S.C.I Special Crime Investiga...

Door Autumn260103

809K 106K 4.7K

ထူးျခားတဲ့ ကြင္းဆက္လူသတ္မႈေတြကို မႈခင္းပညာနဲ႔ စိတ္ပညာေပါင္းၿပီး ေျဖ႐ွင္းၾကတဲ့ S C I အဖြဲ႔ရဲ႕ ေခါင္းေဆာင္ႏွစ္ေ... Meer

Murder 01- case
Murder 02- case
Murder 03 - Mysterious Numbers
Murder 05- Tracking
S.C.I. အဖြဲ႔ဝင္မ်ား
Murder 06- Prison
Murder 07 - Killer
Murder 08- Doctor
Murder 09- Sneak Attack
Murder 10 The clue
Murder 11 Doubt
Murder 12- Psychology Department
Murder 13 Tradegy
Murder 14- Li Fei Fan
Murder 15- Killer 135
Murder 16 - Academic
Murder 17 - old case
Murder 18- Chaos
Murder 19- Hostage
Murder 20- Third person
Murder 21- Zhao Jue
Murder 22- Sighting
Murder 23- crazy love
Not story update
Murderer 24- Trial
Murderer 25- Hint
Murderer 26- Instruction
Murderer 27- Accident
Murderer 28- Obession
Training Camp Murderer-Chapter01 Dinner
Training Camp Murderer 02- Sniper Case
Training Camp Murderer 04- Band
Not a story update
Training Camp Murderer 05 - Training Camp
Training Camp Murderer 06- Probability
Training Camp Murderer 07- Purgatory
Training Camp Murderer 08- Malingering
Training Camp Murderer 03- Students
Training Camp Murderer 09- Utilization
Hello to all my readers
Training Camp Murderer 10- Lovers
Training Camp Murderer 11- Devil's son
Training Camp Murderer 12- Destiny
Training Camp Murderer 13- Clues
Training Camp Murderer 14- Son of God
My apology
Training Camp Murderer 15- Breakthrough
Training Camp Murderer 16 - Meter
Training Camp Murderer 17- Retribution
Return of magic murderer 01 - Imitation
Return of Magic Murderer 02
Return of Magic Murderer- 03 Ghost
Return of Magic Murderer 04 - Blood
Return of Magic Murderer 05-Curse
Fanwai 100 questions Jin Policy
Return of Magic Murderer 06-Misleading
Return of Magic Murderer 07- Fog
Not a story update
Return of Magic Murderer 08- Kidnapping
Return of Magic Murderer 09- Guess
Fanwai 100 questions
Return of Magic Murderer 10- Meeting again
Return of Magic Murderer 11- Gambling
Return of Magic Murderer 12- The Murderer
Return of Magic Murderer 13- The Magic
Return of Magic Murderer 14- Puzzle
Return of Magic Murderer 15-Mutation
Return of Magic Murderer 16- Turn
Return of Magic Murderer 17- Hatred
Return of Magic Murderer 18 - Free
Return of Magic Murderer 19- Overture
Return of Magic Murderer 20 - The End
Christmas Night 1
Christmas Night 2
Murder: Non- human 01- Box Corpse
Murder: Non- Human 02 - Curse
Murder: Non- human 03- Non- human
Murderer: Non - human 04- Tutsi
Murder: Non- human 05 - (Totem)
Murder: Non- Human 06 - Eagle King
Murder: Non Human 07- Accident
Murder: Non - Human 08 - Unidentified suspect
Murder: Non- human 09 Mutation
Murder: Non- Human 10 - He is a singer and a ghost
Murder: Non- Human 11-Multiple Murderers
Murderer: Non- Human 12- Sets
Murderer: Non- Human: 13 It's not a human
Murder: Non- Human 14- Motivation
Murder: Non- Human 15- Opportunity
Murder: Non- Human 16 Step by step
Murder: Non- Human 17 Murderer is not a human
Murder: Non- Human 18: Murderer is not a human
Murder: Non- Human 19: Murderer is not a human
New year's day.....
Murder: Non- Human 20 Bright Line
Murder: Non- Human 21
Murder: Non- Human 22
Murder: Non- Human 23 End
Ghost Murderer 01 - Night Punisher
Ghost Murderer 02 - Wierd Murder
Ghost Murder 03- Ghostly
Ghost Murderer 04- Another world
Ghost Murderer 05- Unexpected
Valentine's Day
Ghost Murderer 06 - Tips
Ghost Murderer 07- Night Kingdom
Ghost Murderer 08- Black and White
Ghost Murderer 09
Ghost Murderer 10- Amazing Discovery
Ghost Murderer 11- Luo Wen's care
Ghost Murderer 12- Violent
Ghost Murderer 13- Mysterious Code
Ghost Murderer 14- The End of the Tunnel
Ghost Murderer 15- Sin And Punishment
Announcement
Ghost Murderer 16- Cruel Story
Ghost Murderer 17- Madman
Ghost Murderer 18 - Brother
Ghost Murderer 19- Nursery Rhymes
Ghost Murderer 20- Coming From Afar
Ghost Murderer 21- Past Events
Ghost Murderet 22 - Plausible
Ghost Murderer 23- Gradually Becoming Clear
Ghost Murderer 24 - Trap
Ghost Murderer 25- Fire
Ghost Murderer 26- Warmth
Announcement
Ghost Murderer 27 - Rodent Control
Ghost Murderer 28- Lead out of the Snake
Ghost Murderer 29- Hypnosis
Ghost Murderer 30- Strategy
Ghost Murderer 31- Provisional Praragraph

Murder 04 - Funeral Home

9K 1.1K 34
Door Autumn260103

Zawgyi

ေငြေရာင္ Spyker ၿပိဳင္ကားေလးက S ၿမိဳ႕ေတာ္ရွိ နာေရးအိမ္တစ္အိမ္ေရွ႕တြင္ ရပ္လိုက္သည္။ လမ္းသြားလမ္းလာနည္းပါးေသာ လမ္းၾကားေလးျဖစ္ေသာ္ေၾကာင့္ နိုင္ငံျခားျဖစ္ ၿပိဳင္ကားမွာ  လူအမ်ား၏အာ႐ုံကို ဖမ္းစားထားေလသည္။ Armani Trench Coat အျဖဴေရာင္၊ Gucci ေနကာမ်က္မွန္နဲ႕ Bai Yutang တစ္ေယာက္ ကားေပၚက ေၾကာ့ေမာ့စြာဆင္းလာေလသည္။

တခ်ိဳ႕ေတြက model လား cele လားထင္ၾကေပလိမ့္မည္။ စင္စစ္ေတာ့ သူက မႈခင္းရဲအရာရွိတစ္ေယာက္သာ။

Zhan Zhaoလဲ မတတ္သာသည့္ပုံႏွင့္ ကားေပၚမွ ဆင္းလိုက္ရသည္။
"မင္းကို ဘယ္သူမွ ဘာမွမေျပာၾကဘူးလား"

"ဘာကို ေျပာရမွာလဲ"
Bai Yutang က ေနကာမ်က္မွန္ကို ဟန္ပါပါ ဆြဲခြၽတ္လိုက္ၿပီး အထဲသို႔ ဝင္သြားသည္။

"မင္း ရဲစခန္းကို ေဒၚလာေလးသိန္းေလာက္တန္တဲ့ ၿပိဳင္ကားတစ္စီးနဲ႕ ဝင္လိုက္ ထြက္လိုက္လုပ္ေနတာေလ။ တစ္ေယာက္မွ ဘာမွမေျပာတာေတာ့ မျဖစ္နိုင္ဘူး။"
Zhan Zhao က ဆက္ေျပာ၏။

" ကားက ငါ့အစ္ကို ပို႔လိုက္တာေလ။ ၿပီးေတာ့ သူရတဲ့ ပိုက္ဆံက သန႔္ပါတယ္"
Bai Yutang က ပုခုံးတြန႔္ၿပီး ရွင္းျပေနသည္။
" ၿပီးေတာ့ ငါလဲ ဒီကားကို ႀကိဳက္တယ္။ သူခိုးလိုက္တဲ့ ေနရာမွာ ဒီလို အသံရဲ႕အျမန္ႏႈန္းနဲ႕ ေမာင္းနိုင္တာကို သေဘာက်တယ္"

( dramaထဲမွာ Bai Yutang မွာ အမတစ္ေယာက္ရွိတာပါ။ တကယ့္Novel ကေတာ့ အစ္ကိုပါ ။ ၿပီးေတာ့ Ma Han ကလည္း ေယာက္်ားေလးပါပဲ  Hacker လဲ ေယာက်္ားေလးပါပဲ S.C.I. အဖြဲ႕မွာ မိန္းကေလး မပါပါဘူး)

" ေအာ္၊ ေဒၚလာေလးသိန္းတန္တဲ့ Spyker C8 ကို သူခိုးဖမ္းဖို႔သုံးတဲ့ ရဲအရာရွိႀကီး စိတ္ေရာမွန္ေသးရဲ႕လား"
Zhan Zhao က မဲ့ၿပဳံးၿပဳံး၏။

"ဒါကေတာ့ ေၾကာင္ေလးရယ္၊ မင္းက ငါေမြးကတည္းက အခုထိ ပုံမွန္မဟုတ္ဘူးလို႔သက္ေသျပခ်င္ေနတာကိုး။ "
Bai Yutang က နာေရးခန္းမကို တစ္ခ်က္ၾကည့္၍ ဂ႐ုမစိုက္သည့္ပုံစံႏွင့္ ေျပာလိုက္သည္။
"ဒါေပမဲ့ မင္းရဲ႕ ႀကီးက်ယ္ျမင့္ျမတ္လွတဲ့ စိတ္ပညာ သီအိုရီေတြက ငါ့အေပၚ ဘာမွသက္ေရာက္မႈမရွိနိုင္ဘူး"

"အဟင့္"
Zhan Zhao က ေဘာင္းဘီအိတ္ထဲ လက္ထဲရင္း ၿပဳံးလိုက္သည္။
" မင္း ဝန္မခံေသးလဲ ျပသနာေတာ့ သိပ္မရွိပါဘူး။ ဘာပဲ ​ဖစ္ျဖစ္ ငါက ေအာင္ေအာင္ျမင္ျမင္သက္ေသျပၿပီးၿပီေလ မင္းက စိတ္ေရာဂါေဝဒနာရွင္ဆိုတာကို "

(ဒီအပိုဒ္မွာ Zhan Zhao က Bai Yutang ကို ေရာဂါအမ်ားႀကီး နာမည္တပ္ၿပီးေျပာတာပါ တစ္ခုခ်င္းျပန္ရင္ ေပါ့သြားမွာလဲ စိုးတယ္ မွားသြားမွာလဲ စိုးလို႔ပါ။ ဒီအပိုင္းရဲ႕ ေနာက္ဆုံးမွာ ေရးေပးပါ့မယ္ေနာ္)

Bai Yutang က နာေရးအိမ္မွ  အေလာင္းကို လက္ညွိုးထိုးျပလိုက္သည္။
" တကယ္လို ငါသာ မင္းေျပာသလို ေရာဂါေတြ ရွိေနရင္ လူေသအေလာင္းေတြကို နံပါတ္ရိုက္တဲ့သူက ငါျဖစ္ေနမွာေပါ့ အခုလို စုံစမ္းဖို႔လာတဲ့သူေတာင္ ျဖစ္မွာ မဟုတ္ဘူး"

" ဒီအမႈကို စုံစမ္းတယ္ဆိုကတည္းက ထူးျခားတဲ့သူဆိုတာ သိေနၿပီးသားပါ"
အေလာင္းထားတဲ့ေနရာက လူတစ္ယာက္ထြက္လာၿပီး စကားကို ျဖတ္ေျပာလိုက္သည္။

Zhan Zhao ႏွင့္ Bai Yutang တို႔က ထိုလူကို တစ္ၿပိဳင္တည္း လွည့္ၾကည့္​ၾက၏။  အသက္၃၀အ႐ြယ္ ပိန္ပိန္ပါးပါး လူတစ္ဦး။ နာေရးအခမ္းအနားက မီးမွိန္မွိန္ေၾကာင့္ သူ႕ ပုံစံက ျဖဴသည္ထက္ပို၍ မွိုင္းပ်ပ် ျဖစ္ေနသည္။

"ကြၽန္ေတာ္က Chen Hao ပါ။ ခင္ဗ်ားတို႔ႏွစ္ေယာက္ က ရဲလား"
ထိုလူကပဲ စတင္၍ မိတ္ဆက္ေနသည္။

"အာ၊ မဂၤလာပါ "
Bai Yutang က ေဘာင္းဘီအိတ္ထဲမွ လက္ထုတ္လိုက္ၿပီး ျပန္ႏႈတ္ဆက္ေနသည္။

" ကြၽန္ေတာ္က Bai Yutang ပါ၊ သူက Zhan Zhao"

Zhan Zhao နဲ႕ လက္ဆြဲႏႈတ္ဆက္အၿပီးမွာေတာ့ Chen Hao က သူတို႔ႏွစ္ေယာက္ကို အေလာင္းထားေသာ ေနရာဆီသို႔ ဦးေဆာင္ ေခၚသြားေလသည္။
" Gongsun က ခင္ဗ်ားတို႔ လာမယ္လို႔ႀကိဳေျပာထားပါတယ္၊ ဒါကို အရင္ၾကည့္သင့္တယ္လို႔ အႀကံျပဳပါရေစ"

Zhan Zhao နဲ႕ Bai Yutang တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး Chen Hao သြားရာ အေလာင္းထားေသာ ေနရာသို႔ လိုက္သြားၾကသည္။

အေလာင္းေတာ္ေတာ္မ်ားမ်ားကို ပိတ္ျဖဴ စမ်ားျဖင့္ အုပ္ထားၿပီး ေထာင့္ဆုံးက တစ္ေလာင္းကိုသာ လွပ္ထားသည္။ Chen Hao ျပင္ေနဆဲ အေလာင္းဟု ေမးစရာပင္မလို။

" ဒီအေလာင္းကို ဒီမနက္ကမွ ပို႔လိုက္တာ။ ဒီနားကို ၾကည့္ၾကည့္ပါ"

Chen Hao က အေလာင္းရဲ႕ နား႐ြက္ကို လွပ္ျပလိုက္ေတာ့ နံပါတ္တစ္ခုက ထင္ရွားစြာ ရိုက္ႏွိပ္ထားသည္။
..."39"

"​ၾကည့္စမ္း​၊ ဒီမွာ ေနာက္ထပ္တစ္ခု "
Bai Yutang က Zhan Zhao ကို လွမ္းၾကည့္ရင္းေျပာလိုက္သည္။

Zhan Zhao က ေခါင္းကို ငုံ႕လိုက္ရင္း နံပါတ္ကို ေသေသခ်ာခ်ာ ၾကည့္လိုက္သည္။
"ဒါ လက္နဲ႕ေရးထားတာ မဟုတ္ဘူး"

"ဟင္"
Bai Yutang က Zhan Zhao ေျပာစကားေၾကာင့္ ထိုေနရာကို ၾကည့္လိုက္သည္။ နံပါတ္ကိုေရးထားပုံက အလြန္သပ္ရပ္လွၿပီး ရွင္းလင္းေျပျပစ္ေနသည္။

" တက္တူးေရာ မျဖစ္နိုင္ဘူးလား "
Bai Yutang က ေမးေစ့ကိုင္၍ စဥ္းစားသလိုႏွင့္ Zhan Zhao ကို လွမ္းေမးလိုက္သည္။

"အင္း၊ ေသခ်ာေအာင္ေတာ့ ထပ္စစ္ေဆးၾကည့္ရမယ္။ ဒါေပမဲ့ ငါ့စိတ္ထဲကေတာ့ ဒါက တက္တူးလုံးဝမျဖစ္နိုင္ဘူးလို႔ ယုံၾကည္ေနတယ္"
Zhan Zhao မ်က္လုံးမ်ားက ထိုေနရာမွ လုံးဝမေ႐ႊ႕။
" ဒီနံပါတ္ေတြ ေရးတဲ့သူက အရမ္းကို ၿပီးျပည့္စုံတာကို တန္ဖိုးထားတဲ့သူ ျဖစ္မယ္"

"ၿပီးျပည့္စုံမႈ?"
Bai Yutang က ေနာက္တစ္ခါ ထပ္ၾကည့္လိုက္သည္။ " ေသတဲ့သူေတြရဲ႕ နား႐ြက္မွာ နံပါတ္ေရးတာ လွလဲ မလွပါဘူး"

"လွတာမဟုတ္ဘူး ၊ ၿပီးျပည့္စုံတာ၊ ဟာကြက္မရွိတာ "
Zhan Zhao က ထပ္ေျပာျပန္သည္။

လက္အိတ္ဝတ္ထားတဲ့ လက္နဲ႕ လူေသအေလာင္းရဲ႕ နား႐ြက္ကို ကိုင္လိုက္ရင္း Bai Yutang ကို ျပသည္။ " ဓာတ္ပုံေတြမွာကတည္းက ငါသတိထားမိတာ တစ္ခု က နံပါတ္ေတြရဲ႕ အ႐ြယ္အစားက အကုန္တူတူပဲ၊ ၿပီးေတာ့ နံပါတ္ေတြကို နား႐ြက္ေနာက္တည့္တည့္မွာ ထားတာ ဘာလို႔လဲ မင္းသိလား"

"သူက ႏွာဘူးလား"
Bai Yutang က စဥ္းေတာင္မစဥ္းစားပဲ တန္းေျပာလိုက္သည္။ Zhan Zhao ကသူ႕ကို လွည့္ကာ စူးစူးရဲရဲ ၾကည့္ေတာ့ ခဏတန႔္သြားၿပီး လက္ျမႇောက္ျပလိုက္သည္။
"ငါမေတြးတတ္ေတာ့ဘူး."

"ဒီေနရာက တစ္ခုတည္းေသာ ၿပီးျပည့္စုံတဲ့ ေနရာပဲ"
Zhan Zhao က ရွင္းျပသည္။

Bai Yutang ကေတာ့ ပြစိပြစိ ေရ႐ြတ္သည္။
" တ႐ုတ္လို ေျပာပါဟ"

"ဒီေနရာကို ေသခ်ာၾကည့္၊ တကယ္လို႔ နား႐ြက္ကိုသာ လွန္မၾကည့္ရင္ ဒီနံပါတ္ေတြကို ဘယ္လိုမွ မျမင္နိုင္ဘူး"
Zhan Zhao က ေျပာၿပီးသည္ႏွင့္ လက္ကို လႊတ္လိုက္ေတာ့ နား႐ြက္က သူ႕ေနရာသူ ျပန္ေရာက္သြားတဲ့ အခ်ိန္ Bai Yutang ကို ၾကည့္ခိုင္းလိုက္သည္။

ထူးျခားသည္မွာ  နံပါတ္မ်ားက နား႐ြက္နဲ႕ အုပ္မိၿပီး မည္သည့္ ရႈေထာင့္ မွၾကည့္ၾကည့္ မျမင္ရေတာ့ေပ။
"အဲဒီေတာ့ ဘာကိုဆိုလိုပါသလဲ ပညာရွင္ႀကီးခင္ဗ်ား"
Bai Yutang က စိတ္ရႈပ္ေနပုံႏွင့္ Zhan Zhao ကို ေနာက္တစ္ခါ ထပ္ၾကည့္သည္။

Zhan Zhoa က လက္အိတ္ကို ခြၽတ္လိုက္၏။
" ဒီနံပါတ္ကို ေရးတဲ့သူက ေဆးပညာ ဗဟုသုတလဲရွိမယ္ ၿပီးျပည့္စုံတာကိုပဲ သေဘာက်တဲ့သူလည္း ျဖစ္မယ္။ ေသခ်ာတာတစ္ခုကေတာ့ သူ႕မွာ ေသေသခ်ာခ်ာတိတိက်က် လုပ္တတ္တဲ့ အက်င့္ရွိမယ္။ ၿပီးေတာ့ အေသးစိတ္ တစ္ခုခ်င္းစီကို အရမ္းအေလးထားတတ္ၿပီးေတာ့ အလုပ္ကို အရမ္းႀကိဳးစားတတ္တဲ့သူ။ သတိလည္း အရမ္းရွိတဲ့သူ ျဖစ္ရမယ္"

"တ႐ုတ္လိုေျပာပါဆို"
Bai Yutang တစ္ေယာက္ မထိန္းနိုင္ေတာ့။
" ေသခ်ာတယ္ သူက တဏွာ႐ူးတစ္ေယာက္ပဲ"

End of part 4
( ကြၽန္ေတာ္ Zhan Zhao စြပ္စြဲထားတဲ့ Bai Yutang ရဲ႕ စိတ္ေရာဂါေတြကို ေျပာျပပါ့မယ္
Paranoid - ကိုယ့္ကို လူေတြလိုက္သတ္မွာ အရမ္းေတြးပူၿပီးေၾကာက္ေနတတ္တာမ်ိဳးပါ။
Anti - socialကေတာ့ လူေတြနဲ႕ အတူတူမေနပဲ သီးသန႔္ေနတာကို ေျပာတာပါ။
Fringe Performanceကေတာ့ အဓိပၸါယ္အတိအက် ရွာမရပါဘူး။ အႏၲရယ္ရွိတယ္ လို႔ပဲသိရပါတယ္။
Narcissism - မိမိကိုယ္ကို အထင္ႀကီးလြန္းျခင္း
Eccentric personality disorder - သာမန္မဟုတ္ေသာ ၊ သူမ်ားနဲ႕မတူေသာလို႔ အဓိပၸါယ္ရပါတယ္)

.............
End of Murder 04
Thank u all

Unicode

ငွေရောင် Spyker ပြိုင်ကားလေးက S မြို့တော်ရှိ နာရေးအိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်သည်။ လမ်းသွားလမ်းလာနည်းပါးသော လမ်းကြားလေးဖြစ်သော်ကြောင့် နိုင်ငံခြားဖြစ် ပြိုင်ကားမှာ  လူအများ၏အာရုံကို ဖမ်းစားထားလေသည်။ Armani Trench Coat အဖြူရောင်၊ Gucci နေကာမျက်မှန်နဲ့ Bai Yutang တစ်ယောက် ကားပေါ်က ကြော့မော့စွာဆင်းလာလေသည်။

တချို့တွေက model လား cele လားထင်ကြပေလိမ့်မည်။ စင်စစ်တော့ သူက မှုခင်းရဲအရာရှိတစ်ယောက်သာ။

Zhan Zhaoလဲ မတတ်သာသည့်ပုံနှင့် ကားပေါ်မှ ဆင်းလိုက်ရသည်။
"မင်းကို ဘယ်သူမှ ဘာမှမပြောကြဘူးလား"

"ဘာကို ပြောရမှာလဲ"
Bai Yutang က နေကာမျက်မှန်ကို ဟန်ပါပါ ဆွဲချွတ်လိုက်ပြီး အထဲသို့ ဝင်သွားသည်။

"မင်း ရဲစခန်းကို ဒေါ်လာလေးသိန်းလောက်တန်တဲ့ ပြိုင်ကားတစ်စီးနဲ့ ဝင်လိုက် ထွက်လိုက်လုပ်နေတာလေ။ တစ်ယောက်မှ ဘာမှမပြောတာတော့ မဖြစ်နိုင်ဘူး။"
Zhan Zhao က ဆက်ပြော၏။

" ကားက ငါ့အစ်ကို ပို့လိုက်တာလေ။ ပြီးတော့ သူရတဲ့ ပိုက်ဆံက သန့်ပါတယ်"
Bai Yutang က ပုခုံးတွန့်ပြီး ရှင်းပြနေသည်။
" ပြီးတော့ ငါလဲ ဒီကားကို ကြိုက်တယ်။ သူခိုးလိုက်တဲ့ နေရာမှာ ဒီလို အသံရဲ့အမြန်နှုန်းနဲ့ မောင်းနိုင်တာကို သဘောကျတယ်"

( dramaထဲမှာ Bai Yutang မှာ အမတစ်ယောက်ရှိတာပါ။ တကယ့်Novel ကတော့ အစ်ကိုပါ ။ ပြီးတော့ Ma Han ကလည်း ယောက်ျားလေးပါပဲ  Hacker လဲ ယောကျ်ားလေးပါပဲ S.C.I. အဖွဲ့မှာ မိန်းကလေး မပါပါဘူး)

" အော်၊ ဒေါ်လာလေးသိန်းတန်တဲ့ Spyker C8 ကို သူခိုးဖမ်းဖို့သုံးတဲ့ ရဲအရာရှိကြီး စိတ်ရောမှန်သေးရဲ့လား"
Zhan Zhao က မဲ့ပြုံးပြုံး၏။

"ဒါကတော့ ကြောင်လေးရယ်၊ မင်းက ငါမွေးကတည်းက အခုထိ ပုံမှန်မဟုတ်ဘူးလို့သက်သေပြချင်နေတာကိုး။ "
Bai Yutang က နာရေးခန်းမကို တစ်ချက်ကြည့်၍ ဂရုမစိုက်သည့်ပုံစံနှင့် ပြောလိုက်သည်။
"ဒါပေမဲ့ မင်းရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ စိတ်ပညာ သီအိုရီတွေက ငါ့အပေါ် ဘာမှသက်ရောက်မှုမရှိနိုင်ဘူး"

"အဟင့်"
Zhan Zhao က ဘောင်းဘီအိတ်ထဲ လက်ထဲရင်း ပြုံးလိုက်သည်။
" မင်း ဝန်မခံသေးလဲ ပြသနာတော့ သိပ်မရှိပါဘူး။ ဘာပဲ ​ဖစ်ဖြစ် ငါက အောင်အောင်မြင်မြင်သက်သေပြပြီးပြီလေ မင်းက စိတ်ရောဂါဝေဒနာရှင်ဆိုတာကို "

(ဒီအပိုဒ်မှာ Zhan Zhao က Bai Yutang ကို ရောဂါအများကြီး နာမည်တပ်ပြီးပြောတာပါ တစ်ခုချင်းပြန်ရင် ပေါ့သွားမှာလဲ စိုးတယ် မှားသွားမှာလဲ စိုးလို့ပါ။ ဒီအပိုင်းရဲ့ နောက်ဆုံးမှာ ရေးပေးပါ့မယ်နော်)

Bai Yutang က နာရေးအိမ်မှ  အလောင်းကို လက်ညှိုးထိုးပြလိုက်သည်။
" တကယ်လို ငါသာ မင်းပြောသလို ရောဂါတွေ ရှိနေရင် လူသေအလောင်းတွေကို နံပါတ်ရိုက်တဲ့သူက ငါဖြစ်နေမှာပေါ့ အခုလို စုံစမ်းဖို့လာတဲ့သူတောင် ဖြစ်မှာ မဟုတ်ဘူး"

" ဒီအမှုကို စုံစမ်းတယ်ဆိုကတည်းက ထူးခြားတဲ့သူဆိုတာ သိနေပြီးသားပါ"
အလောင်းထားတဲ့နေရာက လူတစ်ယာက်ထွက်လာပြီး စကားကို ဖြတ်ပြောလိုက်သည်။

Zhan Zhao နှင့် Bai Yutang တို့က ထိုလူကို တစ်ပြိုင်တည်း လှည့်ကြည့်​ကြ၏။  အသက်၃၀အရွယ် ပိန်ပိန်ပါးပါး လူတစ်ဦး။ နာရေးအခမ်းအနားက မီးမှိန်မှိန်ကြောင့် သူ့ ပုံစံက ဖြူသည်ထက်ပို၍ မှိုင်းပျပျ ဖြစ်နေသည်။

"ကျွန်တော်က Chen Hao ပါ။ ခင်ဗျားတို့နှစ်ယောက် က ရဲလား"
ထိုလူကပဲ စတင်၍ မိတ်ဆက်နေသည်။

"အာ၊ မင်္ဂလာပါ "
Bai Yutang က ဘောင်းဘီအိတ်ထဲမှ လက်ထုတ်လိုက်ပြီး ပြန်နှုတ်ဆက်နေသည်။

" ကျွန်တော်က Bai Yutang ပါ၊ သူက Zhan Zhao"

Zhan Zhao နဲ့ လက်ဆွဲနှုတ်ဆက်အပြီးမှာတော့ Chen Hao က သူတို့နှစ်ယောက်ကို အလောင်းထားသော နေရာဆီသို့ ဦးဆောင် ခေါ်သွားလေသည်။
" Gongsun က ခင်ဗျားတို့ လာမယ်လို့ကြိုပြောထားပါတယ်၊ ဒါကို အရင်ကြည့်သင့်တယ်လို့ အကြံပြုပါရစေ"

Zhan Zhao နဲ့ Bai Yutang တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး Chen Hao သွားရာ အလောင်းထားသော နေရာသို့ လိုက်သွားကြသည်။

အလောင်းတော်တော်များများကို ပိတ်ဖြူ စများဖြင့် အုပ်ထားပြီး ထောင့်ဆုံးက တစ်လောင်းကိုသာ လှပ်ထားသည်။ Chen Hao ပြင်နေဆဲ အလောင်းဟု မေးစရာပင်မလို။

" ဒီအလောင်းကို ဒီမနက်ကမှ ပို့လိုက်တာ။ ဒီနားကို ကြည့်ကြည့်ပါ"

Chen Hao က အလောင်းရဲ့ နားရွက်ကို လှပ်ပြလိုက်တော့ နံပါတ်တစ်ခုက ထင်ရှားစွာ ရိုက်နှိပ်ထားသည်။
..."39"

"​ကြည့်စမ်း​၊ ဒီမှာ နောက်ထပ်တစ်ခု "
Bai Yutang က Zhan Zhao ကို လှမ်းကြည့်ရင်းပြောလိုက်သည်။

Zhan Zhao က ခေါင်းကို ငုံ့လိုက်ရင်း နံပါတ်ကို သေသေချာချာ ကြည့်လိုက်သည်။
"ဒါ လက်နဲ့ရေးထားတာ မဟုတ်ဘူး"

"ဟင်"
Bai Yutang က Zhan Zhao ပြောစကားကြောင့် ထိုနေရာကို ကြည့်လိုက်သည်။ နံပါတ်ကိုရေးထားပုံက အလွန်သပ်ရပ်လှပြီး ရှင်းလင်းပြေပြစ်နေသည်။

" တက်တူးရော မဖြစ်နိုင်ဘူးလား "
Bai Yutang က မေးစေ့ကိုင်၍ စဉ်းစားသလိုနှင့် Zhan Zhao ကို လှမ်းမေးလိုက်သည်။

"အင်း၊ သေချာအောင်တော့ ထပ်စစ်ဆေးကြည့်ရမယ်။ ဒါပေမဲ့ ငါ့စိတ်ထဲကတော့ ဒါက တက်တူးလုံးဝမဖြစ်နိုင်ဘူးလို့ ယုံကြည်နေတယ်"
Zhan Zhao မျက်လုံးများက ထိုနေရာမှ လုံးဝမရွှေ့။
" ဒီနံပါတ်တွေ ရေးတဲ့သူက အရမ်းကို ပြီးပြည့်စုံတာကို တန်ဖိုးထားတဲ့သူ ဖြစ်မယ်"

"ပြီးပြည့်စုံမှု?"
Bai Yutang က နောက်တစ်ခါ ထပ်ကြည့်လိုက်သည်။ " သေတဲ့သူတွေရဲ့ နားရွက်မှာ နံပါတ်ရေးတာ လှလဲ မလှပါဘူး"

"လှတာမဟုတ်ဘူး ၊ ပြီးပြည့်စုံတာ၊ ဟာကွက်မရှိတာ "
Zhan Zhao က ထပ်ပြောပြန်သည်။

လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ လူသေအလောင်းရဲ့ နားရွက်ကို ကိုင်လိုက်ရင်း Bai Yutang ကို ပြသည်။ " ဓာတ်ပုံတွေမှာကတည်းက ငါသတိထားမိတာ တစ်ခု က နံပါတ်တွေရဲ့ အရွယ်အစားက အကုန်တူတူပဲ၊ ပြီးတော့ နံပါတ်တွေကို နားရွက်နောက်တည့်တည့်မှာ ထားတာ ဘာလို့လဲ မင်းသိလား"

"သူက နှာဘူးလား"
Bai Yutang က စဉ်းတောင်မစဉ်းစားပဲ တန်းပြောလိုက်သည်။ Zhan Zhao ကသူ့ကို လှည့်ကာ စူးစူးရဲရဲ ကြည့်တော့ ခဏတန့်သွားပြီး လက်မြှောက်ပြလိုက်သည်။
"ငါမတွေးတတ်တော့ဘူး."

"ဒီနေရာက တစ်ခုတည်းသော ပြီးပြည့်စုံတဲ့ နေရာပဲ"
Zhan Zhao က ရှင်းပြသည်။

Bai Yutang ကတော့ ပွစိပွစိ ရေရွတ်သည်။
" တရုတ်လို ပြောပါဟ"

"ဒီနေရာကို သေချာကြည့်၊ တကယ်လို့ နားရွက်ကိုသာ လှန်မကြည့်ရင် ဒီနံပါတ်တွေကို ဘယ်လိုမှ မမြင်နိုင်ဘူး"
Zhan Zhao က ပြောပြီးသည်နှင့် လက်ကို လွှတ်လိုက်တော့ နားရွက်က သူ့နေရာသူ ပြန်ရောက်သွားတဲ့ အချိန် Bai Yutang ကို ကြည့်ခိုင်းလိုက်သည်။

ထူးခြားသည်မှာ  နံပါတ်များက နားရွက်နဲ့ အုပ်မိပြီး မည်သည့် ရှုထောင့် မှကြည့်ကြည့် မမြင်ရတော့ပေ။
"အဲဒီတော့ ဘာကိုဆိုလိုပါသလဲ ပညာရှင်ကြီးခင်ဗျား"
Bai Yutang က စိတ်ရှုပ်နေပုံနှင့် Zhan Zhao ကို နောက်တစ်ခါ ထပ်ကြည့်သည်။

Zhan Zhoa က လက်အိတ်ကို ချွတ်လိုက်၏။
" ဒီနံပါတ်ကို ရေးတဲ့သူက ဆေးပညာ ဗဟုသုတလဲရှိမယ် ပြီးပြည့်စုံတာကိုပဲ သဘောကျတဲ့သူလည်း ဖြစ်မယ်။ သေချာတာတစ်ခုကတော့ သူ့မှာ သေသေချာချာတိတိကျကျ လုပ်တတ်တဲ့ အကျင့်ရှိမယ်။ ပြီးတော့ အသေးစိတ် တစ်ခုချင်းစီကို အရမ်းအလေးထားတတ်ပြီးတော့ အလုပ်ကို အရမ်းကြိုးစားတတ်တဲ့သူ။ သတိလည်း အရမ်းရှိတဲ့သူ ဖြစ်ရမယ်"

"တရုတ်လိုပြောပါဆို"
Bai Yutang တစ်ယောက် မထိန်းနိုင်တော့။
" သေချာတယ် သူက တဏှာရူးတစ်ယောက်ပဲ"

End of part 4
( ကျွန်တော် Zhan Zhao စွပ်စွဲထားတဲ့ Bai Yutang ရဲ့ စိတ်ရောဂါတွေကို ပြောပြပါ့မယ်
Paranoid - ကိုယ့်ကို လူတွေလိုက်သတ်မှာ အရမ်းတွေးပူပြီးကြောက်နေတတ်တာမျိုးပါ။
Anti - socialကတော့ လူတွေနဲ့ အတူတူမနေပဲ သီးသန့်နေတာကို ပြောတာပါ။
Fringe Performanceကတော့ အဓိပ္ပါယ်အတိအကျ ရှာမရပါဘူး။ အန္တရယ်ရှိတယ် လို့ပဲသိရပါတယ်။
Narcissism - မိမိကိုယ်ကို အထင်ကြီးလွန်းခြင်း
Eccentric personality disorder - သာမန်မဟုတ်သော ၊ သူများနဲ့မတူသောလို့ အဓိပ္ပါယ်ရပါတယ်)

.............
End of Murder 04
Thank u all

Ga verder met lezen

Dit interesseert je vast

684K 100K 101
Title - Give Up (詬病) Author(s) - Chi Zongzha /池总渣 Status in COO - 96 Chapters + 9 (Extras+Special Chapters) Myanmar Translation - Complete This is...
5.4M 722K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
148K 16.5K 122
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
120K 13.6K 103
transition novel