S.C.I Special Crime Investiga...

Galing kay Autumn260103

809K 106K 4.7K

ထူးျခားတဲ့ ကြင္းဆက္လူသတ္မႈေတြကို မႈခင္းပညာနဲ႔ စိတ္ပညာေပါင္းၿပီး ေျဖ႐ွင္းၾကတဲ့ S C I အဖြဲ႔ရဲ႕ ေခါင္းေဆာင္ႏွစ္ေ... Higit pa

Murder 01- case
Murder 02- case
Murder 03 - Mysterious Numbers
Murder 04 - Funeral Home
S.C.I. အဖြဲ႔ဝင္မ်ား
Murder 06- Prison
Murder 07 - Killer
Murder 08- Doctor
Murder 09- Sneak Attack
Murder 10 The clue
Murder 11 Doubt
Murder 12- Psychology Department
Murder 13 Tradegy
Murder 14- Li Fei Fan
Murder 15- Killer 135
Murder 16 - Academic
Murder 17 - old case
Murder 18- Chaos
Murder 19- Hostage
Murder 20- Third person
Murder 21- Zhao Jue
Murder 22- Sighting
Murder 23- crazy love
Not story update
Murderer 24- Trial
Murderer 25- Hint
Murderer 26- Instruction
Murderer 27- Accident
Murderer 28- Obession
Training Camp Murderer-Chapter01 Dinner
Training Camp Murderer 02- Sniper Case
Training Camp Murderer 04- Band
Not a story update
Training Camp Murderer 05 - Training Camp
Training Camp Murderer 06- Probability
Training Camp Murderer 07- Purgatory
Training Camp Murderer 08- Malingering
Training Camp Murderer 03- Students
Training Camp Murderer 09- Utilization
Hello to all my readers
Training Camp Murderer 10- Lovers
Training Camp Murderer 11- Devil's son
Training Camp Murderer 12- Destiny
Training Camp Murderer 13- Clues
Training Camp Murderer 14- Son of God
My apology
Training Camp Murderer 15- Breakthrough
Training Camp Murderer 16 - Meter
Training Camp Murderer 17- Retribution
Return of magic murderer 01 - Imitation
Return of Magic Murderer 02
Return of Magic Murderer- 03 Ghost
Return of Magic Murderer 04 - Blood
Return of Magic Murderer 05-Curse
Fanwai 100 questions Jin Policy
Return of Magic Murderer 06-Misleading
Return of Magic Murderer 07- Fog
Not a story update
Return of Magic Murderer 08- Kidnapping
Return of Magic Murderer 09- Guess
Fanwai 100 questions
Return of Magic Murderer 10- Meeting again
Return of Magic Murderer 11- Gambling
Return of Magic Murderer 12- The Murderer
Return of Magic Murderer 13- The Magic
Return of Magic Murderer 14- Puzzle
Return of Magic Murderer 15-Mutation
Return of Magic Murderer 16- Turn
Return of Magic Murderer 17- Hatred
Return of Magic Murderer 18 - Free
Return of Magic Murderer 19- Overture
Return of Magic Murderer 20 - The End
Christmas Night 1
Christmas Night 2
Murder: Non- human 01- Box Corpse
Murder: Non- Human 02 - Curse
Murder: Non- human 03- Non- human
Murderer: Non - human 04- Tutsi
Murder: Non- human 05 - (Totem)
Murder: Non- Human 06 - Eagle King
Murder: Non Human 07- Accident
Murder: Non - Human 08 - Unidentified suspect
Murder: Non- human 09 Mutation
Murder: Non- Human 10 - He is a singer and a ghost
Murder: Non- Human 11-Multiple Murderers
Murderer: Non- Human 12- Sets
Murderer: Non- Human: 13 It's not a human
Murder: Non- Human 14- Motivation
Murder: Non- Human 15- Opportunity
Murder: Non- Human 16 Step by step
Murder: Non- Human 17 Murderer is not a human
Murder: Non- Human 18: Murderer is not a human
Murder: Non- Human 19: Murderer is not a human
New year's day.....
Murder: Non- Human 20 Bright Line
Murder: Non- Human 21
Murder: Non- Human 22
Murder: Non- Human 23 End
Ghost Murderer 01 - Night Punisher
Ghost Murderer 02 - Wierd Murder
Ghost Murder 03- Ghostly
Ghost Murderer 04- Another world
Ghost Murderer 05- Unexpected
Valentine's Day
Ghost Murderer 06 - Tips
Ghost Murderer 07- Night Kingdom
Ghost Murderer 08- Black and White
Ghost Murderer 09
Ghost Murderer 10- Amazing Discovery
Ghost Murderer 11- Luo Wen's care
Ghost Murderer 12- Violent
Ghost Murderer 13- Mysterious Code
Ghost Murderer 14- The End of the Tunnel
Ghost Murderer 15- Sin And Punishment
Announcement
Ghost Murderer 16- Cruel Story
Ghost Murderer 17- Madman
Ghost Murderer 18 - Brother
Ghost Murderer 19- Nursery Rhymes
Ghost Murderer 20- Coming From Afar
Ghost Murderer 21- Past Events
Ghost Murderet 22 - Plausible
Ghost Murderer 23- Gradually Becoming Clear
Ghost Murderer 24 - Trap
Ghost Murderer 25- Fire
Ghost Murderer 26- Warmth
Announcement
Ghost Murderer 27 - Rodent Control
Ghost Murderer 28- Lead out of the Snake
Ghost Murderer 29- Hypnosis
Ghost Murderer 30- Strategy
Ghost Murderer 31- Provisional Praragraph

Murder 05- Tracking

8.3K 1.1K 9
Galing kay Autumn260103

Zawgyi

နာေရးအိမ္မွထြက္လာၿပီးေနာက္ Bai Yutang က Gongsun ကို ဖုန္းလွမ္းေခၚကာ အေလာင္းအသစ္အေၾကာင္းေျပာျပလိုက္သည္။ ၿပီးသည္ႏွင့္ Zhan Zhao ကို ေခၚကာ ကားေပၚတက္လိုက္သည္။

"အခု ဘယ္သြားမွာလဲ"
Zhan Zhao က တကၠစီေမာင္းသမား၏ အမႈတြဲကို ၾကည့္လိုက္သည္။

"အက်ဥ္းေထာင္၊ ဟိုလူႀကီးအေၾကာင္းရွာၾကည့္ "
Bai Yutang က ကားေနာက္ၾကည့္မွန္ကို ခ်ိန္လိုက္သည္။

" Wu Yan၊ အသက္ ၄၇၊ အငွါးကားေမာင္းတာ အႏွစ္ႏွစ္ဆယ္ေက်ာ္ၿပီ။ အိမ္ေထာင္နဲ႕ ၁၉ႏွစ္အ႐ြယ္ ေကာလိပ္တက္ခါနီး သမီးတစ္ေယာက္ရွိတယ္ "
Zhan Zhao က စာ႐ြက္ေတြကို ခဏခ်ထားလိုက္သည္။
" ဒီလို လူမ်ိဳးက တစ္စုံတစ္ေယာက္ကို ဆိုးဆိုးဝါးဝါး လက္စားေခ်ခ်င္ေလာက္တဲ့ စိတ္မ်ိဳးရွိရမယ့္သူ မဟုတ္ပါဘူး"

"ငါၾကားလိုက္တာေတာ့ အဲဦးေလးႀကီးက တရား႐ုံးမွာ split personalties ရွိေနလို႔ စိတ္က်န္းမာေရးေဆး႐ုံကို ပို႔ထားတာတဲ့ "
(Split personalities- လူတစ္ေယာက္ထဲကေန စိတ္ႏွစ္မ်ိဳး သုံးမ်ိဳး ကြဲထြက္ေနျခင္းပါ၊ တစ္ေယာက္က လုပ္တာကို တျခားတစ္ေယာက္က လုံးဝမသိပါဘူး)

" ႐ူးတာ ရယ္ split personalities နဲ႕ စိတ္ေရာဂါ သုံးခုလုံးက တစ္ခုနဲ႕တစ္ခု လုံးဝမတူၾကဘူး။"
Zhan Zhao က ကားမိုင္ႏႈန္းျပ dashboard ကို လက္ညိုးႏွင့္ေထာက္လိုက္သည္။
" မင္းေမာင္းတာ အရမ္းျမန္ေနတယ္"

"ငါ့အတြက္ေတာ့ ဘာမွကြဲျပားမသြားဘူး။ မင္းအျမင္မွာ လူေတြ အမ်ိဳးေပါင္းမ်ားစြာရွိေပမဲ့ ငါ့အတြက္ကေတာ့ ၂မ်ိဳးပဲ ေကာင္းတဲ့လူနဲ႕ ဆိုးတဲ့လူ။ "
Bai Yutang က ကားေနာက္ၾကည့္မွန္ကို ၾကည့္ေနရင္း ေျပာ၏။

"ငါတို႔ေနာက္က ကားက ငါတို႔ကို ေနာက္ေယာင္ခံလိုက္ေနတယ္လို႔ မထင္ဘူးလား"

Zhan Zhao က လွည့္ၾကည့္မလို႔ ျပင္ေနတုန္း Bai Yutang က တားလိုက္သည္။

"လွည့္မၾကည့္နဲ႕ ၊ ဒီကေနၾကည့္ "
သူက ေနာက္ၾကည့္မွန္ကို လွည့္ေပးရင္း ေျပာသည္။ Zhan Zhao က Honda ကားအမည္းေရာင္တစ္စီး သူတို႔နဲ႕ သုံး ေလးမီတာအကြာ အေနာက္မွာ ေရာက္ေနတာကို ေနာက္ၾကည့္မွန္မွတစ္ဆင့္ ျမင္လိုက္ရသည္။
" ငါကေတာ့ ဘာမွထူးဆန္းတာမျမင္မိပါဘူး။ မင္း စိတ္ထင္တာလား"

"ငါက အထူးေလ့က်င့္ေရးသင္တန္းဆင္းထားတာ ေၾကာင္ေလးရဲ႕"
Bai Yutang က မ်က္ခုံးတစ္ပတ္ပင့္လိုက္ၿပီး Zhan Zhao ရဲ႕ ထိုင္ခုံခါးပတ္ကို ၾကည့္သည္။

"မင္းဘာလုပ္မလို႔လဲ "
Zhan Zhao က ထိုင္ခုံခါးပတ္ကို လက္နဲ႕ ကိုင္လိုက္ၿပီး သူ႕အား မ်က္ေမွာင္ၾကဳတ္ ၾကည့္လိုက္သည္။

" မင္းနဲ႕ ငါ့ၾကားက အေျခခံကြာျခားခ်က္ကို သိလား"
Bai Yutang က ႏႈတ္ခမ္းတြန႔္႐ုံၿပဳံးလိုက္ၿပီး ေနာက္ၾကည့္မွန္ကို သူျမင္ရေအာင္ ျပန္ေ႐ႊ႕လိုက္သည္။

"မင္းက စာအုပ္အတိုင္းလုပ္ေပမဲ့ ငါကေတာ့ လက္ေတြ႕သမား။ "
စကားဆုံးသည္ႏွင့္ gas pedal ကို ေျခႏွင့္ ဖိနင္းလိုက္သည္။

Spyker C 8 ၏ အထူးအရည္အခ်င္းက ေပၚထြက္လာသည္။ ကားတစ္စီး ႏွစ္စီး ေက်ာ္ၿပီးသည္ႏွင့္ Bai Yutang က အရွိန္ျပန္ေလွ်ာ့သည္။ သိပ္မၾကာလိုက္။ Honda ကားအနက္မွာ သူတို႔ေနာက္မွ ကပ္ပါလာသည္။

"ၾကည့္လိုက္"
Bai Yutang က Zhan Zhao ဘက္သို႔ ဂုဏ္ယူစြာျဖင့္ မ်က္စပစ္လိုက္သည္။

"ဒါကေတာ့ သားေကာင္နဲ႕ နီးေနတဲ့ အာ႐ုံပဲ"

Zhan Zhao က ေနာက္ၾကည့္မွန္ကို သူ႕ဘက္ ျပန္ေ႐ႊ႕သည္။
"လိုင္စင္ နံပါတ္ျပားေရာ၊ ကားေမာ္ဒယ္ေရာ အကုန္ပါတယ္။ တစ္ေယာက္ေယာက္ကို စုံစမ္းခိုင္းလိုက္ရမလား"

"အတုလုပ္ထားျဖစ္မွာ"
Bai Yutang က ေနကာမ်က္မွန္တပ္လိုက္သည္။
" ၿမဲၿမဲကိုင္ထား ေၾကာင္ေလး''

"မင္းဘာလုပ္မလို႔လဲ"
Zhan Zhao က ကားအမိုးနားက လက္ကိုင္ကို ကိုင္လိုက္သည္။
"သူတို႔က မင္းကားကို ဓာတ္ပုံရိုက္ခ်င္႐ုံ သက္သက္ေရာ မျဖစ္နိုင္ဘူးလား"

"ငါက ေနာက္ေယာင္ခံလိုက္တဲ့ အေၾကာင္းရင္းကို စိတ္မဝင္စားဘူး"

"မင္းေနာက္ကို လူေတြ လိုက္ေနက်နဲ႕တူတယ္ "
Zhan Zhao က ႏႈတ္ခမ္းစူလိုက္ၿပီး ထိုင္ခုံခါးပတ္ကို တင္းတင္းပတ္လိုက္သည္။

"ရွိတာေပါ့၊ ငါက နာမည္ႀကီးပဲ"
Bai Yutang က အာ႐ုံစိုက္လိုက္သည္။
" ဒါေပမဲ့ အကုန္လုံးက ဦးႏွောက္မရွိၾကဘူး"

"ဘာကိုလဲ "

"မင္းပဲ စဥ္းစားၾကည့္ေလ။ လမ္းေပၚမွာ အခုလို fighter ကားကိုေမာင္းေနတဲ့ pilotတစ္ေယာက္ကို ေနာက္ေယာင္ခံလိုက္တာ ဦးႏွောက္ရွိတာလား"

ေျပာၿပီးသည္ႏွင့္ gas pedal ကို ေျချဖင့္ခပ္ၾကမ္းၾကမ္း နင္းေတာ့ Spyker C8က သခင့္အမိန႔္အတိုင္း အက်ဥ္းေထာင္အဝင္ေပါက္ထိ ခပ္ရမ္းရမ္းေမာင္းထြက္သြားေလသည္။ ႏွစ္ဦးသားကားေပၚမွ ဆင္းလိုက္ေတာ့ ေနာက္ေယာင္ခံလိုက္သူမ်ား မရွိၾကေတာ့ေပ။

"ဘယ္လိုလဲ "
Bai Yutang မ်က္ႏွာမွာ စိတ္လႈပ္ရွားမႈ မ်ားေပၚလြင္ေနသည္။
"ၿပိဳင္ကားဆိုတာ ဒီလိုေမာင္းရတာကြ"

Zhan Zhao ကေတာ့ သေဘာမတူ။
" ငါကေတာ့ မင္းကို အာမခံမ်ားမ်ားဝယ္ထားလို႔ အႀကံေပးခ်င္တယ္။ မင္းက အခုထိ ကိုယ့္ကိုယ္ကို pilot လို႔ ထင္ေနတုန္းပဲ။ ပတ္ဝန္းက်င္ကို တစ္ခ်က္ေလ့လာဦး။ မင္းေရာက္ေနတာ ေလေပၚမွာ မဟုတ္ဘူး "

"ခဏေလး"
Bai Yutang က သက္ျပင္းခ်လိဳက္ၿပီး လက္ေဖ်ာက္တစ္ခ်က္တီးကာ Zhan Zhao ရဲ႕ေရွ႕တည့္တည့္ကို ၫႊန္ျပလိုက္သည္။
"ဟိုမွာ ၾကည့္ ေၾကာင္ေလး၊ ဟိုမွာ"

အက်ဥ္းေထာင္ရဲ႕ အဝင္တံခါးက မားမားမတ္မတ္ရွိေနသည္ ။
Bai Yutang က ဆက္ေျပာလိုက္သည္။
" မင္းရဲ႕ ခြဲျခားစိတ္​ျဖာတဲ့ စြမ္းရည္ေတြကို ဒီထဲက လူေတြဆီမွာ အသုံးခ်။ ငါ့ကိုေတာ့ စမ္းသပ္ခန္းထဲက ႂကြက္ျဖဴ လို လာမစမ္းနဲ႕။"

"မင္းကိုယ္တိုင္က ႂကြက္ျဖဴ ျဖစ္ေနတာကေတာ့...  ''
Zhan Zhao က ေရွ႕ကသြားေနတဲ့ Bai Yutang ေနာက္ကို လိုက္ရင္း အက်ဥ္းေထာင္ထဲလိုက္ဝင္သြားသည္။
" မင္းရဲ႕ ကံတရားပဲေလ"
...........
End of Murder 5
Thank you all

Unicode
နာရေးအိမ်မှထွက်လာပြီးနောက် Bai Yutang က Gongsun ကို ဖုန်းလှမ်းခေါ်ကာ အလောင်းအသစ်အကြောင်းပြောပြလိုက်သည်။ ပြီးသည်နှင့် Zhan Zhao ကို ခေါ်ကာ ကားပေါ်တက်လိုက်သည်။

"အခု ဘယ်သွားမှာလဲ"
Zhan Zhao က တက္ကစီမောင်းသမား၏ အမှုတွဲကို ကြည့်လိုက်သည်။

"အကျဉ်းထောင်၊ ဟိုလူကြီးအကြောင်းရှာကြည့် "
Bai Yutang က ကားနောက်ကြည့်မှန်ကို ချိန်လိုက်သည်။

" Wu Yan၊ အသက် ၄၇၊ အငှါးကားမောင်းတာ အနှစ်နှစ်ဆယ်ကျော်ပြီ။ အိမ်ထောင်နဲ့ ၁၉နှစ်အရွယ် ကောလိပ်တက်ခါနီး သမီးတစ်ယောက်ရှိတယ် "
Zhan Zhao က စာရွက်တွေကို ခဏချထားလိုက်သည်။
" ဒီလို လူမျိုးက တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါး လက်စားချေချင်လောက်တဲ့ စိတ်မျိုးရှိရမယ့်သူ မဟုတ်ပါဘူး"

"ငါကြားလိုက်တာတော့ အဲဦးလေးကြီးက တရားရုံးမှာ split personalties ရှိနေလို့ စိတ်ကျန်းမာရေးဆေးရုံကို ပို့ထားတာတဲ့ "
(Split personalities- လူတစ်ယောက်ထဲကနေ စိတ်နှစ်မျိုး သုံးမျိုး ကွဲထွက်နေခြင်းပါ၊ တစ်ယောက်က လုပ်တာကို တခြားတစ်ယောက်က လုံးဝမသိပါဘူး)

" ရူးတာ ရယ် split personalities နဲ့ စိတ်ရောဂါ သုံးခုလုံးက တစ်ခုနဲ့တစ်ခု လုံးဝမတူကြဘူး။"
Zhan Zhao က ကားမိုင်နှုန်းပြ dashboard ကို လက်ညိုးနှင့်ထောက်လိုက်သည်။
" မင်းမောင်းတာ အရမ်းမြန်နေတယ်"

"ငါ့အတွက်တော့ ဘာမှကွဲပြားမသွားဘူး။ မင်းအမြင်မှာ လူတွေ အမျိုးပေါင်းများစွာရှိပေမဲ့ ငါ့အတွက်ကတော့ ၂မျိုးပဲ ကောင်းတဲ့လူနဲ့ ဆိုးတဲ့လူ။ "
Bai Yutang က ကားနောက်ကြည့်မှန်ကို ကြည့်နေရင်း ပြော၏။

"ငါတို့နောက်က ကားက ငါတို့ကို နောက်ယောင်ခံလိုက်နေတယ်လို့ မထင်ဘူးလား"

Zhan Zhao က လှည့်ကြည့်မလို့ ပြင်နေတုန်း Bai Yutang က တားလိုက်သည်။

"လှည့်မကြည့်နဲ့ ၊ ဒီကနေကြည့် "
သူက နောက်ကြည့်မှန်ကို လှည့်ပေးရင်း ပြောသည်။ Zhan Zhao က Honda ကားအမည်းရောင်တစ်စီး သူတို့နဲ့ သုံး လေးမီတာအကွာ အနောက်မှာ ရောက်နေတာကို နောက်ကြည့်မှန်မှတစ်ဆင့် မြင်လိုက်ရသည်။
" ငါကတော့ ဘာမှထူးဆန်းတာမမြင်မိပါဘူး။ မင်း စိတ်ထင်တာလား"

"ငါက အထူးလေ့ကျင့်ရေးသင်တန်းဆင်းထားတာ ကြောင်လေးရဲ့"
Bai Yutang က မျက်ခုံးတစ်ပတ်ပင့်လိုက်ပြီး Zhan Zhao ရဲ့ ထိုင်ခုံခါးပတ်ကို ကြည့်သည်။

"မင်းဘာလုပ်မလို့လဲ "
Zhan Zhao က ထိုင်ခုံခါးပတ်ကို လက်နဲ့ ကိုင်လိုက်ပြီး သူ့အား မျက်မှောင်ကြုတ် ကြည့်လိုက်သည်။

" မင်းနဲ့ ငါ့ကြားက အခြေခံကွာခြားချက်ကို သိလား"
Bai Yutang က နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး နောက်ကြည့်မှန်ကို သူမြင်ရအောင် ပြန်ရွှေ့လိုက်သည်။

"မင်းက စာအုပ်အတိုင်းလုပ်ပေမဲ့ ငါကတော့ လက်တွေ့သမား။ "
စကားဆုံးသည်နှင့် gas pedal ကို ခြေနှင့် ဖိနင်းလိုက်သည်။

Spyker C 8 ၏ အထူးအရည်အချင်းက ပေါ်ထွက်လာသည်။ ကားတစ်စီး နှစ်စီး ကျော်ပြီးသည်နှင့် Bai Yutang က အရှိန်ပြန်လျှော့သည်။ သိပ်မကြာလိုက်။ Honda ကားအနက်မှာ သူတို့နောက်မှ ကပ်ပါလာသည်။

"ကြည့်လိုက်"
Bai Yutang က Zhan Zhao ဘက်သို့ ဂုဏ်ယူစွာဖြင့် မျက်စပစ်လိုက်သည်။

"ဒါကတော့ သားကောင်နဲ့ နီးနေတဲ့ အာရုံပဲ"

Zhan Zhao က နောက်ကြည့်မှန်ကို သူ့ဘက် ပြန်ရွှေ့သည်။
"လိုင်စင် နံပါတ်ပြားရော၊ ကားမော်ဒယ်ရော အကုန်ပါတယ်။ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်ရမလား"

"အတုလုပ်ထားဖြစ်မှာ"
Bai Yutang က နေကာမျက်မှန်တပ်လိုက်သည်။
" မြဲမြဲကိုင်ထား ကြောင်လေး''

"မင်းဘာလုပ်မလို့လဲ"
Zhan Zhao က ကားအမိုးနားက လက်ကိုင်ကို ကိုင်လိုက်သည်။
"သူတို့က မင်းကားကို ဓာတ်ပုံရိုက်ချင်ရုံ သက်သက်ရော မဖြစ်နိုင်ဘူးလား"

"ငါက နောက်ယောင်ခံလိုက်တဲ့ အကြောင်းရင်းကို စိတ်မဝင်စားဘူး"

"မင်းနောက်ကို လူတွေ လိုက်နေကျနဲ့တူတယ် "
Zhan Zhao က နှုတ်ခမ်းစူလိုက်ပြီး ထိုင်ခုံခါးပတ်ကို တင်းတင်းပတ်လိုက်သည်။

"ရှိတာပေါ့၊ ငါက နာမည်ကြီးပဲ"
Bai Yutang က အာရုံစိုက်လိုက်သည်။
" ဒါပေမဲ့ အကုန်လုံးက ဦးနှောက်မရှိကြဘူး"

"ဘာကိုလဲ "

"မင်းပဲ စဉ်းစားကြည့်လေ။ လမ်းပေါ်မှာ အခုလို fighter ကားကိုမောင်းနေတဲ့ pilotတစ်ယောက်ကို နောက်ယောင်ခံလိုက်တာ ဦးနှောက်ရှိတာလား"

ပြောပြီးသည်နှင့် gas pedal ကို ခြေဖြင့်ခပ်ကြမ်းကြမ်း နင်းတော့ Spyker C8က သခင့်အမိန့်အတိုင်း အကျဉ်းထောင်အဝင်ပေါက်ထိ ခပ်ရမ်းရမ်းမောင်းထွက်သွားလေသည်။ နှစ်ဦးသားကားပေါ်မှ ဆင်းလိုက်တော့ နောက်ယောင်ခံလိုက်သူများ မရှိကြတော့ပေ။

"ဘယ်လိုလဲ "
Bai Yutang မျက်နှာမှာ စိတ်လှုပ်ရှားမှု များပေါ်လွင်နေသည်။
"ပြိုင်ကားဆိုတာ ဒီလိုမောင်းရတာကွ"

Zhan Zhao ကတော့ သဘောမတူ။
" ငါကတော့ မင်းကို အာမခံများများဝယ်ထားလို့ အကြံပေးချင်တယ်။ မင်းက အခုထိ ကိုယ့်ကိုယ်ကို pilot လို့ ထင်နေတုန်းပဲ။ ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာဦး။ မင်းရောက်နေတာ လေပေါ်မှာ မဟုတ်ဘူး "

"ခဏလေး"
Bai Yutang က သက်ပြင်းချလိုက်ပြီး လက်ဖျောက်တစ်ချက်တီးကာ Zhan Zhao ရဲ့ရှေ့တည့်တည့်ကို ညွှန်ပြလိုက်သည်။
"ဟိုမှာ ကြည့် ကြောင်လေး၊ ဟိုမှာ"

အကျဉ်းထောင်ရဲ့ အဝင်တံခါးက မားမားမတ်မတ်ရှိနေသည် ။
Bai Yutang က ဆက်ပြောလိုက်သည်။
" မင်းရဲ့ ခွဲခြားစိတ်​ဖြာတဲ့ စွမ်းရည်တွေကို ဒီထဲက လူတွေဆီမှာ အသုံးချ။ ငါ့ကိုတော့ စမ်းသပ်ခန်းထဲက ကြွက်ဖြူ လို လာမစမ်းနဲ့။"

"မင်းကိုယ်တိုင်က ကြွက်ဖြူ ဖြစ်နေတာကတော့...  ''
Zhan Zhao က ရှေ့ကသွားနေတဲ့ Bai Yutang နောက်ကို လိုက်ရင်း အကျဉ်းထောင်ထဲလိုက်ဝင်သွားသည်။
" မင်းရဲ့ ကံတရားပဲလေ"
...........
End of Murder 5
Thank you all

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

208K 7.9K 52
"ရွင့္ကိုသိပ္မုန္းတယ္ ေဒၚျမတ္သဒၵါေသြး"
432K 63.7K 47
အက်ဥ္းခ်ဳပ္ - ထိပ္တန္းဟက္ကာတစ္ေယာက္ကိုဘဝမ်ားစြာျပန္လည္ေမြးဖြားဖုိ႕ Lod God System ကေ႐ြးခ်ယ္ခဲ့သည္။ ကမာၻႀကီးအဆုံးသတ္သြားေတာ့ အရာအားလံုးက ပ်က္စီးသြားျပ...
146K 16.3K 122
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
706K 86K 103
Title: After Dawn (黎明之后) Author: Bing Kuai'er (冰块儿) Status: Completed with 87 chapters Translation Status: Ongoing *** I do not own this story. All t...