Zawgyi
ညစာစားပြဲခန္းမမွ ဧည့္သည္မ်ားကေတာ့ ရဲမ်ားထံ နာမည္စာရင္းေပးၿပီးသည္ႏွင့္ အသီးသီး ျပန္ကုန္ၾကေတာ့ Gongsun လဲ ျပန္ရန္အတြက္ ဓာတ္ေလွကားဘက္သို႔ ေလ်ွာက္သြားသည္။ ဓာတ္ေလွကားေ႐ွ႕မွာက ျပည့္က်ပ္ေနေသာ လူအုပ္ႀကီး၊ Gongsun က ထိုလူအုပ္ႀကီးကို ၾကည့္၍ ေခါင္းမူးလာသလို ခံစားလာရေသာေၾကာင့္ ေလွကားႏွင့္ပင္ ေျခက်င္ဆင္းရန္ ေလွကား႐ွိရာသို႔ ေလွ်ာက္သြားေလသည္။
ေလွကား႐ွိရာ တံခါးကို တြန္းဖြင့္လိုက္ရံုပင္႐ွိေသး၊ တစ္စံုတစ္ဦးက သူ႔ကို အေနာက္မွ သိုင္းဖက္လာသည္။ အားခ်င္းမမ်ွေသာေၾကာင့္ Gongsun ေဒါသထြက္ေနေသာ္လဲ အသံပင္မထြက္ႏိုင္ပဲ ေလွကားေထာင့္သို႔ ဆြဲေခၚသြားတာ ခံလိုက္ရသည္။
နံရံႏွင့္တိုက္မိၿပီးေတာ့မွ ေမာ့ၾကည့္ေတာ့ သူ႔ကို ျပံဳးကာ ငံု႔ၾကည့္ေနသည့္ Bai Jintang ကို ျမင္သည္ႏွင့္ Gongsun က ေအးစက္စက္ ေျပာလိုက္သည္။
"ခင္ဗ်ား ဘာလိုခ်င္လို႔လဲ"
Bai Jintang က Gongsun ကို လႊတ္ေပးလိုက္ၿပီး ပခံုးေလးသာ တြန္႔ျပသည္။
"ဘာမွ မလိုခ်င္ပါဘူး၊ ဒီေန႔ မင္း ကိုယ့္ကို ကူညီေပးတာေတြ အေတာ္မ်ားသြားလို႔ ေက်းဇူးတင္ခ်င္ရံု သက္သက္ပါ"
Gongsun က Bai Jintang ရဲ႕ ဆြဲေဆာင္မႈအားေကာင္းတဲ့ မ်က္လံုးမ်ားကို ခဏစိုက္ၾကည့္ရင္း ေျပာလိုက္သည္။
"ကြၽန္ေတာ့္ကို ေက်းဇူးတင္ခ်င္တယ္ ဆိုရင္ လြယ္လြယ္ေလးပါ"
Bai Jintang က နဲနဲစဥ္းစားရၾကပ္သြားသည္။ Gongsun လို လူတစ္ေယာက္ကို ဘယ္လိုေက်းဇူးဆပ္ရမလဲဆိုတာ စဥ္းစားဖို႔အတြက္ ေခါင္းခဏငံု႔သြားစဥ္မွာပင္ သူ႔ေ႐ွ႕မွ ေအးစက္စက္ေလတစ္ခ်က္ႏွင့္အတူ မ်က္လံုးထဲလက္ခနဲ ျဖစ္သြား၍ ပင္ကိုယ္အသိႏွင့္ Gongsun ရဲ႕ လက္ေကာက္ဝတ္ကို ဖမ္းဆုပ္လိုက္ေတာ့... မီးေရာင္ေအာက္မွာ လက္လက္ထေနေသာ ခြဲဓား။
"မင္း..."
Bai Jintang က အလိုအေလ်ာက္ ေျခႏွစ္လွမ္းေနာက္ဆုတ္သြားသည္။
"မင္း ဒီလို ေနရာမ်ိဳးကို ဓားယူလာတာလား"
"ကြၽန္ေတာ့္ကို ေက်းဇူးတင္ခ်င္တယ္ဆို.."
Gongsun က ညစ္က်ယ္က်ယ္ ျပံဳးလိုက္သည္။
"အတိအက်ေျပာရရင္ ကြၽန္ေတာ္က အသက္႐ွင္ေနတဲ့ လူရဲ႕ ခႏၶာကိုယ္ အတြင္းပိုင္းကို အ႐ွင္လတ္လတ္ ခြဲခ်င္ေနတာ ၾကာၿပီ"
"Oh!.."
Bai Jintang က လံုးဝစိတ္မဆိုးပဲ ရယ္ပင္ ရယ္ေနေသးသည္။
"မင္းသိလား၊ ကိုယ္က မင္းရဲ႕ ဒီလိုပံုစံေလးကို သေဘာက်တာ"
"မေကာင္းတဲ့ေကာင္၊ ခင္ဗ်ားကို အေသ သတ္မယ္"
"တကယ္လို႔ မင္းသာ လိုခ်င္မယ္ဆိုရင္ ကိုယ့္အသက္ကို ေပးဖို႔ ဝန္မေလးပါဘူး.."
"ဘယ္သူက လိုခ်င္တယ္ေျပာလို႔လဲ.. လႊင့္ပစ္မွာ.."
.............
ေလွကားတံခါးရဲ႕ တစ္ဖက္မွာေတာ့ Zhaohui နဲ႔ Zhaolan တို႔ တီတိုးတီတိုးႏွင့္ ေခ်ာင္းၾကည့္ေနရင္း Zhaohui က အိတ္ထဲက လက္ကိုင္ပဝါထုတ္ၿပီး Zhaolan အားလွမ္းေပးသည္။
"ေရာ့ မင္းသြားေရေတြကို သုတ္လိုက္ဦး"
Zhaolan က လွမ္းယူၿပီး သုတ္ၿပီးမွ ျပန္ေပးသည္။
"မင္းေရာ ႏွာေခါင္းေသြးေတြ သုတ္လိုက္"
"ဒါနဲ႔ ငါတို႔အစ္ကိုႀကီးက တကယ္ပဲ Gongsun ကို..."
"သိတယ္၊ လ်ွာမ႐ွည္နဲ႔"
(S.C.I. ရဲ႕ ဝါရင့္ Fa ႀကီးႏွစ္ေယာက္ သြားေရက်ခန္း😁😁)
.........
"ကုိယ္ မင္းကို ျပန္လိုက္ပို႔ေပးမယ္".
Bai Yutang က ႏူးည့ံညင္သာစြာ ေျပာလိုက္သည္။
"ဘယ္သူက ခင္ဗ်ားကို လိုက္ပို႔ပါလို႔ ေျပာေနလို႔လဲ"
Gongsun က Bai Jintang ကို တြန္းလိုက္ၿပီး တစ္ဖက္လွည့္ထြက္ဖို႔ ျပင္သည္။
"မင္း ဘာေျပာေျပာ ကိုယ္ဂ႐ုမစိုက္ဘူး"
Bai Jintang က Gongsun ရဲ႕ လက္ကို တင္းတင္းဆြဲထားကာ ေျမပံုကို ဖြင့္လိုက္သည္။
"အင္း... သီးသန္႔ ဓာတ္ေလွကားက ဒီဘက္မွာ.."
Bai Jintang က Gongsun ကို ဆြဲကာ ဓာတ္ေလွကားထဲသြင္း ထိုမွတစ္ဖန္ ကားထဲ အတင္းအၾကပ္ ကားထဲ အသြင္းခံရတာေတာင္ ဘာမွ ျပန္မလုပ္ႏိုင္ပဲ ေၾကာင္ေနသည္။ ၿပီးေတာ့ Bai Jintang ကေတာ့ Gongsun ေနထိုင္ရာ တိုက္ခန္းမ်ားဆီသို႔ ေမာင္းသြားေလသည္။
Bai Jintang က ဓာတ္ေလွကားအျပင္မွ ထြက္ေတာ့ Gongsun အခန္းေဘးနားမွ အခန္းေ႐ွ႕ ရပ္ကာ ေသာ့ကို ထုတ္ၿပီး ဖြင့္လိုက္ေတာ့ Gongsun တစ္ေယာက္ အံ့ျသသြားေလသည္။ သူ တစ္ခုခုေျပာရန္ ၾကံလိုက္စဥ္မွာပင္ ဘယ္အခ်ိန္က သူတို႔ေနာက္ လိုက္လာမွန္းမသိေသာ အႁမႊာႏွစ္ေကာင္ ေပၚလာေသာေၾကာင့္ ပို၍ပင္ အံ့ျသသြားသည္။ ၿပီးေတာ့ သူ႔လက္ထဲက တံခါးေသာ့ကို အႁမႊာေတြက အတင္းအၾကပ္ လာယူသြားသည္။
ေဒါသတို႔က တားမရဆီးမရ။.
"ခင္.. ခင္ဗ်ားတို႔.."
Bai Jintang က ေၾကာက္ရြံစြာ ေအာ္ေနတဲ့ Gongsun ကို အခန္းထဲေရာက္ေအာင္ တြန္းလိုက္ၿပီး တံခါးကို ဆြဲပိတ္လိုက္သည္၊
Gongsun က အေပၚကို ေမာ့ၾကည့္ေတာ့ သူ႔အခန္းကဲ့သို႔ မ်က္ႏွာက်တ္မွ ၾကမ္းျပင္အထိ မွန္ျဖင့္ကာထားေသာ တံခါး႐ွိၿပီး လိုက္ကာတို႔က တင္းတင္းေစ့လ်က္ ပိတ္ထားသည္။
"ခင္ဗ်ား Bai Yutang ရဲ႕ ရံုးခန္းမွာ လက္႐ွိ ေနေနတာ မဟုတ္ဘူးလား.."
Gongsun က ျပတင္းေနရာသို႔ သြား၍ လိုက္ကာကို ဆြဲဖြင့္လိုက္သည္။ ဘယ္ေလာက္ေတာင္ လွလိုက္တဲ့ သူတို႔ ၿမိဳ႕ေလးရဲ႕ ည႐ႈခင္းပါလိမ့္။
Gongsun က မ်က္ႏွာခ်င္းဆိုင္က ေဆာက္လက္စအေဆာက္အဦးဆီ အာရံုေရာက္သြားေတာ့ နဂို အမဲေရာင္ တြင္းေနရာမွ လင္းလက္စြာ မီးတို႔ျဖင့္ ထိန္ထိန္သာေနသည္။
"ဒီေနရာက.. ၿမိဳ႕ေတာ္ရဲ႕ ဖြံ႔ၿဖိဳးတိုးတက္ႏိုင္ေျခ႐ွိတဲ့ အိမ္ရာတစ္ခုထဲမွာ ပါတယ္ေလ၊ အဲဒီေတာ့ စီးပြားေရး အျမင္အရ ဒီေနရာကို ဝယ္လိုက္တာ.. "
Bai Jintang က Gongsun နားေရာက္လာၿပီး လက္ေခ်ာင္းေလးေတြႏွင့္ မွန္ကို ပြတ္ဆြဲလိုက္ကာ..
"ၿပီးေတာ့ ဒီေနရာမွာ Bai မိသားစု လုပ္ငန္းခ်ဳပ္ရဲ႕ ရံုးခန္း႐ွိတယ္ေလ"
"..." Gongsun က Bai Jintang ရဲ႕ အေျပာေၾကာင့္ေရာ အမူအရာေၾကာင့္ပါ စိတ္မသက္မသာ ျဖစ္သြားေလသည္။
"ခင္ဗ်ား... ေျပာျပစရာ.. မလို..."
"မင္းသိလား..."
Bai Jintang က သူ႔လက္ေခ်ာင္းေလးေတြနဲ႔ မွန္ထဲမွ Gongsun ကို ေထာက္လိုက္သည္။
"ဒီကေနဆိုရင္ မင္းအိပ္ခန္းနဲ႔ တန္းေနတာပဲ၊ ကိုယ္လဲ မင္းကို ျမင္ရမယ္၊ မင္းလဲ ကိုယ့္ကို ေတြ႔ရမယ္၊ ၿပီးေတာ့ ညတိုင္း မင္း စိတ္ခ်မ္းခ်မ္းသာသာနဲ႔ အိပ္ေပ်ာ္မွာပါ..."
...........
Gongsun က Bai Jintang ကို ေမာ့ၾကည့္လိုက္ေတာ့ တစ္ခါမွ မျမင္ဖူးေသာ ေလးနက္ျခင္းေတြႏွင့္၊ သို႔ေသာ္ သူက Bai Jintang စကားကို ဆံုးေအာင္နားေထာင္လိုက္သည္။
"ဟုတ္တယ္ ကိုယ္ဝန္ခံတယ္၊ ကိုယ္ နံရံၾကားမွာ အေပါက္ေဖာက္ထားတယ္"
Bai Jintang ၫႊန္ျပရာေနရာသို႔ ၾကည့္လိုက္ေတာ့မွ Gongsun သတိထားမိလိုက္တာက အိပ္ခန္းႏွစ္ခန္း၏ အလယ္မွ နံရံဟာ Bai Jintangေျပာသလို အေပါက္ေသးေသးေလးပင္ မဟုတ္၊ လူပါဝင္လို႔ရသည့္ တံခါးတစ္ခ်ပ္စာမွ် ႀကီးမားေလသည္။
........
"Bai Jintang.. လႊတ္စမ္း.. ခင္ဗ်ားက ႐ူးေနတာပဲ.."
"မင္း ကိုယ့္နာမည္ကို ဒါပထမဆံုး ေခၚတာပဲ.."
"အား.. ဖယ္လို႔ ေျပာေနတယ္ေလ"
.........
ထိုညက Bai Jintang မွာ ကုတင္ေပၚသာ လဲေလ်ာင္းေနေပမဲ့ အိပ္မေပ်ာ္ခဲ့၊ Gongsun က သူ႔ကို တြန္းဖယ္ကာ ထြက္သြားၿပီးေနာက္ ထိုအေပါက္ကို သူ႔ဗီ႐ိုႏွင့္ ပိတ္ထားေလသည္။
"ဟူး..." အႀကိမ္သံုးဆယ္ေျမာက္ သက္ျပင္းခ်အၿပီးမွာေတာ့ သူေတြးေနသည္။
"ဘာလိ့ုမ်ား ဒီလူကို ရဖို႔ တအားခက္ေနတာပါလိမ့္.."
.......
ေနာက္တစ္ေန႔မနက္မွာေတာ့ လန္းဆန္းတက္ႂကြေနေသာ Bai Yutang ႏွင့္ Zhan Zhao တို႔ဟာ Bao Zheng လွမ္းေခၚ၍ သူ႔ရံုးခန္းထဲသို႔ အမိန္႔နာခံရန္ ေရာက္ေနၾကသည္။
"မင္းတို႔ ဒီအမႈကို ဘယ္လိုထင္လဲ.."
Bao Zheng က စာရြက္တစ္ရြက္ကို သူတို႔ဘက္ ပစ္ေပးလိုက္သည္။
ဖြင့္ၾကည့္ေတာ့ မေန႔ညက အမႈႏွင့္အတူ ေျမာက္ျမားစြာေသာ ေသနတ္ ပစ္ခံရ၍ လူေသမႈမ်ား အေၾကာင္း..။
"ဒါက ကြၽမ္းက်င္ပညာ႐ွင္တစ္ေယာက္ရဲ႕ ပစ္ခ်က္နဲ႔ မတူဘူး."
Bai Yutang က စာရြက္ကို အျပန္ျပန္လွန္ရင္း ေျပာလိုက္သည္။
"သူ႔ရဲ႕ ပစ္ပံုပစ္နည္းက ဆရာမက်ဘူး.."
Bao Zheng က ေထာက္ခံသည့္အေနျဖင့္ ေခါင္းညိတ္သည္။
" အဲဒါက စိုးရိမ္စရာအေကာင္းဆံုး အခ်က္ပဲ.."
Zhan Zhao က အခ်က္အလက္မ်ားကို ဖတ္ေနရင္း မ်က္ေမွာင္ၾကံဳ႕ကာ ေျပာလိုက္သည္။
"မေန႔တုန္းက လူသတ္သမားက M တကၠသိုလ္ရဲ႕ ေက်ာင္းသား Qi Lei, အသက္ 20??"
Bao Zheng က ေခါင္းသာ ညိတ္ေနသည္။
"ဒီအမႈက ေတာ္ေတာ္ေလး ထူးဆန္းတယ္၊ Dr. Wilson နဲ႔ Jon King တို႔က ႏိုင္ငံျခားသား နာမည္ေက်ာ္ေတြ၊ အဲဒါေၾကာင့္ ပိုၿပီး သတိထားရမယ္၊ ဒီအမႈကို လဝက္မတိုင္ခင္ အၿပီးေျဖ႐ွင္းေပးရမယ္. မင္းတို႔..."
Bai Yutang က ေခါင္းကုတ္လိုက္သည္။
"Bao Sir, လဝက္က နည္းလြန္းပါတယ္.."
Zhan Zhao ကလဲ သံေယာင္လိုက္သည္။
"ဟုတ္ပါတယ္"
Bao Zheng က ထိုႏွစ္ေယာက္အား အားရပါးရရယ္၍ ေျပာသည္။
"မင္းတို႔ႏွစ္ေကာင္၊ ေစ်းမဆစ္ၾကနဲ႔ လဝက္အတြင္းဆို လဝက္အတြင္းပဲ၊ တစ္ရက္ေနာက္က်တာနဲ႔ အိမ္သာတစ္ႏွစ္ေဆးရမယ္.."
..........
S.C.I. အဖြဲ႔သားမ်ားက ထူးထူးျခားျခား Bai Yutang ႏွင့္ Zhan Zhao တို႔ အေလာတႀကီး ျဖစ္ေနတာ ေတြ႕လိုက္ရသည္။
"Ma Han! "
"ဟုတ္ကဲ့ Bai Sir"
Ma Han က Bai Yutang ရဲ႕ မ်က္ႏွာ မေကာင္းတာေၾကာင့္ ေခၚလိုက္တာႏွင့္ ခ်က္ခ်င္း အနားေရာက္သြားသည္။
"မင္း နည္းပညာအဖြဲ႔ကို ဦးေဆာင္ၿပီး အခင္းျဖစ္တဲ့ ေလးေနရာစလံုးကို သြားစံုစမ္း"
"Yes sir"
"Wang Chaoနဲ႔ Zhang Long က ေသဆံုးသူေတြနဲ႔ အခ်က္အလက္ အျပည့္အစံုရယ္၊ Dr. Wilson နဲ႔ Jon King တုိ႔ရဲ႕ အေၾကာင္းကို အျပည့္အစံု စံုစမ္းခဲ့"
"Yes sir"
"Xu Qing မင္းက ေသနတ္ဘယ္က ရတာလဲ ဆိုတာ စံုစမ္းခဲ့"
"Yes sir"
"လဝက္အတြင္း အၿပီးေနာ္"
"ဗ်ာ.."
Bai Yutang က သူ႔အဖြဲ႔မွ သူ႔ကို ေၾကာင္ၾကည့္ေနၾကေသာ ေကာင္ေလးမ်ားကို ျပံဳးျကည့္လိုက္သည္။
"တစ္ရက္ေနာက္က်တာနဲ႔ အိမ္သာတစ္ႏွစ္ေဆးေပးရမယ္"
အကုန္လံုး ပ်ာယီးပ်ာယာျဖင့္ အလ်ိဳွလ်ိွဳ ထြက္သြားၾကေလသည္။
Zhan Zhao က Bai Yutang နားသြားကာ တိုးတုိုးေလးေျပာလိုက္သည္။
"တရားခံမွာ တျခား ရည္ရြယ္ခ်က္တစ္ခု ႐ွိကို ႐ွိရမယ္"
Bai Yutang က Zhan Zhao ကို ေသခ်ာၾကည့္လိုက္သည္။
"Xiao Mao ဘာေတြေျပာေနတာလဲ"
"ငါတို႔ အခု ဘာလုပ္ၾကမွာလဲ"
Zhan Zhao က ေမးလိုက္သည္။
"အင္း..."
Bai Yutang က သက္ျပင္းခ်လိုက္ၿပီး စားပြဲေပၚတင္ထားတဲ့ ဖိုင္တြဲကို ေကာက္ကိုင္လိုက္သည္။
"M တကၠသိုလ္ကိုသြားမယ္၊ Qi Lei ရဲ႕ အေၾကာင္းသြားစံုစမ္းၾကမယ္"
..........
M တကၠသိုလ္က S ၿမိဳ႕ေတာ္ရဲ႕ တတိယ အႀကီးမားဆံုး ကိုယ္ပိုင္တကၠသိုလ္ တစ္ခုျဖစ္ၿပီး ေက်ာင္းသား ေက်ာင္းသူေတြဟာလဲ C တကၠသိုလ္မွ ေက်ာင္းသားေတြထက္ အက်င့္စ႐ိုက္ေရာ ဝတ္စားဆက္ယင္ပံုပါ အလြန္ကြဲျပားျခားနားေလသည္။
Bai Yutang နဲ႔ Zhan Zhao ဟာ Qi Lei က ဥပေဒေက်ာင္းသားျဖစ္တာေၾကာင့္ ဥပေဒဌာနရဲ႕ စံုစမ္းေရးအခန္းကို လာခဲ့ၾကသည္။
ရံုးခန္းတြင္ သူတို႔ Jia Zhengyan ဟူေသာ အသက္ သံုးဆယ္အရြယ္ ဆရာတစ္ဦးကို ေတြ႔လိုက္ရၿပီး သူဟာ Qi Lei ရဲ႕ အတန္းကို သင္ၾကားေပးေသာ ဆရာတစ္ေယာက္ျဖစ္ေလသည္။
Jia Zhengyan က Bai Yutang ႏွင့္ Zhan Zhao ကို ေႏြးေထြးစြာ ႀကိဳဆိုလိုက္ၿပီး သူေျပာျပရသေလာက္ကေတာ့.. Qi Lei ဟာ သူနဲ႔ သိပ္မရင္းႏွီးတဲ့ ေက်ာင္းသာတစ္ေယာက္ ျဖစ္ၿပီး အေဆာင္မွာ ႏွစ္တစ္ဝက္ေလာက္သာ ေနထိုင္ၿပီးေနာက္ အျပင္မွာ အိမ္ငွါးေနသည္ဟု ေျပာေလသည္။
"ဘာလို႔ လဲ၊ သူက တျခားေက်ာင္းသားေတြနဲ႔ အေဆာင္မေနေတာ့ဘူးလား"
Bai Yutang က ေမးလိုက္သည္။
"သူက..."
Jia Zhengyan က တစ္ခ်က္ေတြေဝသြားၿပီးမွ ဆက္ေျပာသည္။
"Qi Lei က က်န္းမာေရး သိပ္မေကာင္းလို႔ သူငယ္ခ်င္းေတြနဲ႔ အတူတူေနလို႔မရဘူး.."
"ဘာေရာဂါ႐ွိလို႔လဲ"
"အိပ္ရင္းနဲ႔ လမ္းထေလ်ွာက္တာ.."
"အိပ္ရင္းနဲ႔..."
Bai Yutang ေရာ Zhan Zhao ပါ အ့ံအားသင့္၍ တဟ္ေယာက္ကို တစ္ေယာက္ၾကည့္လိုက္သည္။
"ကြၽန္ေတာ့္ကို နဲနဲေလာက္ အေသးစိတ္ေလး ေျပာျပပါလား"
Zhan Zhao က စိတ္ဝင္စားသြားၿပီး ေမးလိုက္သည္။
"ရတာေပါ့"
Jia Zhengyan က ေခါင္းညိတ္လိုက္သည္။
"Qi Lei က သူ႔အခန္းေဖာ္ကို ည ညဆိုရင္ အျမဲတမ္း တစ္ခုခု ထလုပ္ေလ့႐ွိတယ္၊ ၿပီးေတာ့ အေဆာင္အျပင္ထြက္ၿပီး မီးေတြေမႊး ၿပီးေတာ့ လူေတြကို လဲ လိုက္႐ိုက္တယ္၊ သူ အိမ္မေျပာင္းခင္ကဆို သူ႔အခန္းေဖာ္ကို ေခါင္းအံုးနဲ႔ အသက္႐ွဴ ၾကပ္ေအာင္ ဖိထားတာ.."
"Qi Lei က အဲဒီအခ်္ိန္မွာ အိပ္ေနတာ မဟုတ္ပဲ တမင္လုပ္တာေရာ မျဖစ္ႏိုင္ဘူးလား"
Zhan Zhao က ေမးခြန္းကို လွည့္လိုက္သည္။
Jia Zhengyan ကေတာ့ သက္ျပင္းသာခ်လိုက္သည္။
"Qi Lei က သာမန္အခ်ိန္ေတြမွာ လူမႈဆက္ဆံေရး သိပ္မေကာင္းေပမဲ့ ႏူးညံ့ၿပီး သိမ္ေမြ႔တဲ့ ကေလးပါ၊ သူ႔အခန္းေဖာ္ ေျပာျပသေလာက္ေတာ့ သူက ညဘက္ဆိုရင္ မ်က္ႏွာက ေဒါသရိပ္ေတြနဲ႔ ျပည့္ေနၿပီး မနက္က်ရင္ ညက အျဖစ္အပ်က္ေတြကို ဘာမွ မမွတ္မိဘူးတဲ့.."
Zhan Zhao က ေခါင္းငံု႔ကာ တစ္စံုတစ္ခုကို အျပင္းအထန္စဥ္းစားေနၿပီး Bai Yutang ကေတာ့ ထိုဆရာကို သိခ်င္သည္မ်ားကို ဆက္လက္ေမးျမန္းေနေလသည္။
Zhan Zhao ကေတာ့ စကားတစ္ခြန္းမွ ဆက္မေျပာေတာ့..။
Bai Yutang ရဲ႕ ေမးခြန္းေတြေမးၿပီးတဲ့ အခါမွာေတာ့ Zhan Zhao က ေနာက္ဆံုး ေမးခြန္းတစ္ခုေမးသည္။
"သူ ဘယ္မွာေနလဲ ဆိုတာ သိလား.."
"ေက်ာင္းသားေတြကို ဆက္သြယ္ရမဲ့ လိပ္စာ႐ွိပါတယ္ဗ် ကြၽန္ေတာ္ ေရးေပးလိုက္မယ္"
Jia Zhengyan က မွတ္စုစာအုပ္ကို ထုတ္လိုက္ၿပီး လိပ္စာကို ေရးကာေပးလိုက္သည္။
"တကယ္လို႔ တျခားသိခ်င္တာေတြ႐ွိရင္ ေက်ာင္းက တီးဝိုင္းအဖြဲ႔ကို ေမးၾကည့္ပါ သူတို႔က ပိုၿပီး႐ွင္း႐ွင္းလင္းလင္း သိၾကမွာပါ"
"တီးဝိုင္းအဖြဲ႔....."
"Qi Lei က ဂီတဘက္မွာအရမ္းပါရမီပါတာ bass ဂီတာကို ကြၽမ္းကြၽမ္းက်င္က်င္ တီးတတ္တယ္ ၿပီးေတာ့ သူက "Boiling Point " လို႔ေခၚတဲ့ တီးဝိုင္းအဖြဲ႔တစ္ခု တျခားေက်ာင္းသားေတြနဲ႔ ဖြဲ႔ထားတယ္၊ ၿပီးေတာ့ သူတို႔အဖြဲ႔ အသံသြင္းထားတာေလးေတြလဲ႐ွိတယ္၊ ကုမၸဏီေတြက အဲဒီဟာေတြကို ဝယ္ခ်င္ေနၾကတာ.."
"အဖြဲ႔ဝင္ေတြက ဘယ္မွာ႐ွိၾကလဲ"
"ေဟာဟိုက အနိီေရာင္သံုးထပ္ေဆာင္က ေက်ာင္းရဲ႕ ဘက္စံုဖြံ႔ၿဖိဳးေရးအခန္းမွာ "
Jia Zhengyan က လက္ပတ္နာရီကို ငံု႔ၾကည့္လိုက္ၿပီး
"သူတို႔ေတြက အဲဒီကို ေန႔လည္ဆိုရင္ ေလ့က်င့္ဖို႔သြားၾကတယ္၊ အထဲဝင္တာနဲ႔ အသံ ၾကားမွာပါ"
ႏွစ္ေယာက္သား ဆရာ့ကို ႏႈတ္ဆက္ၿပီး ထြက္လာၾကသည္။
လမ္းမသိေသာေၾကာင့္ Zhan Zhao က တစ္ေနရာထဲကို ပတ္ေနတာ သံုးေခါက္ေတာင္႐ွိေနၿပီ။ သူ႐ွာခ်င္တာက တီးဝိုင္းေလ့က်င့္တဲ့အခန္း။
သို႔ေသာ္ ႐ွာလို့မေတြ႔။
Bai Yutang ကေတာ့ နာရီကို ငံု႔ၾကည့္လိုက္သည္။
"ေၾကာင္ေလး၊ ၁၂ နာရီေတာင္ထိုးေနၿပီ ႐ွာမေတြ႔ေသးရင္လဲ အရင္ တစ္ခုခု သြားစားရေအာင္"
Zhan Zhao က Bai Yutang အစားအေၾကာင္းေျပာမွ ဗိုက္ထဲက တၾကဳတ္ၾကဳတ္ျမည္ေနတာ သတိထားမိသြားသည္။
"ဘာစားရင္ ေကာင္းမလဲ..."
သူတို႔ သံုးေခါက္ေလာက္ ပတ္ကာ ေနရာ႐ွာၾကသည္။ Bai Yutang က ေက်ာင္းအဝင္ဝေနရာကို ျပန္ေလ်ွာက္ရင္း တစ္ေနရာအေရာက္တြင္ ရပ္လိုက္သည္။
"ဘယ္သြားမလို႔လဲ " Zhan Zhao ရဲ႕ အေမး။
"ေက်ာင္းထဲ ဝင္လာတုန္းက ေဘးနားမွာ Japan စားေသာက္ဆိုင္တစ္ခုေတြ႔မိတယ္"
"ဂ်ပန္စာလား..."
Zhan Zhao ကေမြးကထဲက ဆူ႐ွီ ဆူ႐ွီဟုေအာ္ၿပီး ေမြးလာသလားေအာက္ေမ့ရေအာင္ ႀကိဳက္တတ္သူျဖစ္ေလသည္။
"ငါ ဆူရွီစားမယ္ ျပည္ႀကီးငါးလဲ စားခ်င္တယ္"
"ဟုတ္ၿပီ၊ ဆူ႐ွီရမယ္၊ ျပည္ႀကီးငါးေတာ့ မစားရဘူး ဗိုက္မေကာင္း ျဖစ္မယ္"
"ဟင္..၊ အဲဒါဆို sardine အလိပ္စားမယ္"
"Sardine လား"
"ၿပီးေတာ့... ၿပီးေတာ့ salmon.. salmon"
"Salmon ရယ္"
"ေရဘဝဲ တုတ္ထိုး..."
"အကုန္ ငါးေတြခ်ည္းပဲ၊ မင္းက ကိုယ့္ကိုယ္ကို တကယ္ေၾကာင္လို႔မ်ား ထင္ေနတာလား..."
"Wasabi နဲ႔ စားမွာေနာ္"
"မစားရဘူး Wasabi "
"ဘာလို႔လဲ"
"မင္း အစာအိမ္က wasabi လက္မခံႏိုင္ဘူး."
"ဟင့္... sushi က wasabi နဲ႔မွလိုက္တာကို"
ႏွစ္ေယာက္သား ေက်ာင္းအဝင္ဝက ဂ်ပန္ စားေသာက္ဆိုင္ကို ဝင္လာေလသည္။
"ဒါနဲ႔ ေၾကာင္ေလး"
Bai Yutang က ေအးေအးခ်မ္းခ်မ္း႐ွိမဲ့ေနရာကို ေရြးကာ ထိုင္လိုက္ရင္း Zhan Zhao ကိုေမးလိုက္သည္။
"မင္း ခုနထဲက စိတ္နဲ႔ ကိုယ္နဲ႔ မကပ္သလိုပဲ ဘာေတြဒီေလာက္ေတာင္ စဥ္းစားေနတာလဲ"
Zhan Zhao က Bai Yutangနဲ႔ မ်က္ႏွာခ်င္းဆိုင္ထိုင္ခံုမွာ ထိုင္လိုက္ၿပီး စားစရာမွာဖို႔ menu ယူလိုက္သည္။
"မေသခ်ာေသးဘူးကြ၊ ဒီအတိုင္း ထင္ရံုေလးပဲ႐ွိေသးတာ"
"ဘာကို သံသယ႐ွိေနတာလဲ"
"အင္း.. ဘာလဲဆိုေတာ့.."
"မွာပါ မွာပါ.. ႀကိဳက္တာမွာ.."
စားစရာမ်ားေရာက္လာေတာ့ Bai Yutang က စကားျပန္ဆက္သည္။
"ေျပာေလ ေၾကာင္ေလး "
"ငါထင္တာကေတာ့ Qi Lei က အိပ္ရင္းနဲ႔ လမ္းေလ််ာက္တာ မျဖစ္ႏိုင္ဘူး"
Zhan Zhao က သူ႔ေ႐ွ႕က တူကိုယူၿပီး ပန္းကန္ထဲက ေရဘဝဲ ဆူ႐ွီကို ထိုးလိုက္သည္။
"ဘာကိုဆိုလိုတာလဲ"
"ေယဘုယ်အားျဖင့္ ေျပာရမယ္ဆိုရင္ အရြယ္ေရာက္ၿပီးသား လူေတြမွာ အိပ္ရင္းနဲ႔ လမ္းေလ်ွာက္တယ္ဆိုတာ အရမ္း႐ွားတယ္ ၿပီးေတာ့ သူတို႔ထဲက အမ်ားစုက တစ္ခုခု လုပ္မယ္ဆိုတဲ့ ရည္ရြယ္ခ်က္ တိတိက်က်မ႐ွိဘူး၊ ေျပာရမယ္ဆိုရင္ကြာ အိပ္ရင္းနဲ႔ တစ္ခုခုလုပ္တယ္ဆိုပါေတာ့ မင္းဘယ္သြားေနတယ္ဆိုတာ မင္းကိုယ္တုိင္ ေသခ်ာမသိဘူး"
Zhan Zhao က ႐ွင္းျပလိုက္ၿပီး ေရဘဝဲဆူ႐ွီကို ေနာက္တစ္ခု ထိုးလိုက္ျပန္သည္။
"သူ႔ဆရာက ေျပာတာကေတာ့ သူက အဲလိုအခ်ိန္မွာ အရမ္းေၾကာက္ဖို႔ေကာင္းတာဆို၊ ၿပီးေတာ့ လူသတ္ၿပီးေတာ့လဲ သူမမွတ္မိဘူးေလ"
Bai Yutang ကေတာ့ Zhan Zhao စားလြန္း၍ ကုန္ခါနီးျဖစ္ေနေသာ ေရဘဝဲဆူ႐ွီပန္းကန္ေလးကို သနားစဖြယ္ ၾကည့္ေနရင္း ေျပာလိုက္သည္။
"အဲဒါက ထူးဆန္းေနတာပဲ..."
Zhan Zhao က ဆက္ေျပာသည္။
"အိပ္မက္မက္တယ္ဆိုတာက ဦးေႏွာက္အေ႐ွ႕ပိုင္းက cerebral cortex ရဲ႕ အဓိက လုပ္ငန္းတစ္ခုပဲ၊ ဦးေႏွာက္မွာ လႈပ္႐ွားျခင္းနဲ႔ ၿငိမ္သက္ျခင္း လုပ္ငန္းႏွစ္ခု႐ွိတယ္၊ မ်ားေသာအားျဖင့္ လူေတြအိပ္ေနရင္ cerebral cortex က ၿငိမ္ေနတဲ့ အေျခအေနမွာ႐ွိတယ္၊ တကယ္လို႔မ်ား အာရံုေၾကာဆဲလ္ေလးေတြ အုပ္စုလိုက္ လႈပ္႐ွားတဲ့ အေနအထားကို ေရာက္ရင္ ဦးေႏွာက္ရဲ႕ cerebral cortex က လႈပ္႐ွားလာၿပီး အိပ္ရင္းနဲ႔ လမ္းေလ်ွာက္ျခင္း ျဖစ္လာတာ၊ ၿပီးေနာက္ အဲဒါနဲ႔ ပတ္သက္တဲ့ တျခားအလုပ္ေတြ လုပ္တာ..."
"Xiao Mao ရာ.."
Bai Yutang က Zhan Zhao ရဲ႕ ေ႐ွ႕က ပန္းကန္လံုးကို တူနဲ႔ ေခါက္လိုက္သည္။
"တ႐ုတ္လိုပဲ ျပန္ေျပာပါကြာ.. ေနာ္.."
Zhan Zhao က Bai Yutang ကို တစ္ခ်က္သာေမာ့ၾကည့္ၿပီး ဆူ႐ွီတစ္လိပ္ကို တူနဲ႔ထိုးလိုက္သည္။
"႐ွင္း႐ွင္းေျပာရရင္ကြာ အိပ္ရင္း လမ္းေလ်ွာက္တဲ့သူေတြက ပင္ကိုယ္စ႐ိုက္ ေျပာင္းေလ့ေျပာင္းထမ႐ွိဘူးကြာ
ၿပီးေတာ့ တကယ္လို႔ အိပ္ရင္း လမ္းေလ်ွာက္ၿပီးလို႔ ႏိုးလာရင္လဲ ဘာျဖစ္ခဲ့တယ္ဆိုတာ ေသခ်ာစဥ္းစားေလ့႐ွိတယ္ကြာ.."
Zhan Zhao က ဆူ႐ွီကို ပါးစပ္ထဲ ထည့္လိုက္သည္။
Bai Yutang ကေတာ့ ၿငိမ္ၿပီး စဥ္းစားေနသည္။
"အဲဒါဆို... သူက တမင္လုပ္တာလား.."
Zhan Zhao က ဆူ႐ွီေနာက္တစ္ခုကို ထပ္ယူၿပီး ေခါင္းယမ္းလိုက္သည္။
"အဲလိုေတာ့လဲ မဟုတ္ဘူးကြ..."
"အာ့ဆို ဘာလဲကြာ..."
"ငါ...ငါေသခ်ာအတည္ျပဳလို႔မရေသးဘူး၊ သူ႔ရဲ႕ ပတ္ဝန္းက်င္ အေနအထားကို ၾကည့္ၿပီးမွ.."
"သူက အ႐ူးပဲလားကြာ..."
Bai Yutang က အားမလိုအားမရႏွင့္ သက္ျပင္းခ်လိုက္သည္။
Zhan Zhao က ပုစြန္ေၾကာ္တစ္ခုကို တူနဲ႔ ထိုးလိုက္ၿပီး Bai Yutang ကို ဦးတည္ကာ..
"ႂကြက္စုတ္ေလး၊ အ႐ူးဆိုတဲ့ စကားကို မင္းမသံုးသင့္ဘူး"
Bang......
Zhan Zhao ရဲ႕ စကားေတာင္မဆံုးေသး၊ သူတို႔နဲ႔ မလွမ္းမကမ္းက စားပြဲက ေျပာင္းျပန္လွန္သြားသည္။ ၿပီးသည္ႏွင့္ ရန္ပြဲတစ္ခု..။
"႐ွင္ အဲဒါကို ထပ္ ေျပာရဲေျပာၾကည့္"
Zhan Zhao ေရာ Bai Yutang ပါ အာရံုက ထိုဝိုင္းသို႔ ေရာက္သြားသည္။ တံခါးနားက ဝိုင္းမွ ႏွစ္ေယာက္ စကားမ်ားေနၾကသည္ပဲ။
တစ္ေယာက္က တျခားသူ၏ အက်ႌေကာ္လာကို ကိုင္ကာ ပါးႏွစ္ခ်က္ ဆင့္႐ိုက္ၿပီး တံေတြးႏွင့္ ေထြးကာ လက္သီးနဲ႔ ထိုးၿပီး ကန္လိုက္သည္။ Zhan Zhao ႏွင့္ Bai Yutang တို႔ အံ့ျသသည္က ထိုေဒါသႀကီးေသာ ပုဂၢိဳလ္မွာ မိန္းမငယ္ေလး တစ္ဦးျဖစ္ေသာေၾကာင့္ပင္၊ ပို၍ အံ့ျသရသည္မွာ ထိုမိန္းမငယ္ေလး လုပ္သမ်ွကို ခံလိုရက္ရသူက ေယာက်္ားေလးတစ္ဦးပင္။
အႏွီ မိန္းကေလး၏ အက်ႌမွာ ၾကပ္ၾကပ္ႏွင့္ အေ႐ွ႕တြင္ ဘာေတြတပ္ထားမွန္းမသိ၊ Punk ကို တအားႀကိဳက္ပံုရသည္။ ေဘာင္းဘီက ၾကပ္ထုတ္ေနၿပီး မ်က္လံုးေတြက ျခယ္သထားသည္မွာ အ႐ိုင္းဆန္ေနသည္။
သူမက ထိုလူအား ႐ိုက္ၿပီးသည္ႏွင့္ အျပင္ထြက္သြားသည္။
"အဟြတ္.."
ေစာေစာက အမ်ိဳးသားမွာေတာ့ လန္႔သြားၿပီး ေျမျပင္ေပၚမွ ကဗ်ာကရာ ထတာ ေျပာလိုက္သည္။
"ေက်ာင္းသားတီးဝိုင္းေလးပဲကို..ဘာေတြမ်ား စြတ္ဘဝင္ျမင့္ေနပါလိမ့္..."
ပိုက္ဆံကို စားပြဲေပၚ ပစ္တင္ၿပီး ျပန္သြားသည္။
စားေသာက္ၿပီးေတာ့ Zhan Zhao ႏွင့္ Bai Yutang တို႔ႏွစ္ေယာက္ ထိုဆရာေရးေပးလိုက္တဲ့ ေက်ာင္းနားက Qi Lei ရဲ႕ တိုက္ခန္းကို သြားဖို႔ ဆံုးျဖတ္လိုက္သည္။
ထိုေနရာမွာ တန္ဖိုးနည္း အိမ္ရာျဖစ္ၿပီး အေဆာင္သေဘာမ်ိဳး ေနၾကတာ မ်ားသည္။ Zhan Zhao ႏွင့္ Bai Yutang တို႔က အေပၚထပ္ကို တက္သြားၿပီး တံခါးေခါက္ေတာ့ ဘယ္သူမွ မ႐ွိ။
"သူတစ္ေယာက္တည္းေနတာနဲ႔ တူတယ္.,"
Zhan Zhao က ေဘးဘီဝဲယာ ၾကည့္လိုက္ရင္း ေျပာလို္က္သည္။
" လံုျခံဳေရးဆီက ေသာ့သြားေတာင္းရေအာင္.."
Bai Yutang ကေတာ့ လက္ကာျပလိုက္သည္။
"လံုျခံဳေရး ဘယ္မွာ သြား႐ွာမွာလဲ.. အလုပ္႐ႈပ္တယ္.."
သူက ေျခေထာက္ကို ေျမာက္လိုက္ၿပီး တံခါးရဲ႕ အလယ္တည့္တည့္ကို ကန္လိုက္သည္။
Bang.....
တံခါးက ဝုန္းခနဲ ပြင့္သြားသည္။
အထဲက ထူးဆန္းတဲ့ အနံ႔တစ္မ်ိဳးေၾကာင့္ ႏွစ္ေယာက္သား မ်က္ႏွာ႐ႈံ့မဲ့သြားသည္။ အထဲဝင္မလို႔ ျပင္ေနတုန္း တစ္စံုတစ္ေယာက္က လွမ္းတားသည္။
"ရပ္လိုက္၊ ႐ွင္တို႔က ဘယ္သူေတြလဲ..."
လွည့္ၾကည့္လိုက္ေတာ့ သူတို႔ကို စူးရဲစြာ စိုက္ၾကည့္ေနသည့္ မ်က္ဝန္းတစ္စံု။
သူသည္ကား စားေသာက္ဆိုင္မွ ဆဲေရးေနသည့္ Punk ေကာင္မေလး....
.........
End of Training Camp Chap. 03
Thank you all
ႏွစ္ရက္ တစ္ပိုင္းတင္ေပးမယ္ေျပာၿပီး တစ္ရက္တစ္ပိေုင္းေတြ စြတ္တင္ေနတဲ့ ကြၽန္ေတာ့္ကို စိတ္မဆိုးၾကပါနဲလို့ ၊ အားေန ျပန္ခ်င္ေနတာမို႔လို႔ပါေနာ္..😂😂
Unicode
ညစာစားပွဲခန်းမမှ ဧည့်သည်များကတော့ ရဲများထံ နာမည်စာရင်းပေးပြီးသည်နှင့် အသီးသီး ပြန်ကုန်ကြတော့ Gongsun လဲ ပြန်ရန်အတွက် ဓာတ်လှေကားဘက်သို့ လျှောက်သွားသည်။ ဓာတ်လှေကားရှေ့မှာက ပြည့်ကျပ်နေသော လူအုပ်ကြီး၊ Gongsun က ထိုလူအုပ်ကြီးကို ကြည့်၍ ခေါင်းမူးလာသလို ခံစားလာရသောကြောင့် လှေကားနှင့်ပင် ခြေကျင်ဆင်းရန် လှေကားရှိရာသို့ လျှောက်သွားလေသည်။
လှေကားရှိရာ တံခါးကို တွန်းဖွင့်လိုက်ရုံပင်ရှိသေး၊ တစ်စုံတစ်ဦးက သူ့ကို အနောက်မှ သိုင်းဖက်လာသည်။ အားချင်းမမျှသောကြောင့် Gongsun ဒေါသထွက်နေသော်လဲ အသံပင်မထွက်နိုင်ပဲ လှေကားထောင့်သို့ ဆွဲခေါ်သွားတာ ခံလိုက်ရသည်။
နံရံနှင့်တိုက်မိပြီးတော့မှ မော့ကြည့်တော့ သူ့ကို ပြုံးကာ ငုံ့ကြည့်နေသည့် Bai Jintang ကို မြင်သည်နှင့် Gongsun က အေးစက်စက် ပြောလိုက်သည်။
"ခင်ဗျား ဘာလိုချင်လို့လဲ"
Bai Jintang က Gongsun ကို လွှတ်ပေးလိုက်ပြီး ပခုံးလေးသာ တွန့်ပြသည်။
"ဘာမှ မလိုချင်ပါဘူး၊ ဒီနေ့ မင်း ကိုယ့်ကို ကူညီပေးတာတွေ အတော်များသွားလို့ ကျေးဇူးတင်ချင်ရုံ သက်သက်ပါ"
Gongsun က Bai Jintang ရဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ မျက်လုံးများကို ခဏစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော့်ကို ကျေးဇူးတင်ချင်တယ် ဆိုရင် လွယ်လွယ်လေးပါ"
Bai Jintang က နဲနဲစဉ်းစားရကြပ်သွားသည်။ Gongsun လို လူတစ်ယောက်ကို ဘယ်လိုကျေးဇူးဆပ်ရမလဲဆိုတာ စဉ်းစားဖို့အတွက် ခေါင်းခဏငုံ့သွားစဉ်မှာပင် သူ့ရှေ့မှ အေးစက်စက်လေတစ်ချက်နှင့်အတူ မျက်လုံးထဲလက်ခနဲ ဖြစ်သွား၍ ပင်ကိုယ်အသိနှင့် Gongsun ရဲ့ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်တော့... မီးရောင်အောက်မှာ လက်လက်ထနေသော ခွဲဓား။
"မင်း..."
Bai Jintang က အလိုအလျောက် ခြေနှစ်လှမ်းနောက်ဆုတ်သွားသည်။
"မင်း ဒီလို နေရာမျိုးကို ဓားယူလာတာလား"
"ကျွန်တော့်ကို ကျေးဇူးတင်ချင်တယ်ဆို.."
Gongsun က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
"အတိအကျပြောရရင် ကျွန်တော်က အသက်ရှင်နေတဲ့ လူရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကို အရှင်လတ်လတ် ခွဲချင်နေတာ ကြာပြီ"
"Oh!.."
Bai Jintang က လုံးဝစိတ်မဆိုးပဲ ရယ်ပင် ရယ်နေသေးသည်။
"မင်းသိလား၊ ကိုယ်က မင်းရဲ့ ဒီလိုပုံစံလေးကို သဘောကျတာ"
"မကောင်းတဲ့ကောင်၊ ခင်ဗျားကို အသေ သတ်မယ်"
"တကယ်လို့ မင်းသာ လိုချင်မယ်ဆိုရင် ကိုယ့်အသက်ကို ပေးဖို့ ဝန်မလေးပါဘူး.."
"ဘယ်သူက လိုချင်တယ်ပြောလို့လဲ.. လွှင့်ပစ်မှာ.."
.............
လှေကားတံခါးရဲ့ တစ်ဖက်မှာတော့ Zhaohui နဲ့ Zhaolan တို့ တီတိုးတီတိုးနှင့် ချောင်းကြည့်နေရင်း Zhaohui က အိတ်ထဲက လက်ကိုင်ပဝါထုတ်ပြီး Zhaolan အားလှမ်းပေးသည်။
"ရော့ မင်းသွားရေတွေကို သုတ်လိုက်ဦး"
Zhaolan က လှမ်းယူပြီး သုတ်ပြီးမှ ပြန်ပေးသည်။
"မင်းရော နှာခေါင်းသွေးတွေ သုတ်လိုက်"
"ဒါနဲ့ ငါတို့အစ်ကိုကြီးက တကယ်ပဲ Gongsun ကို..."
"သိတယ်၊ လျှာမရှည်နဲ့"
(S.C.I. ရဲ့ ဝါရင့် Fa ကြီးနှစ်ယောက် သွားရေကျခန်း😁😁)
.........
"ကိုယ် မင်းကို ပြန်လိုက်ပို့ပေးမယ်".
Bai Yutang က နူးည့ံညင်သာစွာ ပြောလိုက်သည်။
"ဘယ်သူက ခင်ဗျားကို လိုက်ပို့ပါလို့ ပြောနေလို့လဲ"
Gongsun က Bai Jintang ကို တွန်းလိုက်ပြီး တစ်ဖက်လှည့်ထွက်ဖို့ ပြင်သည်။
"မင်း ဘာပြောပြော ကိုယ်ဂရုမစိုက်ဘူး"
Bai Jintang က Gongsun ရဲ့ လက်ကို တင်းတင်းဆွဲထားကာ မြေပုံကို ဖွင့်လိုက်သည်။
"အင်း... သီးသန့် ဓာတ်လှေကားက ဒီဘက်မှာ.."
Bai Jintang က Gongsun ကို ဆွဲကာ ဓာတ်လှေကားထဲသွင်း ထိုမှတစ်ဖန် ကားထဲ အတင်းအကြပ် ကားထဲ အသွင်းခံရတာတောင် ဘာမှ ပြန်မလုပ်နိုင်ပဲ ကြောင်နေသည်။ ပြီးတော့ Bai Jintang ကတော့ Gongsun နေထိုင်ရာ တိုက်ခန်းများဆီသို့ မောင်းသွားလေသည်။
Bai Jintang က ဓာတ်လှေကားအပြင်မှ ထွက်တော့ Gongsun အခန်းဘေးနားမှ အခန်းရှေ့ ရပ်ကာ သော့ကို ထုတ်ပြီး ဖွင့်လိုက်တော့ Gongsun တစ်ယောက် အံ့သြသွားလေသည်။ သူ တစ်ခုခုပြောရန် ကြံလိုက်စဉ်မှာပင် ဘယ်အချိန်က သူတို့နောက် လိုက်လာမှန်းမသိသော အမြွှာနှစ်ကောင် ပေါ်လာသောကြောင့် ပို၍ပင် အံ့သြသွားသည်။ ပြီးတော့ သူ့လက်ထဲက တံခါးသော့ကို အမြွှာတွေက အတင်းအကြပ် လာယူသွားသည်။
ဒေါသတို့က တားမရဆီးမရ။.
"ခင်.. ခင်ဗျားတို့.."
Bai Jintang က ကြောက်ရွံစွာ အော်နေတဲ့ Gongsun ကို အခန်းထဲရောက်အောင် တွန်းလိုက်ပြီး တံခါးကို ဆွဲပိတ်လိုက်သည်၊
Gongsun က အပေါ်ကို မော့ကြည့်တော့ သူ့အခန်းကဲ့သို့ မျက်နှာကျတ်မှ ကြမ်းပြင်အထိ မှန်ဖြင့်ကာထားသော တံခါးရှိပြီး လိုက်ကာတို့က တင်းတင်းစေ့လျက် ပိတ်ထားသည်။
"ခင်ဗျား Bai Yutang ရဲ့ ရုံးခန်းမှာ လက်ရှိ နေနေတာ မဟုတ်ဘူးလား.."
Gongsun က ပြတင်းနေရာသို့ သွား၍ လိုက်ကာကို ဆွဲဖွင့်လိုက်သည်။ ဘယ်လောက်တောင် လှလိုက်တဲ့ သူတို့ မြို့လေးရဲ့ ညရှုခင်းပါလိမ့်။
Gongsun က မျက်နှာချင်းဆိုင်က ဆောက်လက်စအဆောက်အဦးဆီ အာရုံရောက်သွားတော့ နဂို အမဲရောင် တွင်းနေရာမှ လင်းလက်စွာ မီးတို့ဖြင့် ထိန်ထိန်သာနေသည်။
"ဒီနေရာက.. မြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်နိုင်ခြေရှိတဲ့ အိမ်ရာတစ်ခုထဲမှာ ပါတယ်လေ၊ အဲဒီတော့ စီးပွားရေး အမြင်အရ ဒီနေရာကို ဝယ်လိုက်တာ.. "
Bai Jintang က Gongsun နားရောက်လာပြီး လက်ချောင်းလေးတွေနှင့် မှန်ကို ပွတ်ဆွဲလိုက်ကာ..
"ပြီးတော့ ဒီနေရာမှာ Bai မိသားစု လုပ်ငန်းချုပ်ရဲ့ ရုံးခန်းရှိတယ်လေ"
"..." Gongsun က Bai Jintang ရဲ့ အပြောကြောင့်ရော အမူအရာကြောင့်ပါ စိတ်မသက်မသာ ဖြစ်သွားလေသည်။
"ခင်ဗျား... ပြောပြစရာ.. မလို..."
"မင်းသိလား..."
Bai Jintang က သူ့လက်ချောင်းလေးတွေနဲ့ မှန်ထဲမှ Gongsun ကို ထောက်လိုက်သည်။
"ဒီကနေဆိုရင် မင်းအိပ်ခန်းနဲ့ တန်းနေတာပဲ၊ ကိုယ်လဲ မင်းကို မြင်ရမယ်၊ မင်းလဲ ကိုယ့်ကို တွေ့ရမယ်၊ ပြီးတော့ ညတိုင်း မင်း စိတ်ချမ်းချမ်းသာသာနဲ့ အိပ်ပျော်မှာပါ..."
...........
Gongsun က Bai Jintang ကို မော့ကြည့်လိုက်တော့ တစ်ခါမှ မမြင်ဖူးသော လေးနက်ခြင်းတွေနှင့်၊ သို့သော် သူက Bai Jintang စကားကို ဆုံးအောင်နားထောင်လိုက်သည်။
"ဟုတ်တယ် ကိုယ်ဝန်ခံတယ်၊ ကိုယ် နံရံကြားမှာ အပေါက်ဖောက်ထားတယ်"
Bai Jintang ညွှန်ပြရာနေရာသို့ ကြည့်လိုက်တော့မှ Gongsun သတိထားမိလိုက်တာက အိပ်ခန်းနှစ်ခန်း၏ အလယ်မှ နံရံဟာ Bai Jintangပြောသလို အပေါက်သေးသေးလေးပင် မဟုတ်၊ လူပါဝင်လို့ရသည့် တံခါးတစ်ချပ်စာမျှ ကြီးမားလေသည်။
........
"Bai Jintang.. လွှတ်စမ်း.. ခင်ဗျားက ရူးနေတာပဲ.."
"မင်း ကိုယ့်နာမည်ကို ဒါပထမဆုံး ခေါ်တာပဲ.."
"အား.. ဖယ်လို့ ပြောနေတယ်လေ"
.........
ထိုညက Bai Jintang မှာ ကုတင်ပေါ်သာ လဲလျောင်းနေပေမဲ့ အိပ်မပျော်ခဲ့၊ Gongsun က သူ့ကို တွန်းဖယ်ကာ ထွက်သွားပြီးနောက် ထိုအပေါက်ကို သူ့ဗီရိုနှင့် ပိတ်ထားလေသည်။
"ဟူး..." အကြိမ်သုံးဆယ်မြောက် သက်ပြင်းချအပြီးမှာတော့ သူတွေးနေသည်။
"ဘာလိ့ုများ ဒီလူကို ရဖို့ တအားခက်နေတာပါလိမ့်.."
.......
နောက်တစ်နေ့မနက်မှာတော့ လန်းဆန်းတက်ကြွနေသော Bai Yutang နှင့် Zhan Zhao တို့ဟာ Bao Zheng လှမ်းခေါ်၍ သူ့ရုံးခန်းထဲသို့ အမိန့်နာခံရန် ရောက်နေကြသည်။
"မင်းတို့ ဒီအမှုကို ဘယ်လိုထင်လဲ.."
Bao Zheng က စာရွက်တစ်ရွက်ကို သူတို့ဘက် ပစ်ပေးလိုက်သည်။
ဖွင့်ကြည့်တော့ မနေ့ညက အမှုနှင့်အတူ မြောက်မြားစွာသော သေနတ် ပစ်ခံရ၍ လူသေမှုများ အကြောင်း..။
"ဒါက ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ ပစ်ချက်နဲ့ မတူဘူး."
Bai Yutang က စာရွက်ကို အပြန်ပြန်လှန်ရင်း ပြောလိုက်သည်။
"သူ့ရဲ့ ပစ်ပုံပစ်နည်းက ဆရာမကျဘူး.."
Bao Zheng က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်သည်။
" အဲဒါက စိုးရိမ်စရာအကောင်းဆုံး အချက်ပဲ.."
Zhan Zhao က အချက်အလက်များကို ဖတ်နေရင်း မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
"မနေ့တုန်းက လူသတ်သမားက M တက္ကသိုလ်ရဲ့ ကျောင်းသား Qi Lei, အသက် 20??"
Bao Zheng က ခေါင်းသာ ညိတ်နေသည်။
"ဒီအမှုက တော်တော်လေး ထူးဆန်းတယ်၊ Dr. Wilson နဲ့ Jon King တို့က နိုင်ငံခြားသား နာမည်ကျော်တွေ၊ အဲဒါကြောင့် ပိုပြီး သတိထားရမယ်၊ ဒီအမှုကို လဝက်မတိုင်ခင် အပြီးဖြေရှင်းပေးရမယ်. မင်းတို့..."
Bai Yutang က ခေါင်းကုတ်လိုက်သည်။
"Bao Sir, လဝက်က နည်းလွန်းပါတယ်.."
Zhan Zhao ကလဲ သံယောင်လိုက်သည်။
"ဟုတ်ပါတယ်"
Bao Zheng က ထိုနှစ်ယောက်အား အားရပါးရရယ်၍ ပြောသည်။
"မင်းတို့နှစ်ကောင်၊ ဈေးမဆစ်ကြနဲ့ လဝက်အတွင်းဆို လဝက်အတွင်းပဲ၊ တစ်ရက်နောက်ကျတာနဲ့ အိမ်သာတစ်နှစ်ဆေးရမယ်.."
..........
S.C.I. အဖွဲ့သားများက ထူးထူးခြားခြား Bai Yutang နှင့် Zhan Zhao တို့ အလောတကြီး ဖြစ်နေတာ တွေ့လိုက်ရသည်။
"Ma Han! "
"ဟုတ်ကဲ့ Bai Sir"
Ma Han က Bai Yutang ရဲ့ မျက်နှာ မကောင်းတာကြောင့် ခေါ်လိုက်တာနှင့် ချက်ချင်း အနားရောက်သွားသည်။
"မင်း နည်းပညာအဖွဲ့ကို ဦးဆောင်ပြီး အခင်းဖြစ်တဲ့ လေးနေရာစလုံးကို သွားစုံစမ်း"
"Yes sir"
"Wang Chaoနဲ့ Zhang Long က သေဆုံးသူတွေနဲ့ အချက်အလက် အပြည့်အစုံရယ်၊ Dr. Wilson နဲ့ Jon King တို့ရဲ့ အကြောင်းကို အပြည့်အစုံ စုံစမ်းခဲ့"
"Yes sir"
"Xu Qing မင်းက သေနတ်ဘယ်က ရတာလဲ ဆိုတာ စုံစမ်းခဲ့"
"Yes sir"
"လဝက်အတွင်း အပြီးနော်"
"ဗျာ.."
Bai Yutang က သူ့အဖွဲ့မှ သူ့ကို ကြောင်ကြည့်နေကြသော ကောင်လေးများကို ပြုံးကြည့်လိုက်သည်။
"တစ်ရက်နောက်ကျတာနဲ့ အိမ်သာတစ်နှစ်ဆေးပေးရမယ်"
အကုန်လုံး ပျာယီးပျာယာဖြင့် အလျိုှလျှို ထွက်သွားကြလေသည်။
Zhan Zhao က Bai Yutang နားသွားကာ တိုးတိုးလေးပြောလိုက်သည်။
"တရားခံမှာ တခြား ရည်ရွယ်ချက်တစ်ခု ရှိကို ရှိရမယ်"
Bai Yutang က Zhan Zhao ကို သေချာကြည့်လိုက်သည်။
"Xiao Mao ဘာတွေပြောနေတာလဲ"
"ငါတို့ အခု ဘာလုပ်ကြမှာလဲ"
Zhan Zhao က မေးလိုက်သည်။
"အင်း..."
Bai Yutang က သက်ပြင်းချလိုက်ပြီး စားပွဲပေါ်တင်ထားတဲ့ ဖိုင်တွဲကို ကောက်ကိုင်လိုက်သည်။
"M တက္ကသိုလ်ကိုသွားမယ်၊ Qi Lei ရဲ့ အကြောင်းသွားစုံစမ်းကြမယ်"
..........
M တက္ကသိုလ်က S မြို့တော်ရဲ့ တတိယ အကြီးမားဆုံး ကိုယ်ပိုင်တက္ကသိုလ် တစ်ခုဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေဟာလဲ C တက္ကသိုလ်မှ ကျောင်းသားတွေထက် အကျင့်စရိုက်ရော ဝတ်စားဆက်ယင်ပုံပါ အလွန်ကွဲပြားခြားနားလေသည်။
Bai Yutang နဲ့ Zhan Zhao ဟာ Qi Lei က ဥပဒေကျောင်းသားဖြစ်တာကြောင့် ဥပဒေဌာနရဲ့ စုံစမ်းရေးအခန်းကို လာခဲ့ကြသည်။
ရုံးခန်းတွင် သူတို့ Jia Zhengyan ဟူသော အသက် သုံးဆယ်အရွယ် ဆရာတစ်ဦးကို တွေ့လိုက်ရပြီး သူဟာ Qi Lei ရဲ့ အတန်းကို သင်ကြားပေးသော ဆရာတစ်ယောက်ဖြစ်လေသည်။
Jia Zhengyan က Bai Yutang နှင့် Zhan Zhao ကို နွေးထွေးစွာ ကြိုဆိုလိုက်ပြီး သူပြောပြရသလောက်ကတော့.. Qi Lei ဟာ သူနဲ့ သိပ်မရင်းနှီးတဲ့ ကျောင်းသာတစ်ယောက် ဖြစ်ပြီး အဆောင်မှာ နှစ်တစ်ဝက်လောက်သာ နေထိုင်ပြီးနောက် အပြင်မှာ အိမ်ငှါးနေသည်ဟု ပြောလေသည်။
"ဘာလို့ လဲ၊ သူက တခြားကျောင်းသားတွေနဲ့ အဆောင်မနေတော့ဘူးလား"
Bai Yutang က မေးလိုက်သည်။
"သူက..."
Jia Zhengyan က တစ်ချက်တွေဝေသွားပြီးမှ ဆက်ပြောသည်။
"Qi Lei က ကျန်းမာရေး သိပ်မကောင်းလို့ သူငယ်ချင်းတွေနဲ့ အတူတူနေလို့မရဘူး.."
"ဘာရောဂါရှိလို့လဲ"
"အိပ်ရင်းနဲ့ လမ်းထလျှောက်တာ.."
"အိပ်ရင်းနဲ့..."
Bai Yutang ရော Zhan Zhao ပါ အ့ံအားသင့်၍ တဟ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။
"ကျွန်တော့်ကို နဲနဲလောက် အသေးစိတ်လေး ပြောပြပါလား"
Zhan Zhao က စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
"ရတာပေါ့"
Jia Zhengyan က ခေါင်းညိတ်လိုက်သည်။
"Qi Lei က သူ့အခန်းဖော်ကို ည ညဆိုရင် အမြဲတမ်း တစ်ခုခု ထလုပ်လေ့ရှိတယ်၊ ပြီးတော့ အဆောင်အပြင်ထွက်ပြီး မီးတွေမွှေး ပြီးတော့ လူတွေကို လဲ လိုက်ရိုက်တယ်၊ သူ အိမ်မပြောင်းခင်ကဆို သူ့အခန်းဖော်ကို ခေါင်းအုံးနဲ့ အသက်ရှူ ကြပ်အောင် ဖိထားတာ.."
"Qi Lei က အဲဒီအချ်ိန်မှာ အိပ်နေတာ မဟုတ်ပဲ တမင်လုပ်တာရော မဖြစ်နိုင်ဘူးလား"
Zhan Zhao က မေးခွန်းကို လှည့်လိုက်သည်။
Jia Zhengyan ကတော့ သက်ပြင်းသာချလိုက်သည်။
"Qi Lei က သာမန်အချိန်တွေမှာ လူမှုဆက်ဆံရေး သိပ်မကောင်းပေမဲ့ နူးညံ့ပြီး သိမ်မွေ့တဲ့ ကလေးပါ၊ သူ့အခန်းဖော် ပြောပြသလောက်တော့ သူက ညဘက်ဆိုရင် မျက်နှာက ဒေါသရိပ်တွေနဲ့ ပြည့်နေပြီး မနက်ကျရင် ညက အဖြစ်အပျက်တွေကို ဘာမှ မမှတ်မိဘူးတဲ့.."
Zhan Zhao က ခေါင်းငုံ့ကာ တစ်စုံတစ်ခုကို အပြင်းအထန်စဉ်းစားနေပြီး Bai Yutang ကတော့ ထိုဆရာကို သိချင်သည်များကို ဆက်လက်မေးမြန်းနေလေသည်။
Zhan Zhao ကတော့ စကားတစ်ခွန်းမှ ဆက်မပြောတော့..။
Bai Yutang ရဲ့ မေးခွန်းတွေမေးပြီးတဲ့ အခါမှာတော့ Zhan Zhao က နောက်ဆုံး မေးခွန်းတစ်ခုမေးသည်။
"သူ ဘယ်မှာနေလဲ ဆိုတာ သိလား.."
"ကျောင်းသားတွေကို ဆက်သွယ်ရမဲ့ လိပ်စာရှိပါတယ်ဗျ ကျွန်တော် ရေးပေးလိုက်မယ်"
Jia Zhengyan က မှတ်စုစာအုပ်ကို ထုတ်လိုက်ပြီး လိပ်စာကို ရေးကာပေးလိုက်သည်။
"တကယ်လို့ တခြားသိချင်တာတွေရှိရင် ကျောင်းက တီးဝိုင်းအဖွဲ့ကို မေးကြည့်ပါ သူတို့က ပိုပြီးရှင်းရှင်းလင်းလင်း သိကြမှာပါ"
"တီးဝိုင်းအဖွဲ့....."
"Qi Lei က ဂီတဘက်မှာအရမ်းပါရမီပါတာ bass ဂီတာကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်တယ် ပြီးတော့ သူက "Boiling Point " လို့ခေါ်တဲ့ တီးဝိုင်းအဖွဲ့တစ်ခု တခြားကျောင်းသားတွေနဲ့ ဖွဲ့ထားတယ်၊ ပြီးတော့ သူတို့အဖွဲ့ အသံသွင်းထားတာလေးတွေလဲရှိတယ်၊ ကုမ္ပဏီတွေက အဲဒီဟာတွေကို ဝယ်ချင်နေကြတာ.."
"အဖွဲ့ဝင်တွေက ဘယ်မှာရှိကြလဲ"
"ဟောဟိုက အနိီရောင်သုံးထပ်ဆောင်က ကျောင်းရဲ့ ဘက်စုံဖွံ့ဖြိုးရေးအခန်းမှာ "
Jia Zhengyan က လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး
"သူတို့တွေက အဲဒီကို နေ့လည်ဆိုရင် လေ့ကျင့်ဖို့သွားကြတယ်၊ အထဲဝင်တာနဲ့ အသံ ကြားမှာပါ"
နှစ်ယောက်သား ဆရာ့ကို နှုတ်ဆက်ပြီး ထွက်လာကြသည်။
လမ်းမသိသောကြောင့် Zhan Zhao က တစ်နေရာထဲကို ပတ်နေတာ သုံးခေါက်တောင်ရှိနေပြီ။ သူရှာချင်တာက တီးဝိုင်းလေ့ကျင့်တဲ့အခန်း။
သို့သော် ရှာလို့မတွေ့။
Bai Yutang ကတော့ နာရီကို ငုံ့ကြည့်လိုက်သည်။
"ကြောင်လေး၊ ၁၂ နာရီတောင်ထိုးနေပြီ ရှာမတွေ့သေးရင်လဲ အရင် တစ်ခုခု သွားစားရအောင်"
Zhan Zhao က Bai Yutang အစားအကြောင်းပြောမှ ဗိုက်ထဲက တကြုတ်ကြုတ်မြည်နေတာ သတိထားမိသွားသည်။
"ဘာစားရင် ကောင်းမလဲ..."
သူတို့ သုံးခေါက်လောက် ပတ်ကာ နေရာရှာကြသည်။ Bai Yutang က ကျောင်းအဝင်ဝနေရာကို ပြန်လျှောက်ရင်း တစ်နေရာအရောက်တွင် ရပ်လိုက်သည်။
"ဘယ်သွားမလို့လဲ " Zhan Zhao ရဲ့ အမေး။
"ကျောင်းထဲ ဝင်လာတုန်းက ဘေးနားမှာ Japan စားသောက်ဆိုင်တစ်ခုတွေ့မိတယ်"
"ဂျပန်စာလား..."
Zhan Zhao ကမွေးကထဲက ဆူရှီ ဆူရှီဟုအော်ပြီး မွေးလာသလားအောက်မေ့ရအောင် ကြိုက်တတ်သူဖြစ်လေသည်။
"ငါ ဆူရှီစားမယ် ပြည်ကြီးငါးလဲ စားချင်တယ်"
"ဟုတ်ပြီ၊ ဆူရှီရမယ်၊ ပြည်ကြီးငါးတော့ မစားရဘူး ဗိုက်မကောင်း ဖြစ်မယ်"
"ဟင်..၊ အဲဒါဆို sardine အလိပ်စားမယ်"
"Sardine လား"
"ပြီးတော့... ပြီးတော့ salmon.. salmon"
"Salmon ရယ်"
"ရေဘဝဲ တုတ်ထိုး..."
"အကုန် ငါးတွေချည်းပဲ၊ မင်းက ကိုယ့်ကိုယ်ကို တကယ်ကြောင်လို့များ ထင်နေတာလား..."
"Wasabi နဲ့ စားမှာနော်"
"မစားရဘူး Wasabi "
"ဘာလို့လဲ"
"မင်း အစာအိမ်က wasabi လက်မခံနိုင်ဘူး."
"ဟင့်... sushi က wasabi နဲ့မှလိုက်တာကို"
နှစ်ယောက်သား ကျောင်းအဝင်ဝက ဂျပန် စားသောက်ဆိုင်ကို ဝင်လာလေသည်။
"ဒါနဲ့ ကြောင်လေး"
Bai Yutang က အေးအေးချမ်းချမ်းရှိမဲ့နေရာကို ရွေးကာ ထိုင်လိုက်ရင်း Zhan Zhao ကိုမေးလိုက်သည်။
"မင်း ခုနထဲက စိတ်နဲ့ ကိုယ်နဲ့ မကပ်သလိုပဲ ဘာတွေဒီလောက်တောင် စဉ်းစားနေတာလဲ"
Zhan Zhao က Bai Yutangနဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ထိုင်လိုက်ပြီး စားစရာမှာဖို့ menu ယူလိုက်သည်။
"မသေချာသေးဘူးကွ၊ ဒီအတိုင်း ထင်ရုံလေးပဲရှိသေးတာ"
"ဘာကို သံသယရှိနေတာလဲ"
"အင်း.. ဘာလဲဆိုတော့.."
"မှာပါ မှာပါ.. ကြိုက်တာမှာ.."
စားစရာများရောက်လာတော့ Bai Yutang က စကားပြန်ဆက်သည်။
"ပြောလေ ကြောင်လေး "
"ငါထင်တာကတော့ Qi Lei က အိပ်ရင်းနဲ့ လမ်းလျေျာက်တာ မဖြစ်နိုင်ဘူး"
Zhan Zhao က သူ့ရှေ့က တူကိုယူပြီး ပန်းကန်ထဲက ရေဘဝဲ ဆူရှီကို ထိုးလိုက်သည်။
"ဘာကိုဆိုလိုတာလဲ"
"ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အရွယ်ရောက်ပြီးသား လူတွေမှာ အိပ်ရင်းနဲ့ လမ်းလျှောက်တယ်ဆိုတာ အရမ်းရှားတယ် ပြီးတော့ သူတို့ထဲက အများစုက တစ်ခုခု လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက် တိတိကျကျမရှိဘူး၊ ပြောရမယ်ဆိုရင်ကွာ အိပ်ရင်းနဲ့ တစ်ခုခုလုပ်တယ်ဆိုပါတော့ မင်းဘယ်သွားနေတယ်ဆိုတာ မင်းကိုယ်တိုင် သေချာမသိဘူး"
Zhan Zhao က ရှင်းပြလိုက်ပြီး ရေဘဝဲဆူရှီကို နောက်တစ်ခု ထိုးလိုက်ပြန်သည်။
"သူ့ဆရာက ပြောတာကတော့ သူက အဲလိုအချိန်မှာ အရမ်းကြောက်ဖို့ကောင်းတာဆို၊ ပြီးတော့ လူသတ်ပြီးတော့လဲ သူမမှတ်မိဘူးလေ"
Bai Yutang ကတော့ Zhan Zhao စားလွန်း၍ ကုန်ခါနီးဖြစ်နေသော ရေဘဝဲဆူရှီပန်းကန်လေးကို သနားစဖွယ် ကြည့်နေရင်း ပြောလိုက်သည်။
"အဲဒါက ထူးဆန်းနေတာပဲ..."
Zhan Zhao က ဆက်ပြောသည်။
"အိပ်မက်မက်တယ်ဆိုတာက ဦးနှောက်အရှေ့ပိုင်းက cerebral cortex ရဲ့ အဓိက လုပ်ငန်းတစ်ခုပဲ၊ ဦးနှောက်မှာ လှုပ်ရှားခြင်းနဲ့ ငြိမ်သက်ခြင်း လုပ်ငန်းနှစ်ခုရှိတယ်၊ များသောအားဖြင့် လူတွေအိပ်နေရင် cerebral cortex က ငြိမ်နေတဲ့ အခြေအနေမှာရှိတယ်၊ တကယ်လို့များ အာရုံကြောဆဲလ်လေးတွေ အုပ်စုလိုက် လှုပ်ရှားတဲ့ အနေအထားကို ရောက်ရင် ဦးနှောက်ရဲ့ cerebral cortex က လှုပ်ရှားလာပြီး အိပ်ရင်းနဲ့ လမ်းလျှောက်ခြင်း ဖြစ်လာတာ၊ ပြီးနောက် အဲဒါနဲ့ ပတ်သက်တဲ့ တခြားအလုပ်တွေ လုပ်တာ..."
"Xiao Mao ရာ.."
Bai Yutang က Zhan Zhao ရဲ့ ရှေ့က ပန်းကန်လုံးကို တူနဲ့ ခေါက်လိုက်သည်။
"တရုတ်လိုပဲ ပြန်ပြောပါကွာ.. နော်.."
Zhan Zhao က Bai Yutang ကို တစ်ချက်သာမော့ကြည့်ပြီး ဆူရှီတစ်လိပ်ကို တူနဲ့ထိုးလိုက်သည်။
"ရှင်းရှင်းပြောရရင်ကွာ အိပ်ရင်း လမ်းလျှောက်တဲ့သူတွေက ပင်ကိုယ်စရိုက် ပြောင်းလေ့ပြောင်းထမရှိဘူးကွာ
ပြီးတော့ တကယ်လို့ အိပ်ရင်း လမ်းလျှောက်ပြီးလို့ နိုးလာရင်လဲ ဘာဖြစ်ခဲ့တယ်ဆိုတာ သေချာစဉ်းစားလေ့ရှိတယ်ကွာ.."
Zhan Zhao က ဆူရှီကို ပါးစပ်ထဲ ထည့်လိုက်သည်။
Bai Yutang ကတော့ ငြိမ်ပြီး စဉ်းစားနေသည်။
"အဲဒါဆို... သူက တမင်လုပ်တာလား.."
Zhan Zhao က ဆူရှီနောက်တစ်ခုကို ထပ်ယူပြီး ခေါင်းယမ်းလိုက်သည်။
"အဲလိုတော့လဲ မဟုတ်ဘူးကွ..."
"အာ့ဆို ဘာလဲကွာ..."
"ငါ...ငါသေချာအတည်ပြုလို့မရသေးဘူး၊ သူ့ရဲ့ ပတ်ဝန်းကျင် အနေအထားကို ကြည့်ပြီးမှ.."
"သူက အရူးပဲလားကွာ..."
Bai Yutang က အားမလိုအားမရနှင့် သက်ပြင်းချလိုက်သည်။
Zhan Zhao က ပုစွန်ကြော်တစ်ခုကို တူနဲ့ ထိုးလိုက်ပြီး Bai Yutang ကို ဦးတည်ကာ..
"ကြွက်စုတ်လေး၊ အရူးဆိုတဲ့ စကားကို မင်းမသုံးသင့်ဘူး"
Bang......
Zhan Zhao ရဲ့ စကားတောင်မဆုံးသေး၊ သူတို့နဲ့ မလှမ်းမကမ်းက စားပွဲက ပြောင်းပြန်လှန်သွားသည်။ ပြီးသည်နှင့် ရန်ပွဲတစ်ခု..။
"ရှင် အဲဒါကို ထပ် ပြောရဲပြောကြည့်"
Zhan Zhao ရော Bai Yutang ပါ အာရုံက ထိုဝိုင်းသို့ ရောက်သွားသည်။ တံခါးနားက ဝိုင်းမှ နှစ်ယောက် စကားများနေကြသည်ပဲ။
တစ်ယောက်က တခြားသူ၏ အကျႌကော်လာကို ကိုင်ကာ ပါးနှစ်ချက် ဆင့်ရိုက်ပြီး တံတွေးနှင့် ထွေးကာ လက်သီးနဲ့ ထိုးပြီး ကန်လိုက်သည်။ Zhan Zhao နှင့် Bai Yutang တို့ အံ့သြသည်က ထိုဒေါသကြီးသော ပုဂ္ဂိုလ်မှာ မိန်းမငယ်လေး တစ်ဦးဖြစ်သောကြောင့်ပင်၊ ပို၍ အံ့သြရသည်မှာ ထိုမိန်းမငယ်လေး လုပ်သမျှကို ခံလိုရက်ရသူက ယောကျ်ားလေးတစ်ဦးပင်။
အနှီ မိန်းကလေး၏ အကျႌမှာ ကြပ်ကြပ်နှင့် အရှေ့တွင် ဘာတွေတပ်ထားမှန်းမသိ၊ Punk ကို တအားကြိုက်ပုံရသည်။ ဘောင်းဘီက ကြပ်ထုတ်နေပြီး မျက်လုံးတွေက ခြယ်သထားသည်မှာ အရိုင်းဆန်နေသည်။
သူမက ထိုလူအား ရိုက်ပြီးသည်နှင့် အပြင်ထွက်သွားသည်။
"အဟွတ်.."
စောစောက အမျိုးသားမှာတော့ လန့်သွားပြီး မြေပြင်ပေါ်မှ ကဗျာကရာ ထတာ ပြောလိုက်သည်။
"ကျောင်းသားတီးဝိုင်းလေးပဲကို..ဘာတွေများ စွတ်ဘဝင်မြင့်နေပါလိမ့်..."
ပိုက်ဆံကို စားပွဲပေါ် ပစ်တင်ပြီး ပြန်သွားသည်။
စားသောက်ပြီးတော့ Zhan Zhao နှင့် Bai Yutang တို့နှစ်ယောက် ထိုဆရာရေးပေးလိုက်တဲ့ ကျောင်းနားက Qi Lei ရဲ့ တိုက်ခန်းကို သွားဖို့ ဆုံးဖြတ်လိုက်သည်။
ထိုနေရာမှာ တန်ဖိုးနည်း အိမ်ရာဖြစ်ပြီး အဆောင်သဘောမျိုး နေကြတာ များသည်။ Zhan Zhao နှင့် Bai Yutang တို့က အပေါ်ထပ်ကို တက်သွားပြီး တံခါးခေါက်တော့ ဘယ်သူမှ မရှိ။
"သူတစ်ယောက်တည်းနေတာနဲ့ တူတယ်.,"
Zhan Zhao က ဘေးဘီဝဲယာ ကြည့်လိုက်ရင်း ပြောလို်က်သည်။
" လုံခြုံရေးဆီက သော့သွားတောင်းရအောင်.."
Bai Yutang ကတော့ လက်ကာပြလိုက်သည်။
"လုံခြုံရေး ဘယ်မှာ သွားရှာမှာလဲ.. အလုပ်ရှုပ်တယ်.."
သူက ခြေထောက်ကို မြောက်လိုက်ပြီး တံခါးရဲ့ အလယ်တည့်တည့်ကို ကန်လိုက်သည်။
Bang.....
တံခါးက ဝုန်းခနဲ ပွင့်သွားသည်။
အထဲက ထူးဆန်းတဲ့ အနံ့တစ်မျိုးကြောင့် နှစ်ယောက်သား မျက်နှာရှုံ့မဲ့သွားသည်။ အထဲဝင်မလို့ ပြင်နေတုန်း တစ်စုံတစ်ယောက်က လှမ်းတားသည်။
"ရပ်လိုက်၊ ရှင်တို့က ဘယ်သူတွေလဲ..."
လှည့်ကြည့်လိုက်တော့ သူတို့ကို စူးရဲစွာ စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံ။
သူသည်ကား စားသောက်ဆိုင်မှ ဆဲရေးနေသည့် Punk ကောင်မလေး....
.........
End of Training Camp Chap. 03
Thank you all
နှစ်ရက် တစ်ပိုင်းတင်ပေးမယ်ပြောပြီး တစ်ရက်တစ်ပိေုင်းတွေ စွတ်တင်နေတဲ့ ကျွန်တော့်ကို စိတ်မဆိုးကြပါနဲလို့ ၊ အားနေ ပြန်ချင်နေတာမို့လို့ပါနော်..😂😂