မြေခွေးလေးရဲ့ ချစ်ခြင်း ဒဏ္ဍာ...

By Swae_Nyoe

48.2K 5K 86

Paid Groupဝင်ရန် m.me/swaefoxlove ရေးသူ စွဲ့ညို့ More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း 6
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part65
part66
part67
part68
part69
part70
part71
part72
part73
part74
part75
part 76
part77
part 78
part79
part80
part 81
part82
part83
part84
part85
part 86
part87
part88
part89
part90+91
part92
part93
part 94
part95
part96
part97
part98
part99
part100
Part 101
part 102
part103
part 104
part 105
part 106
Part 107
part108
Part 109
Part 110
part 111
part 112
part113
part114
Part 115
part 116
part 117
part 118
part 119
part 120
Part 121
part 122
part123
part124
part 125
Part 126
part 127
part128
part 129
part 130
part 131
part 132
part 133
part134
part 135
part 136
part 137
Part 138
part 139
Part 140
Part 141
part 142
part143
part 144
part 145
part146
part 147
part 148
💥💥Hello!! Promotion ရက်ထပ်တိုးကြေညာချက်
!!!တယ်လီဂရမ်ပေးဂရုလေး ကြေညာချက်
Part 149
Part 150
Part 151
ပရိုမိုးရှင်း
Part 153
Part 154
Part 155
Part 156
Part 157
Part 158
Part 159
Part 160
Part 161
Part 162
Part 163
Part 164
☘️သင်္ကြန်ပရိုမိုးရှင်း
Part 165
Part 166
Part 167
Part 168
Part 169
🌤️May Breeze Promotion နောက်ဆုံးရက်🌤️
Part 170
Part 171
Part 172
Part 173
Telegram ကို လာခဲ့နော်
🌅Summer Mood Promotion🌅
Part 174
Part 175
🌧️ချစ်ခြင်းမေတ္တာများနှင့် မိုးရာသီပရိုမိုးရှင်း🌧️

Part 152

115 10 0
By Swae_Nyoe

အခန်း-၁၅၂

အဘွားတော်က ဆက်လက်၍ ပြောသည်။

"လွန်ခဲ့တဲ့ နှစ်သန်းနဲ့ချီတုန်းက ကောင်းကင်မင်းကြီး ကျန်းဝူမင် လက်ထက်မှာ ကောင်းကင်နန်းတော်ရဲ့ အင်အားတစ်စုက ချီလုံတွေနဲ့ ပတ်သတ်ပြီးတော့ ပြင်းထန်တဲ့ အငြိုးအတေးထားမှုတွေ ရှိခဲ့တယ်။ အဲဒီတုန်းက အဲဒီအင်အားစုကို ကြိုးကိုင်တာက ကောင်းကင်ပိုးကြိုးနီနက္ခနဲ့ မွေးဖွားလာတဲ့ ကောင်းကင်ဧကရီဖြစ်တယ်"

ကောင်းကင်ဧကရီက ထိုင်နေရာမှ ထရပ်လိုက်ပြီးနောက် သွေးပုလင်းငယ်ကို လက်ထဲတွင် မြှုပ်မတတ် ဆုပ်ကိုင်ထားလိုက်သည်။

"အဲဒီတုန်းက ကောင်းကင်ဧကရီရဲ့ အင်အားစုနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ချီလုံတွေက အမျိုးပြုတ်လုနီးပါး အားလုံး အသတ်ခံခဲ့ရတယ်။ နောက်ဆုံးမှာ သူတို့က မြေအောက်ကမ္ဘာကို သွားတဲ့ လမ်းခရီးမှာ ရှိတဲ့ မိစ္ဆာနယ်မြေထဲကို ပြေးဝင်ခဲ့ရတယ်"

"မိစ္ဆာနယ်မြေထဲမှာ သတ်မှတ်ချက် မျိုးနွယ်ငါးခု ရှိပြီးတော့ မြို့တော်ခြောက်ခု ရှိတယ်။ ဒါပေမဲ့ မြေအောက်ကမ္ဘာနဲ့ ကောင်းကင်က မသေမျိုးတွေမှာ ခြားနားတဲ့ စည်းမျဉ်းတွေ ရှိတယ်။ ဒါကြောင့် မိစ္ဆာနယ်မြေထဲကို ပြေးဝင်သွားတဲ့ မျိုးနွယ်မှန်သမျှကို ကောင်းကင်ကနေ နယ်နိမိတ်စည်းကနေ အပြင်ကို ထွက်ခွင့် မပြုတော့ဘူး"

ဟူအာ နားမလည်နိုင် ဖြစ်မိသည်။

"ဟူအာ နားမလည်နိုင်ပါဘူး အဘွားတော် ဒီသွေးက ဟူအာအတွက် အရေးကြီးပါတယ်။ ပြီးတော့ ဒါက ဟူအာ လိုက်ရှာနေတဲ့သူရဲ့ သွေးပါ ဟူအာ ပြန်ယူသွားပါရစေ"

ကောင်းကင်ဧကရီ၏ လက်များက သွေးပုလင်းကို ဆုပ်ကိုင်ထားရာတွင် ပို၍ တင်းကျပ်သွား၏။

"ဒီသွေးက မင်းအတွက် အရေးကြီးမယ်ဆိုတာ ငါ တွေးဆမိပြီးသားပါ။ ဒါပေမဲ့ မင်းသိလား။ သူက အပြစ်သားဖြစ်နိုင်တယ်"

"အပြစ်သား.."

ဟူအာ လက်မခံချင်သလို ဖြစ်မိသည်။ ညောင်အာက ကောင်းကင်တွင် နေထိုင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် သူမက နတ်စွမ်းအားသီးသန့်ကိုသာ အသုံးချခဲ့သူလည်း ဖြစ်သေး၏။ သူမက ကောင်းကင်မှ အပြစ်သားဆိုပါက ယခင်ကတည်းက အဘယ်ကြောင့် မဖမ်းဆီးသနည်း။

"သူမရဲ့ နတ်စွမ်းအားက သန့်စင်ပါတယ်"

ဟူအာ အလိုလို အယူခံဝင်လိုက်မိသည်။

ကောင်းကင်ဧကရီက ခေါင်းညိတ်သည်။

"သူမကသာ မြေအောက်ကမ္ဘာကနေ အပေါ်ကို ခိုးဝင်လာခဲ့တယ်ဆိုရင် ဒါက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။ သေချာပေါက် ကောင်းကင်ရဲ့အမြင်ကနေ အကြာကြီး ကွယ်မနေနိုင်ဘူး။ နှစ်တစ်သိန်းအတွင်းမှာ သူမရဲ့ ပုံစံအမှန်က ပေါ်လာလိမ့်မယ်။ အကောင်းဆုံးကတော့ မင်း သူမနဲ့ မပတ်သတ်တာပဲ"

"ကောင်းကင်ကနေ မိစ္ဆာတွေကို ရှင်သန်ဖို့ ခွင့်မပြုထားတာမျိုး မရှိဘူး မဟုတ်လား။ အဘွားတော်က ဘာလို့.."

ကျွန်တော့်ကို ဖိအားလာပေးနေတာလဲ ဆိုသည့် စကားကို ဟူအာ ဆက်မပြောနိုင်ပေ။ သူက အငယ်သားသာ ဖြစ်ပြီး ကောင်းကင်ဧကရီ၏ အဆင့်အတန်းက သူနှင့် အငြင်းပွားလို့ ရသည့် အဆင့်အတန်းမျိုး မဟုတ်ချေ။

"ကောင်းကင်ကနေ မိစ္ဆာတွေရဲ့ ရှင်သန်မှုကို မကန့်သတ်ထားဘူး။ ဒါပေမဲ့ သူတို့က မြေအောက်ကမ္ဘာနဲ့ ပတ်သတ်မှု မရှိရဘူး"

"ဘာလို့လဲ"

"မြေအောက်ကမ္ဘာမှာ တစ်လောကလုံးကို လောင်ကျွမ်းပစ်နိုင်တဲ့ အကြွင်းမဲ့နတ်မီးလျှံတွေ ရှိတယ်။ လက်ရှိမှာ အဲဒီမီးလျှံတွေကို ဘယ်သူက ထိန်းနိုင်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ပြီးတော့ မြေအောက်ကမ္ဘာရဲ့ အရှင်သခင်က ကောင်းကင်ကို တည်ခဲ့တဲ့နတ်မင်းတစ်ပါးပဲ။ သူက ကောင်းကင်ကို ထိခိုက်ဖို့ ဘယ်တုန်းကမှ ခွင့်မပြုခဲ့ဖူးဘူး။ ဒါကြောင့် မြေအောက်ကမ္ဘာကနေ ထွက်လာတယ် ဆိုတာက ခိုးထွက်လာတာပဲ။ ဖြစ်နိုင်တာက အရာအားလုံးက မင်းထင်သလို မရိုးရှင်းဘူး"

"သူမက ဘယ်တုန်းကမှ မြေအောက်ကမ္ဘာကို မသွားခဲ့တာလည်း ဖြစ်နိုင်တာပဲလေ"

ဟူအာ ပြောလိုက်တော့ ကောင်းကင်ဧကရီက ခေါင်းညိတ်သည်။ ပြီးနောက် သွေးပုလင်းငယ်ကို လေပေါ်သို့ မြောက်တင်လိုက်၏။

ဟူအာ ထိုသွေးပုလင်းလေးကို ဖမ်းဆုပ်ရန် ပြင်လိုက်သော်လည်း ကောင်းကင်ဧကရီ၏ လက်အတွင်းမှ အနန္တမီးလျှံက ထွက်ပေါ်လာပြီး၊ ထိုသွေးပုလင်းလေးက လောင်ကျွမ်းသွားကာ အမှုန်အစအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"ဒီလို ပစ္စည်းမျိုးကို မင်းဆီမှာ မရှိထားသင့်ဘူး"

ဟူအာ၏ လက်က လေထဲတွင် ကျန်ရစ်နေခဲ့ပြီးနောက် အမှုန်အစတစ်စကိုများ ရနိုင်လေမလားဟူသည့် မျှော်လင့်ချက်တို့ဖြင့် ထိုအမှုန်အစများကို ကယောင်ကတမ်း ဖမ်းဆုပ်နိုင်ရန် ကြိုးစားလိုက်မိသည်။ သို့သော် ထိုအမှုန်အစများက နတ်မီး၏ လောင်ကျွမ်းပြီးနောက် ကျန်ရစ်လာသည့် ပြာများ ဖြစ်လေရာ တစ်ခဏအတွင်း ကွယ်ပျောက်သွားကုန်လေသည်။

ဟူအာ လက်ကို ဖြန့်လိုက်သည်တွင် လက်အတွင်း မည်သည့်အရာကိုမျှ ဖှေးတင်မနေပါလေ။ ဟူအာ လက်သီးကို အသာအယာ ဆုပ်လိုက်ပြီးနောက် အရိုအသေပေး ဂါရဝပြုလိုက်ရုံသာ တတ်နိုင်သည်။

"ဟူအာကို ခွင့်ပြုပါအုံး"

ကောင်းကင်ဧကရီက ဟူအာရှိရာသို့ ခြေတစ်လှမ်းမျှ လှမ်းလာပြီးနောက် ရပ်တန့်သွားကာ စိုးရိမ်သော လေသံဖြင့် သတိပေးစကားဆိုသည်။

"အဘွားတော် ပြောတာကို နားထောင် အဲဒီတစ်ယောက်က မင်းကို ကောင်းတာတွေ ဖြစ်လာစေမှာ မဟုတ်ဘူး"

"သက်သေရှိလား.."

ဟူအာ ပြန်မေးလိုက်တော့ ကောင်းကင်ဧကရီက ဟူအာကို မျက်မှောင်ကြုတ်လျက် ကြည့်လာသည်။

"တစ်ဖက်သတ် စွပ်စွဲချက်တွေပဲ မဟုတ်လား။ တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့ ဘယ်လိုလုပ်ပြီးတော့ ကျွန်တော့်ရဲ့ပစ္စည်းကို ဒီလိုမျိုး ဖျက်ဆီးနိုင်ရတာလဲ"

ကောင်းကင်ဧကရီက ခေါင်းခါယမ်းပြီး ပြောလာသည်။

"အဘွားတော်က မင်းကို ကောင်းစေချင်လို့ပါ။ မင်းရဲ့အဆင့်အတန်းက နတ်မင်းသားတစ်ပါးဆိုတာထက်ကို ပိုပြီးတော့ မြင့်မြတ်တယ်။ တခြားသူတွေက မင်းရဲ့ ရိုးရှင်းတဲ့အတွေးတွေကို သေချာပေါက် အသုံးပြုကြလိမ့်မယ်။ သူတို့က မင်းကို အသုံးပြုဖို့ ပြင်ဆင်ထားပြီးသား ဖြစ်နေလောက်တယ်"

ဟူအာ ဂါရဝပြုထားသည်ကို ဖြေလျော့လိုက်ပြီးနောက် နန်းဆောင်မှ ထွက်သွားရန်သာ ပြင်လိုက်မိသည်။

"အိမ်ရှေ့မင်းသားရဲ့သား၊ ကျိုးရင်းနတ်ဘုရားမရဲ့သား၊ ပြီးတော့ ကောင်းကင်မင်းကြီးရဲ့တော်ဝင်မြစ်တော်၊ အဲဒါတွေကို ကျွန်တော် ရွေးချယ်ခွင့် ရှိလို့လား။ ကျွန်တော် မလိုချင်ဘူးလို့ ပြောလိုက်တာနဲ့ ဒါတွေကို ကျွန်တော်က ငြင်းဆန်နိုင်မှာတဲ့လား။ ကျွန်တော် ရွေးချယ်ခွင့်ရှိတဲ့ အရာသေးသေးလေးတွေကိုတောင်မှ ကျွန်တော်က ရွေးချယ်ဖို့ မတတ်နိုင်ဘူးလား။ အဲဒါဆိုရင် ဘာလို့ မင်းတို့ ကောင်းကင်ကနတ်တွေက ကလေးတွေ မွေးနေကြသေးလဲ။ မင်းတို့က နတ်စွမ်းအားတွေ ကြီးနေကြတာပဲ။ ရေခဲရုပ်ထုတွေ ဒါမှမဟုတ် သစ်သားရုပ်ထုတွေကို ဖန်ဆင်းပြီးတော့ပဲ အသက်သွင်းလိုက်ကြပါတော့လား"

"ဒီကလေး.."

ဟူအာ နန်းဆောင်အပြင်ကို ထွက်လိုက်သည်တွင် ခမည်းတော်က နန်းဆောင်အပြင်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဟူအာ မနှုတ်ဆက်ချင်တော့သည်ဖြစ်ရာ အနားတွင် မမြင်သလိုသာ ဖြတ်သွားလိုက်တော့၏။

ဟူအာ ခမည်းတော်နှင့် အနီးဆုံးသို့ ရောက်လာသည်တွင် ခမည်းတော်က သူ့ကို ပြောလာသည်။

"တောင်းပန်ပါတယ်။ မင်းကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘဲ ပျောက်ဆုံးသွားခဲ့မိတယ်။ မင်းကို ပြန်တွေ့လာပြီးတော့လည်း မင်း တန်ဖိုးထားတာတွေကို ကူညီပေးမဲ့အစား မင်း မနှစ်သက်တာတွေကိုပဲ ဆက်တိုက် လုပ်ခိုင်းနေမိတယ်။ မင်းကပဲ သဘောထားကြီးကြီးနဲ့ ခွင့်လွတ်ပေးပါ"

ဟူအာ ပြောနေသည့် စကားများကို နားမထောင်လိုတော့ဘဲ မိုးကြိုးနီနန်းဆောင်သို့ ပြန်လာခဲ့လိုက်တော့သည်။

"အရှင့်သား ဘာဖြစ်ခဲ့တာလဲ။ တကယ်လို့ ကျွန်မ ကူညီနိုင်တာများ ရှိရင်.."

"အရှင့်သား.."

"ဝုန်း.."

ဟူအာ မိုးကြိုးနီနန်းဆောင်၏ ပင်မခန်းမဆောင်အတွင်းသို့ ဝင်ပြီးသည်နှင့် ခန်းမဆောင်၏ တံခါးကို ပိတ်ချလိုက်သည်။ ဟူအာ၏ စိတ်အတွေးအတွင်း ညောင်အာ၏ အကြောင်းတရားများသာ ပြည့်နှက်နေခဲ့သည်။

ညောင်အာက ဘယ်လို ဖြစ်ပြီးတော့ မြေအောက်ကမ္ဘာကနေ ဖောက်ထွက်လာနိုင်မှာတဲ့လဲ။ ညောင်အာက နတ်စွမ်းအားမြင့်သည်ဟု ဆိုနိုင်သော်လည်း မြေအောက်ကမ္ဘာမှ ဖောက်ထွက်လာနိုင်လောက်သည်အထိတော့ မမြင့်မားပေ။

မြေအောက်ကမ္ဘာမှ ဖောက်ထွက်လာခြင်းသည် မြေအောက်ကမ္ဘာမှ စည်းမျဉ်းကိုရော ကောင်းကင်မှ စည်းမျဉ်းကိုပါ ဖောက်ဖျက်ခြင်း ဖြစ်လေရာ ကောင်းကင်မှ မန္တန်ကိုရော မြေအောက်မှ ချမှတ်ထားသော မန္တန်ကိုပါ လွန်ဆန်ရမည် ဖြစ်သည်။ ထို့သို့သော နတ်က စွမ်းအားကြီးမားမှ ဖြစ်မည်မှာ အသေအချာပင် ဖြစ်၏။

ဟူအာက ညောင်အာနှင့် နှစ်အနည်းငယ်သာ နေထိုင်ခဲ့ဖူးသော်လည်း သူမက ထိုမျှလောက် နတ်စွမ်းအားမမြင့်မားပေ။ ထို့အပြင် ညောင်အာက ဆစ်ကျီနတ်မင်း၏ နန်းဆောင်တွင် နေထိုင်ခဲ့ခြင်း ဖြစ်ပြီး သူမသာ မနေထိုင်သင့်သည့်နတ်တစ်ပါး မှန်ပါက ဆစ်ကျီနတ်မင်းက ဂရုမထားဘဲ ရှိမည် မဟုတ်ပေ။

မည်သည့်အရာက ဘယ်နားကနေ စတင်၍ မှားယွင်းနေမှန်း ဟူအာ နားမလည်နိုင်တော့ပေ။ မည်သည့်နေရာကနေ အစကောက်၍ စုံစမ်းရမည်ကိုလည်း ဟူအာ မသိနိုင်တော့ပေ။

ဟူအာ အမှတ်ရလိုက်မိသည်က အိမ်ရှေ့မင်းသားမှ သူ့ကို နှစ်သိမ့်ပေးခဲ့သော စကားများကိုသာ ဖြစ်လေသည်။ အိမ်ရှေ့မင်းသားထံတွင် အဖြေတစ်ခုခု ရှိလောက်မည် ဖြစ်၏။

@@@@@

Telegram မှာ အပိုင်း ၂၃၀အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

299K 23.1K 55
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
3.4K 130 8
Fan girl နံ့ Idol အချစ်ဇာတ်လမ်းလေးပါ မတော်တဆမှုတစ်ခုကြောင့် Idolမျက်စိကွယ်သွားချိန် သွားရောက်ပြုစုပေးရာမှ Idol၏အချစ်ကိုပါရရှိခဲ့သူ Fan girl ကောင်မလေး...
3.6M 285K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
246K 27.7K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...