အမြောက်စာခံအတုအယောင်သခင်လေးကပ...

By Xiao_Dream

1.8M 305K 23.6K

Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
⚠️ Attention Pls ⚠️
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
!!Notice!!
Chapter - 19
Chapter - 20
!! Notice !!
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24 (Part-1)
Chapter - 24 (Part-2)
Chapter-24 (Part-3)
Chapter - 25.1
Chapter - 25.2
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30.1
Chapter - 30.2
Chapter - 31
Chapter - 31.2
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35.1
Chapter - 35.2
Chapter - 36
Chapter - 37
Chapter - 38.1
Chapter - 38.2
Chapter - 39
Chapter - 40.1
Chapter - 40.2
Chapter - 41.1
Chapter - 41.2
Chapter - 42.1
Chapter - 42.2
Chapter - 43.1
Chapter - 43.2
Chapter - 44.1
Chapter - 44.2
Chapter - 45.1
Chapter - 45.2
Chapter - 46.1
Chapter - 46.2
Chapter - 47.1
Chapter - 47.2
Chapter - 48.1
Chapter - 48.2
Chapter - 49.1
Chapter - 49.2
Notice
Chapter - 50
Chapter - 51
Chapter - 52.1
Chapter - 52.2
Chapter - 53.1
Chapter - 53.2
Chapter - 54.1
Chapter - 54.2
Chapter - 55.1
Chapter - 55.2
Chapter - 56.1
Chapter - 56.2
Chapter - 56.3
Chapter - 57.1
Chapter - 57.2
Chapter - 58.1
Chapter - 58.2
Chapter - 59
Chapter - 60
Chapter - 61.1
Chapter - 61.2
Chapter - 62
Chapter - 63.1
Chapter - 63.2
Chapter - 64.1
Chapter - 64.2
Chapter - 65.1
Chapter - 65.2
Chapter - 66
Chapter - 67.1
Chapter - 67.2
Chapter - 67.3
Chapter - 68.1
Chapter - 68.1
Chapter - 69
Chapter - 70.1
Chapter - 70.2
Chapter- 71.1
Chapter- 71.2
Chapter - 72
Chapter - 73.1
Chapter - 73.2
Chapter - 74
Chapter - 75
Chapter - 76.1
Chapter - 76.2
Chapter - 77.1
Chapter - 77.2
Chapter - 78.1
Chapter - 78.2
Chapter - 79
Chapter - 80.1
Chapter - 80.2
Chapter - 81
Chapter - 82
Chapter - 83.1
Chapter - 83.2
Announcement
Chapter - 84
Chapter - 85.1
Chapter - 85.2
Chapter - 86
Chapter - 87.1
Chapter - 87.2
Chapter - 88
Chapter - 89.1
Chapter - 89.2
Chapter - 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter - 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter - 100
Chapter - 101
Chapter - 102
Chapter - 103
Chapter - 104
Chapter - 106
Chapter - 107
Chapter - 108 (Final)
Extra 1
Extra 2
Extra 3

Chapter - 105

7.7K 1.2K 40
By Xiao_Dream

Unicode

ဒီလင်မယား အရမ်းလိုက်ဖက်တာပဲ
___________________________________
အားလုံးရဲ့ အာရုံစိုက်မှုတွေက ဖုကျင်းရှောင်းရဲ့ ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကြောင့် အဆွဲဆောင်ခံလိုက်ရတယ်။

သုံးစက္ကန့်အတွင်းဖြေရမှာဖြစ်တယ်။

ရှန်ရှင်းဆွေ့ရဲ့ မျက်နှာလေးက အနီရောင်သန်းလျက် ရှိနေလေတယ်။ သူအနည်းငယ်ရှက်ရွံ့စွာနဲ့ ပြုံးနေမိတယ်။ အစကတော့ ပြောရမှာရှက်နေပေမဲ့ timerရဲ့ မရပ်မနား ဆက်လက်သွားနေခြင်းက သူ့ကိုအသံတိတ် လောဆော်နေသလို ဖြစ်နေခဲ့တယ်။ နောက်ဆုံး တစ်စက္ကန့်မှာ သူဖွဖွရယ်လိုက်ပြီး အသံတိုးနဲ့ပြောလိုက်တယ် "ကျွန်တော်?"

Timerပြီးသွားချိန်နဲ့ ကွက်တိပဲ။

ဝန်ထမ်းလေးက ကြေငြာလာတယ် "လောင်ရှီးတို့နှစ်ယောက်ရဲ့ နောက်ဆုံးရမှတ်က မေးခွန်း၁၂ခု မှန်ခဲ့ပါတယ်၊ လက်ရှိမှာ အကောင်းဆုံးရမှတ်ပါ!"

ဖုကျင်းရှောင်း စင်ပေါ်ကနေ မတ်တပ်ရပ်လိုက်ပြီး ဖြည်းဖြည်းချင်းဆင်းလာလိုက်တယ်။ အမျိုးသားရဲ့ခြေလှမ်းတွေက မနှေးမမြန်ရှိလေတယ်။ ရှန်ရှင်းဆွေ့ရဲ့ရှေ့သွားပြီး သူ့ကိုကူပြီး ထူပေးလိုက်တယ်။ သူပြုံးကာပြောလာတယ် "အရမ်းကောင်းတယ်၊ ဖြေတာတွေအားလုံးမှန်တယ်"

နောက်ဆုံးမေးခွန်းကို ရှန်ရှင်းဆွေ့စဥ်းစားမိတော့ ရှက်နေမိတုန်းပဲ။ တခြားသူတွေရဲ့ အမူအရာတွေကိုတောင် သူတွေးမိနိုင်နေသလိုပဲ။ အဲ့တာကြောင့် အနည်းငယ် အပြစ်တင်စွာနဲ့ ဖုကျင်းရှောင်းရဲ့ လက်မောင်းကို ထုလိုက်တယ် "ဘယ်လိုလုပ်ပြီး ဒီလိုမေးခွန်းမျိုး မေးတာလဲ၊ သူများတွေကြည့်ကုန်ကြပြီ"

"မမေးနိုင်စရာ ဘာအကြောင်းရှိလို့လဲ?" ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်တယ် "လူသိမခံနိုင်တာ ဘာမှလည်းမရှိဘူးလေ"

ရှန်ရှင်းဆွေ့ ဆို့နင့်သွားတော့တယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ချိုမြိန်မှုလည်း ပျံ့နှံ့လာတာကို သူ့စိတ်ထဲကနေ ခံစားလိုက်မိတယ်။

သူတို့က တရားဝင်ပြောပြီးသား။ ပေါ်ပေါ်တင်တင်ပဲ။ ဘာမှတိုးတိုးတိတ်တိတ် နေစရာမလိုတော့ဘူး။ ဒီလိုခံစားချက်မျိုးက အံ့သြဖွယ်ဖြစ်သလို ပျော်လည်းပျော်ရွှင်ရတယ်။

တခြားအဖွဲ့ကသူတွေလည်း မစ်ရှင်တွေ အောင်မြင်ခဲ့ကြတယ်။ ဒီအထဲမှာ ဖုကျင်းရှောင်းနဲ့ ရှန်ရှင်းဆွေ့က အမှတ်အများဆုံးရခဲ့လေတယ်။ အဲ့တာကြောင့် ဆုတွေနဲ့အကျိုးခံစားခွင့်တွေကို သူတို့ရခဲ့ကြတယ်။ ဒါရိုက်တာကပြောလာတယ် "ဒီကျွန်းလေးပေါ်ကို ကျွန်တော်တို့ရောက်လာပြီဆိုမှတော့ ဒီကျွန်းပေါ်ကလူမျိုးစုတွေရဲ့ အလှအပ၊ ရိုးရာတွေကို သေချာတွေ့ကြုံခံစားကြရမယ်လေ၊ ဒီဂိမ်းမှာရရှိခဲ့တဲ့ အမှတ်စုစုပေါင်းအရ အားလုံးကို စီးပွားရေးစတင်ဖို့အတွက် အရင်းအနှီးထုတ်ပေးသွားမှာပါ"

ရှန်ရှင်းချန် ပြောလာတယ် "စီးပွားရေးလုပ်ရမှာလား?"

ဒါရိုက်တာ ခေါင်းညိတ်ကာပြောလာတယ် "ဟုတ်ပါတယ်၊ ဒီတစ်ခေါက်က အရင်တစ်ခါတွေက အလုပ်ရှာရတာတွေ ဘာတွေနဲ့ မတူပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အခုရှိနေတဲ့ ဒီတံငါရွာလေးက အရင်တုန်းက ချောင်ကျပြီး ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ဘူးလို့ ပြောလို့ရတယ်၊ ဒီနေရာကရွာသားတွေက ကြိုးစားမှုနဲ့ချမ်းသာလာခဲ့ကြတာ၊ သူတို့ကလည်း စီးပွားရေးလုပ်ခဲ့ကြတာပဲ၊ အဲ့တာကြောင့် ကျွန်တော်တို့ ဒီတစ်ခေါက်လာတဲ့အခါမှာ ရွာသားတွေရဲ့ ပင်ပန်းမှုနဲ့ရိုးရှင်းမှုကို တွေ့ကြုံခံစားကြည့်ကြမယ်၊ လှပတဲ့ဘဝရဲ့ခြေလှမ်းတွေနောက်လိုက်ကြမယ်"

ဧည့်သည်တွေရဲ့ အာရုံစိုက်မှုက တကယ်တော့ ပိုပြီးလေးနက်လေတယ်။

"ပိုက်ဆံကိုဘယ်လိုခွဲပေးမှာလဲ?"

"ငါတို့အဖွဲ့က မေးခွန်း၅ခုပဲမှန်တယ်"

"ဒါရိုက်တာကြီး အရမ်းမရက်စက်နဲ့နော်"

ဒါရိုက်တာက ပြုံးကာ ပြောလာတယ် "မေးခွန်းတစ်ခုကို ၅၀ယွမ်ပါ။ အားလုံး ကိုယ့်ပါသာကိုယ် တွက်ကြည့်ကြပါတော့"

ဒီလိုမျိုး စုပြီးတွက်ကြည့်လိုက်ရင် ဒီထဲကအမှတ်အနည်းဆုံးက ထူရာနဲ့လီလောင်ရှီးဖြစ်ပြီးတော့ စုစုပေါင်းမေးခွန်း၅ခုမှန်ခဲ့တယ်၊ ၂၅၀ယွမ်ပေါ့။ အမှတ်အများဆုံးအဖွဲ့က ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းတို့အဖွဲ့ဖြစ်ပြီး စုစုပေါင်း ၆၅၀ယွမ်ရလေတယ်။

ထူရာပြုံးကာ ပြောလာတယ် "ဒါရိုက်တာ ကျွန်မတို့သူငယ်ချင်းဆက်ဆံရေးထောက်ထားပြီး ၅၀လောက်ပိုပေးပါလား၊ ကျွန်မတို့တကယ် ၂၅၀မဖြစ်ချင်ဘူး"

ဒါရိုက်တာကလည်း စကားဆက်လာကာ မြန်မြန်ပြောလာတယ် "မင်းတို့ကြိုးစားပြီး ချမ်းသာလာရင် နောက်ပိုင်းမှာ ပိုက်ဆံဝင်မှာက ၂၅၀တင်မဟုတ်တော့ဘူး၊ ကိုယ့်လုပ်အားကိုယ်အားကိုးပြီး ကံကြမ္မာကိုပြောင်းလဲလိုက်ပါ"

ရိုက်ကူးရေးအဖွဲ့က ရက်စက်တယ်လို့ ထူရာအော်ဟစ်တော့တယ်။

တံငါရွာလေးကို ရောက်တဲ့အချိန်မှာ အရမ်းညဥ့်နက်နေလေပြီ။ အားလုံးရွာလေးကိုရောက်တော့မှ အတူတူထမင်းစားကြတယ်။ ရှန်ရှင်းဆွေ့နဲ့ ဖုကျင်းရှောင်းက အဖွဲ့ငယ်လေးတွေထဲမှာ နံပါတ်တစ်နေရာကို ရရှိထားတာကြောင့် ဇိမ်ခံပင်လယ်စာတွေနဲ့ ညစာကိုရွေးချယ်ဖို့ အခွင့်အရေးရှိလေတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်က အတော်လေး ရက်ရောကြတယ်။ တစ်စားပွဲလုံးအပြည့် စားစရာတွေကို သူတို့နှစ်ယောက်တည်းလည်း စားလို့မကုန်ဘူးလေ။ အဲ့တာကြောင့် အလွန်အမင်းရက်ရောစွာနဲ့ တခြားသူတွေကိုလည်း ဝင်ထိုင်ခိုင်းပြီး စားသောက်ခိုင်းလိုက်တယ်။ ပင်လယ်နားနီးတဲ့ တံငါရွာလေးလို့ မပြောရဘူး၊ ရွာသားတွေပြင်ဆင်ထားတဲ့ ပင်လယ်စာအစားအသောက်တွေက အလွန်ပြည့်စုံလှတယ်။ အထူးသဖြင့် ဂဏန်းကြီးက ကြီးမားသလို အဆီအနှစ်ပြည့်ဝနေတယ်။ ကျောက်ပုဇွန်တွေကလည်း ကြည့်ရတာ အလွန်နူးညံ့နေပြီး အရသာရှိမဲ့ပုံပေါ်နေလေတယ်။

ရှန်ရှင်းချန် ကမာကို အချဥ်နဲ့တို့စားရင်း ပြောလာတယ် "ငါကမာစားရတာ အရမ်းကြိုက်တာပဲ၊ မနက်ဖြန်ကျရင် ငါတို့ပင်လယ်စာစျေးကိုသွားပြီးတော့ ကမာဝယ်စားကြရအောင်"

ရှန်ရှင်းဆွေ့ရယ်ကာ သူ့အတွက်နည်းနည်းထပ်ယူပေးလိုက်တယ် "များများစား"

ဖုကျင်းရှောင်းက ဘေးမှာ ပုဇွန်နဲ့ဂဏန်းတွေကို အခွံခွာပေးနေတယ်။ သူသေသေချာချာ စိတ်ရှည်လက်ရှည်နဲ့ အခွံခွာပြီးတဲ့နောက်မှာ ရှန်ရှင်းဆွေ့ပန်းကန်ထဲကို ထည့်ပေးလိုက်တယ်။ အရင်တုန်းက ရုပ်ရှင်ဧကရာဇ်ဖုက ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာနေခဲ့ရပြီး ဒီသခင်လေးက တခြားသူကိုပြုစုပေးတဲ့အလုပ်ကို ဘယ်လိုလုပ်ပြီး လုပ်ခဲ့ဖူးလိမ့်မလဲ။ ဒါပေမဲ့ အခုတော့ အမြဲတမ်းသန့်ရှင်းနေတဲ့ ရှည်လျားတဲ့လက်ချောင်းတွေမှာ ဆီတွေစွန်းထင်နေလေတယ်။ ဒါပေမဲ့ သူကတော့ နည်းနည်းလေးတောင် ဂရုစိုက်ပုံမပေါ်ဘဲ ရှန်ရှင်းဆွေ့ကိုပြောလိုက်တယ် "များများစား"

ရှန်ရှင်းဆွေ့ အလျင်အမြန်ပြောလိုက်တယ် "ကောအလုပ်များအောင်လုပ်မနေနဲ့တော့ ကျွန်တော့်ပါသာလုပ်လိုက်မယ်"

"မင်းကို စားဆိုရင် စားလိုက်ပေါ့" ဖုကျင်းရှောင်း လက်ထဲကပင်လယ်စာတွေကို အာရုံစိုက်လိုက်တယ်။ သူ့ကိုယ်ပေါ်မှာ အမြဲတမ်း ပေါ့ပေါ့ပါးပါး အငွေ့အသက်မျိုး ရှိနေလေတယ်။ အခုအချိန်မှာလည်း ပုဇွန်ခွာပေးနေတာတောင်မှ တင့်တယ်တဲ့ကိစ္စတစ်ခုကို လုပ်နေတဲ့ခံစားချက်မျိုး ပေးစွမ်းနေသေးတယ် "မင်းရဲ့လက်တွေက နောက်ကျရင် စန္ဒယားတီးရဦးမှာ၊ ဒီလိုအခွံတွေကိုမထိနဲ့"

ရှန်ရှင်းဆွေ့ကြောင်သွားရတယ်။ ဦးဆုံးကတော့ ဖုကျင်းရှောင်းရဲ့ အသေးစိတ်ကျမှုကြောင့် ခံစားသွားရတာဖြစ်တယ်။ နောက်ထပ်ကတော့ ထိန်းချုပ်ဖို့ခက်တဲ့ ဝမ်းနည်းမှုဖြစ်တယ်။ ဖုကျင်းရှောင်း ဘာလို့ဂရုမစိုက်တော့တာလဲဆိုတာကို သူသိတယ်။ ဘာလို့လဲဆိုတော့ သူနောက်ကျ အနုပညာလောကထဲကထွက်ရင် ပရိသတ်တွေနဲ့ဖန်တွေကို ထပ်ပြီးစန္ဒယားတီးမပြနိုင်တော့ဘူး။ ဒါက ဖုကျင်းရှောင်းအတွက်ပြောရရင် ဘာမှမဟုတ်ဘူးဆိုပေမဲ့ ရှန်ရှင်းဆွေ့အတွက်ကတော့ အရမ်းရင်နာရတယ်။

အဲ့တာကြောင့် ရှန်ရှင်းဆွေ့ ပြောလိုက်တယ် "ကောရဲ့လက်တွေကလည်း စန္ဒယားတီးတဲ့လက်ပဲဟာ၊ ပြီးတော့ ကျွန်တော်တီးတာထက်တောင် အများကြီးပိုကောင်းသေးတယ်"

အခွံခွာပြီးတဲ့ပုဇွန်တွေကို ဖုကျင်းရှောင်း သူ့ပန်းကန်ထဲထည့်ပေးလိုက်တယ်။ သူပြုံးလိုက်လေတယ် "ဒါဆို နောင်တစ်ချိန် ကိုယ်ကောင်းကောင်းမတီးနိုင်တော့ရင် ရှန်လောင်ရှီးက ကိုယ့်ကိုငြိုငြင်မှာလား?"

ရှန်ရှင်းဆွေ့ ပြတ်သားစွာ ချက်ချင်းခေါင်းခါလိုက်တယ် "မငြိုငြင်ပါဘူး"

"ဒါဆိုရင်ရပါပြီ" ဖုကျင်းရှောင်း ဂဏန်းကို ဖြည်းဖြည်းယူလိုက်တယ်။ မျက်နှာပေါ်မှာက အပြုံးဖွဖွရှိနေလေတယ် "နောက်ဆိုရင် ရှန်လောင်ရှီးကို တောင်းဆိုရတော့မှာပဲ၊ ကိုယ့်ရဲ့ တစ်ဦးတည်းသော နားထောင်သူ လုပ်ပေးလေ?"

ကိုယ့်ရဲ့ တစ်ဦးတည်းသော နားထောင်သူ လုပ်ပေး...

ရှန်ရှင်းဆွေ့ရဲ့ မျက်တောင်တွေ လှုပ်ခတ်သွားရတယ်။ ငြိမ်သက်နေတဲ့ နှလုံးသားရေပြင်ပေါ် ရေစက်တစ်စက်ကျသွားသလိုမျိုး လှိုင်းတွေထလာရတယ်။ တစ်ချိန်တုန်းက သူက ဖုကျင်းရှောင်းရဲ့ ပရိသတ်တွေမြောက်မြားစွာထဲမှာ မထင်သာမမြင်သာလူတစ်ယောက်ပဲ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့တစ်ဦးတည်းသော ပရိသတ် ဖြစ်နေခဲ့ပြီ။ လှပတဲ့သံစဥ်တွေရှိနေပြီး၊ သူတစ်ယောက်တည်းအတွက် တီးခတ်ပေးနေမှာ။

ရှန်ရှင်းဆွေ့ နှလုံးသားထဲမှာ ဆူပွက်နေလေတယ်။ မျက်နှာပေါ်မှာလည်း နူးညံ့တဲ့အပြုံးလေးရှိနေကာ ဖွဖွပြောလိုက်တယ် "ဝမ်းသာမိပါတယ်"

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက နွေးထွေးပြီး ငြိမ်းငြိမ်းချမ်းချမ်း ရှိလှတယ်။ live roomထဲက ပရိသတ်တွေကတော့ မငြိမ်သက်နိုင်လေဘူး။ အလွန်အမင်း စိတ်လှုပ်ရှားနေလေတယ် :

"အားအားအားအား......"

"ဆရာတပည့်cpက realကွ!"

"ဝူးဝူးဝူး လှပတဲ့အချစ်ရေးအတွက် တစ်နေ့လုံးငိုနေမိပြီ"

"သူဆွေ့ဆွေ့ကို အရမ်းချစ်တာပဲ"

"ကျဲမေ့တို့ ငါကြည့်နေရင်းနဲ့ ရည်းစားတောင်လိုချင်လာပြီ......"

"နိုးထလိုက်တော့၊ ဒီကမ္ဘာပေါ်မှာ ဖုကျင်းရှောင်းလိုတွဲဖက်မျိုး ဘယ်နှယောက်များ ရှိလို့လဲ?"

......

တံငါရွာမှာ တစ်ညအိပ်ပြီးနောက် နောက်တစ်နေ့မှာ မနက်အစောကြီး ထရလေတယ်။ ဒီနေ့ရဲ့တစ်နေ့တာ စျေးရောင်းမှုအတွက် ကုလားကာဖွင့်လိုက်ကြရတော့တယ်။ မနေ့ကပိုက်ဆံတွေက အဖွဲ့ငယ်လေးတွေ အသီးသီး အတူတူရထားတာ ဖြစ်တာကြောင့် ဒီနေ့မှာလည်း အဖွဲ့အပြောင်းအလဲမရှိလေဘူး။

ဒါရိုက်တာက လူတွေအားလုံးစုဖို့ အော်လိုက်တယ် "အားလုံးကြိုးစားကြရမယ်နော်၊ ဒီနေ့မှာ စီးပွားရေးအကောင်းဆုံးအဖွဲ့အတွက်လည်း ဆုကြီးရှိတယ်၊ ကျွန်တော်တို့အစီအစဥ်က season2ခု ပြုလုပ်ခဲ့ကြပြီးတော့ sponsorတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီးရခဲ့တယ်၊ နောက်ပြီး ဒီseasonက ကျွန်တော်တို့ရဲ့ အဆုံးသတ်လည်းဖြစ်နေပြန်တယ်။ အဲဒါကြောင့် ကျွန်တော်တို့sponsorက ဧည့်သည်တွေအတွက် အလွန်ပြည့်ဝတဲ့ ဆုကြီးတစ်ခု ပြင်ဆင်ထားပေးတယ်!"

ရှန်ရှင်းဆွေ့ မေးလိုက်တယ် "အဲဒီဆုကြီးက ဘယ်လောက်လောက်ကြီးလဲ?"

ဒါရိုက်တာက အလွန်လျှို့ဝှက်တဲ့အပြုံးမျိုးပြုံးကာ ပြောလိုက်တယ် "အရမ်းအရမ်းကြီးတယ်၊ အားလုံးမျှော်လင့်ထားသလောက်ထိကြီးတယ်"

ဒီလိုလျှို့ဝှက်မှုမျိုးက အားလုံးရဲ့သိချင်စိတ်ကို နှိုးဆွစေခဲ့တယ်။ အားလုံးလည်း စီးပွားရေးလုပ်ပြီး ပိုက်ဆံရှာဖို့အပေါ် ပိုပြီးအာရုံစိုက်လာကြတယ်။ အမှန်တိုင်းပြောရရင် စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီမှာရပ်နေတာတွေအားလုံးက ချမ်းသာတဲ့အိမ်က သခင်လေးတွေ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် နာမည်ကြီးအိုင်ဒေါတွေနဲ့ မင်းသားတွေဖြစ်ကြတယ်။ အဆင်မပြေဆုံးမိသားစုကတောင် သူဌေးလေးတွေချည်းပဲ။ အနည်းနဲ့အများတော့ စီးပွားရေးကို ရင်းနှီးမြှုပ်နှံခဲ့ကြဖူးတယ်။

ထောင်ဂဏန်း၊ သောင်းဂဏန်း ပိုက်ဆံဝင်ခဲ့ဖူးတဲ့သူတွေက အခုတော့ လက်ထဲမှာရှိတဲ့ ရာဂဏန်းလေးကြောင့် အခက်တွေ့နေတော့တယ်။

ထူရာပြောလိုက်တယ် "ငါးစျေးဘက်ကို အရင်သွားကြည့်ရအောင် ငါတို့အရင်ပတ်ကြည့်ကြတာပေါ့၊ ရောင်းလို့ရတာ တစ်ခုခုရှိမလားလို့လေ?"

"ကျွန်တော်လည်း အဲဒီလိုစဥ်းစားထားတာပဲ" ရှန်ရှင်းချန်က အလွန်ဉာဏ်ကောင်းလေတယ် "ဒီနေရာမှာ ပင်လယ်စာစျေးတွေ အများကြီးရှိတယ်၊ ဆိုင်တစ်ဆိုင်ဆိုင်တော့ သေချာပေါက်ရှိမှာပါ၊ ကျွန်တော်တို့အရင် စျေးကိုသွားပြီး စျေးသက်သာတာ ဝယ်ကြမယ်၊ ပြီးရင် ဒီကထမင်းဆိုင်တွေမှာ ပြန်ရောင်းကြမယ်"

လူမှုဆက်ဆံရေး အဆိပ်အတောက်တွေနဲ့ လူတွေကြားက ကတောက်ကဆတွေကို မကြုံခဲ့ဖူးမှန်း သိသာလှတယ်။

ရှန်ရှင်းဆွေ့က ဖုကျင်းရှောင်းဘေးကနေ လိုက်လာခဲ့တယ်။ သူမေးလိုက်တယ် "ကျွန်တော်တို့ ဘယ်သွားကြမှာလဲ။ ပင်လယ်စာစျေးကိုပဲ သွားကြည့်ကြမှာလား။ ဒီနေရာက တံငါရွာဆိုတော့ အဲဒီဘက်သွားကြည့်တာ ကောင်းမယ်ထင်တယ်"

ဖုကျင်းရှောင်း သူ့ဘေးမှာရပ်နေတယ်။ အမျိုးသားက ဖုန်းပေါ်ကမြေပုံကိုကြည့်ကာ စဥ်းစားလိုက်ပြီးမှ ပြောလာတယ် "သင်္ဘောကျင်းကိုသွားမယ်"

ရှန်ရှင်းဆွေ့ တွေဝေစွာမေးလိုက်တယ် "အဲဒီကိုဘာသွားလုပ်မှာလဲ?"

ဖုကျင်းရှောင်း ပြုံးလိုက်တယ် "ကုန်သွင်းကြမယ်"

သူလည်းစျေးရောင်းမှာလို့ပဲ ရှန်ရှင်းဆွေ့ထင်လိုက်မိတယ်။ စိတ်ထဲမှာ နည်းနည်းတွေဝေနေပေမဲ့ သူ့ချစ်သူကို သူယုံကြည်တယ်။ အဲ့တာကြောင့် စဥ်းတောင်မစဥ်းစားပဲ သဘောတူလိုက်တယ်။ ဒီနေရာကနေ သင်္ဘောကျင်းကိုသွားဖို့အတွက် ကားငှားခက အလွန်စျေးကြီးတယ်။ သူတို့ကို ခေါ်သွားပေးချင်တဲ့ လူကောင်းတစ်ယောက်နဲ့ ဆုံလိုက်လို့တော်သေးတယ်။

သင်္ဘောကျင်းကိုရောက်တော့ ပင်လယ်အငွေ့အသက် ခပ်ငန်ငန်ကို ရှူရှိုက်မိကြတယ်။ ပင်လယ်ကြီးက အဆုံးမရှိကျယ်ပြောလှတယ်။ ပင်လယ်ပြင်ပေါ်မှာလား လှေတွေနဲ့သင်္ဘောတွေ အများအပြားရှိနေတယ်။ ကမ်းစပ်တစ်လျှောက်မှာ သံကြိုးတွေနဲ့ကာရံထားတယ်။ ဒီဘက်မှာလည်း ကုန်ရောင်း၊ ကုန်တင်လုပ်နေကြတဲ့ ငါးဖမ်းလှေတွေ အများကြီးရှိကြတယ်။ ဒါပေမဲ့ ဖုကျင်းရှောင်းရဲ့ targetက အလွန်ရိုးရှင်းကြောင်း သိသာလှတယ်။ ဒီလိုလှေမျိုးကို သူကြည့်တောင်မကြည့်လေဘူး။

ရှန်ရှင်းဆွေ့ တွေဝေနေတုန်းမှာပဲ လှေတစ်စင်းအရှေ့မှာ ဖုကျင်းရှောင်းရပ်လိုက်တာကို တွေ့လိုက်ရတယ်။

"မင်္ဂလာပါဗျ။ ငါအတူတူလိုက်ဖမ်းရင် ပိုက်ကွန်တစ်ခုကို ဘယ်လောက်ပေးရမလဲဗျ?" ဖုကျင်းရှောင်း အရင်ဆုံး mandarinစကားနဲ့ မေးလိုက်တယ်။ အဲဒီတံငါသည် ပြောလာတာက ဒီနေရာရဲ့ဒေသိယျစကားဖြစ်တယ်။ ရှန်ရှင်းဆွေ့ ၂၀၀ဆိုတာကိုပဲ နားလည်လိုက်လေတယ်။

တစ်ဖက်က mandarinစကား မကျွမ်းတာကို ဖုကျင်းရှောင်းတွေ့တော့ သူတို့ဒေသိယျစကားနဲ့ ပြန်ပြောလိုက်တယ်။

သူဒေသိယျစကားပြောတတ်တာကို အဲဒီတံငါသည်သိတာနဲ့ ချက်ချင်းပျော်ရွှင်သွားတော့တယ်။ သူတို့နဲ့အတူတူ ပင်လယ်ဘက်ထွက်ဖို့ ဖိတ်ခေါ်လာတော့တယ်။ ပင်လယ်ပြင်မှာ နှစ်တွေအကြာကြီး နေခဲ့ရတာကြောင့် နေလောင်ပြီး အသားတွေမည်းနေလေပြီ။ ဒါပေမဲ့ ရယ်လိုက်တဲ့အချိန်မှာ အလွန်ရိုးသားကာ ကြင်နာပုံပေါ်လေတယ်။

ဖုကျင်းရှောင်း သူနဲ့စကားပြောပြီးနောက် ရှန်ရှင်းဆွေ့ကို ပြောလိုက်တယ် "ပြင်ဆင်ထားလိုက်ဦး ကိုယ်တို့လှေပေါ်တက်ပြီး ပင်လယ်ပြင်ကိုထွက်ကြမယ်"

ရှန်ရှင်းဆွေ့ အသံပြုလိုက်တယ်။ ရိုက်ကူးရေးအဖွဲ့ကလည်း ဧည့်သည်တွေရဲ့လုံခြုံရေးကို ကာကွယ်ဖို့အတွက် နှစ်ယောက်လုံးကို အသက်ကယ်အင်္ကျီတွေဝတ်ခိုင်းပြီးတော့မှ လှေပေါ်တက်ခွင့်ပေးတယ်။ ဒီလှေပေါ်မှာ အလွန်သန့်ရှင်းလေတယ်။ လှေပိုင်ရှင်ကလည်း မင်းသားတွေကို ပထမဆုံးတွေ့ဖူးတာဖြစ်တာကြောင့် စိတ်လှုပ်ရှားနေမှန်း သိသာလှတယ်။

ရှန်ရှင်းဆွေ့ လှေပေါ်တက်ချိန်မှာ တိုးတိုးမေးလိုက်တယ် "ကောက ဒီဒေသကလည်း မဟုတ်ဘဲနဲ့ ဘာလို့ဒေသိယျစကား ပြောတတ်နေတာလဲ"

"အရင်က Desert Island Survivalဇာတ်ကားအတွက် အထူးသင်ခဲ့ဖူးတယ်" ဖုကျင်းရှောင်း ပြန်ဖြေလာတယ် "နောက်ပိုင်းမှာ ဒီဇာတ်ကားက မရခဲ့ဘူးဆိုပေမဲ့ သိုဝှက်ထားတဲ့ အရည်အချင်းတစ်ခု ရလာတယ်ပဲ ဆိုရမှာပေါ့"

ကောဆီမှာ ကျွန်တော်မသိသေးတဲ့ ဘာအံ့သြစရာတွေများ ရှိဦးမလဲလို့ ရှန်ရှင်းဆွေ့ စိတ်ထဲမှာပြောနေမိတယ်။

လှေပေါ်တက်ပြီးနောက် ပိုင်ရှင်က အလွန်နွေးထွေးလေတယ်။ ဖုကျင်းရှောင်းက ဒေသိယျစကားတတ်တာကြောင့် မကြာခဏ စကားစမြည်ပြောဖြစ်ကြတယ် :

"အသက်ဘယ်လောက်ရှိပြီလဲ"

"မင်းရဲ့ဇာတ်ကားကို ငါကြည့်ဖူးတယ်ထင်တယ်"

"မင်းတို့ ကင်မရာမန်းတွေကို ခေါ်လာတာက ဇာတ်ကားတစ်ခုခု ရိုက်ဖို့အတွက်လား?"

သူတို့ပြောဆိုနေကြတာတွေကို ရှန်ရှင်းဆွေ့ နားမလည်လေဘူး။ ကြားအချိန်လေးမှာ ဖုကျင်းရှောင်းကို တိုးတိုးမေးလိုက်တယ် "သူဘာတွေပြောနေတာလဲ?"

စောနကတည်းက သူ့ဘေးမှာ လိမ်လိမ်မာမာလေး စောင့်နေပြီး အခုမှ ကြည်လင်နေတဲ့မျက်ဝန်းလေးတွေနဲ့ စူးစမ်းစွာမေးလာတဲ့ ရှန်ရှင်းဆွေ့ကို ဖုကျင်းရှောင်း ကြည့်လိုက်တယ်။ လိမ္မာလွန်းတဲ့ကလေးတွေက စချင်စရာကောင်းလွန်းတယ်။ အမျိုးသားရဲ့နှုတ်ခမ်းက ခပ်ဆိုးဆိုးအပြုံးအဖြစ် တွန့်ကွေးသွားကာ ဖြည်းဖြည်းပြောလိုက်တယ် "သူပြောတာက ကိုယ်တို့အရမ်းလိုက်ဖက်တယ်တဲ့"

ရှန်ရှင်းဆွေ့ကြောင်သွားပြီးမှ နားရွက်တွေနီလာရတယ်။ သူအ,ထစ်ထစ် အ,အအနဲ့ပြောလိုက်တယ် "တကယ်လား?"

ဖုကျင်းရှောင်းရဲ့ အပြုံးတွေ နက်ရှိုင်းသွားလေတယ် "ဒါပေါ့"

ရှန်ရှင်းဆွေ့ အလိမ်ခံလိုက်ရလေပြီ။ သူလှေပိုင်ရှင်ကို တစ်ချက်ကြည့်လိုက်တယ်။ တစ်ဖက်လူနဲ့ အကြည့်ချင်းဆုံသွားပြီးနောက် အနည်းငယ်ရှက်ရွံ့ပြီး ပျော်ရွှင်စွာနဲ့ ဖွဖွပြောလိုက်တယ် "ကျေးဇူးပါ"

လှေပိုင်ရှင် : ?

Live roomထဲက ပရိသတ်တွေကတော့ ရယ်ကုန်ကြလေပြီ :

"ဖုလောင်ရှီးက အရမ်းဆိုးတာပဲ"

"မင်းကိုသရဲပဲယုံလိမ့်မယ်"

"ငါကလည်း ဒီရွာကပါပဲ။ ဘယ်လိုလုပ်ပြီး ဒီစကားကို မကြားမိပါလိမ့်နော်?"

"ဆွေ့ဆွေ့ မင်းသူ့ကို မြန်မြန်ရိုက်လိုက်ပါ ဟုတ်ပြီလား? !"

____________________
Word –4104

February 3, 2024 (Sat)

Xiao Dream

Good night❤

Zawgyi

ဒီလင္မယား အရမ္းလိုက္ဖက္တာပဲ

___________________________________

အားလုံးရဲ႕ အာ႐ုံစိုက္မႈေတြက ဖုက်င္းေရွာင္းရဲ႕ ႐ုတ္တရက္ ေမးလိုက္တဲ့ ေမးခြန္းေၾကာင့္ အဆြဲေဆာင္ခံလိုက္ရတယ္။

သုံးစကၠန္႔အတြင္းေျဖရမွာျဖစ္တယ္။

ရွန္ရွင္းေဆြ႕ရဲ႕ မ်က္ႏွာေလးက အနီေရာင္သန္းလ်က္ ရွိေနေလတယ္။ သူအနည္းငယ္ရွက္႐ြံ႕စြာနဲ႔ ၿပဳံးေနမိတယ္။ အစကေတာ့ ေျပာရမွာရွက္ေနေပမဲ့ timerရဲ႕ မရပ္မနား ဆက္လက္သြားေနျခင္းက သူ႔ကိုအသံတိတ္ ေလာေဆာ္ေနသလို ျဖစ္ေနခဲ့တယ္။ ေနာက္ဆုံး တစ္စကၠန္႔မွာ သူဖြဖြရယ္လိုက္ၿပီး အသံတိုးနဲ႔ေျပာလိုက္တယ္ "ကြၽန္ေတာ္?"

Timerၿပီးသြားခ်ိန္နဲ႔ ကြက္တိပဲ။

ဝန္ထမ္းေလးက ေၾကျငာလာတယ္ "ေလာင္ရွီးတို႔ႏွစ္ေယာက္ရဲ႕ ေနာက္ဆုံးရမွတ္က ေမးခြန္း၁၂ခု မွန္ခဲ့ပါတယ္၊ လက္ရွိမွာ အေကာင္းဆုံးရမွတ္ပါ!"

ဖုက်င္းေရွာင္း စင္ေပၚကေန မတ္တပ္ရပ္လိုက္ၿပီး ျဖည္းျဖည္းခ်င္းဆင္းလာလိုက္တယ္။ အမ်ိဳးသားရဲ႕ေျခလွမ္းေတြက မေႏွးမျမန္ရွိေလတယ္။ ရွန္ရွင္းေဆြ႕ရဲ႕ေရွ႕သြားၿပီး သူ႔ကိုကူၿပီး ထူေပးလိုက္တယ္။ သူၿပဳံးကာေျပာလာတယ္ "အရမ္းေကာင္းတယ္၊ ေျဖတာေတြအားလုံးမွန္တယ္"

ေနာက္ဆုံးေမးခြန္းကို ရွန္ရွင္းေဆြ႕စဥ္းစားမိေတာ့ ရွက္ေနမိတုန္းပဲ။ တျခားသူေတြရဲ႕ အမူအရာေတြကိုေတာင္ သူေတြးမိႏိုင္ေနသလိုပဲ။ အဲ့တာေၾကာင့္ အနည္းငယ္ အျပစ္တင္စြာနဲ႔ ဖုက်င္းေရွာင္းရဲ႕ လက္ေမာင္းကို ထုလိုက္တယ္ "ဘယ္လိုလုပ္ၿပီး ဒီလိုေမးခြန္းမ်ိဳး ေမးတာလဲ၊ သူမ်ားေတြၾကည့္ကုန္ၾကၿပီ"

"မေမးႏိုင္စရာ ဘာအေၾကာင္းရွိလို႔လဲ?" ဖုက်င္းေရွာင္း မ်က္ခုံးပင့္လိုက္တယ္ "လူသိမခံႏိုင္တာ ဘာမွလည္းမရွိဘူးေလ"

ရွန္ရွင္းေဆြ႕ ဆို႔နင့္သြားေတာ့တယ္။

ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ခ်ိဳၿမိန္မႈလည္း ပ်ံ႕ႏွံ႔လာတာကို သူ႔စိတ္ထဲကေန ခံစားလိုက္မိတယ္။

သူတို႔က တရားဝင္ေျပာၿပီးသား။ ေပၚေပၚတင္တင္ပဲ။ ဘာမွတိုးတိုးတိတ္တိတ္ ေနစရာမလိုေတာ့ဘူး။ ဒီလိုခံစားခ်က္မ်ိဳးက အံ့ၾသဖြယ္ျဖစ္သလို ေပ်ာ္လည္းေပ်ာ္႐ႊင္ရတယ္။

တျခားအဖြဲ႕ကသူေတြလည္း မစ္ရွင္ေတြ ေအာင္ျမင္ခဲ့ၾကတယ္။ ဒီအထဲမွာ ဖုက်င္းေရွာင္းနဲ႔ ရွန္ရွင္းေဆြ႕က အမွတ္အမ်ားဆုံးရခဲ့ေလတယ္။ အဲ့တာေၾကာင့္ ဆုေတြနဲ႔အက်ိဳးခံစားခြင့္ေတြကို သူတို႔ရခဲ့ၾကတယ္။ ဒါ႐ိုက္တာကေျပာလာတယ္ "ဒီကြၽန္းေလးေပၚကို ကြၽန္ေတာ္တို႔ေရာက္လာၿပီဆိုမွေတာ့ ဒီကြၽန္းေပၚကလူမ်ိဳးစုေတြရဲ႕ အလွအပ၊ ႐ိုးရာေတြကို ေသခ်ာေတြ႕ႀကဳံခံစားၾကရမယ္ေလ၊ ဒီဂိမ္းမွာရရွိခဲ့တဲ့ အမွတ္စုစုေပါင္းအရ အားလုံးကို စီးပြားေရးစတင္ဖို႔အတြက္ အရင္းအႏွီးထုတ္ေပးသြားမွာပါ"

ရွန္ရွင္းခ်န္ ေျပာလာတယ္ "စီးပြားေရးလုပ္ရမွာလား?"

ဒါ႐ိုက္တာ ေခါင္းညိတ္ကာေျပာလာတယ္ "ဟုတ္ပါတယ္၊ ဒီတစ္ေခါက္က အရင္တစ္ခါေတြက အလုပ္ရွာရတာေတြ ဘာေတြနဲ႔ မတူပါဘူး၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔အခုရွိေနတဲ့ ဒီတံငါ႐ြာေလးက အရင္တုန္းက ေခ်ာင္က်ၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈမရွိခဲ့ဘူးလို႔ ေျပာလို႔ရတယ္၊ ဒီေနရာက႐ြာသားေတြက ႀကိဳးစားမႈနဲ႔ခ်မ္းသာလာခဲ့ၾကတာ၊ သူတို႔ကလည္း စီးပြားေရးလုပ္ခဲ့ၾကတာပဲ၊ အဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ ဒီတစ္ေခါက္လာတဲ့အခါမွာ ႐ြာသားေတြရဲ႕ ပင္ပန္းမႈနဲ႔႐ိုးရွင္းမႈကို ေတြ႕ႀကဳံခံစားၾကည့္ၾကမယ္၊ လွပတဲ့ဘဝရဲ႕ေျခလွမ္းေတြေနာက္လိုက္ၾကမယ္"

ဧည့္သည္ေတြရဲ႕ အာ႐ုံစိုက္မႈက တကယ္ေတာ့ ပိုၿပီးေလးနက္ေလတယ္။

"ပိုက္ဆံကိုဘယ္လိုခြဲေပးမွာလဲ?"

"ငါတို႔အဖြဲ႕က ေမးခြန္း၅ခုပဲမွန္တယ္"

"ဒါ႐ိုက္တာႀကီး အရမ္းမရက္စက္နဲ႔ေနာ္"

ဒါ႐ိုက္တာက ၿပဳံးကာ ေျပာလာတယ္ "ေမးခြန္းတစ္ခုကို ၅၀ယြမ္ပါ။ အားလုံး ကိုယ့္ပါသာကိုယ္ တြက္ၾကည့္ၾကပါေတာ့"

ဒီလိုမ်ိဳး စုၿပီးတြက္ၾကည့္လိုက္ရင္ ဒီထဲကအမွတ္အနည္းဆုံးက ထူရာနဲ႔လီေလာင္ရွီးျဖစ္ၿပီးေတာ့ စုစုေပါင္းေမးခြန္း၅ခုမွန္ခဲ့တယ္၊ ၂၅၀ယြမ္ေပါ့။ အမွတ္အမ်ားဆုံးအဖြဲ႕က ရွန္ရွင္းေဆြ႕နဲ႔ ဖုက်င္းေရွာင္းတို႔အဖြဲ႕ျဖစ္ၿပီး စုစုေပါင္း ၆၅၀ယြမ္ရေလတယ္။

ထူရာၿပဳံးကာ ေျပာလာတယ္ "ဒါ႐ိုက္တာ ကြၽန္မတို႔သူငယ္ခ်င္းဆက္ဆံေရးေထာက္ထားၿပီး ၅၀ေလာက္ပိုေပးပါလား၊ ကြၽန္မတို႔တကယ္ ၂၅၀မျဖစ္ခ်င္ဘူး"

ဒါ႐ိုက္တာကလည္း စကားဆက္လာကာ ျမန္ျမန္ေျပာလာတယ္ "မင္းတို႔ႀကိဳးစားၿပီး ခ်မ္းသာလာရင္ ေနာက္ပိုင္းမွာ ပိုက္ဆံဝင္မွာက ၂၅၀တင္မဟုတ္ေတာ့ဘူး၊ ကိုယ့္လုပ္အားကိုယ္အားကိုးၿပီး ကံၾကမၼာကိုေျပာင္းလဲလိုက္ပါ"

႐ိုက္ကူးေရးအဖြဲ႕က ရက္စက္တယ္လို႔ ထူရာေအာ္ဟစ္ေတာ့တယ္။

တံငါ႐ြာေလးကို ေရာက္တဲ့အခ်ိန္မွာ အရမ္းညဥ့္နက္ေနေလၿပီ။ အားလုံး႐ြာေလးကိုေရာက္ေတာ့မွ အတူတူထမင္းစားၾကတယ္။ ရွန္ရွင္းေဆြ႕နဲ႔ ဖုက်င္းေရွာင္းက အဖြဲ႕ငယ္ေလးေတြထဲမွာ နံပါတ္တစ္ေနရာကို ရရွိထားတာေၾကာင့္ ဇိမ္ခံပင္လယ္စာေတြနဲ႔ ညစာကိုေ႐ြးခ်ယ္ဖို႔ အခြင့္အေရးရွိေလတယ္။

ဒါေပမဲ့ သူတို႔ႏွစ္ေယာက္က အေတာ္ေလး ရက္ေရာၾကတယ္။ တစ္စားပြဲလုံးအျပည့္ စားစရာေတြကို သူတို႔ႏွစ္ေယာက္တည္းလည္း စားလို႔မကုန္ဘူးေလ။ အဲ့တာေၾကာင့္ အလြန္အမင္းရက္ေရာစြာနဲ႔ တျခားသူေတြကိုလည္း ဝင္ထိုင္ခိုင္းၿပီး စားေသာက္ခိုင္းလိုက္တယ္။ ပင္လယ္နားနီးတဲ့ တံငါ႐ြာေလးလို႔ မေျပာရဘူး၊ ႐ြာသားေတြျပင္ဆင္ထားတဲ့ ပင္လယ္စာအစားအေသာက္ေတြက အလြန္ျပည့္စုံလွတယ္။ အထူးသျဖင့္ ဂဏန္းႀကီးက ႀကီးမားသလို အဆီအႏွစ္ျပည့္ဝေနတယ္။ ေက်ာက္ပုဇြန္ေတြကလည္း ၾကည့္ရတာ အလြန္ႏူးညံ့ေနၿပီး အရသာရွိမဲ့ပုံေပၚေနေလတယ္။

ရွန္ရွင္းခ်န္ ကမာကို အခ်ဥ္နဲ႔တို႔စားရင္း ေျပာလာတယ္ "ငါကမာစားရတာ အရမ္းႀကိဳက္တာပဲ၊ မနက္ျဖန္က်ရင္ ငါတို႔ပင္လယ္စာေစ်းကိုသြားၿပီးေတာ့ ကမာဝယ္စားၾကရေအာင္"

ရွန္ရွင္းေဆြ႕ရယ္ကာ သူ႔အတြက္နည္းနည္းထပ္ယူေပးလိုက္တယ္ "မ်ားမ်ားစား"

ဖုက်င္းေရွာင္းက ေဘးမွာ ပုဇြန္နဲ႔ဂဏန္းေတြကို အခြံခြာေပးေနတယ္။ သူေသေသခ်ာခ်ာ စိတ္ရွည္လက္ရွည္နဲ႔ အခြံခြာၿပီးတဲ့ေနာက္မွာ ရွန္ရွင္းေဆြ႕ပန္းကန္ထဲကို ထည့္ေပးလိုက္တယ္။ အရင္တုန္းက ႐ုပ္ရွင္ဧကရာဇ္ဖုက ေကာင္းမြန္တဲ့ပတ္ဝန္းက်င္မွာေနခဲ့ရၿပီး ဒီသခင္ေလးက တျခားသူကိုျပဳစုေပးတဲ့အလုပ္ကို ဘယ္လိုလုပ္ၿပီး လုပ္ခဲ့ဖူးလိမ့္မလဲ။ ဒါေပမဲ့ အခုေတာ့ အၿမဲတမ္းသန္႔ရွင္းေနတဲ့ ရွည္လ်ားတဲ့လက္ေခ်ာင္းေတြမွာ ဆီေတြစြန္းထင္ေနေလတယ္။ ဒါေပမဲ့ သူကေတာ့ နည္းနည္းေလးေတာင္ ဂ႐ုစိုက္ပုံမေပၚဘဲ ရွန္ရွင္းေဆြ႕ကိုေျပာလိုက္တယ္ "မ်ားမ်ားစား"

ရွန္ရွင္းေဆြ႕ အလ်င္အျမန္ေျပာလိုက္တယ္ "ေကာအလုပ္မ်ားေအာင္လုပ္မေနနဲ႔ေတာ့ ကြၽန္ေတာ့္ပါသာလုပ္လိုက္မယ္"

"မင္းကို စားဆိုရင္ စားလိုက္ေပါ့" ဖုက်င္းေရွာင္း လက္ထဲကပင္လယ္စာေတြကို အာ႐ုံစိုက္လိုက္တယ္။ သူ႔ကိုယ္ေပၚမွာ အၿမဲတမ္း ေပါ့ေပါ့ပါးပါး အေငြ႕အသက္မ်ိဳး ရွိေနေလတယ္။ အခုအခ်ိန္မွာလည္း ပုဇြန္ခြာေပးေနတာေတာင္မွ တင့္တယ္တဲ့ကိစၥတစ္ခုကို လုပ္ေနတဲ့ခံစားခ်က္မ်ိဳး ေပးစြမ္းေနေသးတယ္ "မင္းရဲ႕လက္ေတြက ေနာက္က်ရင္ စႏၵယားတီးရဦးမွာ၊ ဒီလိုအခြံေတြကိုမထိနဲ႔"

ရွန္ရွင္းေဆြ႕ေၾကာင္သြားရတယ္။ ဦးဆုံးကေတာ့ ဖုက်င္းေရွာင္းရဲ႕ အေသးစိတ္က်မႈေၾကာင့္ ခံစားသြားရတာျဖစ္တယ္။ ေနာက္ထပ္ကေတာ့ ထိန္းခ်ဳပ္ဖို႔ခက္တဲ့ ဝမ္းနည္းမႈျဖစ္တယ္။ ဖုက်င္းေရွာင္း ဘာလို႔ဂ႐ုမစိုက္ေတာ့တာလဲဆိုတာကို သူသိတယ္။ ဘာလို႔လဲဆိုေတာ့ သူေနာက္က် အႏုပညာေလာကထဲကထြက္ရင္ ပရိသတ္ေတြနဲ႔ဖန္ေတြကို ထပ္ၿပီးစႏၵယားတီးမျပႏိုင္ေတာ့ဘူး။ ဒါက ဖုက်င္းေရွာင္းအတြက္ေျပာရရင္ ဘာမွမဟုတ္ဘူးဆိုေပမဲ့ ရွန္ရွင္းေဆြ႕အတြက္ကေတာ့ အရမ္းရင္နာရတယ္။

အဲ့တာေၾကာင့္ ရွန္ရွင္းေဆြ႕ ေျပာလိုက္တယ္ "ေကာရဲ႕လက္ေတြကလည္း စႏၵယားတီးတဲ့လက္ပဲဟာ၊ ၿပီးေတာ့ ကြၽန္ေတာ္တီးတာထက္ေတာင္ အမ်ားႀကီးပိုေကာင္းေသးတယ္"

အခြံခြာၿပီးတဲ့ပုဇြန္ေတြကို ဖုက်င္းေရွာင္း သူ႔ပန္းကန္ထဲထည့္ေပးလိုက္တယ္။ သူၿပဳံးလိုက္ေလတယ္ "ဒါဆို ေနာင္တစ္ခ်ိန္ ကိုယ္ေကာင္းေကာင္းမတီးႏိုင္ေတာ့ရင္ ရွန္ေလာင္ရွီးက ကိုယ့္ကိုၿငိဳျငင္မွာလား?"

ရွန္ရွင္းေဆြ႕ ျပတ္သားစြာ ခ်က္ခ်င္းေခါင္းခါလိုက္တယ္ "မၿငိဳျငင္ပါဘူး"

"ဒါဆိုရင္ရပါၿပီ" ဖုက်င္းေရွာင္း ဂဏန္းကို ျဖည္းျဖည္းယူလိုက္တယ္။ မ်က္ႏွာေပၚမွာက အၿပဳံးဖြဖြရွိေနေလတယ္ "ေနာက္ဆိုရင္ ရွန္ေလာင္ရွီးကို ေတာင္းဆိုရေတာ့မွာပဲ၊ ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ နားေထာင္သူ လုပ္ေပးေလ?"

ကိုယ့္ရဲ႕ တစ္ဦးတည္းေသာ နားေထာင္သူ လုပ္ေပး...

ရွန္ရွင္းေဆြ႕ရဲ႕ မ်က္ေတာင္ေတြ လႈပ္ခတ္သြားရတယ္။ ၿငိမ္သက္ေနတဲ့ ႏွလုံးသားေရျပင္ေပၚ ေရစက္တစ္စက္က်သြားသလိုမ်ိဳး လႈိင္းေတြထလာရတယ္။ တစ္ခ်ိန္တုန္းက သူက ဖုက်င္းေရွာင္းရဲ႕ ပရိသတ္ေတြေျမာက္ျမားစြာထဲမွာ မထင္သာမျမင္သာလူတစ္ေယာက္ပဲ။ ဒါေပမဲ့ အခုေတာ့ သူ႔ရဲ႕တစ္ဦးတည္းေသာ ပရိသတ္ ျဖစ္ေနခဲ့ၿပီ။ လွပတဲ့သံစဥ္ေတြရွိေနၿပီး၊ သူတစ္ေယာက္တည္းအတြက္ တီးခတ္ေပးေနမွာ။

ရွန္ရွင္းေဆြ႕ ႏွလုံးသားထဲမွာ ဆူပြက္ေနေလတယ္။ မ်က္ႏွာေပၚမွာလည္း ႏူးညံ့တဲ့အၿပဳံးေလးရွိေနကာ ဖြဖြေျပာလိုက္တယ္ "ဝမ္းသာမိပါတယ္"

သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ေႏြးေထြးၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိလွတယ္။ live roomထဲက ပရိသတ္ေတြကေတာ့ မၿငိမ္သက္ႏိုင္ေလဘူး။ အလြန္အမင္း စိတ္လႈပ္ရွားေနေလတယ္ :

"အားအားအားအား......"

"ဆရာတပည့္cpက realကြ!"

"ဝူးဝူးဝူး လွပတဲ့အခ်စ္ေရးအတြက္ တစ္ေန႔လုံးငိုေနမိၿပီ"

"သူေဆြ႕ေဆြ႕ကို အရမ္းခ်စ္တာပဲ"

"က်ဲေမ့တို႔ ငါၾကည့္ေနရင္းနဲ႔ ရည္းစားေတာင္လိုခ်င္လာၿပီ......"

"ႏိုးထလိုက္ေတာ့၊ ဒီကမာၻေပၚမွာ ဖုက်င္းေရွာင္းလိုတြဲဖက္မ်ိဳး ဘယ္ႏွေယာက္မ်ား ရွိလို႔လဲ?"

......

တံငါ႐ြာမွာ တစ္ညအိပ္ၿပီးေနာက္ ေနာက္တစ္ေန႔မွာ မနက္အေစာႀကီး ထရေလတယ္။ ဒီေန႔ရဲ႕တစ္ေန႔တာ ေစ်းေရာင္းမႈအတြက္ ကုလားကာဖြင့္လိုက္ၾကရေတာ့တယ္။ မေန႔ကပိုက္ဆံေတြက အဖြဲ႕ငယ္ေလးေတြ အသီးသီး အတူတူရထားတာ ျဖစ္တာေၾကာင့္ ဒီေန႔မွာလည္း အဖြဲ႕အေျပာင္းအလဲမရွိေလဘူး။

ဒါ႐ိုက္တာက လူေတြအားလုံးစုဖို႔ ေအာ္လိုက္တယ္ "အားလုံးႀကိဳးစားၾကရမယ္ေနာ္၊ ဒီေန႔မွာ စီးပြားေရးအေကာင္းဆုံးအဖြဲ႕အတြက္လည္း ဆုႀကီးရွိတယ္၊ ကြၽန္ေတာ္တို႔အစီအစဥ္က season2ခု ျပဳလုပ္ခဲ့ၾကၿပီးေတာ့ sponsorေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြလည္း အမ်ားႀကီးရခဲ့တယ္၊ ေနာက္ၿပီး ဒီseasonက ကြၽန္ေတာ္တို႔ရဲ႕ အဆုံးသတ္လည္းျဖစ္ေနျပန္တယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔sponsorက ဧည့္သည္ေတြအတြက္ အလြန္ျပည့္ဝတဲ့ ဆုႀကီးတစ္ခု ျပင္ဆင္ထားေပးတယ္!"

ရွန္ရွင္းေဆြ႕ ေမးလိုက္တယ္ "အဲဒီဆုႀကီးက ဘယ္ေလာက္ေလာက္ႀကီးလဲ?"

ဒါ႐ိုက္တာက အလြန္လွ်ိဳ႕ဝွက္တဲ့အၿပဳံးမ်ိဳးၿပဳံးကာ ေျပာလိုက္တယ္ "အရမ္းအရမ္းႀကီးတယ္၊ အားလုံးေမွ်ာ္လင့္ထားသေလာက္ထိႀကီးတယ္"

ဒီလိုလွ်ိဳ႕ဝွက္မႈမ်ိဳးက အားလုံးရဲ႕သိခ်င္စိတ္ကို ႏႈိးဆြေစခဲ့တယ္။ အားလုံးလည္း စီးပြားေရးလုပ္ၿပီး ပိုက္ဆံရွာဖို႔အေပၚ ပိုၿပီးအာ႐ုံစိုက္လာၾကတယ္။ အမွန္တိုင္းေျပာရရင္ စိတ္ဝင္စားဖို႔ေကာင္းတယ္။ ဒီမွာရပ္ေနတာေတြအားလုံးက ခ်မ္းသာတဲ့အိမ္က သခင္ေလးေတြ ျဖစ္ရင္ျဖစ္၊ မဟုတ္ရင္ နာမည္ႀကီးအိုင္ေဒါေတြနဲ႔ မင္းသားေတြျဖစ္ၾကတယ္။ အဆင္မေျပဆုံးမိသားစုကေတာင္ သူေဌးေလးေတြခ်ည္းပဲ။ အနည္းနဲ႔အမ်ားေတာ့ စီးပြားေရးကို ရင္းႏွီးျမႇဳပ္ႏွံခဲ့ၾကဖူးတယ္။

ေထာင္ဂဏန္း၊ ေသာင္းဂဏန္း ပိုက္ဆံဝင္ခဲ့ဖူးတဲ့သူေတြက အခုေတာ့ လက္ထဲမွာရွိတဲ့ ရာဂဏန္းေလးေၾကာင့္ အခက္ေတြ႕ေနေတာ့တယ္။

ထူရာေျပာလိုက္တယ္ "ငါးေစ်းဘက္ကို အရင္သြားၾကည့္ရေအာင္ ငါတို႔အရင္ပတ္ၾကည့္ၾကတာေပါ့၊ ေရာင္းလို႔ရတာ တစ္ခုခုရွိမလားလို႔ေလ?"

"ကြၽန္ေတာ္လည္း အဲဒီလိုစဥ္းစားထားတာပဲ" ရွန္ရွင္းခ်န္က အလြန္ဉာဏ္ေကာင္းေလတယ္ "ဒီေနရာမွာ ပင္လယ္စာေစ်းေတြ အမ်ားႀကီးရွိတယ္၊ ဆိုင္တစ္ဆိုင္ဆိုင္ေတာ့ ေသခ်ာေပါက္ရွိမွာပါ၊ ကြၽန္ေတာ္တို႔အရင္ ေစ်းကိုသြားၿပီး ေစ်းသက္သာတာ ဝယ္ၾကမယ္၊ ၿပီးရင္ ဒီကထမင္းဆိုင္ေတြမွာ ျပန္ေရာင္းၾကမယ္"

လူမႈဆက္ဆံေရး အဆိပ္အေတာက္ေတြနဲ႔ လူေတြၾကားက ကေတာက္ကဆေတြကို မႀကဳံခဲ့ဖူးမွန္း သိသာလွတယ္။

ရွန္ရွင္းေဆြ႕က ဖုက်င္းေရွာင္းေဘးကေန လိုက္လာခဲ့တယ္။ သူေမးလိုက္တယ္ "ကြၽန္ေတာ္တို႔ ဘယ္သြားၾကမွာလဲ။ ပင္လယ္စာေစ်းကိုပဲ သြားၾကည့္ၾကမွာလား။ ဒီေနရာက တံငါ႐ြာဆိုေတာ့ အဲဒီဘက္သြားၾကည့္တာ ေကာင္းမယ္ထင္တယ္"

ဖုက်င္းေရွာင္း သူ႔ေဘးမွာရပ္ေနတယ္။ အမ်ိဳးသားက ဖုန္းေပၚကေျမပုံကိုၾကည့္ကာ စဥ္းစားလိုက္ၿပီးမွ ေျပာလာတယ္ "သေဘၤာက်င္းကိုသြားမယ္"

ရွန္ရွင္းေဆြ႕ ေတြေဝစြာေမးလိုက္တယ္ "အဲဒီကိုဘာသြားလုပ္မွာလဲ?"

ဖုက်င္းေရွာင္း ၿပဳံးလိုက္တယ္ "ကုန္သြင္းၾကမယ္"

သူလည္းေစ်းေရာင္းမွာလို႔ပဲ ရွန္ရွင္းေဆြ႕ထင္လိုက္မိတယ္။ စိတ္ထဲမွာ နည္းနည္းေတြေဝေနေပမဲ့ သူ႔ခ်စ္သူကို သူယုံၾကည္တယ္။ အဲ့တာေၾကာင့္ စဥ္းေတာင္မစဥ္းစားပဲ သေဘာတူလိုက္တယ္။ ဒီေနရာကေန သေဘၤာက်င္းကိုသြားဖို႔အတြက္ ကားငွားခက အလြန္ေစ်းႀကီးတယ္။ သူတို႔ကို ေခၚသြားေပးခ်င္တဲ့ လူေကာင္းတစ္ေယာက္နဲ႔ ဆုံလိုက္လို႔ေတာ္ေသးတယ္။

သေဘၤာက်င္းကိုေရာက္ေတာ့ ပင္လယ္အေငြ႕အသက္ ခပ္ငန္ငန္ကို ရႉရႈိက္မိၾကတယ္။ ပင္လယ္ႀကီးက အဆုံးမရွိက်ယ္ေျပာလွတယ္။ ပင္လယ္ျပင္ေပၚမွာလား ေလွေတြနဲ႔သေဘၤာေတြ အမ်ားအျပားရွိေနတယ္။ ကမ္းစပ္တစ္ေလွ်ာက္မွာ သံႀကိဳးေတြနဲ႔ကာရံထားတယ္။ ဒီဘက္မွာလည္း ကုန္ေရာင္း၊ ကုန္တင္လုပ္ေနၾကတဲ့ ငါးဖမ္းေလွေတြ အမ်ားႀကီးရွိၾကတယ္။ ဒါေပမဲ့ ဖုက်င္းေရွာင္းရဲ႕ targetက အလြန္႐ိုးရွင္းေၾကာင္း သိသာလွတယ္။ ဒီလိုေလွမ်ိဳးကို သူၾကည့္ေတာင္မၾကည့္ေလဘူး။

ရွန္ရွင္းေဆြ႕ ေတြေဝေနတုန္းမွာပဲ ေလွတစ္စင္းအေရွ႕မွာ ဖုက်င္းေရွာင္းရပ္လိုက္တာကို ေတြ႕လိုက္ရတယ္။

"မဂၤလာပါဗ်။ ငါအတူတူလိုက္ဖမ္းရင္ ပိုက္ကြန္တစ္ခုကို ဘယ္ေလာက္ေပးရမလဲဗ်?" ဖုက်င္းေရွာင္း အရင္ဆုံး mandarinစကားနဲ႔ ေမးလိုက္တယ္။ အဲဒီတံငါသည္ ေျပာလာတာက ဒီေနရာရဲ႕ေဒသိယ်စကားျဖစ္တယ္။ ရွန္ရွင္းေဆြ႕ ၂၀၀ဆိုတာကိုပဲ နားလည္လိုက္ေလတယ္။

တစ္ဖက္က mandarinစကား မကြၽမ္းတာကို ဖုက်င္းေရွာင္းေတြ႕ေတာ့ သူတို႔ေဒသိယ်စကားနဲ႔ ျပန္ေျပာလိုက္တယ္။

သူေဒသိယ်စကားေျပာတတ္တာကို အဲဒီတံငါသည္သိတာနဲ႔ ခ်က္ခ်င္းေပ်ာ္႐ႊင္သြားေတာ့တယ္။ သူတို႔နဲ႔အတူတူ ပင္လယ္ဘက္ထြက္ဖို႔ ဖိတ္ေခၚလာေတာ့တယ္။ ပင္လယ္ျပင္မွာ ႏွစ္ေတြအၾကာႀကီး ေနခဲ့ရတာေၾကာင့္ ေနေလာင္ၿပီး အသားေတြမည္းေနေလၿပီ။ ဒါေပမဲ့ ရယ္လိုက္တဲ့အခ်ိန္မွာ အလြန္႐ိုးသားကာ ၾကင္နာပုံေပၚေလတယ္။

ဖုက်င္းေရွာင္း သူနဲ႔စကားေျပာၿပီးေနာက္ ရွန္ရွင္းေဆြ႕ကို ေျပာလိုက္တယ္ "ျပင္ဆင္ထားလိုက္ဦး ကိုယ္တို႔ေလွေပၚတက္ၿပီး ပင္လယ္ျပင္ကိုထြက္ၾကမယ္"

ရွန္ရွင္းေဆြ႕ အသံျပဳလိုက္တယ္။ ႐ိုက္ကူးေရးအဖြဲ႕ကလည္း ဧည့္သည္ေတြရဲ႕လုံၿခဳံေရးကို ကာကြယ္ဖို႔အတြက္ ႏွစ္ေယာက္လုံးကို အသက္ကယ္အက်ႌေတြဝတ္ခိုင္းၿပီးေတာ့မွ ေလွေပၚတက္ခြင့္ေပးတယ္။ ဒီေလွေပၚမွာ အလြန္သန္႔ရွင္းေလတယ္။ ေလွပိုင္ရွင္ကလည္း မင္းသားေတြကို ပထမဆုံးေတြ႕ဖူးတာျဖစ္တာေၾကာင့္ စိတ္လႈပ္ရွားေနမွန္း သိသာလွတယ္။

ရွန္ရွင္းေဆြ႕ ေလွေပၚတက္ခ်ိန္မွာ တိုးတိုးေမးလိုက္တယ္ "ေကာက ဒီေဒသကလည္း မဟုတ္ဘဲနဲ႔ ဘာလို႔ေဒသိယ်စကား ေျပာတတ္ေနတာလဲ"

"အရင္က Desert Island Survivalဇာတ္ကားအတြက္ အထူးသင္ခဲ့ဖူးတယ္" ဖုက်င္းေရွာင္း ျပန္ေျဖလာတယ္ "ေနာက္ပိုင္းမွာ ဒီဇာတ္ကားက မရခဲ့ဘူးဆိုေပမဲ့ သိုဝွက္ထားတဲ့ အရည္အခ်င္းတစ္ခု ရလာတယ္ပဲ ဆိုရမွာေပါ့"

ေကာဆီမွာ ကြၽန္ေတာ္မသိေသးတဲ့ ဘာအံ့ၾသစရာေတြမ်ား ရွိဦးမလဲလို႔ ရွန္ရွင္းေဆြ႕ စိတ္ထဲမွာေျပာေနမိတယ္။

ေလွေပၚတက္ၿပီးေနာက္ ပိုင္ရွင္က အလြန္ေႏြးေထြးေလတယ္။ ဖုက်င္းေရွာင္းက ေဒသိယ်စကားတတ္တာေၾကာင့္ မၾကာခဏ စကားစျမည္ေျပာျဖစ္ၾကတယ္ :

"အသက္ဘယ္ေလာက္ရွိၿပီလဲ"

"မင္းရဲ႕ဇာတ္ကားကို ငါၾကည့္ဖူးတယ္ထင္တယ္"

"မင္းတို႔ ကင္မရာမန္းေတြကို ေခၚလာတာက ဇာတ္ကားတစ္ခုခု ႐ိုက္ဖို႔အတြက္လား?"

သူတို႔ေျပာဆိုေနၾကတာေတြကို ရွန္ရွင္းေဆြ႕ နားမလည္ေလဘူး။ ၾကားအခ်ိန္ေလးမွာ ဖုက်င္းေရွာင္းကို တိုးတိုးေမးလိုက္တယ္ "သူဘာေတြေျပာေနတာလဲ?"

ေစာနကတည္းက သူ႔ေဘးမွာ လိမ္လိမ္မာမာေလး ေစာင့္ေနၿပီး အခုမွ ၾကည္လင္ေနတဲ့မ်က္ဝန္းေလးေတြနဲ႔ စူးစမ္းစြာေမးလာတဲ့ ရွန္ရွင္းေဆြ႕ကို ဖုက်င္းေရွာင္း ၾကည့္လိုက္တယ္။ လိမၼာလြန္းတဲ့ကေလးေတြက စခ်င္စရာေကာင္းလြန္းတယ္။ အမ်ိဳးသားရဲ႕ႏႈတ္ခမ္းက ခပ္ဆိုးဆိုးအၿပဳံးအျဖစ္ တြန္႔ေကြးသြားကာ ျဖည္းျဖည္းေျပာလိုက္တယ္ "သူေျပာတာက ကိုယ္တို႔အရမ္းလိုက္ဖက္တယ္တဲ့"

ရွန္ရွင္းေဆြ႕ေၾကာင္သြားၿပီးမွ နား႐ြက္ေတြနီလာရတယ္။ သူအ,ထစ္ထစ္ အ,အအနဲ႔ေျပာလိုက္တယ္ "တကယ္လား?"

ဖုက်င္းေရွာင္းရဲ႕ အၿပဳံးေတြ နက္ရႈိင္းသြားေလတယ္ "ဒါေပါ့"

ရွန္ရွင္းေဆြ႕ အလိမ္ခံလိုက္ရေလၿပီ။ သူေလွပိုင္ရွင္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ တစ္ဖက္လူနဲ႔ အၾကည့္ခ်င္းဆုံသြားၿပီးေနာက္ အနည္းငယ္ရွက္႐ြံ႕ၿပီး ေပ်ာ္႐ႊင္စြာနဲ႔ ဖြဖြေျပာလိုက္တယ္ "ေက်းဇူးပါ"

ေလွပိုင္ရွင္ : ?

Live roomထဲက ပရိသတ္ေတြကေတာ့ ရယ္ကုန္ၾကေလၿပီ :

"ဖုေလာင္ရွီးက အရမ္းဆိုးတာပဲ"

"မင္းကိုသရဲပဲယုံလိမ့္မယ္"

"ငါကလည္း ဒီ႐ြာကပါပဲ။ ဘယ္လိုလုပ္ၿပီး ဒီစကားကို မၾကားမိပါလိမ့္ေနာ္?"

"ေဆြ႕ေဆြ႕ မင္းသူ႔ကို ျမန္ျမန္႐ိုက္လိုက္ပါ ဟုတ္ၿပီလား? !"

____________________

Word –4104

February 3, 2024 (Sat)

Xiao Dream

Good night❤

Continue Reading

You'll Also Like

1.1M 57.6K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
375K 46.6K 36
Raising Children in Ancient County Town Chinese Title - 在古代县城养儿_欲来迟 Original Author - 欲来迟 English Translator - Erishi An Status -35chapters (complete...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
258K 24.7K 74
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...