Chapter - 45.1

15.3K 2.5K 218
                                    

*Extended Rolls Royce

Unicode

ကျန်းလင်မယား၏အဆုံးသတ်
____________________________

ကျန်ရှင်းဆွေ့ဘဝမှာ ဒီလောက်ဝမ်းသာဝမ်းနည်းမဖြစ်ခဲ့ဖူးဘူး။

လူတစ်စုကကော်ရစ်တာမှာ စကားပြောရင်း သွေးသားတော်စပ်မှု စစ်ဆေးဖို့အတွက် ဆေးရုံထဲဝင်သွားခဲ့တယ်။ ဓာတ်လှေကားစီးနေတဲ့အချိန်မှာ ရွှီအန်းကျန်းက တစ်လျှောက်လုံးကျန်ရှင်းဆွေ့ဘေးမှာ ရပ်နေခဲ့တယ်။ ကျန်ရှင်းဆွေ့ သွေးစစ်တဲ့အခန်းထဲကနေ ထွက်လာတာဘယ်လောက်မှ မကြာသေးဘဲ နောက်တစ်ခေါက်ထပ်သွားရလိမ့်မယ်လို့ မထင်ထားမိလေဘူး။ ရဲတွေကလည်း အမှုလိုက်နေတုန်းပဲရှိသေးတယ်။ သူပြန်ရောက်လာတာမြင်တော့ အံ့သြသွားကာ "မင်း..."

ကျန်ရှင်းဆွေ့တိတ်ဆိတ်သွားပြီး ဘယ်လိုပြောရမှန်းမသိ ဖြစ်နေလေတယ်။

ရှန်ယုံးကတော့ ရှေ့ထွက်ရပ်လာခဲ့တယ်။ ဒီအမျိုးသားကအချိန်တော်တော်များများမှာ တိတ်ဆိတ်နေတတ်ပေမဲ့ ကိစ္စတစ်ခုခုဖြစ်လာချိန်မှာတော့ အမြဲတမ်းရှေ့ဆုံးကထွက်လာတဲ့သူဖြစ်တယ်။ သူကအသံနိမ့်နဲ့ "မင်္ဂလာပါ ကျွန်တော်တို့ဒီကလေးနဲ့ သွေးသားတော်စပ်မှု စစ်ဆေးချင်လို့ပါ"

ရဲသားကတွေဝေသွားတယ်။

စောနကမှ သူတို့စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေကြတာဖြစ်တယ်။ သူတို့က ကျန်ရှင်းဆွေ့ရဲ့မိသားစုကို မြန်မြန်ရှာတွေ့နိုင်အောင် ကူညီပေးချင်နေကြတာ။ မထင်ထားမိတာက ဒီကလေးကျန်ရှင်းဆွေ့က သူ့ခွန်အားနဲ့သူမိသားစုတစ်စုရှာလာပြီး သွေးသားတော်စပ်မှု လာစစ်ဆေးကြလိမ့်မယ်လို့ပဲ!

ရွှီအန်းကျန်းလည်းအနောက်ကနေ ခံစားချက်တစ်ချို့နဲ့ ပြောလာခဲ့တယ် "ဟုတ်တယ် ကျွန်မတို့ဒီကလေးနဲ့ သွေးသားစစ်ဆေးမှုလုပ်ချင်လို့ပါ"

"....."

ရဲသားကလည်း အနည်းငယ်တွေဝေစွာနဲ့ "ခင်ဗျားတို့သေချာနေပြီလား?"

ရှန်ယုံးခေါင်းညိတ်ပြလာတယ် "သေချာပြီ"

ဒီအမျိုးသားကခေါင်းလှည့်လိုက်တယ်။ သူ့ရဲ့ခန္ဓာကိုယ်ဟာ အတော်လေးမြင့်မားလေတယ်။ အခုချိန်မှာရဲသားရှေ့မှာ မတ်တပ်ရပ်နေပြီး သူ့ဘေးတိုက်ခန္ဓာကိုယ်ဟာ လေဒဏ်မိုးဒဏ်လုံခြုံပြီး မှီခိုလို့ရနိုင်မဲ့ တောင်ကြီးတစ်လုံးနဲ့တူလေတယ်။ အသံသြသြနဲ့ "သူကကျွန်တော်တို့ရဲ့သားပါ"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now