Zawgyi
" ဒါ ဘာႀကီးလဲ"
Zhan Zhao က Bai Yutang သူ႕ရဲ႕ နက္ခ္တိုင္မွာ တပ္ေပးေနေသာ ကလစ္ေလးကို ၾကည့္လိုက္သည္။
"နက္ခ္တိုင္ ကလစ္ေလ..."
Bai Yutang က မ်က္ခုံးတစ္ဖက္ပင့္ကာ ခပ္႐ႊင္႐ႊင္စကားဆိုၿပီး Zhan Zhao အား အကၤ်ီဝတ္ေပးေနသည္။
"ေၾကာင္ေလးရယ္ မင္း ဘာလို႔ ဒီေလာက္ေတာင္ ပိန္သြားရတာလဲ... က်ည္ကာအကၤ်ီထဲကိုေတာင္ ေနာက္တစ္ေယာက္ ဝင္လို႔ရတယ္"
"အင္း... ငါ မင္းကို မေန႕ညကေျပာသားပဲ ငါ သုံးေပါင္ေလာက္ က်သြားတယ္လို႔ .."
Zhan Zhao က နက္ခ္တိုင္ ကလစ္ကို စူစုပုတ္ပုတ္ႏွင့္ ၾကည့္လိုက္သည္။
"ေသးေသးေလးကြာ ျမင္ေတာင္ မျမင္ရဘူး"
"မျမင္ရေအာင္ တမင္လုပ္ထားေပးတာ ေၾကာင္ေလးရဲ႕... ဒီဟာေလးက အေကာင္းဆုံးပဲ အထဲမွာ ကင္မရာနဲ႕ စကားေျပာစက္ ထည့္ေပးထားတယ္ "
Bai Yutang က သူ႕နက္ခ္တိုင္ကိုေတာ့ အကၤ်ီအိတ္ထဲ ထည့္လိုက္သည္။
"မင္း အခုတေလာ ပင္ပန္းေနလားဟင္"
"မပင္ပန္းပါဘူး"
Zhan Zhao က ေခါင္းယမ္းလိုက္သည္။
"အမႈေတြ ေျဖရွင္းတာ ပထမဆုံးမွ မဟုတ္ေတာ့တာပဲေလ"
" ဒါေပမဲ့ မင္းအခုေလာက္ထိ မပင္ပန္းဖူးဘူးေလ..."
Bai Yutang က ၿပဳံးလိုက္ၿပီး.Zhan Zhao ၏ ခါးေသးေသးေလးကို ကိုင္လိုက္သည္။
"ႂကြက္စုတ္"
Zhan Zhao က ေျခကို အသာႂကြ၍ Bai Yutang ၏ ေျခေထာက္ကို တက္နင္းလိုက္သည္။
"မင္းက အခုတေလာ ဟင္းမခ်က္ေကြၽးပဲ အျပင္မွာပဲ စုတ္စုတ္ျပတ္ျပတ္ စားေနရလို႔ေလ... ဒီညေတာ့ ဝက္နံရိုးခ်ိဳခ်ဥ္ေၾကာ္ စားရမွာကို ျဖစ္မွာ..."
Bai Yutang က Zhan Zhao၏ လက္ေကာက္ဝတ္တြင္ နာရီေလးကို ပတ္ေပးသည္။
"ဒီနာရီထဲမွာ ၿဂိဳဟ္တုကေန ေနရာဖမ္းတဲ့စက္ပါတယ္..ဒီေဘးက ခလုတ္ေလးကို ႏွိပ္ရင္ ငါ့ဆီကို အခ်က္ေပးသံ ေရာက္လာမွာ..ႏွိပ္လိုက္ေနာ္..."
"အင္း... ဝက္နံရိုး ခ်ိဳခ်ဥ္ေၾကာ္...."
ေၾကာင္ေလးက မွန္ထဲကို ၾကည့္လိုက္သည္။
" အဲဒါ ခ်က္ရတာ မခက္ဘူး မဟုတ္လား"
" ျပန္ေရာက္ရင္ အသင့္ျဖစ္ေနမွာပါ.."
Bai Yutang က သူ႕အႀကိဳက္ဆုံး Remington ကို Zhan Zhao ၏ ေျခသလုံးရွိ လွ်ို႔ဝွက္အိတ္ကပ္တြင္ ဂ႐ုတစိုက္ ထည့္ေပးလိုက္သည္။
"Shang Luo က မင္းကို မဟုတ္တာ ႀကံစည္ရင္ အေသပစ္သတ္လိုက္"
"ဟမ္.. အဲ့ဒါ ရဲတစ္ေယာက္ ေျပာရမဲ့ စကားလား"
Zhan Zhao က လွမ္းရိုက္လိုက္သည္။
" ငါ နာရီကို သုံးၿပီး လွမ္းေခၚလိုက္မယ္... ငါ အခ်က္ျပတာ ေစာင့္ေနေနာ္..."
"အင္းပါ... ငါ ရွိေနမွာ.."
Bai Yutang က Zhan Zhao တစ္ကိုယ္လုံးကို ႏွစ္ပတ္ သုံးပတ္ လွည့္ၾကည့္သည္။ ေသေသခ်ာခ်ာေက်နပ္ေအာင္ စစ္ေဆးၿပီးေနာက္ ၿပဳံးလိုက္သည္။
"ရၿပီ... ေၾကာင္ေလး.. သတိထားေနာ္..."
"စိတ္ခ်ပါ"
Zhan Zhao က ႏူးညံ့စြာ ၿပဳံးျပသည္။
"အစ္ကို"
Bai Chi က လက္ထဲမွ ပစၥည္းတေပြ႕တပိုက္ႏွင့္ အိမ္အျပင္ဘက္တြင္ ေစာင့္ေနသည္။ ထိုပစၥည္းေတြက ေစာင့္ၾကည့္ကင္မရာႏွင့္ ပတ္သက္ေသာ ပစၥည္းမ်ား...
"အကုန္ အဆင္သင့္ျဖစ္ၿပီ"
Bai Chi မွာ ေစာေစာက အိမ္ထဲဝင္လာရန္ စိတ္ကူးမိေသာ္လဲ Zhan Zhao ၏ ခါးႏွစ္ဖက္တြင္ ရစ္သီရစ္သီ လုပ္ေနေသာ Bai Yutang ၏ လက္တို႔ကို ေတြ႕ေသာအခါ မ်က္ႏွာရဲတက္လာၿပီး ဟိုဘက္လွည့္လိုက္သည္။
"ကြၽန္ေတာ္.. ကား...ကားထဲမွာ ေစာင့္ေနမယ္ေနာ္.."
ထို႔ေနာက္ ခလုတ္တိုက္လဲမတတ္ ထြက္ေျပးသြားေလသည္။
က်န္ခဲ့ေသာ Bai Yutang ႏွင့္ Zhan Zhao တို႔မွာ ဘာျပန္ေျပာရမွန္းမသိပဲ တစ္ေယာက္ကိုတစ္ေယာက္သာ ၾကည့္ေနၾကသည္။ Bao Zheng ကလဲ စကားေတြ လာေျပာသည္။ အက်ဥ္းခ်ဳပ္လိုက္ရင္ေတာ့ စာေၾကာင္းတိုင္းတြင္ ဂ႐ုစိုက္ရန႕ မွာသည္ခ်ည္းပင္။ လႈပ္ရွားမႈတိုင္းကို သတိထားကာ Zhan Zhao ထြက္ခြာသြားေလသည္။
Bai Chi ႏွင့္ Bai Yutang က အေနာက္မွ သတိႀကီးစြာ လိုက္ခဲ့သည္။ Zhao Hu ႏွင့္ Ma Han ကေတာ့ အေစာႀကီးထဲက ဟိုတယ္၏ ေမွာင္ရိပ္က်က်ေနရာတြင္ အသင့္ေစာင့္ဆိုင္းလ်က္ရွိေနသည္။
သံသယျဖစ္မည္စိုး၍ Zhan Zhao က Bai Yutang ကားႏွင့္မလာပဲ ကားငွား၍သာ သြားေလသည္။ အငွားကားေလးက ေခ်ာေမြ႕စြာပင္ ဟိုတယ္ေရွ႕သို႔ ေရာက္သြားသည္။
Zhan Zhao ဟိုတယ္ေရွ႕ေရာက္ေတာ့ ဧည့္ႀကိဳမိန္းကေလးက အသင့္ေစာင့္ႀကိဳေနကာ ဓာတ္ေလွကားသို႔ လိုက္ပို႔၍ အေပၚသို႔ တက္ၾကသည္။
Bai Yutang တို႔ ကားလဲ တစ္ေနရာတြင္ ရပ္လိုက္ၿပီး Bai Chi က ကြန္ျပဴတာကို ဖြင့္လိုက္ေတာ့ Zhan Zhao ၏ နက္ခ္တိုင္ ကလစ္တြင္ ရွိေနေသာ လွ်ို႔ဝွက္ကင္မရာမွ ျပတ္သားေသာ ပုံရိပ္မ်ား ထင္ရွားစြာ ျမင္ရေလသည္။ ႐ုပ္သာ ၾကည္လင္သည္မက အသံေတြပါ ျပတ္သားစြာ ၾကာူရသည္။
Bai Chi က Jiang Ping ကို ရိုးသားစြာ ခ်ီးက်ဴးလိုက္သည္။
Bai Yutang က နားၾကပ္တပ္လိုက္ကာ Zhan Zhao ႏွင့္ ဧည့္ႀကိဳမိန္းကေလးတို႔ ေျပာေနသည္မ်ားကို နားေထာင္ေနသည္။
"၁၃လႊာရဲ႕ ခန္းမကို သြားရမွာလား"
"ဟုတ္ကဲ့ပါရွင့္"
ဧည့္ႀကိဳမိန္းကေလးမွာ Zhan Zhao ကို ႀကိဳခြင့္ရသည့္အတြက္ အရမ္းေပ်ာ္႐ႊင္ေနပုံရသည္။ ယေန႕ အခမ္းအနားမွာ စိတ္ပညာနယ္ပယ္မွ ျဖစ္ၿပီး တစ္နိုင္ငံလုံးရွိ ထိပ္သီးပညာရွင္ အနည္းအက်ဥ္းကိုသာ ဖိတ္ၾကားထားသည့္အတြက္ အားလုံးက အသက္ႀကီးႀကီး အဖိုးအ႐ြယ္ႏွင့္ ဦးေလးအ႐ြယ္မ်ား ျဖစ္ၾကသည္။ သို႔ေသာ္ Zhan Zhao က ငယ္႐ြယ္ေခ်ာေမာလွပကာ စကားေျပာတိုင္း ၿပဳံးေနတတ္ၿပီး ေဖာ္ေ႐ြလွသည္။
ထို႔ေနာက္ ဓာတ္ေလွကားက ၁၃လႊာတြင္ ရပ္၍ တံခါးပြင့္သြားေတာ့ Zhan Zhao က ဧည့္ႀကိဳမိန္းကေလးအား ေက်းဇူးတင္စကားေျပာ၍ ဓာတ္ေလွကားထဲမွ ထြက္လိုက္သည္။
ကြန္ျပဴတာ ဖန္သားျပင္တြင္ ျမင္ရသည့္ ပုံရိပ္တို႔မွာ လူအမ်ားေၾကာင့္ ရႈပ္ေထြးစ ျပဳလာသည္။ အသံေတြလဲ ဆူညံလာ၍ Bai Yutang အံႀကိတ္လိုက္သည္။
"အကုန္လုံးက ငါ့ေၾကာင္ေလးကို ဝိုင္းၾကည့္ၾကေတာ့မွာပဲ"
ေဘးနားတြင္ ရွိေနေသာ Bai Chi က Bai Yutang ၏ မွတ္ခ်က္ေၾကာင့္ မ်က္ႏွာရဲတက္ကာ ပူအိုက္လာသည္။
Bai Yutang ကေတာ့ သတိမထားမိပဲ Zhan Zhao ၏ ကင္မရာကိုသာ အာ႐ုံစိုက္၍ လိုက္ၾကည့္ေနသည္။
ခန္းမေပမဲ့ ရိုးရွင္းေသာ ပြဲတစ္ခုျဖစ္သည့္အတြက္ အခန္းက က်ဥ္းသည္။ လူ ေျခာက္ဆယ္ ခုနစ္ဆယ္မွ်သာ ဆံ့ေလာက္မည္။ Zhan Zhao က အထဲေရာက္ေတာ့ တစ္ပတ္ပတ္ၾကည့္သည္။ သို႔မွသာ ခန္းမ၏ အေနအထား ရႈေထာင့္ႏွင့္ ဝန္းက်င္တို႔ကို Bai Yutang သိနိုင္မည္ မဟုတ္ပါလား...
ခန္းမထဲ Zhan Zhao ဝင္လာျခင္းက ခန္းမရွိ လူအားလုံးကို လႈပ္လႈပ္႐ြ႐ြ ျဖစ္ေစသည္။ မႈခင္းစိတ္ပညာနယ္ပယ္တြင္ Zhan Zhao ၏ နာမည္သည္ ထိပ္ဆုံးတြင္ ရွိေနၿပီး ထိုကဲ့သို႔ ပြဲမ်ားက်င္းပတိုင္း ျငင္းဆန္ေလ့ရွိသည့္အတြက္ နယ္ပယ္တူသူမ်ားက Zhan Zhao ကို လူကိုယ္တိုင္ မျမင္ဖူးၾကသည္က မ်ားသည္။ သို႔ေသာ္ ေကာလဟလေတြအတိုင္း နတ္သားတမွ် ေခ်ာေမာလွေသာ အႏွီေကာင္ေလးက ထိုမွ် ထူးခြၽန္သည္ကို ေတြ႕ရေတာ့ ရင္သပ္ရႈေမာကာ တီတိုးေျပာဆိုေနၾကသည္။
"စိတ္ပညာရဲ႕ အငယ္ဆုံး ေမွာ္ဆရာေလးလိုပဲ.."
" ငါ သူ႕ကို ဒီေန႕ေတြ႕ရလိမ့္မယ္လို႔ မထင္ထားဘူး"
" ေတြ႕ရတာ ဝမ္းသာပါတယ္ Dr. Zhan.."
နိုင္ငံတကာ မႈခင္းစိတ္ပညာအဖြဲ႕အစည္း၏ ဥကၠ႒ ျဖစ္သူ Lu Wen က လူကိုယ္တိုင္လာ၍ ႏႈတ္ဆက္ေလသည္။ ထိုအဖိုးႀကီးက Zhan Zhao ၏ လက္ကို တင္းၾကပ္စြာ ကိုင္ကာ အားရပါးရ ႏႈတ္ဆက္သည္။
"ဆုရတဲ့ အတြက္ အရမ္းဝမ္းသာပါတယ္... ေရာက္လာေပးတဲ့အတြက္လဲ ေက်းဇူးတင္တယ္ေနာ္.."
ဝိုင္းအုံလာေသာ လက္ေတြႏွင့္ ခ်ီးက်ဴးေျပာဆိုၾကေသာ စကားလုံးတို႔အၾကားတြင္ Zhan Zhao က ရင္းႏွီးေနသည့္အလား တည္ၿငိမ္ေနသည္။ လူတိုင္းကို ၿပဳံးျပႏႈတ္ဆက္ကာျဖင့္ မ်က္လုံးက Shang Luo ၏ ပုံရိပ္ကိုသာ လိုက္ရွာေနေသာ္လည္း အရိပ္အေယာင္ပင္ မေတြ႕ရေခ်။
Zhan Zhao က ႐ုတ္တရက္ စဥ္းစားရၾကပ္သြားသည္။
"သူမလာေတာ့ဘူးလား... ငါ တြက္ကိန္းမွားသြားတာလား"
Bai Yutang ႏွင့္ Bai Chi ကလဲ ကြန္ျပဴတာ မ်က္ႏွာျပင္ကို စူးစိုက္ရွာေဖြေပမဲ့ စိတ္ပညာနယ္ပယ္မွ ပညာရွင္မ်ား မီဒီယာမ်ားႏွင့္ ဧည့္သည္အခ်ိဳ႕မွလြဲ၍ Shang Luo ကို ရွာမေတြ႕ေပ။
"အစ္ကို.. Shang Luo က အစ္ကို Zhao လာမွာသိလို႔ ေရွာင္ေနတာမ်ားလား"
Bai Chi ၏ အေမးေၾကာင့္ Bai Yutang ေခတၱေၾကာင္သြားသည္။ သူလဲ ေစာေစာက ဒါကို စဥ္းစားေနမိသည္ေလ...
"ျဖစ္နိုင္ေခ် ရွိေပမဲ့ သူက အဲ့လို ေၾကာက္တတ္တဲ့ လူတစ္ေယာက္ေတာ့ ဟုတ္မယ္မထင္ဘူး သတင္းမီဒီယာေတြကို အသုံးခ်ၿပီး ငါတို႔ကိုေတာင္ ၿခိမ္းေျခာက္ခဲ့တာပဲကို..ဒါက သူ႕အတြက္လဲ အခြင့္အေရးေကာင္းမို႔လို႔ လက္လြတ္ခံမယ္မထင္ဘူး... သူ ေသခ်ာေပါက္ ေပၚလာပါလိမ့္မယ္... ေစာင့္ၾကရေအာင္"
ထိုအခ်ိန္တြင္ Zhan Zhao က ဆူညံေနေသာ လူအုပ္ၾကားမွ ထြက္ကာ စားပြဲထိုးအား.ရွန္ပိန္တစ္ခြက္မွာ၍ ျပတင္းတံခါးနားသို႔ သြားကာ ရပ္ေနသည္။ စတိတ္ေပၚတြင္ ဥကၠ႒ က အမွာစကားေျပာေနဆဲျဖစ္သည့္အတြက္ အတန္ငယ္ၾကာဦးမည္ဟု ေတြးလိုက္သည္။ ဘူေဖးမဟုတ္ပဲ စားပြဲထိုးမ်ား ကိုယ္တိုင္လာခ်ေပးေသာ အခမ္းအနားျဖစ္သည့္အတြက္ ေလထုက ၿငိမ္ဆိမ္ကာ ေအးခ်မ္းေနသည္။ Zhan Zhao က ျပတင္းတံခါးႏွင့္ နီးေသာ ထိုင္ခုံကို ေ႐ြးခ်ယ္၍ ထိုင္လိုက္သည္။ ထိုေနရာမွဆိုလွ်င္ ခန္းမတစ္ခုလုံးကို ရွင္းရွင္းလင္းလင္း ျမင္ရေပသည္။ Bai Yutang ႏွင့္ Bai Chi တို႔ကလဲ ထင္ရွားစြာ ျမင္ရသည္။
ဧည့္သည္ေတြ အားလုံးရွိေနၾကေပမဲ့ Shang Luo က အရိပ္ပင္ ေပၚမလာေသး Bai Yutang က စိတ္ပ်က္စြာ ေခါင္းခါလိုက္သည္။
Zhan Zhao လဲ စိတ္ပ်က္ေနၿပီျဖစ္၍ ျပန္ထြက္မည္ႀကံ၍ လွည့္လိုက္ရာ အနားရွိ လူတစ္ေယာက္ႏွင့္ တိုက္မိသြားသည္။ ရွန္ပိန္ဖန္ခြက္ သူ႕အေပၚေမွာက္က်သြား၍ ရင္ဘတ္တို႔ စို႐ႊဲကုန္သည္။
"အာ.. ကြၽန္ေတာ္ ေတာင္းပန္ပါတယ္...သတိမထားမိပဲ လွည့္လိုက္မိတာ.."
Zhan Zhao က ရွန္ပိန္မ်ား ကလစ္ရွိရာ ေပသြားသည့္အတြက္ စိုးရိမ္သြားသည္။ အတြင္းက စက္ေတြ ေကာင္းေရာ ေကာင္းေတာ့ပါ့မလားဟု... သို႔ေသာ္ ထိုလူ၏ အသံကို ၾကားလိုက္သည့္ ခဏ၌ ႐ုတ္တရက္ တစ္ကိုယ္လုံး ေတာင့္သြားသည္။ ကင္မရာေရွ႕မွ Bai Chi ႏွင့္ Bai Yutang တို႔ကလဲ တစ္ခ်ိန္ထဲ ျမင္လိုက္ရေလသည္။ Zhan Zhao ေရွ႕တြင္ ရပ္ေနသူက Shang...Luo...
"ေအာ္...ဆရာ Zhan...ေတြ႕ရတာ ဝမ္းသာလိုက္တာ"
Shang Luo က အိတ္ကပ္ထဲက လက္ကိုင္ပုဝါကို အသာထုတ္၍ ရွန္ပိန္ေပသြားေသာ Zhan Zhao ၏ နက္ခ္တိုင္ကို ဂ႐ုတစိုက္ သုတ္ေပးေနသည္။
Zhan Zhao က ႐ုတ္တရက္ ဆိုသည္။
"ရပါတယ္.အမ်ားႀကီး.ေပမသြားပါဘူး..."
စိတ္ထဲမွလဲ
"Jiang Ping ကိုယ္တိုင္လုပ္ေပးလိုက္တဲ့ ကလစ္က ေရဝင္႐ုံနဲ႕ ဘာမွေတာ့ မျဖစ္ေလာက္ပါဘူး.."
"နက္ခ္တိုင္ ကလစ္ေလးက အရမ္းထူးျခားတယ္ေနာ္..."
Shang Luo က ႐ုတ္တရက္ Zhan Zhao အား ေျပာလိုက္သည္။
"ဟုတ္တယ္..ကြၽန္ေတာ့္ကို တစ္ေယာက္က လက္ေဆာင္ေပးထားတာ.."
"ခင္ဗ်ားရဲ႕ ခ်စ္သူကလား"
Shang Luo က ၿပဳံးျပရင္း ေမးလာသည္။
"ခင္ဗ်ားက ဒါေလးကို အရမ္းဂ႐ုစိုက္ေနတဲ့ပုံေပၚေနလို႔ပါ"
" ဒါေလးကို သေဘာက်လိဳ႕ပါ.."
Zhan Zhao က ေခါင္းညိတ္သည္။
" ရိုးရိုးသူငယ္ခ်င္း မိန္းကေလးတစ္ေယာက္ ေပးထားတာပါ.. သူက လက္ထက္သြားၿပီေလ...."
တစ္ဖက္မွ အတိုင္းသားၾကားေနရေသာ Ma Han ႏွင့္ Zhao Hu တို႔ ထရယ္သည္ကို Bai Yutang က စကားေျပာစက္မွ တစ္ဆင့္ ၾကားလိုက္ရၿပီး ေဒါသထြက္သြားကာ တစ္ခ်ိန္ထဲမွာပင္ Zhan Zhao အား က်ိန္ဆဲလိုက္သည္။
"ေၾကာင္ေသစုတ္... ပါးစပ္ကို စည္းမရွိပဲ ေလွ်ာက္ေျပာေနတယ္.. အိမ္ေရာက္မွ ေတြ႕ဦးမယ္"
နဂိုကမွ မ်က္ႏွာရဲေနေသာ Bai Chi ေလးမွာ ေတြ႕ဦးမယ္ဟူေသာ စကားအဆုံး ဘာေတြ ေတြးမိမွန္းမသိ နီရဲတြတ္လာကာ ေခြၽးမ်ားျပန္လာသည္။ မ်က္လုံးကသာ ကြန္ျပဴတာေရွ႕ ေရာက္ေနေသာ္လဲ ျမင္ေနသည္က တျခား... ႏွလုံးခုန္ႏႈန္းေတြေတာင္ ထိန္းမရခ်င္ေတာ့...
အနားတြင္ ထိုင္ေနေသာBai Yutang က မူမမွန္ေတာ့ေသာ Bai Chi ကို သတိထားမိ၍ ေမးၾကည့္လိုက္သည္။
"Bai Chi ဘာလို႔လဲ တအားပူေနလို႔လား ေခြၽးေတြခ်ည္းပဲ..."
"ဗ်ာ..."
Bai Chi က လန့္သြားၿပီး ကြန္ျပဴတာကိုသာ ငုံ႕ၾကည့္ရင္း ျပန္ေျဖသည္။
" ဟို... ဒီေန႕ ေအးတယ္ေနာ္....မဟုတ္ပါဘူး...ဒီေန႕ သိပ္မပူဘူးေနာ္... မဟုတ္ေသးဘူး... ဒီေန႕ ပူလဲ မပူဘူး.. ေအးလ့ျ မေအးဘူး ဟို...ဟို.."
ေနာက္ဆုံးတြင္ေတာ့ စပ္စုစိန္ Bai Yutang က သူ႕လုပ္ရပ္သူ ေနာင္တရသြားကာ ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္သည္။
" ရၿပီ ဆက္မေျပာနဲ႕ေတာ့.. ငါက ဒီအတိုင္းေမးလိုက္တာပါ အေလးအနက္ႀကီး ေျဖေနစရာ မလိုပါဘူးကြာ..."
အၾကာႀကီးေနမွ Bai Chi ဆီက အသံတစ္သံ ထြက္လာသည္။
"ဟုတ္... ကဲ့..."
Ma Han ႏွင့္ Zhao Hu ကေတာ့ အရယ္မရပ္နိုင္ေတာ့...
"ကြၽန္ေတာ္ တကယ္ကို အားနာပါတယ္ဗ်ာ.."
Shang Luo ကZhan Zhao ၏ ရွန္ပိန္စြန္းသြားေသာ လည္စီးကိုသာ ေငးၾကည့္ေနသည္။
" အဲ့ဒါကို ေလွ်ာ္လို႔ရေအာင္ သန့္စင္ခန္းထဲ ကြၽန္ေတာ္ အေဖာ္လိုက္ခဲ့ေပးပါ့မယ္.."
Zhan Zhao က ေခါင္းညိတ္သည္။
"ေကာင္းၿပီေလ..."
ထို႔ေနာက္ ႏွစ္ေယာက္သား ခန္းမထဲမွ ထြက္ကာ သန့္စင္ခန္းထဲ ေလွ်ာက္သြားၾကေလသည္။ Bai Yutang ကေတာ့ မ်က္ေမွာင္ႀကဳံ႕လိုက္ရင္း ပြစိပြစိ ေျပာေနသည္။
"ေၾကာင္ေလးက အဆင္ေျပတဲ့ ပုံပါ... ၿပီးေတာ့ ဘာမွလဲ သိပ္စြန္းတာကို အိမ္သာထဲအထိ လိုက္ေပးစရာ မလိုပါဘူး"
မ်က္ေမွာင္ႀကဳံ႕၍ ၾကည့္ေနသည္မွာ ကြန္ျပဴတာ မ်က္ႏွာျပင္ ေပါက္ထြက္မတတ္ပင္။
Shang Luo က Zhan Zhao ႏွင့္အတူ ခန္းမအျပင္သို႔ လိုက္ထြက္လာသည္။ သူတို႔ႏွစ္ေယာက္ၾကည့္သည္မွာ တစ္ခုခုကို စကားေကာင္းေနပုံရ၏။
"ဒါနဲ႕... အမႈေရာ ဘယ္လိုေနေသးလဲ"
Zhan Zhao က ပုံမွန္အတိုင္းျပန္ေျဖသည္။
"ေသတၱာအေလာင္း အမႈလား"
"ဟုတ္တယ္ ကြၽန္ေတာ္အခု အိမ္မွာ ထားတာေလ..အမႈက နဲနဲ ၾကာေနလို႔.."
Shang Luo က အသက္မပါသလို ရယ္လိုက္သည္။
"ကြၽန္ေတာ္က တရားခံအမွန္ ေပၚလာဖို႔ ေမွ်ာ္လင့္ေနတာပါ"
"ကြၽန္ေတာ္တို႔လဲ အေကာင္းဆုံး ႀကိဳးစားေနပါတယ္ "
Zhan Zhao က ၿပဳံး၍ ျပန္ေျဖေတာ့ Shang Luo က သန့္စင္ခန္းတံခါးကို ဖြင့္ေပးၿပီး ေခါင္းညိတ္ျပကာ Zhan Zhao အား အရင္ဝင္ေစၿပီးမွ လိုက္ဝင္လာသည္။
လက္ေဆးကန္ေရွ႕တြင္ Zhan Zhao က လက္ကိုင္ပုဝါကို ေရစြတ္လိုက္ၿပီးမွ Shang Luo အား စကားလွည့္ေျပာသည္။
"Mr. Shang က ဘယ္လိုျဖစ္ၿပီး ေရွးေဟာင္းပစၥည္း ေတြ စုေဆာင္းရတာကို သေဘာက်ရတာလဲ... ၿပီးေတာ့ အေလာင္းေတြပဲကို..."..
"ေအာ္...စိတ္ဝင္စားလို႔ မဟုတ္ရပါဘူးဗ်ာ..."
Shang Luo က ပခုံးတြန့္ျပသည္။
"ကြၽန္ေတာ့္အလုပ္က တစ္ခါတစ္ေလ ေရွးေဟာင္းပစၥည္း ေတြနဲ႕ ပတ္သက္တာဗ်... သူတို႔ရဲ႕ တန္ဖိုးေတြကိုၾကည့္တယ္ေလ.. ၿပီးေတာ့ တစ္ခ်ိဳ႕ေတြက သူမ်ားလက္ေဆာင္ေပးတာဆိုေတာ့ ျငင္းမရဘူးေပါ့ဗ်ာ... တခ်ိဳ႕ကိုေတာ့ ကြၽန္ေတာ္ ႀကိဳက္လို႔ ဝယ္ထားတာ... ၾကာလာေတာ့လဲ အရမ္းမ်ားလာလို႔ အခန္းတစ္ခုနဲ႕ သက္သက္ သိမ္းထားတယ္"
"ေၾသာ္.. ဟုတ္ကဲ့.."
Zhan Zhao က ေခါင္းငုံ႕ကာ ရွန္ပိန္ေပသြားေသာ လည္စည္းကို ေရစိုလက္ကိုင္ပုဝါႏွင့္ ပြတ္ေနသည္။ အခ်ိန္အဆ လြဲသြား၍လားမသိ လက္ကိုင္ပုဝါႏွင့္ ကင္မရာတိုက္မိသြားၿပီး ကြန္ျပဴတာ မ်က္ႏွာျပင္တြင္ Zhan Zhao ႏွင့္ Shang Luo တို႔ ပုံရိပ္ ေပၚလာေလသည္။ Zhan Zhao က ငုံ႕၍သာ အာ႐ုံစိုက္ သုတ္သင္ေနၿပီး Shang Luo က Zhan Zhao အား ေငးစိုက္ၾကည့္ေနသည္။ ဤသည္ကို Bai Yutang ျမင္သြားလားဟုေတာ့ ေမးရန္လိုမည္မထင္။
Bai Yutang ၏ မ်က္ႏွာမွာ ျမဴခိုးေတြ ဆိုင္းလာသကဲ့သို႔ မႈန္မွိုင္းလာၿပီး အတြင္းဘက္မွ ေလထုဖိအား က်လာသည္ကို Bai Chi ေလး ခံစားမိကာ တံေတြးတစ္ခ်က္ ၿမိဳခ်မိသည္။
"Dr Zhao ကေရာ ေရွးေဟာင္းပစၥည္းေတြ စိတ္မဝင္စားဘူးလား"
Shang Luo က ေမးလိုက္သည္။
"ကြၽန္ေတာ္လား လူမ်ိဳးစု ယဥ္ေက်းမွာနဲ႕ ပတ္သက္တဲ့ ပစၥည္းေလးေတြ စုေဆာင္းရတာ သေဘာက်ပါတယ္... အဓိပၸါယ္ေတြ ျပည့္ႏွက္ေနတဲ့ ပစၥည္းေတြ စုေဆာင္းျဖစ္တယ္.."
"ကြၽန္ေတာ့္အိမ္မွာ ပစၥည္းတစ္ခ်ိဳ႕ သိမ္းထားတယ္ ခင္ဗ်ားႀကိဳက္မလားေတာ့ မသိဘူး"
Shang Luo က Zhan Zhao လက္ထဲမွ လက္ကိုင္ပုဝါအား လွမ္းယူကာ ေရဆြတ္ေပးၿပီး ေမးလိုက္သည္။ ထို႔ေနာက္ Zhan Zhao ၏ လည္စည္းကို သုတ္ေပးေနသည္။
"လိုက္ၾကည့္ခ်င္လား".
"ပြဲၿပီးရင္လား"
Zhan Zhao ၏ မ်က္ဝန္းတြင္ စိတ္ဝင္စားမႈ အရိပ္တစ္ခ်ိဳ႕ ေပၚလာသည္။
"ဘယ္လို ပစၥည္းေတြ ရွိတာလဲ..."
"ဒါကေတာ့... အေလာင္းေတြခ်ည္းသက္သက္လို႔ေတာ့ မေျပာနိုင္ေပမဲ့ အေလာင္းကေန လုပ္ထားတဲ့ ပစၥည္းေတြေတာ့ ရွိတယ္... ၿပီးေတာ့ ရိုးရာအေဆာင္ေတြလဲ နဲနဲပါးပါးေတာ့ ရွိပါတယ္..."
"ကြၽန္ေတာ္ စိတ္ဝင္စားတယ္"
Zhan Zhao မ်က္ႏွာက ေက်နပ္သြားသည့္ပုံ..
"အခုက ဆုလက္ခံရဦးမွာဆိုေတာ့.. ခင္ဗ်ားအတြက္ အခ်ိန္ရပါ့မလား"
"ကိစၥမရွိပါဘူး... ကြၽန္ေတာ္က တစ္ေယာက္ထဲ ေနတဲ့သူ.."
Shang Luo က လည္စည္းတြင္ ေပေနေသာ လက္က်န္ရွန္ပိန္အရည္မ်ားကို ဂ႐ုတစိုက္သုတ္ကာ လည္စည္းကို ေသေသ သပ္သပ္ ျဖစ္ေစရန္ ျပင္စည္းေပးေနသည္။
"ကိစၥရွိတာက ခင္ဗ်ားပဲေလ.. ေနာက္က်မွ ျပန္ေရာက္ရင္ ခင္ဗ်ားခ်စ္သူ စိတ္ဆိုးေနမွေပါ့"
Zhan Zhao က ၿပဳံးလိုက္သည္။
"ရပါတယ္... သူက အလုပ္မ်ားတဲ့သူေလ"
"အလုပ္မ်ားတယ္.??"
Shang Luo က လက္ကိုင္ပုဝါ အစိုကို အမွိုက္ေတာင္းထဲ ထည့္လိုက္သည္။
"သူက ညဘက္ေရာ အလုပ္မ်ားတာလား"
"အင္း..."
Zhan Zhao က ေရပိုက္ေခါင္းကို လွည့္ဖြင့္ကာ သူ႕အေတြးကိုသူ ရယ္လိုက္သည္။
"သူက အခုဆို ဝက္နံရိုးခ်ိဳခ်ဥ္ ေၾကာ္ေနရမွာေလ.. "
Bai Yutang က ရယ္ခ်င္စိတ္ကို မနဲၿမိဳသိပ္ထားရပုံေပၚေသာ Bai Chi အား စူးစူးရဲရဲ တစ္ခ်က္ၾကည့္လိုက္ေတာ့ Bai Chi က ေၾကာက္လန့္စြာျဖင့္ ေခါင္းငုံ႕သြားသည္။
Ma Han ႏွင့္ Zhao Hu တို႔မွာ စကားေျပာစက္တစ္ဖက္တြင္ အူတက္ေနၾကသည္။
"Bai Sir ကြၽန္ေတာ္တို႔ ဝက္နံရိုး ဝယ္ခဲ့ေပးရမလား"
Bai Yutang ကေတာ့ အံႀကိတ္ကာ ၿပဳံးလိုက္သည္။
"ဝယ္လာစရာ မလိုပါဘူး... မင္းတို႔ထဲက ဘယ္သူ႕နံရိုးကို ေၾကာ္ရမလဲ ေစာင့္ၾကည့္မယ္..."
Ma Han ႏွင့္ Zhao Hu တို႔အသံမွာ အပ္က်သံၾကားရေလာက္ေအာင္ တိတ္ဆိတ္သြားသည္။
Zhan Zhao ႏွင့္ Shang Luo တို႔မွာ သန့္စင္ခန္းမွ ထြက္၍ ခန္းမထဲ ျပန္ဝင္သြားၾကသည္။ Zhan Zhao က ဆုလက္ခံၿပီးေနာက္ ေက်းဇူးတင္စကားေျပာေတာ့ ပရိသတ္မ်ားအားလုံး ရင္သပ္ရႈေမာကာ ေငးေနၾကေလသည္။ ထို႔ေနာက္တြင္ေတာ့ Zhan Zhao က Shang Luo ႏွင့္ အတူ ဓာတ္ေလွကားထဲ လိုက္သြားသည္။
"ကြၽန္ေတာ့္ကားက ေျမေအာက္ကားဂိုေဒါင္မွာ.. "
Shang Luo က နံပါတ္ 1 ကို ႏွိပ္လိုက္ၿပီး Zhan Zhao အားေျပာလိုက္သည္။
"ကြၽန္ေတာ္ ကားထုတ္ၿပီး ထြက္ခဲ့မွာမို႔ ဟိုတယ္ေရွ႕မွာ ေလေကာင္းေလသန့္ ရႉ ရင္းေစာင့္ေနေနာ္..."
Zhan Zhao က ေခါင္းညိတ္သည္။
" ဒါနဲ႕ ခင္ဗ်ားက ဘယ္မွာေနတာလဲ"
Shang Luo က ၿပဳံးလိုက္သည္။
"ကြၽန္ေတာ္ေနတဲ့ေနရာက သိပ္မေဝးပါဘူး...Linjiang တင္ေလး..."
အေဆာက္အဦး၏ အျပင္ဘက္တြင္ေတာ့ Bai Yutang က ဗီလိန္ဆန္ဆန္ ၿပဳံးလိုက္သည္။
"ေၾကာင္ေသစုတ္... သစၥာေဖာက္..."
စကားေျပာစက္ကို ကိုင္၍ Bai Yutang ေျပာေနသည္က..
" နံရိုးစားရမယ္မွန္း ထင္ေနလား.. ေၾကာင္ေလး ထြက္လာၿပီ ေၾကာင္ေလး ထြက္လာၿပီ... နံရိုးအလုပ္မခံခ်င္ရင္ ေသေသခ်ာခ်ာ ေစာင့္ၾကည့္ေနၾက..."
အၾကာႀကီးေနမွ Ma Han ႏွင့္ Zhao Hu ဘက္မွ အသံထြက္လာသည္။
" နံရိုး ရ လာၿပီ...."
..............
End of Non- Human Murderer 16
Thank you all
အရမ္းခ်စ္လို႔ ေနာက္တစ္ပိုင္း တင္ေပးလိုက္တယ္ေနာ္ Weekday မွာေတာ့ No Update ပါ... See you all on Sat😘😘😘
Unicode
" ဒါ ဘာကြီးလဲ"
Zhan Zhao က Bai Yutang သူ့ရဲ့ နက်ခ်တိုင်မှာ တပ်ပေးနေသော ကလစ်လေးကို ကြည့်လိုက်သည်။
"နက်ခ်တိုင် ကလစ်လေ..."
Bai Yutang က မျက်ခုံးတစ်ဖက်ပင့်ကာ ခပ်ရွှင်ရွှင်စကားဆိုပြီး Zhan Zhao အား အင်္ကျီဝတ်ပေးနေသည်။
"ကြောင်လေးရယ် မင်း ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ... ကျည်ကာအင်္ကျီထဲကိုတောင် နောက်တစ်ယောက် ဝင်လို့ရတယ်"
"အင်း... ငါ မင်းကို မနေ့ညကပြောသားပဲ ငါ သုံးပေါင်လောက် ကျသွားတယ်လို့ .."
Zhan Zhao က နက်ခ်တိုင် ကလစ်ကို စူစုပုတ်ပုတ်နှင့် ကြည့်လိုက်သည်။
"သေးသေးလေးကွာ မြင်တောင် မမြင်ရဘူး"
"မမြင်ရအောင် တမင်လုပ်ထားပေးတာ ကြောင်လေးရဲ့... ဒီဟာလေးက အကောင်းဆုံးပဲ အထဲမှာ ကင်မရာနဲ့ စကားပြောစက် ထည့်ပေးထားတယ် "
Bai Yutang က သူ့နက်ခ်တိုင်ကိုတော့ အင်္ကျီအိတ်ထဲ ထည့်လိုက်သည်။
"မင်း အခုတလော ပင်ပန်းနေလားဟင်"
"မပင်ပန်းပါဘူး"
Zhan Zhao က ခေါင်းယမ်းလိုက်သည်။
"အမှုတွေ ဖြေရှင်းတာ ပထမဆုံးမှ မဟုတ်တော့တာပဲလေ"
" ဒါပေမဲ့ မင်းအခုလောက်ထိ မပင်ပန်းဖူးဘူးလေ..."
Bai Yutang က ပြုံးလိုက်ပြီး.Zhan Zhao ၏ ခါးသေးသေးလေးကို ကိုင်လိုက်သည်။
"ကြွက်စုတ်"
Zhan Zhao က ခြေကို အသာကြွ၍ Bai Yutang ၏ ခြေထောက်ကို တက်နင်းလိုက်သည်။
"မင်းက အခုတလော ဟင်းမချက်ကျွေးပဲ အပြင်မှာပဲ စုတ်စုတ်ပြတ်ပြတ် စားနေရလို့လေ... ဒီညတော့ ဝက်နံရိုးချိုချဥ်ကြော် စားရမှာကို ဖြစ်မှာ..."
Bai Yutang က Zhan Zhao၏ လက်ကောက်ဝတ်တွင် နာရီလေးကို ပတ်ပေးသည်။
"ဒီနာရီထဲမှာ ဂြိုဟ်တုကနေ နေရာဖမ်းတဲ့စက်ပါတယ်..ဒီဘေးက ခလုတ်လေးကို နှိပ်ရင် ငါ့ဆီကို အချက်ပေးသံ ရောက်လာမှာ..နှိပ်လိုက်နော်..."
"အင်း... ဝက်နံရိုး ချိုချဥ်ကြော်...."
ကြောင်လေးက မှန်ထဲကို ကြည့်လိုက်သည်။
" အဲဒါ ချက်ရတာ မခက်ဘူး မဟုတ်လား"
" ပြန်ရောက်ရင် အသင့်ဖြစ်နေမှာပါ.."
Bai Yutang က သူ့အကြိုက်ဆုံး Remington ကို Zhan Zhao ၏ ခြေသလုံးရှိ လျှို့ဝှက်အိတ်ကပ်တွင် ဂရုတစိုက် ထည့်ပေးလိုက်သည်။
"Shang Luo က မင်းကို မဟုတ်တာ ကြံစည်ရင် အသေပစ်သတ်လိုက်"
"ဟမ်.. အဲ့ဒါ ရဲတစ်ယောက် ပြောရမဲ့ စကားလား"
Zhan Zhao က လှမ်းရိုက်လိုက်သည်။
" ငါ နာရီကို သုံးပြီး လှမ်းခေါ်လိုက်မယ်... ငါ အချက်ပြတာ စောင့်နေနော်..."
"အင်းပါ... ငါ ရှိနေမှာ.."
Bai Yutang က Zhan Zhao တစ်ကိုယ်လုံးကို နှစ်ပတ် သုံးပတ် လှည့်ကြည့်သည်။ သေသေချာချာကျေနပ်အောင် စစ်ဆေးပြီးနောက် ပြုံးလိုက်သည်။
"ရပြီ... ကြောင်လေး.. သတိထားနော်..."
"စိတ်ချပါ"
Zhan Zhao က နူးညံ့စွာ ပြုံးပြသည်။
"အစ်ကို"
Bai Chi က လက်ထဲမှ ပစ္စည်းတပွေ့တပိုက်နှင့် အိမ်အပြင်ဘက်တွင် စောင့်နေသည်။ ထိုပစ္စည်းတွေက စောင့်ကြည့်ကင်မရာနှင့် ပတ်သက်သော ပစ္စည်းများ...
"အကုန် အဆင်သင့်ဖြစ်ပြီ"
Bai Chi မှာ စောစောက အိမ်ထဲဝင်လာရန် စိတ်ကူးမိသော်လဲ Zhan Zhao ၏ ခါးနှစ်ဖက်တွင် ရစ်သီရစ်သီ လုပ်နေသော Bai Yutang ၏ လက်တို့ကို တွေ့သောအခါ မျက်နှာရဲတက်လာပြီး ဟိုဘက်လှည့်လိုက်သည်။
"ကျွန်တော်.. ကား...ကားထဲမှာ စောင့်နေမယ်နော်.."
ထို့နောက် ခလုတ်တိုက်လဲမတတ် ထွက်ပြေးသွားလေသည်။
ကျန်ခဲ့သော Bai Yutang နှင့် Zhan Zhao တို့မှာ ဘာပြန်ပြောရမှန်းမသိပဲ တစ်ယောက်ကိုတစ်ယောက်သာ ကြည့်နေကြသည်။ Bao Zheng ကလဲ စကားတွေ လာပြောသည်။ အကျဥ်းချုပ်လိုက်ရင်တော့ စာကြောင်းတိုင်းတွင် ဂရုစိုက်ရန့ မှာသည်ချည်းပင်။ လှုပ်ရှားမှုတိုင်းကို သတိထားကာ Zhan Zhao ထွက်ခွာသွားလေသည်။
Bai Chi နှင့် Bai Yutang က အနောက်မှ သတိကြီးစွာ လိုက်ခဲ့သည်။ Zhao Hu နှင့် Ma Han ကတော့ အစောကြီးထဲက ဟိုတယ်၏ မှောင်ရိပ်ကျကျနေရာတွင် အသင့်စောင့်ဆိုင်းလျက်ရှိနေသည်။
သံသယဖြစ်မည်စိုး၍ Zhan Zhao က Bai Yutang ကားနှင့်မလာပဲ ကားငှား၍သာ သွားလေသည်။ အငှားကားလေးက ချောမွေ့စွာပင် ဟိုတယ်ရှေ့သို့ ရောက်သွားသည်။
Zhan Zhao ဟိုတယ်ရှေ့ရောက်တော့ ဧည့်ကြိုမိန်းကလေးက အသင့်စောင့်ကြိုနေကာ ဓာတ်လှေကားသို့ လိုက်ပို့၍ အပေါ်သို့ တက်ကြသည်။
Bai Yutang တို့ ကားလဲ တစ်နေရာတွင် ရပ်လိုက်ပြီး Bai Chi က ကွန်ပြူတာကို ဖွင့်လိုက်တော့ Zhan Zhao ၏ နက်ခ်တိုင် ကလစ်တွင် ရှိနေသော လျှို့ဝှက်ကင်မရာမှ ပြတ်သားသော ပုံရိပ်များ ထင်ရှားစွာ မြင်ရလေသည်။ ရုပ်သာ ကြည်လင်သည်မက အသံတွေပါ ပြတ်သားစွာ ကြာူရသည်။
Bai Chi က Jiang Ping ကို ရိုးသားစွာ ချီးကျူးလိုက်သည်။
Bai Yutang က နားကြပ်တပ်လိုက်ကာ Zhan Zhao နှင့် ဧည့်ကြိုမိန်းကလေးတို့ ပြောနေသည်များကို နားထောင်နေသည်။
"၁၃လွှာရဲ့ ခန်းမကို သွားရမှာလား"
"ဟုတ်ကဲ့ပါရှင့်"
ဧည့်ကြိုမိန်းကလေးမှာ Zhan Zhao ကို ကြိုခွင့်ရသည့်အတွက် အရမ်းပျော်ရွှင်နေပုံရသည်။ ယနေ့ အခမ်းအနားမှာ စိတ်ပညာနယ်ပယ်မှ ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ထိပ်သီးပညာရှင် အနည်းအကျဥ်းကိုသာ ဖိတ်ကြားထားသည့်အတွက် အားလုံးက အသက်ကြီးကြီး အဖိုးအရွယ်နှင့် ဦးလေးအရွယ်များ ဖြစ်ကြသည်။ သို့သော် Zhan Zhao က ငယ်ရွယ်ချောမောလှပကာ စကားပြောတိုင်း ပြုံးနေတတ်ပြီး ဖော်ရွေလှသည်။
ထို့နောက် ဓာတ်လှေကားက ၁၃လွှာတွင် ရပ်၍ တံခါးပွင့်သွားတော့ Zhan Zhao က ဧည့်ကြိုမိန်းကလေးအား ကျေးဇူးတင်စကားပြော၍ ဓာတ်လှေကားထဲမှ ထွက်လိုက်သည်။
ကွန်ပြူတာ ဖန်သားပြင်တွင် မြင်ရသည့် ပုံရိပ်တို့မှာ လူအများကြောင့် ရှုပ်ထွေးစ ပြုလာသည်။ အသံတွေလဲ ဆူညံလာ၍ Bai Yutang အံကြိတ်လိုက်သည်။
"အကုန်လုံးက ငါ့ကြောင်လေးကို ဝိုင်းကြည့်ကြတော့မှာပဲ"
ဘေးနားတွင် ရှိနေသော Bai Chi က Bai Yutang ၏ မှတ်ချက်ကြောင့် မျက်နှာရဲတက်ကာ ပူအိုက်လာသည်။
Bai Yutang ကတော့ သတိမထားမိပဲ Zhan Zhao ၏ ကင်မရာကိုသာ အာရုံစိုက်၍ လိုက်ကြည့်နေသည်။
ခန်းမပေမဲ့ ရိုးရှင်းသော ပွဲတစ်ခုဖြစ်သည့်အတွက် အခန်းက ကျဥ်းသည်။ လူ ခြောက်ဆယ် ခုနစ်ဆယ်မျှသာ ဆံ့လောက်မည်။ Zhan Zhao က အထဲရောက်တော့ တစ်ပတ်ပတ်ကြည့်သည်။ သို့မှသာ ခန်းမ၏ အနေအထား ရှုထောင့်နှင့် ဝန်းကျင်တို့ကို Bai Yutang သိနိုင်မည် မဟုတ်ပါလား...
ခန်းမထဲ Zhan Zhao ဝင်လာခြင်းက ခန်းမရှိ လူအားလုံးကို လှုပ်လှုပ်ရွရွ ဖြစ်စေသည်။ မှုခင်းစိတ်ပညာနယ်ပယ်တွင် Zhan Zhao ၏ နာမည်သည် ထိပ်ဆုံးတွင် ရှိနေပြီး ထိုကဲ့သို့ ပွဲများကျင်းပတိုင်း ငြင်းဆန်လေ့ရှိသည့်အတွက် နယ်ပယ်တူသူများက Zhan Zhao ကို လူကိုယ်တိုင် မမြင်ဖူးကြသည်က များသည်။ သို့သော် ကောလဟလတွေအတိုင်း နတ်သားတမျှ ချောမောလှသော အနှီကောင်လေးက ထိုမျှ ထူးချွန်သည်ကို တွေ့ရတော့ ရင်သပ်ရှုမောကာ တီတိုးပြောဆိုနေကြသည်။
"စိတ်ပညာရဲ့ အငယ်ဆုံး မှော်ဆရာလေးလိုပဲ.."
" ငါ သူ့ကို ဒီနေ့တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး"
" တွေ့ရတာ ဝမ်းသာပါတယ် Dr. Zhan.."
နိုင်ငံတကာ မှုခင်းစိတ်ပညာအဖွဲ့အစည်း၏ ဥက္ကဋ္ဌ ဖြစ်သူ Lu Wen က လူကိုယ်တိုင်လာ၍ နှုတ်ဆက်လေသည်။ ထိုအဖိုးကြီးက Zhan Zhao ၏ လက်ကို တင်းကြပ်စွာ ကိုင်ကာ အားရပါးရ နှုတ်ဆက်သည်။
"ဆုရတဲ့ အတွက် အရမ်းဝမ်းသာပါတယ်... ရောက်လာပေးတဲ့အတွက်လဲ ကျေးဇူးတင်တယ်နော်.."
ဝိုင်းအုံလာသော လက်တွေနှင့် ချီးကျူးပြောဆိုကြသော စကားလုံးတို့အကြားတွင် Zhan Zhao က ရင်းနှီးနေသည့်အလား တည်ငြိမ်နေသည်။ လူတိုင်းကို ပြုံးပြနှုတ်ဆက်ကာဖြင့် မျက်လုံးက Shang Luo ၏ ပုံရိပ်ကိုသာ လိုက်ရှာနေသော်လည်း အရိပ်အယောင်ပင် မတွေ့ရချေ။
Zhan Zhao က ရုတ်တရက် စဥ်းစားရကြပ်သွားသည်။
"သူမလာတော့ဘူးလား... ငါ တွက်ကိန်းမှားသွားတာလား"
Bai Yutang နှင့် Bai Chi ကလဲ ကွန်ပြူတာ မျက်နှာပြင်ကို စူးစိုက်ရှာဖွေပေမဲ့ စိတ်ပညာနယ်ပယ်မှ ပညာရှင်များ မီဒီယာများနှင့် ဧည့်သည်အချို့မှလွဲ၍ Shang Luo ကို ရှာမတွေ့ပေ။
"အစ်ကို.. Shang Luo က အစ်ကို Zhao လာမှာသိလို့ ရှောင်နေတာများလား"
Bai Chi ၏ အမေးကြောင့် Bai Yutang ခေတ္တကြောင်သွားသည်။ သူလဲ စောစောက ဒါကို စဥ်းစားနေမိသည်လေ...
"ဖြစ်နိုင်ချေ ရှိပေမဲ့ သူက အဲ့လို ကြောက်တတ်တဲ့ လူတစ်ယောက်တော့ ဟုတ်မယ်မထင်ဘူး သတင်းမီဒီယာတွေကို အသုံးချပြီး ငါတို့ကိုတောင် ခြိမ်းခြောက်ခဲ့တာပဲကို..ဒါက သူ့အတွက်လဲ အခွင့်အရေးကောင်းမို့လို့ လက်လွတ်ခံမယ်မထင်ဘူး... သူ သေချာပေါက် ပေါ်လာပါလိမ့်မယ်... စောင့်ကြရအောင်"
ထိုအချိန်တွင် Zhan Zhao က ဆူညံနေသော လူအုပ်ကြားမှ ထွက်ကာ စားပွဲထိုးအား.ရှန်ပိန်တစ်ခွက်မှာ၍ ပြတင်းတံခါးနားသို့ သွားကာ ရပ်နေသည်။ စတိတ်ပေါ်တွင် ဥက္ကဋ္ဌ က အမှာစကားပြောနေဆဲဖြစ်သည့်အတွက် အတန်ငယ်ကြာဦးမည်ဟု တွေးလိုက်သည်။ ဘူဖေးမဟုတ်ပဲ စားပွဲထိုးများ ကိုယ်တိုင်လာချပေးသော အခမ်းအနားဖြစ်သည့်အတွက် လေထုက ငြိမ်ဆိမ်ကာ အေးချမ်းနေသည်။ Zhan Zhao က ပြတင်းတံခါးနှင့် နီးသော ထိုင်ခုံကို ရွေးချယ်၍ ထိုင်လိုက်သည်။ ထိုနေရာမှဆိုလျှင် ခန်းမတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်ရပေသည်။ Bai Yutang နှင့် Bai Chi တို့ကလဲ ထင်ရှားစွာ မြင်ရသည်။
ဧည့်သည်တွေ အားလုံးရှိနေကြပေမဲ့ Shang Luo က အရိပ်ပင် ပေါ်မလာသေး Bai Yutang က စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။
Zhan Zhao လဲ စိတ်ပျက်နေပြီဖြစ်၍ ပြန်ထွက်မည်ကြံ၍ လှည့်လိုက်ရာ အနားရှိ လူတစ်ယောက်နှင့် တိုက်မိသွားသည်။ ရှန်ပိန်ဖန်ခွက် သူ့အပေါ်မှောက်ကျသွား၍ ရင်ဘတ်တို့ စိုရွှဲကုန်သည်။
"အာ.. ကျွန်တော် တောင်းပန်ပါတယ်...သတိမထားမိပဲ လှည့်လိုက်မိတာ.."
Zhan Zhao က ရှန်ပိန်များ ကလစ်ရှိရာ ပေသွားသည့်အတွက် စိုးရိမ်သွားသည်။ အတွင်းက စက်တွေ ကောင်းရော ကောင်းတော့ပါ့မလားဟု... သို့သော် ထိုလူ၏ အသံကို ကြားလိုက်သည့် ခဏ၌ ရုတ်တရက် တစ်ကိုယ်လုံး တောင့်သွားသည်။ ကင်မရာရှေ့မှ Bai Chi နှင့် Bai Yutang တို့ကလဲ တစ်ချိန်ထဲ မြင်လိုက်ရလေသည်။ Zhan Zhao ရှေ့တွင် ရပ်နေသူက Shang...Luo...
"အော်...ဆရာ Zhan...တွေ့ရတာ ဝမ်းသာလိုက်တာ"
Shang Luo က အိတ်ကပ်ထဲက လက်ကိုင်ပုဝါကို အသာထုတ်၍ ရှန်ပိန်ပေသွားသော Zhan Zhao ၏ နက်ခ်တိုင်ကို ဂရုတစိုက် သုတ်ပေးနေသည်။
Zhan Zhao က ရုတ်တရက် ဆိုသည်။
"ရပါတယ်.အများကြီး.ပေမသွားပါဘူး..."
စိတ်ထဲမှလဲ
"Jiang Ping ကိုယ်တိုင်လုပ်ပေးလိုက်တဲ့ ကလစ်က ရေဝင်ရုံနဲ့ ဘာမှတော့ မဖြစ်လောက်ပါဘူး.."
"နက်ခ်တိုင် ကလစ်လေးက အရမ်းထူးခြားတယ်နော်..."
Shang Luo က ရုတ်တရက် Zhan Zhao အား ပြောလိုက်သည်။
"ဟုတ်တယ်..ကျွန်တော့်ကို တစ်ယောက်က လက်ဆောင်ပေးထားတာ.."
"ခင်ဗျားရဲ့ ချစ်သူကလား"
Shang Luo က ပြုံးပြရင်း မေးလာသည်။
"ခင်ဗျားက ဒါလေးကို အရမ်းဂရုစိုက်နေတဲ့ပုံပေါ်နေလို့ပါ"
" ဒါလေးကို သဘောကျလို့ပါ.."
Zhan Zhao က ခေါင်းညိတ်သည်။
" ရိုးရိုးသူငယ်ချင်း မိန်းကလေးတစ်ယောက် ပေးထားတာပါ.. သူက လက်ထက်သွားပြီလေ...."
တစ်ဖက်မှ အတိုင်းသားကြားနေရသော Ma Han နှင့် Zhao Hu တို့ ထရယ်သည်ကို Bai Yutang က စကားပြောစက်မှ တစ်ဆင့် ကြားလိုက်ရပြီး ဒေါသထွက်သွားကာ တစ်ချိန်ထဲမှာပင် Zhan Zhao အား ကျိန်ဆဲလိုက်သည်။
"ကြောင်သေစုတ်... ပါးစပ်ကို စည်းမရှိပဲ လျှောက်ပြောနေတယ်.. အိမ်ရောက်မှ တွေ့ဦးမယ်"
နဂိုကမှ မျက်နှာရဲနေသော Bai Chi လေးမှာ တွေ့ဦးမယ်ဟူသော စကားအဆုံး ဘာတွေ တွေးမိမှန်းမသိ နီရဲတွတ်လာကာ ချွေးများပြန်လာသည်။ မျက်လုံးကသာ ကွန်ပြူတာရှေ့ ရောက်နေသော်လဲ မြင်နေသည်က တခြား... နှလုံးခုန်နှုန်းတွေတောင် ထိန်းမရချင်တော့...
အနားတွင် ထိုင်နေသောBai Yutang က မူမမှန်တော့သော Bai Chi ကို သတိထားမိ၍ မေးကြည့်လိုက်သည်။
"Bai Chi ဘာလို့လဲ တအားပူနေလို့လား ချွေးတွေချည်းပဲ..."
"ဗျာ..."
Bai Chi က လန့်သွားပြီး ကွန်ပြူတာကိုသာ ငုံ့ကြည့်ရင်း ပြန်ဖြေသည်။
" ဟို... ဒီနေ့ အေးတယ်နော်....မဟုတ်ပါဘူး...ဒီနေ့ သိပ်မပူဘူးနော်... မဟုတ်သေးဘူး... ဒီနေ့ ပူလဲ မပူဘူး.. အေးလ့ြ မအေးဘူး ဟို...ဟို.."
နောက်ဆုံးတွင်တော့ စပ်စုစိန် Bai Yutang က သူ့လုပ်ရပ်သူ နောင်တရသွားကာ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
" ရပြီ ဆက်မပြောနဲ့တော့.. ငါက ဒီအတိုင်းမေးလိုက်တာပါ အလေးအနက်ကြီး ဖြေနေစရာ မလိုပါဘူးကွာ..."
အကြာကြီးနေမှ Bai Chi ဆီက အသံတစ်သံ ထွက်လာသည်။
"ဟုတ်... ကဲ့..."
Ma Han နှင့် Zhao Hu ကတော့ အရယ်မရပ်နိုင်တော့...
"ကျွန်တော် တကယ်ကို အားနာပါတယ်ဗျာ.."
Shang Luo ကZhan Zhao ၏ ရှန်ပိန်စွန်းသွားသော လည်စီးကိုသာ ငေးကြည့်နေသည်။
" အဲ့ဒါကို လျှော်လို့ရအောင် သန့်စင်ခန်းထဲ ကျွန်တော် အဖော်လိုက်ခဲ့ပေးပါ့မယ်.."
Zhan Zhao က ခေါင်းညိတ်သည်။
"ကောင်းပြီလေ..."
ထို့နောက် နှစ်ယောက်သား ခန်းမထဲမှ ထွက်ကာ သန့်စင်ခန်းထဲ လျှောက်သွားကြလေသည်။ Bai Yutang ကတော့ မျက်မှောင်ကြုံ့လိုက်ရင်း ပွစိပွစိ ပြောနေသည်။
"ကြောင်လေးက အဆင်ပြေတဲ့ ပုံပါ... ပြီးတော့ ဘာမှလဲ သိပ်စွန်းတာကို အိမ်သာထဲအထိ လိုက်ပေးစရာ မလိုပါဘူး"
မျက်မှောင်ကြုံ့၍ ကြည့်နေသည်မှာ ကွန်ပြူတာ မျက်နှာပြင် ပေါက်ထွက်မတတ်ပင်။
Shang Luo က Zhan Zhao နှင့်အတူ ခန်းမအပြင်သို့ လိုက်ထွက်လာသည်။ သူတို့နှစ်ယောက်ကြည့်သည်မှာ တစ်ခုခုကို စကားကောင်းနေပုံရ၏။
"ဒါနဲ့... အမှုရော ဘယ်လိုနေသေးလဲ"
Zhan Zhao က ပုံမှန်အတိုင်းပြန်ဖြေသည်။
"သေတ္တာအလောင်း အမှုလား"
"ဟုတ်တယ် ကျွန်တော်အခု အိမ်မှာ ထားတာလေ..အမှုက နဲနဲ ကြာနေလို့.."
Shang Luo က အသက်မပါသလို ရယ်လိုက်သည်။
"ကျွန်တော်က တရားခံအမှန် ပေါ်လာဖို့ မျှော်လင့်နေတာပါ"
"ကျွန်တော်တို့လဲ အကောင်းဆုံး ကြိုးစားနေပါတယ် "
Zhan Zhao က ပြုံး၍ ပြန်ဖြေတော့ Shang Luo က သန့်စင်ခန်းတံခါးကို ဖွင့်ပေးပြီး ခေါင်းညိတ်ပြကာ Zhan Zhao အား အရင်ဝင်စေပြီးမှ လိုက်ဝင်လာသည်။
လက်ဆေးကန်ရှေ့တွင် Zhan Zhao က လက်ကိုင်ပုဝါကို ရေစွတ်လိုက်ပြီးမှ Shang Luo အား စကားလှည့်ပြောသည်။
"Mr. Shang က ဘယ်လိုဖြစ်ပြီး ရှေးဟောင်းပစ္စည်း တွေ စုဆောင်းရတာကို သဘောကျရတာလဲ... ပြီးတော့ အလောင်းတွေပဲကို..."..
"အော်...စိတ်ဝင်စားလို့ မဟုတ်ရပါဘူးဗျာ..."
Shang Luo က ပခုံးတွန့်ပြသည်။
"ကျွန်တော့်အလုပ်က တစ်ခါတစ်လေ ရှေးဟောင်းပစ္စည်း တွေနဲ့ ပတ်သက်တာဗျ... သူတို့ရဲ့ တန်ဖိုးတွေကိုကြည့်တယ်လေ.. ပြီးတော့ တစ်ချို့တွေက သူများလက်ဆောင်ပေးတာဆိုတော့ ငြင်းမရဘူးပေါ့ဗျာ... တချို့ကိုတော့ ကျွန်တော် ကြိုက်လို့ ဝယ်ထားတာ... ကြာလာတော့လဲ အရမ်းများလာလို့ အခန်းတစ်ခုနဲ့ သက်သက် သိမ်းထားတယ်"
"သြော်.. ဟုတ်ကဲ့.."
Zhan Zhao က ခေါင်းငုံ့ကာ ရှန်ပိန်ပေသွားသော လည်စည်းကို ရေစိုလက်ကိုင်ပုဝါနှင့် ပွတ်နေသည်။ အချိန်အဆ လွဲသွား၍လားမသိ လက်ကိုင်ပုဝါနှင့် ကင်မရာတိုက်မိသွားပြီး ကွန်ပြူတာ မျက်နှာပြင်တွင် Zhan Zhao နှင့် Shang Luo တို့ ပုံရိပ် ပေါ်လာလေသည်။ Zhan Zhao က ငုံ့၍သာ အာရုံစိုက် သုတ်သင်နေပြီး Shang Luo က Zhan Zhao အား ငေးစိုက်ကြည့်နေသည်။ ဤသည်ကို Bai Yutang မြင်သွားလားဟုတော့ မေးရန်လိုမည်မထင်။
Bai Yutang ၏ မျက်နှာမှာ မြူခိုးတွေ ဆိုင်းလာသကဲ့သို့ မှုန်မှိုင်းလာပြီး အတွင်းဘက်မှ လေထုဖိအား ကျလာသည်ကို Bai Chi လေး ခံစားမိကာ တံတွေးတစ်ချက် မြိုချမိသည်။
"Dr Zhao ကရော ရှေးဟောင်းပစ္စည်းတွေ စိတ်မဝင်စားဘူးလား"
Shang Luo က မေးလိုက်သည်။
"ကျွန်တော်လား လူမျိုးစု ယဥ်ကျေးမှာနဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေ စုဆောင်းရတာ သဘောကျပါတယ်... အဓိပ္ပါယ်တွေ ပြည့်နှက်နေတဲ့ ပစ္စည်းတွေ စုဆောင်းဖြစ်တယ်.."
"ကျွန်တော့်အိမ်မှာ ပစ္စည်းတစ်ချို့ သိမ်းထားတယ် ခင်ဗျားကြိုက်မလားတော့ မသိဘူး"
Shang Luo က Zhan Zhao လက်ထဲမှ လက်ကိုင်ပုဝါအား လှမ်းယူကာ ရေဆွတ်ပေးပြီး မေးလိုက်သည်။ ထို့နောက် Zhan Zhao ၏ လည်စည်းကို သုတ်ပေးနေသည်။
"လိုက်ကြည့်ချင်လား".
"ပွဲပြီးရင်လား"
Zhan Zhao ၏ မျက်ဝန်းတွင် စိတ်ဝင်စားမှု အရိပ်တစ်ချို့ ပေါ်လာသည်။
"ဘယ်လို ပစ္စည်းတွေ ရှိတာလဲ..."
"ဒါကတော့... အလောင်းတွေချည်းသက်သက်လို့တော့ မပြောနိုင်ပေမဲ့ အလောင်းကနေ လုပ်ထားတဲ့ ပစ္စည်းတွေတော့ ရှိတယ်... ပြီးတော့ ရိုးရာအဆောင်တွေလဲ နဲနဲပါးပါးတော့ ရှိပါတယ်..."
"ကျွန်တော် စိတ်ဝင်စားတယ်"
Zhan Zhao မျက်နှာက ကျေနပ်သွားသည့်ပုံ..
"အခုက ဆုလက်ခံရဦးမှာဆိုတော့.. ခင်ဗျားအတွက် အချိန်ရပါ့မလား"
"ကိစ္စမရှိပါဘူး... ကျွန်တော်က တစ်ယောက်ထဲ နေတဲ့သူ.."
Shang Luo က လည်စည်းတွင် ပေနေသော လက်ကျန်ရှန်ပိန်အရည်များကို ဂရုတစိုက်သုတ်ကာ လည်စည်းကို သေသေ သပ်သပ် ဖြစ်စေရန် ပြင်စည်းပေးနေသည်။
"ကိစ္စရှိတာက ခင်ဗျားပဲလေ.. နောက်ကျမှ ပြန်ရောက်ရင် ခင်ဗျားချစ်သူ စိတ်ဆိုးနေမှပေါ့"
Zhan Zhao က ပြုံးလိုက်သည်။
"ရပါတယ်... သူက အလုပ်များတဲ့သူလေ"
"အလုပ်များတယ်.??"
Shang Luo က လက်ကိုင်ပုဝါ အစိုကို အမှိုက်တောင်းထဲ ထည့်လိုက်သည်။
"သူက ညဘက်ရော အလုပ်များတာလား"
"အင်း..."
Zhan Zhao က ရေပိုက်ခေါင်းကို လှည့်ဖွင့်ကာ သူ့အတွေးကိုသူ ရယ်လိုက်သည်။
"သူက အခုဆို ဝက်နံရိုးချိုချဥ် ကြော်နေရမှာလေ.. "
Bai Yutang က ရယ်ချင်စိတ်ကို မနဲမြိုသိပ်ထားရပုံပေါ်သော Bai Chi အား စူးစူးရဲရဲ တစ်ချက်ကြည့်လိုက်တော့ Bai Chi က ကြောက်လန့်စွာဖြင့် ခေါင်းငုံ့သွားသည်။
Ma Han နှင့် Zhao Hu တို့မှာ စကားပြောစက်တစ်ဖက်တွင် အူတက်နေကြသည်။
"Bai Sir ကျွန်တော်တို့ ဝက်နံရိုး ဝယ်ခဲ့ပေးရမလား"
Bai Yutang ကတော့ အံကြိတ်ကာ ပြုံးလိုက်သည်။
"ဝယ်လာစရာ မလိုပါဘူး... မင်းတို့ထဲက ဘယ်သူ့နံရိုးကို ကြော်ရမလဲ စောင့်ကြည့်မယ်..."
Ma Han နှင့် Zhao Hu တို့အသံမှာ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
Zhan Zhao နှင့် Shang Luo တို့မှာ သန့်စင်ခန်းမှ ထွက်၍ ခန်းမထဲ ပြန်ဝင်သွားကြသည်။ Zhan Zhao က ဆုလက်ခံပြီးနောက် ကျေးဇူးတင်စကားပြောတော့ ပရိသတ်များအားလုံး ရင်သပ်ရှုမောကာ ငေးနေကြလေသည်။ ထို့နောက်တွင်တော့ Zhan Zhao က Shang Luo နှင့် အတူ ဓာတ်လှေကားထဲ လိုက်သွားသည်။
"ကျွန်တော့်ကားက မြေအောက်ကားဂိုဒေါင်မှာ.. "
Shang Luo က နံပါတ် 1 ကို နှိပ်လိုက်ပြီး Zhan Zhao အားပြောလိုက်သည်။
"ကျွန်တော် ကားထုတ်ပြီး ထွက်ခဲ့မှာမို့ ဟိုတယ်ရှေ့မှာ လေကောင်းလေသန့် ရှူ ရင်းစောင့်နေနော်..."
Zhan Zhao က ခေါင်းညိတ်သည်။
" ဒါနဲ့ ခင်ဗျားက ဘယ်မှာနေတာလဲ"
Shang Luo က ပြုံးလိုက်သည်။
"ကျွန်တော်နေတဲ့နေရာက သိပ်မဝေးပါဘူး...Linjiang တင်လေး..."
အဆောက်အဦး၏ အပြင်ဘက်တွင်တော့ Bai Yutang က ဗီလိန်ဆန်ဆန် ပြုံးလိုက်သည်။
"ကြောင်သေစုတ်... သစ္စာဖောက်..."
စကားပြောစက်ကို ကိုင်၍ Bai Yutang ပြောနေသည်က..
" နံရိုးစားရမယ်မှန်း ထင်နေလား.. ကြောင်လေး ထွက်လာပြီ ကြောင်လေး ထွက်လာပြီ... နံရိုးအလုပ်မခံချင်ရင် သေသေချာချာ စောင့်ကြည့်နေကြ..."
အကြာကြီးနေမှ Ma Han နှင့် Zhao Hu ဘက်မှ အသံထွက်လာသည်။
" နံရိုး ရ လာပြီ...."
..............
End of Non- Human Murderer 16
Thank you all
အရမ်းချစ်လို့ နောက်တစ်ပိုင်း တင်ပေးလိုက်တယ်နော် Weekday မှာတော့ No Update ပါ... See you all on Sat😘😘😘