Chapter - 76.2

9.5K 1.8K 168
                                    

Unicode

ကျွန်တော့်မှာသဘောကျတဲ့သူရှိနေပြီထင်တယ်
___________________________________________

ရှန်ရှင်းချန် သူအောက်ထပ်ဆင်းလာတာမြင်တော့ တိုးတိုးပြောလာတယ် "အမူးပြေသွားပြီလား မင်းမျက်လုံးတွေဘာလို့ဒီလောက်နီရဲနေတာလဲ ဝိုင်ကြောင့်လား?"

ရှန်ရှင်းဆွေ့သက်ပြင်းချလိုက်ပြီး "ဟုတ်တယ် အဲဒီဝိုင်ကအရမ်းပြင်းတာပဲ သောက်ဖို့ခက်လိုက်တာကို"

"အဲ့လောက်သောက်ရခက်တယ်လား?"

"အင်း" ရှန်ရှင်းဆွေ့ သူ့ကိုဖွဖွပြုံးပြလိုက်ပြီး "အရမ်းသောက်လို့မကောင်းဘူး"

ရှန်ရှင်းချန် သူ့ပုခုံးကိုဖက်လိုက်ပြီး သူ့ကိုမှီစေကာ ရက်ရောစွာပြောလာတယ် "မင်းရဲ့သောက်နိုင်စွမ်းကလည်းဆိုးလိုက်တာ နောက်ဆို တခြားဟာတွေသောက်ဖို့ ငါမင်းကိုခေါ်သွားပေးမယ် များများလေ့ကျင့်လိုက်ရင် နောက်ဆိုသောက်လို့ကောင်းသွားလိမ့်မယ်"

ရှန်ရှင်းဆွေ့ကူရာမဲ့စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

သူတို့နှစ်ယောက် နည်းနည်းရှေ့ဆက်သွားလိုက်တော့ မလှမ်းမကမ်းကနေ သူတို့နှစ်ယောက်ကိုစောင့်နေတဲ့ မိသားစုဝင်တွေကို တွေ့လိုက်ရတယ်။ ကားကိုတံခါးဝမှာရပ်ထားပြီး အမေကသူတို့ကို လက်လှမ်းပြနေတယ်။ အနားရောက်သွားချိန်မှ ရွှီအန်းကျန်းက ပုဝါနှစ်ထည်ကို ကလေးနှစ်ယောက်ရဲ့လည်ပင်းမှာပတ်ပေးလိုက်ပြီး ပြောလိုက်တယ် "နှင်းကျနေတာကိုလည်း မြန်မြန်လာရကောင်းမှန်းမသိဘူး ကားပေါ်မြန်မြန်တက်တော့ ကားထဲမှာဖုသခင်မကြီးလုပ်ပေးထားတဲ့ခေါက်ဆွဲပြုတ်ရှိတယ် သူပြောတာ မင်းတို့ဒီနေ့ညဘာမှလည်း ကောင်းကောင်းမစားရသေးဘဲ ဝိုင်တွေလည်းအများကြီး သောက်ထားသေးတာဆိုတော့ အစာအိမ်နွေးသွားအောင် စားလိုက်ကြဦးတဲ့"

သူတို့အကုန်လုံး ကားပေါ်တက်လိုက်ကြတယ်။

အဖုံးဖွင့်လိုက်ချိန် ထွက်ပေါ်လာတာကတော့ စွပ်ပြုတ်နံ့သင်းသင်းလေးဖြစ်တယ်။

ရှန်ရှင်းချန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြောလိုက်တယ် "ဖွားဖွားက တကယ့်ကိုထာဝရနတ်ဘုရားမပဲ ဖွားဖွားလုပ်ပေးတဲ့ခေါက်ဆွဲပြုတ်ရယ် ပြီးတော့ မားမားလုပ်ပေးတဲ့ ကြက်ဥခေါက်ဆွဲရယ်က တကယ်မွှေးလွန်းတယ်"

အမြောက်စာခံအတုအယောင်သခင်လေးကပြန်လည်မွေးဖွားပြီးတဲ့နောက်မှာထိတ်လန့်သွားရပြီWhere stories live. Discover now