Zawgyi
ထို ဆယ္ေက်ာ္သက္ေကာင္ေလး အၾကည့္ေတြက သူ႔ဆီမွ ခြာလိုက္ခ်ိန္ Zhan Zhao က ႐ုတ္တရက္ ေခ်ာင္းဟန္႔လိုက္သည္။ ထိုေကာင္ေလးက ျပန္လွည့္လာကာ Zhan Zhao ကို ျပန္ၾကည့္သည္။ ထို႔ေၾကာင့္ Zhan Zhao က လက္ကို ေ႐ွ႕ဆန္႔ကာ လက္ငါးေခ်ာင္းေထာင္ျပေတာ့ ထိုေကာင္ေလးက အံ့ျသစြာ ေငးၾကည့္ေနသည္။
Zhan Zhao ၏ လက္ေခ်ာင္းေလးမ်ားက ထိုေကာင္ေလး၏ အာရံုကို ဖမ္းစားထားေလသည္။ ထို႔ေနာက္ေတာ့ Zhan Zhao က ခ်က္ခ်င္း လက္ေထာင္ထားသည္ကို ေျပာင္း၍ လက္သီးဆုပ္လိုက္သည္။ ထိုအမူအရာက ထိုေကာင္ေလးကို စိတ္မေက်မနပ္ ျဖစ္ေစႏိုင္ပံုရသည္။ မ်က္ေမွာင္ၾကံဳ႕ကာ မေက်မနပ္ ျပန္ၾကည့္သည္။
Zhan Zhao က လက္သီးဆုပ္ထားေသာ လက္ကို အေပၚျပန္ေျမႇာက္၍ ေကာင္ေလးကို လွမ္းၾကည့္ကာ မ်က္ခံုးပင့္ျပသည္။ ေကာင္ေလးလက္ကုိ တစ္လွည့္ သူ႔လက္ကို တစ္လွည့္ ၫႊန္ျပေနေတာ့ ထိုေကာင္ေလးက တျဖည္းျဖည္း လိုက္ၾကည့္ေနသည္။ ေကာင္ေလးက သူ႔လက္သူ ျပန္ငံု႔ၾကည့္မိေတာ့ လက္ထဲတြင္ ဓားတစ္ေခ်ာင္းႏွင့္ တျခားလက္ထဲတြင္ ေခြးေလး၏ ေသြးတစ္စက္စက္ က်ေနေသာ ေခါင္းတစ္လံုးႏွင့္ အတူ လက္ႏွစ္ဖက္လံုးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားသည္။
နားမလည္ဟန္ႏွင့္ Zhan Zhao ကို ျပန္ၾကည့္ေသာ Zhan Zhao က ႏွစ္လိုဖြယ္ ျပန္ျပံဳးၾကည့္ေနၿပီး လက္သီးဆုပ္ကို ျဖည္းျဖည္းခ်င္း ျဖည္လိုက္သည္။ Zhan Zhao ၏ လႈပ္႐ွားမႈတိုင္းကို ေသခ်ာ လိုက္ၾကည့္ေနေသာ ထိုေကာင္ေလးကလဲ အညႇိဳ႕ခံလိုက္ရသကဲ့သို႔ ျပန္ျပံဳးကာ လက္သီးဆုပ္ကို ျဖည္၍ လက္ငါးေခ်ာင္းေထာင္လိုက္သည္။
လက္သီးဆုပ္ျဖည္လိုက္သည့္ ခဏ၌ ၾကမ္းျပင္ေပၚ ဓားျပဳတ္က်သြားသံက အတိုင္းသား...။ ထိုအသံၾကားမွ ေကာင္ေလးက လန္႔သြားကာ Zhan Zhao ကို အလန္႔တၾကား ၾကည့္ေနသည္။ သည္တစ္ခါေတာ့ Zhan Zhao က လက္ေျမႇာက္ကာ ေကာင္ေလးဆီသို႔ တစ္စံုတစ္ခု လွမ္းပစ္သည့္ဟန္ လုပ္ကာ ပါးစပ္မွလဲ ေအာ္သည္။
"ေရာ့ ေနာက္တစ္ခု..."
Zhan Zhao ၏ လႈပ္႐ွားမႈမ်ားကို သေဘာတက် လိုက္ၾကည့္ေနေသာ ထိုေကာင္ေလး၏ အၾကည့္ေတြက ေလထဲတြင္ ပစ္လို္က္ေသာ အရာကို လိုက္႐ွာေနသည္။
ထိုေကာင္ေလးက ေလွကားရင္းေပၚ႐ွိ သံပန္းတံခါးတြက္ အက်အနထိုင္ေနရင္းမွ ဟိုသည္ ေမာ့ၾကည့္ေတာ့ ဟန္ခ်က္ပ်က္ကာ ေအာက္ကုိ ျပဳတ္က်မတတ္ ျဖစ္သြားသည္။ ထိုအခ်ိန္တြက္ Bai Yutang က ေလွကားအေပၚသို႔ ေရာက္ေနၿပီ။ သူ႔ေနာက္တြင္ ေျပးလာေသာ Bai Yutang ကို သူက လ်စ္လ်ွဴ ႐ႈကာ ေစာေစာက ေလွကားမွ သံဇကာတို႔ကို အတင္းဆြဲဖက္ထားရင္း ေအာ္ေနသည္။
"အား!!!"
သံဇကာကို ဖက္ထားရင္းမွပင္ ထိုေကာင္ေလးက စူးစူးဝါးဝါး ေအာ္ဟစ္ကာ သားရဲလက္က်ေရာက္ေနေသာ သတၱဝါေလးကဲ့သို႔ ေၾကာက္လန္႔တၾကား ကန္ေက်ာက္ေနသည္။
Bai Yutang ကလဲ ထိုေကာင္ေလးကို လက္ႏွစ္ဖက္ႏွင့္ သိုင္းဖက္ထားေပမဲ့ နာက်င္ေစမည္စိုး၍ အားေတာ့ သိပ္မသံုးရဲေပ။ Bai Yutang က ထိုေကာင္ေလး၏ ကန္ခ်က္တို႔ကို ႀကိတ္ခံကာ ေအာက္ထပ္႐ွိ Zhan Zhao ကို လွမ္းေအာ္လိုက္သည္။
"ေၾကာင္ေလး.. သူ ဘာျဖစ္တာလဲ"
"Xiao Bai.. ခဏေလး သည္းခံေနဦး"
Zhan Zhao က အေပၚထပ္႐ွိ Bai Yutang ကို လွမ္းေအာ္ကာ သူ႔ေဘးတြင္ ရပ္ေနေသာ အိမ္ေစကို ေမးလိုက္သည္။
"သူ႔ကို ၿငိမ္ေအာင္ ဘယ္လိုလုပ္ရမလဲ"
"အာ..."
အိမ္ေစက ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ စကားထစ္ေနကာ အၾကာႀကီးေနမွ အေျဖျပန္ရသည္။
"ဖက္ထား.... ၿပီးေတာ့.. ေက်ာ..ေလး..ကို သာသာ.. ေလး ပုတ္ေပး... ျဖည္း...ျဖည္း..ခ်င္း.."
အေပၚထပ္႐ွိ Bai Yutang လဲ ၾကားေပမဲ့ သူဘာမွ မလုပ္ရေသးခင္ သူ႔လက္ထဲ ႐ုန္းကန္ေနေသာ ထိုေကာင္ေလးမွာ ပင္ပန္းေနပံုရကာ ၿငိမ္က်သြားသည္။ ထို႔ေနာက္ေတာ့ Bai Yutang က ထိုေကာင္ေလးကို ၾကမ္းျပင္ေပၚ အသာခ်သည္။
ၾကမ္းျပင္ေပၚ ေရာက္ေရာက္ခ်င္း ထိုေကာင္ေလးက Bai Yutang ကိုယ္ေပၚကို ျပန္ကုပ္တြယ္ထားေတာ့ Bai Yutang က ေက်ာေလးကို ဖြဖြေလး ပုတ္ေပးကာ ႏွစ္သိမ့္ေပးေနသည္။ ၿပီးေနာက္ ေအာက္ထပ္႐ွိ Zhan Zhao ကို ျပန္ငံု႔ၾကည့္ကာ ေအာက္ဆင္းလာသည္။
"ေၾကာင္ေလး..."
Zhan Zhao က မ်က္ေမွာင္ၾကံဳ႕ကာ ေခါင္းယမ္းလိုက္သည္။
"သူ အရမ္းဖ်ားေနတယ္"
မၾကာခင္တြင္ပဲ ထိုေကာင္ေလးက ၿငိမ္သြားၿပီး အိမ္ေစ ျပင္ေပးထားေသာ မုန္႔ကို စားပြဲေပၚ ထိုင္ကာ စားေနသည္။
Zhan Zhao က အိမ္ေစကို ေမးလိုက္သည္။
"သူ႔ နာမည္ ဘယ္လိုေခၚလဲ"
အိမ္ေစ Anna က ေလသံဝဲဝဲႏွင့္ ႀကိဳးစားၿပီး ေျပာလိုက္သည္။
"Jamie လို႔ ေခၚတယ္"
Zhan Zhaoက ထိုေကာင္ေလးဆီ လွည့္ၾကည့္ေတာ့ ထိုေကာင္ေလးက သူ႔ကို ေခၚသည္ကို အသိအမွတ္ျပဳဟန္ ျပန္ၾကည့္ေနသည္ကို ေတြ႔၍ စိတ္အနည္းငယ္ သက္သာရာ ရသြားသည္။ အေျခအေနက သူထင္ထားသေလာက္ မဆိုးေသးဘူး..။
Anna ေျပာပံုအရေတာ့ လြန္ခဲ့တဲ့ ေျခာက္လ Mr. Carlos ၏ ဇနီးသည္ ေသဆံုးၿပီးကတည္းက Jamie ေလးက ႐ုတ္တရက္ ေကာက္ကာငင္က ထေဖာက္ေလသည္။ တစ္ခါတစ္ေလ ဓားတစ္ေခ်ာင္းကိုင္ကာ တိရစၧာန္ ေလးေတြကို လိုက္သတ္ကာ ဘာကိုမွ မမွတ္မိတတ္ပဲ ေအာ္ဟစ္ၿပီးသည္ႏွင့္ နဂိုပံုစံအတိုင္း ဘယ္သူ႔ကိုမွ စကားမေျပာေတာ့ေပ။
Mr. Carlos ေသဆံုးသြားသည့္အေၾကာင္းကိုေတာ့ သူတို႔ အေၾကာင္းမၾကားခဲ့ၾက။Lu Fang က လူတစ္ေယာက္လႊတ္၍ အမႈအေၾကာင္း နားလည္ေအာင္ ႐ွင္းျပေပးလိမ့္မည္။ Zhan Zhao ႏွင့္ Bai Yutang တို႔က အေပၚထပ္သို႔တက္ကာ Mr. Carlos ၏ စာၾကည့္ခန္းထဲတြင္ သဲလြနစ လာ႐ွာၾကသည္။
စာၾကည့္ခန္းထဲေရာက္ေတာ့ Bai Yutang က မ်က္ေမွာင္ၾကံဳ႕သည္။
"ေၾကာင္ေလး.. တစ္ခုခု လိုေနသလိုပဲ..."
"အင္း...."
Zhan Zhao က ေခါင္းညိတ္သည္။
"ဓာတ္ပံု.."
"ဟုတ္တယ္"
Bai Yutang က အခန္းနံရံတြင္ ခ်ိတ္ဆြဲထားေသာ တန္ဖိုးႀကီး ပန္းခ်ီကားမ်ားႏွင့္ ေစ်းႀကီးလွေသာ စားပြဲခံုမိား အံဆြဲမ်ားကို ၾကည့္လိုက္သည္။
"တကယ္လို႔ သူသာ သူ႔ဇနီးကို တကယ္ခ်စ္တယ္ဆိုရင္ ေသတာ ႏွစ္တစ္ဝက္ပဲ ႐ွိေသးတယ္ ဇနီးသည္ရဲ႕ ဓာတ္ပံုက စာၾကည့္ခန္းထဲမွာ ႐ွိသင့္တယ္... အခု တစ္ပံုမွ မ႐ွိဘူး.."
Zhan Zhao က ႐ုတ္တရက္ စာၾကည့္ခန္းထဲမွ ထြက္ကာ Jamie ေလးရဲ႕ အခန္းထဲသြား၍ ၾကည့္ေနသည္။
"ကေလးကို ေဆးလံုးဝမကုေပးထားသလို ေဆးလဲ မတိုက္ဘူး"
ထို႔ေနာက္ ႏွစ္ေယာက္သား Jamie ၏ အခန္းမွ ထြက္၍ စာၾကည့္ခန္းသို႔ ျပန္လာသည္။
"ငါထင္တာကေတာ့...."
Bai Yutang က သူ႔ေမးေစ့သူ ကိုင္လိုက္သည္။
"Mr. Carlos က သူ႔သားအရင္းကို ထိခိုက္ေစခ်င္ပံု မရဘူး..."
"အင္း...... ကေလးတစ္ေယာက္ရဲ႕ အခန္းနဲ႔ မတူဘူး...ကစားစရာေတာင္မွ... ၿပီးေတာ့ နံရံမွာ ကပ္ထားတဲ့ ပံုေတြ..."
ေျပာေနရင္းZhan Zhao က ႐ုတ္တရက္ ရပ္သြားသည္။
Bai Yutang က ျပံဳးလိုက္ၿပီး Zhan Zhao နား သြားလိုက္သည္။
"ေၾကာင္ေလး... ဘာျဖစ္တာလဲ..ဘာစဥ္းစားမိလို႔လဲ"
"မဟုတ္ဘူး.... "
Zhan Zhao မ်က္ႏွာေလး နီလာသည္။
"ဘာမွ မစဥ္းစားမိဘူး"
"အား..."
Bai Yutang က သူ႔နဖူးသူ ႐ိုက္လိုက္သည္။
"ငါ မွတ္မိၿပီ၊ သတိရၿပီ.. မင္းငယ္ငယ္တုန္းက မင္းအခန္းထဲမွာ အ႐ုပ္ေတြ အမ်ားႀကီး ႐ွိတယ္ေလ.. ၿပီးေတာ့ နံရံေပၚမွာလဲ ပံုေတြ အမ်ားႀကီးပဲ.. အဲဒါေတြ အကုန္လံုးကို မင္းအေဖ ဝယ္ေပးတာေလ.."
Zhan Zhao က Bai Yutang ကို စိုက္ၾကည့္၍ ပါးစပ္မွ ပြစိပြစိ ေရရြတ္ေနသည္။
"သူ႔ဟာသူ ဝယ္ခ်င္တိုင္း ဝယ္လာတာ..."
Bai Yutang က ရယ္လိုက္သည္။
"ဘာလဲ မင္းက မင္းအေဖကို ဘာေျပာေစခ်င္တာလဲ 'ကေလးေရ... ေဖေဖႀကီး အ႐ုပ္ဝယ္လာတယ္ေနာ္.'.. အဲလိုလား... မင္းအေဖက ေကာင္းပါတယ္ကြာ.."
Bai Yutang မ်က္ႏွာေပၚမွ အျပံဳးႀကီးကို ၾကည့္၍ Zhan Zhao ဘာမွ ေျပာခ်င္စိတ္ မ႐ွိေတာ့ပဲ Bai Yutang ေျခေထာက္ကို တက္နင္းလိုက္သည္။ Bai Yutang ေျခေထာက္နာ၍ ေအာ္သြားေတာ့မွ ျပံဳးကာ စာရြက္တစ္ခုကို ေကာက္ဖတ္လိုက္သည္။
Zhan Zhao ေ႐ွ႕တြင္ ရပ္ေနရင္းမွ Bai Yutang က သူတစ္ခ်ိန္လံုးေစာင့္ၾကည့္ေနခဲ့ေသာ ခ်စ္ရသူ၏ တင္းၾကပ္ေနေသာ ပခံုးသားေလးမွ တျဖည္းျဖည္း ေျပေလ်ာ့သြားသည္ကို ၾကည့္ကာ ျပံဳးလိုက္ၿပီး သက္ျပင္းခ်လိုက္သည္။
Bai Yutang ၏ တည္႐ွိေနမႈေၾကာင့္ပင္ Zhan Zhao စိတ္ထဲတြင္ ႐ွိေနေသာ သူ႔အေဖအေပၚတြင္ မေက်နပ္ခ်က္အခ်ိဳ႕မွာ ေမွးမွိန္သြားသည္။ Zhan Zhao က ဘာေၾကာင့္မွန္းမသိေပမဲ့ သူ႔ကို ကာကြယ္ေပးေနသူ၏ အေႏြးဓာတ္ကို ခံစားေနမိသည္။ သူမသိေသးသည့္ အရာအမ်ားႀကီး ႐ွိသလို သူမခန္႔မွန္းႏိုင္သည့္ ကိစၥေတြလဲ အမ်ားႀကီး ျဖစ္လာႏိုင္သည္။ အခုအခ်ိန္တြင္ေတာ့ Zhan Zhao က ေဘးကလူကို ယံုၾကည္မႈႏွင့္သာ မ်က္လံုးမ်ားကို မွိတ္လိုက္သည္။
ႏွစ္ေယာက္သား စိတ္ၿငိမ္လာသည့္ေနာက္တြင္ စားပြဲတြင္ ထိုင္ကာ စာရြက္ကို ေသခ်ာဖတ္ေနၾကသည္။ စာရြက္ၾကားထဲက ထြက္လာေသာ ဓာတ္ပံုတစ္ခ်ိဳ႕ကို ေတြ႔ေတာ့ သူတို႔အာရံုေတြက ထိုေနရာသို႔သာ ေရာက္သြားေလသည္။
"ေၾကာင္ေလး... ဒါေတြက ဘာေတြလဲ..."
Bai Yutang က ဓာတ္ပံုတစ္ပံုကို ေကာက္ကိုင္ကာ ၾကည့္လိုက္ေတာ့ ထိုပံုက အလင္းတစ္ခ်ိဳ႕.. အေမွာင္တစ္ခ်ိဳ႕ႏွင့္ ခိုး႐ိုက္ထားပံုရသည္။ ကင္မရာထဲ႐ွိ ပံုရိပ္ေတြမွာ ဝါးေနၿပီး မ်က္လံုးတစ္စံုသာလ်ွင္ တိက်ျပတ္သားစြာ ျမင္ရသည္။ သို္႔ေသာ္ ထိုမ်က္လံုးအစံုက ေၾကာက္မက္ျဖင္း၏ အဓိပၸါယ္ကို ေဖာ္ေဆာင္ေနသလို ၾကည့္မိသူတိုင္းကို ၾကက္သီးထေစသည္။
ဓာတ္ပံုတိုင္းက ထိုကဲ့သို႔ မ်က္လံုးမ်ားပင္။ လူအမ်ိဳးမ်ိဳး၏ မ်က္လံုးမ်ားေပမဲ့ ေၾကာက္လန္႔ေနသည္ကေတာ့ အတူတူပင္။
ထိုဓာတ္ပံုမ်ား၏ ေအာက္တြင္ေတာ့ ဓာတ္ပံုမဂၢဇင္း အသစ္တစ္အုပ္..
Zhan Zhao က ယူ၍ လွန္လိုက္ေတာ့ ေဆာင္းပါးတစ္ခုကို ေတြ႔ကာ Bai Yutang ကို ေပးဖတ္လိုက္သည္။
"ဒီဓာတ္ပံုေတြက Tanaka ဓာတ္ပံုဆရာရဲ႕ အေျပာင္ေျမာက္ဆံုး ဓာတ္ပံုေတြပဲ"
"Tanaka..."
Bai Yutang က နာမည္ၾကားဖူးသလို႐ွိေန၍ ျပန္စဥ္းစားလိုက္သည္။
"အဲဒါ မနက္က နားေနခန္းမွာ ေတြ႔ခဲ့တဲ့ တစ္ေယာက္လား"
Zhan Zhao က ေခါင္းညိတ္သည္။
"သူက အရမ္း နာမည္ႀကီးပံုပဲ"
ထိုဓာတ္ပံုကို ၾကည့္ကာ Bai Yutang က ေခါင္းယမ္းသည္။
"သူက သရဲကား ႐ိုက္တဲ့ ေက်ာင္းကိုသြားခဲ့တာနဲ႔ တူတယ္... သူ ဘာကို႐ိုက္ရမွန္း မေသခ်ာလို႔ အဲလို အၾကည့္ေတြကိုပဲ ႐ိုက္ခဲ့တာလား မသိဘူး..."
"ဒါေတြကို ျပန္ယူသြားရေအာင္..."
Zhan Zhao က ဓာတ္ပံုေတြ ျပန္စီ၍ မဂၢဇင္းႏွင့္ အတူတြဲလိုက္ကာ အိတ္ထဲထည့္လိုက္သည္။ ထို႔ေနာက္ သဲလြန္စ ထပ္႐ွာေသာ္လဲ မေတြ႔သျဖင့္ ႏွစ္ေယာက္သား ျပန္လာခဲ့ၾကသည္။
S.C.I. ျပန္ေရာက္ေတာ့ ႏွစ္ေယာက္သား အသားစ စစ္ေဆးမႈ ရလဒ္ကို သိလိုေစာႏွင့္ ရံုးခန္းထဲ ဝင္လိုက္သည္။ သို္ေသာ္ ဘယ္သူမွ ႐ွိမေနပါေခ်။
ထိုအခ်ိန္တြင္ အေလာင္းစစ္ေဆးခန္းမွ အာေမဍိတ္သံ အက်ယ္ႀကီး ထြက္လာသည္။
ႏွစ္ေယာက္သား ၾကည့္လိုက္ကာ ေခါင္းယမ္း၍ အဆလာင္းစစ္ေဆးခန္႔သို႔ ေျပးလာၾကေတာ့ အခင္းျဖစ္ရာေနရာတြင္ တာဝန္က်သူမ်ားမွ လြဲ၍ S.C.I. အဖြဲ႔ဝင္ေတြအကုန္ အေလာင္းခြဲသည့္ စားပြဲေပၚတြင္ ဝိုင္းေနၾကသည္။
Bai Chi ပင္ အထဲတြင္ ႐ွိေနသည္။ သို႔ေသာ္ မ်က္ႏွာက ျဖဴ ဆြတ္ေနကာ အက်ႌစကို တင္းတင္းဆုပ္ထားသည္။
"ဘာလုပ္ေနၾကတာလဲ"
Bai Yutang က ေမးလိုက္သည္။
"Bai Sir.."
အကုန္လံုးက Bai Yutang ကို ေမာ့ၾကည့္ၾကသည္။
Gongsun က အေလာင္းခြဲသည့္ စားပြဲကို မ်က္စပစ္ျပသည္။ Gongsun က အေလာင္းကို မီးခံေသတၱာထဲမွ ထုတ္လိုက္ၿပီးေပမဲ့ အေလာင္းက ေလးေထာင့္သ႑ာန္ပဲ ျဖစ္ေနကာ မည္သို႔မည္ပံု ထူးဆန္းေနသည္ကိုေတာ့ အတိအက် မေျပာႏိုင္ေပ။
"ဒါက ဘယ္လုိျဖစ္ႏိုင္မွာလဲ"
Bai Yutang ႏွင့္ Zhan Zhao တို႔ ၿပိဳင္တူ ေမးလိုက္သည္။
Gongsun က သက္ျပင္းခ်သည္။
"ေခါင္းတစ္ခုကပဲ Mr. Carlos..."
"ဘာ!!"
Bai Yutang ႏွင့္ Zhan Zhao တို႔ အ့ံအားသင့္ကာ အေလာင္းခြဲသည့္ စားပြဲနား ကပ္လာၾကသည္။
Gongsun က ေခါင္းႏွင့္ ကိုယ္ထည္ကုိ ျပန္ဆက္ျပေတာ့ အေလာင္းက တြန္႔လိမ္ေနသည့္ပံု...သို႔ေသာ္ ေခါင္းက အစစ္ေပမဲ့ ခႏၶာကိုယ္ကေတာ့ အစစ္ မဟုတ္ေပ။ အစစ္ႏွင့္ ခြဲမရေအာင္ တူလြန္းေနသည္။
"အေရျပားေတြ ေသြးေတြေၾကာင့္ ငါ အၾကည့္မွားသြားတယ္"
Gongsun ပံုစံက တစ္ခုခုကို ဆံုရံႈးလိုက္ရသလိုပင္။
Zhan Zhao က အေလာင္းကို ေသခ်ာၾကည့္လိုက္သည္။
"အဲဒါဆို... ဒါက က်ိန္စာ လံုးဝမဟုတ္ဘူးေပါ့"
"မ်က္ကန္းနည္းလမ္းမ်ိဳးနဲ႔... က်ိန္စာကို ဖန္တီးတာေပါ့.."
Bai Yutang က ေခါင္းငံု႔ကာ မ်က္လံုးမွိတ္၍ စဥ္းစားေနသည္။
"ဘာလို႔လဲ"
ထိုအခ်ိန္တြင္ တံခါး ပြင့္လာၿပီး Lu Fang က ေၾကာက္လန္႔ေနေသာ မ်က္လံုးမ်ားႏွင့္ ေလးနက္စြာ ေျပာလိုက္သည္။
"မင္းတို႔ ၾကည့္မွ ျဖစ္တဲ့ ပစၥည္းတစ္ခု ႐ွိတယ္"
အားလံုးက အံ့ျသက Lu Fang ေနာက္ ခပ္သြက္သြက္ လိုက္သြားၾကသည္။ ရံုးခန္းေရာက္ေတာ့ Lu Fang က TV ဖြင့္လိုက္သည္။ TV တြင္ အထူးအစီအစဥ္ တစ္ခု တင္ဆက္ေနသည္။
"ဒါက တိုက္႐ိုက္ထုတ္လႊင့္မႈပဲ"
Lu Fang က ေျပာလိုက္သည္။
"ေနရာက ၿမိဳ႕ေတာ္ ယဥ္ေက်းမႈ ျပတိုက္"
အစီအစဥ္တင္ဆက္သူ အမ်ိဳးသမီးက တက္ႂကြစြာႏွင့္ သည္ေန႔မနက္က ျဖစ္ခဲ့ေသာ အမႈကို ႐ွင္းျပေနသည္။ အထူးျပခန္းထဲ႐ွိ CCTV မွ ျဖစ္စဥ္တစ္ခုလံုးကို မွတ္တမ္းတင္ထားသည္ ျဖစ္ရာ Carlos မွ ေသတၱာကို အထဲသို႔ သြင္းခဲ့သည္မွ အစ သူတို႔အားလံုး အခန္းထဲဝင္ကာ အေလာင္းကို ဖြင့္ေတာ့ Carlos မ်က္ႏွာကို ျမင္ရသည္ အဆံုး တိတိက်က် မွတ္တမ္း႐ွိေလသည္။
အစီအစဥ္တင္ဆက္သူ အမ်ိဳးသမီးက တူစီလူမ်ိဳးမ်ား၏ ကိ်န္စာ အေၾကာင္းကို ႐ွင္းျပေနသည္။ ေနာက္ဆံုးတြင္ေတာ့ သူမက ဖိတ္ေခၚထားေသာ ဧည့္သည္ကို မိတ္ဆက္ရာ Akasha ၏ မ်က္ႏွာက ကင္မရာတြင္ ေပၚလာသည္။ ထို႔ေနာက္... က်ိန္စာ... က်ိန္စာဟု... ေအာ္ဟစ္ေနသေယာင္ မ်က္လံုးမ်ား.....
TVကို ပိတ္ကာ Lu Fang က မ်က္ေမွာင္ၾကံဳ႕သည္။
"ဒါပါပဲ..."
"ဘာလို႔ CCTV မွတ္တမ္းက ျပန္႔သြားတာလဲ"
ေစာေစာေလးကမွ ထိုမွတ္တမ္းကို ၾကည့္ကာ ျပန္လာေသာ Zhao Hu ႏွင့္ Ma Han က ေမးလိုက္သည္။
Zhao Hu က လက္ထဲမွ CD ကို ထုတ္လိုက္သည္။
"ကြၽန္ေတာ္တို႔ ျပန္လာတုန္းက အဲဒီက တာဝန္႐ွိတဲ့သူကို ဘယ္သူ႔မွ မျပဖို႔ ေျပာခဲ့တယ္"
"ၿပီးေတာ့ ေနာက္တစ္ခု႐ွိေသးတယ္"
Lu Fang က သက္ျပင္းခ်ကာ DVD စက္ထဲ CD တစ္ခ်ပ္ ထည့္လိုက္သည္။ သတင္းတင္ဆက္မႈ တစ္ခုပင္။
အသက္သံုးဆယ္ခန္႔ လူတစ္ေယာက္ကို အင္တာဗ်ဴ းေနသည္။
"သူက Shang Luo တဲ့.."
Lu Fang က ႐ွင္းျပသည္။
"ဒီအင္တာဗ်ဴ းကို စီစဥ္တဲ့သူက ျပပြဲ၍ လံုျခံဳေရးကို တာဝန္ယူထားတဲ့ Falcon လံုျခံဳေရး ကုမၸဏီရဲ႕ ပိုင္႐ွင္ တာဝန္ယူထားတာ"
"Shang Luo??"
Bai Yutang က မ်က္ေမွာင္ၾကံဳ႕လိုက္သည္။
"ဒီေကာင္ေလးရဲ႕ ေနာက္ခံက ေတာ္ေတာ္ မေကာင္းဘူးေလ.."
"ဟုတ္တယ္..."
Lu Fang က ေခါင္းညိတ္သည္။
"မူးယစ္ေဆး ဌာနက သူ႔ကို ဒုကၡေပးတတ္တဲ့သူအျဖစ္ စာရင္းသြင္းထားတယ္.."
Shang Luo ကင္မရာကို တည့္တည့္ၾကည့္ေတာ့ တည္ၿငိမ္ေနပံုရသည္။ သူက ျပပြဲ အလယ္မွ ေသတၱာအတုကို လက္ညႇိဳးထိုး၍ ေျပာလိုက္သည္။
"ခင္ဗ်ားတို႔ စိတ္ပူစရာ မလိုပါဘူး... တကယ့္ျပသနာအစစ္က ေသတၱာအေလာင္း အစစ္ထဲမွာ ႐ွိတယ္"
"ဘာ ရယ္..."
အင္တာဗ်ဴ းသို႔ လာေရာက္ၾကေသာ လူမ်ား အားလံုး လန္႔သြားၾကသည္။
ဖန္သားျပင္ေပၚတြင္ေတာ့ Shang Luo က ေကာက္က်စ္စြာ ျပံဳးလိုက္သည္။
"တကယ္ေတာ့ Mr. Carlos ဒီမနက္က သူ႔အခန္ထဲ ထည့္သြားတာက ဘာမွမ႐ွိတဲ့ ေသတၱာအလြတ္ႀကီး၊ ေနာက္ပိုင္း Mr. Carlos ရဲ႕ မိသားစုမွာ ကံဆိုးမႈေတြ ၾကံဳခဲ့ရတယ္၊ သူက ဒါကို က်ိန္စာသင့္ေနတယ္ထင္လို႔ အျမန္ေရာင္းခ်င္ခဲ့တာကို ကြၽန္ေတာ္က အထူးတလည္ စီစဥ္ေပးခဲ့တာပါ.. ဒီလိုအဆံုးသတ္သြားရမယ္မွန္းေတာ့ တကယ္ မေမ်ွာ္လင့္ခဲ့ပါဘူး.."
"အဲဒါဆို.. ေသတၱာအေလာင္း အစစ္ကို ဘယ္လိုလုပ္မွာလဲ.."
ေမးခြန္းေမးတဲ့သူက ႐ုတ္တရက္ ေျပာလိုက္သည္။
"႐ွင္က အဲဒါကို ေစ်းႀကီးေပးၿပီ ဝယ္ထားရတာဆို... က်ိန္စာကို မေၾကာက္ဘူးလား"
"ဟား..ဟား.."
Shang Luo က ရယ္၍ ကင္မရာကို ၾကည့္လိုက္သည္။
"ကြၽန္ေတာ္က ေ႐ွးေခတ္ ထံုးတမ္းေတြကိုလဲ ေလးစားသလို ေခတ္သစ္သိပၸံပညာကိုလဲ ယံုၾကည္ပါတယ္... ကြၽန္ေတာ္သိရသေလာက္က ဒီအမႈကို S.C.I. ကို လႊဲလိုက္တယ္ ၾကားတယ္... ေမွာ္လူသတ္သမားလိုမ်ိဳး စိတၱဇအမႈကိုေတာင္ လြယ္လြယ္နဲ႔ တရားခံ႐ွာႏိုင္ခဲ့တဲ့ ရဲဌာနရဲ႕ အထူးတပ္ဖြဲ႔က ကြၽန္ေတာ့္ကို စိတ္ေအးေစမွာပါ အဲဒါမွ ကြၽန္ေတာ္တို႔လို ေ႐ွးေဟာင္းပစၥည္းေတြ လိုက္စုေနတဲ့သူအေတာ္မ်ားမ်ား စိတ္ခ်မ္းသာရတာေပါ့.. လူသတ္သမားက လူသား ျဖစ္ျဖစ္ .. မျဖစ္ျဖစ္...ေပါ့"
ေျပာလို႔ၿပီးေတာ့ Shang Luo က ျပံဳးကာ ေမးခြန္းေမးသူဘက္ ျပန္လွည့္သည္။ ေမးျမန္းသူ အမ်ိဳးသမီးက တစ္မနက္ထဲႏွင့္ ျပတိုက္သို႔ လူအေရာက္မ်ားလာေစေသာ အမႈအေၾကာင္း ေျပာရသည္ကုိ သေဘာက်ပံုရသည္။ အခုဆိုလ်ွင္ လူအမ်ားက တူစီ လူမ်ိဳးမ်ားႏွင့္ ပတ္သက္ေသာ ပစၥည္းမ်ားႏွင့့္ အေလာင္းကို ေစ်းႀကီးေပးကာ ဝယ္ခ်င္ၾကသည္။
Lu Fang က TV ကို ပိတ္၍ သက္ျပင္းခ်လိုက္သည္။
"အခု ရဲစခန္းက ႐ွိတဲ့ ဖုန္းေတြအကုန္လံုး ျမည္ရလြန္းလို႔ ေပါက္ကြဲထြက္ေတာ့မယ္.."
Zhao Hu က သူ႔ေဘးနားက ထိုင္ခံုကို ကန္ကာ ထလို္က္သည္။
"ေခြးမသားေလးက.. တမင္ျပသနာ ႐ွာေနတာ.."
"Zhao Hu.!!"
Ma Han က Zhao Hu တစ္ေယာက္ ေဒါသထြက္လြန္း၍ အျပင္သြားေတာ့မည္ကို သိ၍ လွမ္းဆြဲထားသည္။
"စိတ္ထိန္း.."
တကယ္ေတာ့ Zhao Hu သာ မဟုတ္.. အကုန္လံုး ေဒါသထြက္ေနၾကသည္။
"အခ်ိန္ေတာ့ ခဏဆြဲထားလို႔ရတယ္"
Lu Fang က ေျပာသည္။
"ဒါေပမဲ့ အခု မီဒီယာေတြက လူေတြရဲ႕ စိတ္ကို အရမ္းခ်ဳပ္ကိုင္ထားတာ.. အခု S.C.I. တစ္ခုလံုးအတြက္ ဖိအား တအားမ်ားေနတယ္.."
ေျပာေနတုန္းမွာပင္ ဖုန္း႐ုတ္တရက္ ျမည္လာ၍ Lu Fang က ဖုန္းကိုင္လိုက္သည္။ ဖုန္းေျဖၿပီးေနာက္ မ်က္ႏွာ ခ်က္ခ်င္း ေျပာင္းသြားကာ TV ျပန္ဖြင့္သည္။
သတင္းက ယဥ္ေက်းမႈ ျပတိုက္မွာ ႐ွိေနဆဲပင္..။ သို႔ေသာ္ ကင္မရာက ႐ႈပ္ေနကာ လူေတြ ေျပးလႊားေနၾကသည့္ ဝ႐ုန္းသုန္းကား ပံုရိပ္မ်ား...။
ကင္မရာႏွင့္လူက ေျပးရင္းလႊားရင္း နားေနခန္းထဲ ေရာက္သြားပံုရသည္။ လူတစ္ေယာက္က နားေနခန္းထဲ႐ွိ ဆိုဖာေပၚတြင္ လွဲေနကာ မ်က္လံုးမ်ားက ပြင့္ေနသည္။ ထိုသူက... Tanaka...
လူတစ္ေယာက္က ေအာ္ဟစ္လိုက္သည္။
"ေဆးရံုကား...ေခၚၾကပါ..."
ကင္မရာထဲတြင္ Akasha၏ ပံုရိပ္ကို မျမင္ရေပမဲ့ သူမအသံကို ျပတ္သားစြာ ၾကားေနရသည္။
"က်ိန္စာသင့္ေနၿပီ... က်္ိန္စာ..."
Zhan Zhao ႏွင့္ Bai Yutang တို႔က TV ကို ၾကည့္ေနၿပီး ဘာမွ ျပန္မေျပာႏိုင္ပဲ Tanaka ၏ မ်က္လံုးကိုသာ ေၾကာင္ၾကည့္ေနၾကသည္။... ထိုမ်က္လံုးတစ္စံုက.. Carlos အိမ္တြင္ ေတြ႔ခဲ့ေသာ ေၾကာက္စရာေကာင္းသည့္ မ်က္လံုးမ်ားႏွင့္ တစ္ပံုစံထဲပင္.....
..........
End of Non- Human Murderer 03
Thank You all.
အခ်ိန္မွန္ update မေပးႏိုင္တဲ့အတြက္ ေတာင္းပန္ပါတယ္ေနာ္ အားတဲ့အခ်ိန္ေလး လာလာ up ပါမယ္လို႔ ေစာင့္ေနတဲ့ သူေတြကုိလဲ ခ်စ္တယ္ေနာ္😘😘
Unicode
ထို ဆယ်ကျော်သက်ကောင်လေး အကြည့်တွေက သူ့ဆီမှ ခွာလိုက်ချိန် Zhan Zhao က ရုတ်တရက် ချောင်းဟန့်လိုက်သည်။ ထိုကောင်လေးက ပြန်လှည့်လာကာ Zhan Zhao ကို ပြန်ကြည့်သည်။ ထို့ကြောင့် Zhan Zhao က လက်ကို ရှေ့ဆန့်ကာ လက်ငါးချောင်းထောင်ပြတော့ ထိုကောင်လေးက အံ့သြစွာ ငေးကြည့်နေသည်။
Zhan Zhao ၏ လက်ချောင်းလေးများက ထိုကောင်လေး၏ အာရုံကို ဖမ်းစားထားလေသည်။ ထို့နောက်တော့ Zhan Zhao က ချက်ချင်း လက်ထောင်ထားသည်ကို ပြောင်း၍ လက်သီးဆုပ်လိုက်သည်။ ထိုအမူအရာက ထိုကောင်လေးကို စိတ်မကျေမနပ် ဖြစ်စေနိုင်ပုံရသည်။ မျက်မှောင်ကြုံ့ကာ မကျေမနပ် ပြန်ကြည့်သည်။
Zhan Zhao က လက်သီးဆုပ်ထားသော လက်ကို အပေါ်ပြန်မြှောက်၍ ကောင်လေးကို လှမ်းကြည့်ကာ မျက်ခုံးပင့်ပြသည်။ ကောင်လေးလက်ကို တစ်လှည့် သူ့လက်ကို တစ်လှည့် ညွှန်ပြနေတော့ ထိုကောင်လေးက တဖြည်းဖြည်း လိုက်ကြည့်နေသည်။ ကောင်လေးက သူ့လက်သူ ပြန်ငုံ့ကြည့်မိတော့ လက်ထဲတွင် ဓားတစ်ချောင်းနှင့် တခြားလက်ထဲတွင် ခွေးလေး၏ သွေးတစ်စက်စက် ကျနေသော ခေါင်းတစ်လုံးနှင့် အတူ လက်နှစ်ဖက်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
နားမလည်ဟန်နှင့် Zhan Zhao ကို ပြန်ကြည့်သော Zhan Zhao က နှစ်လိုဖွယ် ပြန်ပြုံးကြည့်နေပြီး လက်သီးဆုပ်ကို ဖြည်းဖြည်းချင်း ဖြည်လိုက်သည်။ Zhan Zhao ၏ လှုပ်ရှားမှုတိုင်းကို သေချာ လိုက်ကြည့်နေသော ထိုကောင်လေးကလဲ အညှို့ခံလိုက်ရသကဲ့သို့ ပြန်ပြုံးကာ လက်သီးဆုပ်ကို ဖြည်၍ လက်ငါးချောင်းထောင်လိုက်သည်။
လက်သီးဆုပ်ဖြည်လိုက်သည့် ခဏ၌ ကြမ်းပြင်ပေါ် ဓားပြုတ်ကျသွားသံက အတိုင်းသား...။ ထိုအသံကြားမှ ကောင်လေးက လန့်သွားကာ Zhan Zhao ကို အလန့်တကြား ကြည့်နေသည်။ သည်တစ်ခါတော့ Zhan Zhao က လက်မြှောက်ကာ ကောင်လေးဆီသို့ တစ်စုံတစ်ခု လှမ်းပစ်သည့်ဟန် လုပ်ကာ ပါးစပ်မှလဲ အော်သည်။
"ရော့ နောက်တစ်ခု..."
Zhan Zhao ၏ လှုပ်ရှားမှုများကို သဘောတကျ လိုက်ကြည့်နေသော ထိုကောင်လေး၏ အကြည့်တွေက လေထဲတွင် ပစ်လို်က်သော အရာကို လိုက်ရှာနေသည်။
ထိုကောင်လေးက လှေကားရင်းပေါ်ရှိ သံပန်းတံခါးတွက် အကျအနထိုင်နေရင်းမှ ဟိုသည် မော့ကြည့်တော့ ဟန်ချက်ပျက်ကာ အောက်ကို ပြုတ်ကျမတတ် ဖြစ်သွားသည်။ ထိုအချိန်တွက် Bai Yutang က လှေကားအပေါ်သို့ ရောက်နေပြီ။ သူ့နောက်တွင် ပြေးလာသော Bai Yutang ကို သူက လျစ်လျှူ ရှုကာ စောစောက လှေကားမှ သံဇကာတို့ကို အတင်းဆွဲဖက်ထားရင်း အော်နေသည်။
"အား!!!"
သံဇကာကို ဖက်ထားရင်းမှပင် ထိုကောင်လေးက စူးစူးဝါးဝါး အော်ဟစ်ကာ သားရဲလက်ကျရောက်နေသော သတ္တဝါလေးကဲ့သို့ ကြောက်လန့်တကြား ကန်ကျောက်နေသည်။
Bai Yutang ကလဲ ထိုကောင်လေးကို လက်နှစ်ဖက်နှင့် သိုင်းဖက်ထားပေမဲ့ နာကျင်စေမည်စိုး၍ အားတော့ သိပ်မသုံးရဲပေ။ Bai Yutang က ထိုကောင်လေး၏ ကန်ချက်တို့ကို ကြိတ်ခံကာ အောက်ထပ်ရှိ Zhan Zhao ကို လှမ်းအော်လိုက်သည်။
"ကြောင်လေး.. သူ ဘာဖြစ်တာလဲ"
"Xiao Bai.. ခဏလေး သည်းခံနေဦး"
Zhan Zhao က အပေါ်ထပ်ရှိ Bai Yutang ကို လှမ်းအော်ကာ သူ့ဘေးတွင် ရပ်နေသော အိမ်စေကို မေးလိုက်သည်။
"သူ့ကို ငြိမ်အောင် ဘယ်လိုလုပ်ရမလဲ"
"အာ..."
အိမ်စေက ကြောက်ကြောက်လန့်လန့်နှင့် စကားထစ်နေကာ အကြာကြီးနေမှ အဖြေပြန်ရသည်။
"ဖက်ထား.... ပြီးတော့.. ကျော..လေး..ကို သာသာ.. လေး ပုတ်ပေး... ဖြည်း...ဖြည်း..ချင်း.."
အပေါ်ထပ်ရှိ Bai Yutang လဲ ကြားပေမဲ့ သူဘာမှ မလုပ်ရသေးခင် သူ့လက်ထဲ ရုန်းကန်နေသော ထိုကောင်လေးမှာ ပင်ပန်းနေပုံရကာ ငြိမ်ကျသွားသည်။ ထို့နောက်တော့ Bai Yutang က ထိုကောင်လေးကို ကြမ်းပြင်ပေါ် အသာချသည်။
ကြမ်းပြင်ပေါ် ရောက်ရောက်ချင်း ထိုကောင်လေးက Bai Yutang ကိုယ်ပေါ်ကို ပြန်ကုပ်တွယ်ထားတော့ Bai Yutang က ကျောလေးကို ဖွဖွလေး ပုတ်ပေးကာ နှစ်သိမ့်ပေးနေသည်။ ပြီးနောက် အောက်ထပ်ရှိ Zhan Zhao ကို ပြန်ငုံ့ကြည့်ကာ အောက်ဆင်းလာသည်။
"ကြောင်လေး..."
Zhan Zhao က မျက်မှောင်ကြုံ့ကာ ခေါင်းယမ်းလိုက်သည်။
"သူ အရမ်းဖျားနေတယ်"
မကြာခင်တွင်ပဲ ထိုကောင်လေးက ငြိမ်သွားပြီး အိမ်စေ ပြင်ပေးထားသော မုန့်ကို စားပွဲပေါ် ထိုင်ကာ စားနေသည်။
Zhan Zhao က အိမ်စေကို မေးလိုက်သည်။
"သူ့ နာမည် ဘယ်လိုခေါ်လဲ"
အိမ်စေ Anna က လေသံဝဲဝဲနှင့် ကြိုးစားပြီး ပြောလိုက်သည်။
"Jamie လို့ ခေါ်တယ်"
Zhan Zhaoက ထိုကောင်လေးဆီ လှည့်ကြည့်တော့ ထိုကောင်လေးက သူ့ကို ခေါ်သည်ကို အသိအမှတ်ပြုဟန် ပြန်ကြည့်နေသည်ကို တွေ့၍ စိတ်အနည်းငယ် သက်သာရာ ရသွားသည်။ အခြေအနေက သူထင်ထားသလောက် မဆိုးသေးဘူး..။
Anna ပြောပုံအရတော့ လွန်ခဲ့တဲ့ ခြောက်လ Mr. Carlos ၏ ဇနီးသည် သေဆုံးပြီးကတည်းက Jamie လေးက ရုတ်တရက် ကောက်ကာငင်က ထဖောက်လေသည်။ တစ်ခါတစ်လေ ဓားတစ်ချောင်းကိုင်ကာ တိရစၧာန် လေးတွေကို လိုက်သတ်ကာ ဘာကိုမှ မမှတ်မိတတ်ပဲ အော်ဟစ်ပြီးသည်နှင့် နဂိုပုံစံအတိုင်း ဘယ်သူ့ကိုမှ စကားမပြောတော့ပေ။
Mr. Carlos သေဆုံးသွားသည့်အကြောင်းကိုတော့ သူတို့ အကြောင်းမကြားခဲ့ကြ။Lu Fang က လူတစ်ယောက်လွှတ်၍ အမှုအကြောင်း နားလည်အောင် ရှင်းပြပေးလိမ့်မည်။ Zhan Zhao နှင့် Bai Yutang တို့က အပေါ်ထပ်သို့တက်ကာ Mr. Carlos ၏ စာကြည့်ခန်းထဲတွင် သဲလွနစ လာရှာကြသည်။
စာကြည့်ခန်းထဲရောက်တော့ Bai Yutang က မျက်မှောင်ကြုံ့သည်။
"ကြောင်လေး.. တစ်ခုခု လိုနေသလိုပဲ..."
"အင်း...."
Zhan Zhao က ခေါင်းညိတ်သည်။
"ဓာတ်ပုံ.."
"ဟုတ်တယ်"
Bai Yutang က အခန်းနံရံတွင် ချိတ်ဆွဲထားသော တန်ဖိုးကြီး ပန်းချီကားများနှင့် ဈေးကြီးလှသော စားပွဲခုံမိား အံဆွဲများကို ကြည့်လိုက်သည်။
"တကယ်လို့ သူသာ သူ့ဇနီးကို တကယ်ချစ်တယ်ဆိုရင် သေတာ နှစ်တစ်ဝက်ပဲ ရှိသေးတယ် ဇနီးသည်ရဲ့ ဓာတ်ပုံက စာကြည့်ခန်းထဲမှာ ရှိသင့်တယ်... အခု တစ်ပုံမှ မရှိဘူး.."
Zhan Zhao က ရုတ်တရက် စာကြည့်ခန်းထဲမှ ထွက်ကာ Jamie လေးရဲ့ အခန်းထဲသွား၍ ကြည့်နေသည်။
"ကလေးကို ဆေးလုံးဝမကုပေးထားသလို ဆေးလဲ မတိုက်ဘူး"
ထို့နောက် နှစ်ယောက်သား Jamie ၏ အခန်းမှ ထွက်၍ စာကြည့်ခန်းသို့ ပြန်လာသည်။
"ငါထင်တာကတော့...."
Bai Yutang က သူ့မေးစေ့သူ ကိုင်လိုက်သည်။
"Mr. Carlos က သူ့သားအရင်းကို ထိခိုက်စေချင်ပုံ မရဘူး..."
"အင်း...... ကလေးတစ်ယောက်ရဲ့ အခန်းနဲ့ မတူဘူး...ကစားစရာတောင်မှ... ပြီးတော့ နံရံမှာ ကပ်ထားတဲ့ ပုံတွေ..."
ပြောနေရင်းZhan Zhao က ရုတ်တရက် ရပ်သွားသည်။
Bai Yutang က ပြုံးလိုက်ပြီး Zhan Zhao နား သွားလိုက်သည်။
"ကြောင်လေး... ဘာဖြစ်တာလဲ..ဘာစဉ်းစားမိလို့လဲ"
"မဟုတ်ဘူး.... "
Zhan Zhao မျက်နှာလေး နီလာသည်။
"ဘာမှ မစဉ်းစားမိဘူး"
"အား..."
Bai Yutang က သူ့နဖူးသူ ရိုက်လိုက်သည်။
"ငါ မှတ်မိပြီ၊ သတိရပြီ.. မင်းငယ်ငယ်တုန်းက မင်းအခန်းထဲမှာ အရုပ်တွေ အများကြီး ရှိတယ်လေ.. ပြီးတော့ နံရံပေါ်မှာလဲ ပုံတွေ အများကြီးပဲ.. အဲဒါတွေ အကုန်လုံးကို မင်းအဖေ ဝယ်ပေးတာလေ.."
Zhan Zhao က Bai Yutang ကို စိုက်ကြည့်၍ ပါးစပ်မှ ပွစိပွစိ ရေရွတ်နေသည်။
"သူ့ဟာသူ ဝယ်ချင်တိုင်း ဝယ်လာတာ..."
Bai Yutang က ရယ်လိုက်သည်။
"ဘာလဲ မင်းက မင်းအဖေကို ဘာပြောစေချင်တာလဲ 'ကလေးရေ... ဖေဖေကြီး အရုပ်ဝယ်လာတယ်နော်.'.. အဲလိုလား... မင်းအဖေက ကောင်းပါတယ်ကွာ.."
Bai Yutang မျက်နှာပေါ်မှ အပြုံးကြီးကို ကြည့်၍ Zhan Zhao ဘာမှ ပြောချင်စိတ် မရှိတော့ပဲ Bai Yutang ခြေထောက်ကို တက်နင်းလိုက်သည်။ Bai Yutang ခြေထောက်နာ၍ အော်သွားတော့မှ ပြုံးကာ စာရွက်တစ်ခုကို ကောက်ဖတ်လိုက်သည်။
Zhan Zhao ရှေ့တွင် ရပ်နေရင်းမှ Bai Yutang က သူတစ်ချိန်လုံးစောင့်ကြည့်နေခဲ့သော ချစ်ရသူ၏ တင်းကြပ်နေသော ပခုံးသားလေးမှ တဖြည်းဖြည်း ပြေလျော့သွားသည်ကို ကြည့်ကာ ပြုံးလိုက်ပြီး သက်ပြင်းချလိုက်သည်။
Bai Yutang ၏ တည်ရှိနေမှုကြောင့်ပင် Zhan Zhao စိတ်ထဲတွင် ရှိနေသော သူ့အဖေအပေါ်တွင် မကျေနပ်ချက်အချို့မှာ မှေးမှိန်သွားသည်။ Zhan Zhao က ဘာကြောင့်မှန်းမသိပေမဲ့ သူ့ကို ကာကွယ်ပေးနေသူ၏ အနွေးဓာတ်ကို ခံစားနေမိသည်။ သူမသိသေးသည့် အရာအများကြီး ရှိသလို သူမခန့်မှန်းနိုင်သည့် ကိစ္စတွေလဲ အများကြီး ဖြစ်လာနိုင်သည်။ အခုအချိန်တွင်တော့ Zhan Zhao က ဘေးကလူကို ယုံကြည်မှုနှင့်သာ မျက်လုံးများကို မှိတ်လိုက်သည်။
နှစ်ယောက်သား စိတ်ငြိမ်လာသည့်နောက်တွင် စားပွဲတွင် ထိုင်ကာ စာရွက်ကို သေချာဖတ်နေကြသည်။ စာရွက်ကြားထဲက ထွက်လာသော ဓာတ်ပုံတစ်ချို့ကို တွေ့တော့ သူတို့အာရုံတွေက ထိုနေရာသို့သာ ရောက်သွားလေသည်။
"ကြောင်လေး... ဒါတွေက ဘာတွေလဲ..."
Bai Yutang က ဓာတ်ပုံတစ်ပုံကို ကောက်ကိုင်ကာ ကြည့်လိုက်တော့ ထိုပုံက အလင်းတစ်ချို့.. အမှောင်တစ်ချို့နှင့် ခိုးရိုက်ထားပုံရသည်။ ကင်မရာထဲရှိ ပုံရိပ်တွေမှာ ဝါးနေပြီး မျက်လုံးတစ်စုံသာလျှင် တိကျပြတ်သားစွာ မြင်ရသည်။ သို့်သော် ထိုမျက်လုံးအစုံက ကြောက်မက်ဖြင်း၏ အဓိပ္ပါယ်ကို ဖော်ဆောင်နေသလို ကြည့်မိသူတိုင်းကို ကြက်သီးထစေသည်။
ဓာတ်ပုံတိုင်းက ထိုကဲ့သို့ မျက်လုံးများပင်။ လူအမျိုးမျိုး၏ မျက်လုံးများပေမဲ့ ကြောက်လန့်နေသည်ကတော့ အတူတူပင်။
ထိုဓာတ်ပုံများ၏ အောက်တွင်တော့ ဓာတ်ပုံမဂ္ဂဇင်း အသစ်တစ်အုပ်..
Zhan Zhao က ယူ၍ လှန်လိုက်တော့ ဆောင်းပါးတစ်ခုကို တွေ့ကာ Bai Yutang ကို ပေးဖတ်လိုက်သည်။
"ဒီဓာတ်ပုံတွေက Tanaka ဓာတ်ပုံဆရာရဲ့ အပြောင်မြောက်ဆုံး ဓာတ်ပုံတွေပဲ"
"Tanaka..."
Bai Yutang က နာမည်ကြားဖူးသလိုရှိနေ၍ ပြန်စဉ်းစားလိုက်သည်။
"အဲဒါ မနက်က နားနေခန်းမှာ တွေ့ခဲ့တဲ့ တစ်ယောက်လား"
Zhan Zhao က ခေါင်းညိတ်သည်။
"သူက အရမ်း နာမည်ကြီးပုံပဲ"
ထိုဓာတ်ပုံကို ကြည့်ကာ Bai Yutang က ခေါင်းယမ်းသည်။
"သူက သရဲကား ရိုက်တဲ့ ကျောင်းကိုသွားခဲ့တာနဲ့ တူတယ်... သူ ဘာကိုရိုက်ရမှန်း မသေချာလို့ အဲလို အကြည့်တွေကိုပဲ ရိုက်ခဲ့တာလား မသိဘူး..."
"ဒါတွေကို ပြန်ယူသွားရအောင်..."
Zhan Zhao က ဓာတ်ပုံတွေ ပြန်စီ၍ မဂ္ဂဇင်းနှင့် အတူတွဲလိုက်ကာ အိတ်ထဲထည့်လိုက်သည်။ ထို့နောက် သဲလွန်စ ထပ်ရှာသော်လဲ မတွေ့သဖြင့် နှစ်ယောက်သား ပြန်လာခဲ့ကြသည်။
S.C.I. ပြန်ရောက်တော့ နှစ်ယောက်သား အသားစ စစ်ဆေးမှု ရလဒ်ကို သိလိုစောနှင့် ရုံးခန်းထဲ ဝင်လိုက်သည်။ သို်သော် ဘယ်သူမှ ရှိမနေပါချေ။
ထိုအချိန်တွင် အလောင်းစစ်ဆေးခန်းမှ အာမေဍိတ်သံ အကျယ်ကြီး ထွက်လာသည်။
နှစ်ယောက်သား ကြည့်လိုက်ကာ ခေါင်းယမ်း၍ အဆလာင်းစစ်ဆေးခန့်သို့ ပြေးလာကြတော့ အခင်းဖြစ်ရာနေရာတွင် တာဝန်ကျသူများမှ လွဲ၍ S.C.I. အဖွဲ့ဝင်တွေအကုန် အလောင်းခွဲသည့် စားပွဲပေါ်တွင် ဝိုင်းနေကြသည်။
Bai Chi ပင် အထဲတွင် ရှိနေသည်။ သို့သော် မျက်နှာက ဖြူ ဆွတ်နေကာ အကျႌစကို တင်းတင်းဆုပ်ထားသည်။
"ဘာလုပ်နေကြတာလဲ"
Bai Yutang က မေးလိုက်သည်။
"Bai Sir.."
အကုန်လုံးက Bai Yutang ကို မော့ကြည့်ကြသည်။
Gongsun က အလောင်းခွဲသည့် စားပွဲကို မျက်စပစ်ပြသည်။ Gongsun က အလောင်းကို မီးခံသေတ္တာထဲမှ ထုတ်လိုက်ပြီးပေမဲ့ အလောင်းက လေးထောင့်သဏ္႑ာန်ပဲ ဖြစ်နေကာ မည်သို့မည်ပုံ ထူးဆန်းနေသည်ကိုတော့ အတိအကျ မပြောနိုင်ပေ။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
Bai Yutang နှင့် Zhan Zhao တို့ ပြိုင်တူ မေးလိုက်သည်။
Gongsun က သက်ပြင်းချသည်။
"ခေါင်းတစ်ခုကပဲ Mr. Carlos..."
"ဘာ!!"
Bai Yutang နှင့် Zhan Zhao တို့ အ့ံအားသင့်ကာ အလောင်းခွဲသည့် စားပွဲနား ကပ်လာကြသည်။
Gongsun က ခေါင်းနှင့် ကိုယ်ထည်ကို ပြန်ဆက်ပြတော့ အလောင်းက တွန့်လိမ်နေသည့်ပုံ...သို့သော် ခေါင်းက အစစ်ပေမဲ့ ခန္ဓာကိုယ်ကတော့ အစစ် မဟုတ်ပေ။ အစစ်နှင့် ခွဲမရအောင် တူလွန်းနေသည်။
"အရေပြားတွေ သွေးတွေကြောင့် ငါ အကြည့်မှားသွားတယ်"
Gongsun ပုံစံက တစ်ခုခုကို ဆုံရံှုးလိုက်ရသလိုပင်။
Zhan Zhao က အလောင်းကို သေချာကြည့်လိုက်သည်။
"အဲဒါဆို... ဒါက ကျိန်စာ လုံးဝမဟုတ်ဘူးပေါ့"
"မျက်ကန်းနည်းလမ်းမျိုးနဲ့... ကျိန်စာကို ဖန်တီးတာပေါ့.."
Bai Yutang က ခေါင်းငုံ့ကာ မျက်လုံးမှိတ်၍ စဉ်းစားနေသည်။
"ဘာလို့လဲ"
ထိုအချိန်တွင် တံခါး ပွင့်လာပြီး Lu Fang က ကြောက်လန့်နေသော မျက်လုံးများနှင့် လေးနက်စွာ ပြောလိုက်သည်။
"မင်းတို့ ကြည့်မှ ဖြစ်တဲ့ ပစ္စည်းတစ်ခု ရှိတယ်"
အားလုံးက အံ့သြက Lu Fang နောက် ခပ်သွက်သွက် လိုက်သွားကြသည်။ ရုံးခန်းရောက်တော့ Lu Fang က TV ဖွင့်လိုက်သည်။ TV တွင် အထူးအစီအစဉ် တစ်ခု တင်ဆက်နေသည်။
"ဒါက တိုက်ရိုက်ထုတ်လွှင့်မှုပဲ"
Lu Fang က ပြောလိုက်သည်။
"နေရာက မြို့တော် ယဉ်ကျေးမှု ပြတိုက်"
အစီအစဉ်တင်ဆက်သူ အမျိုးသမီးက တက်ကြွစွာနှင့် သည်နေ့မနက်က ဖြစ်ခဲ့သော အမှုကို ရှင်းပြနေသည်။ အထူးပြခန်းထဲရှိ CCTV မှ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ထားသည် ဖြစ်ရာ Carlos မှ သေတ္တာကို အထဲသို့ သွင်းခဲ့သည်မှ အစ သူတို့အားလုံး အခန်းထဲဝင်ကာ အလောင်းကို ဖွင့်တော့ Carlos မျက်နှာကို မြင်ရသည် အဆုံး တိတိကျကျ မှတ်တမ်းရှိလေသည်။
အစီအစဉ်တင်ဆက်သူ အမျိုးသမီးက တူစီလူမျိုးများ၏ ကိျန်စာ အကြောင်းကို ရှင်းပြနေသည်။ နောက်ဆုံးတွင်တော့ သူမက ဖိတ်ခေါ်ထားသော ဧည့်သည်ကို မိတ်ဆက်ရာ Akasha ၏ မျက်နှာက ကင်မရာတွင် ပေါ်လာသည်။ ထို့နောက်... ကျိန်စာ... ကျိန်စာဟု... အော်ဟစ်နေသယောင် မျက်လုံးများ.....
TVကို ပိတ်ကာ Lu Fang က မျက်မှောင်ကြုံ့သည်။
"ဒါပါပဲ..."
"ဘာလို့ CCTV မှတ်တမ်းက ပြန့်သွားတာလဲ"
စောစောလေးကမှ ထိုမှတ်တမ်းကို ကြည့်ကာ ပြန်လာသော Zhao Hu နှင့် Ma Han က မေးလိုက်သည်။
Zhao Hu က လက်ထဲမှ CD ကို ထုတ်လိုက်သည်။
"ကျွန်တော်တို့ ပြန်လာတုန်းက အဲဒီက တာဝန်ရှိတဲ့သူကို ဘယ်သူ့မှ မပြဖို့ ပြောခဲ့တယ်"
"ပြီးတော့ နောက်တစ်ခုရှိသေးတယ်"
Lu Fang က သက်ပြင်းချကာ DVD စက်ထဲ CD တစ်ချပ် ထည့်လိုက်သည်။ သတင်းတင်ဆက်မှု တစ်ခုပင်။
အသက်သုံးဆယ်ခန့် လူတစ်ယောက်ကို အင်တာဗျူ းနေသည်။
"သူက Shang Luo တဲ့.."
Lu Fang က ရှင်းပြသည်။
"ဒီအင်တာဗျူ းကို စီစဉ်တဲ့သူက ပြပွဲ၍ လုံခြုံရေးကို တာဝန်ယူထားတဲ့ Falcon လုံခြုံရေး ကုမ္ပဏီရဲ့ ပိုင်ရှင် တာဝန်ယူထားတာ"
"Shang Luo??"
Bai Yutang က မျက်မှောင်ကြုံ့လိုက်သည်။
"ဒီကောင်လေးရဲ့ နောက်ခံက တော်တော် မကောင်းဘူးလေ.."
"ဟုတ်တယ်..."
Lu Fang က ခေါင်းညိတ်သည်။
"မူးယစ်ဆေး ဌာနက သူ့ကို ဒုက္ခပေးတတ်တဲ့သူအဖြစ် စာရင်းသွင်းထားတယ်.."
Shang Luo ကင်မရာကို တည့်တည့်ကြည့်တော့ တည်ငြိမ်နေပုံရသည်။ သူက ပြပွဲ အလယ်မှ သေတ္တာအတုကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ခင်ဗျားတို့ စိတ်ပူစရာ မလိုပါဘူး... တကယ့်ပြသနာအစစ်က သေတ္တာအလောင်း အစစ်ထဲမှာ ရှိတယ်"
"ဘာ ရယ်..."
အင်တာဗျူ းသို့ လာရောက်ကြသော လူများ အားလုံး လန့်သွားကြသည်။
ဖန်သားပြင်ပေါ်တွင်တော့ Shang Luo က ကောက်ကျစ်စွာ ပြုံးလိုက်သည်။
"တကယ်တော့ Mr. Carlos ဒီမနက်က သူ့အခန်ထဲ ထည့်သွားတာက ဘာမှမရှိတဲ့ သေတ္တာအလွတ်ကြီး၊ နောက်ပိုင်း Mr. Carlos ရဲ့ မိသားစုမှာ ကံဆိုးမှုတွေ ကြုံခဲ့ရတယ်၊ သူက ဒါကို ကျိန်စာသင့်နေတယ်ထင်လို့ အမြန်ရောင်းချင်ခဲ့တာကို ကျွန်တော်က အထူးတလည် စီစဉ်ပေးခဲ့တာပါ.. ဒီလိုအဆုံးသတ်သွားရမယ်မှန်းတော့ တကယ် မမျှော်လင့်ခဲ့ပါဘူး.."
"အဲဒါဆို.. သေတ္တာအလောင်း အစစ်ကို ဘယ်လိုလုပ်မှာလဲ.."
မေးခွန်းမေးတဲ့သူက ရုတ်တရက် ပြောလိုက်သည်။
"ရှင်က အဲဒါကို ဈေးကြီးပေးပြီ ဝယ်ထားရတာဆို... ကျိန်စာကို မကြောက်ဘူးလား"
"ဟား..ဟား.."
Shang Luo က ရယ်၍ ကင်မရာကို ကြည့်လိုက်သည်။
"ကျွန်တော်က ရှေးခေတ် ထုံးတမ်းတွေကိုလဲ လေးစားသလို ခေတ်သစ်သိပ္ပံပညာကိုလဲ ယုံကြည်ပါတယ်... ကျွန်တော်သိရသလောက်က ဒီအမှုကို S.C.I. ကို လွှဲလိုက်တယ် ကြားတယ်... မှော်လူသတ်သမားလိုမျိုး စိတ္တဇအမှုကိုတောင် လွယ်လွယ်နဲ့ တရားခံရှာနိုင်ခဲ့တဲ့ ရဲဌာနရဲ့ အထူးတပ်ဖွဲ့က ကျွန်တော့်ကို စိတ်အေးစေမှာပါ အဲဒါမှ ကျွန်တော်တို့လို ရှေးဟောင်းပစ္စည်းတွေ လိုက်စုနေတဲ့သူအတော်များများ စိတ်ချမ်းသာရတာပေါ့.. လူသတ်သမားက လူသား ဖြစ်ဖြစ် .. မဖြစ်ဖြစ်...ပေါ့"
ပြောလို့ပြီးတော့ Shang Luo က ပြုံးကာ မေးခွန်းမေးသူဘက် ပြန်လှည့်သည်။ မေးမြန်းသူ အမျိုးသမီးက တစ်မနက်ထဲနှင့် ပြတိုက်သို့ လူအရောက်များလာစေသော အမှုအကြောင်း ပြောရသည်ကို သဘောကျပုံရသည်။ အခုဆိုလျှင် လူအများက တူစီ လူမျိုးများနှင့် ပတ်သက်သော ပစ္စည်းများနှင့့် အလောင်းကို ဈေးကြီးပေးကာ ဝယ်ချင်ကြသည်။
Lu Fang က TV ကို ပိတ်၍ သက်ပြင်းချလိုက်သည်။
"အခု ရဲစခန်းက ရှိတဲ့ ဖုန်းတွေအကုန်လုံး မြည်ရလွန်းလို့ ပေါက်ကွဲထွက်တော့မယ်.."
Zhao Hu က သူ့ဘေးနားက ထိုင်ခုံကို ကန်ကာ ထလို်က်သည်။
"ခွေးမသားလေးက.. တမင်ပြသနာ ရှာနေတာ.."
"Zhao Hu.!!"
Ma Han က Zhao Hu တစ်ယောက် ဒေါသထွက်လွန်း၍ အပြင်သွားတော့မည်ကို သိ၍ လှမ်းဆွဲထားသည်။
"စိတ်ထိန်း.."
တကယ်တော့ Zhao Hu သာ မဟုတ်.. အကုန်လုံး ဒေါသထွက်နေကြသည်။
"အချိန်တော့ ခဏဆွဲထားလို့ရတယ်"
Lu Fang က ပြောသည်။
"ဒါပေမဲ့ အခု မီဒီယာတွေက လူတွေရဲ့ စိတ်ကို အရမ်းချုပ်ကိုင်ထားတာ.. အခု S.C.I. တစ်ခုလုံးအတွက် ဖိအား တအားများနေတယ်.."
ပြောနေတုန်းမှာပင် ဖုန်းရုတ်တရက် မြည်လာ၍ Lu Fang က ဖုန်းကိုင်လိုက်သည်။ ဖုန်းဖြေပြီးနောက် မျက်နှာ ချက်ချင်း ပြောင်းသွားကာ TV ပြန်ဖွင့်သည်။
သတင်းက ယဉ်ကျေးမှု ပြတိုက်မှာ ရှိနေဆဲပင်..။ သို့သော် ကင်မရာက ရှုပ်နေကာ လူတွေ ပြေးလွှားနေကြသည့် ဝရုန်းသုန်းကား ပုံရိပ်များ...။
ကင်မရာနှင့်လူက ပြေးရင်းလွှားရင်း နားနေခန်းထဲ ရောက်သွားပုံရသည်။ လူတစ်ယောက်က နားနေခန်းထဲရှိ ဆိုဖာပေါ်တွင် လှဲနေကာ မျက်လုံးများက ပွင့်နေသည်။ ထိုသူက... Tanaka...
လူတစ်ယောက်က အော်ဟစ်လိုက်သည်။
"ဆေးရုံကား...ခေါ်ကြပါ..."
ကင်မရာထဲတွင် Akasha၏ ပုံရိပ်ကို မမြင်ရပေမဲ့ သူမအသံကို ပြတ်သားစွာ ကြားနေရသည်။
"ကျိန်စာသင့်နေပြီ... ကျ်ိန်စာ..."
Zhan Zhao နှင့် Bai Yutang တို့က TV ကို ကြည့်နေပြီး ဘာမှ ပြန်မပြောနိုင်ပဲ Tanaka ၏ မျက်လုံးကိုသာ ကြောင်ကြည့်နေကြသည်။... ထိုမျက်လုံးတစ်စုံက.. Carlos အိမ်တွင် တွေ့ခဲ့သော ကြောက်စရာကောင်းသည့် မျက်လုံးများနှင့် တစ်ပုံစံထဲပင်.....
..........
End of Non- Human Murderer 03
Thank You all.
အချိန်မှန် update မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်နော် အားတဲ့အချိန်လေး လာလာ up ပါမယ်လို့ စောင့်နေတဲ့ သူတွေကိုလဲ ချစ်တယ်နော်😘😘