Zawgyi
ကြန္ျပဴ တာ မ်က္ႏွာျပင္ကို ေပါက္ထြက္မတတ္ Ma Han ၾကည့္ေနဆဲမွာပင္ အေၾကာင္းအရာ တစ္ခုတည္းကိုသာ ေရးသားထားေသာ ဒုတိယ email တစ္ေစာင္ ထပ္ေရာက္လာသည္။
Zhan Zhao ေပးခဲ့တဲ့ e mail ကို အလ်င္အျမန္ ဖြင့္ၾကည့္လိုက္ေတာ့ စာလံုးက သံုးလံုးတည္းသာ။
"ဘယ္ သူ လဲ"
Ma Han နားမလည္ေပမဲ့ Zhan Zhao ေျပာသည့္အတိုင္း e mail ကို ျပန္စာ ပို႔လိုက္သည္။
ညသန္းေခါင္ ဆယ့္ႏွစ္နာရီ အတိမွာေတာ့ ပၪၥမေျမာက္ e mail ဝင္လာသည္။ Ma Han က ခ်က္ခ်င္းပဲ Zhan Zhao ပို႔ထားေသာ ဒုတိယ e mail ကို ဖြင့္ၾကည့္သည္။ သည္တစ္ခါ ေရးထားသည္ကေတာ့ - "မ႐ွိသင့္တဲ့ အမိႈက္လို လူမ်ားကို ႐ွင္းလင္းျခင္း "
နားမလည္ေပမဲ့ ပို႔လိုက္ျပန္သည္။ ထို႔ေနာက္မွာေတာ့ Ma Han ဆီသို႔ ထိုလူဆီမွ mail မ်ား တစ္ေစာင္ၿပီး တစ္ေစာင္ အဆက္မျပတ္ ေရာက္လာေလေတာ့သည္။ Ma Han က ျပန္စာ ပို႔စရာ မလိုေပမဲ့ ကြန္ျပဴ တာ မ်က္ႏွာျပင္ရဲ႕ ေအာက္နားေလးက ျပထားေသာ အခ်ိ္္န္ကြက္ေလးကိုသာ ေပါက္ထြက္မတတ္ စိုက္ၾကည့္ေနသည္။
ဒုတိယ email ပို႔အၿပီး အနားယူလဲ ရသည္ဟု Zhan Zhao က မွာထားေသာ္လဲ Ma Han ကေတာ့ တုတ္တုတ္ပင္ မလႈပ္ပဲ ကြန္ျပဴ တာေ႐ွ႕မွာ ထိုင္ေနသည္၊
အေမွာင္ယံ ကုန္ဆံုး၍ ေနေရာင္ျခည္ပင္ သန္းလာေလၿပီ။ နာရီကို ၾကည့္လိုက္ေတာ့ ငါးနာရီခြဲ၊ Zhan Zhao ေပးခဲ့ေသာ တတိယေျမာက္ႏွင့္ ေနာက္ဆံုး e mail ကို ဖြင့္ၾကည့္ေတာ့
" မိစၦာ ႏိုးထလာေလၿပီ"
သူပို႔အၿပီး ႏွစ္မိနစ္သာ ၾကာမည္။ တစ္ဖက္မွ "သားေကာင္" ဟု ေခါင္းစဥ္တပ္ထားေသာ e mail ႏွင့္အတူ လူတစ္ေယာက္၏ ဓာတ္ပံုတစ္ပံုႏွင့္ သူ႔ရဲ႕ ကိုယ္ေရးအက်ဥ္း အခ်ိဳ႕ကို ပို႔လာသည္။ လူကေတာ့ သက္လတ္ပိုင္း ေယာက်္ားေလးတစ္ေယာက္ရဲ႕ ပံု..။ Ma Han က ဖုန္းေကာက္ကိုင္လိုက္သည္။
ထိုညက Ma Han တစ္ေယာက္တည္းသာ အိပ္မေပ်ာ္သည္ မဟုတ္။ အိပ္ရာ တစ္ခုထဲမွ အတူတူ႐ွိေနၾကေသာ Bai Yutang ႏွင့္ Zhan Zhao တို႔ႏွစ္ေယာက္လဲ တစ္ေရးမွ မအိပ္ရေသး။ ေကာင္းကင္ေပၚမွ ေနေရာင္က အာရံုဦးသို႔ပင္ ေဆာင္ၾကဥ္းေနသည္။
Bai Yutang က ကို္ယ့္ကိုယ္ကို စိတ္ထဲမွ အားေပးလိုက္သည္။
"ဟုတ္ၿပီ Bai Yutang မင္း လုပ္ႏိုင္ပါတယ္၊ သည္းခံႏိုင္တယ္"
Zhao Zhao ကေတာ့ စိတ္ထဲမွ မေန႔ညက အေၾကာင္းကိုသာ ေတြးေနမိသည္။ မေန႔ညက သူအေတာ္ ကံေကာင္းခဲ့သည္။ ႂကြက္ျဖဴ ဆိုတဲ့ ေကာင္က သူ႔ထက္အမ်ားႀကီး သန္မာသူျဖစ္ေလရာ Bai Yutang သာ ညက အတင္းအၾကပ္ လုပ္ပါက သူ လြတ္ေျမာက္ဖို႔မေျပာနဲ႔ ခုခံႏိုင္မည္ေတာင္ မဟုတ္ေပ။ Xiao Bai ေလးေရ၊ ငါက မင္းကို လက္ရဲဇာတ္ရဲ မေကာင္းတဲ့ေကာင္လို႔ထင္ထားမိတာ ၊ ဒီလို လူႀကီးလူေကာင္းတစ္ေယာက္လို႔ ေမွ်ာ္လင့္မထားခဲ့ဘူး။
"ေၾကာင္ေလး၊ ငါ... ငါ ဘယ္အခ်ိန္လုပ္ရမွာလဲ.."
Bai Yutang က ႐ုတ္တရက္ထေမးသည္။
"Bang.."
Zhan Zhao က ေဘးနားမွ ေခါင္းအံုးကို ေကာက္ဆြဲကာ Bai Yutang ရဲ႕မ်က္ႏွာကို ႐ိုက္လိုက္သည္။
"ေျပာခ်င္ဦး ေနာက္တစ္ခါ.."
Bai Yutang ကေတာ့ ေခါင္းအံုးေအာက္မွ အသံအစ္အစ္ႏွင့္ ေအာ္ေျပာေနသည္။
"ဘာျဖစ္လို႔လဲ၊ အေႏွးနဲ႔ အျမန္ျဖစ္လာမဲ့ ကိစၥႀကီးပဲကို.."
Zhan Zhao က ဘာမွ ျပန္မေျပာပဲ ၿငိမ္သြားသည္။
Bai Yutang ကေတာ့ မ်က္ႏွာေပၚမွ ေခါင္းအံုးကို ဆြဲဖယ္လိုက္ၿပီး ထ ထိုင္ကာ Zhan Zhao ကို ေသခ်ာၾကည့္သည္။
"ေၾကာင္ေလး၊ မင္း ဒီေလာက္ေတာင္ပဲ ႐ိုးသားရလား.."
Zhan Zhao လဲ အိပ္ေနရာမွ ထ ထိုင္လိုက္ၿပီး ေအာ္လိုက္သည္။
"ႂကြက္စုတ္၊ မင္း ဘာစကားေျပာတာလဲ"
ထို႔ေနာက္ ေလသံေလးႏွင့္
"ငါသာ ႐ိုးသားခဲ့ရင္ မင္းနမ္းတာ ခံခဲ့ပါ့မလား.."
Bai Yutang ကေတာ့ ႐ူးပါ ႐ူးခ်င္သြားသည္။ နမ္းတာကို ကိစၥအႀကီးႀကီးလို႔ ထင္ေနတဲ့ ေၾကာင္စုတ္ေလး။
"ေၾကာင္ေလး၊ ငါ မင္းကို ျမင္ရင္ ငါ.. ငါ အဲ့စိတ္ေတြ ေပၚေပၚလာတယ္၊ မင္း ငါ ထႂကြလာတာ မျမင္လိုက္ဘူးလား.."
Zhan Zhao မ်က္ႏွာေလး ရဲခနဲ။
ပါးစပ္ကေတာ့ ပြစိပြစိႏွင့္ Bai Yutang အား ဆဲဆို ေရရြတ္ေနေလသည္။
Bai Yutang ကေတာ့ Zhan Zhao မ်က္ႏွာေလးကို အတန္ၾကာ ေငးၾကည့္ရင္းမွ ႐ုတ္တရက္ ညဝတ္အက်ႌကို ၾကယ္သီး ထျဖဳတ္ေလသည္။
"မင္း..မင္းအဲဒါ ဘာလုပ္တာလဲ"
Zhan Zhao မွာေတာ့ အံ့ျသသြားၿပီး ေနာက္ဆုတ္ကာ ေခါင္းအံုးကို ပိုက္၍အိပ္ရာအေနာက္သို႔ ကပ္သြားသည္။
"မင္း ျမင္ဖူးလား"
Bai Yutang က အတည္ႀကီး ေမးေနသည္။
" မျမင္ဖူးရင္ ငါ ငါခြၽတ္ျပမယ္၊ မင္းလဲ အဲဒါျမင္လို႔ အဲ့စိတ္ေပၚလာရင္ ငါ..ငါတို႔.."
သူ႔စကားပင္ မဆံုးေသး Zhan Zhao ရဲ႕ ကန္ခ်က္ေၾကာင့္ သူ ၾကမ္းျပင္ေပၚ ဘုန္းခနဲ ႂကြက္က် က်သြားေလသည္။
"ႂကြက္စုတ္၊ တဏွာ႐ူး"
Zhan Zhao က လက္ထဲမွ ေခါင္းအံုးႏွင့္ပါ ေကာက္ေပါက္သည္။
"မင္းေခါင္းထဲမွ ဦးေႏွာက္အစာ တို႔ဟူးေတြ ျပည့္ေနတာလား၊ တစ္ေနကုန္ ဒါပဲေတြးေနရေအာင္.."
Bai Yutang ရဲ႕ အက်ႌေတြအကုန္ ၾကမ္းျပင္ေပၚ ပံုလ်က္သား၊ ဆံပင္ကို ခါလိုက္ရင္း
"ေၾကာင္ ေလး... ဘာကို ေစာင့္ေနတာလဲ.."
Zhan Zhao က ေဒါသထြက္ထြက္ျဖင့္ ေစာင္ကို တစ္ကုိယ္လံုး လံုေအာင္ပတ္ထားရင္း မ်က္လံုးမ်ားက ႂကြက္စုတ္ရဲ႕ သန္မာလွေသာ ဗိုက္ႂကြက္သားမ်ားဆီသို႔..။
Didididididididi........
အခ်ိန္ကုိုက္ပင္ ျမည္လာေသာ ဖုန္းေၾကာင့္ Bai Yutang က ေဒါသမ်က္လံုးမ်ားျဖင့္ ဖုန္းကို ၾကည့္ေနေတာ့ Zhan Zhao က ခပ္ျမန္ျမန္ပင္ ဖုန္းကိုင္လိုက္သည္။ Ma Han ဆီက..။
"Bai Sir တိုးတက္မႈ႐ွိတယ္၊ သူအခုပဲ သားေကာင္ကို ပို႔လိုက္တယ္"
Ma Han ရဲ႕အသံက စိတ္လႈပ္႐ွားမႈ အျပည့္။
"သားေကာင္???"
Zhan Zhao ေရာ Bai Yutang ပါ အ့ံျသသြားသည္။
"ကြၽန္ေတာ္ E mail ကို ပို့္ေပးလိုက္မယ္"
Zhan Zhao ကြန္ျပဴ တာဆီသြားကာ E mail ကို စစ္ေနေတာ့ Bai Yutang ကလဲ အနားတိုးလာကာ ဓာတ္ပံုကို ႏွိပ္လိုက္သည္။ အံ့ျသမဆံုး ျဖစ္သြားရသည္က သားေကာင္ဆိုသူမွာ M တကၠသိုလ္မွာတုန္းက Qi Le တို႔ကို စီးပြားျဖစ္ စီးရီးထုတ္ရန္ လိုက္ကပ္ေနေသာ Zhang Hua ဆိုသူ။
Zhang Hua ရဲ႕ ဓာတ္ပံုကို ၾကည့္ရင္း ႏွစ္ေယာက္သား မ်က္ေမွာင္မ်ား ၾကံဳ႕သြားၾကသည္။ တစ္ဖက္မွ စဥ္းစာၾကည့္လ်ွင္ အမႈနဲ႔ ဘာမွ မသက္ဆိုင္ေသာ သာမန္လူတစ္ေယာက္ေပမဲ့ တစ္ဖက္မွ ၾကည့္လ်ွင္ေတာ့ သူဟာ Bai Jintang ပို္င္တဲ့ Baishi group ၏ ဝန္ထမ္းတစ္ဦးပင္။
"Hello, Bai Sir.."
အေျဖကို သိလိုေစာႏွင့္ Ma Han က သူတို္႔ႏွစ္ေယာက္ကို ေလာလိုက္သည္။
"ကြၽန္ေတာ္ ျပန္စာပို႔စရာမလိုဘူးလား"
Zhan Zhao ကေတာ့ အခုမွ လူ႔ေလာကႏွင့္ အဆက္အသြယ္ျပန္ရလာသကဲ့သို႔.
"မလိုဘူး.."
"အဲဒါဆို ကြၽန္ေတာ္ ဘာဆက္လုပ္ရမွာလဲ"
"Ma Han ငါ အဲဒီေန႔က မင္းကို ေျပာျပထားတဲ့ ဒုတိယအဆင့္ကို မွတ္မိေသးလား"
"မွတ္မိပါတယ္.. ပံုမွန္ျဖစ္တာနဲ႔ ပံုမွန္မဟုတ္တာနဲ႔ရဲ႕ ၾကားထဲက တစ္ခုခုကို စြဲလမ္းေနသလိုမ်ိဳး.."
Ma Han က ျပန္ေျပာျပသည္။
"အရမ္းမွန္တယ္"
Zhan Zhao ပင္ ေလးစားသြားရသည္။ Ma Han ဟာ ေသနတ္ပစ္ေတာ္ရံုသာမက ဥာဏ္လဲ အလြန္ေကာင္းသည္။
"မင္း အဲဒီပံုစံမ်ိဳးနဲ႔ ေသနတ္ပစ္ကလပ္ကို သြားရမယ္၊ အဲဒီလူက မင္းကို ေနာက္တစ္ႀကိမ္ဆက္သြယ္လာရင္ မင္းကို စမ္းသပ္ရံုေလးပဲ လုပ္တာမို႔လို႔ မင္းရဲ႕ လက္႐ွိပံုစံကိုသာ ဆက္ထိန္းထား"
"ဟုတ္ကဲ့ ကြၽန္ေတာ္ နားလည္ၿပီ"
Ma Han ဖုန္းခ်သြားသည္။
ခ်က္ခ်င္းပင္ Bai Yutang က Jiang Ping ဆီဖုန္းဆက္ၿပီး Zhang Hua အေၾကာင္း စံုစမ္းခိုင္းေလသည္။
"ငါတို႔ ေနာက္တစ္ဆင့္ ဘာလုပ္ၾကမလဲ"
Zhan Zhao မွ ေမးလိုက္သည္။
"Zhang Hua က ငါတို္႔လိုက္ေနတဲ့ အမႈႀကီး တစ္ခုလံုးကဲ့ အလယ္ကလူ ျဖစ္ေနတယ္၊ "
Bai Yutang မဲ့ျပံဳးျပံဳးလိုက္သည္။
"သူ Qi Le ကို သိထားတယ္၊ အခု သက္ေသျပရမွာက သူနဲ႔ Jia Zhengyan၊ Pang Wei တို႔ၾကားက ပတ္သက္မႈပဲ"
Zhan Zhao က ေခါင္းညိတ္သည္။
"ငါ Jia Zhengyan ရဲ႕အိမ္ကို စံုစမ္းဖို႔ သြားခ်င္တယ္"
Bai Yutang က ျပံဳးလိုက္သည္။
..................
"ေၾကာင္ေလး ငါ စိတ္ေျဖာင့္ေျဖာင့္နဲ႔ သြားခ်င္တယ္"
Zhan Zhao မ်က္ႏွာလွည့္လိုက္ေတာ့ e mail ကို အတူလုၾကည့္ေနတဲ့ Bai Yutang မ်က္ႏွာႏွင့္ အနီးဆံုးေနရာ ေရာက္သြားေလသည္။ Zhan Zhao ရဲ႕ Bai Yutang ကို ၾကည့္သည့္ အၾကည့္စူးစူးေလးေတြထဲမွာ အားနာရိပ္ ေတာင္းပန္ရိပ္မ်ားက ေပၚလြင္ေနသည္။
"Yutang.. ငါ..ငါ..အဆင္သင့္ မျဖစ္ေသးဘူး.."
Bai Yutang က Zhan Zhao ကို ၾကည့္ကာ အႏူးညံ့ဆံုးျပံဳးလိုက္ၿပီး ေခါင္းယမ္းျပသည္။
"ေၾကာင္ေလးရာ ၊ စိတ္ထဲ ဘာမွ မျဖစ္နဲ႔၊ ငါ ေစာင့္ႏိုင္ပါတယ္"
Zhan Zhao ရဲ႕ နားရြက္ေလးကို လက္နဲ႔ဆြဲညႇစ္လိုက္ေတာ့ ရဲတက္လာသည့္ နားရြက္ေလးကို ၾကည့္ရင္း
"ကိုယ့္ကိုယ္ကို အရမ္းဖိအားမေပးပါနဲ႔ ငါ ေနာက္တစ္ခါ ေလ်ွာက္မစေတာ့ဘူး၊ စိတ္ခ်"
Zhan Zhao ကေတာ့ Bai Yutang ရဲ႕ အသက္႐ွဴ သံေတြမွ တစ္ဆင့္ သူ႔ရဲ႕ ႏူးညံ့စြာ ခုန္ေနတဲ့ ႏွလံုးသားေလးကို လွမ္းေတြ႔လိုက္သည္။ ႐ုတ္တရက္ ကုန္းထၿပီး Bai Yutang ရဲ႕ ႏႈတ္ခမ္းေလးကို ျဖတ္ခနဲ နမ္းလိုက္သည္။ ထို႔ေနာက္မွာေတာ့ ေရခ်ိဳးခန္းထဲ ေျပးဝင္သြားၿပီး မ်က္ႏွာသစ္ သြားတိုက္ေလသည္။
Bai Yutang က မီးဖိုေခ်ာင္ထဲ ဝင္လာၿပီး Zhan Zhao အတြက္ မနက္စာ ဆန္ျပဳတ္ေလး ျပန္ေႏႊးေနသည္။ မီးဖိုေခ်ာင္ထဲမွ မွန္ကဲ့သို႔ ေျပာင္လက္ေနေသာ နံရံေပၚမွ သူ႔ပံုသူ ျပန္ၾကည့္ရင္း သက္ျပင္းခ်လိုက္သည္။
Bai Yutang ah Bai Yutang မင္းဟာေလ သက္ျပင္းခ်ဖို႔ပဲ တန္တယ္၊ ဘယ္သူက မင္းကို ျမင့္ျမတ္လွတဲ့ သူႀကီးလို႔ ေျပာမွာမို႔လို႔လဲ၊ ခုေတာ့ သြားၿပီ....
ထိုစဥ္မွာပင္ ေၾကာ္ေနေသာ ၾကက္ဥေမႊေၾကာ္ တူးသြားေလသည္။
"ေနာက္ေန႔ကစၿပီး တို႔ဟူးပဲ စားရမယ္.. "
................
Gongsun တစ္ေယာက္ ကုတ္အက်ႌ ေလးကို လက္ထဲမွ ကိုင္ကာ မနက္ေစာေစာ လမ္းၾကားေလးထဲမွ သာသာယာယာ ေလ်ွာက္လာေလသည္။ ဒီႏွစ္ရက္အတြင္း စားလိုက္ေသာက္လိုက္ အိပ္လိုက္ႏွင့္ ပ်င္းေနေပမဲ့ သူ႔အဖြဲ႔ေခါင္းေဆာင္ Bai Yutang ကေတာ့ သံုးရက္ခြင့္မျပည့္မခ်င္း အလုပ္မဆင္းက အမိန္႔ထုတ္ထားေလသည္။ (ထိုသို႔ မဟုတ္ရင္လဲ ႂကြက္စုတ္ကို အစ္ကိုရင္းက ျပန္သတ္တာ သတင္းစာထဲ ပါလာဦးမည္)
ဒီေန႔ေတာ့ ေစ်းဝယ္ထြက္ခ်င္ေနခဲ့တာ ကံေကာင္းခ်င္ေတာ့ ရာသီဥတုက သူ႔ဘက္မွာေလ..၊
စင္တာထဲ ဝင္လာၿပီး နာရီဝက္ေလာက္ၾကာေတာ့ ေနာက္ကို အမွတ္တမဲ့ လွည့္ၾကည့္မိသြားသည္။ တခဏတာ ဆြံ႔အမိသြားသလို ဘယ္အခ်ိန္ထဲက လိုက္လာမွန္းမသိတဲ့ Bai Jintang ရဲ႕ မ်က္ႏွာႀကီးက ေပၚလာၿပီး သူ႔နားကို ေလ်ွာက္လာသည္။ သူ႔ရဲ႕ ေနာက္ဘက္ မီတာငါးဆယ္အကြာမွာ ကုတ္အကႌ်အ႐ွည္မ်ားကို စမတ္က်က်ဝတ္၍ မ်က္မွန္အနက္မ်ား တပ္ဆင္ထားေသာ အႁမႊာညီေနာင္။
"ဒါကေရာ ဘယ္လိုအေျခအေနပါလိမ့္"
Zhaolan က ေမးလိုက္သည္။
"မဟုတ္ေသးပါဘူး၊ အေျခအေနက လံုးဝတျခားစီ"
Zhaohui က ေခါင္းယမ္းလိုက္သည္။
"ငါတို႔မ႐ွိတဲ့ ႏွစ္ရက္ သံုးရက္အတြင္း အေျခအေနက လံုးဝကို ေျပာင္းလဲသြားတာပဲ၊ တစ္ခုခု ႀကီးႀကီးမားမား ျဖစ္ခဲ့ပံုရတယ္"
အႁမႊာႏွစ္ေကာင္ကေတာ့ မယံုႏိုင္ေသာ မ်က္ႏွာေပးမ်ားျဖင့္။
"Gongsun ရဲ႕ လည္ပင္းနားက အနီကြက္ေလး ေတြ႔လိုက္လား"
"ေတြ႔တာေပါ့၊ သူ႔စားပြဲေပၚက ကိုယ္ပူက်ေဆးနဲ႔ အေရာင္က်ေဆးလဲ ေတြ႔တယ္"
"မဟုတ္မွ လြဲေရာ...".
အႁမႊာညီေနာင္ရဲ႕ မ်က္လံုးမ်ားထဲတြင္ အစိမ္းေရာင္မ်ား တလက္လက္ႏွင့္ တစ္စံုတစ္ခုကို အျပင္းအထန္ ပံုေဖာ္ေနသည္။
"အစ္ကိုႀကီး အားသံုးလိုက္ပံုေပၚတယ္ကြ"
"ေသစမ္းပါကြာ အဲဒီေန႔မွ အလုပ္႐ွိရတယ္လို႔.."
"Gongsun က အဲဒါေၾကာင့္မွ အစ္ကိုႀကီးကို အဖက္မလုပ္ေတာ့တာလား"
Zhaolan က ေမးေစ့ကိုင္ၿပီး စဥ္းစားေနသည္။
"ေတာ္ ေတာ္ ေတာ္"
Zhao Hui က Zhao Lan ရဲ႕အေတြးမ်ားကို လိုက္ဖ်က္ေနသည္။
"အစ္ကိုႀကီးကလဲ တကယ္ပါပဲ၊ ဘယ္လိုေတာင္ သေဘာထားႀကီးတဲ့ လူမ်ိဳး ျဖစ္သြားပါလိ္မ့္ တစ္ခါ ျငင္းလိုက္လို႔ ေနာက္တစ္ခါ ထပ္သြား၊ မရ ေတာ္ၿပီေပါ့၊ သံုးခါလဲ မဟုတ္၊ ေလးခါလဲမဟုတ္.. ငါေတာ့ Gongsun ကို မယံုႏိုင္ပါဘူး.."
Zhao Lan ရဲ႕ ေခါင္းထဲမွာ အတိတ္က အေၾကာင္းမ်ားေပၚလာသည္။ "ေကာင္စုတ္ေလး၊ မင္းဒါေတြ ဘယ္က သင္လာတာလဲ၊ ဟုတ္ေတာ့လဲ ဟုတ္ပါတယ္ေလ အစ္ကိုႀကီးက တကယ္သနားဖို႔ေကာင္းတယ္ ၊ ဒါနဲ႔ မင္းကမနာလိုေနတာ ဟုတ္"
"ေနဦး ေနဦး Gongsun ေျမေအာက္ ရထားဘူတာကို သြားေတာ့ အစ္ကိုႀကီးပါ လိုက္သြားတယ္ ၾကည့္စမ္း"
"အစ္ကိုႀကီးက ေျမေအာက္ရထား စီးေတာ့ ဘာျဖစ္လို႔လဲ"
"မဟုတ္ဘူးေလ အစ္ကိုႀကီးမွာ အေႂကြမ႐ွိဘူးကြ"
"Gongsun"
Bai Jintang ေနာက္မွာ ေဆာက္တည္ရာမရ ျဖစ္က်န္ခဲ့သည္။ ရထားလက္မွတ္ဘယ္လိုျဖတ္ရမလဲ သူမသိ။ Gongsun က အထဲေတာင္ ဝင္ေတာ့မည္။
Gongsun ကေတာ့ မသိခ်င္ေယာင္ေဆာင္ကာ လမ္းသြက္သြက္ေလ်ွာက္လိုက္သည္။
"ကြၽန္ေတာ္သိတာေပါ့၊ ခင္ဗ်ား ဒီကို တစ္ခါမွ မလာဖူးမွန္း"
Bai Jintang က ေနာက္မွ Gongsun ကို လွမ္းေခၚလိုက္သည္။ " မသြားနဲ႔ဦး"
Zhao Hui နဲ႔ Zhao Lan တို႔အေျပးအလႊား လက္မွတ္ျဖတ္ၿပီး အစ္ကိုႀကီးဘက္ကို ေျပးလာေနၿပီး Bai Jintang ကလဲ သူတို႔ဘက္ကို ေျပးလာသည္။
ကံမေကာင္းစြာနဲ႔ပဲ မနက္ေစာေစာ ရံုးတက္ခ်ိန္ျဖစ္ေနေလေတာ့ ေျမေအာက္ရထားဘူတာမွာ လူအုပ္ႀကီးကိုေတာ့ မတိုးႏိုင္ခဲ့။ သို႔ေသာ္ Gongsun ရဲ႕ ကံမေကာင္းမႈက တစ္စံုတစ္ေယာက္အတြက္ေတာ့ အႀကီးမားဆံုး ကံေကာင္းမႈႀကီးပင္။ ခဏအၾကာမွာေတာ့ Bai Jintangသည္ Gongsun ကို လိုက္မီသြားေလသည္။ Bai Jintang အဖို့ အံ့ျသစရာေကာင္းသည့္အခ်က္ကေတာ့ ေျမေအာက္ရထားကို လူအေတာ္မ်ားမ်ား သံုးၾကသည္ကိုပင္။
ၾကပ္ညႇပ္ေနေသာ ရထားေပၚမွာ သူ႔ကေလးကို လူထိမိမွာစိုးသည့္အလား Bai Jintang ကေတာ့ Gongsun ကို တံခါးေထာင့္နားထားကာ ကိုယ္ႏွင့္ အစြမ္းကုန္ ကာကြယ္ေပးထားသည္။ သူ႔လက္ေမာင္းၾကားထဲမွ Gongsun ကေတာ့ Bai Jintang ဘက္ မ်က္ႏွာမမူထားေပ။ နားရြက္ေနာက္နားေလးမွ Bai Jintang ရဲ႕ ဝင္သက္ ထြက္သက္ ေငြ႔ေငြ႔ေလးအျပင္ ရင္းႏွီးေနခဲ့ေသာ ကိုယ္ေငြ႔ေလးက သူ႔ကိုယ္ကို လုံျခံဳေနသည္ဟု ခံစားရေစသည္။ တိုင္ပင္မထားပါပဲႏွင့္ ႏွစ္ေယာက္သား ထိုညက အေၾကာင္းကိုသာ ေတြးေနမိေသာေၾကာင့္ ပခံုးသားတို႔ ဆတ္ဆတ္ တုန္လာေလသည္။
Gongsun ရဲ႕ အေတြးမ်ားကို သိသည့္အလား ပခံုးသားေလး တုန္ေနတာကို ျမင္မိေတာ့ Bai Jintang က စိတ္မေကာင္းသည့္ ေလသံႏွင့္
"Gongsun ကိုယ္ ေတာင္းပန္ပါတယ္ေနာ္ "
Bai Jintang အတြက္ ဒုတိယအႀကိမ္ေတာင္းပန္စကားဆုိေသာ္လဲ Gongsun အတြက္ေတာ့ အခုအႀကိမ္မွာ ပထမဆံုး ေတာင္းပန္စကားဆိုျဖစ္သည္။
အေနာက္မွ အႁမႊာႏွစ္ေယာက္က ဘာမွ မျမင္ရသျဖင့္ တြန္းရင္း ေဝွ့ရင္း ၾကည့္ေနသည္။ ထိုအခ်ိန္တြင္ Bai Jintang က Gongsun ကို တင္းၾကပ္စြာ ဖက္ထားတာကို ျမင္ရေလသည္။
"အ.."
Gongsun ကိုယ္ေလး ေတာင့္သြားၿပီး Bai Jintang ကို ေၾကာက္ရြံ႔ရိပ္မ်ား လႊမ္းေနသည့္ မ်က္ဝန္းတို႔ျဖင့္ ေမာ့ၾကည့္သည္။ တုန္ယင္ေနေသာ ကိုယ္ေလးကို တည္ၿငိမ္ေစရန္ Bai Jintang က တင္းၾကပ္စြာ ဖက္ထားၿပီး တည္ၿငိမ္စြာ ေျပာေလသည္။
"မေၾကာက္ပါနဲ႔ ကေလးရယ္၊ ကိုယ္ ေနာက္ထပ္ မလုပ္ရဲေတာ့ပါဘူး တကယ္ကို မလုပ္ရဲတာပါ ၊ ကိုယ့္ကို ဒီ့ထက္ပိုၿပီး မေၾကာက္ပါနဲ႔ေတာ့ေနာ္"
ေတာင္းေတာင္းပန္ပန္ ေျပာေနေသာ စကားမ်ားေၾကာင့္ Gongsun ရဲ႕ကိုယ္ေလးက တျဖည္းျဖည္း တည္ၿငိမ္စျပဳလာၿပီး Bai Jintang ကို ေမာ့ၾကည့္လိုက္သည္။ Bai Jintang က ဖက္ထားသည္ကို လႊတ္ေပးကာ ျပံဳးျပံဳးေလးၾကည့္ေတာ့ Gongsun ကလဲ ျပံဳးေနေလသည္။
ခပ္လွမ္းလွမ္းမွ အႁမႊာညီေနာင္ကေတာ့ ပထမဆံုးျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ အသဲယားကာ ကိုယ့္လက္ကို ကိုက္ေနၾကသည္။ သူတို႔အကိုႀကီးက လူေတြကို လိမ္တဲ့ေနရာမွာ ေတာ္မွန္းသိေပမဲ့ စကားတစ္ခြန္းထဲနဲ႔ လူတစ္ေယာက္ကို ဆြဲေဆာင္ႏိုင္စြမ္း႐ွိမွန္းေတာ့ မသိခဲ့။
တစ္မနက္ခင္းလံုး Gongsun ေစ်းဝယ္ထြက္ရာ S ၿမိဳ႕ေတယ္ရဲ႕ ေနရာတိုင္းသို႔ Bai Jintang က လိုက္ပို႔ေလသည္။ Gongsun မွာေတာ့ ဝယ္စရာမည္မည္ရရ မ႐ွိေပမဲ့ တစ္ဆိုင္ၿပီး တစ္ဆုိုင္ ဝယ္လိုက္ ထြက္လိုက္ႏွင့္ ဟိုၾကည့္ သည္ၾကည့္ႏွင့္သာ။
အမွတ္တရပစၥည္းဆိုင္ရဲ႕ ျပတင္းဝမွာေတာ့ ေက်ာက္မ်ားႏွင့္ ပံုေဖာ္ထားေသာ အေကာင္ေလးမ်ားက တန္းစီေနသည္။ ထိုအထဲမွ ေၾကာင္ေလးႏွင့္ ႂကြက္ေလး ေဘးခ်င္းယွဥ္ထိုင္ေနပံုကို ၾကည့္ရင္း Bai Jintang သေဘာက်သြားေလသည္။ ဒါ Yutang နဲ႔ Xiao Zhao ေလးပဲ...။
"Gongsun ခဏေလး၊ "
Bai Jintang ကို Gongsun ကို လွမ္းေခၚၿပီး အ႐ုပ္ေလးကို ၫႊန္ျပသည္။
"ဒီမွာၾကည့္၊ ဘယ္သူနဲ႔တူလဲလို႔"
Gongsun က မ်က္ႏွာတည္တည္သာထားမည္ဟု စိတ္ကူးမိေပမဲ့ ထိုပံုေလးကို ၾကည့္ရင္း မရယ္ပဲမေနႏိုင္ေပ။ ေၾကာင္ေလးႏွင့္ ႂကြက္ေလး တစ္ေကာင္က သူ႔လ်ွာသူ လ်က္ေနၿပီး တစ္ေကာင္က အၿမီးခ်င္း လိုက္ခ်ိတ္ေနပံုေလးက ခ်စ္စရာ အရမ္းေကာင္းေနေလသည္။
"ကိုယ့္ကို ခဏေစာင့္ဦး၊ ဒါေလးဝယ္ခ်င္လို႔"
Bai Jintang က အထဲဝင္ကာ ပိုက္ဆံ႐ွင္းၿပီး ျပန္ထြက္လာေတာ့ အံ့ျသစရာ ျမင္ကြင္းတစ္ခု ျမင္လိုက္ေလသည္။
Gongsun က လမ္းဆံုမွာရပ္ေနၿပီး သူတစ္ခါမွ မျမင္ဖူးသူတစ္ေယာက္ႏွင့္ စကားလက္ဆံုက်ေနသည္။ ႐ုတ္တရက္ ထိုလူက Gongsun ရဲ႕ ပခံုးကို လွမ္းပုတ္ဖို႔ ႀကိဳးစားေတာ့ Bai Jintang က အေျပးသြားၿပီး ထိုလူရဲ႕ အတင္း ေကာ္လာမွကိုင္၍ လမ္းမီးတိုင္ကို မီကာ ဖိထားလို္က္သည္။
"ခင္ဗ်ား ဘာလုပ္တာလဲ"
ထိုလူက ဘုမသိဘမသိ ထေအာ္သည္။
"Bai Jintang "
သူ႔ေနာက္မွ Gongsum ကလဲ အသိဝင္လာကာ လွမ္းေအာ္သည္။ "ခင္ဗ်ား ႐ူးသြားၿပီလား"
"သူ..မင္းကို ထိဖို႔ ႀကိဳးစားေနတာေလ"
Bai Jintang က ေနာက္လွည့္လိုက္ၿပီး မတ္တပ္ထရပ္သည္။
"ကြၽန္ေတာ္ လမ္း.... လမ္းေမးရံုတင္ပါဗ်ာ"
ထိုလူမွာ စကားေတြေတာင္ ထစ္ကုန္သည္။
"...."
Bai Jintang ကေတာ့ ေတြေဝေနဆဲပင္။
" ခင္ဗ်ားသြားလို႔ရပါၿပီ"
Gongsun ကေတာ့ Bai Jintang လုပ္သည့္အျပဳအမူအတြက္ ထိုလူအား အလ်င္အျမန္ေတာင္းပန္ကာ သြားခိုင္းလိုက္သည္။ ထိုလူကေတာ့ ေၾကာက္လန္႔တၾကားၾကည့္ကာ ေျပးသြားေလသည္။
Bai Jintang မွာ စိတ္႐ႈပ္႐ႈပ္ႏွင့္ ရပ္ေနေတာ့ Gongsun က စူပုတ္ကာ ၾကည့္္ေနသည္။
"ခင္ဗ်ားက ဘာလဲ ထစ္ခနဲ႐ွိ ရန္ျဖစ္တတ္တဲ့ ကေလးေလးလား၊ ဒါေလးေတာင္ ေကာင္းေကာင္း မေျဖ႐ွင္းတတ္ဘူးလား ခင္ဗ်ား"
"ကိုယ္.."
Bai Jintang က ေလသံေလးသာ ထြက္ႏိုင္သည္။
"ကိုယ္ထင္တာ သူ မင္းကို ထိခိုက္ေစႏိုင္မယ္လို႔.."
Gongsun ကေတာ့ သက္ျပင္းသာ ခ်လိုက္သည္။
"ခင္ဗ်ား ကြၽန္ေတာ့္ကို ေတြ႔ခ်င္ေသးရင္ အဲ့အက်င့္ကို အရင္ေဖ်ာက္"
ေျပာၿပီးသည္ႏွင့္ လွည့္ထြက္ခဲ့ေလသည္။
Bai Jintang က ေနရာမွ လံုးဝမေရြ႔ပဲ ရပ္ေနကာ Gongsun ေျပာခဲ့သည့္ စကားရဲ႕ အဓိပၸါယ္ ကို စဥ္းစားေနဆဲ့၊ သူေျပာတာက သူ႔ကို ဆက္ေတြ႔ခ်င္ရင္.. အဲဒါဆို..အဲဒါဆို..
"ခဏေလး၊... ခဏေလး"
Gongsun ေနာက္မွ အေျပးလိုက္ရင္း
"ကိုယ္ေျပာင္းလိုက္ၿပီ၊ အဲ့အက်င့္ ေဖ်ာက္လိုက္ၿပီ ဒါေပမဲ့ ကိုယ္ မထိန္းခ်ဳပ္ႏိုင္တဲ့အခါဆိုရင္ မင္း ကိုယ့္ေဘးမွာ ေနၿပီး တားေပးႏိုင္မလား"
..............
အေနာက္မွ အႁမႊာႏွစ္ေကာင္ကေတာ့ ကိုက္စရာလက္မွ လြဲ၍ ဘာမွ မ႐ွိ၊ သူတို႔အစ္ကိုႀကီး၏ ၾကက္သီးထစရာ စကားမ်ားေၾကာင့္ ေျခလွမ္းမ်ားပင္ မွားကုန္သည္။ ဝံပေလြလို လူႀကီး က Gongsun ေ႐ွ႕တြင္ေတာ့ သခင္ေ႐ွ႕ အၿမီးနံ႔ေနသည့္ ေခြးႀကီးတစ္ေကာင္သာ.. husband material ႀကီး
ျပန္အလာလမ္းက ေျမေအာက္ရထားေပၚမွာလဲ Gongsun ကို Bai Jintang က လူအုပ္ၾကားမွ ေပ်ာ္ေပ်ာ္ႀကီး ကာကြယ္ေပးရသည္ကို ႏွစ္သက္ေနေလသည္။
ဟုတ္ၿပီ ငါ ေျပာင္းလဲရမယ္..
Gongsun က စကားလဲ တစ္ခြန္းမွ မေျပာသလို ႐ုန္းထြက္ဖို႔လဲ မႀကိဳးစားပဲ Bai Jintang အနားပင္ ကပ္လာသည္။
..............
S ၿမိဳ႕ေတာ္ သက္တံ့ၿမိဳ႕ေလးရဲ႕ အေဆာက္အအံု ၁၀ အခန္း နံပါတ္ ၂၀၆ သည္ Jia Zhengyan ရဲ႕ အိမ္ျဖစ္ေလသည္။ တစ္ေယာက္ထဲ သမားမို႔ အိမ္ထဲတြင္ ပရိေဘာဂအနည္းအက်ဥ္းႏွင့္ တစ္အိမ္လံုးအျပည့္ စာအုပ္ေတြသာ က်န္ခဲ့ေလသည္။
အခန္းဝင္သည္ႏွင့္ Bai Yutang ေရာ Zhan Zhao ပါ ေျမစာပံုလို က်ဲျပန္႔ေနေသာ အခန္းထဲမွ သူတို႔ရဲ႕ အဓိကပစ္မွတ္ျဖစ္တဲ့ ဓာတ္ပံု album ႏွင့္ ဒိုင္ယာရီ စာအုပ္ကို ႐ွာေလသည္။ Zhan Zhao က စာအုပ္စင္ေပၚမွ စာအုပ္တစ္အုပ္ခ်င္းစီကို လိုက္ၾကည့္ၿပီး Bai Jintang ကေတာ့ ကြန္ျပဴ တာကို ဖြင့္ေလသည္။
"ဒီဆရာက အေတာ္ သိကၡာ႐ွိၿပီး တည္ၿငိမ္မဲ့ပံုပဲ"
Bai Yutang က ကြန္ျပဴ တာကို ၾကည့္ၿပီး ခ်ီးမြမ္းေလသည္။
"ဟုတ္တယ္.. သူ႔မွာ စာအုပ္ေတြလဲ အမ်ားႀကီးပဲ အကုန္လံုးက စိတ္ပညာနဲ႔ ပတ္သက္ၿပီး ေရးထားတာေတြခ်ည္းပဲ၊ ၿပီးေတာ့ သူ႔ရဲ႕စာသင္ၾကားနည္းမွတ္စုေတြကလဲ ေသသပ္တိက်တယ္၊ ေက်ာင္းသားေတြအေပၚ အေလးထားတဲ့ ဆရာမ်ိဳးပဲ"
Zhan Zhao က စာအုပ္တစ္အုပ္ခ်င္းစီကို လွန္ေလွာၾကည့္ရင္းမွ အရင္ေခတ္ကဟု ထင္ရေသာ ဓာတ္ပံုအယ္ဘမ္တစ္ခု ေတြ႔လိုက္သည္။ ၾကည့္လိုက္ေတာ့ အထက္တန္းေက်ာင္းၿပီး အခမ္းအနားမွ ဓာတ္ပံုမ်ား။
တစ္ပံု ၿပီး တစ္ပံုၾကည့္ေနရင္းမွ ပံုတစ္ပုံကို Zhan Zhao စိတ္ဝင္စားသြားေလသည္။ အထက္တန္းေက်ာင္းသူ တစ္ေယာက္ရဲ႕ အျဖဴအမဲ ဓာတ္ပံုတစ္ပံု၊ ထိုေကာင္မေလးကို ရင္းရင္းႏွီးႏွီး ျမင္ဖူးေနေပမဲ့ ဘယ္သူမွန္းမသိ။
ဓာတ္ပံုကို ဆြဲထုတ္ရင္း Zhan Zhao တစ္ေယာက္ ေသခ်ာစြာၾကည့္ေနေလသည္။
ထိုအခ်ိန္မွာပင္ တံခါးမွ သံႀကိဳးခတ္သံတစ္ခု ႐ုတ္တရက္ ၾကားရေလသည္။ Bai Yutang လဲ လန္႔သြားၿပီး တံခါးကို သြားဆြဲဖြင့္ေတာ့ ပြင့္မလာခဲ့၊ အျပင္မွ တစ္ေယာက္ေယာက္ တမင္ ခတ္သြားခဲ့မွန္း သိလိုက္ေလသည္။
"Yutang ဘယ္လိုလုပ္ၾကမလဲ"
Zhan Zhao လိုက္လာေတာ့ Bai Yutang လဲ ျပန္လွည့္လာေလသည္။
တံခါးေအာက္ေျခ အေပါက္မွ စိမ္းေရႊေရႊနံ႔ သင္းေနေသာ ဓာတ္ဆီရည္မ်ား စမ္းေခ်ာင္းလို ဝင္လာသည္။ ႏွစ္ေယာက္သာ မ်က္ႏွာ ေသြးဆုတ္သလို ျဖဴေရာ္သြားၿပီး Bai Yutang က Jia Zhengyan ရဲ႕ ပရိေဘာဂေတြ တစ္ခုခုမွားေနတာ သတိထားမိသြားသည္။ တံခါးဝမွာ ေတြ႔ခဲ့ေသာ ဂတ္စ္အိုးက ဘာလို႔ ....
"ေၾကာင္ေလး ေျပး"
ႏွစ္ေယာက္သား ျပတင္းေပါက္ကို ေျပးကာ ဖြင့္မည္ျပင္ေတာ့ ျပတင္းေပါက္က အေသပိတ္ထားေလသည္။ ထိုအခ်ိန္မွာ မီးေတြက တံခါးအေ႐ွ႕ကို စြဲေနၿပီ၊ Bai Yutang က ခပ္ျမန္ျမန္ပဲ ေသနတ္ကို ဆြဲထုတ္ၿပီး ျပတင္းေပါက္ကို အေသပိတ္ထားတဲ့ သံကြင္းမ်ားကို ဆင့္ကာ ဆင့္ကာ ပစ္ေလသည္။ ျပတင္းေပါက္ကို ေျခေထာက္ႏွင့္ ေျပးကန္ၿပီး ဖ်က္စီးလိုက္သည္။
"ေၾကာင္ေလး တက္ခဲ့.."
Zhan Zhao က ျပတင္းေပါက္ေဘာင္မွ ကမ္းလာေသာ Bai Yutang ရဲ႕ လက္ကို ဖမ္းဆြဲထားလိုက္သည္။ ဒီေနရာ ဝန္းက်င္မွ ဒုတိယအထပ္မွာ သာမန္အိမ္ရာမ်ား၏ တတိယႏွင့္ ညီမ်ွ၍ ေျမျပင္ႏွင့္ ၁၀ မီတာခႏ္ူ ျမင့္ေလသည္။ Bai Yutang က ျပတင္းေပါက္မွ ေန၍ ေအာက္မွ ျပတင္းေပါက္သို႔ ကူးသြားၿပီး လက္လွမ္းလိုက္သည္။
"ေၾကာင္ေလး၊ ဒီမွာ"
Zhan Zhao က အနဲငယ္ တုန္လႈပ္ေနၿပီး လွမ္းမကိုင္ရဲ၊ Bai Yutang က ျပတင္းေပါက္ကို လွမ္းဆြဲထားၿပီး လက္ကို အျပင္တတ္ႏိုင္သမ်ွ ဆန္႔လိုက္သည္။
"လာေလ ေၾကာင္ေလး"
သူ႔ေ႐ွ႕တိုးေတာ့ Zhan Zhao လဲ ေ႐ွ႕လိုက္တိုးလာၿပီး ျပတင္းေပါက္ေပၚ ေရာက္သြားသည္။ Bai Yutang က သူ႔လက္ေမာင္းကို သိုင္းဖက္ရင္း ေျပာသည္။
"ရၿပီ ခုန္ခ်ေတာ့"
"အမ္"
"ခုန္ခ်လို႔"
ဘာမွ ျပန္မေျဖ။ Bai Yutang က Zhan Zhao ကို ဆြဲကာ ခုန္ခ်ေလသည္။ထိုေနရာက ေျမျပင္ ႏွင့္ ငါးမီတာ ေျခာက္မီတာခန္႔သာ ကြာေလသည္။ Bai Yutang ကေတာ့ Zhan Zhao ကို ဖက္ထားရင္း လိမ့္သြားသည္။
သူတို႔ ေအာက္ေျခကို ေရာက္ၿပီးမၾကာလိုက္ အခန္း ၂၀၆ မွ က်ယ္ေလာင္လွေသာ ေပါက္ကြဲသံႀကီး တစ္ခု ထြက္လာကာ မီးခိုးေတြက တလူလူႏွင့္။ ထိုအခန္းမွ စာရြက္မ်ား တစ္စစီ ျပန္႔က်ဲကာ ထြက္လာၿပီး အိမ္နီးခ်င္းမ်ားလဲ ေၾကာက္ေၾကာက္ႏွင့္ ေျပးထြက္လာၾကသည္။
"ဘယ္နား ထိခိုက္သြားေသးလဲ".
Bai Yutang ရဲ႕ ပထမဆံုးအလုပ္က သူဖက္ထားတဲ့ Zhan Zhao အႏၱရာယ္ ကင္းေရး။ Zhan Zhao က ဘာမွမျဖစ္ဟု ေခါင္းခါျပေပမဲ့ မ်က္ႏွာေလးက ေၾကာက္လန္႔တၾကားႏွင့္ ျဖဴ ဆုတ္ေနသည္။ Bai Yutang က Zhan Zhao အာရံုေျပာင္းသြားေစရန္ ႐ုတ္တရက္ ထရယ္ေလသည္။
"ေၾကာင္ေလး၊ ငါတို႔ငယ္ငယ္က သစ္ပင္တက္တုန္းကအေၾကာင္း မွတ္မိေသးလား"
Zhan Zhao က မ်က္လံုးမွိတ္ကာ ရယ္ျပသည္။
"မင္းက တက္ပဲ တက္ရဲတာ ျပန္ေတာ့ မဆင္းရဲဘူးေလ၊ ငါပဲ အျမဲတမ္း ေအာက္ခ်ေပးရတယ္"
Bai Yutang က ဆက္ေျပာေနျပန္သည္။
"အခုလဲၾကည့္ေလ၊ ငါမ႐ွိရင္ မင္းဘယ္လိုလုပ္မလဲ"
Zhan Zhao မွာ Bai Yutang ရဲ႕ ၾကင္နာလွေသာ စကားမ်ားေၾကာင့္ အံ့ျသမွင္သက္မိေလသည္။ ႂကြက္စုတ္က တစ္ခါတစ္ေလ တကယ္ ခ်ိဳသာတာပဲ..။
ႏွစ္ေယာက္သား ကားေပၚျပန္လာၿပီး မီးေမႊးသမားေၾကာင့္ ဆံုး႐ွံုးလုဆဲ အသက္ကို မွန္မွန္ ျပန္႐ွဴ ေနေလသည္။ Bai Yutang က Zhan Zhao အတြက္ တံခါးဖြင့္ေပးသည္။
"ဒီဟာက ငါတို႔အေျဖနဲ႔ ေတာ္ေတာ္နီးေနၿပီလို႔ ေျပာလိုက္တာပဲ၊ ကံမေကာင္းတာကေတာ့ Jia Zhengyan ရဲ႕ အိမ္က ဘာသဲလြန္စမွ မရခဲ့ဘူး"
"မလိုပါဘူးေလ"
Zhan Zhao က အိတ္ထဲမွ အျဖဴ အမဲ ဓာတ္ပံုတစ္ပံုကို Bai Yutang ကို ေပးလိုက္သည္။
"ငါ ဓာတ္ပံုစာအုပ္ထဲက ေတြ႔တာ ၊ ရင္းႏွီးေနသလိုပဲ မဟုတ္လား"
Bai Yutang ကလဲ ဓာတ္ပံုကို အေတာ္ၾကာ စိုက္ၾကည့္ေနေလသည္။
"ဘယ္မွာ ျမင္ဖူးတာလဲ"
Zhan Zhao က ျပံဳးျပလိုက္သည္။
"စဥ္းစားလို႔မရဘူး၊ ဒါေပမဲ့ မင္းေမးေတာ့ ျဖတ္ခနဲ သတိရသြားၿပီ၊ မင္းအစ္ကို ညစာ စားပြဲတုန္းက Gongsun နဲ႔ စကားေျပာေနတဲ့ အမ်ိဳးသမီးကို မွတ္မိေသးလား"
"ေအာ္ "
Bai Yutang က ႐ုတ္တရက္ မွတ္မိသြားသည္။
"စီးပြားေရးပညာ႐ွင္ အမ်ိဳးသမီးေလ နာမည္က..ဘာတဲ့"
"Fang Jing"
Zhan Zhao က ေျပာလိုက္သည္။
"Zhang Hua လိုပဲ စီးပြားေရးသမားေတြ"
"အဲဒါပဲေပါ့"
Bai Yutang က ျပံဳးျပလိုက္သည္။
"ျပဇာတ္တစ္ခုလံုးရဲ႕ အဓိကက ဒီမွာကိုး"
"ဟုတ္တာေပါ့ ျပဇာတ္က ႐ွိလာမွာေလ"
Zhan Zhao က ခဏၾကာ ေတြးၿပီး ေျပာလိုက္သည္။
"သူတို႔က ငါတို္႔ထက္ အျမဲႏွာတစ္ဖ်ားသာေနတာ မင္းေနရထိုင္ရမခက္ဘူးလား"
"ဟမ္ ေၾကာင္ေလး မင္းဘာလုပ္မလို႔လဲ"
"ဟင္း ဟင္း.."
Zhan Zhao က ရယ္လိုက္ၿပီး ဆက္ေျပာသည္။
"ဒီတစ္ခါေတာ့ လူေတြ လိုက္သတ္ေနတဲ့ training camp ကို ငါတို႔ လွည့္စားရမဲ့ အခ်ိန္ေရာက္ၿပီေလ"
......
End of killer training camp 15
Thank u
မေနႏိုင္ မထိုင္ႏိုင္ တင္လိုက္ပါၿပီေနာ္
😁😁
Unicode
ကွန်ပြူ တာ မျက်နှာပြင်ကို ပေါက်ထွက်မတတ် Ma Han ကြည့်နေဆဲမှာပင် အကြောင်းအရာ တစ်ခုတည်းကိုသာ ရေးသားထားသော ဒုတိယ email တစ်စောင် ထပ်ရောက်လာသည်။
Zhan Zhao ပေးခဲ့တဲ့ e mail ကို အလျင်အမြန် ဖွင့်ကြည့်လိုက်တော့ စာလုံးက သုံးလုံးတည်းသာ။
"ဘယ် သူ လဲ"
Ma Han နားမလည်ပေမဲ့ Zhan Zhao ပြောသည့်အတိုင်း e mail ကို ပြန်စာ ပို့လိုက်သည်။
ညသန်းခေါင် ဆယ့်နှစ်နာရီ အတိမှာတော့ ပဉ္စမမြောက် e mail ဝင်လာသည်။ Ma Han က ချက်ချင်းပဲ Zhan Zhao ပို့ထားသော ဒုတိယ e mail ကို ဖွင့်ကြည့်သည်။ သည်တစ်ခါ ရေးထားသည်ကတော့ - "မရှိသင့်တဲ့ အမှိုက်လို လူများကို ရှင်းလင်းခြင်း "
နားမလည်ပေမဲ့ ပို့လိုက်ပြန်သည်။ ထို့နောက်မှာတော့ Ma Han ဆီသို့ ထိုလူဆီမှ mail များ တစ်စောင်ပြီး တစ်စောင် အဆက်မပြတ် ရောက်လာလေတော့သည်။ Ma Han က ပြန်စာ ပို့စရာ မလိုပေမဲ့ ကွန်ပြူ တာ မျက်နှာပြင်ရဲ့ အောက်နားလေးက ပြထားသော အချိ််န်ကွက်လေးကိုသာ ပေါက်ထွက်မတတ် စိုက်ကြည့်နေသည်။
ဒုတိယ email ပို့အပြီး အနားယူလဲ ရသည်ဟု Zhan Zhao က မှာထားသော်လဲ Ma Han ကတော့ တုတ်တုတ်ပင် မလှုပ်ပဲ ကွန်ပြူ တာရှေ့မှာ ထိုင်နေသည်၊
အမှောင်ယံ ကုန်ဆုံး၍ နေရောင်ခြည်ပင် သန်းလာလေပြီ။ နာရီကို ကြည့်လိုက်တော့ ငါးနာရီခွဲ၊ Zhan Zhao ပေးခဲ့သော တတိယမြောက်နှင့် နောက်ဆုံး e mail ကို ဖွင့်ကြည့်တော့
" မိစၦာ နိုးထလာလေပြီ"
သူပို့အပြီး နှစ်မိနစ်သာ ကြာမည်။ တစ်ဖက်မှ "သားကောင်" ဟု ခေါင်းစဉ်တပ်ထားသော e mail နှင့်အတူ လူတစ်ယောက်၏ ဓာတ်ပုံတစ်ပုံနှင့် သူ့ရဲ့ ကိုယ်ရေးအကျဉ်း အချို့ကို ပို့လာသည်။ လူကတော့ သက်လတ်ပိုင်း ယောကျ်ားလေးတစ်ယောက်ရဲ့ ပုံ..။ Ma Han က ဖုန်းကောက်ကိုင်လိုက်သည်။
ထိုညက Ma Han တစ်ယောက်တည်းသာ အိပ်မပျော်သည် မဟုတ်။ အိပ်ရာ တစ်ခုထဲမှ အတူတူရှိနေကြသော Bai Yutang နှင့် Zhan Zhao တို့နှစ်ယောက်လဲ တစ်ရေးမှ မအိပ်ရသေး။ ကောင်းကင်ပေါ်မှ နေရောင်က အာရုံဦးသို့ပင် ဆောင်ကြဉ်းနေသည်။
Bai Yutang က ကို်ယ့်ကိုယ်ကို စိတ်ထဲမှ အားပေးလိုက်သည်။
"ဟုတ်ပြီ Bai Yutang မင်း လုပ်နိုင်ပါတယ်၊ သည်းခံနိုင်တယ်"
Zhao Zhao ကတော့ စိတ်ထဲမှ မနေ့ညက အကြောင်းကိုသာ တွေးနေမိသည်။ မနေ့ညက သူအတော် ကံကောင်းခဲ့သည်။ ကြွက်ဖြူ ဆိုတဲ့ ကောင်က သူ့ထက်အများကြီး သန်မာသူဖြစ်လေရာ Bai Yutang သာ ညက အတင်းအကြပ် လုပ်ပါက သူ လွတ်မြောက်ဖို့မပြောနဲ့ ခုခံနိုင်မည်တောင် မဟုတ်ပေ။ Xiao Bai လေးရေ၊ ငါက မင်းကို လက်ရဲဇာတ်ရဲ မကောင်းတဲ့ကောင်လို့ထင်ထားမိတာ ၊ ဒီလို လူကြီးလူကောင်းတစ်ယောက်လို့ မျှော်လင့်မထားခဲ့ဘူး။
"ကြောင်လေး၊ ငါ... ငါ ဘယ်အချိန်လုပ်ရမှာလဲ.."
Bai Yutang က ရုတ်တရက်ထမေးသည်။
"Bang.."
Zhan Zhao က ဘေးနားမှ ခေါင်းအုံးကို ကောက်ဆွဲကာ Bai Yutang ရဲ့မျက်နှာကို ရိုက်လိုက်သည်။
"ပြောချင်ဦး နောက်တစ်ခါ.."
Bai Yutang ကတော့ ခေါင်းအုံးအောက်မှ အသံအစ်အစ်နှင့် အော်ပြောနေသည်။
"ဘာဖြစ်လို့လဲ၊ အနှေးနဲ့ အမြန်ဖြစ်လာမဲ့ ကိစ္စကြီးပဲကို.."
Zhan Zhao က ဘာမှ ပြန်မပြောပဲ ငြိမ်သွားသည်။
Bai Yutang ကတော့ မျက်နှာပေါ်မှ ခေါင်းအုံးကို ဆွဲဖယ်လိုက်ပြီး ထ ထိုင်ကာ Zhan Zhao ကို သေချာကြည့်သည်။
"ကြောင်လေး၊ မင်း ဒီလောက်တောင်ပဲ ရိုးသားရလား.."
Zhan Zhao လဲ အိပ်နေရာမှ ထ ထိုင်လိုက်ပြီး အော်လိုက်သည်။
"ကြွက်စုတ်၊ မင်း ဘာစကားပြောတာလဲ"
ထို့နောက် လေသံလေးနှင့်
"ငါသာ ရိုးသားခဲ့ရင် မင်းနမ်းတာ ခံခဲ့ပါ့မလား.."
Bai Yutang ကတော့ ရူးပါ ရူးချင်သွားသည်။ နမ်းတာကို ကိစ္စအကြီးကြီးလို့ ထင်နေတဲ့ ကြောင်စုတ်လေး။
"ကြောင်လေး၊ ငါ မင်းကို မြင်ရင် ငါ.. ငါ အဲ့စိတ်တွေ ပေါ်ပေါ်လာတယ်၊ မင်း ငါ ထကြွလာတာ မမြင်လိုက်ဘူးလား.."
Zhan Zhao မျက်နှာလေး ရဲခနဲ။
ပါးစပ်ကတော့ ပွစိပွစိနှင့် Bai Yutang အား ဆဲဆို ရေရွတ်နေလေသည်။
Bai Yutang ကတော့ Zhan Zhao မျက်နှာလေးကို အတန်ကြာ ငေးကြည့်ရင်းမှ ရုတ်တရက် ညဝတ်အကျႌကို ကြယ်သီး ထဖြုတ်လေသည်။
"မင်း..မင်းအဲဒါ ဘာလုပ်တာလဲ"
Zhan Zhao မှာတော့ အံ့သြသွားပြီး နောက်ဆုတ်ကာ ခေါင်းအုံးကို ပိုက်၍အိပ်ရာအနောက်သို့ ကပ်သွားသည်။
"မင်း မြင်ဖူးလား"
Bai Yutang က အတည်ကြီး မေးနေသည်။
" မမြင်ဖူးရင် ငါ ငါချွတ်ပြမယ်၊ မင်းလဲ အဲဒါမြင်လို့ အဲ့စိတ်ပေါ်လာရင် ငါ..ငါတို့.."
သူ့စကားပင် မဆုံးသေး Zhan Zhao ရဲ့ ကန်ချက်ကြောင့် သူ ကြမ်းပြင်ပေါ် ဘုန်းခနဲ ကြွက်ကျ ကျသွားလေသည်။
"ကြွက်စုတ်၊ တဏှာရူး"
Zhan Zhao က လက်ထဲမှ ခေါင်းအုံးနှင့်ပါ ကောက်ပေါက်သည်။
"မင်းခေါင်းထဲမှ ဦးနှောက်အစာ တို့ဟူးတွေ ပြည့်နေတာလား၊ တစ်နေကုန် ဒါပဲတွေးနေရအောင်.."
Bai Yutang ရဲ့ အကျႌတွေအကုန် ကြမ်းပြင်ပေါ် ပုံလျက်သား၊ ဆံပင်ကို ခါလိုက်ရင်း
"ကြောင် လေး... ဘာကို စောင့်နေတာလဲ.."
Zhan Zhao က ဒေါသထွက်ထွက်ဖြင့် စောင်ကို တစ်ကိုယ်လုံး လုံအောင်ပတ်ထားရင်း မျက်လုံးများက ကြွက်စုတ်ရဲ့ သန်မာလှသော ဗိုက်ကြွက်သားများဆီသို့..။
Didididididididi........
အချိန်ကိုက်ပင် မြည်လာသော ဖုန်းကြောင့် Bai Yutang က ဒေါသမျက်လုံးများဖြင့် ဖုန်းကို ကြည့်နေတော့ Zhan Zhao က ခပ်မြန်မြန်ပင် ဖုန်းကိုင်လိုက်သည်။ Ma Han ဆီက..။
"Bai Sir တိုးတက်မှုရှိတယ်၊ သူအခုပဲ သားကောင်ကို ပို့လိုက်တယ်"
Ma Han ရဲ့အသံက စိတ်လှုပ်ရှားမှု အပြည့်။
"သားကောင်???"
Zhan Zhao ရော Bai Yutang ပါ အ့ံသြသွားသည်။
"ကျွန်တော် E mail ကို ပို့်ပေးလိုက်မယ်"
Zhan Zhao ကွန်ပြူ တာဆီသွားကာ E mail ကို စစ်နေတော့ Bai Yutang ကလဲ အနားတိုးလာကာ ဓာတ်ပုံကို နှိပ်လိုက်သည်။ အံ့သြမဆုံး ဖြစ်သွားရသည်က သားကောင်ဆိုသူမှာ M တက္ကသိုလ်မှာတုန်းက Qi Le တို့ကို စီးပွားဖြစ် စီးရီးထုတ်ရန် လိုက်ကပ်နေသော Zhang Hua ဆိုသူ။
Zhang Hua ရဲ့ ဓာတ်ပုံကို ကြည့်ရင်း နှစ်ယောက်သား မျက်မှောင်များ ကြုံ့သွားကြသည်။ တစ်ဖက်မှ စဉ်းစာကြည့်လျှင် အမှုနဲ့ ဘာမှ မသက်ဆိုင်သော သာမန်လူတစ်ယောက်ပေမဲ့ တစ်ဖက်မှ ကြည့်လျှင်တော့ သူဟာ Bai Jintang ပို်င်တဲ့ Baishi group ၏ ဝန်ထမ်းတစ်ဦးပင်။
"Hello, Bai Sir.."
အဖြေကို သိလိုစောနှင့် Ma Han က သူတို့်နှစ်ယောက်ကို လောလိုက်သည်။
"ကျွန်တော် ပြန်စာပို့စရာမလိုဘူးလား"
Zhan Zhao ကတော့ အခုမှ လူ့လောကနှင့် အဆက်အသွယ်ပြန်ရလာသကဲ့သို့.
"မလိုဘူး.."
"အဲဒါဆို ကျွန်တော် ဘာဆက်လုပ်ရမှာလဲ"
"Ma Han ငါ အဲဒီနေ့က မင်းကို ပြောပြထားတဲ့ ဒုတိယအဆင့်ကို မှတ်မိသေးလား"
"မှတ်မိပါတယ်.. ပုံမှန်ဖြစ်တာနဲ့ ပုံမှန်မဟုတ်တာနဲ့ရဲ့ ကြားထဲက တစ်ခုခုကို စွဲလမ်းနေသလိုမျိုး.."
Ma Han က ပြန်ပြောပြသည်။
"အရမ်းမှန်တယ်"
Zhan Zhao ပင် လေးစားသွားရသည်။ Ma Han ဟာ သေနတ်ပစ်တော်ရုံသာမက ဉာဏ်လဲ အလွန်ကောင်းသည်။
"မင်း အဲဒီပုံစံမျိုးနဲ့ သေနတ်ပစ်ကလပ်ကို သွားရမယ်၊ အဲဒီလူက မင်းကို နောက်တစ်ကြိမ်ဆက်သွယ်လာရင် မင်းကို စမ်းသပ်ရုံလေးပဲ လုပ်တာမို့လို့ မင်းရဲ့ လက်ရှိပုံစံကိုသာ ဆက်ထိန်းထား"
"ဟုတ်ကဲ့ ကျွန်တော် နားလည်ပြီ"
Ma Han ဖုန်းချသွားသည်။
ချက်ချင်းပင် Bai Yutang က Jiang Ping ဆီဖုန်းဆက်ပြီး Zhang Hua အကြောင်း စုံစမ်းခိုင်းလေသည်။
"ငါတို့ နောက်တစ်ဆင့် ဘာလုပ်ကြမလဲ"
Zhan Zhao မှ မေးလိုက်သည်။
"Zhang Hua က ငါတို့်လိုက်နေတဲ့ အမှုကြီး တစ်ခုလုံးကဲ့ အလယ်ကလူ ဖြစ်နေတယ်၊ "
Bai Yutang မဲ့ပြုံးပြုံးလိုက်သည်။
"သူ Qi Le ကို သိထားတယ်၊ အခု သက်သေပြရမှာက သူနဲ့ Jia Zhengyan၊ Pang Wei တို့ကြားက ပတ်သက်မှုပဲ"
Zhan Zhao က ခေါင်းညိတ်သည်။
"ငါ Jia Zhengyan ရဲ့အိမ်ကို စုံစမ်းဖို့ သွားချင်တယ်"
Bai Yutang က ပြုံးလိုက်သည်။
..................
"ကြောင်လေး ငါ စိတ်ဖြောင့်ဖြောင့်နဲ့ သွားချင်တယ်"
Zhan Zhao မျက်နှာလှည့်လိုက်တော့ e mail ကို အတူလုကြည့်နေတဲ့ Bai Yutang မျက်နှာနှင့် အနီးဆုံးနေရာ ရောက်သွားလေသည်။ Zhan Zhao ရဲ့ Bai Yutang ကို ကြည့်သည့် အကြည့်စူးစူးလေးတွေထဲမှာ အားနာရိပ် တောင်းပန်ရိပ်များက ပေါ်လွင်နေသည်။
"Yutang.. ငါ..ငါ..အဆင်သင့် မဖြစ်သေးဘူး.."
Bai Yutang က Zhan Zhao ကို ကြည့်ကာ အနူးညံ့ဆုံးပြုံးလိုက်ပြီး ခေါင်းယမ်းပြသည်။
"ကြောင်လေးရာ ၊ စိတ်ထဲ ဘာမှ မဖြစ်နဲ့၊ ငါ စောင့်နိုင်ပါတယ်"
Zhan Zhao ရဲ့ နားရွက်လေးကို လက်နဲ့ဆွဲညှစ်လိုက်တော့ ရဲတက်လာသည့် နားရွက်လေးကို ကြည့်ရင်း
"ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးပါနဲ့ ငါ နောက်တစ်ခါ လျှောက်မစတော့ဘူး၊ စိတ်ချ"
Zhan Zhao ကတော့ Bai Yutang ရဲ့ အသက်ရှူ သံတွေမှ တစ်ဆင့် သူ့ရဲ့ နူးညံ့စွာ ခုန်နေတဲ့ နှလုံးသားလေးကို လှမ်းတွေ့လိုက်သည်။ ရုတ်တရက် ကုန်းထပြီး Bai Yutang ရဲ့ နှုတ်ခမ်းလေးကို ဖြတ်ခနဲ နမ်းလိုက်သည်။ ထို့နောက်မှာတော့ ရေချိုးခန်းထဲ ပြေးဝင်သွားပြီး မျက်နှာသစ် သွားတိုက်လေသည်။
Bai Yutang က မီးဖိုချောင်ထဲ ဝင်လာပြီး Zhan Zhao အတွက် မနက်စာ ဆန်ပြုတ်လေး ပြန်နွှေးနေသည်။ မီးဖိုချောင်ထဲမှ မှန်ကဲ့သို့ ပြောင်လက်နေသော နံရံပေါ်မှ သူ့ပုံသူ ပြန်ကြည့်ရင်း သက်ပြင်းချလိုက်သည်။
Bai Yutang ah Bai Yutang မင်းဟာလေ သက်ပြင်းချဖို့ပဲ တန်တယ်၊ ဘယ်သူက မင်းကို မြင့်မြတ်လှတဲ့ သူကြီးလို့ ပြောမှာမို့လို့လဲ၊ ခုတော့ သွားပြီ....
ထိုစဉ်မှာပင် ကြော်နေသော ကြက်ဥမွှေကြော် တူးသွားလေသည်။
"နောက်နေ့ကစပြီး တို့ဟူးပဲ စားရမယ်.. "
................
Gongsun တစ်ယောက် ကုတ်အကျႌ လေးကို လက်ထဲမှ ကိုင်ကာ မနက်စောစော လမ်းကြားလေးထဲမှ သာသာယာယာ လျှောက်လာလေသည်။ ဒီနှစ်ရက်အတွင်း စားလိုက်သောက်လိုက် အိပ်လိုက်နှင့် ပျင်းနေပေမဲ့ သူ့အဖွဲ့ခေါင်းဆောင် Bai Yutang ကတော့ သုံးရက်ခွင့်မပြည့်မချင်း အလုပ်မဆင်းက အမိန့်ထုတ်ထားလေသည်။ (ထိုသို့ မဟုတ်ရင်လဲ ကြွက်စုတ်ကို အစ်ကိုရင်းက ပြန်သတ်တာ သတင်းစာထဲ ပါလာဦးမည်)
ဒီနေ့တော့ ဈေးဝယ်ထွက်ချင်နေခဲ့တာ ကံကောင်းချင်တော့ ရာသီဥတုက သူ့ဘက်မှာလေ..၊
စင်တာထဲ ဝင်လာပြီး နာရီဝက်လောက်ကြာတော့ နောက်ကို အမှတ်တမဲ့ လှည့်ကြည့်မိသွားသည်။ တခဏတာ ဆွံ့အမိသွားသလို ဘယ်အချိန်ထဲက လိုက်လာမှန်းမသိတဲ့ Bai Jintang ရဲ့ မျက်နှာကြီးက ပေါ်လာပြီး သူ့နားကို လျှောက်လာသည်။ သူ့ရဲ့ နောက်ဘက် မီတာငါးဆယ်အကွာမှာ ကုတ်အင်္ကီျအရှည်များကို စမတ်ကျကျဝတ်၍ မျက်မှန်အနက်များ တပ်ဆင်ထားသော အမြွှာညီနောင်။
"ဒါကရော ဘယ်လိုအခြေအနေပါလိမ့်"
Zhaolan က မေးလိုက်သည်။
"မဟုတ်သေးပါဘူး၊ အခြေအနေက လုံးဝတခြားစီ"
Zhaohui က ခေါင်းယမ်းလိုက်သည်။
"ငါတို့မရှိတဲ့ နှစ်ရက် သုံးရက်အတွင်း အခြေအနေက လုံးဝကို ပြောင်းလဲသွားတာပဲ၊ တစ်ခုခု ကြီးကြီးမားမား ဖြစ်ခဲ့ပုံရတယ်"
အမြွှာနှစ်ကောင်ကတော့ မယုံနိုင်သော မျက်နှာပေးများဖြင့်။
"Gongsun ရဲ့ လည်ပင်းနားက အနီကွက်လေး တွေ့လိုက်လား"
"တွေ့တာပေါ့၊ သူ့စားပွဲပေါ်က ကိုယ်ပူကျဆေးနဲ့ အရောင်ကျဆေးလဲ တွေ့တယ်"
"မဟုတ်မှ လွဲရော...".
အမြွှာညီနောင်ရဲ့ မျက်လုံးများထဲတွင် အစိမ်းရောင်များ တလက်လက်နှင့် တစ်စုံတစ်ခုကို အပြင်းအထန် ပုံဖော်နေသည်။
"အစ်ကိုကြီး အားသုံးလိုက်ပုံပေါ်တယ်ကွ"
"သေစမ်းပါကွာ အဲဒီနေ့မှ အလုပ်ရှိရတယ်လို့.."
"Gongsun က အဲဒါကြောင့်မှ အစ်ကိုကြီးကို အဖက်မလုပ်တော့တာလား"
Zhaolan က မေးစေ့ကိုင်ပြီး စဉ်းစားနေသည်။
"တော် တော် တော်"
Zhao Hui က Zhao Lan ရဲ့အတွေးများကို လိုက်ဖျက်နေသည်။
"အစ်ကိုကြီးကလဲ တကယ်ပါပဲ၊ ဘယ်လိုတောင် သဘောထားကြီးတဲ့ လူမျိုး ဖြစ်သွားပါလိ်မ့် တစ်ခါ ငြင်းလိုက်လို့ နောက်တစ်ခါ ထပ်သွား၊ မရ တော်ပြီပေါ့၊ သုံးခါလဲ မဟုတ်၊ လေးခါလဲမဟုတ်.. ငါတော့ Gongsun ကို မယုံနိုင်ပါဘူး.."
Zhao Lan ရဲ့ ခေါင်းထဲမှာ အတိတ်က အကြောင်းများပေါ်လာသည်။ "ကောင်စုတ်လေး၊ မင်းဒါတွေ ဘယ်က သင်လာတာလဲ၊ ဟုတ်တော့လဲ ဟုတ်ပါတယ်လေ အစ်ကိုကြီးက တကယ်သနားဖို့ကောင်းတယ် ၊ ဒါနဲ့ မင်းကမနာလိုနေတာ ဟုတ်"
"နေဦး နေဦး Gongsun မြေအောက် ရထားဘူတာကို သွားတော့ အစ်ကိုကြီးပါ လိုက်သွားတယ် ကြည့်စမ်း"
"အစ်ကိုကြီးက မြေအောက်ရထား စီးတော့ ဘာဖြစ်လို့လဲ"
"မဟုတ်ဘူးလေ အစ်ကိုကြီးမှာ အကြွေမရှိဘူးကွ"
"Gongsun"
Bai Jintang နောက်မှာ ဆောက်တည်ရာမရ ဖြစ်ကျန်ခဲ့သည်။ ရထားလက်မှတ်ဘယ်လိုဖြတ်ရမလဲ သူမသိ။ Gongsun က အထဲတောင် ဝင်တော့မည်။
Gongsun ကတော့ မသိချင်ယောင်ဆောင်ကာ လမ်းသွက်သွက်လျှောက်လိုက်သည်။
"ကျွန်တော်သိတာပေါ့၊ ခင်ဗျား ဒီကို တစ်ခါမှ မလာဖူးမှန်း"
Bai Jintang က နောက်မှ Gongsun ကို လှမ်းခေါ်လိုက်သည်။ " မသွားနဲ့ဦး"
Zhao Hui နဲ့ Zhao Lan တို့အပြေးအလွှား လက်မှတ်ဖြတ်ပြီး အစ်ကိုကြီးဘက်ကို ပြေးလာနေပြီး Bai Jintang ကလဲ သူတို့ဘက်ကို ပြေးလာသည်။
ကံမကောင်းစွာနဲ့ပဲ မနက်စောစော ရုံးတက်ချိန်ဖြစ်နေလေတော့ မြေအောက်ရထားဘူတာမှာ လူအုပ်ကြီးကိုတော့ မတိုးနိုင်ခဲ့။ သို့သော် Gongsun ရဲ့ ကံမကောင်းမှုက တစ်စုံတစ်ယောက်အတွက်တော့ အကြီးမားဆုံး ကံကောင်းမှုကြီးပင်။ ခဏအကြာမှာတော့ Bai Jintangသည် Gongsun ကို လိုက်မီသွားလေသည်။ Bai Jintang အဖို့ အံ့သြစရာကောင်းသည့်အချက်ကတော့ မြေအောက်ရထားကို လူအတော်များများ သုံးကြသည်ကိုပင်။
ကြပ်ညှပ်နေသော ရထားပေါ်မှာ သူ့ကလေးကို လူထိမိမှာစိုးသည့်အလား Bai Jintang ကတော့ Gongsun ကို တံခါးထောင့်နားထားကာ ကိုယ်နှင့် အစွမ်းကုန် ကာကွယ်ပေးထားသည်။ သူ့လက်မောင်းကြားထဲမှ Gongsun ကတော့ Bai Jintang ဘက် မျက်နှာမမူထားပေ။ နားရွက်နောက်နားလေးမှ Bai Jintang ရဲ့ ဝင်သက် ထွက်သက် ငွေ့ငွေ့လေးအပြင် ရင်းနှီးနေခဲ့သော ကိုယ်ငွေ့လေးက သူ့ကိုယ်ကို လုံခြုံနေသည်ဟု ခံစားရစေသည်။ တိုင်ပင်မထားပါပဲနှင့် နှစ်ယောက်သား ထိုညက အကြောင်းကိုသာ တွေးနေမိသောကြောင့် ပခုံးသားတို့ ဆတ်ဆတ် တုန်လာလေသည်။
Gongsun ရဲ့ အတွေးများကို သိသည့်အလား ပခုံးသားလေး တုန်နေတာကို မြင်မိတော့ Bai Jintang က စိတ်မကောင်းသည့် လေသံနှင့်
"Gongsun ကိုယ် တောင်းပန်ပါတယ်နော် "
Bai Jintang အတွက် ဒုတိယအကြိမ်တောင်းပန်စကားဆိုသော်လဲ Gongsun အတွက်တော့ အခုအကြိမ်မှာ ပထမဆုံး တောင်းပန်စကားဆိုဖြစ်သည်။
အနောက်မှ အမြွှာနှစ်ယောက်က ဘာမှ မမြင်ရသဖြင့် တွန်းရင်း ဝှေ့ရင်း ကြည့်နေသည်။ ထိုအချိန်တွင် Bai Jintang က Gongsun ကို တင်းကြပ်စွာ ဖက်ထားတာကို မြင်ရလေသည်။
"အ.."
Gongsun ကိုယ်လေး တောင့်သွားပြီး Bai Jintang ကို ကြောက်ရွံ့ရိပ်များ လွှမ်းနေသည့် မျက်ဝန်းတို့ဖြင့် မော့ကြည့်သည်။ တုန်ယင်နေသော ကိုယ်လေးကို တည်ငြိမ်စေရန် Bai Jintang က တင်းကြပ်စွာ ဖက်ထားပြီး တည်ငြိမ်စွာ ပြောလေသည်။
"မကြောက်ပါနဲ့ ကလေးရယ်၊ ကိုယ် နောက်ထပ် မလုပ်ရဲတော့ပါဘူး တကယ်ကို မလုပ်ရဲတာပါ ၊ ကိုယ့်ကို ဒီ့ထက်ပိုပြီး မကြောက်ပါနဲ့တော့နော်"
တောင်းတောင်းပန်ပန် ပြောနေသော စကားများကြောင့် Gongsun ရဲ့ကိုယ်လေးက တဖြည်းဖြည်း တည်ငြိမ်စပြုလာပြီး Bai Jintang ကို မော့ကြည့်လိုက်သည်။ Bai Jintang က ဖက်ထားသည်ကို လွှတ်ပေးကာ ပြုံးပြုံးလေးကြည့်တော့ Gongsun ကလဲ ပြုံးနေလေသည်။
ခပ်လှမ်းလှမ်းမှ အမြွှာညီနောင်ကတော့ ပထမဆုံးမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အသဲယားကာ ကိုယ့်လက်ကို ကိုက်နေကြသည်။ သူတို့အကိုကြီးက လူတွေကို လိမ်တဲ့နေရာမှာ တော်မှန်းသိပေမဲ့ စကားတစ်ခွန်းထဲနဲ့ လူတစ်ယောက်ကို ဆွဲဆောင်နိုင်စွမ်းရှိမှန်းတော့ မသိခဲ့။
တစ်မနက်ခင်းလုံး Gongsun ဈေးဝယ်ထွက်ရာ S မြို့တေယ်ရဲ့ နေရာတိုင်းသို့ Bai Jintang က လိုက်ပို့လေသည်။ Gongsun မှာတော့ ဝယ်စရာမည်မည်ရရ မရှိပေမဲ့ တစ်ဆိုင်ပြီး တစ်ဆိုင် ဝယ်လိုက် ထွက်လိုက်နှင့် ဟိုကြည့် သည်ကြည့်နှင့်သာ။
အမှတ်တရပစ္စည်းဆိုင်ရဲ့ ပြတင်းဝမှာတော့ ကျောက်များနှင့် ပုံဖော်ထားသော အကောင်လေးများက တန်းစီနေသည်။ ထိုအထဲမှ ကြောင်လေးနှင့် ကြွက်လေး ဘေးချင်းယှဉ်ထိုင်နေပုံကို ကြည့်ရင်း Bai Jintang သဘောကျသွားလေသည်။ ဒါ Yutang နဲ့ Xiao Zhao လေးပဲ...။
"Gongsun ခဏလေး၊ "
Bai Jintang ကို Gongsun ကို လှမ်းခေါ်ပြီး အရုပ်လေးကို ညွှန်ပြသည်။
"ဒီမှာကြည့်၊ ဘယ်သူနဲ့တူလဲလို့"
Gongsun က မျက်နှာတည်တည်သာထားမည်ဟု စိတ်ကူးမိပေမဲ့ ထိုပုံလေးကို ကြည့်ရင်း မရယ်ပဲမနေနိုင်ပေ။ ကြောင်လေးနှင့် ကြွက်လေး တစ်ကောင်က သူ့လျှာသူ လျက်နေပြီး တစ်ကောင်က အမြီးချင်း လိုက်ချိတ်နေပုံလေးက ချစ်စရာ အရမ်းကောင်းနေလေသည်။
"ကိုယ့်ကို ခဏစောင့်ဦး၊ ဒါလေးဝယ်ချင်လို့"
Bai Jintang က အထဲဝင်ကာ ပိုက်ဆံရှင်းပြီး ပြန်ထွက်လာတော့ အံ့သြစရာ မြင်ကွင်းတစ်ခု မြင်လိုက်လေသည်။
Gongsun က လမ်းဆုံမှာရပ်နေပြီး သူတစ်ခါမှ မမြင်ဖူးသူတစ်ယောက်နှင့် စကားလက်ဆုံကျနေသည်။ ရုတ်တရက် ထိုလူက Gongsun ရဲ့ ပခုံးကို လှမ်းပုတ်ဖို့ ကြိုးစားတော့ Bai Jintang က အပြေးသွားပြီး ထိုလူရဲ့ အတင်း ကော်လာမှကိုင်၍ လမ်းမီးတိုင်ကို မီကာ ဖိထားလို်က်သည်။
"ခင်ဗျား ဘာလုပ်တာလဲ"
ထိုလူက ဘုမသိဘမသိ ထအော်သည်။
"Bai Jintang "
သူ့နောက်မှ Gongsum ကလဲ အသိဝင်လာကာ လှမ်းအော်သည်။ "ခင်ဗျား ရူးသွားပြီလား"
"သူ..မင်းကို ထိဖို့ ကြိုးစားနေတာလေ"
Bai Jintang က နောက်လှည့်လိုက်ပြီး မတ်တပ်ထရပ်သည်။
"ကျွန်တော် လမ်း.... လမ်းမေးရုံတင်ပါဗျာ"
ထိုလူမှာ စကားတွေတောင် ထစ်ကုန်သည်။
"...."
Bai Jintang ကတော့ တွေဝေနေဆဲပင်။
" ခင်ဗျားသွားလို့ရပါပြီ"
Gongsun ကတော့ Bai Jintang လုပ်သည့်အပြုအမူအတွက် ထိုလူအား အလျင်အမြန်တောင်းပန်ကာ သွားခိုင်းလိုက်သည်။ ထိုလူကတော့ ကြောက်လန့်တကြားကြည့်ကာ ပြေးသွားလေသည်။
Bai Jintang မှာ စိတ်ရှုပ်ရှုပ်နှင့် ရပ်နေတော့ Gongsun က စူပုတ်ကာ ကြည့််နေသည်။
"ခင်ဗျားက ဘာလဲ ထစ်ခနဲရှိ ရန်ဖြစ်တတ်တဲ့ ကလေးလေးလား၊ ဒါလေးတောင် ကောင်းကောင်း မဖြေရှင်းတတ်ဘူးလား ခင်ဗျား"
"ကိုယ်.."
Bai Jintang က လေသံလေးသာ ထွက်နိုင်သည်။
"ကိုယ်ထင်တာ သူ မင်းကို ထိခိုက်စေနိုင်မယ်လို့.."
Gongsun ကတော့ သက်ပြင်းသာ ချလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို တွေ့ချင်သေးရင် အဲ့အကျင့်ကို အရင်ဖျောက်"
ပြောပြီးသည်နှင့် လှည့်ထွက်ခဲ့လေသည်။
Bai Jintang က နေရာမှ လုံးဝမရွေ့ပဲ ရပ်နေကာ Gongsun ပြောခဲ့သည့် စကားရဲ့ အဓိပ္ပါယ် ကို စဉ်းစားနေဆဲ့၊ သူပြောတာက သူ့ကို ဆက်တွေ့ချင်ရင်.. အဲဒါဆို..အဲဒါဆို..
"ခဏလေး၊... ခဏလေး"
Gongsun နောက်မှ အပြေးလိုက်ရင်း
"ကိုယ်ပြောင်းလိုက်ပြီ၊ အဲ့အကျင့် ဖျောက်လိုက်ပြီ ဒါပေမဲ့ ကိုယ် မထိန်းချုပ်နိုင်တဲ့အခါဆိုရင် မင်း ကိုယ့်ဘေးမှာ နေပြီး တားပေးနိုင်မလား"
..............
အနောက်မှ အမြွှာနှစ်ကောင်ကတော့ ကိုက်စရာလက်မှ လွဲ၍ ဘာမှ မရှိ၊ သူတို့အစ်ကိုကြီး၏ ကြက်သီးထစရာ စကားများကြောင့် ခြေလှမ်းများပင် မှားကုန်သည်။ ဝံပလွေလို လူကြီး က Gongsun ရှေ့တွင်တော့ သခင်ရှေ့ အမြီးနံ့နေသည့် ခွေးကြီးတစ်ကောင်သာ.. husband material ကြီး
ပြန်အလာလမ်းက မြေအောက်ရထားပေါ်မှာလဲ Gongsun ကို Bai Jintang က လူအုပ်ကြားမှ ပျော်ပျော်ကြီး ကာကွယ်ပေးရသည်ကို နှစ်သက်နေလေသည်။
ဟုတ်ပြီ ငါ ပြောင်းလဲရမယ်..
Gongsun က စကားလဲ တစ်ခွန်းမှ မပြောသလို ရုန်းထွက်ဖို့လဲ မကြိုးစားပဲ Bai Jintang အနားပင် ကပ်လာသည်။
..............
S မြို့တော် သက်တံ့မြို့လေးရဲ့ အဆောက်အအုံ ၁၀ အခန်း နံပါတ် ၂၀၆ သည် Jia Zhengyan ရဲ့ အိမ်ဖြစ်လေသည်။ တစ်ယောက်ထဲ သမားမို့ အိမ်ထဲတွင် ပရိဘောဂအနည်းအကျဉ်းနှင့် တစ်အိမ်လုံးအပြည့် စာအုပ်တွေသာ ကျန်ခဲ့လေသည်။
အခန်းဝင်သည်နှင့် Bai Yutang ရော Zhan Zhao ပါ မြေစာပုံလို ကျဲပြန့်နေသော အခန်းထဲမှ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဓာတ်ပုံ album နှင့် ဒိုင်ယာရီ စာအုပ်ကို ရှာလေသည်။ Zhan Zhao က စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ချင်းစီကို လိုက်ကြည့်ပြီး Bai Jintang ကတော့ ကွန်ပြူ တာကို ဖွင့်လေသည်။
"ဒီဆရာက အတော် သိက္ခာရှိပြီး တည်ငြိမ်မဲ့ပုံပဲ"
Bai Yutang က ကွန်ပြူ တာကို ကြည့်ပြီး ချီးမွမ်းလေသည်။
"ဟုတ်တယ်.. သူ့မှာ စာအုပ်တွေလဲ အများကြီးပဲ အကုန်လုံးက စိတ်ပညာနဲ့ ပတ်သက်ပြီး ရေးထားတာတွေချည်းပဲ၊ ပြီးတော့ သူ့ရဲ့စာသင်ကြားနည်းမှတ်စုတွေကလဲ သေသပ်တိကျတယ်၊ ကျောင်းသားတွေအပေါ် အလေးထားတဲ့ ဆရာမျိုးပဲ"
Zhan Zhao က စာအုပ်တစ်အုပ်ချင်းစီကို လှန်လှောကြည့်ရင်းမှ အရင်ခေတ်ကဟု ထင်ရသော ဓာတ်ပုံအယ်ဘမ်တစ်ခု တွေ့လိုက်သည်။ ကြည့်လိုက်တော့ အထက်တန်းကျောင်းပြီး အခမ်းအနားမှ ဓာတ်ပုံများ။
တစ်ပုံ ပြီး တစ်ပုံကြည့်နေရင်းမှ ပုံတစ်ပုံကို Zhan Zhao စိတ်ဝင်စားသွားလေသည်။ အထက်တန်းကျောင်းသူ တစ်ယောက်ရဲ့ အဖြူအမဲ ဓာတ်ပုံတစ်ပုံ၊ ထိုကောင်မလေးကို ရင်းရင်းနှီးနှီး မြင်ဖူးနေပေမဲ့ ဘယ်သူမှန်းမသိ။
ဓာတ်ပုံကို ဆွဲထုတ်ရင်း Zhan Zhao တစ်ယောက် သေချာစွာကြည့်နေလေသည်။
ထိုအချိန်မှာပင် တံခါးမှ သံကြိုးခတ်သံတစ်ခု ရုတ်တရက် ကြားရလေသည်။ Bai Yutang လဲ လန့်သွားပြီး တံခါးကို သွားဆွဲဖွင့်တော့ ပွင့်မလာခဲ့၊ အပြင်မှ တစ်ယောက်ယောက် တမင် ခတ်သွားခဲ့မှန်း သိလိုက်လေသည်။
"Yutang ဘယ်လိုလုပ်ကြမလဲ"
Zhan Zhao လိုက်လာတော့ Bai Yutang လဲ ပြန်လှည့်လာလေသည်။
တံခါးအောက်ခြေ အပေါက်မှ စိမ်းရွှေရွှေနံ့ သင်းနေသော ဓာတ်ဆီရည်များ စမ်းချောင်းလို ဝင်လာသည်။ နှစ်ယောက်သာ မျက်နှာ သွေးဆုတ်သလို ဖြူရော်သွားပြီး Bai Yutang က Jia Zhengyan ရဲ့ ပရိဘောဂတွေ တစ်ခုခုမှားနေတာ သတိထားမိသွားသည်။ တံခါးဝမှာ တွေ့ခဲ့သော ဂတ်စ်အိုးက ဘာလို့ ....
"ကြောင်လေး ပြေး"
နှစ်ယောက်သား ပြတင်းပေါက်ကို ပြေးကာ ဖွင့်မည်ပြင်တော့ ပြတင်းပေါက်က အသေပိတ်ထားလေသည်။ ထိုအချိန်မှာ မီးတွေက တံခါးအရှေ့ကို စွဲနေပြီ၊ Bai Yutang က ခပ်မြန်မြန်ပဲ သေနတ်ကို ဆွဲထုတ်ပြီး ပြတင်းပေါက်ကို အသေပိတ်ထားတဲ့ သံကွင်းများကို ဆင့်ကာ ဆင့်ကာ ပစ်လေသည်။ ပြတင်းပေါက်ကို ခြေထောက်နှင့် ပြေးကန်ပြီး ဖျက်စီးလိုက်သည်။
"ကြောင်လေး တက်ခဲ့.."
Zhan Zhao က ပြတင်းပေါက်ဘောင်မှ ကမ်းလာသော Bai Yutang ရဲ့ လက်ကို ဖမ်းဆွဲထားလိုက်သည်။ ဒီနေရာ ဝန်းကျင်မှ ဒုတိယအထပ်မှာ သာမန်အိမ်ရာများ၏ တတိယနှင့် ညီမျှ၍ မြေပြင်နှင့် ၁၀ မီတာခန်ူ မြင့်လေသည်။ Bai Yutang က ပြတင်းပေါက်မှ နေ၍ အောက်မှ ပြတင်းပေါက်သို့ ကူးသွားပြီး လက်လှမ်းလိုက်သည်။
"ကြောင်လေး၊ ဒီမှာ"
Zhan Zhao က အနဲငယ် တုန်လှုပ်နေပြီး လှမ်းမကိုင်ရဲ၊ Bai Yutang က ပြတင်းပေါက်ကို လှမ်းဆွဲထားပြီး လက်ကို အပြင်တတ်နိုင်သမျှ ဆန့်လိုက်သည်။
"လာလေ ကြောင်လေး"
သူ့ရှေ့တိုးတော့ Zhan Zhao လဲ ရှေ့လိုက်တိုးလာပြီး ပြတင်းပေါက်ပေါ် ရောက်သွားသည်။ Bai Yutang က သူ့လက်မောင်းကို သိုင်းဖက်ရင်း ပြောသည်။
"ရပြီ ခုန်ချတော့"
"အမ်"
"ခုန်ချလို့"
ဘာမှ ပြန်မဖြေ။ Bai Yutang က Zhan Zhao ကို ဆွဲကာ ခုန်ချလေသည်။ထိုနေရာက မြေပြင် နှင့် ငါးမီတာ ခြောက်မီတာခန့်သာ ကွာလေသည်။ Bai Yutang ကတော့ Zhan Zhao ကို ဖက်ထားရင်း လိမ့်သွားသည်။
သူတို့ အောက်ခြေကို ရောက်ပြီးမကြာလိုက် အခန်း ၂၀၆ မှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး တစ်ခု ထွက်လာကာ မီးခိုးတွေက တလူလူနှင့်။ ထိုအခန်းမှ စာရွက်များ တစ်စစီ ပြန့်ကျဲကာ ထွက်လာပြီး အိမ်နီးချင်းများလဲ ကြောက်ကြောက်နှင့် ပြေးထွက်လာကြသည်။
"ဘယ်နား ထိခိုက်သွားသေးလဲ".
Bai Yutang ရဲ့ ပထမဆုံးအလုပ်က သူဖက်ထားတဲ့ Zhan Zhao အန္တရာယ် ကင်းရေး။ Zhan Zhao က ဘာမှမဖြစ်ဟု ခေါင်းခါပြပေမဲ့ မျက်နှာလေးက ကြောက်လန့်တကြားနှင့် ဖြူ ဆုတ်နေသည်။ Bai Yutang က Zhan Zhao အာရုံပြောင်းသွားစေရန် ရုတ်တရက် ထရယ်လေသည်။
"ကြောင်လေး၊ ငါတို့ငယ်ငယ်က သစ်ပင်တက်တုန်းကအကြောင်း မှတ်မိသေးလား"
Zhan Zhao က မျက်လုံးမှိတ်ကာ ရယ်ပြသည်။
"မင်းက တက်ပဲ တက်ရဲတာ ပြန်တော့ မဆင်းရဲဘူးလေ၊ ငါပဲ အမြဲတမ်း အောက်ချပေးရတယ်"
Bai Yutang က ဆက်ပြောနေပြန်သည်။
"အခုလဲကြည့်လေ၊ ငါမရှိရင် မင်းဘယ်လိုလုပ်မလဲ"
Zhan Zhao မှာ Bai Yutang ရဲ့ ကြင်နာလှသော စကားများကြောင့် အံ့သြမှင်သက်မိလေသည်။ ကြွက်စုတ်က တစ်ခါတစ်လေ တကယ် ချိုသာတာပဲ..။
နှစ်ယောက်သား ကားပေါ်ပြန်လာပြီး မီးမွှေးသမားကြောင့် ဆုံးရှုံးလုဆဲ အသက်ကို မှန်မှန် ပြန်ရှူ နေလေသည်။ Bai Yutang က Zhan Zhao အတွက် တံခါးဖွင့်ပေးသည်။
"ဒီဟာက ငါတို့အဖြေနဲ့ တော်တော်နီးနေပြီလို့ ပြောလိုက်တာပဲ၊ ကံမကောင်းတာကတော့ Jia Zhengyan ရဲ့ အိမ်က ဘာသဲလွန်စမှ မရခဲ့ဘူး"
"မလိုပါဘူးလေ"
Zhan Zhao က အိတ်ထဲမှ အဖြူ အမဲ ဓာတ်ပုံတစ်ပုံကို Bai Yutang ကို ပေးလိုက်သည်။
"ငါ ဓာတ်ပုံစာအုပ်ထဲက တွေ့တာ ၊ ရင်းနှီးနေသလိုပဲ မဟုတ်လား"
Bai Yutang ကလဲ ဓာတ်ပုံကို အတော်ကြာ စိုက်ကြည့်နေလေသည်။
"ဘယ်မှာ မြင်ဖူးတာလဲ"
Zhan Zhao က ပြုံးပြလိုက်သည်။
"စဉ်းစားလို့မရဘူး၊ ဒါပေမဲ့ မင်းမေးတော့ ဖြတ်ခနဲ သတိရသွားပြီ၊ မင်းအစ်ကို ညစာ စားပွဲတုန်းက Gongsun နဲ့ စကားပြောနေတဲ့ အမျိုးသမီးကို မှတ်မိသေးလား"
"အော် "
Bai Yutang က ရုတ်တရက် မှတ်မိသွားသည်။
"စီးပွားရေးပညာရှင် အမျိုးသမီးလေ နာမည်က..ဘာတဲ့"
"Fang Jing"
Zhan Zhao က ပြောလိုက်သည်။
"Zhang Hua လိုပဲ စီးပွားရေးသမားတွေ"
"အဲဒါပဲပေါ့"
Bai Yutang က ပြုံးပြလိုက်သည်။
"ပြဇာတ်တစ်ခုလုံးရဲ့ အဓိကက ဒီမှာကိုး"
"ဟုတ်တာပေါ့ ပြဇာတ်က ရှိလာမှာလေ"
Zhan Zhao က ခဏကြာ တွေးပြီး ပြောလိုက်သည်။
"သူတို့က ငါတို့်ထက် အမြဲနှာတစ်ဖျားသာနေတာ မင်းနေရထိုင်ရမခက်ဘူးလား"
"ဟမ် ကြောင်လေး မင်းဘာလုပ်မလို့လဲ"
"ဟင်း ဟင်း.."
Zhan Zhao က ရယ်လိုက်ပြီး ဆက်ပြောသည်။
"ဒီတစ်ခါတော့ လူတွေ လိုက်သတ်နေတဲ့ training camp ကို ငါတို့ လှည့်စားရမဲ့ အချိန်ရောက်ပြီလေ"
......
End of killer training camp 15
Thank u
မနေနိုင် မထိုင်နိုင် တင်လိုက်ပါပြီနော်
😁😁