Chapter - 105

7.2K 1.2K 39
                                    

Unicode

ဒီလင်မယား အရမ်းလိုက်ဖက်တာပဲ
___________________________________
အားလုံးရဲ့ အာရုံစိုက်မှုတွေက ဖုကျင်းရှောင်းရဲ့ ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကြောင့် အဆွဲဆောင်ခံလိုက်ရတယ်။

သုံးစက္ကန့်အတွင်းဖြေရမှာဖြစ်တယ်။

ရှန်ရှင်းဆွေ့ရဲ့ မျက်နှာလေးက အနီရောင်သန်းလျက် ရှိနေလေတယ်။ သူအနည်းငယ်ရှက်ရွံ့စွာနဲ့ ပြုံးနေမိတယ်။ အစကတော့ ပြောရမှာရှက်နေပေမဲ့ timerရဲ့ မရပ်မနား ဆက်လက်သွားနေခြင်းက သူ့ကိုအသံတိတ် လောဆော်နေသလို ဖြစ်နေခဲ့တယ်။ နောက်ဆုံး တစ်စက္ကန့်မှာ သူဖွဖွရယ်လိုက်ပြီး အသံတိုးနဲ့ပြောလိုက်တယ် "ကျွန်တော်?"

Timerပြီးသွားချိန်နဲ့ ကွက်တိပဲ။

ဝန်ထမ်းလေးက ကြေငြာလာတယ် "လောင်ရှီးတို့နှစ်ယောက်ရဲ့ နောက်ဆုံးရမှတ်က မေးခွန်း၁၂ခု မှန်ခဲ့ပါတယ်၊ လက်ရှိမှာ အကောင်းဆုံးရမှတ်ပါ!"

ဖုကျင်းရှောင်း စင်ပေါ်ကနေ မတ်တပ်ရပ်လိုက်ပြီး ဖြည်းဖြည်းချင်းဆင်းလာလိုက်တယ်။ အမျိုးသားရဲ့ခြေလှမ်းတွေက မနှေးမမြန်ရှိလေတယ်။ ရှန်ရှင်းဆွေ့ရဲ့ရှေ့သွားပြီး သူ့ကိုကူပြီး ထူပေးလိုက်တယ်။ သူပြုံးကာပြောလာတယ် "အရမ်းကောင်းတယ်၊ ဖြေတာတွေအားလုံးမှန်တယ်"

နောက်ဆုံးမေးခွန်းကို ရှန်ရှင်းဆွေ့စဥ်းစားမိတော့ ရှက်နေမိတုန်းပဲ။ တခြားသူတွေရဲ့ အမူအရာတွေကိုတောင် သူတွေးမိနိုင်နေသလိုပဲ။ အဲ့တာကြောင့် အနည်းငယ် အပြစ်တင်စွာနဲ့ ဖုကျင်းရှောင်းရဲ့ လက်မောင်းကို ထုလိုက်တယ် "ဘယ်လိုလုပ်ပြီး ဒီလိုမေးခွန်းမျိုး မေးတာလဲ၊ သူများတွေကြည့်ကုန်ကြပြီ"

"မမေးနိုင်စရာ ဘာအကြောင်းရှိလို့လဲ?" ဖုကျင်းရှောင်း မျက်ခုံးပင့်လိုက်တယ် "လူသိမခံနိုင်တာ ဘာမှလည်းမရှိဘူးလေ"

ရှန်ရှင်းဆွေ့ ဆို့နင့်သွားတော့တယ်။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ချိုမြိန်မှုလည်း ပျံ့နှံ့လာတာကို သူ့စိတ်ထဲကနေ ခံစားလိုက်မိတယ်။

သူတို့က တရားဝင်ပြောပြီးသား။ ပေါ်ပေါ်တင်တင်ပဲ။ ဘာမှတိုးတိုးတိတ်တိတ် နေစရာမလိုတော့ဘူး။ ဒီလိုခံစားချက်မျိုးက အံ့သြဖွယ်ဖြစ်သလို ပျော်လည်းပျော်ရွှင်ရတယ်။

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီTempat cerita menjadi hidup. Temukan sekarang