Chapter - 77.2

10.6K 1.8K 261
                                    

Unicode

ကိုယ်နဲ့တွဲနိုင်လား
_________________

အခုရိုက်ကူးရေးအဖွဲ့က liveပြန်လွှင့်ပြီဆိုတော့ နှစ်သစ်ကူးရက် အိမ်မှာအားနေကြတဲ့လူတွေအားလုံး liveထဲမှာတက်ကြွနေကြပြီး ပထမဆုံးဖရဲသီးစိုက်ပျိုးသူတွေလုပ်နေကြလေတယ်။

ရှန်ရှင်းချန် ကားပေါ်ကဆင်းလိုက်ပြီးနောက် အံ့အားသင့်စွာပြောလိုက်တယ် "ဝါး အကွေ့အကောက်များလိုက်တဲ့ တောင်တက်လမ်းတွေဟ"

"အဲ့တာကမြို့ငယ်လေးလေ" ရှန်ရှင်းဆွေ့ မလှမ်းမကမ်းတစ်နေရာကို လက်ညှိုးညွှန်ပြရင်း ပြောလိုက်တယ် "ကြည့်ရတာ ရှေးကျတဲ့အဆောက်အအုံတစ်ခုခုထင်တယ်"

သစ်သားအိမ်လေးတွေ၊ အပြာရောင်အုတ်ကြွပ်အမိုးလေးတွေနဲ့ နှစ်ထပ်အိမ်ငယ်လေးတွေက တောင်တန်းကြားမှာ ပြန့်ကျဲနေလေတယ်။ တောင်ပေါ်ကိုဖုံးလွှမ်းနေတဲ့ တိမ်တွေ၊မြူခိုးတွေက နတ်ပြည်အလားဖြစ်နေစေတယ်။ ကြည့်ရတာနဲ့ တိတ်ဆိတ်သာယာနဲ့နေရာလေးမှန်း သိနိုင်တယ်။

အနောက်ကနေ အသံတစ်သံပျံ့လွင့်လာခဲ့တယ် "မလာခင်တုန်းက မြောင်လူမျိုးစုဘက်မှာ ရိုက်ကူးရေးလာလုပ်ရလိမ့်မယ်လို့ ခန့်မှန်းထားတာ တကယ်ဖြစ်နေမယ်လို့ မထင်ထားမိဘူး!"

အံ့အားသင့်နေတဲ့အသံက အနောက်ကနေပျံ့လွင့်လာခဲ့တယ်။

ရှန်ရှင်းဆွေ့နဲ့ ရှန်ရှင်းချန် နောက်လှည့်ကြည့်လိုက်တော့ ထူရာလောင်ရှီးနဲ့ လီလောင်ရှီး အတူတူလျှောက်လာတာကို တွေ့လိုက်ရတယ်။ သူတို့လည်း မျက်စိရှေ့က လှပတဲ့ရှုခင်းကို သဘောကျနေပုံရပြီး အဆွဲဆောင်ခံလိုက်ရတဲ့ အမူအရာမျိုးဖြစ်နေကြလေတယ်။

အနောက်မှာ တခြားဧည့်သည်တွေလည်း ရောက်လာကြပြီဖြစ်တယ်။

အန်းရန်ရောက်လာတဲ့အချိန်မှာ ကိတ်မုန့်လေးတွေဘာလေးတွေယူလာပြီး အားလုံးကိုရက်ရက်ရောရောပေးနေလေတယ် "ဒါကကျွန်တော့်ပါသာလုပ်ထားတာ အားလုံးတစ်နေကုန်လေယာဥ်စီးထားရတော့ ဗိုက်ဆာနေပြီလား အကုန်လုံးအတူတူစားလို့ရတယ်နော်"

ရှန်ရှင်းဆွေ့ကို ပေးလာတဲ့အချိန်ရောက်တော့ သူပြောလိုက်တယ် "ကျေးဇူးပါ ဒါပေမဲ့ ငါပါသာစားစရာယူခဲ့တယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now