Chapter - 18

12.2K 2K 87
                                    

Unicode

မင်းတို့နှစ်ယောက်ကရုပ်တော်တော်တူတာပဲ
___________________________

အန်းရန်တစ်ယောက်ပဲဒီလိုခံစားမိတာမဟုတ်လေဘူး။

Live roomထဲကပရိသတ်တွေကလည်း ပြောနေကြတယ် :

"မိဘတစ်ယောက်က ဆုံးမနေတဲ့အတိုင်းပဲ"

"အဖေအမေတွေဆီကနေ အဆူခံရလို့ကြောက်နေတဲ့ပုံလိုပဲ"

"ကြည့်ရတာစိတ်ဆိုးနေတယ်ထင်ရပေမဲ့ တကယ်တော့သူ့ရဲ့လှုပ်ရှားမှုတွေကို ချောမွေ့သွားအောင်ကူပေးနေတာပဲ"

"ငါ့ရဲ့ကောရေ ကြင်နာတတ်လိုက်တာ"

ဂျန်ရှင်းဆွေ့ ကကွက်တစ်ခုလုံးကို ချောချောမွေ့မွေ့နဲ့ လုပ်တတ်သွားတော့မှ ဖုကျင်းရှောင်းကကျေနပ်တော့တယ်။ သူက "မင်းရဲ့ပြဿနာကအားကိုမထိန်းတတ်တာပဲ အန်းရန်နဲ့နင်ဇယ်နဲ့ကအဆင်ပြေတယ် မင်းသူတို့ဆီကနေသင်ယူသင့်တယ်"

ဂျန်ရှင်းဆွေ့က အန်းရန်နာမည်ကိုကြားလိုက်ရတော့ ကြောင်သွားလေတယ်။

သေချာတာပေါ့။ ဇာတ်လိုက်shouနဲ့ ဇာတ်လိုက်gongနဲ့ကအချင်းချင်း ဆွဲဆောင်နေကြမှာပေါ့။ ဟုတ်တယ်မလား? သူကတုံးလွန်းပြီးကောင်းကောင်းတောင်မကနိုင်ဘူးလေ။ ဘာတွေများမျှော်လင့်နေသေးတာလဲ? အန်းရန်နဲ့တစ်ချက်ယှဉ်လိုက်ရင်ကို သူကပိုညံ့နေတာအသိသာကြီးကို။

ဂျန်ရှင်းဆွေ့သူ့အတွေးတွေကို ထိန်းလိုက်ပြီးတော့ ညင်သာစွာပြောလိုက်တယ် "သိပါပြီ"

သူ့ရဲ့အရည်အချင်းကနည်းလွန်းတယ်။ သူဖုံးကွယ်ထားလိုက်ပေမဲ့ သူ့အတွေးတွေကတော့ မျက်နှာပေါ်မှာပေါ်နေလေတယ်။ ဖုကျင်းရှောင်းကဘယ်လိုမြေခွေးအိုကြီးမလို့လဲ သူကမျက်ခုံးပင့်လိုက်ပြီ "မလုပ်ချင်ဘူးလား?"

ဂျန်ရှင်းဆွေ့ကဘယ်လုပ်ရဲပါ့မလဲ။ သူကအလျင်အမြန်ပဲ "လုပ်ချင်ပါတယ် လုပ်ချင်ပါတယ်"

ဖုကျင်းရှောင်းနှုတ်ခမ်းတွေကိုတွန့်ကွေးလိုက်တယ်။ ဒီကတုံးပေါက်လေးအလျင်အမြန် ပြန်ဖြေရှင်းနေတဲ့ပုံလေးက အရမ်းချစ်ဖို့ကောင်းလွန်းတယ်။ သူဘာလို့မှန်းမသိ တကယ်တော့ ဒီမှာရှိတဲ့သူတွေအားလုံးက ဂျန်ရှင်းဆွေ့ထက်ပိုတော်ပြီး လုပ်နိုင်စွမ်းလည်းပိုရှိတယ်။ ဒါပေမဲ့ဖြစ်နိုင်တာက ဒီလိုလူမျိုးတွေကများလွန်းလို့ ကတုံးပေါက်လေးလိုမျိုး တုံးအပြီး ထူးထူးခြားခြားသူမျိုးက မျက်လုံးထဲဝင်လာတာနေမှာ။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now