Chapter - 32

12.2K 1.9K 109
                                    

Unicode

ရုပ်ရှင်ဧကရာဇ်ဖုရဲ့ ထမင်းတစ်နပ်ဖိတ်ခေါ်မှု
________________________________________

ဒီနေ့ကတကယ်တော့ တစ်ခြားအချိန်တွေနဲ့ မတူဘူး။

မနေ့ကအဖွဲ့တိုင်းကို ပြင်ဆင်မှုလုပ်နိုင်ဖို့အတွက် မရိုက်ကူးလေဘူး။ ဒီနေ့ကတော့ မတူတော့ဘူး။ ဒီနေ့စပြီးရိုက်ကူးပြီဖြစ်တယ်။ ပြိုင်ပွဲဝင်တွေရဲ့ ပြင်ဆင်မှုကို တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်တယ်။

မနက်အစောကတည်းက ကျောင်းသားတွေက လေ့ကျင့်ရေးအခန်းထဲကို ရောက်နေကြပြီဖြစ်တယ်။

လီရွှိအန်းကယုံကြည်မှုအပြည့်နဲ့ဖြစ်တယ်။ ဒါပေမဲ့အန်းရန်နဲ့ကျိုးရွှင်တို့ကတော့ မျက်နှာသိပ်ကောင်းမနေကြဘူး။ ဒါပေမဲ့လီရွှိအန်းကတော့ သတိမထားမိလိုက်ဘူး။ သူမနက်အစောကြီးကတည်းကထနေပြီး မိတ်ကပ်ပြင်ဆင်ပြီးသွားပြီ။ ဒီနေ့ပရိသတ်တွေရှေ့မှာ သူ့ရဲ့ဖန်တီးမှုပါရမီကောင်းကို ကောင်းကောင်းပြသချင်လို့ ဖြစ်တယ်။

ကင်မရာမန်းက ကင်မရာစဖွင့်လိုက်တဲ့နောက်မှာ ကျောင်းသားတွေစုလိုက်တယ်။

သူတို့အဆင့်သတ်မှတ်ရမှာဖြစ်တယ်။ တကယ်တော့အစောကတည်းက သီချင်းနဲ့ခေါင်းဆောင်ကိုရွေးပြီးသားပေမဲ့ ဒါကိုပရိသတ်တွေဆီ ပြရအုန်းမှာပဲလေ။

သူတို့အုပ်စုက ကြမ်းပြင်ပေါ်မှာဝိုင်းပြီးထိုင်နေကြတယ်။ ကျိုးရွှင်ကအရင် စကားစလာတယ် "မနေ့ကမင်းတို့ သီချင်းတွေရေးပြီးကြပြီမလား အခုထုတ်ယူလာပြီး ငါတို့စပြီးမဲပေးရအောင်"

လီရွှိအန်းက 'တိုက်ပွဲအထွတ်အထိပ်'ကို ထုတ်ယူလာတယ်။

ကျန်ရှင်းဆွေ့ကလည်း 'အလင်းမှိန်မှိန်'ကို စားပွဲပေါ်ချလိုက်တယ်။ သူကရလဒ်ကိုသိပြီးသားဆိုတော့ ဘာမျှော်လင့်ချက်မှထားမနေတော့ဘူး။

လီရွှိအန်းက ယုံကြည်ချက်အပြည့်နဲ့ "အဲ့တာဆို အားလုံးကျွန်တော်တို့နှစ်ယောက်ရဲ့ သီချင်းကိုကြည့်ပေးကြပါအုန်း ပြီးတော့မဲပေးပေးကြပါ"

တကယ်လို့ ဘာမတော်တဆမှမရှိခဲ့ရင် မနေ့ကနဲ့အတူတူပဲဖြစ်မှာ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now