ သေနတ်သံများကို အဆက်မပြတ် ကြားလိုက်ရသော်လဲ Gongsun မှာ Bai Jintang အတွက် စိတ်မပူမိ။ သို့သော် စောစောက တိုက်ခိုက်နေသော Bai Jintang ၏ ပုံရိပ်ကိုသာ စိတ်ထဲ ထပ်တလဲလဲ မြင်ယောင်ကာ စွဲလမ်းမိသွားသည်။
ထို့နောက် သေနတ်ကို မာန်ပါပါ ပစ်နေမည့် Bai Jintang ၏ ပုံရိပ်ကိုလဲ မြင်ချင်သောကြောင့် တံခါးကို အသာဖွင့်ကာ ချောင်းကြည့်လိုက်သည်။
ကော်ရစ်ဒါတစ်လျှောက် လဲကျနေသော သူများ.တန်းစီလျက်..အများစုမှာ ညှပ်ရိုးကိုသာ အဓိက ပစ်မိထားသည်။ ထိုနေရာကို ထိခိုက်မိထားသော သူတို့မှာ သတိလဲလစ်မသွား.. လှုပ်လို့လဲ မရပဲ နာကျင်မှုကိုသာ အဆုံးမသတ်နိုင်သော ခံစားရလေသည်။
Bai Jintang က S.C.I. တံခါးနားပင် ရောက်နေလေပြီ။ နောက်ဆုံးတစ်ယောက်မှာ သေနတ်ကို တုန်ယင်စွာ ကိုင်ထားရင်း ဓာတ်လှေကားကို မှီနေသည်။ Bai Jintang အား သရဲတွေ့သလို ကြည့်လိုက်ပြီး ကြောက်ရွံ့မှုဖြင့် တုန်နေသည်။
ထိုအချိန် ဓာတ်လှေကားတံခါးက ဖြည်းညှင်းစွာ ပွင့်သွားလေသည်။ Gongsun က အံ့သြသွားသည်။ ဒီအချိန်ကြီး ဘယ်သူပြန်လာတာလဲ
ထိုလူ၏ သေနတ်ကတော့ နှေးမနေပါလေ.. ချက်ချင်းပင် ပွင့်လာသောဓာတ်လှေကား တံခါးကို ချိန်ထားသည်။ သို့သော် အထဲမှ အရာကို ကြည့်လိုက်ပြီးနောက် သွေးဆုတ်ကာ ဖြူဖျော့ သွားရလေသည်။
ပုံမှန်မဟုတ်သော အသက်ရှူသံနှင့် တဖြည်းဖြည်းချင်း ပေည်လာသော အဖြူရောင် အရိပ်ကြောင့် ထိုလူက သေနတ်ကို အောက်ချကာ နောက်ဆုတ်သွားပေမဲ့ မျက်နှာရှေ့ ရောက်ကာ ထိုအရာက မာန်ဖီလာလေသည့်။
ထို့ကြောင့် ထိုလူမှာ မျက်လုံးများပြူးကာ သတိလစ် လဲကျသွား၍ လက်ထဲက သေနတ်လဲ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။
Bai Jintang က ဓာတ်လှေကားထဲမှ တစ်ဟုန်ထိုးထွက်လာသော အဖြူရောင် ခြင်္သေ့ကိုကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်၍ လေချွန်လိုက်သည်။
ဓာတ်လှေကားမှ ထွက်လာသော Lisbon က ဘေးဘီဝဲယာကို ကြည့်ပြီး လူတွေကို လိုက်စူးစမ်းနေသည်။ ထို့နောက် Bai Jintang ၏ လေချွန်သံကြောင့် အနားကပ်လာသည်။
Bai Jintang က အပြုံးတစ်ချက်ဖြင့် သေနတ်ကို Lisbon ဆီသို့ ချိန်ထားလိုက်သည်။ Lisbon က သေနတ်ကိုင်ထားသော Bai Jintangအား ခေါင်းစောင်းကြည့်ကာ ချီတုံချတုံနှင့် နောက်ပြန်ဆုတ်သည်။
ထို့နောက် ဓာတ်လှေကားထဲမှ လူငယ်က ရယ်ကာ ထွက်လာသည်။
"Lisbon ရယ်... သရဲကြောက်တာတောင် တော်တော်လွန်နေပြီ။ လူကိုပါ ကြောက်ရသလား"
Gongsunကလဲ ဒရောသောပါး ပြေးလာကာ Bai Jintang ကို လှမ်းဆွဲလိုက်သည်။
"သူ့ကို မပစ်ပါနဲ့"
Zhao Wei က Lisbon အား S.C.I. အား ခဏခဏ ခေါ်လာရာ အဖွဲ့ဝင်များနှင့် ရင်းနှီးနေသော်လဲ Bai Jintang ကိုကျ တစ်ခါမှ မမြင်ဖူးပေ။ Gongsun ကို မြင်တော့ မှ စိတ်ချသွားပြီး Bai Jintang ရှေ့ ထိုင်ချလိုက်သည်။
"ခင်ဗျားက ဘယ်လိုလုပ် ရောက်လာတာလဲ"
Gongsun က Zhao Wei အား မေးလိုက်သည်။
"ကျွန်တော်က Bai Chi လေးကို လာကြိုတာပါ"
Zhao Wei က ပခုံးတွန့်ကာ ပြောလိုက်သည်။
"ပြီးတော့ သေနတ်သံတွေ ကြားလို့"
သူတို့ ပြောနေကြရင်း တစ်ခြားတစ်ဖက်မှ ဓာတ်လှေကား ပွင့်လာပြီး Bao Zheng က မျက်နှာသုံမှုန်စွာဖြင့် ထွက်လာသည်။ S.C.I. ကော်ရစ်ဒါရှိ အဖြစ်အပျက်များကို ကြည့်ရင်း ဒေါသချောင်းချောင်း ထွက်လျက်....။
ကားထဲတွင် Zhan Zhao အား စောင့်ကြည့်နေရာမှ Bai Yutang ၏ ဖုန်းမှာ ရုတ်တရက် မြည်လာ၍ ကောက်ကိုင်ပြီးနောက် ဘာစကားမှ မပြောပဲ အကြာကြီး ငြိမ်သက်စွာ နားထောင်နေလေသည်။
Bai Chi က Bai Yutang ၏ ထူးခြားသော ဖုန်းပြောဟန်ကြောင့် အနည်းငယ် စိတ်ပူသွားသည်။
"ဘာဖြစ်လို့လဲ အစ်ကို"
Bai Yutang က Bai Chi ၏ အမေးကိုပင် ပြန်ဖြေချိန်မရပဲ Zhan Zhao ကို လျင်မြန်စွာ ဖုန်းခေါ်လိုက်သည်။
........
ဖုန်းပြောပြီးနောက် ဆိုဖာပေါ်မှ လျင်မြန်စွာ ထရပ်ရင်းZhan Zhao က Shang Luo ကို ပြောလိုက်သည်။
"ရဲစခန်းမှာ မတော်တဆမှု တစ်ခုဖြစ်လို့ ကျွန်တော် ပြန်သွားရမယ်.. ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်နော်"
Shang Luo လဲ ထရပ်လိုက်သည်။
"အရမ်း စိတ်လှုပ်ရှားနေတာလား ရဲ စခန်းမှာ ဘာများဖြစ်လို့လဲဗျ"
Zhan Zhao ကပြုံး၍ Shang Luo ကို ပြောလိုက်သည်။
"Mr. Shang လဲ လုံခြုံရေး အစောင့်တွေ ပိုထားတာ ကောင်းပါလိမ့်မယ်"
"ဗျာ... ကျွန်တော် နားမလည်ဘူး"
Shang Luo က အံ့သြလျက်
"အလောင်းခိုးချင်တဲ့ သူတွေ ရဲစခန်းကို ရောက်လာကြလို့တဲ့"
Zhan Zhao က ပြုံးလိုက်သည်။
"ကံကောင်းတာက အကုန်လုံးကို ဖမ်းလိုက်နိုင်တယ်"
စကားပြောနေရင်းZhan Zhao က Shang Luo ၏ မျက်နှာ အနေအထားကို ဖတ်နေသည်။ ပထမဆုံး.ထိန်းချုပ်မရနိုင်အောင် တုန်လှုပ်ပြီးနောက် ချက်ချင်းပြန်ထိန်းလိုက်သော အမူအရာကို ဖမ်းမိသည်နှင့် Zhan Zhao က ပြုံးလိုက်သည်။ ရဲစခန်းကို ပြန်လိုက်ပို့ပေးမည်ဟူသော ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ တစ်ယောက်ထဲ လျှောက်လာခဲ့လေသည်။ Bai Yutang ၏ ကားက ခြံရှေ့တွင် ရပ်လိုက်ပြီး Zhan Zhao က ကားထဲ ဝင်ထိုင်လိုက်သည်။ Bai Chi ကို Ma Han တို့ကားနှင့် လိုက်သွားစေပြီး Bai Yutang က Zhan Zhao အား Qiu Yu ကို ဖမ်းမိခဲ့သည်ကို ပြောပြနေသည်။
" ရဲစခန်းက လူတွေက Shang Luo နဲ့ ပတ်သက်မှုတော့ ရှိလိမ့်မယ်..."
Zhan Zhao က နက်တိုင်မှ ကင်မရာကို ဖြုတ်ကာ ပြောလိုက်သည်။
"ဟုတ်လား"
Bai Yutang က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ငါ ခုနက ရဲစခန်းမှာ သေနတ်ပစ်ခတ်မှု ဖြစ်တယ်လို့ပဲ ပြောတာ မင်းက ဘယ်လိုလုပ် အလောင်းလာခိုးတယ်ဆိုတာ တပ်အပ်သိရတာလဲ"
Zhan Zhao က ပြုံးလိုက်သည်။
"ဒီနေ့ ငါ အများကြီး သိခဲ့ရတယ်... Qiu Yu ကိုလဲ မင်းတို့ ဖမ်းမိတယ်.. ပြီးတော့ အရမ်းကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခုကို ငါသိခဲ့တယ်"
Bai Yutang က မျက်ခုံးပင့်လိုက်သည်။
"ဒီက ကြောင်သူခိုးလေးက ဘာတွေများ သိခဲ့ရတာလဲဗျ"
Zhan Zhao က အိတ်ထဲသို့ လက်နှိုက်ကာ လက်ကိုင်ပုဝါနှင့် ထုတ်ထားသော ခရမ်းရောင် အစတစ်စကို ထုတ်လိုက်သည်။
"ပြန်ရောက်ရင် ဒါ Gongsun ကို ပေးလိုက်.. သူ အဖြေပြောပြလိမ့်မယ်"
Bai Yutang က ထိုအရာကို အကြာကြီး ငေးစိုက်ကြည့်နေရင်းမှ မရဲတရဲ မေးလိုက်သည်။
"ဒါက ဘယ်လိုလုပ် ရင်းနှီးတဲ့ပုံ ရှိနေရတာလဲ"
"ဆေးစိမ်ထားတဲ့ အလောင်းလေ"
Zhan Zhao က ဘာမှမဖြစ်သလို ပြောလိုက်သည်။
"အဲ့ဒီက အသားစ"
"ကြောင်ရူး... "
Bai Yutang က ရွံရှာစွာဖြင့် အော်လိုက်သည်။
"မင်း ပြန်ပြီးရင် ရေသေချာချိုး လက်သေချာဆေး... အို.. တစ်ကိုယ်လုံးပါ ပေါင်းတင်.. အဲ့လိုအရာ မျိုးကို အိတ်ကပ်ထဲ ဘယ်လိုစိတ်ကူးနဲ့များ ထည့်လာတာလဲ... အဲဒီဘောင်းဘီ လွှင့်ပစ် ရှုပ်ပါတယ်... ငါမီးရှို့ပစ်မယ်"
(Bai Yutang မှာ ပိုးမွှားကြောက်တဲ့ ရောဂါရှိပါတယ်...အဲ့ဒါကြောင့် သူက အသန့်အရမ်းကြိုက်တာပါ)
Zhan Zhao က Bai Yutang ဖြစ်ပျက်နေပုံကို ကြည့်ရင်း
ဟက်ဟက်ပက်ပက် အော်ရယ်လေသည်။ ရုတ်တရက် လက်ကို ဆန့်ကာ Bai Yutang ၏ ကုတ်အင်္ကျီကို ထိလိုက်သည်။
"ကြောင်သေ ကြောင်နာ.. ရွံတယ် လာမထိနဲ့..."
Bai Yutang က သူ့အင်္ကျီကို ကြည့်၍ အံ့သြနေသည်။
"ဘာဖြစ်လဲ မင်းနဲ့ ငါ အတူတူပဲကို..."
Zhan Zhao က Bai Yutang ၏ အင်္ကျီလက်ကို ကိုင်ဖို့ ကြိုးစားနေသည်။
"ညစ်ပတ်လိုက်တဲ့ ကြောင်... ထွက်သွား..."
"အသန့်ကြိုက်တဲ့ ကြွက်လေးရယ်..."
.........
S.C.I. သို့ ပြန်ရောက်တော့ ဝင်ဝင်ချင်း Bao Zheng ၏ စိတ်ရှုပ်နေသော မျက်နှာ ပြာပြာကြီးနှင့် စတွေ့ရလေသည်။
"မင်းတို့ နှစ်ကောင် သတင်းကောင်းပါလာဖို့ ကောင်းမယ်နော်..."
Bao Zheng က မြူးတူးနေသော နှစ်ကောင်သားကို ကြည့်ရာ မျက်မှောင်ကြုံ့လိုက်သည်။
"ဒါမှမဟုတ်ရင်တော့ အိမ်သာက မင်းတို့ကို အသင့်စောင့်နေပြီးသား.."
Bai Yutang ကတော့ Zhan Zhao ဘက်သို့ မျက်စပစ်ပြသည်။
"ကြောင်လေး.. မင်းကို ပြောနေတာ"
Zhan Zhao က ပြုံးလိုက်သည်။
"Bao Sir.. တကယ်လို့ Bao Sir မကျေနပ်ရင် အပြစ်ဒဏ်ခံယူဖို့ အသင့်ပါပဲ"
အားလုံးက အံ့သြကာ တုန်လှုပ်သွားပြီး Bai Yutang ကတော့ မျက်လုံးကြီး ပြူးကာ Zhan Zhao အား ကြည့်နေလေသည်။
Zhan Zhao က လက်ကိုင်ပုဝါနှင့် ထုတ်ပိုးထားသော အသားစကို Gongsun အား ပေးလိုက်ပြီး ပြောသည်။
"ဒါက Shang Luo အိမ်မှာရှိတဲ့ အလောင်းက ရတဲ့ အသားစ"
Gongsun က စိတ်လှုပ်ရှားစွာ စစ်ဆေးလိုက်ပြီး မကြာခင် ရလဒ်မှတ်တမ်းနှစ်ခုကိုင်ကာ ပြန်ထွက်လာသည်။
"ငါ ခုနက တွေ့ထားတာနဲ့ အတူတူပဲ.. ဒါက လုံးဝ မိုက်တယ်ဟ"
"မင်းတို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ"
Bao Zheng က နားမလည်၍ မျက်မှောင်ကြုံ့သည်။
Gongsun က ဆေးစစ်ချက်ကိုထုတ်ပြလိုက်သည်။
"ဒီသေတ္တာ အလောင်းတွေက လွန်ခဲ့တဲ့ နှစ်ရာပေါင်း များစွာ က ဆေးစိမ်ထားတာ.. လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လူသေထိန်းသိမ်းတဲ့ နည်းပညာက Tanaka ရဲ့ ရုံးခန်းမှာ တွေ့ခဲ့တဲ့ သေတ္တာအလောင်းက နည်းပညာနဲ့ အတူတူပဲ..."
အားလုံးက Gongsun ရဲ့ ရှင်းပြချက်ကြောင့် ကြောင်သွားသည်။
"အဲဒါက ဘာလဲဆိုတော့ အခုခေတ် နည်းပညာပဲလို့ ဆိုလိုချင်တာလား.."
Bai Chi က အံ့အားသင့်စွာ မှတ်ချက်ချသည်။
"တူစီ လူမျိုး တွေ..ကရော"
Zhan Zhao ကပြုံးလိုက်သည်။
"တူစီရဲ့ ရာဇဝင်က စပြောမယ်ဆိုရင် တူစီလူမျိုးတွေမှာ ရှိတဲ့ ပန်းချီ အနုပညာ လက်ရာ အကုန်လုံးက လိမ်ထားတာချည်းပဲ... နိုင်ငံကျော် စာရေးဆရာ...ဓာတ်ပုံဆရာ.. ပန်းချီဆရာ... ရှေးဟောင်းပစ္စည်း စုဆောင်းသူ.. အားလုံးပေါင်းပြီး ပုံမှားရိုက်တာ.. သူတို့ပေါင်းပြီး တူစီယဥ်ကျေးမှု အလောင်းနဲ့ မဖြစ်နိုင်တဲ့ အရာတွေကို ဖန်တီးခဲ့ကြတာပဲ..."
"ဒါပေမဲ့ အဲ့ဒီ ဖန်တီးသူတွေသာ သေကုန်ကြမယ်ဆိုရင် ဖန်တီးထားတဲ့ ယဥ်ကျေးမှုက အမှန်တရား ဖြစ်လာလိမ့်မယ်.. "
Zhan Zhao က မှတ်ချက်ချသည်။
"တိုးတက်လာတဲ့ နည်းပညာနဲ့အတူ ရှေးဟောင်းပစ္စည်း ကိုမှ စိတ်ဝင်စားတဲ့သူတွေအတွက် တူစီကျိန်စာက သူတို့အတွက် ပိုက်ဆံတွေ အများကြီး ရစေနိုင်တယ်လေ..."
...........
End of Non- human Murderer 19
Thank you all
နောက်ပြန်မဲ့ အပိုင်းလေးကို မျှော်ပေးကြပါဦးနော် ဒီနေ့ အပြီး ရေးပေးမှာ.. novel တစ်အုပ်လုံးမှာ ကျွန်တော် အပြန်ချင်ခဲ့ဆုံး အခန်းလေးမို့ ဆက်ဆက် မျှော်နေကြပါဦးနော် အရမ်း sweet ပြီး အရမ်းကြိုက်လို့😁😁
See ya