Chapter - 103

6.9K 1.3K 116
                                    

Unicode

အကောင့်တုအား ဖော်ထုတ်ခြင်း
_____________________________

ဒီသတင်းပျံ့နှံ့သွားပြီးနောက် ပွက်လောရိုက်သွားတော့တယ်။

ရှန်ရှင်ဆွေ့တင်မဟုတ်ဘဲ လူတွေအားလုံး အံ့အားသင့်ကုန်တော့တယ်။ စင်ပေါ်မှာရှိနေတဲ့ ဖုကျင်းရှောင်းတစ်ယောက်ပဲ အတည်ငြိမ်ဆုံးဖြစ်နေလေတယ်။ သူအပြုံးလေးနဲ့ စင်အောက်ကို ကြည့်နေတယ်။ စတိတ်စင်တွေကို ခွဲခွာတော့မဲ့ကိစ္စအတွက်၊ အနုပညာလောကကို နှုတ်ဆက်တော့မဲ့ကိစ္စအတွက် သူ့မျက်နှာပေါ်မှာ နာကျင်မှုနဲ့နှမြောသတဖြစ်မှုတွေ နည်းနည်းလေးမှ ထွက်ပေါ်မလာလေဘူး။ ပြီးခဲ့တဲ့နှစ်တွေက စင်ပေါ်မှာ ပထမဆုံးရပ်ခဲ့တုန်းကလိုပဲ ထူးခြားမှုမရှိလေဘူး။

သတင်းထောက်တွေလည်း နောက်ဆုံးတော့ မထိန်းနိုင်တော့ဘဲ မေးလိုက်တော့တယ် "ဖုလောင်ရှီး ဒါကလောင်ရှီး ရုတ်တရက်ချလိုက်တဲ့ ဆုံးဖြတ်ချက်များလား?"

"မဟုတ်ဘူး" ဖုကျင်းရှောင်း ပြုံးလိုက်တယ် "စဥ်းစားနေတာကြာပါပြီ"

ဒီစကားက ဒီအချိန်အပိုင်းအခြားကို ရပ်တန့်စေလိုက်သလိုပဲ။

အချစ်ရေးကို ကြေငြာလိုက်ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာလိမ့်မယ်လို့ တစ်ချို့ဖန်တွေက ထင်ကြတာကြောင့် ဖန်အဖြစ်ကနေ နှုတ်ထွက်မယ်လို့ပြောပြီး ဖိအားပေးကြတယ်။ အနောက်မှာ ပူးပေါင်းကြံစည်မှုတွေရှိကြောင်း ပြောလာကြတဲ့သူတွေလည်း သေချာပေါက်ရှိတာပေါ့။ ဒါပေမဲ့ သူကတော့ မကြောက်ဘူး။ သူကအေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ဖြစ်တယ်။ ဟိုးအရင်နှစ် သူအနုပညာလောကထဲ ဝင်ရောက်ချင်ခဲ့တဲ့ အချိန်တုန်းက တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်လာသလိုမျိုးပဲ။ အခုထွက်သွားတော့မယ်ဆိုတော့လည်း အဲဒီပြောင်လက်တောက်ပနေတဲ့ ဂုဏ်ပုဒ်တွေကို နှမြောနေမှာမဟုတ်ဘူး။

သတင်းထောက်တွေက တစ်ယောက်ပြီးတစ်ယောက် မေးခွန်းတွေမေးလာကြတယ် :

"ဖုလောင်ရှီး မေးပါရစေ။ လောင်ရှီးက အချစ်ရေးကြောင့်မလို့ အနုပညာလောကထဲက နှုတ်ထွက်တာလားရှင့်?"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now