Chapter - 63.1

10.8K 1.9K 213
                                    

Unicode

အန်းရန်ရဲ့ခွန်အားက အဖွဲ့သားတွေနဲ့ကိုက်ညီတယ်
_____________________________________________

ရှန်ရှင်းဆွေ့ဖုန်းကိုကိုင်ထားရတာ လက်ပူစေတဲ့အာလူးပူပူတစ်လုံးကိုကိုင်ထားရသလိုပဲ။

ဝမ်မိန်စန့် သူ့ကိုစူးစမ်းစွာကြည့်နေခဲ့တယ်။ ရှန်ရှင်းဆွေ့လက်ကို နောက်နည်းနည်းပြန်ရုတ်လိုက်ပြီး ထစ်ထစ်အအနဲ့ပြောလာတယ် "ဝမ်ကျဲ ကျွန်တော်ကျဲကို ပေးမပြချင်တာမဟုတ်ပါဘူး ဒီအရံအကောင့်က ကျွန်တော်လည်းသိပ်မသုံးဘူးလေ ဒီနေ့ကိစ္စရှိတော့မှာပြန်သုံးဖြစ်တာဆိုတော့ ကျဲ......"

သူတကယ်ဆန္ဒမရှိဘူးဆိုတာ ဝမ်ကျဲသိလိုက်ရတယ်။

အစကတည်းက သူလည်းမဖြစ်မနေကြီး ကြည့်ရမှမဟုတ်ပါဘူး။ ဒါပေမဲ့ရှန်ရှင်းဆွေ့ရဲ့ ဒီလိုကွယ်လိုက်ဝှက်နေတဲ့ပုံစံမျိုးက သူရဲ့စူးစမ်းချင်စိတ်ကို နှိုးဆွပေးနေတယ်။ ဒါပေမဲ့မျက်စိရှေ့က အနုပညာရှင်ကတောင် ဒီလိုခုခံလာမှတော့ သူလည်းလူဆိုးလုပ်ဖို့ မသင့်တော်တော့ဘူး။

ဝမ်မိန်စန့်ပြုံးလိုက်ပြီး "ရပါတယ် မင်းမှာတကယ်ပဲအခက်အခဲရှိနေတာဆိုတော့လည်း ထားလိုက်ပါတော့"

ရှန်ရှင်းဆွေ့အဲဒီတော့မှ သက်ပြင်းချလိုက်နိုင်တော့တယ်!

အရံအကောင့်လေးဆီပြန်ရောက်တော့ အရင်ကအမှတ်တရတွေ အများကြီးပြန်တွေ့လိုက်ရတယ်။ သူနောက်ဆုံးတင်ထားတဲ့ပို့စ်က လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဖြစ်တယ်။ အဲဒီအချိန်တုန်းက ဖုကျင်းရှောင်းနောက်တစ်ကြိမ် 'ရွှေဆုသုံးဆု'ရခဲ့တာဖြစ်တယ်။ သူကဂုဏ်ပြုဖို့အတွက် blogတစ်ခုတင်ခဲ့တာဖြစ်ပြီး အရမ်းဂုဏ်ယူမိနေခဲ့တယ်။ အောက်မှာလည်း သူနဲ့အတူဂုဏ်ပြုပေးခဲ့တဲ့ အင်တာနက်သုံးစွဲသူတွေရှိနေသေးတယ်။ မှတ်ချက်တော်တော်များများက လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်လောက်ကဖြစ်တယ်။ ဒါပေမဲ့ကြည့်ရတာတော့ မနေ့ကအတိုင်းပဲ :

"ကောကောကအတော်ဆုံးပဲ"

"သခင်မက ပထမဆုံးတင်လိမ့်မယ်ဆို ငါသိသားပဲ ဝူးဝူး"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now