Chapter - 79

10.2K 1.6K 108
                                    

Unicode

ဆွေ့ဆွေ့သတို့သားလောင်းဖြစ်လာခြင်း
______________________________________

အဖွဲ့တွေအကုန်လုံးနီးပါး နာမည်စာရင်းပေးလိုက်ကြတယ်။

တခြားအကြောင်းအရင်းတော့မရှိပါဘူး။ အကြီးမားဆုံးအကြောင်းပြချက်ကတော့ ဧည့်သည်တွေအကုန်လုံး ရိုက်ကူးရေးလာလုပ်ကြချိန် ရိုက်ကူးရေးအဖွဲ့က ခန္ဓာကိုယ်ပေါ်ကပစ္စည်းတွေအကုန် သိမ်းယူသွားတာကြောင့်ဖြစ်တယ်။ ဧည့်သည်တော်တော်များများမှာ ပိုက်ဆံမကျန်တော့တာကြောင့် စားသောက်ဆိုင်တွေ့ရင်တောင် စားသောက်ဖို့ပိုက်ဆံမရှိကြဘူး။ တကယ်လို့ မျက်နှာအရေထူပြီး ရွာသားတွေဆီက သွားတောင်းစားရင်တော့ရပေမဲ့ အဓိကပြဿနာက အလကားစားသောက်ရမှာထက်စာရင် ဂိမ်းကစားလိုက်တာက ပိုကောင်းတယ်။ အနည်းဆုံးတော့ ကိုယ့်စွမ်းဆောင်ရည်နဲ့ကိုယ် ရလာခဲ့တဲ့ဟာမဟုတ်လား။

ဒါရိုက်တာအဖွဲ့က ဂိမ်းစည်းမျဥ်းတွေကို စတင်မိတ်ဆက်ပေးလာတယ် "ငါတို့ဒီတစ်ခေါက် ကစားမဲ့ဂိမ်းကတော့ 'မင်းသရုပ်ဆောင် ငါခန့်မှန်းမယ်'လို့ခေါ်ပါတယ်"

ကွင်းပြင်အလယ်ကို နေရာအလွတ်အဖြစ် ရှင်းလင်းလိုက်လေတယ်။

ဒါရိုက်တာက ဖွဖွပြုံးကာ "အခုအဖွဲ့တစ်ဖွဲ့စီ အလှည့်ကျရှေ့တက်လာပေးပါ ကျွန်တော်တို့ရိုက်ကူးရေးအဖွဲ့က ရုပ်ရှင် ဒါမှမဟုတ် ဇာတ်လမ်းရဲ့နာမည်ကိုပေးပါမယ် မင်းတို့မှာသရုပ်ဆောင်ပြဖို့ ငါးမိနစ်အချိန်ရှိပါတယ် ဒီအချိန်ငါးမိနစ်အတွင်းမှာ သရုပ်ဆောင်ပြတဲ့ဇာတ်ကားထဲက ဇာတ်လိုက်ရဲ့နာမည်ကို တခြားအဖွဲ့တွေက ခန့်မှန်းရမှာပါ တစ်ခုမှန်တာနဲ့၅မှတ်ရမှာဖြစ်ပြီး ၁၀မှတ်ဆိုရင် ဟင်းတစ်ပွဲနဲ့လဲလှယ်လို့ရနိုင်ပါပြီ မှတ်ထားရမှာတစ်ခုက မင်းတို့သရုပ်ဆောင်ပြနေချိန် ဇာတ်လိုက်ရဲ့နာမည်ကို ထုတ်ပြောခွင့်မရှိပါဘူး ပြောလိုက်တာနဲ့ စည်းကမ်းဖောက်ဖျက်သလိုဖြစ်သွားမှာပါ"

ဒါရိုက်တာက တစ်ခွန်းထပ်ထည့်လိုက်တယ် "သေချာတာပေါ့ တကယ်လို့သရုပ်ဆောင်ပြနေချိန်အတွင်းမှာ ဇာတ်လိုက်ရဲ့နာမည်ထုတ်ပြောမိခဲ့ရင် စည်းကမ်းဖောက်ဖျက်တဲ့အနေနဲ့ အပြစ်ပေးခံရမှာပါ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now