Chapter - 94

8.4K 1.4K 169
                                    

Unicode

လူအိုကြီးရဲ့ရှက်ဒေါသ
_____________________
သူ့အမေရဲ့ မျက်နှာအပြောင်းအလဲမြန်မှုကြောင့် ရှန်ရှင်းဆွေ့ ဆွံ့အသွားရတယ်။

ဖုကျင်းရှောင်းက တကယ်တော့ သူ့ကိုသေတ္တာကိုင်ခိုင်းဖို့ အစီအစဥ်မရှိလေဘဲ ဘေးနားကဝူမားကို လှမ်းပေးလိုက်တယ်။ အိမ်ထိန်းက လက်ခံယူလိုက်ပြီးနောက် ဖုကျင်းရှောင်းက သတိထားရမဲ့အချက်တစ်ချို့ကို သတိထပ်ပေးလိုက်တယ်။

ရွှီအန်းကျန်းက အရှေ့မှာလိနာ့နဲ့ စကားတိုးတိုးပြောနေရင်း အငယ်နှစ်ယောက်က အနောက်ကနေ လိုက်သွားလေတယ်။

ရှန်ရှင်းဆွေ့ မျက်မှောင်ကြုတ်နေတာမြင်တော့ ဖုကျင်းရှောင်းက အသံတိုးနဲ့ပြောလိုက်တယ် "ကြည့်ရတာ ဦးလေးနဲ့ရှန်မင်လောင်က အထဲမှာရှိနေကြတာထင်တယ်"

ရှန်ရှင်းဆွေ့ အံ့အားသင့်စွာနဲ့ သူ့ကိုကြည့်ကာ ပြောလိုက်တယ် "ကောဘယ်လိုလုပ်သိတာလဲ"

ဖုကျင်းရှောင်း ပြောလိုက်တယ် "စောနက အန်တီကိုယ့်ကို ကြည့်တဲ့အကြည့်တွေကနေကို နည်းနည်းခန့်မှန်းမိပါတယ် ကိုယ်တို့ကိစ္စကို သူတို့သိသွားပြီလား?"

ရှန်ရှင်းဆွေ့ ခေါင်းဖွဖွညိတ်လိုက်တယ်။ သူက အပြစ်ရှိစိတ်နဲ့ တိုးတိုးလေးပြောလိုက်တယ် "အိမ်ကလူတွေကို ကျွန်တော်ပြောလိုက်တာ"

ကြိုမတိုင်ပင်ထားဘဲ ပြောလိုက်တာဆိုတော့ ရှန်ရှင်းဆွေ့ တကယ်တော့ စိတ်မသက်မသာဖြစ်နေမိတယ်။

သူ့ဘေးက အမျိုးသားက အသံတိုးနဲ့ရယ်လာလိမ့်မယ်လို့တော့ သူမထင်ထားမိဘူး။ ရှန်ရှင်းဆွေ့ ခေါင်းမော့ကာ သူ့ရဲ့ချောမောတဲ့မျက်နှာကို ကြည့်လိုက်တယ်။ ဖုကျင်းရှောင်းရဲ့မျက်နှာက နွေးထွေးနေပြီး သူကဖြည်းဖြည်းပြောလာတယ် "အစကတည်းက လူသိခံလို့မရတဲ့ ကိစ္စမှမဟုတ်တာ အစောကြီးကတည်းက ပြောသင့်နေတာကြာပြီ"

သူဒီလိုတုံ့ပြန်တာမြင်တော့ ရှန်ရှင်းဆွေ့ပိုစိတ်ချသွားရတယ်။

နောက်တော့ သူ့အဖေနဲ့ ကောကောရဲ့အမူအရာတွေကို ပြန်စဥ်းစားမိလိုက်ပြန်ရင်း အသံတိုးနဲ့ပြောလိုက်တယ် "ဒါပေမဲ့ ပါးပါးတို့က သိပ်ပြီးသဘောမတူတဲ့ပုံပဲ......"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီDär berättelser lever. Upptäck nu