Chapter - 97

7.7K 1.3K 82
                                    

Unicode

အချစ်လေးကို ကာကွယ်ပေးတဲ့ ရုပ်ရှင်ဧကရာဇ်ဖု
___________________________________________

အဲဒီအချိန်မှာပဲ ဖုကျင်းရှောင်းရဲ့မျက်လုံးတွေကနေ ဒီဇိုင်နာဟာ ဉာဏ်အလင်းပေါက်သွားခဲ့တယ်။

ဒီလိုနားလည်သဘောပေါက်မှုမျိုးကို တစ်ဘဝလုံးမရှိခဲ့ဖူးဘူး။ သူက သေခြင်းနဲ့ရှင်ခြင်း ကြားအချိန်မှာပဲ စကားပြောင်းပြောလိုက်တယ် "တကယ်တော့ ကျွန်မအမြင်လည်း အဲ့လောက်လိုက်ဖက်မနေပါဘူး ရိုက်ထားတဲ့ဓာတ်ပုံတွေကိုပဲ ဖုကောကြည့်လိုက် အလုပ်အတွက်ပဲဆိုတာ သိသာပါတယ် cpခံစားချက် နည်းနည်းလေးမှ မရပါဘူး"

ဖုကျင်းရှောင်း အေးစက်စွာရယ်လိုက်တယ် "ရှန်ရှင်းဆွေ့က ဓာတ်ပုံမရိုက်တတ်ဘူးလို့ မင်းပြောချင်တာလား?"

! !

ဒီဇိုင်နာလေးလည်း အေးစက်တဲ့လေထုကို နှလုံးသားထဲကနေကို ခံစားမိနေနိုင်တယ်။ သူအလျင်အမြန် ခေါင်းခါလိုက်တယ် "သေချာပေါက် မဟုတ်ဘူးပေါ့ ဆွေ့ဆွေ့ကအရမ်းချောတာပဲကို!"

ဖုကျင်းရှောင်း သူ့ကိုမျက်လုံးမှေးကျဥ်းကာ ကြည့်လိုက်တယ်။ သူ့အကြည့်ကြောင့် ဒီဇိုင်နာလေးထိတ်လန့်အေးစက်သွားရတယ်။ ဒါအပြင် သူဒီနေ့ပဲ တွင်းတစ်ခု ရှာထားလိုက်ရတော့မယ်လို့ ထင်နေမိတော့တယ်။ သူ့ကို ဘယ်နားမှာ မြှုပ်ရမလဲဆိုတာ ကြည့်ဖို့လေ။

အဲဒီအချိန်မှာပဲ အနောက်ကဖေးဖေးက လှမ်းပြောလိုက်တယ် "ဖုကော မိန်စန်းကျဲရဲ့ဖုန်းပါ"

ဖုကျင်းရှောင်း အကြည့်တွေကိုပြန်သိမ်းလိုက်ပြီး ခေါင်းမော့ကာ လက်ဆန့်ပေးလိုက်တယ် "ယူလာခဲ့"

ရုပ်ရှင်ဧကရာဇ်ဖုက ဖုန်းဖြေဖို့ထွက်သွားတော့မှပဲ အခန်းထဲကလူတွေ သက်ပြင်းချလိုက်နိုင်တော့တယ်။ သူတို့တွေအချင်းချင်း ကြည့်လိုက်မိကြပြီး ဒီထဲကမူမမှန်မှုကို အားလုံးသတိပြုမိကြတယ်။

သူတို့အားလုံး ဖေးဖေးကို ကြည့်လိုက်မိကြတယ်။

ဖေးဖေးက ညီအစ်မတွေကို မျက်လုံးတစ်ဖက်မှိတ်ပြပြီး အပြုံးလေးနဲ့ပြောလိုက်တယ် "သံသယပဲဝင်ပြီး အပြင်ကိုပြန်မပြောကြနဲ့နော်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now