Zawgyi
Yutang ေမေမနဲ႔ Zhao ေမေမတို႔ လက္ရာက တကယ့္ ၾကယ္ငါးပြင့္ဟိုတယ္ စားဖိုမွဴ းေတြ လက္ရာထက္ပင္ သာေလသည္။ ယခုရက္ပိုင္းအတြင္း အလုပ္ကိစၥဖိစိမႈေၾကာင့္ ရံုးကန္တင္းသာ အားထားၿပီး ဗိုက္ျဖည့္ခဲ့ရေသာ Zhan Zhao ႏွင့္ Bai Yutang မွာေတာ့ ေခါင္းပင္မေဖာ္ႏိုင္ေတာ့၊
Bai Yutang က စားရင္းေသာက္ရင္းႏွင့္ Zhan Zhao ႀကိဳက္တတ္ေသာ ဟင္းမ်ားကို Zhan Zhao ပန္းကန္ထဲထည့္ေပးသည္၊ Zhan Zhao ကလဲ သူမႀကိဳက္သည့္အရာမ်ားကို Bai Yutang ပန္းကန္ထဲသို႔ ထည့္သည္။
"မိႈႀကီး မႀကိဳက္ပါဘူး"
"အစားေရြးတဲ့ ေၾကာင္စုတ္ေလး"
"မုန္လာဥနီ မစားဘူး"
"Vitamin ပါတယ္ေလကြာ"
"အာ့ဆို ေရာ့ မင္းစား၊ ငါအမုန္းဆံုးက မုန္လာဥနီ"
"ေပးေပး မင္းပန္းကန္ ငါေရြးေပးမယ္"
ကြၽန္ေတာ္တို႔ရဲ႕ ကေလးႏွစ္ေယာက္ကေတာ့ ထိုကဲ့သို႔ပင္၊
ထိုအခ်ိန္ မိသားစု သံုးစု၏ အႀကီးအကဲ သံုးေယာက္ကလဲ သူတို႔ဟာ သူတို႔ အဖြဲ႔က်ကာ စကားေျပာေနသလို ေမေမႏွစ္ေယာက္ကလဲ သူတို႔ေျပာခ်င္သည္မ်ားကို ေျပာေနၾကကာ ထမင္းဝိုင္းေလးက တစ္ေယာက္တစ္မ်ိဳး အသံထြက္လ်က္။
ေၾကာက္တတ္တဲ့ ရဲသားေလး Bai Chi ကေတာ့ ဘယ္သူႏွင့္မွ စကားမေျပာ၊ သူ႔ေ႐ွ႕က အမ်ားစံထားရတဲ့ ရဲႏွစ္ေယာက္ ထမင္းစားရင္း ျငင္းခံုေနၾကသည္ကိုသာ ေငးၾကည့္ေနေလသည္။ အံ့ျသလြန္း၍ ထမင္းေတာင္ ေျဖာင့္ေျဖာင့္ မစားႏိုင္၊
စားၿပီးေသာက္ၿပီးေတာ့ အကုန္လံုး စကားေျပာရင္း ေရေႏြးေသာက္ရန္ ထိုင္ၾကသည္။
ငါးမိနစ္ေလာက္ၾကာေတာ့ Bai Yutang က ဂဏွာမၿငိမ္ေတာ့ ၊ အခန္းထဲသို႔ တိတ္တိ္တ္ေလး ဝင္သြားသည္။
ခဏေနေတာ့ ဘက္စကက္ေဘာ တစ္လံုးႏွင့္ ျပန္ေရာက္လာကာ " Xiao Mao၊ သြားမယ္ လာ.."
Zhan Zhao က ဗိုက္တင္းၿပီး ေလးလံေနေသာေၾကာင့္ မသြားခ်င္ေသး၊ သို႔ေသာ္ ထိုႂကြက္က မရမခ်င္းေခၚေနမွာ သိေသာေၾကာင့္ လိုက္ဖို႔ ဆံုးျဖတ္ကာ ဆိုဖာေပၚထိုင္ေနတဲ့ ျဖဴေရာ္ေရာ္ ေကာင္ေလးကိုပါ အပါေခၚသည္။
"မင္းေရာ လိုက္ခဲ့မလား"
Bai Chi က အနဲငယ္အံ့အားသင့္သြားေပမဲ့ သူေလးစားရတဲ့ Bai Sir ႏွင့္ Zhan Zhao အနားမွာ ေနခ်င္တာမို႔ ေၾကာက္စိတ္ေတြကို ဖယ္ၿပီး လိုက္သြားေလသည္။
........
Bai Yutang က ေဘာလံုးကို ေျမေပၚမွာ တစ္ခ်က္ႏွစ္ခ်က္ပုတ္ရင္း ေ႐ွ႕ကို ဆက္ေလ်ွာက္သြားသည္။ Zhan Zhao ကေန ေနာက္ကေန ေအးေအးေဆးေဆး လမ္းေလွ်ာက္ရင္း လိုက္လာသည္၊ Bai Chi ကေတာ့ အမွားမလုပ္မိေအာင္ သတိထားၿပီး ျဖည္းျဖည္းခ်င္းသာ ေလွ်ာက္ေလသည္။
သူတို႔ ျခံေ႐ွ႕ကေန သိပ္ေတာ့မေလ်ာက္လိုက္ရ၊ ရပ္ကြက္ ဘက္စကတ္ကြင္း က လမ္းထိပ္တြင္ပင္၊ ညဘက္ လူသိပ္မ႐ွိေပမဲ့ မီးမ်ားကိုေတာ့ တစ္ကြင္းလံုး လင္းထိန္ေနေအာင္ ထြန္းထားေလသည္။
Bai Yutang က ကြင္းထဲဝင္ၿပီးေတာ့ ဘက္စကတ္ေဘာ ျခင္းေ႐ွ႕ ရပ္ကာ ေဘာလံုးတစ္လံုး သြင္းလိုက္သည္။
Zhan Zhao ကေတာ့ ပန္ကာႀကီးေတြ ထားတဲ့ ကြန္ကရစ္ ခံုေလးမွာ ထိုင္လိုက္ရင္း Bai Yutang ပစ္တာကို ၾကည့္ရင္းက သူတို႔ တကၠသိုလ္ဘဝကို ျပန္အမွတ္ရသြားသည္။
"သြား... မ..မေဆာ့ဘူးလား"
Bai Chi က ေဘးနားကို ဝင္ထိုင္ကာ Zhan Zhao ကို ေမးလိုက္သည္။
Zhan Zhao က ရယ္လိုက္သည္။
"ထမင္းစားၿပီး နာရီဝက္အတြင္း ျပင္းျပင္းထန္ထန္ အားကစားလုပ္ျခင္းက အူအတက္ကို ဆိုးဝါးစြာ ထိခိုက္ေစႏိုင္တယ္ေလ"
"အဲဒါဆို Bai... Bai Sirက...."
Zhan Zhao က Bai Chi ကို ရယ္ျပလိုက္သည္။
"ႂကြက္စုတ္ေလးက အဲလိုေဆာ့လြန္းလို႔ အူအတက္ မ႐ွိေတာ့ဘူးေလ"
"ေအာ္..."
Bai Chi က ေခါင္းညိတ္သည္။
"မင္းက သူ႔ကိုေၾကာက္လို႔လား"
Zhan Zhao က Bai Chi ကို ေမးလိုက္သည္။
"......"
Bai Chi မ်က္ႏွာေလး ရဲသြားသည္။
"သူ...သူက ဟိုေန႔က.. ကြၽန္...ကြၽန္ေတာ့္က်ည္ဆန္ေတြကို ယူ..ယူသြားတာေလ"
"အင္း...."
Zhan Zhao က Bai Chi ရဲ႕ ဆိုလိုရင္းကို နားမလည္ေသး။
"အဲဒါ ကြၽန္ေတာ္ ေမာင္းတင္ဖို႔ ေမ့ခဲ့လို႔..."
Bai Chi က ေျပာရခက္ေနသည္။
"အဲဒါ.. သူ...သူက.. ကြၽန္ေတာ္... ေသနတ္ပစ္ဖို႔... အရည္..အခ်င္းမျပည့္... ျပည့္ဘူးလို႔ ေျပာလိုက္တာ မဟုတ္ဘူးလား.."
Zhan Zhao က ျဖဴ စင္စြာ ျပံဳးျပလိုက္ၿပီး Bai Chi ကို တစ္မ်ိဳးေလး ၾကည့္ၿပီးမွ ေျပာလိုက္သည္။
"မင္းအိမ္က အေဖနဲ႔ အေမနဲ႔က မင္းမွာ Bai Yutang က မင္း အစ္ကိုဆိုတာ ခဏခဏ ေျပာျပလား"
"ဟုတ္"
Bai Chi က ေခါင္းညိတ္ျပသည္။
"သူတို႔က ကြၽန္ေတာ့္ကို Bai Sir လို ျဖစ္ေစခ်င္ၾကတာ.."
"အဲဒီေတာ့ မင္း ပထမဆံုး သူ႔ကို ေတြ႔လိုက္ရတဲ့ ေန႔တုန္းက မင္းနဲ႔ သူနဲ႔ ၾကားမွာ အရမ္းကြာျခားတဲ့ တံတိုင္းႀကီး ႐ွိေနတယ္လို႔ ထင္သြားတာလား"
Zhan Zhao က စိတ္ပါလက္ပါ ေျပာျပေနသည္။
"မင္းက သူ႔လိုမျဖစ္ႏိုင္ဘူးလို႔ ထင္လို႔လား.."
"ဟုတ္.."
Bai Chi က ေလးေလးနက္နက္ ေခါင္းညိတ္ျပသည္။
"ကြၽန္..ကြၽန္ေတာ္က.. ရဲသင္တန္းကေန.. ဘြဲ႔သာရတာ.. အေျခခံက လြဲၿပီး... ဘာမွ မယ္မယ္ရရ...မတတ္.."
Zhan Zhao က Bai Chi ရဲ႕ ပခံုးေလးေပၚ သူ႔လက္ေလးတင္လိုက္သည္။
"မတိုက္ခိုက္ႏိုင္တာ ေသနတ္မပစ္ႏိုင္တာေၾကာင္နဲ႔ေတာ့ မင္းရဲမျဖစ္ႏိုင္ဘူးဆိုတာ မဟုတ္ပါဘူး"
"...."
Bai Chi က Zhan Zhao ရဲ႕ ေျပာစကားေၾကာင့္ လန္႔သြားၿပီး ေမာ့ၾကည့္သည္။
"အဲလိုရဲမ်ိဳး ဘယ္မွာ႐ွိလို႔လဲ"
Zhan Zhao က ျပံဳးရႊင္စြာပင္ သူ႔ကိုယ္သူ လက္ညိဳးထိုးျပလိုက္သည္။
"ဒီမွာေလ၊ မင္းေ႐ွ႕မွာ တစ္ေယာက္လံုး ထိုင္ေနတာကို.."
"အစ္ကို..အစ္ကိုကလား.."
Bai Chi ပါးစပ္အေဟာင္းသားျဖစ္သြားသည္။
"ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ"
"ငါက စာေမးပြဲအတြက္က လြဲလို႔ တစ္ခါမွ ေသနတ္မပစ္ဖူးဘူး"
Zhan Zhao က ေျပာရင္းႏွင့္ ေကာင္းကင္ေပၚ သာေနေသာ လကို လက္ညိဳးထိုးျပလိုက္သည္။
"ငါ့ရဲ႕ အျမင္အာရံုက သိပ္မေကာင္းေတာ့ အေဝးက အရာဝတၳဳ တစ္ခုကို ေသေသခ်ာခ်ာ အာရံုစိုက္လို႔မရဘူး၊ အခု မိုးေပၚက လ က ငါ့အတြက္ေတာ့ လ ေလးစင္း သာေနသလိုပဲ.."
"ေအာ္..."
Bai Chi က သူအစခံလိုက္ရတာ သိသြားၿပီးမွ ႏွစ္ေသာက္သား ေပါ့ေပါ့ပါးပါးျဖစ္သြားသည္။ (Zhan Zhao အျမင္အာရံုက ေနာက္လိုက္တာပါေနာ္၊)
"ဒါေပမဲ့ အစ္ကိုက အရမ္းေအာင္ျမင္ေက်ာ္ၾကားတာပဲကို အကုန္လံုးက ေျပာၾကတယ္ အစ္ကိုက ပါရမီ႐ွင္တဲ့.."
"တကယ္ေတာ့ အဲဒီေန႔က Xiao Bai မင္းဆီက က်ည္ဆန္ယူသြားတာ မင္းက ေသနတ္ပစ္ဖို႔ မထိုက္တန္လို႔ မဟုတ္ဘူး.."
"အာ့ဆို ဘာ..ဘာလို႔လဲ"
Bai Chi က ဒီကိစၥေၾကာင့္ အေတာ္ေလးစိတ္ဒုကၡေရာက္ေနသည္ကို Zhan Zhao ေသခ်ာသိသြားေလသည္။
"သူက ဒီအတိုင္း Amoeba တစ္ေကာင္ပါ"
Zhan Zhao က တိုးတိုးေလးေျပာျပသည္။
"သူ႔အေၾကာင္းကို အရမ္းႀကီး အေကာင္းေတြးလို႔မရဘူး"
Bai Yutang က ေဆာ့ေနရင္းမွ ႏွာေခ်ေလသည္။
(သူ႔မေကာင္းေၾကာင္း ေျပာေနတာကိုး..)
Bai Chi က မ်က္လံုးျပဴ းသြားသည္။
"A...amoeba?"
"အဲဒါက ဆဲလ္တစ္လံုးထဲ႐ွိတဲ့ အဆင့္အနိမ့္ဆံုးသတၱဝါေလးပါ၊ တကယ္လို႔ သူက မင္းေသနတ္ပစ္ဖို႔ မတန္ဘူးဆို မင္းကို တိုက္႐ိုက္ေျပာလိမ့္မယ္၊ သူက ဘာမွ ေထြေထြထူးထူး စဥ္းစားမဲ့သူ မဟုတ္ဘူး."
"အဲဒါဆို.. ဘာလို႔... မေျပာ.."
Zhan Zhao က ျပံဳးျပရင္းႏွင့္ပင္ ဆက္႐ွင္းျပေနသည္။
"သူက အဲဒီအခ်ိန္တုန္းက မင္းဟာ ေသနတ္ပစ္ဖို႔ အဆင္မေျပေသးဘူးလို႔ ထင္လို႔ျဖစ္မယ္"
"ဟုတ္လား... အဲ့ အဲ့ဒါဆိုရင္.."
"ေဟ့..."
Bai Yutang က ေဘာလံုးကို ေျမျပင္ေပၚပုတ္ေနရင္းမွ လွမ္းေအာ္လိုက္သည္။
"စကားေျပာလို႔ မၿပီးၾကေသးဘူးလား၊ အားကစားလုပ္ဖို႔ ထြက္လာေသးတယ္၊ေၾကာင္စုတ္ေလး စားတုန္းက နင့္ေနေအာင္စားထားတာေနာ္၊ ေနာက္မွ ဗိုက္ထြက္လာလို႔ ငိုမေနနဲ႔.."
Zhan Zhao က ေဒါသတႀကီး စိုက္ၾကည့္လိုက္သည္။
"သူက အရမ္းေတာ္တာပဲ၊ မ်က္ေတာင္တစ္ခတ္အတြင္းမွာပဲ ဘက္စကတ္ေတာ အလံုးေျခာက္ဆယ္ သြင္းႏိုင္တယ္၊ အသက္ေတာင္ တစ္ခ်က္မ႐ွဴ ဘူး"
Bai Chi က ရင္သပ္႐ႈေမာကာ Zhan Zhao အား ေျပာျပေနသည္။
"ကြၽန္ေတာ္ဆို ဆယ္လံုးေတာင္ ပစ္လို႔မရေလာက္ဘူး"
"မင္း ဘာေျပာလိုက္တာ.."
Zhan Zhao က Bai Yutang ဆီေန အၾကည့္လႊဲလိုက္ၿပီး Bai Chi ကို တအံ့တျသေမးလိုက္သည္။
"...." Bai Chi လဲ လန္႔သြားေလသည္။
"Xiao Bai ေရ.."
Zhan Zhao က Bai Yutang ကို လွမ္းေခၚသည္။
"မင္း ငါတို႔ကို ေခၚလိုက္တုန္းက မင္း ဘယ္ႏွလံုး သြင္းၿပီးၿပီလဲ"
"ဟ.."
Bai Yutang က ေဘာလံုးကို ယူလိုက္ၿပီး ေျမျပင္ေပၚတစ္ခ်က္ ႏွစ္ခ်က္ေဆာင့္ကာ သံုးလံုးေလာက္ ဆက္တိုက္ သြင္းလိုက္သည္။
"အင္း.. အလံုး ေျခာက္ဆယ္ေလာက္"
Zhan Zhao ရဲ႕ မ်က္ႏွာက ဒီတစ္ခါ Bai Chi ဘက္သို႔ လွည့္သြားသည္။
"မင္းနဲ႔ ငါ စကားေျပာေနတုန္းပဲကို ဘယ္လိုတြက္လိုက္တာလဲ.."
"ဟို..ဟိုေလ.. သူ႔ရဲ႕ လႈပ္႐ွားမႈပံုရိပ္ရယ္၊ အခ်ိန္ရယ္ကို တြက္လိုက္ၿပီး....ေတာ့.."
Bai Chi က စိတ္လႈပ္႐ွားလြန္းလ်ွင္ စကားထစ္ေနတတ္ေလသည္။
Zhan Zhao က ခဏတာ ၿငိမ္ၿပီး စဥ္းစားလိုက္ၿပီးမွ ေအာက္ကိုငံု႔ကာ ေက်ာက္ခဲအေသးတစ္လံုးယူလိုက္ၿပီး ကြန္ကရစ္ အုတ္ခံုေပၚမွာ စက္ဝိုင္းနဲ့ ခက္ရင္းခြလို ပံုကို ဆြဲလိုက္သည္။
ထိုအခ်ိန္မွာ Bai Yutang က သူတို့္္နားပင္ ေရာက္လာေနၿပီ။ "မင္း ဘာေတြ လုပ္ေနတာလဲ.."
စက္ဝိုင္းႏွင့္ ခက္ရင္းကို ၾကည့္ကာ စည္းမ်ဥ္းတစ္ခုမွ ေပးမထားပဲ Zhan Zhao က စိတ္လႈပ္႐ွားစြာႏွင့္ Bai Chi လက္ထဲ ေက်ာက္ခဲေလးကို ထည့္ေပးလိုက္သည္။
"ဒီသီအိုရီအရ ျဖစ္လာမဲ့ ပံုငါးပံုကို ဆြဲျပစမ္းကြာ.."
Bai Chi က Zhan Zhao ရဲ႕ ရည္ရြယ္ခ်က္ကို နားမလည္၊ သို႔ေသာ္ Zhan Zhao စကားကို နားေထာင္ကာ ဆြဲထားတဲ့ ပံုကို တစ္ခ်က္ၾကည့္လိုက္ၿပီး တစ္စကၠန္႔ေတာင္ မစဥ္းစားပဲ ပံုေတြ ထိုင္ဆြဲေနေတာ့သည္။
"Oh.."
Zhan Zhao ကေတာ့ အသက္႐ွဴ ဖို႔ပါ ေမ့သြားေလသည္။
"ေၾကာင္ေလး၊ မင္းဘာေတြ လုပ္ေနတာလဲ"
Bai Yutang ကလဲ ေျမျပင္ေပၚက ပံုေတြကို ၾကည့္ကာ သိခ်င္စိတ္မ်ား ျပင္းထန္လာသည္။
"Edward standard test.."
Zhan Zhao က စိတ္လႈပ္႐ွားစြာ ေျပာျပသည္။
"မင္းသိလား မင္းညီရဲ႕ IQ က ၁၇၀ အထက္မွာ ႐ွိတယ္"
"၁၇၀ က ဘာျဖစ္လို႔လဲ"
Bai Yutang ကေတာ့ နားမလည္ေသးေပ။
"သာမန္လူတစ္ေယာက္ရဲ႕ IQ က ၈၀ ဝန္းက်င္၊ နဲနဲ ထက္ျမက္တဲ့သူေတြက်ေတာ့ ၁၀၀၊ ႐ူပေဗဒပညာ႐ွင္ Marie Curie က ၁၅၀၊ Einstein ေတာင္ ၁၆၀ပဲ႐ွိတာ၊"
Zhan Zhao က ဆက္ေျပာေနသည္။
"တကယ္လို႔ သူသာ ႐ူပေဗဒကို တစိုက္မတ္မတ္သင္ရင္ Steven Hawking ထက္ေတာင္ ေအာင္ျမင္ႏိုင္ေခ်႐ွိတယ္ကြ.."
Bai Yutang က မ်က္စိမွိတ္ျပသည္။ ၿပီးေတာ့ မွ Bai Chi ရဲ႕ ပခံုးေလးကို ပုတ္ကာ..
"ေကာင္းလိုက္တဲ့ ကေလးကြာ၊ အတိတ္က မသိခဲ့ေတာ့ မင္း ေနာက္ဆိုလဲ ဘာမွမျဖစ္ႏိုင္ပါဘူး.."
သူ႔ေျပာစကားအဆံုးမွာ Zhan Zhao ရဲ႕ ကန္ခ်က္တစ္ခုကို ရလိုက္သည္။
"ကေလးကို ဘာေတြသြားေျပာေနတာလဲ"
"ေၾကာင္စုတ္."
Bai Yutang ကေတာ့ ေဘာလံုးကို ပုတ္ကာ ပုတ္ကာျဖင့္ ကြင္းအလယ္ထဲသို႔ ျပန္ဝင္သြားသည္။
"မင္းတို႔လဲ နားလို႔ဝရင္ လာခဲ့ေတာ့ကြာ၊ အားကစားလုပ္ဖို႔ ထြက္လာၿပီး တစ္လံုးမွ မသြင္းပဲ ဒီကြင္းထဲက ထြက္လို႔ ရမယ္မထင္နဲ႔"
Zhan Zhao က သူ႔အေပၚထပ္အက်ႌကိုခြၽတ္လိုၿပီး တန္းေပၚတင္ထားလိုက္သည္။ Zhan Zhao က Bai Chi ကိုပါ သြားေဆာ့ဖို႔ေခၚလိုက္သည္။ Bai Chi ကေတာ့ ေစာေစာက ေနရာမွသာ ရပ္ေနၿပီး မ်က္ႏွာကေတာ့ နီျမဲနီလ်က္ပင္။
"ကြၽန္ေတာ္... တကယ္..တကယ္ပဲ Bai အိမ္ေတာ္ကို မ်က္ႏွာ..ပ်က္ေအာင္.. လုပ္မိၿပီလား။"
Zhan Zhao က ႏွစ္လိုဖြယ္ျပံဳးျပသည္။
"ရဲသားေကာင္းတစ္ေယာက္ျဖစ္ေအာင္သာေန၊ ေသနတ္ဆိုတာ မ႐ွိမျဖစ္မွ မဟုတ္ပဲ"
Zhan Zhao က သူ႔ေခါင္းသူ လက္ညိဳးထိုးျပလိုက္သည္။
"မင္းမွာ ဘုရားေပးတဲ့ အေကာင္းဆံုးလက္ေဆာင္ ႐ွိေနတာပဲ.."
ေျပာၿပီးသည္ႏွင့္ Zhan Zhao က ႐ွပ္အက်ႌလက္ကို ေခါက္တင္လိုက္ၿပီး Bai Yutang ဆီသို႔ ေျပးသြားကာ ေဘာလံုးကို ေျပးလုေလသည္။
"ႂကြက္စုတ္ေလး၊ မင္း ေမာက္မာေနလို႔မရေတာ့ဘူးကြ"
"ေၾကာင္စုတ္၊ မင္း အဲဒါ စည္းကမ္းေဖာက္တာ"
"ဘယ္သူေျပာလဲ "
"မင္းက ေဘာလံုးကိုင္ၿပီး ေျပးေနတာေလ၊ ပုတ္ေနတာမွ မဟုတ္တာ Foul တာေပါ့၊ "
"ဟင့္..."
"ဘာလဲ ေဘာလံုးကန္ေနတာလား"
Zhan Zhao ကေတာ့ ဘာကိုမွ ဂ႐ုမစိုက္၊ ေဘာလံုးကို ေျမာက္ကာ ျခင္းထဲဝင္ေအာင္ပစ္လိုက္သည္။
"ေၾကာင္စုတ္ေလး၊ မင္း စည္းကမ္းေတြေရာ သိေသးရဲ႕လား"
"မင္းနဲ႔ေဆာ့ရင္ေတာ့ စည္းကမ္းေတြကို ငါပဲထုတ္မွာ."
...........
S ၿမိဳ႕ေတာ္ လူကံုထံရပ္ကြက္တစ္ခုရဲ႕ ဘက္စကတ္ေဘာကြင္း တစ္ခုမွာ ညကိုးနာရီအထိ လူငယ္သံုးေယာက္ ေအာ္ဟစ္ကာ ေဆာ့ေနၾကသည္။ တကယ့္ညီအစ္ကိုအစစ္ႏွစ္ေယာက္က Bai Yutang ႏွင့္ Bai Chiျဖစ္ေသာ္လဲ Zhan Zhao ႏွင့္ Bai Chi က တစ္ဖြဲ႔ဖြဲ႔ကာ Bai Yutang နဲ႔ အႀကိတ္အနယ္ ေဆာ့ေနၾကေလသည္။
Didididididididi...
Bai Yutang ရဲ႕ ဖုန္းက ႐ုတ္တရက္ျမည္လာသည္။
"ဟဲလို"
Bai Yutang က ဖုန္းကိုထုတ္ကာ ျပန္ေျဖလိုက္သည္။
"ဘာ!. ငါတို႔ အခုပဲလာခဲ့မယ္၊ ေစာင့္ေန"
"ဘာတဲ့လဲ"
Zhan Zhao က Bai Yutang အံႀကိတ္လိုက္တာ ျမင္သြားသည္။
"Qi Le ကို တိုက္ခိုက္တဲ့သူ႐ွိတယ္"
"ဘာ!!!"
Zhan Zhao က လန္႔သြားသည္။
"သူဘယ္လိုေနေသးလဲ"
Bai Yutang က ေခါင္းယမ္းလိုက္သည္။
"စိတ္မပူပါနဲ႔၊ ကံေကာင္းလို႔ ငါ Zhao Hu ကို ဒီေန႔ ေစာင့္ၾကည့္ခိုင္းထားတာ၊ Qi Leက Nishang လမ္းက ညေစ်းမွာ hydrocarbon အမႈန္႔သြားဝယ္ေနတုန္း လူတစ္ေယာက္ ဓားနဲ႔ လိုက္ထိုးတာ ၊ Zhao Hu က Qi Le ကိုေတာ့ ကယ္လိုက္ႏိုင္ေပမဲ့ ဓားနဲ႔ ထိုးတဲ့သူကေတာ့ ထြက္ေျပးသြားတယ္တဲ့"
"အထိုးခံလိုက္ရေသးလား"
Zhan Zhao က စိတ္ပူေနတာ မေပ်ာက္ေသးေပ။
Bai Yutang က Zhan Zhao လက္ထဲက ေဘာလံုးကို ဆြဲယူလိုက္ၿပီး တန္းေပၚတင္ထားတဲ့ Zhan Zhao ရဲ႕ အေပၚအက်ႌကို ယူလိုက္ၿပီး Zhan Zhao ဆီသို႔ လွမ္းပစ္ေပးလိုက္သည္။
"Qi Le က ဒဏ္ရာေတာ့ ရသြားေပမဲ့ ေဆးရံုမသြားဘူးလို႔ အတင္းျငင္းေနလို႔ Zhao Hu က S.C.I. ကို ေခၚသြားၿပီး Gongsun ဆီမွာ ေဆးထည့္ေပးထားတယ္"
"အဲဒါဆို သြားရေအာင္ေလ"
Zhan Zhao က Bai Yutang ပစ္ေပးေသာ အက်ႌကို ဝတ္လိုက္ၿပီးေနာက္ Bai Yutang ေနာက္ လိုက္သြားသည္။
"ေရာ့.."
Bai Yutang က ေဘာလံုးကို ေနရာမေရြ႔ပဲရပ္ေနသည့္ Bai Chi ထံသို႔ ပစ္ေပးလိုက္သည္။
"မင္း အရင္ျပန္ႏွင့္လိုက္ဦး၊ ငါတို႔ သြားစရာ႐ွိလို႔ တစ္ေနရာသြားလိုက္ဦးမယ္"
"ဟို..ဟိုေလ.."
Bai Chi က ပစ္ေပးေသာ ေဘာလံုးကို ဖမ္းလိုက္ၿပီး ေ႐ွ႕သို႔ေျပးလာကာ စိတ္ကိုတင္းၿပီး ေအာ္ေျပာလိုက္သည္။
"ကြၽန္....ကြၽန္ေတာ္လဲ လိုက္ခ်င္တယ္.."
Bai Chi မွာ သူေျပာတဲ့စကား သူျပန္ၾကားၿပီး ကိုယ့္ကိုယ္ကို မယံုႏိုင္ျဖစ္သြားသည္။ ဒီလို စကားက်ယ္က်ယ္ ေျပာဖူးတာ ေမြးကတည္းက ပထမဆံုး ျဖစ္သည့္အတြက္ မ်က္ႏွာပူပူႏွင့္ ေခါင္းငံု႔လိုက္သည္။
Bai Yutang ကေတာ့ အ့ံျသစိတ္ႏွင့္ Zhan Zhao ကို လွည့္ၾကည့္ၿပီး လက္မေထာင္ျပလိုက္သည္။
"ေၾကာင္ေလးနဲ႔ စကားေျပာျခင္းက နာရီဝက္အတြင္း ေၾကာက္တဲ့စိတ္ေတြ ေျဖေဖ်ာက္ႏိုင္ပါသည္" ဆိုသည့္သေဘာ။
Zhan Zha က Bai Yutang ဘက္သို႔ လွည့္ကာ လက္ႏွစ္ေခ်ာင္း ျပန္ေထာင္ျပလိုက္သည္။
"ငါက ဆရာႀကီးပါကြာ"
"သြားမယ္"
Bai Yutang က Bai Chi အား တည္ၿငိမ္စြာႏွင့္ စကားႏွစ္လံုးပဲေျပာကာ Zhan Zhao ကို ေခၚကာ ကားဆီသို႔ ေျပးသြားေလသည္။
Bai Chi က ခဏေလာက္ၿငိမ္ေနရင္းမွ Bai Yutang က သူ႔ကို လိုက္ခြင့္ေပးလိုက္မွန္း သေဘာေပါက္ကာ သူတို႔ႏွစ္ေယာက္ေနာက္မွ အေျပးလိုက္ေလသည္။
...............
ရဲဌာန S.C.I. ရံုးခန္းတြင္
Qi Le က Zhao Hu ေပးေသာ ေစာင္ကို ပတ္ထားၿပီး ကုလားထိုင္မွာ ထိုင္ကာ ခႏၶာကိုယ္က အနဲငယ္ တုန္ယင္ေနသည္။ ဘယ္ဘက္ လက္ေမာင္းက ဓားဒဏ္ရာက ေသြးတစ္စက္စက္ က်ေနသည္။
Gongsun က ေဆးေသတၱာကို ယူလာၿပီး Qi Le ကို လက္ဖက္ရည္ပူပူတစ္ခြက္ ကမ္းေပးသည္။
"မေၾကာက္ပါနဲ႔ ကြၽန္ေတာ္ ဒဏ္ရာကို ေဆးထည့္ေပးမယ္ေနာ္.."
Qi Le က တုန္ယင္ေနရာက Gongsun ကို ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ ေမာ့ၾကည့္ၿပီးမွ ေခါင္းညိတ္ျပသည္။
Gongsun က ညင္သာစြာပင္ Qi Le ရဲ႕ လက္ကို ၾကည့္လိုက္ေတာ့ ဒဏ္ရာက သိပ္မနက္ေပမဲ့ ခ်ဳပ္ဖို႔ေတာ့ လိုေသးသည္။ အရက္ျပန္ႏွင့္ ဂြမ္းကိုတို႔ကာ ဒဏ္ရာကို သန္႔စင္လိုက္သည္။
Qi Le ပံုစံက နာက်င္သြားပံုမရ၊ Gongsun က မ်က္ေမွာင္ၾကံဳ႕လိုက္ၿပီး တစ္ခုခု မွားေနမွန္း ခံစားမိလိုက္သည္။ Zhao Hu က တစ္ဖက္မွာ ရပ္ေနေပမဲ့ သူ႔မ်က္ႏွာက ခန္႔မွန္းလို႔မရေပ။ Gongsun က ထရပ္၍ Zhao Hu ကို ေသခ်ာၾကည့္လိုက္ေတာ့ Zhao Hu က အိတ္ကပ္ထဲမွ အမႈန္႔ထုပ္တစ္ခ်ိဳ႕ကို ထုတ္လိုက္ၿပီး ျပလိုက္သည္။
Gongsun က သက္ျပင္းတစ္ခ်က္႐ိႈက္လိုက္ၿပီး စိတ္ထဲမွသာ ေျပာေနမိသည္။ ဒီေကာင္မေလးက ဘယ္အရြယ္႐ွိေသးလို႔ ေဆးစြဲေနရတာလဲ၊ ကေလးပံုစံေတာင္ မေပါက္ေတာ့။
သူေတြးေနတုန္းမွာပင္ Qi Le က႐ုတ္တရက္ ၾကမ္းတမ္းစြာ ထရပ္လိုက္ၿပီး မ်က္ႏွာအေရာင္ပံုစံက လံုးဝေျပာင္းသြားသည္။
"မေကာင္းေတာ့ဘူး"
Gongsun က Zhao Hu ကို လွမ္းေအာ္သည္။
"သူက ေဆးေတာ္ေတာ္စြဲေနၿပီ"
"Ah...."
Qi Le က သူ႔ဆီေျပးလာေတာ့ Gongsun က ဖမ္းလိုက္ဖို႔ ႀကိဳးစားေပမဲ့ Qi Le ရဲ႕ အားက မယံုႏိုင္စရာေကာင္းေလာက္ေအာင္ သန္မာေနသည္။ Qi Le က Gongsun ကို ႐ိုက္လိုက္ေတာ့ ေနာက္ျပန္လဲက်သြားသည္။ ေက်ာႏွင့္ေျမျပင္ မထိခင္ေလးမွာ သူရင္းႏွီးတဲ့ လက္တစ္စံုက သူ႔ကိုယ္ေလးကို ဖမ္းယူထားသည္။
"မင္း အိမ္ျပန္လာတာ ေနာက္က်လို႔ ဘာျဖစ္ေနလဲလို႔ လာၾကည့္တာ"
Bai Jintang က Gongsun ကို မတ္တပ္ရပ္ႏိုင္ေအာင္ ကူညီေပးလိုက္ၿပီးေနာက္ မ်က္လံုးပင့္ကာ ၾကည့္လိုက္ေတာ့ Zhao Hu က လႈပ္ရမ္းေနေသာ Qi Le ကို မႏိုင္မနင္း ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနသည္။
အႁမႊာညီေနာင္ကေတာ့ Zhao Hu ကို ကူညီရန္ ေျပးသြားေလသည္။ တစ္ေယာက္က ေစာင္ကို ထုတ္ကာ Qi Le ကို ထိုင္ခံုေပၚမွာ ေစာင္ႏွင့္ ပတ္ေပးလိုက္ၿပီး ေနာက္တစ္ေယာက္ကေတာ့ ႀကိဳးယူကာ Qi Le ရဲ႕ ေစာင္ေပၚကေန တင္းၾကပ္စြာ ရစ္ပတ္ထားလိုက္သည္။ Zhao Hu ကေတာ့ အားကုန္သံုးကာ ထိုင္ခံုကို တင္းၾကပ္စြာ ဖက္ထားေလသည္။
Qi Le ကေတာ့ နာက်င္စြာေအာ္လိုက္ၿပီး ခႏၶာကိုယ္ကို တြန္႔လိမ္ကာ သူမကို ေဆးေပးပါ ဟုသာ အသံကုန္ေအာ္ေနသည္။ ဓာတ္ေလွကားထဲမွ ထြက္လာလာခ်င္း Zhan Zhao ႏွင့္ Bai Yutang တို႔ ႏွစ္ေယာက္က Qi Le ရဲ႕ နာက်င္စြာေအာ္ေနသံကို ၾကားလိုက္ရသည္။
S.C.I. ရံုးခန္းထဲမွ ပစၥည္းေတြက ဖ႐ိုဖရဲ ျဖစ္ေနၿပီး Qi Le က ေန ေအာ္ဟစ္ေနသည္။ Zhan Zhao ႏွင့္ Bai Yutang တို႔က အထဲဝင္သြားၿပီး ေဘးခ်င္းယွဥ္ကာသာ ရပ္ေနၾကသည္။
Bai Chi အတြက္မွာေတာ့ သူ႔ေ႐ွ႕မွ ျမင္ျမင္သမွ်ဟာ ေၾကာက္စရာေကာင္းေနေသာေၾကာင့္ တံခါးဝကေန ေ႐ွ႕ကို ေျခတစ္လွမ္းေတာင္မတိုးလာေပ။
အခ်ိန္ၾကာလာသည္ႏွင့္အမ်ွ Qi Le က ျဖည္းျဖည္းခ်င္း ၿငိမ္က်သြားၿပီး ရဲဌာန တစ္ခုလံုး တစ္ခါျပန္လည္ တိတ္ဆိတ္သြားသည္။ ရဲေတြအတြက္ကေတာ့ ထိုကဲ့သို႔ ေအာ္သံမ်ိဳးက ထူးဆန္းသည္ေတာ့ မဟုတ္ေပ။ ေဆးစြဲေနသူမ်ား စခန္းသို႔ ေရာက္လာလ်ွင္ ထိုသို႔ ျဖစ္ေနက်ပင္၊ ဌာနတစ္ခုႏွင့္ တစ္ခုလဲ အေရးမလုပ္ေပ။ သူတို္အတြက္က ပံုမွန္ပင္။
Zhao Hu ကေတာ့ အားကုန္သံုးလိုက္ရ၍ ပင္ပန္းသြားၿပီး သူ႔ေနာက္က ခံုေပၚမွာ ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္ကာ ပါးစပ္ႀကီးဟကာ အေမာဆို႔ေနသည္။
Zhaohui ကေတာ့ Qi Leကို ခ်ည္ထားတဲ့ ႀကိဳးေတြကို နဲနဲေလ်ွာ့ေပးလိုက္သည္။ ေစာင္ပတ္ထားတဲ့ အတိုင္း ေပြ႔ခ်ီလိုက္ၿပီး Qi Le သက္ေတာင့္သက္သာ အိပ္ႏိုင္ေစရန္ စားပြဲအလြတ္တစ္ခုေပၚကို တင္ထားေပးလိုက္သည္။
S.C.I. ရံုးခန္းက လူေတြအကုန္လံုးကေတာ့ တိတ္ဆိတ္ေနၾကကာ စကားတစ္ခြန္းေတာင္ မေျပာၾက၊ Bai Yutang က ခဏေနေတာ့ Zhao Hu ကို လွမ္းေမးသည္။
"ဘယ္လိုျဖစ္တယ္ ဆိုတာ အေသးစိတ္ျပန္ေျပာျပ"
Zhao Hu က သူ႔ေခါင္းသူ ကိုင္လိုက္ၿပီး ျပန္ေျဖသည္။
"ကြၽန္ေတာ္ M တကၠသိုလ္ကို ေရာက္ေတာ့ ေန႔လည္ပဲ႐ွိေသးတယ္၊ အဲဒါနဲ႔ ေစာင့္ေနတုုန္း ဒီေကာင္မေလးက ေက်ာင္းျပင္ကို ထြက္လာၿပီး တကၠစီနဲ႔ Nisheng လမ္းကို သြားတာ ေတြ႔လိုက္လို႔ ထူးဆန္းတာနဲ႔ ေနာက္က လိုက္ေခ်ာင္းၾကည့္တာ သူက ေနာက္လွည့္ၾကည့္ လွည့္ၾကည့္နဲ႔ ဆိုေတာ့ ပိုေသခ်ာသြားၿပီး ထပ္ၾကပ္မကြာ လိုက္သြားတာ၊ ၿပီးေတာ့ သူက လမ္းေပၚမွာ လက္ကမ္းစာေစာင္ေတြေဝေနတဲ့ ေကာင္မေလးဆီက တစ္ခုခု ဝယ္လိုက္လို႔ အဲ့ေကာင္မေလးကို သြားေမးေတာ့ hydrocarbon အမႈန္႔ဆိုတာကို သိလိုက္ရတယ္"
Zhao Hu က စကားကို ေျပာေနရင္းတန္းလန္းမွ အသက္ဝဝ႐ွဴ လိုက္သည္။
"ၿပီးေတာ့ ေကာင္ေလးတစ္ေယာက္က ကြၽန္ေတာ့္ေနာက္ကေနၿပီးေတာ့ တစ္ေနရာကို ထြက္သြားတာ ေတြ႔လိုက္တယ္၊ လက္က အသီးလွီးတဲ့ ဓားကို ေက်ာမွာ ဖြက္ထားတယ္၊ သူက Qi Le ဆီကို ဦးတည္ေနတယ္ဆိုတာကို သိလိုက္ေတာ့ ကြၽန္ေတာ္ တားဖို႔ ႀကိဳးစားပါေသးတယ္၊ အဲ့ေကာင္ေလးက အရမ္းသတိ႐ွိၿပီး ထြက္ေျပးသြားတာ ဒီေကာင္မေလးကို တစ္ေယာက္ထဲလဲ မထားခဲ့ႏိုင္တာနဲ႔ အဲ့ေကာင္ေလးကို လြတ္သြားတာပါ"
"အဲ့ေကာင္ေလးက ဘယ္လိုပံုစံ႐ွိလဲ"
Zhao Hu က ေခါင္းယမ္းလိုက္သည္။
"အဲဒီေကာင္ေလးက ေခါင္းစြပ္ပါတဲ့ အက်ႌဝတ္ထားတဲ့ အျပင္ mask လဲ တပ္ထားေသးတယ္၊ ကြၽန္ေတာ္ သိပ္မၾကာခင္က ၾကားဖူးတာကေတာ့ Nishang လမ္းက လမ္းသရဲေတြ အမ်ားႀကီး႐ွိတယ္တဲ့၊ ၿပီးေတာ့ သူတို႔က အျမဲတမ္းအဲ့လို ေသာင္းက်န္းၾကတယ္တဲ့ ၊ ဒီတစ္ခါကေတာ့ Qi Le က ပစ္မွတ္ျဖစ္သြာယတာေပါ့ေလ။"
Bai Yutang ကေတာ့ မ်က္ေမွာင္ၾကံဳ႕လိုက္သည္။
"ေတာ္လိုက္တဲ့ လူသတ္သမား၊ Qi Le ကို လုပ္တာက တိုက္ဆိုင္မႈ ျဖစ္ႏိုင္ပါ့မလား"
Zhan Zhao ကလဲ ေခါင္းကို ယမ္းလိုက္သည္။
"ထူးဆန္းတယ္၊ ငါတို႔ Qi Le ကို ဒိီေန႔မွ သြားေတြ႔တာ ညေနမွာတင္ ဒီလိုျဖစ္္တယ္ဆိုေတာ့.."
"ဟို.. ဒါက တိုက္ဆိုင္မႈလို႔ ေျပာဖို႔ခက္မယ္နဲ႔တူတယ္"
Bai Chi က သူ႔ကိုယ္သူေတာင္ မသိလိုက္ပဲ ေျပာထြက္သြားသည္။
"ဘာလို႔ အဲလိုေျပာတာလဲ"
Zhan Zhao က Bai Chi ကို လွမ္းၾကည့္သည္။
Bai Chi ကလဲ Zhan Zhao ကို ျပန္ၾကည့္ကာ ေျပာဖို႔ တြန္႔ဆုတ္ေနေပမဲ့ အားတင္းကာသာ ေျပာခ်လိုက္သည္။
"လတစ္လကို ဥပမာအေနနဲ႔ တြက္ၾကည့္မယ္ဆိုရင္ လူတစ္ေယာက္ကို ဒီေန့ လမ္းမွာ အမွတ္မထင္ ဆံုႏိုင္ေျခက အပံုသံုးဆယ္မွာမွ တစ္ပံုပဲ႐ွိတယ္၊ တကၠသိုလ္မွာဆို ေက်ာင္းသားေပါင္း အနည္းဆံုးေတာ့ တစ္ေသာင္းေက်ာ္တယ္၊ အဲေတာ့ Qi Le ကို ေတြ႔ဖို႔က အပံုတစ္ေသာင္းမွ တစ္ပံုပဲ႐ွိတယ္၊ သူက ဒီေန႔ အျပင္ထြက္မယ့္ ျဖစ္ႏိုင္ေခ်ကလဲ အပံု သံုးဆယ္မွ တစ္ပံုပဲ၊ ၿပီးေတာ့ အဲဒီအခ်ိန္မွာ ေဆးအေရာင္းအဝယ္ ၁၀ ခု ႐ွိေနတယ္ ဆိုပါေတာ့၊ အာ့ဆို ဆယ္ပံု တစ္ပံု၊ ၿပီးေတာ့ လမ္းသရဲတစ္ေယာက္ ဒီေန႔ အျပင္ထြက္ႏိုင္ေခ်ကလဲ အပံုသံုးဆယ္ပံု တစ္ပံုပဲ။ အကုန္လံုးကို ျခံဳ ၾကည့္မယ္ဆိုရင္ ဒီျပသနာကတိုက္ဆိုင္မႈဆိုတာသာ ဆိုရင္ သူ႔ရဲ႕ ျဖစ္ႏိုင္ေခ်က အပံုတစ္သန္းမွာမွ တစ္ပံုပဲ႐ွိၿပီးေတာ့ ျဖစ္ႏိုင္ေခ် သုညလို႔ေတာင္ေျပာလို႔ရတယ္.. အဲဒါေၾကာင့္မို႔ ဒါက တိုက္ဆိုင္တာ လံုးဝမျဖစ္ႏိုင္ဘူးလို႔...."
Bai Chi က သူ႔ကို လူေတြ အာရံုစိုက္ၾကည့္ေနၾကတာ သိလာ၍ အသံက ျဖည္းျဖည္းခ်င္း တိမ္ဝင္သြားသည္။
"ဒီကေလးက ဘယ္သူလဲ"
Bai Jintang က Bai Yutang ကို ႐ုတ္တရက္ေမးလိုက္သည္။
Bai Yutang ကေတာ့ အျပံဳးေလးႏွင့္ျပန္ေျဖသည္။
"Bai အိမ္ေတာ္ ဦးေလးသံုးBai Feng ရဲ႕ သား Bai Chi တဲ့".
"ေအာ္.."
Bai Jintang က စိတ္ဝင္စားသြားၿပီး သူ႔ေမးေစ့သူ ကိုင္ကာသာ စဥ္းစားေနသည္။
................
Zhan Zhao ကေတာ့ Bai အိမ္ေတာ္က ညီအစ္ကိုေတြကို တစ္လွည့္စီၾကည့္ၿပီးသာ စိတ္ညစ္ေနသည္။
"Zhao Hu မင္း မႈခင္းဌာနကို သြားၿပီးေတာ့ ဒီအမႈနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ အကုန္႐ွာၿပီး ယူလာခဲ့၊ဒီအမႈ ငါတို႔လက္ထဲ လႊဲယူလိုက္ၿပီလို႔."
"ဟုတ္"
Zhao Hu က အမိန္႔ရသည္ႏွင့္ ေအာက္ထပ္ကို ေျပးဆင္းသြားသည္။
"ဟိုက ငါ့ညီေလး.."
Bai Yutang က ညီေလးလို႔ လွမ္းေခၚေတာ့ Bai Chi က လန္႔သြားသည္။ Bai Chi က Zhan Zhao ရဲ႕ ကိုယ္ေလးေနာက္မွာ ပုန္းကာ ကြယ္ေနသည္။
"S.C.I.ကို ေျပာင္းလာခဲ့ပါလား"
"ဗ်ာ.."
Bai Chi ကေတာ့ မ်က္လံုးျပဴ းသြားေလသည္။
Bai Yutang ကေတာ့ ေသခ်ာစဥ္းစားလိုက္သည္။
"ဒီအမႈက လက္လႊဲယူထားတာဆိုေတာ့ မင္းသာ အရည္အခ်င္းျပည့္ရင္ Bao Sir ကို ငါေျပာေပးမယ္၊ ဒါေပမဲ့ မင္းက ျပည္သူေတြနဲ႔ ထိေတြ႔တဲ့ အလုပ္မ်ိဳးပဲ လုပ္ေပးရမယ္"
...................
ေမွာင္ေမွာင္မည္းမည္းထဲမွာ တစ္ခုခုက သူ႔မ်က္လံုးေ႐ွ႕ ေရာက္ေနတာကို ခံစားမိေနသည္။
အဖြဲ႔ႏွစ္ဖက္က သူတို႔လက္ထဲက လူသတ္လက္နက္ေတြႏွင့္ တစ္ဖက္ကို တစ္ဖက္ အေသအေၾက ႐ိုက္ႏွက္ေနၾကသည္။.
တစ္ဖြဲ႔က လွမ္းေအာ္သည္။
"မင္းတို႔ အ႐ႈုံးေပးၾကစမ္း"
တစ္ဖက္ကလဲ ျပန္ေျပာသည္။
"မင္းတို႔ အရင္လႊတ္စမ္း"
ႏွစ္ဖက္လံုးက လူေတြက ေသြးအလိမ္းလိမ္းႏွင့္ ဒဏ္ရာရကာ ေအာ္ညည္းေနၾကေပမဲ့ ဘယ္သူကမွ ရပ္မဲ့ပံု မေပၚ၊
.......Divine Comedy.......
ငရဲျပည္၏ စတုတၳ အလႊာ
လက္လုပ္ဗံုးတစ္လံုး လူၾကားထဲ ပစ္ထည့္လိုက္ေတာ့ လူေတြေၾကာက္ရြံ႔စြာ ေအာ္ဟစ္ေျပးလႊားေနၾကသည္ကို ၾကည့္ရင္း သူ ဟက္ဟက္ပက္ပက္ ေအာ္ရယ္လိုက္သည္။
လက္ထဲက ဆာမူ႐ိုင္းဓားအ႐ွည္တစ္လက္ကို ဓားအိမ္ထဲကထုတ္ေတာ့ ေငြေရာင္လက္ခနဲျဖစ္သြားသည္။ ဓားကို ေလထဲမွာ တစ္ခ်က္ေဝွ့ယမ္းလိုက္ေတာ့ ေသြးစတစ္ခ်ိဳ႕က ဓားေပၚပါလာၿပီး တစ္ခ်ိဳ႕က ေလေပၚပ်ံဝဲကုန္သည္။
သူကေတာ့ ႏွစ္ၿခိဳက္စြာ ျပံဳးလိုက္ၿပီး စိတ္ထဲမွ စာသားကို ပါးစပ္က တတြတ္တြတ္ရြတ္ေနသည္။
"သူတို႔ကို ကယ္ႏိုင္တာက မင္းပဲ႐ွိတယ္.
ဟုတ္တယ္ သူတို႔ကို ကယ္ႏိုင္တာက ငါပဲ.."
ဓားက ေလထဲမွ အဆက္မျပတ္ ပ်ံဝဲလ်က္၊ ေသြးတို႔က ေခ်ာင္းေပါက္မတတ္ထြက္ စီးဆင္းေနေသာ္လဲ သူကေတာ့ လံုးဝရပ္မည့္ပံုမေပၚ......
End of Killer training camp 06
Thank you all 😍😍
Unicode
Yutang မေမေနဲ့ Zhao မေမေတို့ လက်ရာက တကယ့် ကြယ်ငါးပွင့်ဟိုတယ် စားဖိုမှူ းတွေ လက်ရာထက်ပင် သာလေသည်။ ယခုရက်ပိုင်းအတွင်း အလုပ်ကိစ္စဖိစိမှုကြောင့် ရုံးကန်တင်းသာ အားထားပြီး ဗိုက်ဖြည့်ခဲ့ရသော Zhan Zhao နှင့် Bai Yutang မှာတော့ ခေါင်းပင်မဖော်နိုင်တော့၊
Bai Yutang က စားရင်းသောက်ရင်းနှင့် Zhan Zhao ကြိုက်တတ်သော ဟင်းများကို Zhan Zhao ပန်းကန်ထဲထည့်ပေးသည်၊ Zhan Zhao ကလဲ သူမကြိုက်သည့်အရာများကို Bai Yutang ပန်းကန်ထဲသို့ ထည့်သည်။
"မှိုကြီး မကြိုက်ပါဘူး"
"အစားရွေးတဲ့ ကြောင်စုတ်လေး"
"မုန်လာဥနီ မစားဘူး"
"Vitamin ပါတယ်လေကွာ"
"အာ့ဆို ရော့ မင်းစား၊ ငါအမုန်းဆုံးက မုန်လာဥနီ"
"ပေးပေး မင်းပန်းကန် ငါရွေးပေးမယ်"
ကျွန်တော်တို့ရဲ့ ကလေးနှစ်ယောက်ကတော့ ထိုကဲ့သို့ပင်၊
ထိုအချိန် မိသားစု သုံးစု၏ အကြီးအကဲ သုံးယောက်ကလဲ သူတို့ဟာ သူတို့ အဖွဲ့ကျကာ စကားပြောနေသလို မေမေနှစ်ယောက်ကလဲ သူတို့ပြောချင်သည်များကို ပြောနေကြကာ ထမင်းဝိုင်းလေးက တစ်ယောက်တစ်မျိုး အသံထွက်လျက်။
ကြောက်တတ်တဲ့ ရဲသားလေး Bai Chi ကတော့ ဘယ်သူနှင့်မှ စကားမပြော၊ သူ့ရှေ့က အများစံထားရတဲ့ ရဲနှစ်ယောက် ထမင်းစားရင်း ငြင်းခုံနေကြသည်ကိုသာ ငေးကြည့်နေလေသည်။ အံ့သြလွန်း၍ ထမင်းတောင် ဖြောင့်ဖြောင့် မစားနိုင်၊
စားပြီးသောက်ပြီးတော့ အကုန်လုံး စကားပြောရင်း ရေနွေးသောက်ရန် ထိုင်ကြသည်။
ငါးမိနစ်လောက်ကြာတော့ Bai Yutang က ဂဏှာမငြိမ်တော့ ၊ အခန်းထဲသို့ တိတ်တိ်တ်လေး ဝင်သွားသည်။
ခဏနေတော့ ဘက်စကက်ဘော တစ်လုံးနှင့် ပြန်ရောက်လာကာ " Xiao Mao၊ သွားမယ် လာ.."
Zhan Zhao က ဗိုက်တင်းပြီး လေးလံနေသောကြောင့် မသွားချင်သေး၊ သို့သော် ထိုကြွက်က မရမချင်းခေါ်နေမှာ သိသောကြောင့် လိုက်ဖို့ ဆုံးဖြတ်ကာ ဆိုဖာပေါ်ထိုင်နေတဲ့ ဖြူရော်ရော် ကောင်လေးကိုပါ အပါခေါ်သည်။
"မင်းရော လိုက်ခဲ့မလား"
Bai Chi က အနဲငယ်အံ့အားသင့်သွားပေမဲ့ သူလေးစားရတဲ့ Bai Sir နှင့် Zhan Zhao အနားမှာ နေချင်တာမို့ ကြောက်စိတ်တွေကို ဖယ်ပြီး လိုက်သွားလေသည်။
........
Bai Yutang က ဘောလုံးကို မြေပေါ်မှာ တစ်ချက်နှစ်ချက်ပုတ်ရင်း ရှေ့ကို ဆက်လျှောက်သွားသည်။ Zhan Zhao ကနေ နောက်ကနေ အေးအေးဆေးဆေး လမ်းလျှောက်ရင်း လိုက်လာသည်၊ Bai Chi ကတော့ အမှားမလုပ်မိအောင် သတိထားပြီး ဖြည်းဖြည်းချင်းသာ လျှောက်လေသည်။
သူတို့ ခြံရှေ့ကနေ သိပ်တော့မလျောက်လိုက်ရ၊ ရပ်ကွက် ဘက်စကတ်ကွင်း က လမ်းထိပ်တွင်ပင်၊ ညဘက် လူသိပ်မရှိပေမဲ့ မီးများကိုတော့ တစ်ကွင်းလုံး လင်းထိန်နေအောင် ထွန်းထားလေသည်။
Bai Yutang က ကွင်းထဲဝင်ပြီးတော့ ဘက်စကတ်ဘော ခြင်းရှေ့ ရပ်ကာ ဘောလုံးတစ်လုံး သွင်းလိုက်သည်။
Zhan Zhao ကတော့ ပန်ကာကြီးတွေ ထားတဲ့ ကွန်ကရစ် ခုံလေးမှာ ထိုင်လိုက်ရင်း Bai Yutang ပစ်တာကို ကြည့်ရင်းက သူတို့ တက္ကသိုလ်ဘဝကို ပြန်အမှတ်ရသွားသည်။
"သွား... မ..မဆော့ဘူးလား"
Bai Chi က ဘေးနားကို ဝင်ထိုင်ကာ Zhan Zhao ကို မေးလိုက်သည်။
Zhan Zhao က ရယ်လိုက်သည်။
"ထမင်းစားပြီး နာရီဝက်အတွင်း ပြင်းပြင်းထန်ထန် အားကစားလုပ်ခြင်းက အူအတက်ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တယ်လေ"
"အဲဒါဆို Bai... Bai Sirက...."
Zhan Zhao က Bai Chi ကို ရယ်ပြလိုက်သည်။
"ကြွက်စုတ်လေးက အဲလိုဆော့လွန်းလို့ အူအတက် မရှိတော့ဘူးလေ"
"အော်..."
Bai Chi က ခေါင်းညိတ်သည်။
"မင်းက သူ့ကိုကြောက်လို့လား"
Zhan Zhao က Bai Chi ကို မေးလိုက်သည်။
"......"
Bai Chi မျက်နှာလေး ရဲသွားသည်။
"သူ...သူက ဟိုနေ့က.. ကျွန်...ကျွန်တော့်ကျည်ဆန်တွေကို ယူ..ယူသွားတာလေ"
"အင်း...."
Zhan Zhao က Bai Chi ရဲ့ ဆိုလိုရင်းကို နားမလည်သေး။
"အဲဒါ ကျွန်တော် မောင်းတင်ဖို့ မေ့ခဲ့လို့..."
Bai Chi က ပြောရခက်နေသည်။
"အဲဒါ.. သူ...သူက.. ကျွန်တော်... သေနတ်ပစ်ဖို့... အရည်..အချင်းမပြည့်... ပြည့်ဘူးလို့ ပြောလိုက်တာ မဟုတ်ဘူးလား.."
Zhan Zhao က ဖြူ စင်စွာ ပြုံးပြလိုက်ပြီး Bai Chi ကို တစ်မျိုးလေး ကြည့်ပြီးမှ ပြောလိုက်သည်။
"မင်းအိမ်က အဖေနဲ့ အမေနဲ့က မင်းမှာ Bai Yutang က မင်း အစ်ကိုဆိုတာ ခဏခဏ ပြောပြလား"
"ဟုတ်"
Bai Chi က ခေါင်းညိတ်ပြသည်။
"သူတို့က ကျွန်တော့်ကို Bai Sir လို ဖြစ်စေချင်ကြတာ.."
"အဲဒီတော့ မင်း ပထမဆုံး သူ့ကို တွေ့လိုက်ရတဲ့ နေ့တုန်းက မင်းနဲ့ သူနဲ့ ကြားမှာ အရမ်းကွာခြားတဲ့ တံတိုင်းကြီး ရှိနေတယ်လို့ ထင်သွားတာလား"
Zhan Zhao က စိတ်ပါလက်ပါ ပြောပြနေသည်။
"မင်းက သူ့လိုမဖြစ်နိုင်ဘူးလို့ ထင်လို့လား.."
"ဟုတ်.."
Bai Chi က လေးလေးနက်နက် ခေါင်းညိတ်ပြသည်။
"ကျွန်..ကျွန်တော်က.. ရဲသင်တန်းကနေ.. ဘွဲ့သာရတာ.. အခြေခံက လွဲပြီး... ဘာမှ မယ်မယ်ရရ...မတတ်.."
Zhan Zhao က Bai Chi ရဲ့ ပခုံးလေးပေါ် သူ့လက်လေးတင်လိုက်သည်။
"မတိုက်ခိုက်နိုင်တာ သေနတ်မပစ်နိုင်တာကြောင်နဲ့တော့ မင်းရဲမဖြစ်နိုင်ဘူးဆိုတာ မဟုတ်ပါဘူး"
"...."
Bai Chi က Zhan Zhao ရဲ့ ပြောစကားကြောင့် လန့်သွားပြီး မော့ကြည့်သည်။
"အဲလိုရဲမျိုး ဘယ်မှာရှိလို့လဲ"
Zhan Zhao က ပြုံးရွှင်စွာပင် သူ့ကိုယ်သူ လက်ညိုးထိုးပြလိုက်သည်။
"ဒီမှာလေ၊ မင်းရှေ့မှာ တစ်ယောက်လုံး ထိုင်နေတာကို.."
"အစ်ကို..အစ်ကိုကလား.."
Bai Chi ပါးစပ်အဟောင်းသားဖြစ်သွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါက စာမေးပွဲအတွက်က လွဲလို့ တစ်ခါမှ သေနတ်မပစ်ဖူးဘူး"
Zhan Zhao က ပြောရင်းနှင့် ကောင်းကင်ပေါ် သာနေသော လကို လက်ညိုးထိုးပြလိုက်သည်။
"ငါ့ရဲ့ အမြင်အာရုံက သိပ်မကောင်းတော့ အဝေးက အရာဝတၳု တစ်ခုကို သေသေချာချာ အာရုံစိုက်လို့မရဘူး၊ အခု မိုးပေါ်က လ က ငါ့အတွက်တော့ လ လေးစင်း သာနေသလိုပဲ.."
"အော်..."
Bai Chi က သူအစခံလိုက်ရတာ သိသွားပြီးမှ နှစ်သောက်သား ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။ (Zhan Zhao အမြင်အာရုံက နောက်လိုက်တာပါနော်၊)
"ဒါပေမဲ့ အစ်ကိုက အရမ်းအောင်မြင်ကျော်ကြားတာပဲကို အကုန်လုံးက ပြောကြတယ် အစ်ကိုက ပါရမီရှင်တဲ့.."
"တကယ်တော့ အဲဒီနေ့က Xiao Bai မင်းဆီက ကျည်ဆန်ယူသွားတာ မင်းက သေနတ်ပစ်ဖို့ မထိုက်တန်လို့ မဟုတ်ဘူး.."
"အာ့ဆို ဘာ..ဘာလို့လဲ"
Bai Chi က ဒီကိစ္စကြောင့် အတော်လေးစိတ်ဒုက္ခရောက်နေသည်ကို Zhan Zhao သေချာသိသွားလေသည်။
"သူက ဒီအတိုင်း Amoeba တစ်ကောင်ပါ"
Zhan Zhao က တိုးတိုးလေးပြောပြသည်။
"သူ့အကြောင်းကို အရမ်းကြီး အကောင်းတွေးလို့မရဘူး"
Bai Yutang က ဆော့နေရင်းမှ နှာချေလေသည်။
(သူ့မကောင်းကြောင်း ပြောနေတာကိုး..)
Bai Chi က မျက်လုံးပြူ းသွားသည်။
"A...amoeba?"
"အဲဒါက ဆဲလ်တစ်လုံးထဲရှိတဲ့ အဆင့်အနိမ့်ဆုံးသတ္တဝါလေးပါ၊ တကယ်လို့ သူက မင်းသေနတ်ပစ်ဖို့ မတန်ဘူးဆို မင်းကို တိုက်ရိုက်ပြောလိမ့်မယ်၊ သူက ဘာမှ ထွေထွေထူးထူး စဉ်းစားမဲ့သူ မဟုတ်ဘူး."
"အဲဒါဆို.. ဘာလို့... မပြော.."
Zhan Zhao က ပြုံးပြရင်းနှင့်ပင် ဆက်ရှင်းပြနေသည်။
"သူက အဲဒီအချိန်တုန်းက မင်းဟာ သေနတ်ပစ်ဖို့ အဆင်မပြေသေးဘူးလို့ ထင်လို့ဖြစ်မယ်"
"ဟုတ်လား... အဲ့ အဲ့ဒါဆိုရင်.."
"ဟေ့..."
Bai Yutang က ဘောလုံးကို မြေပြင်ပေါ်ပုတ်နေရင်းမှ လှမ်းအော်လိုက်သည်။
"စကားပြောလို့ မပြီးကြသေးဘူးလား၊ အားကစားလုပ်ဖို့ ထွက်လာသေးတယ်၊ကြောင်စုတ်လေး စားတုန်းက နင့်နေအောင်စားထားတာနော်၊ နောက်မှ ဗိုက်ထွက်လာလို့ ငိုမနေနဲ့.."
Zhan Zhao က ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"သူက အရမ်းတော်တာပဲ၊ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဘက်စကတ်တော အလုံးခြောက်ဆယ် သွင်းနိုင်တယ်၊ အသက်တောင် တစ်ချက်မရှူ ဘူး"
Bai Chi က ရင်သပ်ရှုမောကာ Zhan Zhao အား ပြောပြနေသည်။
"ကျွန်တော်ဆို ဆယ်လုံးတောင် ပစ်လို့မရလောက်ဘူး"
"မင်း ဘာပြောလိုက်တာ.."
Zhan Zhao က Bai Yutang ဆီနေ အကြည့်လွှဲလိုက်ပြီး Bai Chi ကို တအံ့တသြမေးလိုက်သည်။
"...." Bai Chi လဲ လန့်သွားလေသည်။
"Xiao Bai ရေ.."
Zhan Zhao က Bai Yutang ကို လှမ်းခေါ်သည်။
"မင်း ငါတို့ကို ခေါ်လိုက်တုန်းက မင်း ဘယ်နှလုံး သွင်းပြီးပြီလဲ"
"ဟ.."
Bai Yutang က ဘောလုံးကို ယူလိုက်ပြီး မြေပြင်ပေါ်တစ်ချက် နှစ်ချက်ဆောင့်ကာ သုံးလုံးလောက် ဆက်တိုက် သွင်းလိုက်သည်။
"အင်း.. အလုံး ခြောက်ဆယ်လောက်"
Zhan Zhao ရဲ့ မျက်နှာက ဒီတစ်ခါ Bai Chi ဘက်သို့ လှည့်သွားသည်။
"မင်းနဲ့ ငါ စကားပြောနေတုန်းပဲကို ဘယ်လိုတွက်လိုက်တာလဲ.."
"ဟို..ဟိုလေ.. သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်ရယ်၊ အချိန်ရယ်ကို တွက်လိုက်ပြီး....တော့.."
Bai Chi က စိတ်လှုပ်ရှားလွန်းလျှင် စကားထစ်နေတတ်လေသည်။
Zhan Zhao က ခဏတာ ငြိမ်ပြီး စဉ်းစားလိုက်ပြီးမှ အောက်ကိုငုံ့ကာ ကျောက်ခဲအသေးတစ်လုံးယူလိုက်ပြီး ကွန်ကရစ် အုတ်ခုံပေါ်မှာ စက်ဝိုင်းနဲ့ ခက်ရင်းခွလို ပုံကို ဆွဲလိုက်သည်။
ထိုအချိန်မှာ Bai Yutang က သူတို့််နားပင် ရောက်လာနေပြီ။ "မင်း ဘာတွေ လုပ်နေတာလဲ.."
စက်ဝိုင်းနှင့် ခက်ရင်းကို ကြည့်ကာ စည်းမျဉ်းတစ်ခုမှ ပေးမထားပဲ Zhan Zhao က စိတ်လှုပ်ရှားစွာနှင့် Bai Chi လက်ထဲ ကျောက်ခဲလေးကို ထည့်ပေးလိုက်သည်။
"ဒီသီအိုရီအရ ဖြစ်လာမဲ့ ပုံငါးပုံကို ဆွဲပြစမ်းကွာ.."
Bai Chi က Zhan Zhao ရဲ့ ရည်ရွယ်ချက်ကို နားမလည်၊ သို့သော် Zhan Zhao စကားကို နားထောင်ကာ ဆွဲထားတဲ့ ပုံကို တစ်ချက်ကြည့်လိုက်ပြီး တစ်စက္ကန့်တောင် မစဉ်းစားပဲ ပုံတွေ ထိုင်ဆွဲနေတော့သည်။
"Oh.."
Zhan Zhao ကတော့ အသက်ရှူ ဖို့ပါ မေ့သွားလေသည်။
"ကြောင်လေး၊ မင်းဘာတွေ လုပ်နေတာလဲ"
Bai Yutang ကလဲ မြေပြင်ပေါ်က ပုံတွေကို ကြည့်ကာ သိချင်စိတ်များ ပြင်းထန်လာသည်။
"Edward standard test.."
Zhan Zhao က စိတ်လှုပ်ရှားစွာ ပြောပြသည်။
"မင်းသိလား မင်းညီရဲ့ IQ က ၁၇၀ အထက်မှာ ရှိတယ်"
"၁၇၀ က ဘာဖြစ်လို့လဲ"
Bai Yutang ကတော့ နားမလည်သေးပေ။
"သာမန်လူတစ်ယောက်ရဲ့ IQ က ၈၀ ဝန်းကျင်၊ နဲနဲ ထက်မြက်တဲ့သူတွေကျတော့ ၁၀၀၊ ရူပဗေဒပညာရှင် Marie Curie က ၁၅၀၊ Einstein တောင် ၁၆၀ပဲရှိတာ၊"
Zhan Zhao က ဆက်ပြောနေသည်။
"တကယ်လို့ သူသာ ရူပဗေဒကို တစိုက်မတ်မတ်သင်ရင် Steven Hawking ထက်တောင် အောင်မြင်နိုင်ချေရှိတယ်ကွ.."
Bai Yutang က မျက်စိမှိတ်ပြသည်။ ပြီးတော့ မှ Bai Chi ရဲ့ ပခုံးလေးကို ပုတ်ကာ..
"ကောင်းလိုက်တဲ့ ကလေးကွာ၊ အတိတ်က မသိခဲ့တော့ မင်း နောက်ဆိုလဲ ဘာမှမဖြစ်နိုင်ပါဘူး.."
သူ့ပြောစကားအဆုံးမှာ Zhan Zhao ရဲ့ ကန်ချက်တစ်ခုကို ရလိုက်သည်။
"ကလေးကို ဘာတွေသွားပြောနေတာလဲ"
"ကြောင်စုတ်."
Bai Yutang ကတော့ ဘောလုံးကို ပုတ်ကာ ပုတ်ကာဖြင့် ကွင်းအလယ်ထဲသို့ ပြန်ဝင်သွားသည်။
"မင်းတို့လဲ နားလို့ဝရင် လာခဲ့တော့ကွာ၊ အားကစားလုပ်ဖို့ ထွက်လာပြီး တစ်လုံးမှ မသွင်းပဲ ဒီကွင်းထဲက ထွက်လို့ ရမယ်မထင်နဲ့"
Zhan Zhao က သူ့အပေါ်ထပ်အကျႌကိုချွတ်လိုပြီး တန်းပေါ်တင်ထားလိုက်သည်။ Zhan Zhao က Bai Chi ကိုပါ သွားဆော့ဖို့ခေါ်လိုက်သည်။ Bai Chi ကတော့ စောစောက နေရာမှသာ ရပ်နေပြီး မျက်နှာကတော့ နီမြဲနီလျက်ပင်။
"ကျွန်တော်... တကယ်..တကယ်ပဲ Bai အိမ်တော်ကို မျက်နှာ..ပျက်အောင်.. လုပ်မိပြီလား။"
Zhan Zhao က နှစ်လိုဖွယ်ပြုံးပြသည်။
"ရဲသားကောင်းတစ်ယောက်ဖြစ်အောင်သာနေ၊ သေနတ်ဆိုတာ မရှိမဖြစ်မှ မဟုတ်ပဲ"
Zhan Zhao က သူ့ခေါင်းသူ လက်ညိုးထိုးပြလိုက်သည်။
"မင်းမှာ ဘုရားပေးတဲ့ အကောင်းဆုံးလက်ဆောင် ရှိနေတာပဲ.."
ပြောပြီးသည်နှင့် Zhan Zhao က ရှပ်အကျႌလက်ကို ခေါက်တင်လိုက်ပြီး Bai Yutang ဆီသို့ ပြေးသွားကာ ဘောလုံးကို ပြေးလုလေသည်။
"ကြွက်စုတ်လေး၊ မင်း မောက်မာနေလို့မရတော့ဘူးကွ"
"ကြောင်စုတ်၊ မင်း အဲဒါ စည်းကမ်းဖောက်တာ"
"ဘယ်သူပြောလဲ "
"မင်းက ဘောလုံးကိုင်ပြီး ပြေးနေတာလေ၊ ပုတ်နေတာမှ မဟုတ်တာ Foul တာပေါ့၊ "
"ဟင့်..."
"ဘာလဲ ဘောလုံးကန်နေတာလား"
Zhan Zhao ကတော့ ဘာကိုမှ ဂရုမစိုက်၊ ဘောလုံးကို မြောက်ကာ ခြင်းထဲဝင်အောင်ပစ်လိုက်သည်။
"ကြောင်စုတ်လေး၊ မင်း စည်းကမ်းတွေရော သိသေးရဲ့လား"
"မင်းနဲ့ဆော့ရင်တော့ စည်းကမ်းတွေကို ငါပဲထုတ်မှာ."
...........
S မြို့တော် လူကုံထံရပ်ကွက်တစ်ခုရဲ့ ဘက်စကတ်ဘောကွင်း တစ်ခုမှာ ညကိုးနာရီအထိ လူငယ်သုံးယောက် အော်ဟစ်ကာ ဆော့နေကြသည်။ တကယ့်ညီအစ်ကိုအစစ်နှစ်ယောက်က Bai Yutang နှင့် Bai Chiဖြစ်သော်လဲ Zhan Zhao နှင့် Bai Chi က တစ်ဖွဲ့ဖွဲ့ကာ Bai Yutang နဲ့ အကြိတ်အနယ် ဆော့နေကြလေသည်။
Didididididididi...
Bai Yutang ရဲ့ ဖုန်းက ရုတ်တရက်မြည်လာသည်။
"ဟဲလို"
Bai Yutang က ဖုန်းကိုထုတ်ကာ ပြန်ဖြေလိုက်သည်။
"ဘာ!. ငါတို့ အခုပဲလာခဲ့မယ်၊ စောင့်နေ"
"ဘာတဲ့လဲ"
Zhan Zhao က Bai Yutang အံကြိတ်လိုက်တာ မြင်သွားသည်။
"Qi Le ကို တိုက်ခိုက်တဲ့သူရှိတယ်"
"ဘာ!!!"
Zhan Zhao က လန့်သွားသည်။
"သူဘယ်လိုနေသေးလဲ"
Bai Yutang က ခေါင်းယမ်းလိုက်သည်။
"စိတ်မပူပါနဲ့၊ ကံကောင်းလို့ ငါ Zhao Hu ကို ဒီနေ့ စောင့်ကြည့်ခိုင်းထားတာ၊ Qi Leက Nishang လမ်းက ညဈေးမှာ hydrocarbon အမှုန့်သွားဝယ်နေတုန်း လူတစ်ယောက် ဓားနဲ့ လိုက်ထိုးတာ ၊ Zhao Hu က Qi Le ကိုတော့ ကယ်လိုက်နိုင်ပေမဲ့ ဓားနဲ့ ထိုးတဲ့သူကတော့ ထွက်ပြေးသွားတယ်တဲ့"
"အထိုးခံလိုက်ရသေးလား"
Zhan Zhao က စိတ်ပူနေတာ မပျောက်သေးပေ။
Bai Yutang က Zhan Zhao လက်ထဲက ဘောလုံးကို ဆွဲယူလိုက်ပြီး တန်းပေါ်တင်ထားတဲ့ Zhan Zhao ရဲ့ အပေါ်အကျႌကို ယူလိုက်ပြီး Zhan Zhao ဆီသို့ လှမ်းပစ်ပေးလိုက်သည်။
"Qi Le က ဒဏ်ရာတော့ ရသွားပေမဲ့ ဆေးရုံမသွားဘူးလို့ အတင်းငြင်းနေလို့ Zhao Hu က S.C.I. ကို ခေါ်သွားပြီး Gongsun ဆီမှာ ဆေးထည့်ပေးထားတယ်"
"အဲဒါဆို သွားရအောင်လေ"
Zhan Zhao က Bai Yutang ပစ်ပေးသော အကျႌကို ဝတ်လိုက်ပြီးနောက် Bai Yutang နောက် လိုက်သွားသည်။
"ရော့.."
Bai Yutang က ဘောလုံးကို နေရာမရွေ့ပဲရပ်နေသည့် Bai Chi ထံသို့ ပစ်ပေးလိုက်သည်။
"မင်း အရင်ပြန်နှင့်လိုက်ဦး၊ ငါတို့ သွားစရာရှိလို့ တစ်နေရာသွားလိုက်ဦးမယ်"
"ဟို..ဟိုလေ.."
Bai Chi က ပစ်ပေးသော ဘောလုံးကို ဖမ်းလိုက်ပြီး ရှေ့သို့ပြေးလာကာ စိတ်ကိုတင်းပြီး အော်ပြောလိုက်သည်။
"ကျွန်....ကျွန်တော်လဲ လိုက်ချင်တယ်.."
Bai Chi မှာ သူပြောတဲ့စကား သူပြန်ကြားပြီး ကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်သွားသည်။ ဒီလို စကားကျယ်ကျယ် ပြောဖူးတာ မွေးကတည်းက ပထမဆုံး ဖြစ်သည့်အတွက် မျက်နှာပူပူနှင့် ခေါင်းငုံ့လိုက်သည်။
Bai Yutang ကတော့ အ့ံသြစိတ်နှင့် Zhan Zhao ကို လှည့်ကြည့်ပြီး လက်မထောင်ပြလိုက်သည်။
"ကြောင်လေးနဲ့ စကားပြောခြင်းက နာရီဝက်အတွင်း ကြောက်တဲ့စိတ်တွေ ဖြေဖျောက်နိုင်ပါသည်" ဆိုသည့်သဘော။
Zhan Zha က Bai Yutang ဘက်သို့ လှည့်ကာ လက်နှစ်ချောင်း ပြန်ထောင်ပြလိုက်သည်။
"ငါက ဆရာကြီးပါကွာ"
"သွားမယ်"
Bai Yutang က Bai Chi အား တည်ငြိမ်စွာနှင့် စကားနှစ်လုံးပဲပြောကာ Zhan Zhao ကို ခေါ်ကာ ကားဆီသို့ ပြေးသွားလေသည်။
Bai Chi က ခဏလောက်ငြိမ်နေရင်းမှ Bai Yutang က သူ့ကို လိုက်ခွင့်ပေးလိုက်မှန်း သဘောပေါက်ကာ သူတို့နှစ်ယောက်နောက်မှ အပြေးလိုက်လေသည်။
...............
ရဲဌာန S.C.I. ရုံးခန်းတွင်
Qi Le က Zhao Hu ပေးသော စောင်ကို ပတ်ထားပြီး ကုလားထိုင်မှာ ထိုင်ကာ ခန္ဓာကိုယ်က အနဲငယ် တုန်ယင်နေသည်။ ဘယ်ဘက် လက်မောင်းက ဓားဒဏ်ရာက သွေးတစ်စက်စက် ကျနေသည်။
Gongsun က ဆေးသေတ္တာကို ယူလာပြီး Qi Le ကို လက်ဖက်ရည်ပူပူတစ်ခွက် ကမ်းပေးသည်။
"မကြောက်ပါနဲ့ ကျွန်တော် ဒဏ်ရာကို ဆေးထည့်ပေးမယ်နော်.."
Qi Le က တုန်ယင်နေရာက Gongsun ကို ကြောက်ကြောက်လန့်လန့်နှင့် မော့ကြည့်ပြီးမှ ခေါင်းညိတ်ပြသည်။
Gongsun က ညင်သာစွာပင် Qi Le ရဲ့ လက်ကို ကြည့်လိုက်တော့ ဒဏ်ရာက သိပ်မနက်ပေမဲ့ ချုပ်ဖို့တော့ လိုသေးသည်။ အရက်ပြန်နှင့် ဂွမ်းကိုတို့ကာ ဒဏ်ရာကို သန့်စင်လိုက်သည်။
Qi Le ပုံစံက နာကျင်သွားပုံမရ၊ Gongsun က မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခုခု မှားနေမှန်း ခံစားမိလိုက်သည်။ Zhao Hu က တစ်ဖက်မှာ ရပ်နေပေမဲ့ သူ့မျက်နှာက ခန့်မှန်းလို့မရပေ။ Gongsun က ထရပ်၍ Zhao Hu ကို သေချာကြည့်လိုက်တော့ Zhao Hu က အိတ်ကပ်ထဲမှ အမှုန့်ထုပ်တစ်ချို့ကို ထုတ်လိုက်ပြီး ပြလိုက်သည်။
Gongsun က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး စိတ်ထဲမှသာ ပြောနေမိသည်။ ဒီကောင်မလေးက ဘယ်အရွယ်ရှိသေးလို့ ဆေးစွဲနေရတာလဲ၊ ကလေးပုံစံတောင် မပေါက်တော့။
သူတွေးနေတုန်းမှာပင် Qi Le ကရုတ်တရက် ကြမ်းတမ်းစွာ ထရပ်လိုက်ပြီး မျက်နှာအရောင်ပုံစံက လုံးဝပြောင်းသွားသည်။
"မကောင်းတော့ဘူး"
Gongsun က Zhao Hu ကို လှမ်းအော်သည်။
"သူက ဆေးတော်တော်စွဲနေပြီ"
"Ah...."
Qi Le က သူ့ဆီပြေးလာတော့ Gongsun က ဖမ်းလိုက်ဖို့ ကြိုးစားပေမဲ့ Qi Le ရဲ့ အားက မယုံနိုင်စရာကောင်းလောက်အောင် သန်မာနေသည်။ Qi Le က Gongsun ကို ရိုက်လိုက်တော့ နောက်ပြန်လဲကျသွားသည်။ ကျောနှင့်မြေပြင် မထိခင်လေးမှာ သူရင်းနှီးတဲ့ လက်တစ်စုံက သူ့ကိုယ်လေးကို ဖမ်းယူထားသည်။
"မင်း အိမ်ပြန်လာတာ နောက်ကျလို့ ဘာဖြစ်နေလဲလို့ လာကြည့်တာ"
Bai Jintang က Gongsun ကို မတ်တပ်ရပ်နိုင်အောင် ကူညီပေးလိုက်ပြီးနောက် မျက်လုံးပင့်ကာ ကြည့်လိုက်တော့ Zhao Hu က လှုပ်ရမ်းနေသော Qi Le ကို မနိုင်မနင်း ထိန်းချုပ်ဖို့ ကြိုးစားနေသည်။
အမြွှာညီနောင်ကတော့ Zhao Hu ကို ကူညီရန် ပြေးသွားလေသည်။ တစ်ယောက်က စောင်ကို ထုတ်ကာ Qi Le ကို ထိုင်ခုံပေါ်မှာ စောင်နှင့် ပတ်ပေးလိုက်ပြီး နောက်တစ်ယောက်ကတော့ ကြိုးယူကာ Qi Le ရဲ့ စောင်ပေါ်ကနေ တင်းကြပ်စွာ ရစ်ပတ်ထားလိုက်သည်။ Zhao Hu ကတော့ အားကုန်သုံးကာ ထိုင်ခုံကို တင်းကြပ်စွာ ဖက်ထားလေသည်။
Qi Le ကတော့ နာကျင်စွာအော်လိုက်ပြီး ခန္ဓာကိုယ်ကို တွန့်လိမ်ကာ သူမကို ဆေးပေးပါ ဟုသာ အသံကုန်အော်နေသည်။ ဓာတ်လှေကားထဲမှ ထွက်လာလာချင်း Zhan Zhao နှင့် Bai Yutang တို့ နှစ်ယောက်က Qi Le ရဲ့ နာကျင်စွာအော်နေသံကို ကြားလိုက်ရသည်။
S.C.I. ရုံးခန်းထဲမှ ပစ္စည်းတွေက ဖရိုဖရဲ ဖြစ်နေပြီး Qi Le က နေ အော်ဟစ်နေသည်။ Zhan Zhao နှင့် Bai Yutang တို့က အထဲဝင်သွားပြီး ဘေးချင်းယှဉ်ကာသာ ရပ်နေကြသည်။
Bai Chi အတွက်မှာတော့ သူ့ရှေ့မှ မြင်မြင်သမျှဟာ ကြောက်စရာကောင်းနေသောကြောင့် တံခါးဝကနေ ရှေ့ကို ခြေတစ်လှမ်းတောင်မတိုးလာပေ။
အချိန်ကြာလာသည်နှင့်အမျှ Qi Le က ဖြည်းဖြည်းချင်း ငြိမ်ကျသွားပြီး ရဲဌာန တစ်ခုလုံး တစ်ခါပြန်လည် တိတ်ဆိတ်သွားသည်။ ရဲတွေအတွက်ကတော့ ထိုကဲ့သို့ အော်သံမျိုးက ထူးဆန်းသည်တော့ မဟုတ်ပေ။ ဆေးစွဲနေသူများ စခန်းသို့ ရောက်လာလျှင် ထိုသို့ ဖြစ်နေကျပင်၊ ဌာနတစ်ခုနှင့် တစ်ခုလဲ အရေးမလုပ်ပေ။ သူတို်အတွက်က ပုံမှန်ပင်။
Zhao Hu ကတော့ အားကုန်သုံးလိုက်ရ၍ ပင်ပန်းသွားပြီး သူ့နောက်က ခုံပေါ်မှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်ကာ ပါးစပ်ကြီးဟကာ အမောဆို့နေသည်။
Zhaohui ကတော့ Qi Leကို ချည်ထားတဲ့ ကြိုးတွေကို နဲနဲလျှော့ပေးလိုက်သည်။ စောင်ပတ်ထားတဲ့ အတိုင်း ပွေ့ချီလိုက်ပြီး Qi Le သက်တောင့်သက်သာ အိပ်နိုင်စေရန် စားပွဲအလွတ်တစ်ခုပေါ်ကို တင်ထားပေးလိုက်သည်။
S.C.I. ရုံးခန်းက လူတွေအကုန်လုံးကတော့ တိတ်ဆိတ်နေကြကာ စကားတစ်ခွန်းတောင် မပြောကြ၊ Bai Yutang က ခဏနေတော့ Zhao Hu ကို လှမ်းမေးသည်။
"ဘယ်လိုဖြစ်တယ် ဆိုတာ အသေးစိတ်ပြန်ပြောပြ"
Zhao Hu က သူ့ခေါင်းသူ ကိုင်လိုက်ပြီး ပြန်ဖြေသည်။
"ကျွန်တော် M တက္ကသိုလ်ကို ရောက်တော့ နေ့လည်ပဲရှိသေးတယ်၊ အဲဒါနဲ့ စောင့်နေတုန်း ဒီကောင်မလေးက ကျောင်းပြင်ကို ထွက်လာပြီး တက္ကစီနဲ့ Nisheng လမ်းကို သွားတာ တွေ့လိုက်လို့ ထူးဆန်းတာနဲ့ နောက်က လိုက်ချောင်းကြည့်တာ သူက နောက်လှည့်ကြည့် လှည့်ကြည့်နဲ့ ဆိုတော့ ပိုသေချာသွားပြီး ထပ်ကြပ်မကွာ လိုက်သွားတာ၊ ပြီးတော့ သူက လမ်းပေါ်မှာ လက်ကမ်းစာစောင်တွေဝေနေတဲ့ ကောင်မလေးဆီက တစ်ခုခု ဝယ်လိုက်လို့ အဲ့ကောင်မလေးကို သွားမေးတော့ hydrocarbon အမှုန့်ဆိုတာကို သိလိုက်ရတယ်"
Zhao Hu က စကားကို ပြောနေရင်းတန်းလန်းမှ အသက်ဝဝရှူ လိုက်သည်။
"ပြီးတော့ ကောင်လေးတစ်ယောက်က ကျွန်တော့်နောက်ကနေပြီးတော့ တစ်နေရာကို ထွက်သွားတာ တွေ့လိုက်တယ်၊ လက်က အသီးလှီးတဲ့ ဓားကို ကျောမှာ ဖွက်ထားတယ်၊ သူက Qi Le ဆီကို ဦးတည်နေတယ်ဆိုတာကို သိလိုက်တော့ ကျွန်တော် တားဖို့ ကြိုးစားပါသေးတယ်၊ အဲ့ကောင်လေးက အရမ်းသတိရှိပြီး ထွက်ပြေးသွားတာ ဒီကောင်မလေးကို တစ်ယောက်ထဲလဲ မထားခဲ့နိုင်တာနဲ့ အဲ့ကောင်လေးကို လွတ်သွားတာပါ"
"အဲ့ကောင်လေးက ဘယ်လိုပုံစံရှိလဲ"
Zhao Hu က ခေါင်းယမ်းလိုက်သည်။
"အဲဒီကောင်လေးက ခေါင်းစွပ်ပါတဲ့ အကျႌဝတ်ထားတဲ့ အပြင် mask လဲ တပ်ထားသေးတယ်၊ ကျွန်တော် သိပ်မကြာခင်က ကြားဖူးတာကတော့ Nishang လမ်းက လမ်းသရဲတွေ အများကြီးရှိတယ်တဲ့၊ ပြီးတော့ သူတို့က အမြဲတမ်းအဲ့လို သောင်းကျန်းကြတယ်တဲ့ ၊ ဒီတစ်ခါကတော့ Qi Le က ပစ်မှတ်ဖြစ်သွာယတာပေါ့လေ။"
Bai Yutang ကတော့ မျက်မှောင်ကြုံ့လိုက်သည်။
"တော်လိုက်တဲ့ လူသတ်သမား၊ Qi Le ကို လုပ်တာက တိုက်ဆိုင်မှု ဖြစ်နိုင်ပါ့မလား"
Zhan Zhao ကလဲ ခေါင်းကို ယမ်းလိုက်သည်။
"ထူးဆန်းတယ်၊ ငါတို့ Qi Le ကို ဒိီနေ့မှ သွားတွေ့တာ ညနေမှာတင် ဒီလိုဖြစ််တယ်ဆိုတော့.."
"ဟို.. ဒါက တိုက်ဆိုင်မှုလို့ ပြောဖို့ခက်မယ်နဲ့တူတယ်"
Bai Chi က သူ့ကိုယ်သူတောင် မသိလိုက်ပဲ ပြောထွက်သွားသည်။
"ဘာလို့ အဲလိုပြောတာလဲ"
Zhan Zhao က Bai Chi ကို လှမ်းကြည့်သည်။
Bai Chi ကလဲ Zhan Zhao ကို ပြန်ကြည့်ကာ ပြောဖို့ တွန့်ဆုတ်နေပေမဲ့ အားတင်းကာသာ ပြောချလိုက်သည်။
"လတစ်လကို ဥပမာအနေနဲ့ တွက်ကြည့်မယ်ဆိုရင် လူတစ်ယောက်ကို ဒီနေ့ လမ်းမှာ အမှတ်မထင် ဆုံနိုင်ခြေက အပုံသုံးဆယ်မှာမှ တစ်ပုံပဲရှိတယ်၊ တက္ကသိုလ်မှာဆို ကျောင်းသားပေါင်း အနည်းဆုံးတော့ တစ်သောင်းကျော်တယ်၊ အဲတော့ Qi Le ကို တွေ့ဖို့က အပုံတစ်သောင်းမှ တစ်ပုံပဲရှိတယ်၊ သူက ဒီနေ့ အပြင်ထွက်မယ့် ဖြစ်နိုင်ချေကလဲ အပုံ သုံးဆယ်မှ တစ်ပုံပဲ၊ ပြီးတော့ အဲဒီအချိန်မှာ ဆေးအရောင်းအဝယ် ၁၀ ခု ရှိနေတယ် ဆိုပါတော့၊ အာ့ဆို ဆယ်ပုံ တစ်ပုံ၊ ပြီးတော့ လမ်းသရဲတစ်ယောက် ဒီနေ့ အပြင်ထွက်နိုင်ချေကလဲ အပုံသုံးဆယ်ပုံ တစ်ပုံပဲ။ အကုန်လုံးကို ခြုံ ကြည့်မယ်ဆိုရင် ဒီပြသနာကတိုက်ဆိုင်မှုဆိုတာသာ ဆိုရင် သူ့ရဲ့ ဖြစ်နိုင်ချေက အပုံတစ်သန်းမှာမှ တစ်ပုံပဲရှိပြီးတော့ ဖြစ်နိုင်ချေ သုညလို့တောင်ပြောလို့ရတယ်.. အဲဒါကြောင့်မို့ ဒါက တိုက်ဆိုင်တာ လုံးဝမဖြစ်နိုင်ဘူးလို့...."
Bai Chi က သူ့ကို လူတွေ အာရုံစိုက်ကြည့်နေကြတာ သိလာ၍ အသံက ဖြည်းဖြည်းချင်း တိမ်ဝင်သွားသည်။
"ဒီကလေးက ဘယ်သူလဲ"
Bai Jintang က Bai Yutang ကို ရုတ်တရက်မေးလိုက်သည်။
Bai Yutang ကတော့ အပြုံးလေးနှင့်ပြန်ဖြေသည်။
"Bai အိမ်တော် ဦးလေးသုံးBai Feng ရဲ့ သား Bai Chi တဲ့".
"အော်.."
Bai Jintang က စိတ်ဝင်စားသွားပြီး သူ့မေးစေ့သူ ကိုင်ကာသာ စဉ်းစားနေသည်။
................
Zhan Zhao ကတော့ Bai အိမ်တော်က ညီအစ်ကိုတွေကို တစ်လှည့်စီကြည့်ပြီးသာ စိတ်ညစ်နေသည်။
"Zhao Hu မင်း မှုခင်းဌာနကို သွားပြီးတော့ ဒီအမှုနဲ့ ပတ်သက်တဲ့ အချက်အလက် အကုန်ရှာပြီး ယူလာခဲ့၊ဒီအမှု ငါတို့လက်ထဲ လွှဲယူလိုက်ပြီလို့."
"ဟုတ်"
Zhao Hu က အမိန့်ရသည်နှင့် အောက်ထပ်ကို ပြေးဆင်းသွားသည်။
"ဟိုက ငါ့ညီလေး.."
Bai Yutang က ညီလေးလို့ လှမ်းခေါ်တော့ Bai Chi က လန့်သွားသည်။ Bai Chi က Zhan Zhao ရဲ့ ကိုယ်လေးနောက်မှာ ပုန်းကာ ကွယ်နေသည်။
"S.C.I.ကို ပြောင်းလာခဲ့ပါလား"
"ဗျာ.."
Bai Chi ကတော့ မျက်လုံးပြူ းသွားလေသည်။
Bai Yutang ကတော့ သေချာစဉ်းစားလိုက်သည်။
"ဒီအမှုက လက်လွှဲယူထားတာဆိုတော့ မင်းသာ အရည်အချင်းပြည့်ရင် Bao Sir ကို ငါပြောပေးမယ်၊ ဒါပေမဲ့ မင်းက ပြည်သူတွေနဲ့ ထိတွေ့တဲ့ အလုပ်မျိုးပဲ လုပ်ပေးရမယ်"
...................
မှောင်မှောင်မည်းမည်းထဲမှာ တစ်ခုခုက သူ့မျက်လုံးရှေ့ ရောက်နေတာကို ခံစားမိနေသည်။
အဖွဲ့နှစ်ဖက်က သူတို့လက်ထဲက လူသတ်လက်နက်တွေနှင့် တစ်ဖက်ကို တစ်ဖက် အသေအကြေ ရိုက်နှက်နေကြသည်။.
တစ်ဖွဲ့က လှမ်းအော်သည်။
"မင်းတို့ အရှုံးပေးကြစမ်း"
တစ်ဖက်ကလဲ ပြန်ပြောသည်။
"မင်းတို့ အရင်လွှတ်စမ်း"
နှစ်ဖက်လုံးက လူတွေက သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာရကာ အော်ညည်းနေကြပေမဲ့ ဘယ်သူကမှ ရပ်မဲ့ပုံ မပေါ်၊
.......Divine Comedy.......
ငရဲပြည်၏ စတုတၳ အလွှာ
လက်လုပ်ဗုံးတစ်လုံး လူကြားထဲ ပစ်ထည့်လိုက်တော့ လူတွေကြောက်ရွံ့စွာ အော်ဟစ်ပြေးလွှားနေကြသည်ကို ကြည့်ရင်း သူ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်သည်။
လက်ထဲက ဆာမူရိုင်းဓားအရှည်တစ်လက်ကို ဓားအိမ်ထဲကထုတ်တော့ ငွေရောင်လက်ခနဲဖြစ်သွားသည်။ ဓားကို လေထဲမှာ တစ်ချက်ဝှေ့ယမ်းလိုက်တော့ သွေးစတစ်ချို့က ဓားပေါ်ပါလာပြီး တစ်ချို့က လေပေါ်ပျံဝဲကုန်သည်။
သူကတော့ နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး စိတ်ထဲမှ စာသားကို ပါးစပ်က တတွတ်တွတ်ရွတ်နေသည်။
"သူတို့ကို ကယ်နိုင်တာက မင်းပဲရှိတယ်.
ဟုတ်တယ် သူတို့ကို ကယ်နိုင်တာက ငါပဲ.."
ဓားက လေထဲမှ အဆက်မပြတ် ပျံဝဲလျက်၊ သွေးတို့က ချောင်းပေါက်မတတ်ထွက် စီးဆင်းနေသော်လဲ သူကတော့ လုံးဝရပ်မည့်ပုံမပေါ်......
End of Killer training camp 06
Thank you all 😍😍