Chapter - 42.2

12.6K 1.9K 123
                                    

Unicode

ပြန်လည်ကလဲ့စားချေခြင်း
_________________________

ကျန်ရှင်းဆွေ့ : "ဝမ်ကော"

ဝမ်ကော : "ရှင်းဆွေ့ရေ မနက်က hot searchကို မင်းကြည့်ပြီးသွားပြီလား?"

ကျန်ရှင်းဆွေ့ကြောင်အသွားကာ "ဘာhot searchလဲ?"

ဝမ်ကောကသက်ပြင်းချကာ "မင်းမသိသေးဘူးလား မြန်မြန်သွားကြည့်လိုက်ဦး"

ကျန်ရှင်းဆွေ့ချက်ချင်း Weiboထဲသွားပြီးကြည့်လိုက်တော့ hot searchဖြစ်နေတဲ့ဟာကို တွေ့လိုက်ရတယ် #ကျန်ရှင်းဆွေ့ အန်းရန်#

ကျန်ရှင်းဆွေ့ဒီစာသားကိုမြင်ကတည်းက မကောင်းတဲ့ခံစားချက်တွေ ရရှိနေပြီဖြစ်တယ်။ တခြားကြောင့်မဟုတ်ဘဲ အန်းရန်နဲ့ရောပြီး ထွက်ထွက်လာတဲ့အရာတိုင်းက ကောင်းတဲ့အရာမဟုတ်တတ်လို့ပဲ။

တကယ်ပဲ နှိပ်လိုက်ပြီးဝင်သွားတဲ့အခါမှာ hot searchဖြစ်နေတဲ့အကြောင်းအရာက သူနဲ့အန်းရန်ရဲ့ အတန်းဖော်ဟောင်းတစ်ယောက် တင်ထားတာဖြစ်တယ်။ ဒီအတန်းဖော်က ကျန်ရှင်းဆွေ့အရင်က ကျန်မိသားစုနဲ့မိသားစုဆက်ဆံရေး ရှိခဲ့ဖူးတယ်ဆိုတာ နားလည်ထားပြီးသားဖြစ်တယ်။ အန်းရန်ကိုလည်းသိလေတယ်။ အဲ့တာကြောင့်လည်း ဒီကိစ္စကပိုကျော်ကြားလာတာဖြစ်တယ်။ ပြီးတော့သူက စာတွေအပြင် ပုံအချို့ကိုပါတွဲတင်ထားပြီး ကျန်ရှင်းဆွေ့နဲ့အန်းရန်တို့ နှစ်ယောက်က မိသားစုချင်းလဲထားကြတယ်ဆိုတာကို ပြောထားတာဖြစ်တယ်။ ပြီးတော့အရင်တုန်းက ကျန်ရှင်းဆွေ့အမြဲ အန်းရန်ကိုအနိုင်ကျင့်ခဲ့သေးတယ်ဆိုတဲ့ အကြောင်းရောပေါ့။

ပို့စ်အောက်က ဖရဲသီးစားအင်တာနက်သုံးစွဲသူတွေက အံ့အားသင့်နေကြတော့တယ် :

"ဝတ္ထုတွေတောင် ဒီလိုမရေးရဲကြဘူး"

"တကယ်ကြီးလား?"

"ညလယ်ကြီးမှာငါငိုက်လို့တောင်မရတော့ပါ့လား!"

အတန်းဖော်တစ်ယောက်ပြီးနောက် တခြားအတန်းဖော်တွေကလည်း ဘယ်ကနေပေါ်လာမှန်းမသိ ထွက်ပေါ်လာခဲ့တော့တယ်။ ဒါပေမဲ့သူတို့အကုန်လုံးက တစ်သံတည်းထွက်လာကြတယ် :

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now