Zawgyi
Gongsun ေနသည့္ေနရာက S ၿမိဳ႕ေတာ္၏ ၿမိဳ႕လယ္ေခါင္က အဆင္ျမင့္တိုက္တန္းလ်ားျဖစ္သည္။
Bai Jintang ကို အစက ကားဂိုေဒါင္မွာ ေနခဲ့ခိုင္းခ်င္ေသာ္လဲ သူ႕အိမ္သူ႕ယာလို အေပၚထပ္ထိ လိုက္တတ္ေနေသာ ႂကြက္ႀကီးေၾကာင့္ သူကန္ခ်လိဳ႕ မရနိုင္ခဲ့။
သူ႕ကိုယ္ပိုင္ ဆိုဖာေပၚတြင္ အခန႔္သား ထိုင္ေနေသာ Bai Jintang ကို ၾကည့္ၿပီး သူ ဘယ္လို ေမာင္းထုတ္ရမလဲသာ စဥ္းစားေနမိသည္။
"ဖန္ခြက္ရွိလား"
Bai Jintang က သူ႕အိတ္ထဲမွ ဝိုင္ပုလင္းတစ္လုံးကို ထုတ္လိုက္သည္။ 86 ႏွစ္ၾကာ ႏွစ္ခ်ိဳ႕ Bordeaux ဝိုင္။
Gongsun က ေနာက္သို႔သြားၿပီး ဖန္ခြက္သြားရွာသည္။
ဟုတ္ၿပီေလ။ Bai Jintang က Gongsun ရဲ႕ အားနည္းခ်က္က ဝိုင္ဆိုတာ ကို သိလိုက္ရသည္။
Gongsun ကို ေတြ႕ေတြ႕ခ်င္းထဲက ဒီလူဟာ ဝိုင္ႀကိဳက္ေလာက္မဲ့ လူမ်ိဳးဟု ခန႔္မွန္းမိခဲ့သည္ေလ။
အေသအခ်ာပင္ Gongsun ၏ဘအိမ္ထဲကို စဝင္ဝင္ခ်င္း ေသေသ သပ္သပ္ရိုက္ထားေသာ စင္တစ္ခုေပၚတြင္ ဝိုင္မ်ားကို ေသခ်ာစီထားၿပီး ဘားတစ္ခုလဲ ရွိေသးသည္။
ဝိုင္ပုလင္းေပါင္းစုံကို စီစီရီရီထားလိုက္ေတာ့ ရိုးရွင္းေသာ အတြင္းပရိေဘာဂေတြႏွင့္ အလိုက္ဖက္ဆုံးျဖစ္ေနသည့္ သူတို႔၏ပိုင္ရွင္လို က်က္သေရရွိကာ တင့္တယ္ေနသည္။
Bai Jintang က မတ္တပ္ရပ္လိုက္ၿပီး မွန္အျပည့္ႏွင့္ကာထားေသာ တိုက္ခန္းအျပင္ဘက္ကို လွမ္းၾကည့္လိုက္ေတာ့ S ၿမိဳ႕ေတာ္ႀကီးရဲ႕ ညရႈခင္းက အတိုင္းသား။
ဒီေနရာက လူကုံထံေတြေနေသာ အိမ္ရာျဖစ္ေသာေၾကာင့္ ေဘးနားက တိုက္ခန္းေတြအကုန္ မီးေရာင္တလက္လက္ႏွင့္ ေကာင္းကင္က ၾကယ္ေလးေတြလို တိတ္ဆိတ္ၿပီး ေအးခ်မ္းေနသည္။
Bai Jintang က အခန္းထဲကို ေဖာက္ထြင္းျမင္ရတဲ့ မွန္တံခါးကို ၾကည့္ေနရင္းမွပင္ မ်က္ေမွာင္ႀကဳံးလိုက္မိၿပီး ႐ုတ္တရက္ အေတြးတစ္ခု ဝင္လာသည္။ သူ႕ေရွ႕က ေရွးေဟာင္း လူကုံထံအိမ္ရာတစ္ခု၏ ၁၃လႊာမွ ျပတင္းေပါက္က သူ႕အာ႐ုံကို ဖမ္းစားသြားသည္။
ထိုျပတင္းေပါက္မွာက အနက္ေရာင္ အေပါက္တစ္ခုရွိၿပီး မ်က္လုံးႀကီးတစ္လုံးႏွင့္ တူေနေတာ့ ေကာင္းတဲ့အရာေတာ့ မဟုတ္နိုင္။ ၾကည့္ေနရင္း တျဖည္းျဖည္းတူလာတာက အေဝးၾကည့္မွန္ေျပာင္းတစ္ခု။
Bai Jintang က သူ႕ေမးေစ့သူ ကိုင္လိုက္ရင္း ေျပာေနသည္။ "မဟုတ္ေသးပါဘူး .."
ေနာက္လွည့္ၾကည့္ေတာ့ Gongsun က ဗီရိုထဲမွ ဖန္ခြက္ေတြကို ေ႐ြးလို႔မၿပီးနိုင္ေသး။ သူက ေခါင္းမာမာႏွင့္ အေပၚတြင္ ခ်ိတ္ထားေသာ ဝိုင္ခြက္ေတြႏွင့္ အလိုက္ဖက္ဆုံး တစ္ခုကိုသာ သဲႀကီးမဲႀကီးရွာေနပုံရသည္။
Gongsun က သူ႕အေပၚဂ်က္ကတ္ကို ဘယ္အခ်ိန္ခြၽတ္လိုက္လဲေတာ့ Bai Jintang မသိ။ အခုအခ်ိန္မွာေတာ့ Gongsun က အျဖဴေရာင္ရွပ္အကၤ်ီ တစ္ထည္သာ ဝတ္ဆင္ထားၿပီး ညွပ္ရိုးမ်ားကေပၚေနကာ လက္ကိုေတာ့ တံေတာင္ဆစ္နားအထိ ေခါက္တင္ထားသည္။
Bai Jintang ေနာက္မွၾကည့္ေနသည္ကို ခံစားမိေသာေၾကာင့္ Gongsun က အမႈမဲ့ အမွတ္မဲ့ လွည့္ၾကည့္သည္။
ရိုးရိုးေလးၾကည့္လိုက္ေသာ္လဲ ခပ္ေစာင္းေစာင္ေလးၾကည့္လိုက္သည့္ ဇာမဏီမ်က္ဝန္း၊ ရွည္လ်ားလွတဲ့ မ်က္ေတာင္ႏွင့္ က်က္သေရရွိလွေသာ အျပဳအမူတို႔က လက္ရာအေျမာက္ဆုံး ပန္းခ်ီကား တစ္ခ်ပ္ပင္။
အကယ္၍ Zhan Zhao ၏အလွကို လူအမ်ား၏ႏွလုံးသားကို ဆြဲခါေစနိုင္တယ္လို႔ သတ္မွတ္ရင္ Gongsun ကိုေတာ့ လွ်ို႔ဝွက္စြာ စိတ္ဝင္စားေစနိုင္သည္ံ့ အလွဟု သတ္မွတ္နိုင္ပါသည္။ Zhan Zhao က ျဖဴစင္ေခ်ာေမြ႕သူဆို၊ Gongsun က ေအးစက္မာေက်ာသူ ျဖစ္လိမ့္မည္။ (uke ေလးႏွစ္ေယာက္ကို ယွဥ္ေနတာ😁😁)
Bai Jintang က ႐ုတ္တရက္ သူတို႔ရဲ႕ပုံရိပ္ေတြကို ယွဥ္ေတြးမိၿပီး လူေတြကို ႐ူးသြားေစနိုင္တဲ့ ႐ုတ္တရက္အၾကည့္ေၾကာင့္ သူ ဖ်ားပင္ဖ်ားခ်င္သြားသည္။
"ဘာလဲ"
Gongsun က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
Bai Jintang က တစ္ခုခုကို ေတြးမိၿပီး ႐ုတ္တရက္ ေမးလိုက္သည္။
"အခုတေလာ မင္းကို ႏွောင့္ယွက္တဲ့သူေတြရွိလား.."
"ဟင္!"
Gongsun တစ္ေယာက္ေၾကာင္သြားသည္။
"ဘာေျပာတာလဲ"
"ဥပမာကြာ ပန္းစည္းေတြ ပို႔တာတို႔၊ ညအခ်ိန္မေတာ္ ဖုန္းေခၚတာတို႔ စာပို႔တာတို႔...."
'ဟို.."
Bai Jintang ပင္ စကားမဆုံးေသး။ Gongsun မွာ အသိစိတ္လြတ္ကာ ကိုင္ထားသည့္ ဖန္ခြက္က လြတ္က်ၿပီး ကြဲသြားသည္။
ျပင္းထန္ေသာ တုံ႕ျပန္မႈအၿပီး ေၾကာက္လန႔္စိတ္ႏွင့္ Gongsun က ဖန္ခြက္အကြဲေတြကို စိတ္ရွိလက္ရွိ ထပ္ခြဲေနသည္။
..............
ဖန္ကြဲစမ်ားကို လွည္းက်င္းၿပီးေနာက္ Bai Jintang က ဖုန္းလိုင္းႀကိဳးက ဖုန္းခြက္ကေနျပဳတ္ထြက္ၿပီး ေအာက္က်ေနသည္ကို ေတြ႕လိုက္သည္။ သူက အနားေလွ်ာက္လာရင္း လွမ္းေကာက္ကာ ဖုန္းခြက္မွာ ျပန္တပ္ဖို႔ ျပင္သည္။
"ဖုန္းလိုင္းႀကိဳးက ဘာလို႔ ျပဳတ္ေနတာပါလိမ့္"
"မလုပ္နဲ႕! "
Gongsun က ေရွ႕တိုးလာသည္။
Bai Jintang က သူ႕ကို ဆြဲလိုက္ၿပီး ေမးသည္။
"မင္းကို ဖုန္းနဲ႕ ႏွောင့္ယွက္တဲ့သူ ရွိေနတာလား"
"ခင္.. ခင္ဗ်ား ဘယ္လိုသိတာလဲ"
Gongsun ရဲ႕မ်က္ႏွာက ျဖဴ ေဖ်ာ့ေနၿပီး Bai Jintang ကို ေၾကာက္႐ြံစြာ ၾကည့္ေနသည္။
"ေယာက်္ားေလးလား၊ မိန္းကေလးလား"
"....မသိဘူး"
"...မသိဘူး?"
Gongsun က Bai Jintang ကို တြန္းလိုက္သည္။
"ဟုတ္တယ္ သူ႕အသံ အသံေျပာင္းတဲ့ စက္တပ္ၿပီး ေျပာေနသလိုပဲ"
"ဘာေျပာတာလဲ.."
"..."
Gongsun က ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္သည္။
"မင္းက ငါ့အပိုင္.."
"တျခားေရာ ဘာလုပ္ေသးလဲ"
"ပန္း... ၾကာပန္းအျဖဴေတြ ပို႔..ပို႔ေပးတယ္"
"ဘယ္ေလာက္ၾကာၿပီလဲ"
"တစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္ ရွိၿပီ"
Bai Jintang လဲ လန႔္သြားသည္။
"ဘာလို႔ မင္း Yutang ကို မေျပာတာလဲ၊ မင္းမွာ ရဲသူငယ္ခ်င္းေတြ ရွိေနတဲ့ဟာကို.."
Gongsun က မ်က္ေမွာင္ႀကဳံ႕သြားသည္။
"အဲဒါက တစ္ခါတစ္ေလမွ ျဖစ္တာပါ၊ ၿပီးေတာ့ ငါလဲ သိပ္ဂ႐ုမထားဘူးေလ၊ ဒါေပမဲ့ အခုတေလာေတာ့ အရမ္းဆိုးလာတယ္"
"Yutang တို႔မွာက အခုတေလာ အမႈကိစၥေတြေၾကာင့္ အလုပ္တအားရႈပ္ေနလို႔ ေနာက္မွ ေျပာမယ္ဆိုၿပီး ေစာင့္ေနတာ မလား"
Bai Jintang က Gongsun ကို ျပတင္းေပါက္နား ေခၚသြားသည္။
"ငါ သူ႕ကို ကူၿပီး ေျဖရွင္းေပးနိုင္မယ္ ထင္တယ္"
Gongsun က ေၾကာင္ေတာင္ေတာင္ႏွင့္ လွမ္းၾကည့္လိုက္သည္။
"ဘယ္လို သိတာလဲ"
Bai Jintang က ခပ္ဖြဖြ ရယ္သည္။
"ငါ့ဦးႏွောက္ထဲကို က်ည္ဆန္ဝင္သြားတုန္းက တစ္ႏွစ္ေက်ာ္ေက်ာ္ေလာက္ အျပင္းအထန္ေဆးကုသမႈ ခံခဲ့ရတယ္"
"ဘာ"
Gongsun က အံ့ၾသသြားသည္။
သူ႕ေခါင္းသူ လက္ညိုးထိုးျပရင္း Bai Jintang က ဆက္ေျပာသည္။
"ဒဏ္ရာေတြလဲ ျပန္ေကာင္းလာေရာ ဒီေနရာက အရမ္း အာ႐ုံခံတာ ေကာင္းလာတယ္ အထူးသျဖင့္ အႏၱရာယ္ရွိတဲ့ ကိစၥေတြမွာေပါ့"
သူကေျပာရင္းနဲ႕ Gongsun ကို မွန္တံခါးဘက္သို႔ တြန္းၿပီး ေခါင္းငုံ႕လိုက္ကာ ဖက္ေနသည့္ပုံစံ လုပ္ျပေနသည္။
Gongsun က ရယ္လိုက္သည္။
"ဘာလဲ ဒါက မင္းရဲ႕ အထူးစြမ္းေဆာင္ရည္လို႔ ေျပာေနတာလား"
Bai Jintang က ပခုံးကို သူမတူေအာင္ တြန႔္လိုက္သည္။
"အာ႐ုံခံမိတာေလ၊ အေလာင္းအစား လုပ္ခ်င္လား"
"! ေလာဘာင္းကစား ဟုတ္လား!"
Bai Jintang က ႏႈတ္ခမ္းေထာင့္ေလးကို ေကြးလိုက္သည္။
"လာေနၿပီ"
Gongsunရဲ႕ နဖူးနားတြင္ ဝဲေနေသာ Bai Jintang ၏ ႏႈတ္ခမ္း။ Gongsun တစ္ေယာက္ မေတြးတတ္ေတာ့။
"DIDIDIDIDIDIDIDIDIDIDIDI....."
ဖုန္းက ႐ုတ္တရက္ထျမည္လာေတာ့ Gongsun က လွည့္ၾကည့္သည္။
Bai Jintang က ၿပဳံးၿပဳံးေလးႏွင့္ ေျပာလိုက္သည္။
"သူ႕ကို အရင္ ေခါက္ထားလိုက္ဦး"
ေျပာၿပီးသည္ႏွင့္ မွန္တံခါးမွ လိုက္ကာကို ဆြဲခ်လိဳက္သည္။
ဖုန္းမွာ အဆက္မျပတ္ ျမည္ေနၿပီး အေတာ္ေလးၾကာေတာ့မွ Bai Jintang က ေကာက္ကိုင္သည္။
႐ုတ္တရက္ ဖုန္းခြက္ကို သတၱဳတစ္ခုႏွင့္ ဆြဲျခစ္လိုက္လို အသံအက်ယ္ႀကီးထြက္လာၿပီး ေျခာက္ျခားစရာ ဟိန္းထြက္ေနေသာအသံက ကပ္ပါလာသည္။
"မင္းက ငါ့ဟာပဲ မင္းတစ္ကိုယ္လုံးက ငါပိုင္တာ..... အကုန္ ငါ့ဟာ..."
စူးရွက်ယ္ေလာင္ေသာ အသံက အသံေျပာင္းကိရိယာကေနထြက္လာမွန္ သိသာေနသည္။ အခုလို အေျခအေနမ်ိဳးက အရမ္းေၾကာက္စရာေကာင္းၿပီး ထူးျခားေနသည္။ Bai Jintang ၏ မ်က္ႏွာေပၚမွာ ကိုယ့္ကိုယ္ကို အျပစ္တင္ရိပ္ေတြ ေပၚလာသည္။
သူက ၿပဳံးၿပဳံးေလးႏွင့္ ေမးလိုက္သည္။
"သူက မင္းအပိုင္ပါလို႔ ဘယ္သူေျပာလဲ။ သူက ငါ့... အ.. ပိုင္"
"တိတ္စမ္း။ ငါမင္းကို သတ္ခ်င္တယ္ မင္းကို သတ္မယ္"
ထိုအသံက ငိုသံပါ ပါေနေလသည္၊
"ဖုန္းခ်လိဳက္ေတာ့ ခ်လိဳက္ပါေတာ့ "
Gongsunက ေတာ့ လူသံမဟုတ္သည့္ ထိုေအာ္သံ ငိုသံတို႔ကို ဆက္ၾကားလိုစိတ္မရွိေတာ့။
Bai Jintang ကေတာ့ ဖုန္းကို တစ္ခ်က္ၾကည့္လိုက္ကာ ခ်လိဳက္ၿပီး လက္တစ္ဖက္ႏွင့္ ဖုန္းႀကိဳးဆြဲျဖဳတ္ကာ က်န္တစ္ဖက္ႏွင့္ မီးခလုတ္ကို လွမ္းပိတ္လိုက္သည္။
.........
ထိုညက Gongsun အရမ္းလန႔္သြား၍ ဝိုင္နဲနဲေသာက္ၿပီး ေစာေစာ အိပ္ရာဝင္သည္။
Bai Jintang ကေတာ့ Gongsun ခြၽတ္ခဲ့ေသာ အေပၚအကၤ်ီကို ေကာက္ၿပီး ေၾကမြေအာင္ လုပ္လိုက္ကာ Gongsun ၏ လက္ကိုင္ဖုန္းကိုေကာက္ကို္င္သည္။
ဖန္ခြက္တစ္ခြက္ယူရင္း ဗီရိုထဲက ဝိုင္တစ္ပုလင္း ဆြဲထုတ္ၿပီး ကိုယ့္ဘာသာငွဲ႕ကာ ေသာက္လိုက္သည္။ ၿပီးေတာ့ ဆိုဖာေပၚ ေလွ်ာက္သြားရင္း ဝိုင္ခြက္ လက္မွာကိုင္ကာ ထိုင္ၿပီး တစ္ငုံငုံလိုက္သည္။
ၿပီးေတာ့ Gongsun ရဲ႕ ဖုန္းကို ဖြင့္ကာ contact list ထဲ က နာမည္တစ္ခုကို ႏွိပ္ လိုက္သည္။
................
ေမွာင္မွိုင္းမွိုင္းအခန္းေလးတစ္ခုမွာေတာ့ စိတ္ဆိုးေဒါသထြက္ေနေသာ လူတစ္ေယာက္က အခန္းထဲမွ လဲက်နိဳင္သည့္ပစၥည္းမ်ားကို ပစ္ခ်ၿပီး ၿပဲနိုင္တဲ့ ပစၥည္းေတြကို ဆုတ္ၿဖဲကာ သူ႕ရဲ႕ အသံၾသၾသႀကီးႏွင့္ ထပ္ခါ ထပ္ခါ ေအာ္ေနသည္။
"မင္းက ငါ့အပိုင္၊ ငါမင္းကို သတ္မယ္။
မင္းက ငါ့ အပိုင္......၊ ငါမင္းကို အေသ သတ္မယ္..."
"Ring..."
သူ႕အိတ္ထဲက ဖုန္းက ႐ုတ္တရက္ တုန္ခါၿပီး ျမည္လာေသာေၾကာင့္ ထုတ္ၾကည့္လိုက္သည္။
ေခၚဆိုသူက Gongsun ဆိုတာ သိလိုက္သည္ႏွင့္ ဖုန္းကို ပစ္ခ်လိဳက္သည္။
ခ်က္ခ်င္းပဲ ထပ္ျမည္လာေတာ့ ထပ္ေကာက္ၿပီး ေျမေပၚသို႔ ပစ္ခ်ကာ ဓားတစ္ေခ်ာင္းကိုင္ၿပီး အ႐ူးတစ္ေယာက္ကို ဖုန္းကို ထိုးခြဲကာ ေအာ္ေနသည္။
"ငါမင္းကို သတ္မယ္... ငါ မင္းကို သတ္မယ္!!"
................
တီတီ တီတီဟူေသာ အသံႏွင့္အတူ ဖုန္းမအားေသးပါဟု လိုင္းက်သြားသည္။ ေနာက္တစ္ခါထပ္ေခၚေတာ့ "လူႀကီးမင္းေခၚဆိုေသာဖုန္းမွာ လတ္တေလာ ဆက္သြယ္၍ မရနိုင္ေသးပါ" ဟု တစ္မ်ိဳးေျပာင္းသြားေလသည္။
Bai Jintang က ဖုန္းကို ယူၿပီး ေနာက္တစ္ခါ ထပ္ၾကည့္သည္။ နာမည္ကို တစ္ခ်က္စိုက္ၾကည့္ရင္း ဖုန္းကို ပိတ္လိုက္သည္။ ဆိုဖာကို မွီရင္း အေပၚကို ေငးေမာကာ ဝိုင္ကို တစ္က်ိဳက္ေမာ့လိုက္သည္။
End of murder 22
Thank you all
ဒီအပိုင္းက Bai Jintang နဲ႕ Gongsun သီးသန႔္အပိုင္းေလးပါ။ ညေနက်ရင္ တစ္ပိုင္းထပ္တင္ေပးမယ္ေနာ္ ဒီေန႕ ပထမအတြဲေလးကို မျမင္ရေသးလို႔။
ဒီအပိုင္းက Bai Jintang နဲ႔ Gongsun သီးသန္႔အပိုင္းေလးပါ။ ညေနက်ရင္ တစ္ပိုင္းထပ္တင္ေပးမယ္ေနာ္ ဒီေန႔ ပထမအတြဲေလးကို မျမင္ရေသးလို႔။
Unicode
Gongsun နေသည့်နေရာက S မြို့တော်၏ မြို့လယ်ခေါင်က အဆင်မြင့်တိုက်တန်းလျားဖြစ်သည်။
Bai Jintang ကို အစက ကားဂိုဒေါင်မှာ နေခဲ့ခိုင်းချင်သော်လဲ သူ့အိမ်သူ့ယာလို အပေါ်ထပ်ထိ လိုက်တတ်နေသော ကြွက်ကြီးကြောင့် သူကန်ချလို့ မရနိုင်ခဲ့။
သူ့ကိုယ်ပိုင် ဆိုဖာပေါ်တွင် အခန့်သား ထိုင်နေသော Bai Jintang ကို ကြည့်ပြီး သူ ဘယ်လို မောင်းထုတ်ရမလဲသာ စဉ်းစားနေမိသည်။
"ဖန်ခွက်ရှိလား"
Bai Jintang က သူ့အိတ်ထဲမှ ဝိုင်ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ 86 နှစ်ကြာ နှစ်ချို့ Bordeaux ဝိုင်။
Gongsun က နောက်သို့သွားပြီး ဖန်ခွက်သွားရှာသည်။
ဟုတ်ပြီလေ။ Bai Jintang က Gongsun ရဲ့ အားနည်းချက်က ဝိုင်ဆိုတာ ကို သိလိုက်ရသည်။
Gongsun ကို တွေ့တွေ့ချင်းထဲက ဒီလူဟာ ဝိုင်ကြိုက်လောက်မဲ့ လူမျိုးဟု ခန့်မှန်းမိခဲ့သည်လေ။
အသေအချာပင် Gongsun ၏ဘအိမ်ထဲကို စဝင်ဝင်ချင်း သေသေ သပ်သပ်ရိုက်ထားသော စင်တစ်ခုပေါ်တွင် ဝိုင်များကို သေချာစီထားပြီး ဘားတစ်ခုလဲ ရှိသေးသည်။
ဝိုင်ပုလင်းပေါင်းစုံကို စီစီရီရီထားလိုက်တော့ ရိုးရှင်းသော အတွင်းပရိဘောဂတွေနှင့် အလိုက်ဖက်ဆုံးဖြစ်နေသည့် သူတို့၏ပိုင်ရှင်လို ကျက်သရေရှိကာ တင့်တယ်နေသည်။
Bai Jintang က မတ်တပ်ရပ်လိုက်ပြီး မှန်အပြည့်နှင့်ကာထားသော တိုက်ခန်းအပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ S မြို့တော်ကြီးရဲ့ ညရှုခင်းက အတိုင်းသား။
ဒီနေရာက လူကုံထံတွေနေသော အိမ်ရာဖြစ်သောကြောင့် ဘေးနားက တိုက်ခန်းတွေအကုန် မီးရောင်တလက်လက်နှင့် ကောင်းကင်က ကြယ်လေးတွေလို တိတ်ဆိတ်ပြီး အေးချမ်းနေသည်။
Bai Jintang က အခန်းထဲကို ဖောက်ထွင်းမြင်ရတဲ့ မှန်တံခါးကို ကြည့်နေရင်းမှပင် မျက်မှောင်ကြုံးလိုက်မိပြီး ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ သူ့ရှေ့က ရှေးဟောင်း လူကုံထံအိမ်ရာတစ်ခု၏ ၁၃လွှာမှ ပြတင်းပေါက်က သူ့အာရုံကို ဖမ်းစားသွားသည်။
ထိုပြတင်းပေါက်မှာက အနက်ရောင် အပေါက်တစ်ခုရှိပြီး မျက်လုံးကြီးတစ်လုံးနှင့် တူနေတော့ ကောင်းတဲ့အရာတော့ မဟုတ်နိုင်။ ကြည့်နေရင်း တဖြည်းဖြည်းတူလာတာက အဝေးကြည့်မှန်ပြောင်းတစ်ခု။
Bai Jintang က သူ့မေးစေ့သူ ကိုင်လိုက်ရင်း ပြောနေသည်။ "မဟုတ်သေးပါဘူး .."
နောက်လှည့်ကြည့်တော့ Gongsun က ဗီရိုထဲမှ ဖန်ခွက်တွေကို ရွေးလို့မပြီးနိုင်သေး။ သူက ခေါင်းမာမာနှင့် အပေါ်တွင် ချိတ်ထားသော ဝိုင်ခွက်တွေနှင့် အလိုက်ဖက်ဆုံး တစ်ခုကိုသာ သဲကြီးမဲကြီးရှာနေပုံရသည်။
Gongsun က သူ့အပေါ်ဂျက်ကတ်ကို ဘယ်အချိန်ချွတ်လိုက်လဲတော့ Bai Jintang မသိ။ အခုအချိန်မှာတော့ Gongsun က အဖြူရောင်ရှပ်အင်္ကျီ တစ်ထည်သာ ဝတ်ဆင်ထားပြီး ညှပ်ရိုးများကပေါ်နေကာ လက်ကိုတော့ တံတောင်ဆစ်နားအထိ ခေါက်တင်ထားသည်။
Bai Jintang နောက်မှကြည့်နေသည်ကို ခံစားမိသောကြောင့် Gongsun က အမှုမဲ့ အမှတ်မဲ့ လှည့်ကြည့်သည်။
ရိုးရိုးလေးကြည့်လိုက်သော်လဲ ခပ်စောင်းစောင်လေးကြည့်လိုက်သည့် ဇာမဏီမျက်ဝန်း၊ ရှည်လျားလှတဲ့ မျက်တောင်နှင့် ကျက်သရေရှိလှသော အပြုအမူတို့က လက်ရာအမြောက်ဆုံး ပန်းချီကား တစ်ချပ်ပင်။
အကယ်၍ Zhan Zhao ၏အလှကို လူအများ၏နှလုံးသားကို ဆွဲခါစေနိုင်တယ်လို့ သတ်မှတ်ရင် Gongsun ကိုတော့ လျှို့ဝှက်စွာ စိတ်ဝင်စားစေနိုင်သည်ံ့ အလှဟု သတ်မှတ်နိုင်ပါသည်။ Zhan Zhao က ဖြူစင်ချောမွေ့သူဆို၊ Gongsun က အေးစက်မာကျောသူ ဖြစ်လိမ့်မည်။ (uke လေးနှစ်ယောက်ကို ယှဉ်နေတာ😁😁)
Bai Jintang က ရုတ်တရက် သူတို့ရဲ့ပုံရိပ်တွေကို ယှဉ်တွေးမိပြီး လူတွေကို ရူးသွားစေနိုင်တဲ့ ရုတ်တရက်အကြည့်ကြောင့် သူ ဖျားပင်ဖျားချင်သွားသည်။
"ဘာလဲ"
Gongsun က မျက်မှောင်ကြုံ့လိုက်သည်။
Bai Jintang က တစ်ခုခုကို တွေးမိပြီး ရုတ်တရက် မေးလိုက်သည်။
"အခုတလော မင်းကို နှောင့်ယှက်တဲ့သူတွေရှိလား.."
"ဟင်!"
Gongsun တစ်ယောက်ကြောင်သွားသည်။
"ဘာပြောတာလဲ"
"ဥပမာကွာ ပန်းစည်းတွေ ပို့တာတို့၊ ညအချိန်မတော် ဖုန်းခေါ်တာတို့ စာပို့တာတို့...."
'ဟို.."
Bai Jintang ပင် စကားမဆုံးသေး။ Gongsun မှာ အသိစိတ်လွတ်ကာ ကိုင်ထားသည့် ဖန်ခွက်က လွတ်ကျပြီး ကွဲသွားသည်။
ပြင်းထန်သော တုံ့ပြန်မှုအပြီး ကြောက်လန့်စိတ်နှင့် Gongsun က ဖန်ခွက်အကွဲတွေကို စိတ်ရှိလက်ရှိ ထပ်ခွဲနေသည်။
..............
ဖန်ကွဲစများကို လှည်းကျင်းပြီးနောက် Bai Jintang က ဖုန်းလိုင်းကြိုးက ဖုန်းခွက်ကနေပြုတ်ထွက်ပြီး အောက်ကျနေသည်ကို တွေ့လိုက်သည်။ သူက အနားလျှောက်လာရင်း လှမ်းကောက်ကာ ဖုန်းခွက်မှာ ပြန်တပ်ဖို့ ပြင်သည်။
"ဖုန်းလိုင်းကြိုးက ဘာလို့ ပြုတ်နေတာပါလိမ့်"
"မလုပ်နဲ့! "
Gongsun က ရှေ့တိုးလာသည်။
Bai Jintang က သူ့ကို ဆွဲလိုက်ပြီး မေးသည်။
"မင်းကို ဖုန်းနဲ့ နှောင့်ယှက်တဲ့သူ ရှိနေတာလား"
"ခင်.. ခင်ဗျား ဘယ်လိုသိတာလဲ"
Gongsun ရဲ့မျက်နှာက ဖြူ ဖျော့နေပြီး Bai Jintang ကို ကြောက်ရွံစွာ ကြည့်နေသည်။
"ယောကျ်ားလေးလား၊ မိန်းကလေးလား"
"....မသိဘူး"
"...မသိဘူး?"
Gongsun က Bai Jintang ကို တွန်းလိုက်သည်။
"ဟုတ်တယ် သူ့အသံ အသံပြောင်းတဲ့ စက်တပ်ပြီး ပြောနေသလိုပဲ"
"ဘာပြောတာလဲ.."
"..."
Gongsun က အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
"မင်းက ငါ့အပိုင်.."
"တခြားရော ဘာလုပ်သေးလဲ"
"ပန်း... ကြာပန်းအဖြူတွေ ပို့..ပို့ပေးတယ်"
"ဘယ်လောက်ကြာပြီလဲ"
"တစ်နှစ်ကျော်ကျော်လောက် ရှိပြီ"
Bai Jintang လဲ လန့်သွားသည်။
"ဘာလို့ မင်း Yutang ကို မပြောတာလဲ၊ မင်းမှာ ရဲသူငယ်ချင်းတွေ ရှိနေတဲ့ဟာကို.."
Gongsun က မျက်မှောင်ကြုံ့သွားသည်။
"အဲဒါက တစ်ခါတစ်လေမှ ဖြစ်တာပါ၊ ပြီးတော့ ငါလဲ သိပ်ဂရုမထားဘူးလေ၊ ဒါပေမဲ့ အခုတလောတော့ အရမ်းဆိုးလာတယ်"
"Yutang တို့မှာက အခုတလော အမှုကိစ္စတွေကြောင့် အလုပ်တအားရှုပ်နေလို့ နောက်မှ ပြောမယ်ဆိုပြီး စောင့်နေတာ မလား"
Bai Jintang က Gongsun ကို ပြတင်းပေါက်နား ခေါ်သွားသည်။
"ငါ သူ့ကို ကူပြီး ဖြေရှင်းပေးနိုင်မယ် ထင်တယ်"
Gongsun က ကြောင်တောင်တောင်နှင့် လှမ်းကြည့်လိုက်သည်။
"ဘယ်လို သိတာလဲ"
Bai Jintang က ခပ်ဖွဖွ ရယ်သည်။
"ငါ့ဦးနှောက်ထဲကို ကျည်ဆန်ဝင်သွားတုန်းက တစ်နှစ်ကျော်ကျော်လောက် အပြင်းအထန်ဆေးကုသမှု ခံခဲ့ရတယ်"
"ဘာ"
Gongsun က အံ့သြသွားသည်။
သူ့ခေါင်းသူ လက်ညိုးထိုးပြရင်း Bai Jintang က ဆက်ပြောသည်။
"ဒဏ်ရာတွေလဲ ပြန်ကောင်းလာရော ဒီနေရာက အရမ်း အာရုံခံတာ ကောင်းလာတယ် အထူးသဖြင့် အန္တရာယ်ရှိတဲ့ ကိစ္စတွေမှာပေါ့"
သူကပြောရင်းနဲ့ Gongsun ကို မှန်တံခါးဘက်သို့ တွန်းပြီး ခေါင်းငုံ့လိုက်ကာ ဖက်နေသည့်ပုံစံ လုပ်ပြနေသည်။
Gongsun က ရယ်လိုက်သည်။
"ဘာလဲ ဒါက မင်းရဲ့ အထူးစွမ်းဆောင်ရည်လို့ ပြောနေတာလား"
Bai Jintang က ပခုံးကို သူမတူအောင် တွန့်လိုက်သည်။
"အာရုံခံမိတာလေ၊ အလောင်းအစား လုပ်ချင်လား"
"! လောဘာင်းကစား ဟုတ်လား!"
Bai Jintang က နှုတ်ခမ်းထောင့်လေးကို ကွေးလိုက်သည်။
"လာနေပြီ"
Gongsunရဲ့ နဖူးနားတွင် ဝဲနေသော Bai Jintang ၏ နှုတ်ခမ်း။ Gongsun တစ်ယောက် မတွေးတတ်တော့။
"DIDIDIDIDIDIDIDIDIDIDIDI....."
ဖုန်းက ရုတ်တရက်ထမြည်လာတော့ Gongsun က လှည့်ကြည့်သည်။
Bai Jintang က ပြုံးပြုံးလေးနှင့် ပြောလိုက်သည်။
"သူ့ကို အရင် ခေါက်ထားလိုက်ဦး"
ပြောပြီးသည်နှင့် မှန်တံခါးမှ လိုက်ကာကို ဆွဲချလိုက်သည်။
ဖုန်းမှာ အဆက်မပြတ် မြည်နေပြီး အတော်လေးကြာတော့မှ Bai Jintang က ကောက်ကိုင်သည်။
ရုတ်တရက် ဖုန်းခွက်ကို သတ္တုတစ်ခုနှင့် ဆွဲခြစ်လိုက်လို အသံအကျယ်ကြီးထွက်လာပြီး ခြောက်ခြားစရာ ဟိန်းထွက်နေသောအသံက ကပ်ပါလာသည်။
"မင်းက ငါ့ဟာပဲ မင်းတစ်ကိုယ်လုံးက ငါပိုင်တာ..... အကုန် ငါ့ဟာ..."
စူးရှကျယ်လောင်သော အသံက အသံပြောင်းကိရိယာကနေထွက်လာမှန် သိသာနေသည်။ အခုလို အခြေအနေမျိုးက အရမ်းကြောက်စရာကောင်းပြီး ထူးခြားနေသည်။ Bai Jintang ၏ မျက်နှာပေါ်မှာ ကိုယ့်ကိုယ်ကို အပြစ်တင်ရိပ်တွေ ပေါ်လာသည်။
သူက ပြုံးပြုံးလေးနှင့် မေးလိုက်သည်။
"သူက မင်းအပိုင်ပါလို့ ဘယ်သူပြောလဲ။ သူက ငါ့... အ.. ပိုင်"
"တိတ်စမ်း။ ငါမင်းကို သတ်ချင်တယ် မင်းကို သတ်မယ်"
ထိုအသံက ငိုသံပါ ပါနေလေသည်၊
"ဖုန်းချလိုက်တော့ ချလိုက်ပါတော့ "
Gongsunက တော့ လူသံမဟုတ်သည့် ထိုအော်သံ ငိုသံတို့ကို ဆက်ကြားလိုစိတ်မရှိတော့။
Bai Jintang ကတော့ ဖုန်းကို တစ်ချက်ကြည့်လိုက်ကာ ချလိုက်ပြီး လက်တစ်ဖက်နှင့် ဖုန်းကြိုးဆွဲဖြုတ်ကာ ကျန်တစ်ဖက်နှင့် မီးခလုတ်ကို လှမ်းပိတ်လိုက်သည်။
.........
ထိုညက Gongsun အရမ်းလန့်သွား၍ ဝိုင်နဲနဲသောက်ပြီး စောစော အိပ်ရာဝင်သည်။
Bai Jintang ကတော့ Gongsun ချွတ်ခဲ့သော အပေါ်အင်္ကျီကို ကောက်ပြီး ကြေမွအောင် လုပ်လိုက်ကာ Gongsun ၏ လက်ကိုင်ဖုန်းကိုကောက်ကို်င်သည်။
ဖန်ခွက်တစ်ခွက်ယူရင်း ဗီရိုထဲက ဝိုင်တစ်ပုလင်း ဆွဲထုတ်ပြီး ကိုယ့်ဘာသာငှဲ့ကာ သောက်လိုက်သည်။ ပြီးတော့ ဆိုဖာပေါ် လျှောက်သွားရင်း ဝိုင်ခွက် လက်မှာကိုင်ကာ ထိုင်ပြီး တစ်ငုံငုံလိုက်သည်။
ပြီးတော့ Gongsun ရဲ့ ဖုန်းကို ဖွင့်ကာ contact list ထဲ က နာမည်တစ်ခုကို နှိပ် လိုက်သည်။
................
မှောင်မှိုင်းမှိုင်းအခန်းလေးတစ်ခုမှာတော့ စိတ်ဆိုးဒေါသထွက်နေသော လူတစ်ယောက်က အခန်းထဲမှ လဲကျနိုင်သည့်ပစ္စည်းများကို ပစ်ချပြီး ပြဲနိုင်တဲ့ ပစ္စည်းတွေကို ဆုတ်ဖြဲကာ သူ့ရဲ့ အသံသြသြကြီးနှင့် ထပ်ခါ ထပ်ခါ အော်နေသည်။
"မင်းက ငါ့အပိုင်၊ ငါမင်းကို သတ်မယ်။
မင်းက ငါ့ အပိုင်......၊ ငါမင်းကို အသေ သတ်မယ်..."
"Ring..."
သူ့အိတ်ထဲက ဖုန်းက ရုတ်တရက် တုန်ခါပြီး မြည်လာသောကြောင့် ထုတ်ကြည့်လိုက်သည်။
ခေါ်ဆိုသူက Gongsun ဆိုတာ သိလိုက်သည်နှင့် ဖုန်းကို ပစ်ချလိုက်သည်။
ချက်ချင်းပဲ ထပ်မြည်လာတော့ ထပ်ကောက်ပြီး မြေပေါ်သို့ ပစ်ချကာ ဓားတစ်ချောင်းကိုင်ပြီး အရူးတစ်ယောက်ကို ဖုန်းကို ထိုးခွဲကာ အော်နေသည်။
"ငါမင်းကို သတ်မယ်... ငါ မင်းကို သတ်မယ်!!"
................
တီတီ တီတီဟူသော အသံနှင့်အတူ ဖုန်းမအားသေးပါဟု လိုင်းကျသွားသည်။ နောက်တစ်ခါထပ်ခေါ်တော့ "လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ လတ်တလော ဆက်သွယ်၍ မရနိုင်သေးပါ" ဟု တစ်မျိုးပြောင်းသွားလေသည်။
Bai Jintang က ဖုန်းကို ယူပြီး နောက်တစ်ခါ ထပ်ကြည့်သည်။ နာမည်ကို တစ်ချက်စိုက်ကြည့်ရင်း ဖုန်းကို ပိတ်လိုက်သည်။ ဆိုဖာကို မှီရင်း အပေါ်ကို ငေးမောကာ ဝိုင်ကို တစ်ကျိုက်မော့လိုက်သည်။
End of murder 22
Thank you all
ဒီအပိုင်းက Bai Jintang နဲ့ Gongsun သီးသန့်အပိုင်းလေးပါ။ ညနေကျရင် တစ်ပိုင်းထပ်တင်ပေးမယ်နော် ဒီနေ့ ပထမအတွဲလေးကို မမြင်ရသေးလို့။