Chapter - 89.1

7.7K 1.3K 38
                                    

Unicode

ပါပါရာဇီတွေရဲ့ဓာတ်ပုံ
_____________________

အန်းရန်ရဲ့အကြံပေးချက်ကို ကျန်းချီမယုံရဲဘူး။

သူက ခံစားချက်ရဲ့ခွန်အားကို ယုံကြည်တယ်။ အဲဒီလိုကောက်ကျစ်တဲ့နည်းတွေကို စဥ်းလည်းမစဥ်းစားဖူးသလို လုပ်လည်းမလုပ်ရဲဘူး။ ဒါပေမဲ့ထူးဆန်းစွာပဲ ဘာကြောင့်မှန်းမသိ အန်းရန်ရဲ့အိတ်လေးကို သူလက်ခံလိုက်မိတယ်။ အဲဒီအိတ်ထဲမှာထည့်ထားတဲ့ပစ္စည်းက အလေးချိန်သိပ်မများဘူး။ ဒါပေမဲ့ သူ့အိတ်ကပ်ထဲထည့်လိုက်တဲ့အချိန် အလွန်လေးသယောင်ဖြစ်နေပြီး သူ့ကိုအသက်ရှူရ ခက်ခဲလာစေတယ်။

ညနေခင်းအချိန်ရောက်တော့ ရှန်ရှင်းဆွေ့လည်း ပြန်လာခဲ့တယ်။

သူတို့နှစ်ယောက် လမ်းဘေးဆိုင်လေးမှာ ပြန်တွေ့ဆုံမိခဲ့ကြတယ်။ ညနေခင်းရဲ့ ပင်လယ်လေက အနည်းငယ် အေးစက်လှတယ်။ ရှန်ရှင်းဆွေ့ရဲ့လက်ထဲမှာ အိတ်တွေကိုင်ထားဆဲဖြစ်ပြီး အထဲမှာက စားစရာသောက်စရာတွေ အများကြီးပဲဖြစ်တယ်။

သူ့ကိုမြင်တဲ့အချိန်မှာ ရှန်ရှင်းဆွေ့က လက်ဝှေ့ယမ်းပြလာတယ်။

ကျန်းချီက ခြေလှမ်းသေးသေးနဲ့ပြေးသွားလိုက်ပြီး ပြောလိုက်တယ် "ဆွေ့ဆွေ့ ဘယ်လိုလုပ်ပြီး ဒီလောက်ပစ္စည်းတွေ အများကြီးဝယ်လာခဲ့တာလဲ?"

ရှန်ရှင်းဆွေ့ ပြုံးရယ်ကာပြောလိုက်တယ် "ဒီတိုင်းပတ်ကြည့်လိုက်တာ ဒီမြို့မှာအထူးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေအများကြီးရှိတယ် အဲ့တာကြောင့် ငါနည်းနည်းဝယ်လာခဲ့လိုက်တာ ပြန်ရောက်ရင် အဖေတို့အမေတို့နဲ့သူငယ်ချင်းတွေကို ပေးရအောင်လို့လေ"

အရင်ကတည်းက ရှန်ရှင်းဆွေ့က တခြားသူတွေအတွက် အများကြီးတွေးပေးတတ်တဲ့သူဆိုတာကို ကျန်းချီသိလေတယ်။

အခုလိုမျိုး အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေအတွက် လက်ဆောင်တွေနဲ့ အထူးထုတ်လက်ရာတွေကို ပေးတတ်တယ်။ သူပထမဆုံးစဥ်းစားမိတာက သူကိုယ်တိုင်အတွက်မဟုတ်ဘဲ သူ့ဘေးကလူတွေအတွက်ဖြစ်တယ်။

ကျန်းချီက အနည်းငယ်လှုပ်ရှားသွားပြီး အသံတိုးနဲ့ပြောလိုက်တယ် "ငါကူကိုင်ပေးမယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now