Unicode
ဖုကျင်းရှောင်း၏ပုခုံး
___________________တစ်ဖက်ကရှန်ရှင်းဆွေ့ကလည်း အခက်တွေ့နေရတယ်။ ဒီနတ်သမီအက,က အစပိုင်းမိန်းကလေးတွေ ကနေတုန်းကတော့ တကယ်ကိုလှပပြီး ဖဲကြိုးလေးတွေ ပိုးထည်လေးတွေနဲ့ တကယ့်နတ်သမီးလေးတွေအတိုင်းဖြစ်တယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကကြည့်တဲ့အချိန်ကျတော့ ကကွက်တိုင်းကခက်ခဲနေလေတယ်။
ကျန်းချီက သူ့ကိုနှစ်သိမ့်လာတယ် "ကိစ္စမရှိဘူးဆွေ့ဆွေ့ ဖြည်းဖြည်းပဲသွားကြတာပေါ့ ငါတို့နောက်တစ်ခေါက် ထပ်လုပ်ကြည့်ကြမယ်လေ"
ရှန်ရှင်းဆွေ့ ခေါင်းညိတ်လိုက်တယ်။
သူတို့အခုကမဲ့ကကွက်က နတ်သမီးကသတို့သားကို လက်ကမ်းပေးလိုက်ရမှာဖြစ်တယ်။ သတို့သားက နတ်သမီးကိုဆွဲခေါ်ရင်း တစ်ပတ်ပတ်လိုက်ရမှာဖြစ်တယ်။ နှစ်ယောက်လုံး တစ်ယောက်တစ်ပတ်စီ လှည့်လိုက်ပြီးနောက် ပြန်ခွဲလိုက်ရမဲ့ကကွက်ဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ဟန်ချက်မညီနေတာမလို့ ကတိုင်းကတိုင်း လက်လွတ်သွားတာမဟုတ်ရင် နှစ်ယောက်အတူတူ လဲကျသွားတာမျိုးချည်း ဖြစ်နေလေတယ်။
ကျန်းချီက အားနာစွာပြောလာတယ် "ငါမင်းကိုဆွဲထားမိနေပြီလား?"
ရှန်ရှင်းဆွေ့ ခေါင်းအသာခါလိုက်တယ်။ သူမြေပြင်ပေါ်ကနေ ပြန်မတ်တပ်ထလိုက်ပြီး ကိုယ်ပေါ်ကဖုန်တွေကို ခါချလိုက်တယ်။ နောက်တော့ ခေါင်းမော့ကာပြုံးလိုက်တယ် "ငါတို့နှစ်ယောက် တစ်ယောက်ခြေထောက်ကိုတစ်ယောက် ဆွဲထားကြတာကောင်းမယ်ထင်တယ် ဟုတ်တယ်မလား?"
ကျန်းချီလည်း သူ့ကြောင့်ရယ်မောမိတော့တယ်။
ရှန်ရှင်းဆွေ့က မူလနေရာမှာ ခြေထောက်ကို သုံးလေးချက်လောက် ခါလိုက်ပြီးတော့မှ ဆက်ပြောလာတယ် "ငါ့အထင်တော့ အများကြီးတိုးတက်လာတဲ့ပုံပါပဲ ထပ်ပြီးစမ်းကြည့်ရအောင် မဟုတ်ရင် ဒီနေ့ညဖျော်ဖြေတာက နတ်သမီး ကမ္ဘာမြေပြင်ပေါ် သက်ဆင်းလာတာမဟုတ်ဘဲ မြေကြီးနဲ့မျက်နှာမိတ်ဆက်တာ ဖြစ်သွားလိမ့်မယ်"
ရှန်ရှင်းဆွေ့နဲ့ ပျော်ရွှင်နေတဲ့အပြုံးတွေ၊ လဲကျတာနဲ့ချက်ချင်းပြန်ထတတ်တဲ့ပုံစံတွေ ပြီးတော့ အခက်အခဲတွေ့တာတောင်မှ အလွယ်တကူအလျော့မပေးဘဲ သူ့ကိုတောင် နှစ်သိမ့်ပေးနေတဲ့သေးတဲ့ ပုံစံတွေကိုကြည့်ပြီးတော့ ကျန်းချီအနည်းငယ်မှင်သက်သွားရတယ်။
DU LÄSER
အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီ
RomantikTitle - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်းတည်းမိတ်ဆက် - အစက ကိုယ့်ကိုယ်ကို အတုအယောင်သခင်လေးထင်နေတာ လက်စသတ်တော့ သခင်လေးအစစ်အမှန် ဖြစ်နေတာကိုး။...