Chapter - 106

8.4K 1.2K 26
                                    

Unicode

သရဲအိမ်မှယောကျ်ားတို့၏စွန့်စားမှု

________________________________

ရှန်ရှင်းဆွေ့ကတော့ screenပေါ်က အင်တာနက်သုံးစွဲသူတွေရဲ့ စိတ်ကောင်းစေတနာကို မမြင်နိုင်ခဲ့လေဘူး။ ဒေသိယျစကားကို နားမလည်တဲ့အတွက် နည်းနည်းတော့အားငယ်သွားပေမဲ့ စိတ်အခြေအနေကတော့ ကောင်းမြဲကောင်းဆဲပဲဖြစ်လေတယ်။

ဒီငါးဖမ်းလှေက သတ်မှတ်ထားတဲ့နေရာကိုရောက်တော့ ရပ်တန့်လိုက်တော့တယ်။ ထို့နောက် လှေပေါ်က တံငါသည်ဦးလေးက ပင်လယ်ဘက်ကိုညွှန်ပြပြီး ပြောလာတယ် "ဒါက ငါတို့ပုံမှန်ပိုက်ချတဲ့နေရာပဲ၊ အခုက ဆောင်းရာသီဆိုပေမဲ့ ငါးကတော့ တော်တော်များတယ်၊ အထူးသဖြင့် အခုက ငါးရှဥ့်ရာသီပဲ၊ ငါတို့နေ့တိုင်း ဒီနေရာကိုလာပြီး ကံကောင်းမကောင်းစမ်းကြတယ်"

ဖုကျင်းရှောင်းလည်း သူတို့နဲ့အတူ လှေအပြင်ဘက်ကို ထွက်ပြီးတော့ သူတို့ခဏနေ ပိုက်ချမဲ့နေရာကို ကြည့်နေတယ်။

ရှန်ရှင်းဆွေ့လည်း ထွက်လာချင်လေတယ်။ တကယ်တော့ ဒီနေရာရဲ့ရာသီဥတုက အရမ်းမအေးဘူး။ ဒါအပြင် ဒီနေရာက ပြည်တွင်းမှာ ဆောင်းရာသီ အလည်အပတ်သွားဖို့အတွက် အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ထားခံရတာဖြစ်တယ်။ ဒါပေမဲ့ နွေးထွေးတဲ့ရွာကနေထွက်လာပြီး လှေက ပင်လယ်ဘက်ကို ပိုပိုရောက်လာလေလေ၊ ပင်လယ်လေတွေ ပိုပြင်းလာပြီး လူကိုတိုက်ခတ်ချိန်မှာ အေးစက်စက်ဖြစ်နေတော့တယ်။ သူလှေထဲကနေ ထွက်လာတဲ့အချိန် မထိန်းချုပ်နိုင်ဘဲ နှာချေလိုက်မိတော့တယ်။

ဖုကျင်းရှောင်း သူ့ကိုလှည့်ကြည့်လာပြီး မျက်မှောင်ကြုတ်လိုက်တယ်။ သူကအသံတိုးနဲ့ "ဘာလို့ထွက်လာတာလဲ ပြန်ဝင်နေ"

ရှန်ရှင်းဆွေ့ ခေါင်းခါလိုက်တယ် "ကျွန်တော်ကြည့်ချင်လို့"

နောက်ဆုံးတော့ သူ့အပျော်တွေကို မဖျက်ချင်တာကြောင့် ဖုကျင်းရှောင်း သူ့ဆီလျှောက်လာခဲ့တယ်။ အမျိုးသားက အရင်ကဇာတ်ကားရိုက်ရင်းနဲ့ ဒဏ်ရာတွေအများကြီးရခဲ့ဖူးတာကြောင့် ရိုက်ကူးရေးအဖွဲ့က သူတို့လှေပေါ်မတက်ခင်တုန်းက ရေနွေးအိတ်တစ်အိတ် ပေးလိုက်လေတယ်။ သူအနားရောက်လာပြီး အဲဒီရေနွေးအိတ်ကို ရှန်ရှင်းဆွေ့ လက်ထဲထည့်ပေးလိုက်တယ်။ သူအသံတိုးနဲ့ ပြောလာတယ် "ခဏလောက်ကြည့်ပြီးရင် ပြန်ဝင်တော့"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီTempat cerita menjadi hidup. Temukan sekarang