Chapter- 71.1

10.2K 1.9K 150
                                    

Unicode

သတို့သားလောင်းဖုကျင်းရှောင်း
________________________________

ဒီပို့စ်နှစ်ခုကို သီးခြားစီခွဲကြည့်မယ်ဆိုရင် ဘာသက်ဆိုင်မှုမှလည်း ရှိမနေသလို ဘာပြဿနာမှလည်း ရှိမနေဘူး။ ဒါပေမဲ့ ပို့စ်နှစ်ခုကို ယှဥ်တွဲကြည့်လိုက်ရင်တော့ အခြေအနေတွေက စိတ်ဝင်စားစရာအဖြစ် ပြောင်းလဲသွားတော့တယ်!

အစတုန်းက အကုန်လုံးက အိုင်ဒေါပိုစ့်အသစ်တင်လာတဲ့ ပျော်ရွှင်မှုထဲမှာပဲ နစ်မြုပ်နေခဲ့တာဖြစ်တယ်။ ချွဲနေကြတဲ့ ရှန်ရှင်းဆွေ့ရဲ့ဖန်တစ်ချို့လည်း သေချာပေါက်ရှိကြတာပေါ့ :

"ဝူးဝူး ဘာလို့selfieပုံမဟုတ်ရတာလဲ"

"ဆွေ့ပေါင် ဖျော်ဖြေပွဲတုန်းကလည်း နောက်ကျောလည်းပဲမြင်ရတယ် ကျဲကျဲကို လွမ်းသေစေချင်လို့လား"

"selfieပုံလေး လိုချင်မိတုန်းပဲ"

"ပြတင်းပေါက်အပြင်ဘက်က မီးရှူးမီးပန်းတွေက အရမ်းလှတာပဲ ဆွေ့ဆွေ့ နှစ်သစ်မှာပျော်ရွှင်ပါစေ"

ရှန်ရှင်းဆွေ့ရဲ့ပိုစ့်အောက်မှာက သင့်လျော်နေသေးတယ်။ အားလုံးက မကျေနပ်မှုလည်းနည်းနည်းရှိနေပေမဲ့ နောက်ဆုံးမှာ အဆင်ပြေနေဆဲပဲ။

ဒါပေမဲ့ ရုပ်ရှင်ဧကရာဇ်ဖုရဲ့ပို့စ်အောက်မှာကတော့ အဲ့လောက် သဟဇာတဖြစ်မနေခဲ့ဘူး။ အနည်းဆုံးတော့ ရှန်ရှင်းဆွေ့က လှပတဲ့မီးရှူးမီးပန်းပုံ တင်ခဲ့တာမလို့ ဘာမှမှားယွင်းမနေခဲ့ဘူး။ ဒါပေမဲ့ ရုပ်ရှင်ဧကရာဇ်ဖုကကျတော့ အရမ်းရုပ်ဆိုးတဲ့အန္တရာယ်ကင်းအဆောင်ကို တင်ခဲ့တယ်လေ!

"ကောကော ဒါကဘာလုပ်တာတုန်း?"

"ငါ မကောင်းတဲ့အငွေ့အသက်တွေ ခံစားမိနေသလိုပဲ"

"အရင်တစ်ခေါက်က နားမလည်နိုင်လောက်တဲ့ အရာတွေတင်ခဲ့တဲ့ အိုင်ဒေါက အခုတော့ အိမ်ထောင်ရေးနန်းတော်ထဲဝင်သွားပြီ"

"မဖြစ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူး (အပြင်းအထန်ခေါင်းခါ)"

ကိုယ်ပါကိုယ်တွေးနေတာ အရမ်းလွန်သွားပြီ၊ ခန့်မှန်းတာမှားသွားပြီလို့ အားလုံးထင်လိုက်တဲ့အချိန်မှာပဲ ဉာဏ်ကောင်းပြီးထက်မြက်တဲ့ လူတွေက ဒီပို့စ်နှစ်ခုကို ချိတ်ဆက်မိလိုက်ကြတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now