Chapter - 52.2

12.1K 2K 104
                                    

Unicode

အန်းရန်ကိုအနေခက်စေသောအချိန်ကာလ
________________________________________

ရှန်ရှင်းချန်က ပထမဦးဆုံးထုတ်ပြောလာတဲ့သူဖြစ်တယ် "ငါကလူကောင်း မင်းသားကိုကာကွယ်ပေးရမဲ့အစောင့် ဘယ်လိုပဲဖြစ်ဖြစ် မင်းသာလုပ်ကြံသတ်ဖြတ်သူဆိုရင် ရှေ့ထွက်လာခဲ့ ဒီသခင်ကြီးက မင်းကိုယ်တိုင်ထွက်လာတဲ့အတွက် အသက်ချမ်းသာပေးမယ်"

တခြားသူတွေအကုန်လုံးရယ်ကုန်ကြတော့တယ် :

"ငါတို့ကလည်းလူကောင်းတွေလေ"

"ဟုတ်တယ်လေ ဟုတ်တယ် ငါလည်းလူကောင်းပဲ"

အန်းရန်က မေးလာလေတယ် "မင်းသားကဘယ်သူတုန်း နောက်ကျငါတို့သူ့ကို သေချာကာကွယ်ပေးကြတာပေါ့"

ရှန်ရှင်းဆွေ့ပါးစပ်မဟလေဘူး။ ဘေးနားကဖုကျင်းရှောင်းက အန်းရန်ကိုတစ်ချက်ကြည့်ကာ "လုပ်ကြံသတ်ဖြတ်သူကို မင်းသားဘယ်သူလဲဆိုတာသိသွားပြီး လှုပ်ရှားရလွယ်ကူသွားအောင်လို့လား?"

အခုလုပ်ကြံသူကတ်ကိုရထားတဲ့သူက ဘယ်လိုနည်းလမ်းကိုသုံးပြီး လူတွေကိုဖယ်ထုတ်မလဲဆိုတာ မသိနိုင်သေးဘူး။ မင်းသားကိုဖယ်ထုတ်ပစ်နိုင်တဲ့အပြင် လူကောင်းတွေကိုပါ ဖယ်ထုတ်ပစ်နိုင်လေတယ်။

အန်းရန်မွန်းကြပ်သွားပြီးမှ ပြန်ပြုံးလိုက်ကာ "ကျွန်တော်တို့ဘက်မှာ လူကောင်းတွေပိုများတာပဲ မင်းသားကိုမကာကွယ်နိုင်မှာ ကြောက်ရဦးမှာလား?"

"လုပ်ကြံသူကတစ်ယောက်တည်းလို့ မင်းကိုဘယ်သူကပြောလို့လဲ?" ဖုကျင်းရှောင်းရဲ့ တွေးခေါ်နိုင်စွမ်းက ကြောက်စရာကောင်းတဲ့အဆင့်ကို ရောက်နေပြီဖြစ်တယ် "ကတ်ပြားပေါ်မှာ အရေအတွက်ဖော်ပြထားလို့လား?"

ထိုစကားပြောလိုက်တာနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့တယ်။

မနေ့ကကတ်ပေါ်မှာ ဖော်ပြထားတဲ့ဇာတ်လမ်းထဲမှာ လုပ်ကြံသတ်ဖြတ်သူဆိုတဲ့ စာလုံးပဲပါလာခဲ့တယ်။ သို့သော်အားလုံးက လုပ်ကြံသူတစ်ယောက်တည်းပဲရှိတယ်လို့ သဘာဝအတိုင်း စဥ်းစားလိုက်ကြမိတာဖြစ်တယ်။ အသေးစိတ်မစဥ်းစားလိုက်မိကြလေဘူး။ လုပ်ကြံသူက တစ်ယောက်ထပ်ပိုရှိနေတာမျိုး ဖြစ်နေနိုင်တယ်!

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီHikayelerin yaşadığı yer. Şimdi keşfedin