Zawgyi
ကားေလးက ေျမညီထပ္မွ လ်င္ျမန္စြာ ထြက္သြားၿပီးေနာက္ ခန္းမေရွ႕ရွိ Zhan Zhao ကို တင္ေဆာင္ကာ Linjiang ရွိ အပန္းေျဖရိပ္သာ ေနရာသို႔ အေသာ့ႏွင္ေလေတာ့သည္။ Zhan Zhao တြင္ ၿဂိဳဟ္တု တည္ေနရာျပစက္ ပါသြားသည့္အတြက္ Bai Yutang တို႔က ကားေနာက္မွ ကပ္ေမာင္းစာ မလိုပဲ တည္ေနရာျပစက္ အကူအညီျဖင့္သာ ေအးေဆးစြာ ေမာင္းလာၾကေလသည္။
ကားေမာင္းေနရင္းျဖင့္ Shang Luo က စကားစေျပာလာသည္။
"Dr. Zhan... ပညာရပ္တစ္ခုနဲ႕ ပတ္သက္တဲ့ ေမးခြန္းနည္းနည္းေလာက္ ေမးခ်င္လို႔ ရမလားဗ်..."
Zhan Zhao က ျပတင္းေဘးမွ ရႈခင္းမ်ားၾကည့္ရင္း လိုက္ပါလာရာမွ Shang Luo အသံေၾကာင့္ စိတ္ဝင္စားပုံႏွင့္ လွည့္ၾကည့္လိုက္သည္။
"စိတ္ပညာလား..."
"ဟုတ္ပါတယ္"
Shang Luo က အၿပဳံးႏွင့္ ေခါင္းညိတ္လိုက္သည္။
"ကြၽန္ေတာ္ တကယ္ေတာ့ ပညာရွင္တစ္ေယာက္ကို ေမးခ်င္ေနခဲ့တာ ေတာ္ေတာ္ၾကာၿပီဗ်.."
" ေမးပါ ကြၽန္ေတာ္ နားေထာင္ေနပါတယ္"
Zhan Zhao က ေျခေထာက္ကို ျပင္ထိုင္ရင္း Shang Luo ၏ အေမးကို ေစာင့္ေနေလသည္။
"... ဆရာ့ရဲ႕ စာထဲမွာက.. ဝိညာဥ္ေတြကို မယုံဘူးလို႔ ေရးထားတယ္ေနာ္..."
Shang Luo က ေလသံႏွင့္သာ တိုးတိုးေျပာသည္။
"ဝိညာဥ္.."
Zhan Zhao က အံ့ၾသတႀကီးႏွင့္ သံေယာင္လိုက္ကာ ေရ႐ြတ္မိသည္။
"တကယ့္ ဝိညာဥ္ကို ဆိုလိုခ်င္တာလား တျခားမျမင္နိုင္တဲ့ အရာကို သြယ္ဝိုက္ေျပာခ်င္တာလား"
"ဝိညာဥ္ဆိုတာက ေလာကႀကီးမွာ တကယ္ရွိတဲ့ အရာပါ... အသက္ရွိတာ မရွိတာက တစ္ပိုင္းေပါ့.. ဒါေပမဲ့ သိပၸံပညာနဲ႕ ေျပာလို႔မရနိုင္မဲ့ အရာေတြမ်ား ရွိေနလားလို႔.. အဲ့ဒါ..."
Shang Luo က သူ႕အေတြးသူ ေျပာျပေနသည္။
"မွင္သက္စရာေကာင္းတဲ့ အရာတစ္ခု ...."
Zhan Zhao က ႏႈတ္ခမ္းတြန့္႐ုံ ၿပဳံးလိုက္သည္။
"စာထဲမွာ..."
အသံဖမ္းစက္မွ ၾကားရေသာ အသံေၾကာင့္ Bai Yutang ကလဲ ၿပဳံးလိုက္သည္။
"ဒီေၾကာင္ေလးကေတာ့... မဟုတ္တာေတြ"
Bai Chi ေလးက သူ႕အစ္ကိုဘက္လွည့္ကာ တိုးတိုးေလး ေျပာသည္။
"အစ္ကိုက တကယ္ မယုံလို႔လား"
Bai Yutang က တစ္ခ်က္လွည့္ၾကည့္သည္။
" အဲ့ဒါသာဆိုရင္ ရဲေတြ ဘယ္လိုလုပ္ အမႈေတြ ေျဖရွင္းရေတာ့မွာလဲ".
Bai Chi က သူတစ္ေယာက္ထဲ ၾကား႐ုံေလးေျပာေနသည္။
"မယုံဘူးဆိုတိုင္း မျမင္ရတာမွ မဟုတ္..."
Bai Yutang က ရယ္လိုက္သည္။
"ဒီကေလးေလးက ျပန္ေတာင္ ေျပာတတ္ေနၿပီေပါ့.... ငါ မျမင္ဖူးလို႔ မယုံတာ မဟုတ္ဘူးကြ... ငါ့မ်က္စိေရွ႕မွာ ျမင္ေနရရင္ေတာင္ ငါ မယုံဘူးဆိုရင္ ငါ့အတြက္က သရဲ မဟုတ္ဘူး"
Bai Chi က ပြစိပြစိ ဆက္၍ ေရ႐ြတ္ေနျပန္သည္။
"အဲ့ေၾကာင့္မို႔လဲ သရဲေတြေတာင္ မေျခာက္ရဲတာ...."
"မင္း ဘာေတြ ေျပာေနတာလဲ"
Bai Yutang က ေအာ္လိုက္သည္။
"ဘာမွ... မေျပာပါဘူး.."
"ဆရာက ယုံတာလား..."
Zhan Zhao ၏ အေျဖေၾကာင့္ Shang Luo က လန့္၍ ေအာ္လိုက္သည္။
"ဆရာတို႔လို စိတ္ပညာရွင္ေတြက မ်က္စိနဲ႕တပ္အပ္မျမင္တဲ့အရာေတြကို ယုံၾကည္လိမ့္မယ္လို႔ ကြၽန္ေတာ္ တစ္ခါမွ မေတြးထားခဲ့ဘူး"
Zhan Zhao က ျပန္ေျဖသည္။
"စိတ္ပညာရွင္ေတြက ဘာလို႔ မယုံၾကည္ဘူးလို႔ ထင္ေနရတာလဲ ဒါနဲ႕ Mr. Shang က ဘာလို႔ ေမးတာလဲ"
"ေအာ္ ကြၽန္ေတာ္ေမးခ်င္တာက... လူမဟုတ္တဲ့အရာတစ္ခုကို ေတြ႕ျမင္ေနရရင္ ... မၾကားသင့္တဲ့ အသံေတြ ကြၽန္ေတာ္ၾကားေနရရင္... အဲ့ဒါက ထူးျခားတဲ့ စြမ္းရည္လား... ဒီအတိုင္း စိတ္ထင္တာပဲလား ဟင္.."
Shang Luo က စိတ္ဖိစီးေနေသာ ပုံေပါက္လ်က္...
"ကြၽန္ေတာ့္ကို ဒီျပသာနာက ေႏွာင့္ယွက္ေနခဲ့တာ အေတာ္ၾကာၿပီ"
" ခင္ဗ်ားျမင္တဲ့ အရာအေပၚမွာ မူတည္ပါတယ္"
Zhan Zhao က ေျဖသည္။
"Mr. Shang က လူမဟုတ္တဲ့ အရာေတြ တကယ္ျမင္ေနရတာလား"
Shang Luo က ေျပာသင့္ မေျပာသင့္ ေတြးေနရင္းမွ မရဲတရဲ ေခါင္းညိတ္သည္။
" အဲ့ဒါ အမွန္ပါ.. ေသတၱာအေလာင္း ျပန္ေရာက္လာၿပီးေတာ့မွ... အဲ့ဒါက ရက္အနည္းငယ္ပဲ ရွိေသးတယ္..."
စကားဝိုင္းမၿပီးေသးခင္ Linjiang ရွိ အပန္းေျဖရပ္ကြက္ထဲသို႔ ဝင္လာကာ Shang Luo က အပန္းေျဖအိမ္ရာငယ္ေလးတစ္ခု၏ ၿခံဝင္းေရွ႕တြင္ ကားရပ္ကာ ေျပာလိုက္သည္။
"ဒီမွာပါ..."
Zhan Zhao က ကားမွန္ျပတင္းမွ တစ္ဆင့္ျမင္ေနရေသာ အပန္းေျဖအိမ္ရာကို သံဂိတ္တံခါးကို ျဖတ္၍ ၾကည့္ေနမိသည္။ ထိုရပ္ကြက္ထဲရွိ အျခားေသာ အပန္းေျဖအိမ္ရာမ်ားႏွင့္ ပုံစံ အေနအထား သိပ္မကြာလွေသာ္လဲ စိတ္ထင္ေၾကာင့္၍လားေတာ့ မသိ သရဲတစ္ခ်ိဳ႕က ၾကည့္ေနသလိုလို...
ကားရပ္ၿပီးေနာက္ Shang Luo က Zhan Zhao ႏွင့္အတူ ဂိတ္တံခါးကိုဖြင့္ကာ အပန္းေျဖအိမ္ထဲသို႔ လမ္းေလွ်ာက္၍ ဝင္သြားသည္။
ထိုသူႏွစ္ေယာက္ အထဲဝင္သြားသည္ကို လွမ္းေတြ႕ၿပီးေနာက္ Bai Yutang က ၿခံႏွင့္ မလွမ္းမကမ္းရွိ ပန္းၿခဳံေလးနားတြင္ ကားရပ္လိုက္သည္။
Bai Chi ေလးက အိမ္ထဲကို လွမ္းၾကည့္ကာ မေအာ္မိေအာင္ ပါးစပ္ကို ပိတ္လိုက္သည္။
"ဘာျဖစ္တာလဲ"
Bai Yutang က Bai Chi တစ္ခုခုေတြ႕လိုက္သည္အထင္ႏွင့္ စိတ္လႈပ္ရွားစြာ ေမးလိုက္သည္။
"အိမ္ႀကီးက ေၾကာက္စရာ အရမ္းေကာင္းတာပဲ"
Bai Chi က Shang Luo ၏ အပန္းေျဖအိမ္ရာထဲ လက္ညိုးထိုးကာ ေျပာေလသည္။
"ၾကက္သီးေတြပါ ထတယ္"
Bai Yutang က Bai Chi ေျပာေသာ ေၾကာက္စရာႀကီးကို ရွာေတြ႕ရန္ ေဘးဘီဝဲယာ ၾကည့္ေနေသးသည္။ မျမင္ရ၍ Bai Chi ကို နားမလည္နိုင္စြာ ေမးလိုက္သည္။
"ဘယ္ေနရာက ေၾကာက္စရာ ေကာင္းေနတာလဲ"
"ကြၽန္ေတာ္ တပ္အပ္ေတာ့ မေျပာနိုင္ဘူး"
Bai Chi က ထိုင္ခုံအေနာက္ဘက္ရွိ ကုတ္အကၤ်ီကို ထပ္ဝတ္လိုက္သည္။
"ၾကည့္ရင္းနဲ႕ ေခါင္းေတြ ႀကိမ္းလာၿပီး တစ္ကိုယ္လုံး ခ်မ္းလာတာပဲဗ်.."
"Bai Sir.. ကြၽန္ေတာ္တို႔လဲ အဲ့လိုႀကီးပဲ ခံစားရတာ.. "
စကားေျပာစက္မွ ေျပာလာေသာ Zhao Hu ရယ္ပါ...
"သရဲေျခာက္တဲ့ အိမ္ႀကီးနဲ႕ တူတယ္ေနာ္.."
Bai Yutang က အၾကာႀကီး တိတ္ဆိတ္ေနၿပီး ေျပာလိုက္သည္။
"ငါေတာ့ မ်က္စိေဆးခန္းျပရဦးမယ္နဲ႕တူတယ္"
ထိုအခ်ိန္တြင္ အသံဖမ္းစက္မွ Zhan Zhao ၏ အသံကို ၾကားလိုက္ရသည္။
"ဒီအိမ္က ေတာ္ေတာ္ ထူးျခားတယ္ေနာ္.."
Shang Luo က ေသာ့ထုတ္ကာ အိမ္တံခါးကို လွည့္ဖြင့္လိုက္သည္။
"ဆရာေရာ ခံစားမိေနတာလား"
Zhan Zhao က ခပ္ဟဟ ရယ္လိုက္သည္။
"အိမ္ႀကီးက ဒီေလာက္ေတာင္ မႈန္မွိုင္းေနတာ တကယ္လို႔ မသိဘူးဆိုရင္ ကြၽန္ေတာ္ မ်က္စိေဆးခန္းသြားရေတာ့မွာေပါ့..."
"အဟြတ္.."
ၾကားလိုက္ရေသာ Bai Chi က ရယ္ခ်င္ေပမဲ့ ထိန္းလိုက္ေသာေၾကာင့္ ေခ်ာင္းေတြပါ ဆိုးကုန္သည္။
စကားေျပာစက္ တစ္ဖက္မွ Zhao Hu ကေတာ့ လွမ္းစသည္။
"မင္းဆီမွာ မ်က္စိအထူးကုဆရာဝန္ညီမတစ္ေယာက္ေလာက္ မရွိဘူးလား..Bai Sir ကို ဆရာေကာင္းေကာင္းေလးတစ္ေယာက္ေလာက္ မိတ္ဆက္ေပးလိုက္ပါကြာ..."
"ခြီး.."
Bai Chi က သည္တစ္ခါေတာ့ မေနနိုင္ေတာ့ပဲ ထရယ္ေလသည္။
Bai Yutang ကေတာ့ အံႀကိတ္လ်က္...
"ေၾကာင္စုတ္ေလး... မင္း ေစာင့္ေနစမ္းပါ..."
"ဒီအိမ္ႀကီးက အရိပ္အေတာ္က်တာဗ်... ဒီမွာေနရင္ တစ္ႏွစ္လုံး ေနကို မျမင္ရဘူး.. ဒါေၾကာင့္မို႔လဲ တျခားအိမ္ေတြထက္ ပိုၿပီး မႈန္မွိုင္းေနသလို ခံစားရတာေလ..."
Shang Luo က ရွင္းျပသည္။
"ဒီအိမ္ကို Feng Shui ေ႐ြးလို႔ ကြၽန္ေတာ္ ဝယ္ခဲ့တာ..."
"Feng Shui??.."
Zhan Zhao မ်က္ႏွာက နားမလည္သည့္အရိပ္ေတြ ျပည့္ေနသည္။
"ဘာလို႔မ်ား ဒီေလာက္ ေမွာင္ေနတဲ့ အိမ္ကို ေ႐ြးခဲ့တာလဲ.."
" အဲ့ဒါက ကြၽန္ေတာ္ စုစည္းထားခဲ့တဲ့ ပစၥည္းေတြနဲ႕လဲ ပတ္သက္တယ္ဗ်..."
Shang Luo က မီးခလုတ္ကို စမ္းကာ ဖြင့္လိုက္သည္။ အလင္းေရာင္တို႔ အခန္းထဲ ဝင္ေရာက္လာခ်ိန္တြင္ေတာ့ အုံ႕ဆိုင္းေနေသာ အခန္းမွာ လင္းထိန္လာသည္။
"အေလာင္းေတြကို ေနေရာင္မ်ားမ်ားရတဲ့ အခန္းထဲ ထားလို႔မျဖစ္ဘူးေလ မဟုတ္ရင္ ပ်က္စီးကုန္မွာ စိုးလို႔ပါ..."
Zhan Zhao က Shang Luo ႏွင့္အတူ ဧည့္ခန္းထဲသို႔ လိုက္ဝင္လာသည္။
"Mr. Shang က ဒီမွာ တစ္ေယာက္ထဲ ေနတာလား... မေၾကာက္တတ္ဘူးလား"
Shang Luo က သက္ျပင္းအသာခ်သည္။
"တျခားနည္းလမ္းကိုမွ ရွာလို႔မရပဲေလ ဆရာရယ္"
Bai Chi က သူတို႔ေျပာစကားမ်ား ၾကားရၿပီးေနာက္ တုန္လႈပ္သြားၿပီး အာ႐ုံထဲတြင္ အေလာင္းမ်ားျပည့္ေနေသာ အခန္းႀကီး တစ္ခုကို ျမင္ကာ ၾကက္သီးမ်ား အဆင္မျပတ္ ထေနသည္။
"ဘယ္လိုသတၱဝါမွ အဲ့လိုအိမ္မွာ မေနနိုင္ဘူး... Shang Luo က ႐ူးေနတာပဲ..."
ေဘးတြင္ရွိေသာ Bai Yutang က ၿပဳံးလိုက္သည္။
"ဒီကေလးကေတာ့ မျဖစ္နိုင္တာေတြ ေျပာေနျပန္ပါၿပီ.. အေလာင္းက အေလာင္းပဲကို အဲ့ေလာက္ ေၾကာက္စရာလိုလို႔လား... ၿပီးေတာ့ ေနက ေန႕ဘက္မွာ သာေနတယ္ေလ... အေလာင္းေတြက ဘယ္လုပ္နိုင္မွာမို႔လို႔လဲ.."
(T/N ဒီေနရာက စကားေျပာတာေတြက ဘာကိုဆိုလိုလဲ သိပ္မရွင္းလို႔ နားမလည္ျဖစ္ခဲ့ရင္ ေတာင္းပန္ပါတယ္ေနာ္ ကိုယ့္အမွားပါ)
Bai Chi က Bai Yutang ၏ ရွင္းျပႏွစ္သိမ့္ေနမႈမ်ားကို ၾကားေနရေသာ္လဲ ေၾကာက္စိတ္ကေတာ့ မေျပနိုင္ေသး။ ေခါင္းယမ္းကာ Bai Yutang ကို တိုးတိုးေလး ေမးလိုက္သည္။
" အဲ့ဒါဆို သရဲဆိုတာေတြက လိမ္တာလား"
Bai Yutang က တစ္ခ်က္ၾကည့္လိုက္သည္။
"အယူသီးတာ..."
" ဒါေပမဲ့ အဖိုးအဖြားေတြ ေျပာတာကေတာ့ တကယ္ရွိတယ္တဲ့. ."
Bai Chi က ၾကက္သီးထ၍ တုန္တက္သြားၿပီး ေျပာလိုက္သည္။
"အရင္တုန္းက စစ္ပြဲေတြမွာ ေသသြားၾကတဲ့ စစ္သားေတြက ဖုတ္ေကာင္ေတြ ျဖစ္ၿပီး လူေတြကို လိုက္သတ္တာတဲ့..."
Bai Yutang က ျပန္ေျဖသည္။
"ေသတာက ေသတာ... ဖုတ္ေကာင္က ဖုတ္ေကာင္... Shang Luo ရဲ႕ အိမ္ထဲမွာ ရွိတဲ့ အေလာင္းက မီးရွို႔လိုက္တာနဲ႕ ျပာက်သြားမွာ.. ဘာမွ ထူးျခားမႈမွ မရွိဘူး.. အဖိုးအဖြားေတြ ေျပာတယ္ဆိုတာက မင္းတို႔က သူတို႔စကားကို နားမေထာင္မွာစိုးလို႔ သက္သက္ေျခာက္တာပဲ.."
Bai Chi ေလးကေတာ့ ေခါင္းငုံ႕ကာ ေရ႐ြတ္လိုက္သည္။
"ကြၽန္ေတာ္က အထဲေရာက္ေနတဲ့ အစ္ကို႔ကိုပဲ စိတ္ပူတာပါ"
"ေၾကာင္ေလးကိုပဲလား..."
Bai Yutang က သြားမ်ားေပၚေအာင္ ၿပဳံးလိုက္သည္။
"တကယ္လို႔ အေလာင္းေတြ ရွိေနရင္ သူအရင္ျမင္ၿပီး ေခၚလာမွာ... ၿပီးေတာ့ Gongsun ကစားဖို႔ တစ္ခုတစ္ေလေလာက္ ယူလာလိမ့္မယ္.."
Bai Chi က တံေတြးတစ္ခ်က္ ၿမိဳခ်လိဳက္သည္။
"အေတာ္ဆိုးတာပဲ..."
"တစ္ခုခု ေသာက္ပါလား"
Shang Luo က ဝိုင္ပုလင္းမ်ား ထည့္ထားေသာ အကန့္တစ္ခုကို ဆြဲဖြင့္၍ Zhan Zhao ကို ေမးလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ရပါတယ္..."
Zhan Zhao က Shang Luo ဝိုင္ငွဲ႕ေနစဥ္ သစ္သားႏွင့္ ျပဳလုပ္ထားေသာ ေကာ္ဖီစားပြဲကို ေငးေမာၾကည့္ေနရင္း ဝိုင္ခြက္ကို လွမ္းယူလိုက္သည္။
"ဒါလဲ တူစီပရိေဘာဂ ေတြနဲ႕ တူတယ္ေနာ္..."
Zhan Zhao က သစ္သားစားပြဲခုံကို ၾကည့္၍ ေျပာလိုက္သည္။
"စူးရွလိုက္တဲ့ အျမင္ဗ်ာ..."
Shang Luo က ခပ္လြင္လြင္ေလး ရယ္ကာ ေခါင္းညိတ္လိုက္သည္။
"ဒီစားပြဲက တူစီလူမ်ိဳးေတြ သူတို႔ကေလးေတြအတြက္ လုပ္ေပးထားတဲ့ ပရိေဘာဂပဲေလ... အရမ္းခ်စ္ဖို႔ေကာင္းတယ္"
Zhan Zhao က ေခါင္းညိတ္သည္။
"ပစၥည္းေတြ စုေဆာင္းထားတာေလး ၾကည့္ခ်င္ေသးတယ္"
"ေကာင္းပါၿပီ"
Shang Luo က ဝိုင္ခြက္ကို စားပြဲေပၚတင္ကာ Zhan Zhao အား ဒုတိယထပ္သို႔ ေခၚေဆာင္သြားသည္။
"ပစၥည္းေတြကို ကြၽန္ေတာ္က ဒုတိယထပ္ရဲ႕ ျပခန္းတစ္ခုထဲမွာ ထားတာဗ်... ဒါနဲ႕...တစ္ခုခု ထူးျခားတဲ့ အသံမ်ား ၾကားမိခဲ့ရင္ မေၾကာက္ပါနဲ႕ေနာ္"
"ထူးျခားတဲ့ အသံ??"
Zhan Zhao က ေတြေဝ သြားသည္။
"ဘယ္လို အသံမ်ိဳးလဲ"
Shang Luo က ေခါင္းယမ္းကာ သက္ျပင္းခ်သည္။
"ညဘက္ေတြမွာ လူေတြ လမ္းေလွ်ာက္တဲ့ အသံမ်ိဳး ၾကားေနရလို႔"
"ဖြီး...."
Zhao Hu ပါးစပ္မွ ေကာ္ဖီမ်ား ပန္းထြက္သြားသလို Bai Chi နား႐ြက္ကိုလဲ ေလေအးမ်ား တိုးလာသကဲ့သို႔ ခံစားရကာ မ်က္လုံးမ်ား ျပဴးက်ယ္ကာ ဝိုင္းစက္လာသည္။
"လ..လ..လမ္းေလွ်ာက္တဲ့..အသံ"
"ဟြန့္..."
Bai Yutang က မဲ့ၿပဳံး ၿပဳံးသည္။
"ေကာင္ေလးက ဒါနဲ႕မ်ားကြာ.."
Shang Luo ၏ ေရွးေဟာင္းပစၥည္း သိုေလွာင္ေရးခန္းထဲသို႔ ေရာက္ကာ မီးဖြင့္လိုက္သည္ႏွင့္ အတန္းလိုက္ စီထားေသာ ေရွးေဟာင္းပစၥည္း မ်ားႏွင့္ အလယ္တည့္တည့္တြင္ ဖန္သား အတိၿပီးေသာ အေခါင္းႏွစ္ခုကို တန္းလ်က္ ခ်ထားသည္။ အေခါင္းႏွစ္ခုက အ႐ြယ္လုံးဝမတူေပ။
အႀကီး တစ္ခု အေသး တစ္ခု ျဖစ္သည္။ Zhan Zhao ကေတာ့ Gongsun ကို ေခၚလာရအေကာင္းသားဟု ေတြးေနမိသည္။ Gongsun ဆိုလွ်ငိ ထိုေနရာမွ ခြာေတာ့မည္မဟုတ္ေပ။
Shang Luo က Zhan Zhao အား ပစၥည္းမ်ားကို ရွင္းျပေပးေနသည္။ အေလာင္းႏွစ္ခုမွာ တူစီလူမ်ိဳးမ်ား အသက္ရွင္ခဲ့ေသာ အခ်ိန္ကတည္းက ေသဆုံးခဲ့ေသာ အေလာင္းမ်ားျဖစ္ကာ အေမႏွင့္သားျဖစ္ေၾကာင္း... ဆယ္ေက်ာ္သက္ အ႐ြယ္ျဖစ္သူ သားငယ္အား ဖန္သားအေခါင္းအေသးႏွင့္ ထည့္ထားေၾကာင္း ရွင္းျပသည္။
Zhan Zhao က ႏွစ္ရွည္လမ်ား ေဆးရည္စိမ္ထားေသာ အေလာင္းကို ၾကည့္ကာ ေမးလိုက္သည္။
"တူစီလူမ်ိဳးေတြက သၿဂိဳဟ္ရင္ ေသတၱာပုံစံလုပ္ၾကတာလား"
Shang Luo က ေခါင္းခါသည္။
"မဟုတ္ပါဘူး... အထူးတလည္ အရည္အခ်င္းရွိတဲ့ သူေတြပဲ ရတာ... ထပ္ေျပာရရင္ မိန္းကေလးေတြနဲ႕ ကေလးေတြကိုေတာ့ ရိုးရိုးပဲ သၿဂိဳဟ္ၾကတာ.. တူစီလူမ်ိဳးေတြရဲ႕ အေလာင္းစီမံတဲ့ နည္းလမ္းက ထူးျခားတယ္။ သူတို႔ေတြရဲ႕ အေလာင္းေတြက အရမ္းေကာင္းတယ္ မပုပ္ မသိုးပဲ အၾကာႀကီး အထားခံတယ္ေလ..."
Zhan Zhao က အေခါင္းအေသးထဲမွ ေဖာက္ထြင္းျမင္ရေသာ အေလာင္းေသးေသးေဘးမွ အေခါင္းကို ၾကည့္မိေတာ့ အေခါင္းက အဖုံးပြင့္ေနလ်က္သား..။ အထဲတြင္ ဘာမွမရွိ..
"Shang Luo... ဟိုဟာက.."
ရွင္းေျပာင္ေနေသာ အေခါင္းကို လွည့္ၾကည့္လိုက္ရင္း Shang Luo က မ်က္လုံးျပဴးကာ ဝိုင္းစက္သြားသည္။
"ဟို ... Mr. Shang... "
Zhan Zhao က Shang Luo ပခုံးအား ဖြဖြေလး ပုတ္ေပးလိုက္သည္။
"ဘာျဖစ္လို႔လဲ"
Shang Luo က ပါးစပ္အေဟာင္းသားႏွင့္ ရွိေနေသးသည္။ အၾကာႀကီး ေနၿပီးမွ တစ္ေယာက္ထဲ ေရ႐ြတ္လိုက္သည္။
"အဲဒါက... သူ သူ ဘယ္ေရာက္သြားတာလဲ..."
Zhan Zhao လက္ညိုး၏ အစြန္းတစ္ဖက္က ဟင္းလင္းပြင့္ေနေသာ အေခါင္းဆီသို႔ ၫႊန္ျပလ်က္ ေမးလိုက္သည္။
" ခင္ဗ်ားဆိုလိုခ်င္တာက အေခါင္းထဲမွာ အေလာင္းရွိေနခဲ့တာလား"
Shang Luo က ေခါင္းညိတ္လိုက္သည္။
"ဟုတ္တယ္..တူစီအမ်ိဳးသမီးေလ.. ၿပီးေတာ့ ကေလး...ကေလးနဲ႕ အေမေလ"
Zhan Zhao က ပြင့္ေနေသာ အေခါင္းကို သတိထားေနခဲ့မိသည္မွာ ၾကာခဲ့ၿပီ။
"အေခါင္းက ကြၽန္ေတာ္ေရာက္ထဲက ပြင့္ေနခဲ့တာ... အေလာင္းက အဲ့ထဲမွာ ရွိခဲ့တာလား"
Shang Luo က ေခါင္းညိတ္သည္။
"ကြၽန္ေတာ္ အျပင္မထြက္ခင္ တစ္ခါ စစ္ခဲ့ေသးတယ္.. ဘယ္လိုလုပ္..."
Zhan Zhao က ေသခ်ာ ေလ့လာၾကည့္လိုက္သည္။
"သူခိုးေတာ့ မဟုတ္နိုင္ေလာက္ဘူး"
"မျဖစ္နိုင္ပါဘူး.. ကြၽန္ေတာ္တပ္ထားတဲ့ သူခိုးအခ်က္ေပးစနစ္က အရမ္းတင္းၾကပ္ၿပီး လုံၿခဳံတာ... သူခိုးဆိုတာ လုံးဝမျဖစ္နိုင္ဘူးေလ... ဒါ...ဒါက... ၿပီးေတာ့..."
Shang Luo.က စကားကို တစ္ပိုင္းတစ္စႏွင့္ ရပ္လိုက္သည္။
"ၿပီးေတာ့ ဘာျဖစ္လဲ..."
Zhan Zhao က ေမးလိုက္သည္။
"ၿပီးေတာ့ ဒီညေတြမွာ ေျခသံေတြ တံခါးဖြင့္သံေတြ ၾကားေနရတာ...ညတိုင္းလိုပဲ..."
Shang Luo က တိုးတိုးေလး ဆက္ေျပာသည္။
"ၿပီးေတာ့ မိန္းမႀကီးတစ္ေယာက္ ငိုေနသံ...ကြၽန္ေတာ္..ၾကား..."
Shang Luo အသံပင္ မဆုံးေသး အမ်ိဳးသမီးတစ္ေယာက္၏ ငိုသံမ်ား မထင္မရွား ၾကားလိုက္ရသည္။
Bai Chi ကေတာ့ အသက္ရႉ ရပ္မတတ္ ေၾကာက္သြားသည္။
Bai Yutang ကေတာ့ မ်က္ေမွာင္ႀကဳံ႕ထားဆဲ... Zhan Zhao ႏွင့္ သူ ဒီညအတြက္ ျပင္ဆင္မႈမ်ား လုပ္ေနခ်ိန္ ထူးျခားသည္မ်ား.ျဖစ္လာမည္ဟု ခန့္မွန္းထားေသာ္လဲ ဤမွ်အထိေတာ့ ခန့္မွန္းမထားခဲ့ေပ။
တျခားတစ္ဖက္မွ Ma Han က စကားေျပာလာသည္။
"Bao Sir.. အထဲဝင္ၿပီး သြားၾကမလား... Dr. Zhan တစ္ခုခု ျဖစ္ေနဦးမယ္.."
Bai Yutang ကလဲ ေတြေဝေနဆဲ... ထိုအခ်ိန္တြင္ Zhan Zhao က Shang Luo ကို ေျပာလိုက္သည္။
"စိတ္မပူပါနဲ႕ ကြၽန္ေတာ္တို႔ သြားၾကည့္ရေအာင္ေလ..."
Shang Luo က ေခါင္းညိတ္၍ Zhan Zhao ႏွင့္အတူ ေကာ္ရစ္ဒါသို႔ ေလွ်ာက္သြားေတာ့မွ Bai Yutang လဲ သက္ျပင္းခ်နိဳင္သည္။ Zhan Zhao က သူတို႔အား မဝင္လာေစရန္ တားျမစ္ခ်င္ပုံပင္...
ထို႔ေၾကာင့္ Bai Yutang က စကားေျပာစက္ကို ေကာက္ကိုင္ကာ Ma Han ႏွင့္ Zhao Hu ကို အမိန့္ေပးလိုက္သည္။
"မင္းတို႔ႏွစ္ေယာက္ အိမ္ထဲ ဝင္သြားၿပီး အေျခအေန ေစာင့္ၾကည့္ေန..ငါ အခ်က္ျပတာကို ေစာင့္.. ဘာမွ မလႈပ္ရွားၾကနဲ႕ဦး..."
"ဟုတ္ကဲ့..."
Ma Han ႏွင့္ Zhao Hu က ျပန္ေျဖ၍ ေသနတ္ကို ထုတ္ကာ ေနာက္ဆုံးအႀကိမ္ စစ္ေဆး၍ အထဲဝင္ရန္ ျပင္လိုက္သည္။
Zhao Hu က Ma Han ၏ အကၤ်ီလက္ကို ဆြဲလိုက္သည္။
"ငါ..ငါတို႔ သရဲနဲ႕ဆုံခဲ့ရင္ ေသနတ္က ဖမ္းလို႔ရပါ့မလား"
Ma Han က စူးစူးရဲရဲ ၾကည့္သည္။
"ငါ အခုမွ မွတ္မိၿပီ.. သရဲနဲ႕ ေတြ႕ရင္ လွည့္မၾကည့္ရဘူးတဲ့ မင္းရဲ႕ အေသြးအသားေတြ စုပ္ယူတတ္တယ္..."
"အား..."
Zhao Hu က Ma Han ကို ေျပးဖက္ေလသည္။
"ငါက သူခိုးဖမ္းတဲ့ ရဲအရာရွိ သက္သက္ပဲ... သရဲႏွိမ္နင္းတဲ့ ေမွာ္ဆရာမဟုတ္ဘူး.. Ma Han... တကယ္လို႔ ေတြ႕ရင္ ငါ့ကို ကာကြယ္ေပးေနာ္...ငါ..."
Ma Han မွာ စိတ္မရွည္ေတာ့၍ တံခါးကို ဖြင့္ကာ Zhao Hu အား.ေစာင့္ကန္ေလသည္။
"ဆက္သြား...ဘယ္လိုေတာင္ ျဖစ္ပ်က္ေနတာ..."
ႏွစ္ေယာက္သား အပန္းေျဖအိမ္ရာထဲ ဝင္သြားၾကသည္။
"အစ္ကို တစ္ေယာက္ထဲရယ္... တစ္ခုခု ျဖစ္ေနမွာ..."
Bai Chi က စိတ္ပူစြာ ေရ႐ြတ္ေတာ့ Bai Yutang က ေခါင္းယမ္းသည္။
"ေၾကာင္ေလးက ဓားသာ မကြၽမ္းတာ ငါတို႔အထဲမွာ အေတာ္ဆုံးနဲ႕ အသိဆုံးပဲ သူ မလာေစခ်င္တာကို ငါတို႔ အတင္း သြားလို႔ မျဖစ္ဘူးေလ.. သူ႕မွာ အေၾကာင္းအရင္းတစ္ခုခု ရွိေနမွာ..."
ထိုအခ်ိန္တြင္ Ma Han ႏွင့္ Zhao Hu တို႔က ၿခံဝင္းထဲ ေရာက္ေနတာ ၿခဳံခိုတိုက္ရန္ အသင့္ျဖစ္ေနၿပီ...
Bai Yutang က အေနာက္ကို မွီထိုင္လိုက္ၿပီး ေၾကာင္ေလးကို ျမင္လိုျမင္ရျငား အိမ္ထဲသို႔သာ လွမ္းၾကည့္ေနသည္။
Zhan Zhao ႏွင့္ Shang Luo က တံခါးမွ ထြက္ကာ ငိုသံၾကားရာ လမ္းအတိုင္း လိုက္လာရင္းႏွင့္မွ ထိုငိုသံ ႐ုတ္တရက္ ရပ္သြား၍ လက္ေဖ်ာက္တီးသံစူးစူးရွရွအား ျပတ္သားစြာ ၾကားလိုက္ရသည္။ ထိုအသံက အရိုးအဆစ္လြဲသံႏွင့္လဲ ဆင္ေနရာ ဘာမွန္းေတာ့ မခန့္မွန္းနိုင္ေတာ့
ထို႔ေနာက္ ခပ္ဖြ ဖြ ေျခသံ တစ္ခု..
Shang Luo က Zhan Zhao အား ေျပာသည္။
"ကြၽန္ေတာ္ အရင္သြားမယ္...တစ္ခုခုဆို အျမန္ဆုူံ ထြက္ေျပးပါ ကြၽန္ေတာ့္ကို စိတ္မပူပါနဲ႕..."
Zhan Zhao က ေခါင္းညိတ္သည္။
"စိတ္ခ်ပါ.. ကြၽန္ေတာ္ သတိထားပါ့မယ္..."
ကားထဲမွ Bai Yutang က ထိုစကားကို ၾကားသည္ႏွင့္ မဲ့ၿပဳံးတစ္ခ်က္ အထင္းသား..
"ေၾကာင္စုတ္"
......
End of Non human murderer 17
Thank you all
Unicode
ကားလေးက မြေညီထပ်မှ လျင်မြန်စွာ ထွက်သွားပြီးနောက် ခန်းမရှေ့ရှိ Zhan Zhao ကို တင်ဆောင်ကာ Linjiang ရှိ အပန်းဖြေရိပ်သာ နေရာသို့ အသော့နှင်လေတော့သည်။ Zhan Zhao တွင် ဂြိုဟ်တု တည်နေရာပြစက် ပါသွားသည့်အတွက် Bai Yutang တို့က ကားနောက်မှ ကပ်မောင်းစာ မလိုပဲ တည်နေရာပြစက် အကူအညီဖြင့်သာ အေးဆေးစွာ မောင်းလာကြလေသည်။
ကားမောင်းနေရင်းဖြင့် Shang Luo က စကားစပြောလာသည်။
"Dr. Zhan... ပညာရပ်တစ်ခုနဲ့ ပတ်သက်တဲ့ မေးခွန်းနည်းနည်းလောက် မေးချင်လို့ ရမလားဗျ..."
Zhan Zhao က ပြတင်းဘေးမှ ရှုခင်းများကြည့်ရင်း လိုက်ပါလာရာမှ Shang Luo အသံကြောင့် စိတ်ဝင်စားပုံနှင့် လှည့်ကြည့်လိုက်သည်။
"စိတ်ပညာလား..."
"ဟုတ်ပါတယ်"
Shang Luo က အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် တကယ်တော့ ပညာရှင်တစ်ယောက်ကို မေးချင်နေခဲ့တာ တော်တော်ကြာပြီဗျ.."
" မေးပါ ကျွန်တော် နားထောင်နေပါတယ်"
Zhan Zhao က ခြေထောက်ကို ပြင်ထိုင်ရင်း Shang Luo ၏ အမေးကို စောင့်နေလေသည်။
"... ဆရာ့ရဲ့ စာထဲမှာက.. ဝိညာဥ်တွေကို မယုံဘူးလို့ ရေးထားတယ်နော်..."
Shang Luo က လေသံနှင့်သာ တိုးတိုးပြောသည်။
"ဝိညာဥ်.."
Zhan Zhao က အံ့သြတကြီးနှင့် သံယောင်လိုက်ကာ ရေရွတ်မိသည်။
"တကယ့် ဝိညာဥ်ကို ဆိုလိုချင်တာလား တခြားမမြင်နိုင်တဲ့ အရာကို သွယ်ဝိုက်ပြောချင်တာလား"
"ဝိညာဥ်ဆိုတာက လောကကြီးမှာ တကယ်ရှိတဲ့ အရာပါ... အသက်ရှိတာ မရှိတာက တစ်ပိုင်းပေါ့.. ဒါပေမဲ့ သိပ္ပံပညာနဲ့ ပြောလို့မရနိုင်မဲ့ အရာတွေများ ရှိနေလားလို့.. အဲ့ဒါ..."
Shang Luo က သူ့အတွေးသူ ပြောပြနေသည်။
"မှင်သက်စရာကောင်းတဲ့ အရာတစ်ခု ...."
Zhan Zhao က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
"စာထဲမှာ..."
အသံဖမ်းစက်မှ ကြားရသော အသံကြောင့် Bai Yutang ကလဲ ပြုံးလိုက်သည်။
"ဒီကြောင်လေးကတော့... မဟုတ်တာတွေ"
Bai Chi လေးက သူ့အစ်ကိုဘက်လှည့်ကာ တိုးတိုးလေး ပြောသည်။
"အစ်ကိုက တကယ် မယုံလို့လား"
Bai Yutang က တစ်ချက်လှည့်ကြည့်သည်။
" အဲ့ဒါသာဆိုရင် ရဲတွေ ဘယ်လိုလုပ် အမှုတွေ ဖြေရှင်းရတော့မှာလဲ".
Bai Chi က သူတစ်ယောက်ထဲ ကြားရုံလေးပြောနေသည်။
"မယုံဘူးဆိုတိုင်း မမြင်ရတာမှ မဟုတ်..."
Bai Yutang က ရယ်လိုက်သည်။
"ဒီကလေးလေးက ပြန်တောင် ပြောတတ်နေပြီပေါ့.... ငါ မမြင်ဖူးလို့ မယုံတာ မဟုတ်ဘူးကွ... ငါ့မျက်စိရှေ့မှာ မြင်နေရရင်တောင် ငါ မယုံဘူးဆိုရင် ငါ့အတွက်က သရဲ မဟုတ်ဘူး"
Bai Chi က ပွစိပွစိ ဆက်၍ ရေရွတ်နေပြန်သည်။
"အဲ့ကြောင့်မို့လဲ သရဲတွေတောင် မခြောက်ရဲတာ...."
"မင်း ဘာတွေ ပြောနေတာလဲ"
Bai Yutang က အော်လိုက်သည်။
"ဘာမှ... မပြောပါဘူး.."
"ဆရာက ယုံတာလား..."
Zhan Zhao ၏ အဖြေကြောင့် Shang Luo က လန့်၍ အော်လိုက်သည်။
"ဆရာတို့လို စိတ်ပညာရှင်တွေက မျက်စိနဲ့တပ်အပ်မမြင်တဲ့အရာတွေကို ယုံကြည်လိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးထားခဲ့ဘူး"
Zhan Zhao က ပြန်ဖြေသည်။
"စိတ်ပညာရှင်တွေက ဘာလို့ မယုံကြည်ဘူးလို့ ထင်နေရတာလဲ ဒါနဲ့ Mr. Shang က ဘာလို့ မေးတာလဲ"
"အော် ကျွန်တော်မေးချင်တာက... လူမဟုတ်တဲ့အရာတစ်ခုကို တွေ့မြင်နေရရင် ... မကြားသင့်တဲ့ အသံတွေ ကျွန်တော်ကြားနေရရင်... အဲ့ဒါက ထူးခြားတဲ့ စွမ်းရည်လား... ဒီအတိုင်း စိတ်ထင်တာပဲလား ဟင်.."
Shang Luo က စိတ်ဖိစီးနေသော ပုံပေါက်လျက်...
"ကျွန်တော့်ကို ဒီပြသာနာက နှောင့်ယှက်နေခဲ့တာ အတော်ကြာပြီ"
" ခင်ဗျားမြင်တဲ့ အရာအပေါ်မှာ မူတည်ပါတယ်"
Zhan Zhao က ဖြေသည်။
"Mr. Shang က လူမဟုတ်တဲ့ အရာတွေ တကယ်မြင်နေရတာလား"
Shang Luo က ပြောသင့် မပြောသင့် တွေးနေရင်းမှ မရဲတရဲ ခေါင်းညိတ်သည်။
" အဲ့ဒါ အမှန်ပါ.. သေတ္တာအလောင်း ပြန်ရောက်လာပြီးတော့မှ... အဲ့ဒါက ရက်အနည်းငယ်ပဲ ရှိသေးတယ်..."
စကားဝိုင်းမပြီးသေးခင် Linjiang ရှိ အပန်းဖြေရပ်ကွက်ထဲသို့ ဝင်လာကာ Shang Luo က အပန်းဖြေအိမ်ရာငယ်လေးတစ်ခု၏ ခြံဝင်းရှေ့တွင် ကားရပ်ကာ ပြောလိုက်သည်။
"ဒီမှာပါ..."
Zhan Zhao က ကားမှန်ပြတင်းမှ တစ်ဆင့်မြင်နေရသော အပန်းဖြေအိမ်ရာကို သံဂိတ်တံခါးကို ဖြတ်၍ ကြည့်နေမိသည်။ ထိုရပ်ကွက်ထဲရှိ အခြားသော အပန်းဖြေအိမ်ရာများနှင့် ပုံစံ အနေအထား သိပ်မကွာလှသော်လဲ စိတ်ထင်ကြောင့်၍လားတော့ မသိ သရဲတစ်ချို့က ကြည့်နေသလိုလို...
ကားရပ်ပြီးနောက် Shang Luo က Zhan Zhao နှင့်အတူ ဂိတ်တံခါးကိုဖွင့်ကာ အပန်းဖြေအိမ်ထဲသို့ လမ်းလျှောက်၍ ဝင်သွားသည်။
ထိုသူနှစ်ယောက် အထဲဝင်သွားသည်ကို လှမ်းတွေ့ပြီးနောက် Bai Yutang က ခြံနှင့် မလှမ်းမကမ်းရှိ ပန်းခြုံလေးနားတွင် ကားရပ်လိုက်သည်။
Bai Chi လေးက အိမ်ထဲကို လှမ်းကြည့်ကာ မအော်မိအောင် ပါးစပ်ကို ပိတ်လိုက်သည်။
"ဘာဖြစ်တာလဲ"
Bai Yutang က Bai Chi တစ်ခုခုတွေ့လိုက်သည်အထင်နှင့် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"အိမ်ကြီးက ကြောက်စရာ အရမ်းကောင်းတာပဲ"
Bai Chi က Shang Luo ၏ အပန်းဖြေအိမ်ရာထဲ လက်ညိုးထိုးကာ ပြောလေသည်။
"ကြက်သီးတွေပါ ထတယ်"
Bai Yutang က Bai Chi ပြောသော ကြောက်စရာကြီးကို ရှာတွေ့ရန် ဘေးဘီဝဲယာ ကြည့်နေသေးသည်။ မမြင်ရ၍ Bai Chi ကို နားမလည်နိုင်စွာ မေးလိုက်သည်။
"ဘယ်နေရာက ကြောက်စရာ ကောင်းနေတာလဲ"
"ကျွန်တော် တပ်အပ်တော့ မပြောနိုင်ဘူး"
Bai Chi က ထိုင်ခုံအနောက်ဘက်ရှိ ကုတ်အင်္ကျီကို ထပ်ဝတ်လိုက်သည်။
"ကြည့်ရင်းနဲ့ ခေါင်းတွေ ကြိမ်းလာပြီး တစ်ကိုယ်လုံး ချမ်းလာတာပဲဗျ.."
"Bai Sir.. ကျွန်တော်တို့လဲ အဲ့လိုကြီးပဲ ခံစားရတာ.. "
စကားပြောစက်မှ ပြောလာသော Zhao Hu ရယ်ပါ...
"သရဲခြောက်တဲ့ အိမ်ကြီးနဲ့ တူတယ်နော်.."
Bai Yutang က အကြာကြီး တိတ်ဆိတ်နေပြီး ပြောလိုက်သည်။
"ငါတော့ မျက်စိဆေးခန်းပြရဦးမယ်နဲ့တူတယ်"
ထိုအချိန်တွင် အသံဖမ်းစက်မှ Zhan Zhao ၏ အသံကို ကြားလိုက်ရသည်။
"ဒီအိမ်က တော်တော် ထူးခြားတယ်နော်.."
Shang Luo က သော့ထုတ်ကာ အိမ်တံခါးကို လှည့်ဖွင့်လိုက်သည်။
"ဆရာရော ခံစားမိနေတာလား"
Zhan Zhao က ခပ်ဟဟ ရယ်လိုက်သည်။
"အိမ်ကြီးက ဒီလောက်တောင် မှုန်မှိုင်းနေတာ တကယ်လို့ မသိဘူးဆိုရင် ကျွန်တော် မျက်စိဆေးခန်းသွားရတော့မှာပေါ့..."
"အဟွတ်.."
ကြားလိုက်ရသော Bai Chi က ရယ်ချင်ပေမဲ့ ထိန်းလိုက်သောကြောင့် ချောင်းတွေပါ ဆိုးကုန်သည်။
စကားပြောစက် တစ်ဖက်မှ Zhao Hu ကတော့ လှမ်းစသည်။
"မင်းဆီမှာ မျက်စိအထူးကုဆရာဝန်ညီမတစ်ယောက်လောက် မရှိဘူးလား..Bai Sir ကို ဆရာကောင်းကောင်းလေးတစ်ယောက်လောက် မိတ်ဆက်ပေးလိုက်ပါကွာ..."
"ခွီး.."
Bai Chi က သည်တစ်ခါတော့ မနေနိုင်တော့ပဲ ထရယ်လေသည်။
Bai Yutang ကတော့ အံကြိတ်လျက်...
"ကြောင်စုတ်လေး... မင်း စောင့်နေစမ်းပါ..."
"ဒီအိမ်ကြီးက အရိပ်အတော်ကျတာဗျ... ဒီမှာနေရင် တစ်နှစ်လုံး နေကို မမြင်ရဘူး.. ဒါကြောင့်မို့လဲ တခြားအိမ်တွေထက် ပိုပြီး မှုန်မှိုင်းနေသလို ခံစားရတာလေ..."
Shang Luo က ရှင်းပြသည်။
"ဒီအိမ်ကို Feng Shui ရွေးလို့ ကျွန်တော် ဝယ်ခဲ့တာ..."
"Feng Shui??.."
Zhan Zhao မျက်နှာက နားမလည်သည့်အရိပ်တွေ ပြည့်နေသည်။
"ဘာလို့များ ဒီလောက် မှောင်နေတဲ့ အိမ်ကို ရွေးခဲ့တာလဲ.."
" အဲ့ဒါက ကျွန်တော် စုစည်းထားခဲ့တဲ့ ပစ္စည်းတွေနဲ့လဲ ပတ်သက်တယ်ဗျ..."
Shang Luo က မီးခလုတ်ကို စမ်းကာ ဖွင့်လိုက်သည်။ အလင်းရောင်တို့ အခန်းထဲ ဝင်ရောက်လာချိန်တွင်တော့ အုံ့ဆိုင်းနေသော အခန်းမှာ လင်းထိန်လာသည်။
"အလောင်းတွေကို နေရောင်များများရတဲ့ အခန်းထဲ ထားလို့မဖြစ်ဘူးလေ မဟုတ်ရင် ပျက်စီးကုန်မှာ စိုးလို့ပါ..."
Zhan Zhao က Shang Luo နှင့်အတူ ဧည့်ခန်းထဲသို့ လိုက်ဝင်လာသည်။
"Mr. Shang က ဒီမှာ တစ်ယောက်ထဲ နေတာလား... မကြောက်တတ်ဘူးလား"
Shang Luo က သက်ပြင်းအသာချသည်။
"တခြားနည်းလမ်းကိုမှ ရှာလို့မရပဲလေ ဆရာရယ်"
Bai Chi က သူတို့ပြောစကားများ ကြားရပြီးနောက် တုန်လှုပ်သွားပြီး အာရုံထဲတွင် အလောင်းများပြည့်နေသော အခန်းကြီး တစ်ခုကို မြင်ကာ ကြက်သီးများ အဆင်မပြတ် ထနေသည်။
"ဘယ်လိုသတ္တဝါမှ အဲ့လိုအိမ်မှာ မနေနိုင်ဘူး... Shang Luo က ရူးနေတာပဲ..."
ဘေးတွင်ရှိသော Bai Yutang က ပြုံးလိုက်သည်။
"ဒီကလေးကတော့ မဖြစ်နိုင်တာတွေ ပြောနေပြန်ပါပြီ.. အလောင်းက အလောင်းပဲကို အဲ့လောက် ကြောက်စရာလိုလို့လား... ပြီးတော့ နေက နေ့ဘက်မှာ သာနေတယ်လေ... အလောင်းတွေက ဘယ်လုပ်နိုင်မှာမို့လို့လဲ.."
(T/N ဒီနေရာက စကားပြောတာတွေက ဘာကိုဆိုလိုလဲ သိပ်မရှင်းလို့ နားမလည်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော် ကိုယ့်အမှားပါ)
Bai Chi က Bai Yutang ၏ ရှင်းပြနှစ်သိမ့်နေမှုများကို ကြားနေရသော်လဲ ကြောက်စိတ်ကတော့ မပြေနိုင်သေး။ ခေါင်းယမ်းကာ Bai Yutang ကို တိုးတိုးလေး မေးလိုက်သည်။
" အဲ့ဒါဆို သရဲဆိုတာတွေက လိမ်တာလား"
Bai Yutang က တစ်ချက်ကြည့်လိုက်သည်။
"အယူသီးတာ..."
" ဒါပေမဲ့ အဖိုးအဖွားတွေ ပြောတာကတော့ တကယ်ရှိတယ်တဲ့. ."
Bai Chi က ကြက်သီးထ၍ တုန်တက်သွားပြီး ပြောလိုက်သည်။
"အရင်တုန်းက စစ်ပွဲတွေမှာ သေသွားကြတဲ့ စစ်သားတွေက ဖုတ်ကောင်တွေ ဖြစ်ပြီး လူတွေကို လိုက်သတ်တာတဲ့..."
Bai Yutang က ပြန်ဖြေသည်။
"သေတာက သေတာ... ဖုတ်ကောင်က ဖုတ်ကောင်... Shang Luo ရဲ့ အိမ်ထဲမှာ ရှိတဲ့ အလောင်းက မီးရှို့လိုက်တာနဲ့ ပြာကျသွားမှာ.. ဘာမှ ထူးခြားမှုမှ မရှိဘူး.. အဖိုးအဖွားတွေ ပြောတယ်ဆိုတာက မင်းတို့က သူတို့စကားကို နားမထောင်မှာစိုးလို့ သက်သက်ခြောက်တာပဲ.."
Bai Chi လေးကတော့ ခေါင်းငုံ့ကာ ရေရွတ်လိုက်သည်။
"ကျွန်တော်က အထဲရောက်နေတဲ့ အစ်ကို့ကိုပဲ စိတ်ပူတာပါ"
"ကြောင်လေးကိုပဲလား..."
Bai Yutang က သွားများပေါ်အောင် ပြုံးလိုက်သည်။
"တကယ်လို့ အလောင်းတွေ ရှိနေရင် သူအရင်မြင်ပြီး ခေါ်လာမှာ... ပြီးတော့ Gongsun ကစားဖို့ တစ်ခုတစ်လေလောက် ယူလာလိမ့်မယ်.."
Bai Chi က တံတွေးတစ်ချက် မြိုချလိုက်သည်။
"အတော်ဆိုးတာပဲ..."
"တစ်ခုခု သောက်ပါလား"
Shang Luo က ဝိုင်ပုလင်းများ ထည့်ထားသော အကန့်တစ်ခုကို ဆွဲဖွင့်၍ Zhan Zhao ကို မေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ်ရပါတယ်..."
Zhan Zhao က Shang Luo ဝိုင်ငှဲ့နေစဥ် သစ်သားနှင့် ပြုလုပ်ထားသော ကော်ဖီစားပွဲကို ငေးမောကြည့်နေရင်း ဝိုင်ခွက်ကို လှမ်းယူလိုက်သည်။
"ဒါလဲ တူစီပရိဘောဂ တွေနဲ့ တူတယ်နော်..."
Zhan Zhao က သစ်သားစားပွဲခုံကို ကြည့်၍ ပြောလိုက်သည်။
"စူးရှလိုက်တဲ့ အမြင်ဗျာ..."
Shang Luo က ခပ်လွင်လွင်လေး ရယ်ကာ ခေါင်းညိတ်လိုက်သည်။
"ဒီစားပွဲက တူစီလူမျိုးတွေ သူတို့ကလေးတွေအတွက် လုပ်ပေးထားတဲ့ ပရိဘောဂပဲလေ... အရမ်းချစ်ဖို့ကောင်းတယ်"
Zhan Zhao က ခေါင်းညိတ်သည်။
"ပစ္စည်းတွေ စုဆောင်းထားတာလေး ကြည့်ချင်သေးတယ်"
"ကောင်းပါပြီ"
Shang Luo က ဝိုင်ခွက်ကို စားပွဲပေါ်တင်ကာ Zhan Zhao အား ဒုတိယထပ်သို့ ခေါ်ဆောင်သွားသည်။
"ပစ္စည်းတွေကို ကျွန်တော်က ဒုတိယထပ်ရဲ့ ပြခန်းတစ်ခုထဲမှာ ထားတာဗျ... ဒါနဲ့...တစ်ခုခု ထူးခြားတဲ့ အသံများ ကြားမိခဲ့ရင် မကြောက်ပါနဲ့နော်"
"ထူးခြားတဲ့ အသံ??"
Zhan Zhao က တွေဝေ သွားသည်။
"ဘယ်လို အသံမျိုးလဲ"
Shang Luo က ခေါင်းယမ်းကာ သက်ပြင်းချသည်။
"ညဘက်တွေမှာ လူတွေ လမ်းလျှောက်တဲ့ အသံမျိုး ကြားနေရလို့"
"ဖွီး...."
Zhao Hu ပါးစပ်မှ ကော်ဖီများ ပန်းထွက်သွားသလို Bai Chi နားရွက်ကိုလဲ လေအေးများ တိုးလာသကဲ့သို့ ခံစားရကာ မျက်လုံးများ ပြူးကျယ်ကာ ဝိုင်းစက်လာသည်။
"လ..လ..လမ်းလျှောက်တဲ့..အသံ"
"ဟွန့်..."
Bai Yutang က မဲ့ပြုံး ပြုံးသည်။
"ကောင်လေးက ဒါနဲ့များကွာ.."
Shang Luo ၏ ရှေးဟောင်းပစ္စည်း သိုလှောင်ရေးခန်းထဲသို့ ရောက်ကာ မီးဖွင့်လိုက်သည်နှင့် အတန်းလိုက် စီထားသော ရှေးဟောင်းပစ္စည်း များနှင့် အလယ်တည့်တည့်တွင် ဖန်သား အတိပြီးသော အခေါင်းနှစ်ခုကို တန်းလျက် ချထားသည်။ အခေါင်းနှစ်ခုက အရွယ်လုံးဝမတူပေ။
အကြီး တစ်ခု အသေး တစ်ခု ဖြစ်သည်။ Zhan Zhao ကတော့ Gongsun ကို ခေါ်လာရအကောင်းသားဟု တွေးနေမိသည်။ Gongsun ဆိုလျှငိ ထိုနေရာမှ ခွာတော့မည်မဟုတ်ပေ။
Shang Luo က Zhan Zhao အား ပစ္စည်းများကို ရှင်းပြပေးနေသည်။ အလောင်းနှစ်ခုမှာ တူစီလူမျိုးများ အသက်ရှင်ခဲ့သော အချိန်ကတည်းက သေဆုံးခဲ့သော အလောင်းများဖြစ်ကာ အမေနှင့်သားဖြစ်ကြောင်း... ဆယ်ကျော်သက် အရွယ်ဖြစ်သူ သားငယ်အား ဖန်သားအခေါင်းအသေးနှင့် ထည့်ထားကြောင်း ရှင်းပြသည်။
Zhan Zhao က နှစ်ရှည်လများ ဆေးရည်စိမ်ထားသော အလောင်းကို ကြည့်ကာ မေးလိုက်သည်။
"တူစီလူမျိုးတွေက သဂြိုဟ်ရင် သေတ္တာပုံစံလုပ်ကြတာလား"
Shang Luo က ခေါင်းခါသည်။
"မဟုတ်ပါဘူး... အထူးတလည် အရည်အချင်းရှိတဲ့ သူတွေပဲ ရတာ... ထပ်ပြောရရင် မိန်းကလေးတွေနဲ့ ကလေးတွေကိုတော့ ရိုးရိုးပဲ သဂြိုဟ်ကြတာ.. တူစီလူမျိုးတွေရဲ့ အလောင်းစီမံတဲ့ နည်းလမ်းက ထူးခြားတယ်။ သူတို့တွေရဲ့ အလောင်းတွေက အရမ်းကောင်းတယ် မပုပ် မသိုးပဲ အကြာကြီး အထားခံတယ်လေ..."
Zhan Zhao က အခေါင်းအသေးထဲမှ ဖောက်ထွင်းမြင်ရသော အလောင်းသေးသေးဘေးမှ အခေါင်းကို ကြည့်မိတော့ အခေါင်းက အဖုံးပွင့်နေလျက်သား..။ အထဲတွင် ဘာမှမရှိ..
"Shang Luo... ဟိုဟာက.."
ရှင်းပြောင်နေသော အခေါင်းကို လှည့်ကြည့်လိုက်ရင်း Shang Luo က မျက်လုံးပြူးကာ ဝိုင်းစက်သွားသည်။
"ဟို ... Mr. Shang... "
Zhan Zhao က Shang Luo ပခုံးအား ဖွဖွလေး ပုတ်ပေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
Shang Luo က ပါးစပ်အဟောင်းသားနှင့် ရှိနေသေးသည်။ အကြာကြီး နေပြီးမှ တစ်ယောက်ထဲ ရေရွတ်လိုက်သည်။
"အဲဒါက... သူ သူ ဘယ်ရောက်သွားတာလဲ..."
Zhan Zhao လက်ညိုး၏ အစွန်းတစ်ဖက်က ဟင်းလင်းပွင့်နေသော အခေါင်းဆီသို့ ညွှန်ပြလျက် မေးလိုက်သည်။
" ခင်ဗျားဆိုလိုချင်တာက အခေါင်းထဲမှာ အလောင်းရှိနေခဲ့တာလား"
Shang Luo က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်..တူစီအမျိုးသမီးလေ.. ပြီးတော့ ကလေး...ကလေးနဲ့ အမေလေ"
Zhan Zhao က ပွင့်နေသော အခေါင်းကို သတိထားနေခဲ့မိသည်မှာ ကြာခဲ့ပြီ။
"အခေါင်းက ကျွန်တော်ရောက်ထဲက ပွင့်နေခဲ့တာ... အလောင်းက အဲ့ထဲမှာ ရှိခဲ့တာလား"
Shang Luo က ခေါင်းညိတ်သည်။
"ကျွန်တော် အပြင်မထွက်ခင် တစ်ခါ စစ်ခဲ့သေးတယ်.. ဘယ်လိုလုပ်..."
Zhan Zhao က သေချာ လေ့လာကြည့်လိုက်သည်။
"သူခိုးတော့ မဟုတ်နိုင်လောက်ဘူး"
"မဖြစ်နိုင်ပါဘူး.. ကျွန်တော်တပ်ထားတဲ့ သူခိုးအချက်ပေးစနစ်က အရမ်းတင်းကြပ်ပြီး လုံခြုံတာ... သူခိုးဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ... ဒါ...ဒါက... ပြီးတော့..."
Shang Luo.က စကားကို တစ်ပိုင်းတစ်စနှင့် ရပ်လိုက်သည်။
"ပြီးတော့ ဘာဖြစ်လဲ..."
Zhan Zhao က မေးလိုက်သည်။
"ပြီးတော့ ဒီညတွေမှာ ခြေသံတွေ တံခါးဖွင့်သံတွေ ကြားနေရတာ...ညတိုင်းလိုပဲ..."
Shang Luo က တိုးတိုးလေး ဆက်ပြောသည်။
"ပြီးတော့ မိန်းမကြီးတစ်ယောက် ငိုနေသံ...ကျွန်တော်..ကြား..."
Shang Luo အသံပင် မဆုံးသေး အမျိုးသမီးတစ်ယောက်၏ ငိုသံများ မထင်မရှား ကြားလိုက်ရသည်။
Bai Chi ကတော့ အသက်ရှူ ရပ်မတတ် ကြောက်သွားသည်။
Bai Yutang ကတော့ မျက်မှောင်ကြုံ့ထားဆဲ... Zhan Zhao နှင့် သူ ဒီညအတွက် ပြင်ဆင်မှုများ လုပ်နေချိန် ထူးခြားသည်များ.ဖြစ်လာမည်ဟု ခန့်မှန်းထားသော်လဲ ဤမျှအထိတော့ ခန့်မှန်းမထားခဲ့ပေ။
တခြားတစ်ဖက်မှ Ma Han က စကားပြောလာသည်။
"Bao Sir.. အထဲဝင်ပြီး သွားကြမလား... Dr. Zhan တစ်ခုခု ဖြစ်နေဦးမယ်.."
Bai Yutang ကလဲ တွေဝေနေဆဲ... ထိုအချိန်တွင် Zhan Zhao က Shang Luo ကို ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်တော်တို့ သွားကြည့်ရအောင်လေ..."
Shang Luo က ခေါင်းညိတ်၍ Zhan Zhao နှင့်အတူ ကော်ရစ်ဒါသို့ လျှောက်သွားတော့မှ Bai Yutang လဲ သက်ပြင်းချနိုင်သည်။ Zhan Zhao က သူတို့အား မဝင်လာစေရန် တားမြစ်ချင်ပုံပင်...
ထို့ကြောင့် Bai Yutang က စကားပြောစက်ကို ကောက်ကိုင်ကာ Ma Han နှင့် Zhao Hu ကို အမိန့်ပေးလိုက်သည်။
"မင်းတို့နှစ်ယောက် အိမ်ထဲ ဝင်သွားပြီး အခြေအနေ စောင့်ကြည့်နေ..ငါ အချက်ပြတာကို စောင့်.. ဘာမှ မလှုပ်ရှားကြနဲ့ဦး..."
"ဟုတ်ကဲ့..."
Ma Han နှင့် Zhao Hu က ပြန်ဖြေ၍ သေနတ်ကို ထုတ်ကာ နောက်ဆုံးအကြိမ် စစ်ဆေး၍ အထဲဝင်ရန် ပြင်လိုက်သည်။
Zhao Hu က Ma Han ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
"ငါ..ငါတို့ သရဲနဲ့ဆုံခဲ့ရင် သေနတ်က ဖမ်းလို့ရပါ့မလား"
Ma Han က စူးစူးရဲရဲ ကြည့်သည်။
"ငါ အခုမှ မှတ်မိပြီ.. သရဲနဲ့ တွေ့ရင် လှည့်မကြည့်ရဘူးတဲ့ မင်းရဲ့ အသွေးအသားတွေ စုပ်ယူတတ်တယ်..."
"အား..."
Zhao Hu က Ma Han ကို ပြေးဖက်လေသည်။
"ငါက သူခိုးဖမ်းတဲ့ ရဲအရာရှိ သက်သက်ပဲ... သရဲနှိမ်နင်းတဲ့ မှော်ဆရာမဟုတ်ဘူး.. Ma Han... တကယ်လို့ တွေ့ရင် ငါ့ကို ကာကွယ်ပေးနော်...ငါ..."
Ma Han မှာ စိတ်မရှည်တော့၍ တံခါးကို ဖွင့်ကာ Zhao Hu အား.စောင့်ကန်လေသည်။
"ဆက်သွား...ဘယ်လိုတောင် ဖြစ်ပျက်နေတာ..."
နှစ်ယောက်သား အပန်းဖြေအိမ်ရာထဲ ဝင်သွားကြသည်။
"အစ်ကို တစ်ယောက်ထဲရယ်... တစ်ခုခု ဖြစ်နေမှာ..."
Bai Chi က စိတ်ပူစွာ ရေရွတ်တော့ Bai Yutang က ခေါင်းယမ်းသည်။
"ကြောင်လေးက ဓားသာ မကျွမ်းတာ ငါတို့အထဲမှာ အတော်ဆုံးနဲ့ အသိဆုံးပဲ သူ မလာေစချင်တာကို ငါတို့ အတင်း သွားလို့ မဖြစ်ဘူးလေ.. သူ့မှာ အကြောင်းအရင်းတစ်ခုခု ရှိနေမှာ..."
ထိုအချိန်တွင် Ma Han နှင့် Zhao Hu တို့က ခြံဝင်းထဲ ရောက်နေတာ ခြုံခိုတိုက်ရန် အသင့်ဖြစ်နေပြီ...
Bai Yutang က အနောက်ကို မှီထိုင်လိုက်ပြီး ကြောင်လေးကို မြင်လိုမြင်ရငြား အိမ်ထဲသို့သာ လှမ်းကြည့်နေသည်။
Zhan Zhao နှင့် Shang Luo က တံခါးမှ ထွက်ကာ ငိုသံကြားရာ လမ်းအတိုင်း လိုက်လာရင်းနှင့်မှ ထိုငိုသံ ရုတ်တရက် ရပ်သွား၍ လက်ဖျောက်တီးသံစူးစူးရှရှအား ပြတ်သားစွာ ကြားလိုက်ရသည်။ ထိုအသံက အရိုးအဆစ်လွဲသံနှင့်လဲ ဆင်နေရာ ဘာမှန်းတော့ မခန့်မှန်းနိုင်တော့
ထို့နောက် ခပ်ဖွ ဖွ ခြေသံ တစ်ခု..
Shang Luo က Zhan Zhao အား ပြောသည်။
"ကျွန်တော် အရင်သွားမယ်...တစ်ခုခုဆို အမြန်ဆုူံ ထွက်ပြေးပါ ကျွန်တော့်ကို စိတ်မပူပါနဲ့..."
Zhan Zhao က ခေါင်းညိတ်သည်။
"စိတ်ချပါ.. ကျွန်တော် သတိထားပါ့မယ်..."
ကားထဲမှ Bai Yutang က ထိုစကားကို ကြားသည်နှင့် မဲ့ပြုံးတစ်ချက် အထင်းသား..
"ကြောင်စုတ်"
......
End of Non human murderer 17
Thank you all