Chapter - 43.2

13.3K 2.3K 296
                                    

Unicode

မင်းကငါတို့သားအရင်းမဟုတ်ဘူး
_______________________________

တစ်ခြားတစ်ဖက်မှာတော့

ဆေးရုံမှာ

ကျန်ရှင်းဆွေ့က ကျန်းရှောင့်ယန်ဘေးမှာ စောင့်ပေးနေတာဖြစ်တယ်။ မကြာသေးခင်ကမှ ကျောက်ကပ်ဆေးထားတဲ့ ကျန်းရှောင့်ယန်က အားနည်းလို့နေလေတယ်။ ကျန်ရှင်းဆွေ့က သူ့ကိုအစာစားဖို့ ဂရုစိုက်ပေးနေရတာဖြစ်တယ်။ သူနူးညံ့စွာမေးလိုက်တယ် "အဖေခဏလောက်နားမလား ဒါမှမဟုတ် တစ်ခုခုစားမလား?"

ကျန်းရှောင့်ယန်သူ့ဘေးက လူငယ်လေးရဲ့မျက်နှာကို ကြည့်နေပြီးတော့ မျက်လုံးထဲမှာ မျက်ရည်အချို့ဝဲနေလေတယ် "ဆွေ့ဆွေ့ အဖေအိပ်လို့လည်းမပျော်ဘူး စားလို့လည်းမဝင်ဘူး....."

ကျန်ရှင်းဆွေ့လည်း သူ့ရဲ့ပိန်သွားတဲ့ခန္ဓာကိုယ်ကိုကြည့်ရင်း စိတ်ပူစွာနဲ့ "အဲ့လိုတော့ဘယ်လိုလုပ်ဖြစ်မှာလဲ အဖေ့ခန္ဓာကိုယ်အခြေအနေက ဒီလိုလုပ်လို့မရနေဘူးလေ"

"အဖေအခုတစ်လောလေ အမြဲတမ်းနီးပါး အိမ်မက်မက်တယ် မက်တာတော့ ကိစ္စတွေအများကြီးပဲ" ကျန်းရှောင့်ယန်တကယ်တော့ ရှင်သန်ရင်းသဘောပေါက်လာခဲ့တယ်။ သူအန်းရန်အပေါ်ချစ်ပေမဲ့ သူနေမကောင်းဖြစ်နေတာ ဒီလောက်ကြာတာတောင် အန်းရန်ကတစ်ခေါက်လာမကြည့်ဖူးဘူး။ သူဘာကိုနားမလည်ဘဲ ရှိရဦးမှာလဲ။ အပြန်အလှန်အနေနဲ့ ဒီကလေးကျန်ရှင်းဆွေ့ကတော့ တစ်လျှောက်လုံးအဖော်ပြုပေးနေခဲ့တယ် "အဖေငယ်ရွယ်တုန်းက ကိစ္စတချို့ကို အိမ်မက်မက်ခဲ့တယ် အဲ့အချိန်တုန်းက အဖေကျန်းရှာကိုစပြီး သိကာစပဲရှိသေးတယ် သူမကဆေးရုံက သူနာပြုလေး အဖေကတော့ စားသောက်ဆိုင်တစ်ခုဖွင့်ထားတယ် အဖေသူမကိုနေ့တိုင်း ထမင်းပို့ပေးတယ် သူမစားရင်းနဲ့စွဲလမ်းသွားပြီး အဖေ့ကိုလက်ထပ်လိုက်တာပဲ"

ကျန်ရှင်းဆွေ့လည်း ပြုံးလိုက်ရင်း "အတော်လေး romanticဆန်တာပဲ"

ကျန်းရှောင့်ယန်ရဲ့ မျက်လုံးအောက်ခြေမှာ ခါးသက်သက်အပြုံးလေး ရှိနေတယ် "ဒါပေမဲ့နောက်ပိုင်းမှာတော့ အဖေနဲ့သူမ ကိစ္စတွေအများကြီး မှားယွင်းခဲ့မိကြတယ် ဒီဘဝမှာပြန်ပေးဆပ်နိုင်ဦးမလားဆိုတာလည်း မသေချာတော့ပါဘူး....."

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီKde žijí příběhy. Začni objevovat