Zawgyi
Qi Le က laptop သာ ယူလာတာ password မသိေသာေၾကာင့္ ခ်က္ခ်င္း ဖြင့္ၾကည့္လို႔မရ။ Bai Yutang နဲ႔ Zhan Zhao တို႔က ထိုlaptop ကို ရံုးကိုယူသြားၿပီး Jiang Ping ကို ၾကည့္႐ွင္းခိုင္းဖို႔ ေတြးလိုက္ၾကသည္။
တျခားတီးဝိုင္းအဖြဲ႔သားမ်ားကို ေမးခြန္းေမးတာေတာ့ ေထြေထြ ထူးထူးဘာမွမသိရေပ။ ေက်ာင္းသားေတြ ၾကားထဲက ရင္းႏွီးမႈက သူတို႔ႏွစ္ေယာက္ ထင္ထားတာထက္ ပိုေနၿပီး Qi Lei အတြက္ သူတို႔ ေတာ္ေတာ္ေလး ေျဖႏိုင္မွာ မဟုတ္ေပ။
Bai Yutang ကေတာ့ တစ္ခုခု စဥ္းစားလာမိရင္ သူ႔ကို ဖုန္းဆက္ေစႏိုင္ရန္အတြက္ Qi Le အား သူ႔ဖုန္းနံပါတ္ေပးထားခဲ့ၿပီး Qi Le နံပါတ္လဲ ယူထားလိုက္သည္။ ၿပီးေနာက္ေတာ့ Bai Yutang က Zhan Zhao ႏွင့္အတူ S.C.I. ရံုးခန္းသို႔ ျပန္လာေလသည္။
"တီးဝိုင္းက ကေလးေတြကို ၾကည့္ရတာေတာ့ သိပ္ပံုမွန္မဟုတ္ဘူးလို႔ ခံစားရတယ္"
ကားသြားေနတုန္း Zhan Zhao က ေျပာလိုက္သည္။
"အကုန္လံုးေဆးစြဲေနၾကတာပဲကို၊ ဘယ္လိုလုပ္ ပံုမွန္ျဖစ္မွာလဲ"
Bai Yutang က ကားကို ဂ႐ုတစိုက္ေမာင္းရင္းမွ ျပန္ေျဖသည္။
"အကုန္လံုးက အသက္ 20 စြန္းစြန္းေလာက္ပဲ ႐ွိၾကဦးမွာ ၊ ဘယ္လိုလုပ္မ်ား ေဆးစြဲေနၾကပါလိမ့္ကြာ.."
"အိုး.. heroin နဲ႔ ေရခဲ ျဖစ္စရာမွ မလိုတာ...။ hydrocarbon အမႈန္႔႐ွိရင္ ေစ်းသက္သက္သာသာနဲ႔ ေဆး႐ွဴ လို႔ရၿပီပဲ..."
Bai Yutang က တစ္ဦးတည္း ေမးလိုက္ေျဖလိုက္လုပ္ေနရင္းမွ စိက္ပ်က္စြာ ေခါင္းခါလိုက္သည္။
"ဘဝေတြကို ႏြံထဲ နွစ္ေနၾကတာပဲ.."
"ပံုမွန္ဆိုရင္ေတာ့ သူတို႔လိုမ်ိဳး တစ္ခုခုကို အသဲအသန္ ဝါသနာပါတဲ့သူေတြက ေဆးစြဲႏိုင္ေျခ တအားနည္းတယ္ကြ"
Zhan Zhao ကေတာ့ စိတ္ထဲမွာ သံသယအေတာ္မ်ားမ်ား ႐ွိပံုရသည္။
"တကယ္လို႔ Qi Lei ရဲ႕ ေရာဂါက ေဆးသံုးလို႔ ျဖစ္တာဆိုရင္ တျခားအဖြဲ႔သားေတြၾကေတာ့ ဘာလို႔ Qi Lei လို မျဖစ္တာလဲ.."
"အဲဒါက...."
Bai Yutang က တခဏတာ တိတ္ဆိတ္သြားၿပီး ေတြးလိုက္သည္။
"ဒါေပမဲ့ ဒါက သဲလြန္စတစ္ခုျဖစ္ႏိုင္တယ္၊ သူတို႔ ေဆးကို ဘယ္ကရလဲ ဆိုတာ အ႐ွင္႐ွာၾကည့္ရင္ အေျဖမေပၚေတာင္ တစ္ခုခုေတာ့ သိရမွာပဲ.."
"မႈခင္းေဆး႐ွာေဖြေရးက လူတစ္ေယာက္ေလာက္ ႐ွာၿပီးေမးၾကည့္ရမလား.."
Bai Yutang က ခုနလိုပဲ တစ္ေယာက္ထဲ ေမးလိုက္ ေျဖလိုက္ႏွင့္ပင္။
"ဒါမွမဟုတ္ သူတို္႔ေနာက္ကို လူတစ္ေယာက္ေလာက္ ေနာက္ေယာင္ခံလိုက္ခိုင္းတာက ပိုေသခ်ာမယ္ထင္တယ္"
ေျပာရင္းဆိုရင္းႏွင့္ပင္ သူတို႔ရဲ႕ ကားေလးက ရဲဌာနေ႐ွ႕မွာ ရပ္သြားသည္။ S.C.I. ရံုးခန္းကို ေရာက္ေတာ့ အျပင္မွာ စံုစမ္းေရးတာဝန္က်သူေတြ အကုန္ ျပန္ေရာက္ေနၾကၿပီ။ ထို႔အျပင္ အျပင္လူႏွစ္ေယာက္လဲ ႐ွိေနေသးသည္။ Zhaolan ႏွင့္ Zhaohui တို႔အႁမႊာညီအစ္ကို။
Bai Yutang က တံခါးကို တြန္းၿပီး ဝင္သြားေတာ့ ထိုအႁမႊာႏွစ္ေကာင္က သူ႔အဖြဲ႔သားေတြကို ကတ္တစ္ခုစီ လိုက္ေဝေနသည္။ ပါးစပ္မွလဲ ေျပာေနေသးသည္။
"ဒါက ကြၽန္ေတာ္တို႔ Baishi Group စားေသာက္ကုန္လုပ္ငန္းရဲ႕ V.I.P. ကတ္ပါ ၊ အစ္ကိုတို႔ တစ္ကမၻာလံုးမွာ႐ွိတဲ့ Baishi စားေသာက္ဆိုင္ေတြကေန ႀကိဳက္သေလာက္ အလကား စားလို႔ရပါတယ္ဗ်၊"
"မင္းတို႔ ဘာလုပ္ေနၾကတာလဲ အဲဒါ.."
Bai Yutang ကေတာ့ အေတာ္ ေဒါသထြက္သြားသည္။
"ကြၽန္ေတာ္တို႔ရဲ႕ အစ္ကိုႀကီး လူခ်စ္လူခင္ေပါေအာင္ လုပ္ေပးေနတာပါ"
အႁမႊာႏွစ္ေယာက္က ထသတ္ခ်င္စိတ္ေပါက္ေလာက္ေအာင္ တစ္ညီတစ္ညာတည္း ေျပာေနသည္။
"မင္းတို႔ ရဲစခန္းလာၿပီး လာဘ္ေပးရဲတယ္ေပါ့ အတင့္ရဲလိုက္တာ၊ ေသသြားခ်င္လို႔လား.."
Bai Yutang က ေဒါသတႀကီး ေအာ္လိုက္ၿပီး တံခါးကို လက္ညိဳးထိုးျပသည္။
"ထြက္သြားၾကစမ္း၊ ႏွစ္ေကာင္လံုး."
"ကြၽန္ေတာ္တို႔က ကိုယ္ပိုင္ကုမၸဏီပါ၊ အစိုးရပိုင္တဲ့ လုပ္ငန္းလုပ္တာ မဟုတ္တဲ့အတြက္ လာဘ္ေပးမႈ မေျမာက္ပါဘူး"
အႁမႊာႏွစ္ေကာင္က Bai Yutang ရဲ႕ စြပ္စြဲခ်က္ကို ျပန္ေခ်ပလိုက္ၿပီး သူတို႔နားမွာ ထိုင္ေနတဲ့ Zhao Hu ရဲ႕ ပခံုးကို ပုတ္လိုက္ေသးသည္။
"ဟုတ္တယ္ေနာ္၊ ညီအစ္ကို"
"ဟို.."
Zhao Hu က ျပန္ေျဖဖို႔ကို ေတြေဝေနသည္။ ဟိုၾကည့္ သည္ၾကည့္လုပ္ရင္းႏွင့္ Bai Yutang ဆီသို႔ အၾကည့္ေရာက္သြားေလသည္။
Bai Yutang ကေတာ့ သူ႔ကို တစ္ခ်က္ပဲ စူးစိုက္ၾကည့္လိုက္သည္။
"ဟို... မဟုတ္..ဟုတ္.."
Zhao Hu တစ္ေယာက္ ဘာေျဖလို႔ ေျဖရမွန္း မသိေတာ့..။
"ဟာ.. ကြၽန္ေတာ္တို႔က သူငယ္ခ်င္းေကာင္းေတြ မဟုတ္ဘူးလား.."
အႁမႊာေတြကေတာ့ သူတို႔ ရင္ဘတ္ကို ပုတ္ျပၿပီး Zhao Hu အား စည္းရံုးေနၾကသည္။
"ဟုတ္တယ္... အာ...မဟုတ္ဘူး.."
Zhao Hu က ေခါင္းယမ္းျပလိုက္သည္။
"ဘာ!!!"
Bai Yutang ကေတာ့ မ်က္ႏွာ တင္းေနေလသည္။
"ဟို..ဟို..ဟို... အဲဒါက ေလ.."
Zhao Hu ကေတာ့ အႁမႊာႏွစ္ေကာင္ႏွင့္ Bai Sir ၾကားမွာ ဘယ္သူ႔ကို ၾကည့္ရမွန္းမသိေတာ့..။
"အာ...."
Zhao Hu ကစိတ္ညစ္ညစ္နဲ႔ စကားတစ္ခြန္းမွ ျပန္မေျပာေတာ့ပဲ ေနာက္မွာ ထိုင္ေနတဲ့ Wang Chao ဆီသို႔ ေျပးသြားသည္။
"ဘာလို႔လဲ..။ အျမဲတမ္း ဘာလို႔ ငါပဲ ျဖစ္ေနရတာလဲ.."
.........
Bai Yutang ကေတာ့ နည္းမ်ိဳးစံုသံုးၿပီး Zhaolan ႏွင့္ Zhaohui တို႔ ညီေနာင္ကို ျပန္ပို႔လိုက္သည္။ ၿပီးသည္ႏွင့္ Zhan Zhao ႏွင့္အဖြဲ႔သားမ်ားကို အစည္းအေဝးခန္းထဲသို႔ စုထားခိုင္းလိုက္သည္။
"Jiang Ping ၊ ဒါက Qi Lei ရဲ႕ laptop၊ password ခံထားတယ္၊ မင္းဖြင့္လို႔ ရလား.."
"အေသးအဖြဲပါ.."
Jaing Ping က laptop ကို ယူကာ ကစားၾကည့္လိုက္ေတာ့ ခ်က္ခ်င္းပင္ ပြင့္သြားသည္။
"Oh... ဒါက သာမန္လူေတြသံုးတဲ့ password ပါပဲ.safe mode ကေန ဝင္သြားလိုက္ရင္ ၁၀ မိနစ္အတြင္း ပြင့္သြားလိမ့္မယ္."
Jiang Ping က ပါးစပ္ေရာ လက္ပါ အလုပ္ေပးထားလိုက္သည္။
"ကဲ က်န္တဲ့သူေတြကေရာ.. အေျခအေန ဘယ္လို႐ွိၾကလဲ"
Bai Yutang က ေမးလိုက္သည္။
"ကြၽန္ေတာ္ အရင္ေျပာမယ္"
Ma Han က လက္ေထာင္လိုက္ၿပီး စေျပာသည္။
"ကြၽန္ေတာ္ အခင္းျဖစ္တဲ့ ေနရာ ေလးခုလံုးကို နည္းပညာအဖြဲ႔နဲ႔ သြားၾကည့္တာ ျပသနာတစ္ခ်ိဳ႕ ေတြ႔လိုက္ရတယ္"
Ma Han က မႈခင္းျဖစ္တဲ့ ေနရာက ဓာတ္ပံုေတြကို စားပြဲေပၚ တန္းစီတင္လိုက္ၿပီး ပံုေတြကို ေထာက္ျပလိုက္သည္။
"အမႈေလးခုစလံုးမွာ ေနရာသတ္မွတ္ခ်က္အရေတာ့ တရားခံက Qi Lei တစ္ေယာက္ထဲဆိုတာ ေသခ်ာတယ္"
"ဘာလို႔ အတပ္ေျပာႏိုင္တာလဲ"
အကုန္လံုးက ဓာတ္ပံုေတြကို ၾကည့္လိုက္ရင္း ေမးလိုက္ၾကသည္။
"ေသနတ္ပစ္ဖို႔ ေရြးထားတဲ့ ႐ႈေထာင့္ရယ္၊ အကြာအေဝးရယ္က အတူတူပဲ၊ အကုန္လံုးက မီတာ၅၀ အတြင္းမွာပဲ" Ma Han က ႐ွင္းျပသည္။
"အဲဒါက အျပင္က ေသနတ္ပစ္က်င့္္တဲ့ လူေတြသံုးတဲ့ အကြာအေဝးပဲ"
"နားမလည္ေသးဘူး.."
နားေထာင္ေနသူမ်ားကေတာ့ Ma Han ကို ထပ္ေမးၾကျပန္သည္။
"Bai Sir ဟိုေန႔က Qi Lei ကို မီတာ ၅၀အကြာကေနာ္.."
Bai Yutang က ေခါင္းညိတ္ျပသည္။
"ပစၥတိုတစ္လက္ရဲ႕ ပစ္ႏိုင္စြမ္းက အလြန္ဆံုး မီတာ ၅၀ ကေန ၁၀၀ အတြင္းပဲ႐ွိတယ္၊ ကြၽမ္းက်င္အဆင့္႐ွိတဲ့ ေၾကးစားလူသတ္သမားေတြက ႐ိုင္ဖယ္တစ္လက္ကို ဘယ္ေတာ့မွ မီတာ၁၀၀ အတြင္းကေန ဘယ္ေတာ့မွ ပး္ေလ့မ႐ွိဘူး၊ စႏိုက္ပါ ႐ိုင္ဖယ္တစ္လက္ရဲ႕ ပစ္ႏိုင္စြမ္းက မိတာ ၈၀၀ ကေန ၁၀၀၀ အတြင္း႐ွိတယ္၊ ဆိုေတာ့ ႐ိုင္ဖယ္ကို အနီးကပ္ပစ္မယ္ဆိုရင္ ေသနတ္ရဲ႕ ျပင္းအားေၾကာင့္ သူပစ္ခ်င္တဲ့ လူအျပင္ တျခားသူေတြကိုပါ ထိခိုက္ေစႏိုင္တယ္"
"အဲဒါကေရာ ဘာကို ေျပာတာလဲ"
Zhan Zhao က သူ စိတ္ပညာခြဲျခမ္းစိတ္ျဖာမႈေတြ အေၾကာင္းေျပာတိုင္း Bai Yutang က တ႐ုတ္လိုပဲ ေျပာပါဟု ေျပာခဲ့ဖူးသည္ကို ကိုယ္ခ်င္းစာမိသြားသည္။ သူလဲ လိုက္မမီေတာ့သည္ေလ..။
"ေျပာရမယ္ဆိုရင္ေတာ့ဗ်ာ.. ေသနတ္ပစ္ေလ့က်င့္ထားတဲ့ ေက်ာင္းသားတစ္ေယာက္က စႏိုက္ပါ တစ္လက္ရဲ႕ အေၾကာင္းကို ႐ႈေထာင့္ေတြေရာ၊ ဦးတည္ရာ လားရာေရာ ၊ က်ည္ဆန္ရဲ႕ ေဖာက္ထြင္းႏိုင္မႈေတြ အကုန္သိထားတယ္ဗ်ာ၊ ေၾကးစားတစ္ေယာက္နီးနီး ေလ့က်င့္ထားတယ္၊ သူ႔မွာ သီအိုရီ အပိုင္းေရာ ေလ့က်င့္မႈအပိုင္းေရာ ေၾကးစားတစ္ေယာက္အတိုင္းပဲ ဒါေပမဲ့....."
Ma Han က ခဏရပ္လိုက္သည္။
"သူက ေသနတ္ပစ္တဲ့ အကြာအေဝးကို ေလ့က်င့္လို႔မရဘူး"
"ေအာ္ သိၿပီ"
ခ်က္ခ်င္းနားလည္သြားတဲ့ Bai Yutang က ထေျပာလိုက္သည္။
"ငါနားလည္ၿပီ၊ မင္းေျပာတာက သူက ကန္႔သတ္ထားတဲ့ အကြာအေဝးနဲ႔ပဲ ေလ့က်င့္ခဲ့ရတာေပါ့"
Ma Han က ေခါင္းညိတ္လိုက္သည္။
"အေပ်ာ္တမ္း ေသနတ္ပစ္တဲ့ ေနရာလား"
Bai Yutang က ထပ္ေျပာသည္။
"ကြၽန္ေတာ္လဲ ဒီလိုပဲ ေတြးမိတာ"
Ma Han က ဆက္ေျပာသည္။
"အေပ်ာ္တမ္း ေသနတ္ပစ္ၾကတဲ့ ေနရာက အကြာအေဝးက မီတာ ၅၀ ကေန ၁၀၀ အတြင္းပဲ ႐ွိတယ္၊ အဲဒီေတာ့ ကြၽန္ေတာ္ ၿမိဳ႕ေတာ္မွာ႐ွိတဲ့ အေပ်ာ္တမ္း ေသနတ္ပစ္ရံုေတြကို လိုက္စံုစမ္းၾကည့္တယ္၊ အဲဒီမွာ Guanglong လို႔ေခၚတဲ့ ေသနတ္ပစ္ရံုမွာ Qi Lei က အျမဲတမ္းလာပစ္တဲ့ အဖြဲ႔ဝင္ တစ္ေယာက္ပဲ"
"Guanglong?"
Bai Yutang က မ်က္ေမွာင္ၾကံဳ႕လိုက္သည္။
"အဲဒါက ဘာလဲ"
"Bai Sir, ... Bai Sir က ဘယ္လိုေတြ six pack ထြက္ေအာင္ ေလ့က်င့္ထားတာလဲ၊ gym တို႔ ဘာတို႔ တစ္ခါမွ မသြားဖူးဘူးနဲ႔ တူတယ္"
Wang Chao က Bai Yutang ရဲ႕ ႂကြက္သားေတြကို ၾကည့္ၿပီး ျပံဳးလိုက္သည္။
"S ၿမိဳ႕ေတာ္ရဲ႕ က်န္းမာေရးနဲ႔ အားကစား ကလပ္ ေတာ္ေတာ္မ်ားမ်ားက Guanglong တံဆိပ္ေတြနဲ႔ခ်ည္းပဲ"
"ေအာ္.."
Bai Yutang က ႐ုတ္တရက္ တစ္ခုကို သတိရမိသြားသည္။
"Guanglong က Ponzi groupရဲ႕ စက္ရံုတစ္ခုပဲ၊ သူတို႔ရဲ႕ သူေဌးနာမည္က Pang Wei ဆိုလားပဲ"
Wang Chao က ဆက္ေျပာသည္။
"Pang Wei??"
Zhan Zhao က ထိုနာမည္ကို ၾကားဖူးသလိုလို ႐ွိေနေသာေၾကာင့္ အ့ံျသသြားသည္။
"ေၾကာင္ေလး၊ ဘယ္သူလဲ မင္းသိလား"
Bai Yutang ကလဲ Zhan Zhao ကို တအံ့တျသ လွမ္းေမးသည္။
"မသိပါဘူး၊ နာမည္က ရင္းႏွီးေနသလို႐ွိလို႔.."
Zhan Zhao က ထိုနာမည္ကို စဥ္းစားဖို႔ ဦးေႏွာက္ကို အလုပ္ေပးလိုက္သည္။ Dr. Wilson ရဲ႕ ေဟာေျပာပြဲေန႔တုန္းက သူ႔ကို လာႏႈတ္ဆက္တဲ့ သူရဲ႕ နာမည္က Pang Wei လို႔ ေျပာလိုက္သလားပဲ..
"ဓာတ္ပံု႐ွိလား.."
Zhan Zhao က ေမးလိုက္သည္။
"ဟုတ္ကဲ့"
Ma Han က အိတ္ထဲမွ ဓာတ္ပံုတစ္ပံုကို ထုတ္လိုက္ၿပီး Zhan Zhao ေ႐ွ႕မွာ တင္ေပးလိုက္သည္။ ေအးစက္ေသာ အၾကည့္ႏွင့္ ျပင္းထန္စူး႐ွေသာ ခံစားခ်က္မ်ိဳး။
"ကြၽန္ေတာ္ သူ႔ကို ေတြ႔ဖူးတယ္"
Zhan Zhao က ဓာတ္ပံုကို ေထာက္ရင္း ေျပာလိုက္သည္။ "Dr. Wilson ရဲ႕ စိတ္ပညာေဟာေျပာပြဲ ေန႔တုန္းက...."
"အဲဒီေန႔က မင္းကို အခန္းဝမွာ စကားေျပာေနတဲ့ တစ္ေယာက္လား"
Bai Yutang က မွတ္မိသြားသည္။
"အဲဒီေန႔တုန္းက မင္းတို႔ ဘာေတြေျပာေနၾကတာလဲ"
Zhan Zhao က ေခါင္းယမ္းလိုက္သည္။
"ေထြေထြထူးထူးေတာ့ မဟုတ္ပါဘူး၊ သူက ငါ့ေဟာေျပာပြဲလဲ လာဖူးတယ္ဆိုၿပီး မိတ္ဆက္တာ"
"သူက ေဟာေျပာပြဲေတြ နားေထာင္ရတာ ႀကိဳက္တာလား"
Zhao Hu က နားမလည္ႏိုင္၍ ေမးလိုက္သည္။
"သူက စီးပြားေရးသမား တစ္ေယာက္ဆိုရင္ ဘာလို႔ စိတ္ပညာေဟာေျပာပြဲေတြကို ဘာလို႔ နားေထာင္တာလဲ"
"႐ွိေသးတယ္"
Ma Han က ေျပာလက္စကို ဆက္သည္။
"ကလပ္အဖြဲ႔ဝင္ေတြရဲ႕ အခ်က္အလက္ေတြထဲမွာ သူ႔ကို အမွတ္မထင္ ေတြ႔ခဲ့ေသးတယ္"
Ma Han က ဓာတ္ပံုတစ္ပံု ထုတ္ျပသည္။
"သူ႔ကို မွတ္မိေသးလား"
ၾကည့္ေနသူ အကုန္လံုးက ဓာတ္ပံုကို ၾကည့္ရင္း ေၾကာင္သြားၾကသည္။
"Li Feifan??"
"Xiao Mao ကို ေနာက္ေယာင္ခံလိုက္တဲ့ တစ္ေယာက္" Bai Yutang မ်က္ႏွာက ႐ုတ္တရက္ တင္းမာသြားသည္။
"အဲဒါဆို အဲဒီ ေသနတ္ပစ္ရံုက တစ္ခုခုေတာ့ တစ္ခုခုပဲ" လူတိုင္းက ေခါင္းညိတ္သည္။
"Ma Han အဲဒီေသနတ္ရံုကို ေသခ်ာေစာင့္ၾကည့္ထား"
Bai Yutang က Ma Han ကို ေျပာလိုက္သည္။
"Bai Sir စိတ္မပူပါနဲ႔ "
Ma Han က သူ႔အိတ္ထဲက ကတ္တစ္ကတ္ကို ထုတ္ျပသည္။
"ကြၽန္ေတာ္ အဲ့ ကလပ္မွာ member ဝင္ၿပီးၿပီ"
Bai Yutang က တစ္ခ်က္ ရယ္လိုက္သည္။
" မင္းကေတာ့ကြာ၊ သတိလဲ ထားဦး"
"တျခားသူေတြကေရာ.."
Zhan Zhao က Wang Chao နဲ႔ Zhang Long ဘက္ကို လွည့္ၿပီး ေမးလိုက္သည္။
"တျခားေသဆံုးသူေတြရဲ႕ တူညီတဲ့ အခ်က္ေတြ ဘာေတြ႐ွိလဲ"
"ဟိုေလ.."
Wang Chaoနဲ႔ Zhang Long ႏွစ္ေယာက္သား သက္ျပင္းခ်လိုက္ၾကသည္။
"တူညီတဲ့ အခ်က္ကို ေျပာရမယ္ဆိုရင္ေတာ့ ေသဆံုးသူေတြ အကုန္လံုးက အရမ္းေကာင္းတဲ့ လူေတြခ်ည္းပဲ"
"အရမ္းေကာင္းတဲ့ လူေတြ?"
Zhan Zhao က သံေယာင္လိုက္သည္။
Zhang Long က ေခါင္းညိတ္လိုက္ၿပီး ေသဆံုးသူ သံုးေယာက္ရဲ႕ အခ်က္အလက္ ဖိုင္ေတြကို ဖြင့္ျပလိုက္သည္။
"တကၠသိုလ္က ေက်ာင္းဆရာ ၊ ပရဟိတ သမား စီးပြားေရးပညာ႐ွင္၊ တိရစၧာန္ေဆးရံုက ဆရာဝန္တစ္ေယာက္"
"ၿပီးေတာ့ စိတ္ပညာ႐ွင္ Dr. Wilson နဲ႔ ႐ုပ္႐ွင္မင္းသား Jon King"
"သူတို႔ေတြမွာ ဆက္စပ္စရာေတာ့ တစ္ခုမွ ႐ွိမေနဘူး"
Zhao Hu က ေခါင္းသာကုတ္ေနသည္။
"Dr. Wilson နဲ႔ Jon King တို႔ေရာ အခုဘာလုပ္ေနၾကလဲ" Bai Yutang က ဝင္ေမးလိုက္သည္။
"Dr. Wilson က ႏွလံုးေရာဂါပိုဆိုးလာလို႔ ေဆးရံုမွာ ကုသဖို႔ ရက္နဲနဲေလာက္ ေနရဦးမယ္လို႔ ေျပာပါတယ္"
"Jon King ကေတာ့ ႐ုပ္႐ွင္တစ္ခု လတ္တေလာ ႐ိုက္ကူးဖို႔႐ွိတယ္တဲ့"
"သူတို႔ႏွစ္ေယာက္လံုးရဲ႕ အသက္ေတြကို ေစာင့္ေ႐ွာက္ထားပါ" Bai Yutang က အမိန္႔ေပးလိုက္သည္။
"စိတ္ခ်ပါ Bai Sir ၊ Aihu တို႔ ဘက္ကလဲ ရဲေတြပို႔ထားတယ္ Jon King တို႔မွာလဲ ကိုယ္ပိုင္ သက္ေတာ္ေစာင့္ ေတြနဲ႔ ႏွစ္ဖက္ ပူေပါင္းၿပီး ကာကြယ္ေနပါတယ္"
Wang Chao က ေျပာလိုက္သည္။
"တျခားသူေတြအေၾကာင္းကိုလဲ ကြၽန္ေတာ္တို႔ ဆက္ၿပီးစံုစမ္းမွာပါ"
"ေသနတ္ရဲ႕ အေၾကာင္းကိုေတာ့ Xu Qing က စံုစမ္းေနဆဲပါ၊ ေမွာင္ခိုလက္နက္ျဖစ္ဖို႔မ်ားတယ္"
Zhao Hu က ျဖည့္ေျပာသည္။
Bai Yutang က ေခါင္းညိတ္လိုက္သည္။
"အကုန္လံုး စံုစမ္းလက္စကို ဆက္ၿပီး စံုစမ္းလိုက္ၾကဦး၊ Zhao Hu မင္းက M တကၠသိုလ္ကို သြားၿပီးေတာ့ Boiling Point ဆိုတဲ့ တီးဝိုင္းတစ္ဖြဲ႔ကို ေစာင့္္ၾကည့္ထား၊ အထူးသျဖင့္ Qi Le ဆိုတဲ့ မိန္းကေလးကို.."
"Yes Sir"
"ငါ အေလာင္းခြဲတဲ့ အေျဖေျပာဖို႔ ႐ွိေသးတယ္"
Gongsun က Qi Lei အေလာင္းကို စစ္ေဆးထားတဲ့ မွတ္တမ္းကို Bai Yutang အား လွမ္းေပးသည္။
"သူ႔က သူ႔ကိုယ္သူ တအားႏွိပ္စက္ထားတဲ့ ဒဏ္ရာေတြ႐ွိတယ္၊ ၿပီးေတာ့ ေဆးလဲသံုးထားတာ ေတြ႔တယ္"
Zhan Zhao နဲ႔ Bai Yutang တို႔က တစ္ေယာက္ကို တစ္ေယာက္ ေသခ်ာတဲ့ အၾကည့္ေတြ ဖလွယ္လိုက္ၾကသည္။
"Bai Sir ဒီမွာၾကည့္.."
တစ္ခ်ိန္လံုး စကားဝိုင္းထဲမဝင္ပဲ laptop တစ္လံုးႏွင့္ အလုပ္႐ႈပ္ေနေသာ Jiang Ping က Bai Yutang အား အေလာတႀကီး လွမ္းေခၚလိုက္သည္။
အကုန္လံုးရဲ႕ အာရံုက လက္႐ွိ Jiang Ping ဆီေရာက္သြားၾကသည္။
"ဒီမွာ အရမ္းထူးဆန္းတဲ့ email တစ္ေစာင္က ေသနတ္ပစ္တဲ့ ေန႔ ႏိုဝင္ဘာ ၂၇က ေရာက္ေနတယ္"
Jiang Ping က mail ကို ဖြင့္လိုက္သည္။
"အခ်ိန္ေစ့ေလၿပီ
မေကာင္းဆိုးဝါးကို ႏိႈးထေလာ့
ယခုအခ်ိန္မွ စ၍
သင္ဟာ သင္ကိုယ္တိုင္ မဟုတ္ေတာ့ေပ"
ၾကည့္ေနသူအားလံုး မင္သက္မိသြားသည္။
"ၿပီးေတာ့ ဒါေတြေရာပဲ"
Jiang Ping က တျခား email ေတြလဲ တစ္ခုၿပီး တစ္ခု ဖြင့္ျပသည္။
"ဒီemail နဲ႔ တစ္ပံုစံတည္း email ၄ေစာင္ေတြ႔တယ္၊ ၿပီးေတာ့ က်န္တဲ့ သံုးေစာင္က တျခားလူသတ္မႈေတြျဖစ္တဲ့ ေန႔က ပို႔ထားတာေတြ"
"ပို႔တဲ့လူက ဘယ္သူလဲ"
Bai Yutang က သိခ်င္စိတ္ႏွင့္ ေမးလိုက္သည္။
"ေအာက္ဆံုးမွာေတာ့ ေရးထားတာက... Killer Training Camp"
Jiang Ping က ပို႔သူကို အားလံုးျမင္ေစႏိုင္ရန္ ျပလိုက္သည္။
"... Killer Training Camp..."
Zhan Zhao က ထိုနာမည္ကို တအံ့တျသ ေရရြတ္လိုက္သည္။
"Training camp က လူသတ္သမား?"
"Bai Sir သူ႔ရဲ႕ laptop မွာတင္ထားတဲ့ wallpaper ကို ၾကည့္ျကည့္ပါဦး"
Jiang Ping က ခလုတ္တစ္ခုႏွိပ္လိုက္ေတာ့ အနက္ေရာင္ ဖန္သားျပင္ေပၚမွာ တံစဥ္နဲ႔ ေသမင္းတစ္ေယာက္"
"Xiao Mao၊ ဒါ ဘာကို ေျပာတာလဲ"
Bai Yutang က Zhan Zhao ကို ေမးလိုက္သည္။
Zhan Zhao က ခဏအၾကာ စဥ္းစားလိုက္ၿပီးမွ ေျပာလိုက္သည္။
"တစ္ေယာက္ေယာက္က Qi Lei ကို ထိန္းခ်ဳပ္ၿပီးေတာ့ လူသတ္ခိုင္းေနတာ ျဖစ္ႏိုင္တယ္၊ ဒီ Killer Training Camp က လူသတ္ေနတဲ့ အဖြဲ႔အစည္းတစ္ခုပဲ.."
"ဟူး...." Bai Yutang က သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
"ဒါက ငါတို႔ထင္တာထက္ပိုၿပီးေတာင္ ႐ႈပ္ေထြးလာသလိုပဲ၊ Jiang Ping ပို႔တဲ့သူကို တစ္ခ်က္ စစ္ၾကည့္"
"ၾကည့္တာေတာ့ ရပါတယ္၊ ဒါေပမဲ့ ဒါက အရင္ဟာေတြထက္ေတာ့ နဲနဲပိုခက္တယ္၊ ပို႔တဲ့သူရဲ႕ ID က အႏၱရာယ္ ႐ွိတယ္"
Zhan Zhao က ေတြေဝသြားလိုက္ၿပီးမွ ဆက္ေျပာသည္။
"အျမန္ဆံုးသိႏိုင္မွ ရမယ္၊ ၾကာေလ ေသဆံုးသူေတြ မ်ားလာေလ ျဖစ္ေနမွာ.."
အကုန္လံုးရဲ႕ မ်က္ႏွာမွာ စိုးရိမ္ျခင္းေတြ ေနရာယူလ်က္။
Bai Yutang က အခန္းထဲဝင္သြားေသာ Zhan Zhao က ေနာက္မွ လိုက္ဝင္ကာ တံခါးပိတ္လိုက္သည္။
"Yutang ၊ ငါအခု တအားစိုးရိမ္ေနတယ္"
"ဘာျဖစ္လို႔လဲ"
Bai Yutang က Zhan Zhao ရဲ႕ မ်က္ႏွာမေကာင္းတာေၾကာင့္ သူပါစိုးရိမ္သြားသည္။
"Qi Le နဲ႔ တျခားသူေတြ ေျပာျပခ်က္အရဆိုရင္ Qi Lei ရဲ႕ အိပ္ရင္းနဲ႔ လမ္းေလ်ွာက္တာက စျဖစ္ျဖစ္ခ်င္းတုန္းက အရမ္းႀကီး မဆိုးရြားေသးဘူး၊ ဒါေပမဲ့ အခုေနာက္ပိုင္းမွ သိသိသာသာႀကီး ဆိုးရြားလာတာေလ..."
"အဲဒါက ဘာျဖစ္လို႔လဲ"
Bai Yutang က Zhan Zhao ရဲ႕ ဆိုလိုရင္းကို နားမလည္ေသးေပ။
"ငါထင္တာကေတာ့ Qi Lei ရဲ႕ ေရာဂါ သိသိသာသာ ေျပာင္းလဲလာတာက စိတ္ပညာရဲ႕ ဆြဲေခၚမႈေၾကာင့္ ျဖစ္မယ္လို႔ ထင္တယ္၊ ၿပီးေတာ့ ဒါက "မီးစာရဲ႕ လမ္းျပျခင္း"ပဲ"
Zhan Zhao က ဆက္၍ ႐ွင္းျပေနသည္။
"မီးစာရဲ႕ လမ္းျပျခင္းဆိုတာက အရမ္း႐ႈပ္ေထြးရဲ႕ စိတ္ပညာ လုပ္ရပ္တစ္ခုပဲ၊ သူက အရမ္းကို အႏၱရာယ္မ်ားတယ္"
Bai Yutang ကေတာ့ Zhan Zhao စကားကိုသာ ၿငိမ္ၿပီး နားေထာင္ေနသည္။
"ဘယ္အခ်ိန္ထဲက လူေတြက စိတ္ပညာကို လူသတ္လက္နက္အေနနဲ႔ စၿပီးအသံုးခ်လာၾကတာလဲ မသိေတာ့ဘူးကြာ.."
Zhan Zhao က စိတ္မထိန္းႏိုင္ေတာ့ပဲ ေျပာလိုက္သည္။
"ၿပီးေတာ့ ေသနတ္ထက္ေတာင္ ပိုေကာင္းေနေသးတယ္၊"
Bai Yutang က Zhan Zhao ရဲ႕ ပခံုးေလးကို တျဖည္းျဖည္း ပုတ္ေပးရင္း ႏွစ္သိမ့္စကားေျပာဖို႔ ျပင္ေနတုန္းပင္႐ွိေသး၊
Dididididididididi...
ဖုန္းျမည္လာသျဖင့္ Bai Yutang က ဖုန္းကို အိတ္ထဲမွ ထုတ္ၿပီး ေခၚသူနာမည္ကို ၾကည့္ရင္းမွ မ်က္ႏွာက ျဖဴဆုတ္သြားေလသည္။
"Xiao Mao!"
Bai Yutang က ဖုန္းကို Zhan Zhao ဘက္သို႔ ပစ္ေပးလိုက္သည္။ "အရမ္းအေရးႀကီးတဲ့ ဖုန္း"
Zhan Zhao က အမွတ္တမဲ့ ဖုန္းကို လွမ္းဖမ္းလိုက္ၿပီး ေခၚဆိုသူ အမည္ကို ၾကည့္ေတာ့- ေမေမ..။
Zhan Zhao က အလ်င္အျမန္ပဲ ဖုန္းကို ျပန္ပစ္ေပးလိုက္သည္။
"မင္းဟာမင္း ကိုင္ပါလား"
"ကိုင္ေပးပါကြာ၊ ငါမ႐ွိဘူးလို႔ ေျပာေပးရံုတင္ေလးပါကြာ ေနာ္" ျပန္ပစ္ေပးလိုက္ျပန္သည္။
"မလုပ္ခ်င္ဘူးကြာ၊ ငါ မလိမ္တတ္ဘူး၊ မင္းက အျမဲတမ္းအဲ့လိုပဲ"
ဖုန္းက ေလေပၚကေန Bai Yutang လက္ထဲ ျပန္ေရာက္သြားသည္။
ထိုဖုန္းက ေလေပၚမွာ အႀကိမ္ႀကိမ္ လွည့္ပတ္ေနရင္းမွ Bai Yutang က ဖုန္းကို ျပန္ေျဖတဲ့ ခလုတ္ႏွိပ္လိုက္ၿပီဴ Zhan Zhao ဘက္ကို ျပန္ပစ္ေပးလိုက္သည္။
"ေဟ့ေကာင္၊ မင္း..."
Zhan Zhao က Bai Yutang ထံ ျပန္ပစ္ဖို႔ ႀကိဳးစားေပမဲ့ တစ္ဖက္မွ ေခၚဆိုသူကေတာ့ Zhan Zhao အသံကို ၾကားသြားေလသည္။
"ဟဲလို၊ ဟဲလို..၊ Xiao Zhao လား"
ေသစမ္း၊ Zhan Zhao က Bai Yutang ကို စိတ္ပ်က္ပ်က္ႏွင့္ ေမာ့ၾကည့္လိုက္သည္။
"ဟဲလို၊ အန္တီလား"
"Xiao Zhao၊ Yutang ေဘးမွာ မ႐ွိဘူးလား"
Yutang ေမေမရဲ႕ အသံေလးက ခ်ိဳၿမိန္ကာ အရင္လိုပင္ သာယာေလသည္။
"ေအာ္.. Yutang လား.."
Zhan Zhao က Bai Yutang ကို ေမာ့ၾကည့္လိုက္သည္။ Bai Yutang က အလ်င္အျမန္ လက္ကာျပသည္။
"ဟို.. ဟို.. သူ ဒီမွာမ႐ွိဘူးခင္ဗ်"
"မ႐ွိဘူးလား။ မ႐ွိဘူးဆိုလဲ မ႐ွိဘူးေပါ့..
ႏွစ္ေယာက္လံုး အန္တီ့တို႔အိမ္ကို ဒီည ညစာ လာစားရမွာေနာ္"
"ညစာလား"
Zhan Zhao က Bai Yutang ကို ေနာက္တစ္ခါ ေမာ့ၾကည့္ျပန္သည္။ Bai Yutang က အလန္႔တၾကား ေခါင္းခါျပသည္။ မသြားဘူးဆိုသည့္ သေဘာ။
"အန္တီ၊ ဒီည ကြၽန္ေတာ္တို႔ လုပ္စရာေလးေတြ ႐ွိေသးလို႔...." Zhan Zhao က ျပန္ေျဖေနတာပင္ မဆံုးေသး။
"အင္း..."
တစ္ဖက္မွ Yutang ေမေမက တိတ္ဆိတ္ေနၿပီးမွ ဆက္ေျပာသည္။
"Xiao Mao၊ ဖုန္းကို speaker ဖြင့္ၿပီး သားေ႐ွ႕က လက္ဟန္ေျခဟန္ေတြျပေနတဲ့ သူေ႐ွ႕ ခ်ေပးလိုက္"
"ဗ်ာ..."
Zhan Zhao တစ္ေယာက္ ဘာမွမတတ္ႏိုင္ေတာ့၊ ဖုန္းကို speaker ဖြင့္လိုက္ၿပီး Bai Yutang ေ႐ွ႕ကိုသာ ခ်ေပးလိုက္သည္။
Bai Yutang က ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ၿပီးမွ ဖုန္းကို နားေထာင္လိုက္သည္။ Bai Yutang လက္ထဲဖုန္းေရာက္သည္ႏွင့္ ေစာေစာက သာယာခ်ိဳျမန္လွေသာ Yutang ေမေမရဲ႕ အသံေလးက ႐ုတ္တရက္ က်ားဟိန္းသံပမာ ျဖစ္သြားေလသည္။
"Bai Yutang ၊ မင္းဒီည အိမ္မွာ ညစာ လာစားရင္စား၊ မဟုတ္ရင္ေတာ့ မင္းမိန္းကေလးလို ဝတ္ထားတဲ့ ပံုတစ္ပံု မိတၱဴ ကူးၿပီး ရဲစခန္းက တံခါးတိုင္းမွာ ၂နာရီအတြင္း အကုန္ ကပ္ၿပီးသားျဖစ္ေနေစရမယ္.. ဒါပဲ!!"
တစ္ဖက္မွ ဖုန္းကေတာ့ ဂြက္ခနဲခ်သြားေလၿပီ။
တံခါးနားမွာ နားရြက္ေလးကပ္ ေခါင္းေလးေစာင္းရင္ နားေထာင္ေနၾကသည့္ တံခါးတစ္ဖက္က လူႏွစ္ေယာက္ကေတာ့ သူတို႔နား သူတို႔ မယံုႏိုင္ျဖစ္ကာ ေအာ္လိုက္ျကသည္။
ေနာက္ဆံုးမွာေတာ့ Bai Yutang က တံခါးမွာ နားေထာင္ေနတဲ့ ႏွစ္ေကာင္ကို ေအာ္ဖို႔ အျပင္ထြက္လာေလသည္။
"မင္းတို႔ ဘာလုပ္ေနၾကတာလဲ ဒီမွာ..၊ စံုစမ္းဖို႔အတြက္ မသြားၾကေသးဘူးလား"
ႏွစ္ေယာက္သား လန္႔သြားၿပီး အျပင္ကို အလ်င္အျမန္ ေျပးထြက္သြားၾကေလသည္။
...........
Zhan Zhao ႏွင့္ Bai Yutang တို႔ Bai အိမ္ေတာ္ကို ေရာက္ေတာ့ ညေတာင္ ေရာက္ေနေလၿပီ။
Zhao ေမေမက Yutang ေမေမကို မီးဖိုေခ်ာင္မွာ ဟင္းကူခ်က္ေနၿပီး ဧည့္ခန္းမွာေတာ့ Bai Yunwen နဲ႔ Zhan Qi တို႔က ေရေႏြးေသာက္ရင္း စကားေျပာေနၾကသည္။ ထိုအထဲတြင္ Zhan Zhao ႏွင့္ Bai Yutang တို႔ မသိေသာ သက္လတ္ပိုင္း လူႀကီးတစ္ေယာက္ကလဲ စကားအတူေျပာေနၾကသည္။
"အေဖ၊ ဦးေလး"
ကေလးႏွစ္ေယာက္က အတူတူေခၚလိုက္ၾကသည္။
သူတို႔မသိေသာ လူႀကီးက ျပံဳးလိုက္ၿပီး Zhan Zhao ႏွင့္ Bai Yutang တို႔ကို စိုက္ၾကည့္ေနေလသည္။
"သူတို႔က Yutang ေလးနဲ႔ Xiao Zhao ေလးလား။ ဒီအရြယ္ေတာင္ ေရာက္ေနၾကၿပီလား၊ အရမ္းေတာ္တဲ့ ရဲေလးေတြ...ဟားဟားဟား"
ထိုလူႀကီးက Zhan Zhao ႏွင့္ Bai Yutang ကို ၾကည့္ၿပီး အားရပါးရ ျပံဳးျပေနသည္။
"ငါတို႔ ဦးေလးသံုးေယာက္ေလ.."
Bai Yunwen က ရယ္လိုက္ၿပီးေျပာသည္။
"သူက ေဖေဖ့ တစ္ဝမ္းကြဲညီ Bai Feng တဲ့၊ မင္းတို႔ ငယ္ငယ္တုန္းက ေတြ႔ဖူးပါတယ္ကြာ.."
"ဦးေလးသံုးေယာက္?"
Zhan Zhaoႏွင့္ Bai Yutang တို႔ အ့ံအားသင့္ကာ ေအာ္လိုက္သည္။
"Yutang၊ မင္းဦးေလးရဲ႕ သားတစ္ေယာက္ကလဲ ရဲသင္တန္းက ဒီႏွစ္မွ ဘြဲ႔ရတာ၊ အခု S ၿမိဳ႕ေတာ္ရံုးမွာ လုပ္ေနတယ္၊ မင္း ေကာင္းေကာင္း ဂ႐ုစိုက္လိုက္ဦးေနာ္"
"Bai Chi ေရ၊ မင္းအစ္ကိုေတြ ေရာက္ေနၿပီ၊ ထြက္လာၿပီး ႏႈတ္ဆက္လိုက္ဦး"
Bai Feng က မီးဖိုေခ်ာင္ဘက္သို႔ လွမ္းေအာ္လိုက္သည္။
Zhan Zhao ႏွင့္ Bai Yutang တို႔က နာမည္ကို ၾကားၾကားခ်င္း ေၾကာင္သြားၾကသည္။
ၿပီးေနာက္ Yutang ေမေမႏွင့္အတူ ရဲဝတ္စံုႏွင့္ မဟုတ္ပဲ အရပ္ဝတ္ႏွင့္ စိတ္လႈပ္႐ွားေနပံုရေသာ လူငယ္ေလး၊ မေန႔ညက ရဲသားေလး အစစ္ပါပဲ..
Bai Chi က Zhan Zhao ႏွင့္ Bai Yutangတို႔ႏွစ္ေယာက္ကို ျပံဳးျပလိုက္သည္။
"Bai....bai...Bai Sir.."
Bai Yutang ႏွင့္ Zhan Zhao ကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ရင္း အံ့ျသေနသလို ရယ္လဲ ရယ္ခ်င္ေနသည္။
"ဟားဟားဟားဟား.."
Bai Yunwen က ရယ္လိုက္သည္။
"ဘာ Bai Sir လဲ၊ အခု အိမ္ျပန္ေရာက္ေနၿပီပဲ..၊ ကိုကိုလို႔ေခၚ၊ႏွစ္ေယာက္လံုးက သားအစ္ကိုေတြခ်ည္းပဲ"
........
Bai Chi ကေတာ့ ေခါင္းငံု႔လိုက္ ျပန္ေမာ့လိုက္ ျပန္ငံု႔လိုက္ႏွင့္ စဥ္းစားေနသည္။ သူက လူတစ္ေယာက္ကို အစ္ကို လို႔ မေခၚတာ ၾကာေနေလၿပီ၊
ထို႔ေနာက္ Zhan Zhao က Bai Yutang ကို ၾကည့္ကာ မ်က္လံုးမွိတ္ျပလိုက္သည္။ ဆိုလိုတာကေတာ့
"ထူးဆန္းတာပဲ မင္းတို႔ Bai အိမ္ေတာ္က တစ္ေန႔တစ္မ်ိဳး မ႐ိုးရဘူးေနာ္၊ အထူးအဆန္းေတြခ်ည္းပဲ.."
Bai Yutang ကလဲ မ်က္လံုးျပန္မွိတ္ျပသည္။
"သူက Bai အိမ္ေတာ္ရဲ႕ မ်ိဳးဆက္ မဟုတ္ဘူးကြ"
Zhan Zhao က မ်က္လံုးထပ္မွိတ္ျပသည္။
"အၾကင္နာတရား ေခါင္းပါးတဲ့ေကာင္ေလး"
Bai Yutang ကေတာ့ ပခံုးတြန္႔ျပသည္။
"ငါေတာ့ ေနာက္ဆို ေသပါၿပီကြာ.."
Bai Chi ကေတာ့ သူ႔ကို ေ႐ွ႕မွာထားၿပီး အၾကည့္ခ်င္း ဖလွယ္ေနၾကေသာ အစ္ကိုႏွစ္ေယာက္ကို ငုတ္တုတ္ေလးသာ ထိုင္ၾကည့္ေနေလသည္။ ဘာမွလဲ မေျပာရဲ၊ မေန႔က အေၾကာင္းစဥ္းစားမိေတာ့ ႐ွက္လြန္း၍ မ်က္ႏွာက ရဲလာသည္။
"စဥ္းစားစမ္း.. မေန႔က ဘယ္လိုအ႐ွက္ကြဲခဲ့လဲဆိုတာ.. ၊ ငါ့ကိုေတာ့ ျမင္ျမင္ခ်င္း အမွတ္ေတြ ေလ်ွာ့ေတာ့မွာပဲ.. ေသစမ္းပါေတာ့ကြာ..."
...............
ေအးစက္ေနေသာ ေဆာင္းေလႏွင့္အတူ ႀကီးမားလွေသာ မိုးသီးမ်ားက လက္သီးႏွင့္ ထိုးေနသေယာင္ ျပင္းထန္လွသည္။
ေမွာင္မိုက္လွတဲ့ ပတ္ဝန္းက်င္မွာ ေနရာတကာ ရႊံ႔ဗြက္တို႔ အျပည့္..၊
မိုးေရေတြ မိုးသီးေတြ ၾကားမွပင္ သူ႔ဆီ ေဒါသတႀကီးေျပးလာေနတဲ့ သရဲတစ္ေကာင္၊ တစ္ကိုယ္လံုးရႊံ႔ဗြက္ေတြႏွင့္ စိုရႊဲေနၿပီး ေအာ္ဟစ္ေနေသာ သရဲ၊
သူက တစ္ဖက္လွည့္လိုက္ေတာ့ေမွာင္မဲေနေသာ မိုးေရေတြ ၾကားမွာ ဝိညာဥ္ေတြကို သရဲေတြ မေကာင္းဆိုးဝါးေတြက တိုက္ခိုက္ေနၾကသည္မွာ ေနရာအႏွံ႔၊
မေကာင္းဆိုးဝါးေတြက အားႀကီး၍လား မိုးသီးမိုးေပါက္ေတြက ျပင္းထန္လို႔လားေတာ့ မသိ၊ ဝိညာဥ္မ်ားမွာ အတိုင္းထက္အလြန္ နာက်င္ေနၾကသည္။ နာက်င္မႈ သက္သာလို သက္သာျငား ကိုယ္ကို လူးလွိမ့္ၾကည့္လိုက္ၾကသည္။ နာက်င္မႈကေတာ့ ေသသည္အထိ ေပ်ာက္မသြားေပ။
.....Divine Comedy....
ငရဲျပည္၏ တတိယအထပ္
Di..........
Screen ေပၚမွာ message တစ္ေစာင္ဝင္လာသည္။
"သူတို႔ကို ကယ္တင္ႏိုင္တာ မင္းတစ္ေယာက္ထဲပဲ"
"ခြမ္း....."
Screen က ေျမေပၚက်သြားသည္ႏွင့္ အသံတစ္ခ်ိဳးထြက္လာကာ ပိတ္သြားသည္။ သူကေတာ့ အခန္းရဲ႕ ေထာင့္တစ္ေနရာမွာ ထိုင္ကာ လက္ႏွစ္ဖက္က ေခါင္းကို တင္းၾကပ္စြာ ကိုင္ထားၿပီး နာက်င္စြာ ေအာ္ေနသံတို႔က တစ္ခန္းလံုး ပ့်ံႏွံ႔ေနလ်က္.....။
End of Killer Training Camp.. 05
Thank you all
စာေမးပြဲ ေျဖႏိုင္ပါတယ္ေနာ္၊ ဒီေန႔က စၿပီး အရင္လို update ေတြ ျပန္စပါမယ္ေနာ္
.....
Unicode
Qi Le က laptop သာ ယူလာတာ password မသိသောကြောင့် ချက်ချင်း ဖွင့်ကြည့်လို့မရ။ Bai Yutang နဲ့ Zhan Zhao တို့က ထိုlaptop ကို ရုံးကိုယူသွားပြီး Jiang Ping ကို ကြည့်ရှင်းခိုင်းဖို့ တွေးလိုက်ကြသည်။
တခြားတီးဝိုင်းအဖွဲ့သားများကို မေးခွန်းမေးတာတော့ ထွေထွေ ထူးထူးဘာမှမသိရပေ။ ကျောင်းသားတွေ ကြားထဲက ရင်းနှီးမှုက သူတို့နှစ်ယောက် ထင်ထားတာထက် ပိုနေပြီး Qi Lei အတွက် သူတို့ တော်တော်လေး ဖြေနိုင်မှာ မဟုတ်ပေ။
Bai Yutang ကတော့ တစ်ခုခု စဉ်းစားလာမိရင် သူ့ကို ဖုန်းဆက်စေနိုင်ရန်အတွက် Qi Le အား သူ့ဖုန်းနံပါတ်ပေးထားခဲ့ပြီး Qi Le နံပါတ်လဲ ယူထားလိုက်သည်။ ပြီးနောက်တော့ Bai Yutang က Zhan Zhao နှင့်အတူ S.C.I. ရုံးခန်းသို့ ပြန်လာလေသည်။
"တီးဝိုင်းက ကလေးတွေကို ကြည့်ရတာတော့ သိပ်ပုံမှန်မဟုတ်ဘူးလို့ ခံစားရတယ်"
ကားသွားနေတုန်း Zhan Zhao က ပြောလိုက်သည်။
"အကုန်လုံးဆေးစွဲနေကြတာပဲကို၊ ဘယ်လိုလုပ် ပုံမှန်ဖြစ်မှာလဲ"
Bai Yutang က ကားကို ဂရုတစိုက်မောင်းရင်းမှ ပြန်ဖြေသည်။
"အကုန်လုံးက အသက် 20 စွန်းစွန်းလောက်ပဲ ရှိကြဦးမှာ ၊ ဘယ်လိုလုပ်များ ဆေးစွဲနေကြပါလိမ့်ကွာ.."
"အိုး.. heroin နဲ့ ရေခဲ ဖြစ်စရာမှ မလိုတာ...။ hydrocarbon အမှုန့်ရှိရင် ဈေးသက်သက်သာသာနဲ့ ဆေးရှူ လို့ရပြီပဲ..."
Bai Yutang က တစ်ဦးတည်း မေးလိုက်ဖြေလိုက်လုပ်နေရင်းမှ စိက်ပျက်စွာ ခေါင်းခါလိုက်သည်။
"ဘဝတွေကို နွံထဲ နှစ်နေကြတာပဲ.."
"ပုံမှန်ဆိုရင်တော့ သူတို့လိုမျိုး တစ်ခုခုကို အသဲအသန် ဝါသနာပါတဲ့သူတွေက ဆေးစွဲနိုင်ခြေ တအားနည်းတယ်ကွ"
Zhan Zhao ကတော့ စိတ်ထဲမှာ သံသယအတော်များများ ရှိပုံရသည်။
"တကယ်လို့ Qi Lei ရဲ့ ရောဂါက ဆေးသုံးလို့ ဖြစ်တာဆိုရင် တခြားအဖွဲ့သားတွေကြတော့ ဘာလို့ Qi Lei လို မဖြစ်တာလဲ.."
"အဲဒါက...."
Bai Yutang က တခဏတာ တိတ်ဆိတ်သွားပြီး တွေးလိုက်သည်။
"ဒါပေမဲ့ ဒါက သဲလွန်စတစ်ခုဖြစ်နိုင်တယ်၊ သူတို့ ဆေးကို ဘယ်ကရလဲ ဆိုတာ အရှင်ရှာကြည့်ရင် အဖြေမပေါ်တောင် တစ်ခုခုတော့ သိရမှာပဲ.."
"မှုခင်းဆေးရှာဖွေရေးက လူတစ်ယောက်လောက် ရှာပြီးမေးကြည့်ရမလား.."
Bai Yutang က ခုနလိုပဲ တစ်ယောက်ထဲ မေးလိုက် ဖြေလိုက်နှင့်ပင်။
"ဒါမှမဟုတ် သူတို့်နောက်ကို လူတစ်ယောက်လောက် နောက်ယောင်ခံလိုက်ခိုင်းတာက ပိုသေချာမယ်ထင်တယ်"
ပြောရင်းဆိုရင်းနှင့်ပင် သူတို့ရဲ့ ကားလေးက ရဲဌာနရှေ့မှာ ရပ်သွားသည်။ S.C.I. ရုံးခန်းကို ရောက်တော့ အပြင်မှာ စုံစမ်းရေးတာဝန်ကျသူတွေ အကုန် ပြန်ရောက်နေကြပြီ။ ထို့အပြင် အပြင်လူနှစ်ယောက်လဲ ရှိနေသေးသည်။ Zhaolan နှင့် Zhaohui တို့အမြွှာညီအစ်ကို။
Bai Yutang က တံခါးကို တွန်းပြီး ဝင်သွားတော့ ထိုအမြွှာနှစ်ကောင်က သူ့အဖွဲ့သားတွေကို ကတ်တစ်ခုစီ လိုက်ဝေနေသည်။ ပါးစပ်မှလဲ ပြောနေသေးသည်။
"ဒါက ကျွန်တော်တို့ Baishi Group စားသောက်ကုန်လုပ်ငန်းရဲ့ V.I.P. ကတ်ပါ ၊ အစ်ကိုတို့ တစ်ကမ်ဘာလုံးမှာရှိတဲ့ Baishi စားသောက်ဆိုင်တွေကနေ ကြိုက်သလောက် အလကား စားလို့ရပါတယ်ဗျ၊"
"မင်းတို့ ဘာလုပ်နေကြတာလဲ အဲဒါ.."
Bai Yutang ကတော့ အတော် ဒေါသထွက်သွားသည်။
"ကျွန်တော်တို့ရဲ့ အစ်ကိုကြီး လူချစ်လူခင်ပေါအောင် လုပ်ပေးနေတာပါ"
အမြွှာနှစ်ယောက်က ထသတ်ချင်စိတ်ပေါက်လောက်အောင် တစ်ညီတစ်ညာတည်း ပြောနေသည်။
"မင်းတို့ ရဲစခန်းလာပြီး လာဘ်ပေးရဲတယ်ပေါ့ အတင့်ရဲလိုက်တာ၊ သေသွားချင်လို့လား.."
Bai Yutang က ဒေါသတကြီး အော်လိုက်ပြီး တံခါးကို လက်ညိုးထိုးပြသည်။
"ထွက်သွားကြစမ်း၊ နှစ်ကောင်လုံး."
"ကျွန်တော်တို့က ကိုယ်ပိုင်ကုမ္ပဏီပါ၊ အစိုးရပိုင်တဲ့ လုပ်ငန်းလုပ်တာ မဟုတ်တဲ့အတွက် လာဘ်ပေးမှု မမြောက်ပါဘူး"
အမြွှာနှစ်ကောင်က Bai Yutang ရဲ့ စွပ်စွဲချက်ကို ပြန်ချေပလိုက်ပြီး သူတို့နားမှာ ထိုင်နေတဲ့ Zhao Hu ရဲ့ ပခုံးကို ပုတ်လိုက်သေးသည်။
"ဟုတ်တယ်နော်၊ ညီအစ်ကို"
"ဟို.."
Zhao Hu က ပြန်ဖြေဖို့ကို တွေဝေနေသည်။ ဟိုကြည့် သည်ကြည့်လုပ်ရင်းနှင့် Bai Yutang ဆီသို့ အကြည့်ရောက်သွားလေသည်။
Bai Yutang ကတော့ သူ့ကို တစ်ချက်ပဲ စူးစိုက်ကြည့်လိုက်သည်။
"ဟို... မဟုတ်..ဟုတ်.."
Zhao Hu တစ်ယောက် ဘာဖြေလို့ ဖြေရမှန်း မသိတော့..။
"ဟာ.. ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား.."
အမြွှာတွေကတော့ သူတို့ ရင်ဘတ်ကို ပုတ်ပြပြီး Zhao Hu အား စည်းရုံးနေကြသည်။
"ဟုတ်တယ်... အာ...မဟုတ်ဘူး.."
Zhao Hu က ခေါင်းယမ်းပြလိုက်သည်။
"ဘာ!!!"
Bai Yutang ကတော့ မျက်နှာ တင်းနေလေသည်။
"ဟို..ဟို..ဟို... အဲဒါက လေ.."
Zhao Hu ကတော့ အမြွှာနှစ်ကောင်နှင့် Bai Sir ကြားမှာ ဘယ်သူ့ကို ကြည့်ရမှန်းမသိတော့..။
"အာ...."
Zhao Hu ကစိတ်ညစ်ညစ်နဲ့ စကားတစ်ခွန်းမှ ပြန်မပြောတော့ပဲ နောက်မှာ ထိုင်နေတဲ့ Wang Chao ဆီသို့ ပြေးသွားသည်။
"ဘာလို့လဲ..။ အမြဲတမ်း ဘာလို့ ငါပဲ ဖြစ်နေရတာလဲ.."
.........
Bai Yutang ကတော့ နည်းမျိုးစုံသုံးပြီး Zhaolan နှင့် Zhaohui တို့ ညီနောင်ကို ပြန်ပို့လိုက်သည်။ ပြီးသည်နှင့် Zhan Zhao နှင့်အဖွဲ့သားများကို အစည်းအဝေးခန်းထဲသို့ စုထားခိုင်းလိုက်သည်။
"Jiang Ping ၊ ဒါက Qi Lei ရဲ့ laptop၊ password ခံထားတယ်၊ မင်းဖွင့်လို့ ရလား.."
"အသေးအဖွဲပါ.."
Jaing Ping က laptop ကို ယူကာ ကစားကြည့်လိုက်တော့ ချက်ချင်းပင် ပွင့်သွားသည်။
"Oh... ဒါက သာမန်လူတွေသုံးတဲ့ password ပါပဲ.safe mode ကနေ ဝင်သွားလိုက်ရင် ၁၀ မိနစ်အတွင်း ပွင့်သွားလိမ့်မယ်."
Jiang Ping က ပါးစပ်ရော လက်ပါ အလုပ်ပေးထားလိုက်သည်။
"ကဲ ကျန်တဲ့သူတွေကရော.. အခြေအနေ ဘယ်လိုရှိကြလဲ"
Bai Yutang က မေးလိုက်သည်။
"ကျွန်တော် အရင်ပြောမယ်"
Ma Han က လက်ထောင်လိုက်ပြီး စပြောသည်။
"ကျွန်တော် အခင်းဖြစ်တဲ့ နေရာ လေးခုလုံးကို နည်းပညာအဖွဲ့နဲ့ သွားကြည့်တာ ပြသနာတစ်ချို့ တွေ့လိုက်ရတယ်"
Ma Han က မှုခင်းဖြစ်တဲ့ နေရာက ဓာတ်ပုံတွေကို စားပွဲပေါ် တန်းစီတင်လိုက်ပြီး ပုံတွေကို ထောက်ပြလိုက်သည်။
"အမှုလေးခုစလုံးမှာ နေရာသတ်မှတ်ချက်အရတော့ တရားခံက Qi Lei တစ်ယောက်ထဲဆိုတာ သေချာတယ်"
"ဘာလို့ အတပ်ပြောနိုင်တာလဲ"
အကုန်လုံးက ဓာတ်ပုံတွေကို ကြည့်လိုက်ရင်း မေးလိုက်ကြသည်။
"သေနတ်ပစ်ဖို့ ရွေးထားတဲ့ ရှုထောင့်ရယ်၊ အကွာအဝေးရယ်က အတူတူပဲ၊ အကုန်လုံးက မီတာ၅၀ အတွင်းမှာပဲ" Ma Han က ရှင်းပြသည်။
"အဲဒါက အပြင်က သေနတ်ပစ်ကျင့််တဲ့ လူတွေသုံးတဲ့ အကွာအဝေးပဲ"
"နားမလည်သေးဘူး.."
နားထောင်နေသူများကတော့ Ma Han ကို ထပ်မေးကြပြန်သည်။
"Bai Sir ဟိုနေ့က Qi Lei ကို မီတာ ၅၀အကွာကနော်.."
Bai Yutang က ခေါင်းညိတ်ပြသည်။
"ပစ္စတိုတစ်လက်ရဲ့ ပစ်နိုင်စွမ်းက အလွန်ဆုံး မီတာ ၅၀ ကနေ ၁၀၀ အတွင်းပဲရှိတယ်၊ ကျွမ်းကျင်အဆင့်ရှိတဲ့ ကြေးစားလူသတ်သမားတွေက ရိုင်ဖယ်တစ်လက်ကို ဘယ်တော့မှ မီတာ၁၀၀ အတွင်းကနေ ဘယ်တော့မှ ပး်လေ့မရှိဘူး၊ စနိုက်ပါ ရိုင်ဖယ်တစ်လက်ရဲ့ ပစ်နိုင်စွမ်းက မိတာ ၈၀၀ ကနေ ၁၀၀၀ အတွင်းရှိတယ်၊ ဆိုတော့ ရိုင်ဖယ်ကို အနီးကပ်ပစ်မယ်ဆိုရင် သေနတ်ရဲ့ ပြင်းအားကြောင့် သူပစ်ချင်တဲ့ လူအပြင် တခြားသူတွေကိုပါ ထိခိုက်စေနိုင်တယ်"
"အဲဒါကရော ဘာကို ပြောတာလဲ"
Zhan Zhao က သူ စိတ်ပညာခွဲခြမ်းစိတ်ဖြာမှုတွေ အကြောင်းပြောတိုင်း Bai Yutang က တရုတ်လိုပဲ ပြောပါဟု ပြောခဲ့ဖူးသည်ကို ကိုယ်ချင်းစာမိသွားသည်။ သူလဲ လိုက်မမီတော့သည်လေ..။
"ပြောရမယ်ဆိုရင်တော့ဗျာ.. သေနတ်ပစ်လေ့ကျင့်ထားတဲ့ ကျောင်းသားတစ်ယောက်က စနိုက်ပါ တစ်လက်ရဲ့ အကြောင်းကို ရှုထောင့်တွေရော၊ ဦးတည်ရာ လားရာရော ၊ ကျည်ဆန်ရဲ့ ဖောက်ထွင်းနိုင်မှုတွေ အကုန်သိထားတယ်ဗျာ၊ ကြေးစားတစ်ယောက်နီးနီး လေ့ကျင့်ထားတယ်၊ သူ့မှာ သီအိုရီ အပိုင်းရော လေ့ကျင့်မှုအပိုင်းရော ကြေးစားတစ်ယောက်အတိုင်းပဲ ဒါပေမဲ့....."
Ma Han က ခဏရပ်လိုက်သည်။
"သူက သေနတ်ပစ်တဲ့ အကွာအဝေးကို လေ့ကျင့်လို့မရဘူး"
"အော် သိပြီ"
ချက်ချင်းနားလည်သွားတဲ့ Bai Yutang က ထပြောလိုက်သည်။
"ငါနားလည်ပြီ၊ မင်းပြောတာက သူက ကန့်သတ်ထားတဲ့ အကွာအဝေးနဲ့ပဲ လေ့ကျင့်ခဲ့ရတာပေါ့"
Ma Han က ခေါင်းညိတ်လိုက်သည်။
"အပျော်တမ်း သေနတ်ပစ်တဲ့ နေရာလား"
Bai Yutang က ထပ်ပြောသည်။
"ကျွန်တော်လဲ ဒီလိုပဲ တွေးမိတာ"
Ma Han က ဆက်ပြောသည်။
"အပျော်တမ်း သေနတ်ပစ်ကြတဲ့ နေရာက အကွာအဝေးက မီတာ ၅၀ ကနေ ၁၀၀ အတွင်းပဲ ရှိတယ်၊ အဲဒီတော့ ကျွန်တော် မြို့တော်မှာရှိတဲ့ အပျော်တမ်း သေနတ်ပစ်ရုံတွေကို လိုက်စုံစမ်းကြည့်တယ်၊ အဲဒီမှာ Guanglong လို့ခေါ်တဲ့ သေနတ်ပစ်ရုံမှာ Qi Lei က အမြဲတမ်းလာပစ်တဲ့ အဖွဲ့ဝင် တစ်ယောက်ပဲ"
"Guanglong?"
Bai Yutang က မျက်မှောင်ကြုံ့လိုက်သည်။
"အဲဒါက ဘာလဲ"
"Bai Sir, ... Bai Sir က ဘယ်လိုတွေ six pack ထွက်အောင် လေ့ကျင့်ထားတာလဲ၊ gym တို့ ဘာတို့ တစ်ခါမှ မသွားဖူးဘူးနဲ့ တူတယ်"
Wang Chao က Bai Yutang ရဲ့ ကြွက်သားတွေကို ကြည့်ပြီး ပြုံးလိုက်သည်။
"S မြို့တော်ရဲ့ ကျန်းမာရေးနဲ့ အားကစား ကလပ် တော်တော်များများက Guanglong တံဆိပ်တွေနဲ့ချည်းပဲ"
"အော်.."
Bai Yutang က ရုတ်တရက် တစ်ခုကို သတိရမိသွားသည်။
"Guanglong က Ponzi groupရဲ့ စက်ရုံတစ်ခုပဲ၊ သူတို့ရဲ့ သူဌေးနာမည်က Pang Wei ဆိုလားပဲ"
Wang Chao က ဆက်ပြောသည်။
"Pang Wei??"
Zhan Zhao က ထိုနာမည်ကို ကြားဖူးသလိုလို ရှိနေသောကြောင့် အ့ံသြသွားသည်။
"ကြောင်လေး၊ ဘယ်သူလဲ မင်းသိလား"
Bai Yutang ကလဲ Zhan Zhao ကို တအံ့တသြ လှမ်းမေးသည်။
"မသိပါဘူး၊ နာမည်က ရင်းနှီးနေသလိုရှိလို့.."
Zhan Zhao က ထိုနာမည်ကို စဉ်းစားဖို့ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။ Dr. Wilson ရဲ့ ဟောပြောပွဲနေ့တုန်းက သူ့ကို လာနှုတ်ဆက်တဲ့ သူရဲ့ နာမည်က Pang Wei လို့ ပြောလိုက်သလားပဲ..
"ဓာတ်ပုံရှိလား.."
Zhan Zhao က မေးလိုက်သည်။
"ဟုတ်ကဲ့"
Ma Han က အိတ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်လိုက်ပြီး Zhan Zhao ရှေ့မှာ တင်ပေးလိုက်သည်။ အေးစက်သော အကြည့်နှင့် ပြင်းထန်စူးရှသော ခံစားချက်မျိုး။
"ကျွန်တော် သူ့ကို တွေ့ဖူးတယ်"
Zhan Zhao က ဓာတ်ပုံကို ထောက်ရင်း ပြောလိုက်သည်။ "Dr. Wilson ရဲ့ စိတ်ပညာဟောပြောပွဲ နေ့တုန်းက...."
"အဲဒီနေ့က မင်းကို အခန်းဝမှာ စကားပြောနေတဲ့ တစ်ယောက်လား"
Bai Yutang က မှတ်မိသွားသည်။
"အဲဒီနေ့တုန်းက မင်းတို့ ဘာတွေပြောနေကြတာလဲ"
Zhan Zhao က ခေါင်းယမ်းလိုက်သည်။
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ သူက ငါ့ဟောပြောပွဲလဲ လာဖူးတယ်ဆိုပြီး မိတ်ဆက်တာ"
"သူက ဟောပြောပွဲတွေ နားထောင်ရတာ ကြိုက်တာလား"
Zhao Hu က နားမလည်နိုင်၍ မေးလိုက်သည်။
"သူက စီးပွားရေးသမား တစ်ယောက်ဆိုရင် ဘာလို့ စိတ်ပညာဟောပြောပွဲတွေကို ဘာလို့ နားထောင်တာလဲ"
"ရှိသေးတယ်"
Ma Han က ပြောလက်စကို ဆက်သည်။
"ကလပ်အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေထဲမှာ သူ့ကို အမှတ်မထင် တွေ့ခဲ့သေးတယ်"
Ma Han က ဓာတ်ပုံတစ်ပုံ ထုတ်ပြသည်။
"သူ့ကို မှတ်မိသေးလား"
ကြည့်နေသူ အကုန်လုံးက ဓာတ်ပုံကို ကြည့်ရင်း ကြောင်သွားကြသည်။
"Li Feifan??"
"Xiao Mao ကို နောက်ယောင်ခံလိုက်တဲ့ တစ်ယောက်" Bai Yutang မျက်နှာက ရုတ်တရက် တင်းမာသွားသည်။
"အဲဒါဆို အဲဒီ သေနတ်ပစ်ရုံက တစ်ခုခုတော့ တစ်ခုခုပဲ" လူတိုင်းက ခေါင်းညိတ်သည်။
"Ma Han အဲဒီသေနတ်ရုံကို သေချာစောင့်ကြည့်ထား"
Bai Yutang က Ma Han ကို ပြောလိုက်သည်။
"Bai Sir စိတ်မပူပါနဲ့ "
Ma Han က သူ့အိတ်ထဲက ကတ်တစ်ကတ်ကို ထုတ်ပြသည်။
"ကျွန်တော် အဲ့ ကလပ်မှာ member ဝင်ပြီးပြီ"
Bai Yutang က တစ်ချက် ရယ်လိုက်သည်။
" မင်းကတော့ကွာ၊ သတိလဲ ထားဦး"
"တခြားသူတွေကရော.."
Zhan Zhao က Wang Chao နဲ့ Zhang Long ဘက်ကို လှည့်ပြီး မေးလိုက်သည်။
"တခြားသေဆုံးသူတွေရဲ့ တူညီတဲ့ အချက်တွေ ဘာတွေရှိလဲ"
"ဟိုလေ.."
Wang Chaoနဲ့ Zhang Long နှစ်ယောက်သား သက်ပြင်းချလိုက်ကြသည်။
"တူညီတဲ့ အချက်ကို ပြောရမယ်ဆိုရင်တော့ သေဆုံးသူတွေ အကုန်လုံးက အရမ်းကောင်းတဲ့ လူတွေချည်းပဲ"
"အရမ်းကောင်းတဲ့ လူတွေ?"
Zhan Zhao က သံယောင်လိုက်သည်။
Zhang Long က ခေါင်းညိတ်လိုက်ပြီး သေဆုံးသူ သုံးယောက်ရဲ့ အချက်အလက် ဖိုင်တွေကို ဖွင့်ပြလိုက်သည်။
"တက္ကသိုလ်က ကျောင်းဆရာ ၊ ပရဟိတ သမား စီးပွားရေးပညာရှင်၊ တိရစၧာန်ဆေးရုံက ဆရာဝန်တစ်ယောက်"
"ပြီးတော့ စိတ်ပညာရှင် Dr. Wilson နဲ့ ရုပ်ရှင်မင်းသား Jon King"
"သူတို့တွေမှာ ဆက်စပ်စရာတော့ တစ်ခုမှ ရှိမနေဘူး"
Zhao Hu က ခေါင်းသာကုတ်နေသည်။
"Dr. Wilson နဲ့ Jon King တို့ရော အခုဘာလုပ်နေကြလဲ" Bai Yutang က ဝင်မေးလိုက်သည်။
"Dr. Wilson က နှလုံးရောဂါပိုဆိုးလာလို့ ဆေးရုံမှာ ကုသဖို့ ရက်နဲနဲလောက် နေရဦးမယ်လို့ ပြောပါတယ်"
"Jon King ကတော့ ရုပ်ရှင်တစ်ခု လတ်တလော ရိုက်ကူးဖို့ရှိတယ်တဲ့"
"သူတို့နှစ်ယောက်လုံးရဲ့ အသက်တွေကို စောင့်ရှောက်ထားပါ" Bai Yutang က အမိန့်ပေးလိုက်သည်။
"စိတ်ချပါ Bai Sir ၊ Aihu တို့ ဘက်ကလဲ ရဲတွေပို့ထားတယ် Jon King တို့မှာလဲ ကိုယ်ပိုင် သက်တော်စောင့် တွေနဲ့ နှစ်ဖက် ပူပေါင်းပြီး ကာကွယ်နေပါတယ်"
Wang Chao က ပြောလိုက်သည်။
"တခြားသူတွေအကြောင်းကိုလဲ ကျွန်တော်တို့ ဆက်ပြီးစုံစမ်းမှာပါ"
"သေနတ်ရဲ့ အကြောင်းကိုတော့ Xu Qing က စုံစမ်းနေဆဲပါ၊ မှောင်ခိုလက်နက်ဖြစ်ဖို့များတယ်"
Zhao Hu က ဖြည့်ပြောသည်။
Bai Yutang က ခေါင်းညိတ်လိုက်သည်။
"အကုန်လုံး စုံစမ်းလက်စကို ဆက်ပြီး စုံစမ်းလိုက်ကြဦး၊ Zhao Hu မင်းက M တက္ကသိုလ်ကို သွားပြီးတော့ Boiling Point ဆိုတဲ့ တီးဝိုင်းတစ်ဖွဲ့ကို စောင့််ကြည့်ထား၊ အထူးသဖြင့် Qi Le ဆိုတဲ့ မိန်းကလေးကို.."
"Yes Sir"
"ငါ အလောင်းခွဲတဲ့ အဖြေပြောဖို့ ရှိသေးတယ်"
Gongsun က Qi Lei အလောင်းကို စစ်ဆေးထားတဲ့ မှတ်တမ်းကို Bai Yutang အား လှမ်းပေးသည်။
"သူ့က သူ့ကိုယ်သူ တအားနှိပ်စက်ထားတဲ့ ဒဏ်ရာတွေရှိတယ်၊ ပြီးတော့ ဆေးလဲသုံးထားတာ တွေ့တယ်"
Zhan Zhao နဲ့ Bai Yutang တို့က တစ်ယောက်ကို တစ်ယောက် သေချာတဲ့ အကြည့်တွေ ဖလှယ်လိုက်ကြသည်။
"Bai Sir ဒီမှာကြည့်.."
တစ်ချိန်လုံး စကားဝိုင်းထဲမဝင်ပဲ laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသော Jiang Ping က Bai Yutang အား အလောတကြီး လှမ်းခေါ်လိုက်သည်။
အကုန်လုံးရဲ့ အာရုံက လက်ရှိ Jiang Ping ဆီရောက်သွားကြသည်။
"ဒီမှာ အရမ်းထူးဆန်းတဲ့ email တစ်စောင်က သေနတ်ပစ်တဲ့ နေ့ နိုဝင်ဘာ ၂၇က ရောက်နေတယ်"
Jiang Ping က mail ကို ဖွင့်လိုက်သည်။
"အချိန်စေ့လေပြီ
မကောင်းဆိုးဝါးကို နှိုးထလော့
ယခုအချိန်မှ စ၍
သင်ဟာ သင်ကိုယ်တိုင် မဟုတ်တော့ပေ"
ကြည့်နေသူအားလုံး မင်သက်မိသွားသည်။
"ပြီးတော့ ဒါတွေရောပဲ"
Jiang Ping က တခြား email တွေလဲ တစ်ခုပြီး တစ်ခု ဖွင့်ပြသည်။
"ဒီemail နဲ့ တစ်ပုံစံတည်း email ၄စောင်တွေ့တယ်၊ ပြီးတော့ ကျန်တဲ့ သုံးစောင်က တခြားလူသတ်မှုတွေဖြစ်တဲ့ နေ့က ပို့ထားတာတွေ"
"ပို့တဲ့လူက ဘယ်သူလဲ"
Bai Yutang က သိချင်စိတ်နှင့် မေးလိုက်သည်။
"အောက်ဆုံးမှာတော့ ရေးထားတာက... Killer Training Camp"
Jiang Ping က ပို့သူကို အားလုံးမြင်စေနိုင်ရန် ပြလိုက်သည်။
"... Killer Training Camp..."
Zhan Zhao က ထိုနာမည်ကို တအံ့တသြ ရေရွတ်လိုက်သည်။
"Training camp က လူသတ်သမား?"
"Bai Sir သူ့ရဲ့ laptop မှာတင်ထားတဲ့ wallpaper ကို ကြည့်ကြည့်ပါဦး"
Jiang Ping က ခလုတ်တစ်ခုနှိပ်လိုက်တော့ အနက်ရောင် ဖန်သားပြင်ပေါ်မှာ တံစဉ်နဲ့ သေမင်းတစ်ယောက်"
"Xiao Mao၊ ဒါ ဘာကို ပြောတာလဲ"
Bai Yutang က Zhan Zhao ကို မေးလိုက်သည်။
Zhan Zhao က ခဏအကြာ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
"တစ်ယောက်ယောက်က Qi Lei ကို ထိန်းချုပ်ပြီးတော့ လူသတ်ခိုင်းနေတာ ဖြစ်နိုင်တယ်၊ ဒီ Killer Training Camp က လူသတ်နေတဲ့ အဖွဲ့အစည်းတစ်ခုပဲ.."
"ဟူး...." Bai Yutang က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒါက ငါတို့ထင်တာထက်ပိုပြီးတောင် ရှုပ်ထွေးလာသလိုပဲ၊ Jiang Ping ပို့တဲ့သူကို တစ်ချက် စစ်ကြည့်"
"ကြည့်တာတော့ ရပါတယ်၊ ဒါပေမဲ့ ဒါက အရင်ဟာတွေထက်တော့ နဲနဲပိုခက်တယ်၊ ပို့တဲ့သူရဲ့ ID က အန္တရာယ် ရှိတယ်"
Zhan Zhao က တွေဝေသွားလိုက်ပြီးမှ ဆက်ပြောသည်။
"အမြန်ဆုံးသိနိုင်မှ ရမယ်၊ ကြာလေ သေဆုံးသူတွေ များလာလေ ဖြစ်နေမှာ.."
အကုန်လုံးရဲ့ မျက်နှာမှာ စိုးရိမ်ခြင်းတွေ နေရာယူလျက်။
Bai Yutang က အခန်းထဲဝင်သွားသော Zhan Zhao က နောက်မှ လိုက်ဝင်ကာ တံခါးပိတ်လိုက်သည်။
"Yutang ၊ ငါအခု တအားစိုးရိမ်နေတယ်"
"ဘာဖြစ်လို့လဲ"
Bai Yutang က Zhan Zhao ရဲ့ မျက်နှာမကောင်းတာကြောင့် သူပါစိုးရိမ်သွားသည်။
"Qi Le နဲ့ တခြားသူတွေ ပြောပြချက်အရဆိုရင် Qi Lei ရဲ့ အိပ်ရင်းနဲ့ လမ်းလျှောက်တာက စဖြစ်ဖြစ်ချင်းတုန်းက အရမ်းကြီး မဆိုးရွားသေးဘူး၊ ဒါပေမဲ့ အခုနောက်ပိုင်းမှ သိသိသာသာကြီး ဆိုးရွားလာတာလေ..."
"အဲဒါက ဘာဖြစ်လို့လဲ"
Bai Yutang က Zhan Zhao ရဲ့ ဆိုလိုရင်းကို နားမလည်သေးပေ။
"ငါထင်တာကတော့ Qi Lei ရဲ့ ရောဂါ သိသိသာသာ ပြောင်းလဲလာတာက စိတ်ပညာရဲ့ ဆွဲခေါ်မှုကြောင့် ဖြစ်မယ်လို့ ထင်တယ်၊ ပြီးတော့ ဒါက "မီးစာရဲ့ လမ်းပြခြင်း"ပဲ"
Zhan Zhao က ဆက်၍ ရှင်းပြနေသည်။
"မီးစာရဲ့ လမ်းပြခြင်းဆိုတာက အရမ်းရှုပ်ထွေးရဲ့ စိတ်ပညာ လုပ်ရပ်တစ်ခုပဲ၊ သူက အရမ်းကို အန္တရာယ်များတယ်"
Bai Yutang ကတော့ Zhan Zhao စကားကိုသာ ငြိမ်ပြီး နားထောင်နေသည်။
"ဘယ်အချိန်ထဲက လူတွေက စိတ်ပညာကို လူသတ်လက်နက်အနေနဲ့ စပြီးအသုံးချလာကြတာလဲ မသိတော့ဘူးကွာ.."
Zhan Zhao က စိတ်မထိန်းနိုင်တော့ပဲ ပြောလိုက်သည်။
"ပြီးတော့ သေနတ်ထက်တောင် ပိုကောင်းနေသေးတယ်၊"
Bai Yutang က Zhan Zhao ရဲ့ ပခုံးလေးကို တဖြည်းဖြည်း ပုတ်ပေးရင်း နှစ်သိမ့်စကားပြောဖို့ ပြင်နေတုန်းပင်ရှိသေး၊
Dididididididididi...
ဖုန်းမြည်လာသဖြင့် Bai Yutang က ဖုန်းကို အိတ်ထဲမှ ထုတ်ပြီး ခေါ်သူနာမည်ကို ကြည့်ရင်းမှ မျက်နှာက ဖြူဆုတ်သွားလေသည်။
"Xiao Mao!"
Bai Yutang က ဖုန်းကို Zhan Zhao ဘက်သို့ ပစ်ပေးလိုက်သည်။ "အရမ်းအရေးကြီးတဲ့ ဖုန်း"
Zhan Zhao က အမှတ်တမဲ့ ဖုန်းကို လှမ်းဖမ်းလိုက်ပြီး ခေါ်ဆိုသူ အမည်ကို ကြည့်တော့- မေမေ..။
Zhan Zhao က အလျင်အမြန်ပဲ ဖုန်းကို ပြန်ပစ်ပေးလိုက်သည်။
"မင်းဟာမင်း ကိုင်ပါလား"
"ကိုင်ပေးပါကွာ၊ ငါမရှိဘူးလို့ ပြောပေးရုံတင်လေးပါကွာ နော်" ပြန်ပစ်ပေးလိုက်ပြန်သည်။
"မလုပ်ချင်ဘူးကွာ၊ ငါ မလိမ်တတ်ဘူး၊ မင်းက အမြဲတမ်းအဲ့လိုပဲ"
ဖုန်းက လေပေါ်ကနေ Bai Yutang လက်ထဲ ပြန်ရောက်သွားသည်။
ထိုဖုန်းက လေပေါ်မှာ အကြိမ်ကြိမ် လှည့်ပတ်နေရင်းမှ Bai Yutang က ဖုန်းကို ပြန်ဖြေတဲ့ ခလုတ်နှိပ်လိုက်ပြီူ Zhan Zhao ဘက်ကို ပြန်ပစ်ပေးလိုက်သည်။
"ဟေ့ကောင်၊ မင်း..."
Zhan Zhao က Bai Yutang ထံ ပြန်ပစ်ဖို့ ကြိုးစားပေမဲ့ တစ်ဖက်မှ ခေါ်ဆိုသူကတော့ Zhan Zhao အသံကို ကြားသွားလေသည်။
"ဟဲလို၊ ဟဲလို..၊ Xiao Zhao လား"
သေစမ်း၊ Zhan Zhao က Bai Yutang ကို စိတ်ပျက်ပျက်နှင့် မော့ကြည့်လိုက်သည်။
"ဟဲလို၊ အန်တီလား"
"Xiao Zhao၊ Yutang ဘေးမှာ မရှိဘူးလား"
Yutang မေမေရဲ့ အသံလေးက ချိုမြိန်ကာ အရင်လိုပင် သာယာလေသည်။
"အော်.. Yutang လား.."
Zhan Zhao က Bai Yutang ကို မော့ကြည့်လိုက်သည်။ Bai Yutang က အလျင်အမြန် လက်ကာပြသည်။
"ဟို.. ဟို.. သူ ဒီမှာမရှိဘူးခင်ဗျ"
"မရှိဘူးလား။ မရှိဘူးဆိုလဲ မရှိဘူးပေါ့..
နှစ်ယောက်လုံး အန်တီ့တို့အိမ်ကို ဒီည ညစာ လာစားရမှာနော်"
"ညစာလား"
Zhan Zhao က Bai Yutang ကို နောက်တစ်ခါ မော့ကြည့်ပြန်သည်။ Bai Yutang က အလန့်တကြား ခေါင်းခါပြသည်။ မသွားဘူးဆိုသည့် သဘော။
"အန်တီ၊ ဒီည ကျွန်တော်တို့ လုပ်စရာလေးတွေ ရှိသေးလို့...." Zhan Zhao က ပြန်ဖြေနေတာပင် မဆုံးသေး။
"အင်း..."
တစ်ဖက်မှ Yutang မေမေက တိတ်ဆိတ်နေပြီးမှ ဆက်ပြောသည်။
"Xiao Mao၊ ဖုန်းကို speaker ဖွင့်ပြီး သားရှေ့က လက်ဟန်ခြေဟန်တွေပြနေတဲ့ သူရှေ့ ချပေးလိုက်"
"ဗျာ..."
Zhan Zhao တစ်ယောက် ဘာမှမတတ်နိုင်တော့၊ ဖုန်းကို speaker ဖွင့်လိုက်ပြီး Bai Yutang ရှေ့ကိုသာ ချပေးလိုက်သည်။
Bai Yutang က ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ ဖုန်းကို နားထောင်လိုက်သည်။ Bai Yutang လက်ထဲဖုန်းရောက်သည်နှင့် စောစောက သာယာချိုမြန်လှသော Yutang မေမေရဲ့ အသံလေးက ရုတ်တရက် ကျားဟိန်းသံပမာ ဖြစ်သွားလေသည်။
"Bai Yutang ၊ မင်းဒီည အိမ်မှာ ညစာ လာစားရင်စား၊ မဟုတ်ရင်တော့ မင်းမိန်းကလေးလို ဝတ်ထားတဲ့ ပုံတစ်ပုံ မိတ္တူ ကူးပြီး ရဲစခန်းက တံခါးတိုင်းမှာ ၂နာရီအတွင်း အကုန် ကပ်ပြီးသားဖြစ်နေစေရမယ်.. ဒါပဲ!!"
တစ်ဖက်မှ ဖုန်းကတော့ ဂွက်ခနဲချသွားလေပြီ။
တံခါးနားမှာ နားရွက်လေးကပ် ခေါင်းလေးစောင်းရင် နားထောင်နေကြသည့် တံခါးတစ်ဖက်က လူနှစ်ယောက်ကတော့ သူတို့နား သူတို့ မယုံနိုင်ဖြစ်ကာ အော်လိုက်ကြသည်။
နောက်ဆုံးမှာတော့ Bai Yutang က တံခါးမှာ နားထောင်နေတဲ့ နှစ်ကောင်ကို အော်ဖို့ အပြင်ထွက်လာလေသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ ဒီမှာ..၊ စုံစမ်းဖို့အတွက် မသွားကြသေးဘူးလား"
နှစ်ယောက်သား လန့်သွားပြီး အပြင်ကို အလျင်အမြန် ပြေးထွက်သွားကြလေသည်။
...........
Zhan Zhao နှင့် Bai Yutang တို့ Bai အိမ်တော်ကို ရောက်တော့ ညတောင် ရောက်နေလေပြီ။
Zhao မေမေက Yutang မေမေကို မီးဖိုချောင်မှာ ဟင်းကူချက်နေပြီး ဧည့်ခန်းမှာတော့ Bai Yunwen နဲ့ Zhan Qi တို့က ရေနွေးသောက်ရင်း စကားပြောနေကြသည်။ ထိုအထဲတွင် Zhan Zhao နှင့် Bai Yutang တို့ မသိသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ကလဲ စကားအတူပြောနေကြသည်။
"အဖေ၊ ဦးလေး"
ကလေးနှစ်ယောက်က အတူတူခေါ်လိုက်ကြသည်။
သူတို့မသိသော လူကြီးက ပြုံးလိုက်ပြီး Zhan Zhao နှင့် Bai Yutang တို့ကို စိုက်ကြည့်နေလေသည်။
"သူတို့က Yutang လေးနဲ့ Xiao Zhao လေးလား။ ဒီအရွယ်တောင် ရောက်နေကြပြီလား၊ အရမ်းတော်တဲ့ ရဲလေးတွေ...ဟားဟားဟား"
ထိုလူကြီးက Zhan Zhao နှင့် Bai Yutang ကို ကြည့်ပြီး အားရပါးရ ပြုံးပြနေသည်။
"ငါတို့ ဦးလေးသုံးယောက်လေ.."
Bai Yunwen က ရယ်လိုက်ပြီးပြောသည်။
"သူက ဖေဖေ့ တစ်ဝမ်းကွဲညီ Bai Feng တဲ့၊ မင်းတို့ ငယ်ငယ်တုန်းက တွေ့ဖူးပါတယ်ကွာ.."
"ဦးလေးသုံးယောက်?"
Zhan Zhaoနှင့် Bai Yutang တို့ အ့ံအားသင့်ကာ အော်လိုက်သည်။
"Yutang၊ မင်းဦးလေးရဲ့ သားတစ်ယောက်ကလဲ ရဲသင်တန်းက ဒီနှစ်မှ ဘွဲ့ရတာ၊ အခု S မြို့တော်ရုံးမှာ လုပ်နေတယ်၊ မင်း ကောင်းကောင်း ဂရုစိုက်လိုက်ဦးနော်"
"Bai Chi ရေ၊ မင်းအစ်ကိုတွေ ရောက်နေပြီ၊ ထွက်လာပြီး နှုတ်ဆက်လိုက်ဦး"
Bai Feng က မီးဖိုချောင်ဘက်သို့ လှမ်းအော်လိုက်သည်။
Zhan Zhao နှင့် Bai Yutang တို့က နာမည်ကို ကြားကြားချင်း ကြောင်သွားကြသည်။
ပြီးနောက် Yutang မေမေနှင့်အတူ ရဲဝတ်စုံနှင့် မဟုတ်ပဲ အရပ်ဝတ်နှင့် စိတ်လှုပ်ရှားနေပုံရသော လူငယ်လေး၊ မနေ့ညက ရဲသားလေး အစစ်ပါပဲ..
Bai Chi က Zhan Zhao နှင့် Bai Yutangတို့နှစ်ယောက်ကို ပြုံးပြလိုက်သည်။
"Bai....bai...Bai Sir.."
Bai Yutang နှင့် Zhan Zhao ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အံ့သြနေသလို ရယ်လဲ ရယ်ချင်နေသည်။
"ဟားဟားဟားဟား.."
Bai Yunwen က ရယ်လိုက်သည်။
"ဘာ Bai Sir လဲ၊ အခု အိမ်ပြန်ရောက်နေပြီပဲ..၊ ကိုကိုလို့ခေါ်၊နှစ်ယောက်လုံးက သားအစ်ကိုတွေချည်းပဲ"
........
Bai Chi ကတော့ ခေါင်းငုံ့လိုက် ပြန်မော့လိုက် ပြန်ငုံ့လိုက်နှင့် စဉ်းစားနေသည်။ သူက လူတစ်ယောက်ကို အစ်ကို လို့ မခေါ်တာ ကြာနေလေပြီ၊
ထို့နောက် Zhan Zhao က Bai Yutang ကို ကြည့်ကာ မျက်လုံးမှိတ်ပြလိုက်သည်။ ဆိုလိုတာကတော့
"ထူးဆန်းတာပဲ မင်းတို့ Bai အိမ်တော်က တစ်နေ့တစ်မျိုး မရိုးရဘူးနော်၊ အထူးအဆန်းတွေချည်းပဲ.."
Bai Yutang ကလဲ မျက်လုံးပြန်မှိတ်ပြသည်။
"သူက Bai အိမ်တော်ရဲ့ မျိုးဆက် မဟုတ်ဘူးကွ"
Zhan Zhao က မျက်လုံးထပ်မှိတ်ပြသည်။
"အကြင်နာတရား ခေါင်းပါးတဲ့ကောင်လေး"
Bai Yutang ကတော့ ပခုံးတွန့်ပြသည်။
"ငါတော့ နောက်ဆို သေပါပြီကွာ.."
Bai Chi ကတော့ သူ့ကို ရှေ့မှာထားပြီး အကြည့်ချင်း ဖလှယ်နေကြသော အစ်ကိုနှစ်ယောက်ကို ငုတ်တုတ်လေးသာ ထိုင်ကြည့်နေလေသည်။ ဘာမှလဲ မပြောရဲ၊ မနေ့က အကြောင်းစဉ်းစားမိတော့ ရှက်လွန်း၍ မျက်နှာက ရဲလာသည်။
"စဉ်းစားစမ်း.. မနေ့က ဘယ်လိုအရှက်ကွဲခဲ့လဲဆိုတာ.. ၊ ငါ့ကိုတော့ မြင်မြင်ချင်း အမှတ်တွေ လျှော့တော့မှာပဲ.. သေစမ်းပါတော့ကွာ..."
...............
အေးစက်နေသော ဆောင်းလေနှင့်အတူ ကြီးမားလှသော မိုးသီးများက လက်သီးနှင့် ထိုးနေသယောင် ပြင်းထန်လှသည်။
မှောင်မိုက်လှတဲ့ ပတ်ဝန်းကျင်မှာ နေရာတကာ ရွှံ့ဗွက်တို့ အပြည့်..၊
မိုးရေတွေ မိုးသီးတွေ ကြားမှပင် သူ့ဆီ ဒေါသတကြီးပြေးလာနေတဲ့ သရဲတစ်ကောင်၊ တစ်ကိုယ်လုံးရွှံ့ဗွက်တွေနှင့် စိုရွှဲနေပြီး အော်ဟစ်နေသော သရဲ၊
သူက တစ်ဖက်လှည့်လိုက်တော့မှောင်မဲနေသော မိုးရေတွေ ကြားမှာ ဝိညာဉ်တွေကို သရဲတွေ မကောင်းဆိုးဝါးတွေက တိုက်ခိုက်နေကြသည်မှာ နေရာအနှံ့၊
မကောင်းဆိုးဝါးတွေက အားကြီး၍လား မိုးသီးမိုးပေါက်တွေက ပြင်းထန်လို့လားတော့ မသိ၊ ဝိညာဉ်များမှာ အတိုင်းထက်အလွန် နာကျင်နေကြသည်။ နာကျင်မှု သက်သာလို သက်သာငြား ကိုယ်ကို လူးလှိမ့်ကြည့်လိုက်ကြသည်။ နာကျင်မှုကတော့ သေသည်အထိ ပျောက်မသွားပေ။
.....Divine Comedy....
ငရဲပြည်၏ တတိယအထပ်
Di..........
Screen ပေါ်မှာ message တစ်စောင်ဝင်လာသည်။
"သူတို့ကို ကယ်တင်နိုင်တာ မင်းတစ်ယောက်ထဲပဲ"
"ခွမ်း....."
Screen က မြေပေါ်ကျသွားသည်နှင့် အသံတစ်ချိုးထွက်လာကာ ပိတ်သွားသည်။ သူကတော့ အခန်းရဲ့ ထောင့်တစ်နေရာမှာ ထိုင်ကာ လက်နှစ်ဖက်က ခေါင်းကို တင်းကြပ်စွာ ကိုင်ထားပြီး နာကျင်စွာ အော်နေသံတို့က တစ်ခန်းလုံး ပျ့ံနှံ့နေလျက်.....။
End of Killer Training Camp.. 05
Thank you all
စာမေးပွဲ ဖြေနိုင်ပါတယ်နော်၊ ဒီနေ့က စပြီး အရင်လို update တွေ ပြန်စပါမယ်နော်
.....